← Chapters

အခန်း ၅၇

Vol. 4 Ch. 57

အခန်း ၅၇

Vol. 4 Ch. 57

အခန်း (၅၇)

မူရုံယီရွှမ်းနှင့် ဖုန်းချင်းကဲ တို့သည် နှလုံးသားချင်း ဆက်နွှယ် နေသူများ ဖြစ်ကြပြီး ဖုန်းကျို့မှာမူ သူစိမ်း တစ်ယောက်မျှသာ ဖြစ်ပေသည်။ သူမ လုပ်ချင်သော အရာများအား သူမ ကိုယ်တိုင်သာ အားကိုးရယူမည် ဖြစ်သည်။ ဤအမျိုးသားသည် ဖုန်းချင်းကဲ အလွန်တရာ ယုံကြည်ရသူ တစ်ဦး ဖြစ်စေကာမူ သူမရှေ့ရှိ လက်ရှိ အခြေအနေမှန်အား သူမ သူ့အား ပြောပြလိမ့်မည် မဟုတ်ပေ။

အခြားသူများထံမှ အကူအညီ တောင်းခံရသည်ထက် မိမိကိုယ်ကို အားကိုးခြင်းက အမြဲတမ်း ပို၍ ကောင်းမွန်ပေသည်။ ထွက်ခွာသွားသော ပုံရိပ်နှစ်ခုအား ကြည့်ရင်း မူရုံယီရွှမ်းမှာ ဘာပြောရမှန်းမသိ ဆွံ့အသွားခဲ့ရလေသည်။

[ညီမလေး]

[အဲ့ဒီလူက သူမကို သူ့ညီမလေးလို့ ပြောသွားတာလား ဒါဆို အဲ့ဒါ ချင်းကဲ မဟုတ်ဘူးပေါ့]

သူ၏ နှလုံးသားသည် ရုတ်တရက် အဆုံးအစမရှိ ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ရုတ်တရက် စိတ်ပျက် သွားသော်လည်း တစ်ချိန်တည်းမှာပင် အတော်လေး ဝမ်းသာမိသွားသည်။ ဖြစ်နိုင်သည်မှာ အားလုံးသည် သူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်ပေလိမ့်မည်။

[ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သံသယတွေက ယုံကြည်နိုင်စရာ မရှိလွန်းဘူးလေ အကယ်၍ သူ့ရဲ့ သံသယတွေက မှန်နေမယ်ဆိုရင် အခု အိမ်ကို ပြန်ရောက်တဲ့ ချင်းကဲ က အတုအယောင် ဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား သူ့နှလုံးသားက သူမကို အစစ် မဟုတ်ဘူးလို့ သံသယဝင်နေရင်တောင် အကယ်၍ အဲ့ဒီလိုသာ ဆိုရင် သူမရဲ့ အဖေနဲ့ အဘိုးတောင် မမှတ်မိနိုင်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]

[ဖြစ်နိုင်တာက သူ အရမ်း တွေးလွန်နေတာ နေမှာပါ]

တစ်ဖက်တွင်မူ ကွမ်ရှီးလင်နှင့် ဖုန်းကျို့တို့သည် ခြံဝင်း ပါသော အိမ်အနည်းငယ်အား လှည့်လည် ကြည့်ရှုခဲ့ကြပြီး နောက်ဆုံးတွင် သူတို့ နှစ်သက်သော တိတ်ဆိတ် ငြိမ်သက်သည့် အိမ်တစ်လုံးကို ရှာတွေ့ခဲ့ကြသည်။ ထိုနေရာမှာ အတော်လေး ဝေးခေါင်သော်လည်း တိတ်ဆိတ်ငြိမ်သက်မှုသည် သူတို့အား ဆွဲဆောင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင် အနေအထားမှာလည်း အတော်လေး ကောင်းမွန်လှပေသည်။

ထိုနေ့တွင်ပင် သူတို့နှစ်ဦးသည် နေ့စဉ်သုံး ပစ္စည်းတချို့အား ဝယ်ယူရန် အပြင်ထွက်ခဲ့ကြပြီးနောက် ထိုနေရာသို့ ချက်ချင်း ပြောင်းရွှေ့ခဲ့ကြသည်။

ကွမ်ရှီးလင်အား အနည်းငယ် ရှင်းပြ ပြီးနောက် သူမသည် တံခါးပိတ် ကျင့်ကြံခြင်းအား ပြုလုပ်ရန် ဝင်ရောက်သွားခဲ့တော့သည်။ သုံးရက်ဆက်တိုက် တင်းကြပ်စွာ ပိတ်ထားသော တံခါးမှာ တစ်ကြိမ်မျှ ပွင့်မလာခဲ့ပေ။

ခြံဝင်းထဲတွင်မူ ကွမ်ရှီးလင်သည် ဘယ်ဘက်လက်ဖြင့် ဓားသုံးနည်းကိုသာ လေ့ကျင့်ရင်း သုံးရက်ပတ်လုံး အစောင့်အဖြစ် ရပ်တည်နေခဲ့သည်။ သူသည် အတော်လေး ထူးချွန်သော ပါရမီအား ပိုင်ဆိုင်ထားပြီး ပေါက်ကွဲထွက်နိုင်သော စွမ်းအားများလည်း ရှိသည်။

အစပိုင်းတွင် လုံးဝ အဆင်မပြေဖြစ်နေရာမှ လက်ရှိတွင် အတော်လေး ကျွမ်းကျင်လာသည်အထိ တိုးတက်လာခဲ့သည်။ ညာဘက်လက်ဖြင့် ကိုင်တွယ်ရသလောက် မကျွမ်းကျင်သေးသော်လည်း သူ၏ ခွန်အားများ တိုးတက် လာနေသေးသည်။

အခန်းတွင်း၌မူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ဖုန်းကျို့၏ လက်နှစ်ဖက်သည် ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး သာမန် မျက်စိဖြင့် မြင်နိုင်သော အနီရောင် ချီစွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်၍ လည်ပတ်နေခဲ့သည်။ ချီစွမ်းအင်များသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် လည်ပတ်နေပြီးနောက် သူမ၏ မျက်ခုံးနှစ်ခုကြားရှိ ချီ ပင်လယ် (Qi sea) အတွင်းသို့ ချီစွမ်းအင်များ စီးဝင်သွားခဲ့ကာ အစုအဝေး တစ်ခုအဖြစ် စုစည်းသွားသည်ဟုပင် ဆိုနိုင်လေသည်။

သာမာန် ကျင့်ကြံသူ တစ်ဦး အနေဖြင့် စစ်သည်တော် အဆင့်သို့ တက်လှမ်းရန် အတွက် ကျင့်ကြံသူ တစ်ဦးသည် ကနဦး သိုင်းအဆင့်များသို့ ဝင်ရောက်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေမည်။

ဥပမာအားဖြင့် မူလ ဖုန်းချင်းကဲ ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ စစ်သည်တော် အဆင့်၏ ဒုတိယအဆင့်တွင်သာ ရှိခဲ့ပြီး လက်ရှိတွင် ဖုန်းကျို့သည် သုံးရက်မျှသာ အချိန်ယူခဲ့ရကာ သူမ၏ ချီစွမ်းအင် ပင်လယ်နှင့်အတူ အနည်းငယ်သော အောင်မြင်မှုကို ရရှိခဲ့ပြီး ဖြစ်ကာ သူမ၏ စွမ်းအားများအား ကြီးမားစွာ တိုးတက်စေသည့် နက်နဲ အဆင့်၏ ကနဦး အဆင့်သို့ ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

နက်နဲသောအဆင့် ရှိ စစ်သည်တော် တစ်ဦး ဆိုလျှင် အတော်လေး အောင်မြင်နေပြီ ဖြစ်ကာ သိသာ ထင်ရှားလှသည့် စွမ်းအားများအား ပိုင်ဆိုင်ထားပြီ ဆိုသည်အား သိထားဖို့ လိုအပ်ပေသည်။

အရင်တွင် ထောင်ချောက်ကိုးသွယ် တောအုပ် ထဲတွင် သူမ ကြုံတွေ့ခဲ့ရသော စစ်သည်တော် အဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကဲ့သို့ပင် ဖြစ်သည်။ ထိုသို့သော စွမ်းအားမျိုးမှာ မျိုးနွယ်စု တစ်ခုအတွက် အားထားရသည့် မဏ္ဍိုင် တစ်ခုအဖြစ်ပင် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။

ထို့အပြင် ထိုပြိုင်ဘက်သည် နက်နဲသောအဆင့် စစ်သည်တော်၏ အလယ်အလတ် အဆင့်၌သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်အချိန်တွင် အလယ်အလတ်အဆင့် စစ်သည်တော်သည်ပင် သူမအတွက် ပြိုင်ဘက်ပင် မဖြစ်ခဲ့ချေ။ ယခု ချီပင်လယ်အား အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပြီးနောက် နက်နဲသောအဆင့် စစ်သည်တော်၏ ဒုတိယအဆင့်သို့ ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သော လက်ရှိ ဖုန်းကျို့နှင့် နှိုင်းယှဉ်ပြနေရန်ပင် မလိုအပ်တော့ပေ။

( ** သိုင်း အဆင့် တွေ ရေးထားတာ သိပ်မရှင်းလို့ နားလည်သလိုပဲ ရေးလိုက်ပါတယ်နော်**)

သူမသည် လေပူများအား ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူမ၏ စိတ်ထဲမှနေ၍ စိတ်လှုပ်ရှား အံ့သြနေသည့် မီးဖီးနစ်ငှက်လေး၏ အသံ ပေါ်ထွက်လာခဲ့သည်။

"တုံးအတဲ့ မိန်းမ ဒီနေရာလွတ်ထဲက နယ်နိမိတ် အတားအဆီးကို ကြီးမြတ်တဲ့ ငါကိုယ်တော်က ချိုးဖျက်ပစ်လိုက်ပြီဟေ့ မြန်မြန် ဝင်လာပြီး လာကြည့်စမ်းပါအုံး"

သူမ၏ မျက်ဝန်းများတွင် အံ့သြရိပ် အနည်းငယ် ပေါ်လာပြီးနောက် ချက်ချင်းပင် အသိစိတ်အား စုစည်းကာ သိုလှောင်လက်စွပ် ထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့သည်။ ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် သူမကိုယ်သူမ မယုံနိုင်လောက်အောင် မှင်သက်သွားခဲ့ရသည်။

"ဒါက....."

"ဘယ်လိုလဲ.. ကြီးမြတ်တဲ့ ငါကိုယ်တော်က တကယ်ကို အစွမ်းထက်တယ်လို့ မင်းကို ပြောခဲ့တယ် မဟုတ်လား ဟိုအဘိုးကြီး မကျော်လွှားနိုင်ခဲ့တဲ့ နယ်နိမိတ် အတားအဆီးကတော့ ငါ့လက်ချက်နဲ့ ပျက်စီးသွားခဲ့ပြီပဲ"

မီးဖီးနစ်ငှက်ငယ်လေးက ဖုန်းကျို့အား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရင်း ဆက်ပြောလေသည်။

"မင်းက ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်တဲ့ ဘယ်လို ကံကြမ္မာမျိုးနဲ့များ ကောင်းချီး ပေးခံထားရလဲတော့ ငါမသိဘူး ဒါပေမယ့် ဒီလို တွေ့ရခဲ့တဲ့ နေရာလွတ် မျိုးကိုတောင် မင်း ရရှိနိုင်ခဲ့တယ်ဆိုတော့ ဒီအထဲမှာ တစ်ရက် ကျင့်ကြံခြင်းက အပြင်ဘက်မှာ သုံးရက် ကျင့်ကြံတာနဲ့ တူတူပဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဖုန်းကျို့ ကိုယ်တိုင်လည်း အလွန်ပင် ယုံနိုင်စရာမရှိ ဖြစ်သွားခဲ့သည်။ အကြောင်းမှာ နေရာလွတ်ထဲသို့ သူမ ဝင်ရောက်လိုက်သည်နှင့် နယ်နိမိတ် အတားအဆီး ကျိုးပျက် သွားပြီးနောက် ဤနေရာရှိ ဝိညာဉ်စွမ်းအင် များသည် အလွန်တရာကို သိပ်သည်း ထူထပ်လာကြောင်း ချက်ချင်း ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။

All Chapters