← Chapters

အခန်း ၅၉

Vol. 4 Ch. 59

အခန်း ၅၉

Vol. 4 Ch. 59

အခန်း (၅၉)

သူမသည် ဓားအိမ်အား ကောက်ယူလိုက်ကာ သေချာကြည့်ရှုပြီးနောက် ပြောလိုက်သည်။

"ငွေရှင်းမယ်"

သူမ၏ စကားကို ကြားသောအခါ ဆိုင်ရှင်သည် အပြုံးပန်းများ ဝေဖြာသွားပြီး ဖုန်းကျို့အား ငွေရှင်းကောင်တာဆီသို့ ခေါ်ဆောင်သွားကာ ရယ်မောလျှက် ပြောလိုက်သည်။

"သခင်မလေး ကြယ်ခုနစ်ပွင့် ဓားအိမ်က တစ်သန်းနဲ့ နှစ်သိန်း ကျပြီးတော့ ငွေအပ်အစုံက သုံးသောင်းခွဲပါ သခင်မလေးအတွက် တစ်သန်းနဲ့ နှစ်သိန်း သုံးသောင်းပဲ ယူပါ့မယ် ကျန်တဲ့ ငါးထောင်ကိုတော့ သခင်မလေး နောက်တစ်ခေါက် ဒီကို ပြန်လာဖို့ မျှော်လင့်တဲ့အနေနဲ့ လျှော့ပေးလိုက်ပါတယ်"

ဖုန်းကျို့သည် ငွေရှင်းလိုက်ပြီးနောက် ဓားအိမ်နှင့် ငွေအပ်များအား သိုလှောင်အိတ် အတွင်းသို့ အလျင်အမြန် ထည့်လိုက်ကာ ကွမ်ရှီးလင်နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားသည်။

သူမ သိုလှောင်အိတ်အား အသုံးပြုသည်အား မြင်သောအခါ ဆိုင်ရှင်၏ မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် လက်သွားခဲ့သည်။

[သိုလှောင်အိတ်လား ကြည့်ရတာ ဒီသခင်မလေးက အတော်လေး အင်အားကြီးတဲ့ နောက်ခံ မိသားစုက ဖြစ်ရမယ် ဒီလိုမှ မဟုတ်ရင် တစ်သန်းကျော် တန်တဲ့ ကြယ်ခုနစ်ပွင့် ဓားအိမ်ကို စျေးတောင် မဆစ်ဘဲ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ဝယ်သွားမှာလဲ]

ထိုသူနှစ်ဦးသည် အပြင်ဘက်တွင် ပစ္စည်း အတော်များများ ဝယ်ယူခဲ့ကြပြီးနောက် ပြန်မသွားမီ တစ်နေကုန် ဈေးဝယ် ထွက်ခဲ့ကြသည်။ သူတို့နောက်မှ လိုက်နေသော သူသည် မြို့နှင့် ဝေးခေါင်သော နေရာရှိ ခြံဝင်းပါသော အိမ်ငယ်လေး တစ်လုံး အတွင်းသို့ သူတို့ ဝင်ရောက် သွားသည်အား မြင်သည်အထိ တစ်လမ်းလုံး လိုက်လာခဲ့ကာ သူ တွေ့ရှိခဲ့သည်များအား သတင်းပို့ရန် ပြန်သွားတော့သည်။

တည်းခိုခန်း တစ်ခုအတွင်း၌ သက်လတ်ပိုင်း အမျိုးသား တစ်ဦးသည် တင်ပျဉ်ခွေ ထိုင်လျက် သူ၏ ကျင့်ကြံခြင်းအား ပြုလုပ်နေသည်။ အပြင်ဘက်မှ တိုးတိတ်သော ခေါ်သံအား ကြားသောအခါ ပြေပြောလိုက်သည်။

"ဝင်လာခဲ့

အမျိုးသားတစ်ဦး အလျင်အမြန် ဝင်လာပြီး ရိုသေစွာ နှုတ်ဆက်ပြီးနောက် ပြောလိုက်သည်။

"ဒုတိယ သခင်ကြီး ဒီတပည့်က သူတို့နှစ်ယောက်ကို တစ်နေကုန် လိုက်ကြည့်ခဲ့ပါတယ် နောက်ဆုံးတော့ မြို့ပြင်က ဝေးခေါင်တဲ့ နေရာမှာရှိတဲ့ အိမ်လေး တစ်လုံးထဲ ဝင်သွားတာကို တွေ့ခဲ့ရပါတယ် ပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့ သူတို့က လွန်ခဲ့တဲ့ သုံးရက်ကမှ ပြောင်းလာကြတာလို့ ပြောကြပါတယ် ပြီးတော့ သူတို့ကိုယ်သူတို့ မောင်နှမတွေလို့ ပတ်ဝန်းကျင်မှာ ပြောဆိုထားကြပါတယ် အဲ့ဒါတင် မကသေးပါဖူး ဒီနေ့ ရတနာ ပြခန်းမှာ အနီရောင် ဝတ်စုံရှင် အမျိုးသမီးက သခင်လေး ပိုင်ဆိုင်ခဲ့တဲ့ သိုလှောင်အိတ်ကို ထုတ်သုံးသွားပါတယ်"

သက်လတ်ပိုင်း အမျိုးသားသည် လူသတ်လိုသော ဒေါသများ ပြည့်လျှံသွားပြီး ဩရှသောအသံဖြင့် ပြောလိုက်သည်။

"မောင်နှမ နှစ်ယောက်လား သူတို့ရဲ့ အပြင်ပန်း ပုံပန်းသဏ္ဍာန်ကို အသေးစိတ် ရှင်းပြစမ်း"

"ဟုတ်ကဲ့ပါ"

သူသည် ထိုလူနှစ်ဦး၏ ခန္ဓာကိုယ် လက္ခဏာများနှင့် အပြင်ပန်း ပုံပန်းသဏ္ဍာန်များအား ရှင်းပြ ပြီးနောက် အဆုံးသတ် ပြောလိုက်လေသည်။

"ဒါပေမဲ့ အနီရောင် ဝတ်စုံနဲ့ မိန်းကလေးက မျက်နှာဖုံး ဇာပုဝါ တပ်ထားလို့ သူမရဲ့ မျက်နှာကို သေချာ မမြင်ခဲ့ရပါဘူး"

သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများ မှေးမှောင်သွားခဲ့ကာ သူ၏ လက်တစ်ဖက်မှာ ဘေးတွင် တွဲလောင်း ကျနေခဲ့သည်။ အခြားလက်တစ်ဖက်မှာ တင်းမာသွားပြီးနောက် အကြောများ ထောင်ထ ထင်ရှားလာခဲ့ကာ အရိုးဆစ်များ မြည်လာသည်အထိ လက်သီးအား တင်းတင်း ဆုပ်ထားမိသည်။

"အနီရောင် ဝတ်စုံနဲ့ မိန်းကလေးရဲ့ ပုံတူကို ရေးဆွဲပြီး မှောင်ခိုစျေးကွက်က ကြေးစားတွေရဲ့ တာဝန် ကြေညာ သင်ပုန်းမှာ သွားတင်လိုက်စမ်း မှောင်ခိုစျေးကွက်က လူတွေကို သူတို့ရဲ့ နေတဲ့ နေရာကို ပြောပြလိုက်ပြီး မနက်ဖြန်မနက် အဲ့ဒီမိန်းကလေးရဲ့ ခေါင်းကို ငါ မြင်ချင်တယ်လို့ သွားပြောလိုက်"

"ဟုတ်ကဲ့ပါ"

ထိုသူမှ ရိုသေစွာ ဖြေကြားလိုက်ပြီး အခန်းထဲမှ အလျင်အမြန် ထွက်ခွာ သွားတော့သည်။ ညအချိန် ရောက်နေပြီ ဖြစ်ပြီး ကောင်းကင်ကြီးမှာ တစ်ကြိမ် တစ်ခါမျှ မရှိဖူးလောက်အောင် မှောင်မိုက်နေခဲ့ကာ ကြယ်တစ်ပွင့်မျှပင် မမြင်ရလောက်အောင် မည်းမှောင်သော တိမ်တိုက်ကြီး တစ်ခုသည် ကောင်းကင်ကြီးအား လုံးဝ ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

အနီရောင် ဝတ်စုံ အပြည့်အစုံအား ဝတ်ဆင်ထားသော ဖုန်းကျို့သည် အိမ်ခေါင်မိုးပေါ်တွင် လှဲလျောင်းနေလျှက် ရှိကာ လက်တစ်ဖက်အား ခေါင်းအောက်တွင် ထားကာ အခြား လက်တစ်ဖက်မှ သိုလှောင်အိတ်အား ကိုင်မြှောက်၍ စိုက်ကြည့်ရင်း ကိုယ့်ကိုကိုယ် ရေရွတ်လိုက်လေတော့သည်။

"အဲ့ဒါကြောင့် ဝိညာဉ် အမှတ်အသား လုပ်ခံထားရတာကိုး စုတ်ပြဲနေတဲ့ သူတောင်းစား အဝတ်အစားတွေကနေ မိန်းမဆန်တဲ့ အဝတ်အစားတွေကို လဲလိုက်တာတောင်မှ ငါ့ကို မှတ်မိနိုင်သေးတာ အံ့သြစရာ မရှိပါဘူး"

သိုလှောင်အိတ်အား သိမ်းလိုက်ပြီးနောက် သူမသည် မှောင်မိုက်နေသော ညကောင်းကင်ကြီးအား စိုက်ကြည့်ကာ ကျေနပ်အားရစွာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒီညက တကယ်ကို ကောင်းလွန်းတယ် မှောင်မိုက်ပြီး လေထန်နေတဲ့ ဒီညက လူသတ်ဖို့အတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ ညပဲ"

ဂရုမစိုက်မှုများ ပြည့်နှက်နေသော ထိုအသံတွင် အနည်းငယ် ပျင်းရိပျင်းတွဲ လေသံလေး ရောနှောနေခဲ့ပြီး လုံးဝ သတိ မပြုမိနိုင်သော မျှော်လင့် စောင့်စားနေသည့် အငွေ့အသက်များ ပါဝင်နေခဲ့ပေသည်။ ညဉ့်နက်လာပြီးနောက် ဖုန်းကျို့သည် ခေါင်မိုးပေါ်တွင် စောင့်ဆိုင်း နေရင်း အိပ်ချင်မူးတူး ဖြစ်လာခဲ့ကာ သမ်းဝေနေလျှက် ရှိသည်။

ည၏ ဒုတိယပိုင်းသို့ ရောက်သည် အထိ ဖြူရော် နေသော လမင်းကြီးသည် ရှက်သွေးဖြာနေသော အပျိုဖြန်းလေးကဲ့သို့ မှောင်မိုက်နေသော တိမ်တိုက်များ အနောက်မှ ခက်ခက်ခဲခဲ ထွက်ပေါ် လာခဲ့ကာ မြေပြင်ပေါ်သို့ ၎င်း၏ ဖြူလွှလွှ အလင်းရောင်များအား တောက်ပစွာ ဖြာကျလာစေခဲ့သည်

ဓားရှည်များအား ကိုင်ဆောင်ထားသော အနက်ရောင် ပုံရိပ်လေးခုသည် အပြေးလွှား ချဉ်းကပ်လာကြပြီးနောက် သူတို့ဆီမှ ကြက်သီးထဖွယ် လူသတ် လိုသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ သူတို့သည် ခြံဝင်း အပြင်ဘက်ရှိ တံခါးများဆီသို့ အလျင်အမြန် ရောက်ရှိလာပြီး သူတို့၏ ချီစွမ်းအင်များအား စုစည်းကာ အပေါ်သို့ ခုန်တက် လိုက်ကြသည်။ သူတို့ ခြံဝင်းအတွင်းသို့ ဆင်းသက်တော့မည့် ဆဲဆဲတွင် အသံတစ်သံအား ကြားလိုက်ရသဖြင့် လန့်ဖြတ်သွားကြကုန်သည်။

"နင်တို့အားလုံးကို ငါ ဒီမှာ တစ်ညလုံး စောင့်နေခဲ့တာ"

ပျင်းရိပျင်းတွဲ အသံလေးသည် အိပ်ချင်မူးတူး လေသံလေး ရောနှောနေပြီး သူတို့၏ နားထဲသို့ ရောက်ရှိလာသောအခါ ဝတ်ရုံနက်လူ လေးယောက်လုံးသည် အသံလာရာဆီသို့ အလိုအလျောက် လှည့်ကြည့် လိုက်မိကြသည်။

အိမ်ခေါင်မိုးပေါ်တွင် အနီရောင် ဝတ်စုံရှင် မိန်းကလေး တစ်ဦးမှ ပျင်းရိပျင်းတွဲ ထိုင်နေသည်ကို သူတို့ မြင်လိုက်ရသည်။ သူမ၏ အနီရောင် အဝတ်အစားများသည် လေထဲတွင် လွင့်ခါနေပြီး သူမ၏ ရှည်လျားသော ဆံကေသာ အနက်ရောင်များသည် အနောက်တွင် ဖြာကျနေခဲ့သည်။ ဖြူလွှလွှ လရောင် အောက်တွင် သူမသည် ရိုင်းစိုင်း ကြမ်းတမ်းပြီး ထင်ပေါ်နေလျှက် ရှိကာ မိစ္ဆာတစ်ကောင်ကဲ့သို့ ညှို့ယူ ဖမ်းစားနိုင်ပြီး အလွန်တရာ ပျင်းရိပျင်းတွဲဟန် ရှိနေခဲ့သည်။

All Chapters