အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) - ငါ မလုပ်ချင်တဲ့အရာကို ဘယ်သူမှ အတင်းအကျပ် ခိုင်းစေလို့မရဘူး
ကောင်းကင်နှင့်မြေကြီး၏ ထောင့်စွန်းလေးကို စွမ်းအားကြီးမားသော ကျင့်ကြံသူအများအပြားက စတင် မျက်စိကျလာကြသည်။
လောကကြီးက ကျယ်ပြောလှသည်ဆိုသော်လည်း ခွန်အားကြီးသူများအတွက်မူ ထိုမျှ ကျယ်ပြောလှသည်တော့မဟုတ်ပေ။ တောင်များ ကျော်ဖြတ်ပြီး ပင်လယ်များကို ဖြတ်သန်းရန်မှာ စိတ်ကူးတစ်ချက်တည်းဖြင့်ပင် ဖြစ်နိုင်ပေသည်။
ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ကျိုးရီ ဖော်စပ်ထားသော နတ်ဘုရားဆေးလုံး ကို စိုက်ကြည့်နေကြပြီး တစ်ယောက်ချင်းစီတွင် ကွဲပြားခြားနားသော အတွေးအသီးသီး ရှိနေကြသည်။
အချို့က ကျိုးရီ၏ နတ်ဘုရားဆေးလုံး ကို လုယူချင်ကြသည်။
အချို့က သူနှင့် မိတ်ဆွေဖွဲ့ချင်ကြသည်။ အချို့ကမူ ကျိုးရီကိုပါ သိမ်းပိုက်လိုကြသည်။
ဆိုရိုးစကား ရှိသည်မဟုတ်လော။
“ထက်ရှတဲ့ လက်နက်ကို ကိုင်ဆောင်ထားသူဟာ သတ်ဖြတ်လိုစိတ်တွေ အလိုအလျောက် ရှိလာတတ်စမြဲပဲ”
ဤကဲ့သို့သော ရတနာမျိုးနှင့် ကြုံတွေ့ရသောအခါ မည်သူကမျှ လက်ပိုက်ကြည့်နေမည်မဟုတ်ချေ။
ကျိုးရီသည် သူတို့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ချေ။ ဤလောကတွင် နယ်မြေနတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူများမှလွဲ၍ မည်သူမျှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။
ဆေးလုံးဖော်စပ်နေစဉ်အတွင်း သူသည် စကားလုံးများဖြင့် အလွယ်တကူ ဖော်ပြ၍မရနိုင်သလို ထိတွေ့၍လည်း မရနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ကျိုးရီ မျက်လုံးမှိတ်ကာ သေချာတွေးတောဆင်ခြင်လိုက်ရာ မကြာမီမှာပင် နားလည်မှုအချို့ကို ရရှိလာခဲ့သည်။
သိုင်းသူတော်စင်အဆင့်တွင် ကျင့်ကြံသူများသည် ခွန်အား တိုးတက်စေရန် သဘာဝတရားကို အာရုံခံနိုင်နေပြီဖြစ်သော်လည်း လက်တွေ့တွင် သူတို့သည် ဤလောက၏ သဘာဝနိယာမများကို အာရုံခံပြီး ထိုနိယာမများ၏ စွမ်းအားများကို ရယူနေခြင်းသာ။
မြေကမ္ဘာအင်မော်တယ်အဆင့်သည် သိုင်းသူတော်စင်အဆင့်၏ လွှမ်းမိုးမှုကို ချဲ့ထွင်ခြင်းပင်။
မဟာအရှင်သခင်တစ်ပါးသည် ဤစွမ်းအားကို အကန့်အသတ်သို့ ရောက်သည်အထိ တိုးတက်စေသည်။
သို့သော် မဟာအရှင်သခင်အဆင့်ပြီးနောက်တွင် အဆင့်ကို ဆက်လက်မတိုးမြှင့်နိုင်ရခြင်း၏ အကြောင်းရင်းမှာ ညီမျှခြင်းအခြေအနေတစ်ခုသို့ ရောက်ရှိသွားခြင်းကြောင့်ဖြစ်သည်။
၎င်းသည် ကြည်လင်သော ရေတစ်ဇလုံနှင့် မင်တစ်ဇလုံကဲ့သို့ပင်။
ထိုနှစ်ခုကို ရောနှောလိုက်ပြီး တူညီလုနီးပါး ရောက်ရှိသွားသောအခါ မည်သူကမျှ မင်ကို ပိုမို မရရှိနိုင်တော့သလို မိမိ၏ ကိုယ်ပိုင်ခွန်အားကိုလည်း မတိုးမြှင့်နိုင်ချေ။
သဘာဝကျကျပင် လူတစ်ဦး၏ခွန်အားက နောက်ထပ် အဆင့်တစ်ခုကို မကျော်ဖြတ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤလောကကြီးက လူတွေကို ပေးစွမ်းနိုင်သည့် တိုးတက်မှုက အကန့်အသတ်ရောက်သွားခြင်းကြောင့်ပင်။
ထို့ကြောင့် ဤလောကကို ကျော်လွန်ရန်အတွက် အပြင်ဘက်မှ စွမ်းအားများအား ရယူရမည်ဖြစ်ပြီး ၎င်းသည် နယ်မြေနတ်ဘုရားအဆင့်၏ ဝိသေသလက္ခဏာများနှင့်လည်း ကိုက်ညီနေပေသည်။
သေချာသည်မှာ အခြားကမ္ဘာများမှ စွမ်းအင်များအား ရယူခြင်းမဟုတ်ပေ။
ပို၍ တိတိကျကျပြောရလျှင် ကိုယ်ပိုင်စွမ်းအားကို ဖန်တီးခြင်း၊ ဤလောကကို ကျော်လွန်ခြင်းနှင့် စွမ်းအင်များကို ပိုမိုအားကောင်းသော နည်းလမ်းမျိုးဖြင့် လောကကြီးထံမှာ လုယက်ခြင်းပင်။
ကျိုးရီသည် စိတ်ထဲတွင် နက်နဲသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်ကို ခံစားလိုက်ရပြီး နီးစပ်နေပြီဖြစ်သော်လည်း တစ်စုံတစ်ခု လိုအပ်နေသေးသကဲ့သို့ ခံစားနေရသည်။
ဤအခိုက်အတန့်တွင် ဆေးလုံးများသည် သဘာဝကျကျပင် ပုံပေါ်လာခဲ့သည်။ နတ်ဘုရားဆေးလုံးသည် ကိုယ်ပိုင်အသိစိတ် ရရှိနေပြီဖြစ်ပြီး ချက်ချင်း ထွက်ပြေးရန်ပြင်လိုက်သည်။
ကျိုးရီ လက်ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင် လေဟာနယ်ကို ချိပ်ပိတ်လိုက်ကာ ဆေးလုံးများအားလုံးကို အတင်းအကျပ်ဆွဲငင်ပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
သူ ထည့်ပြီးသွားသည်နှင့် လူရိပ်အချို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။
ကျိုးရီသည် မဟာအရှင်သခင်တစ်ပါး ဖြစ်လေ၏။
စွမ်းအားများကို ထုတ်ဖော်ခြင်း မရှိလျှင်ပင် မိုင်တစ်သောင်းအတွင်းရှိ အရာအားလုံးမှာ သူ၏ စွမ်းအင်စက်ကွင်းအတွင်း၌ ရှိနေပေသည်။
မဟာအရှင်သခင်အဆင့်အောက် မည်သူကမျှ အနီးသို့ပင် ကပ်နိုင်မည်မဟုတ်ချေ။
ရောက်ရှိလာသူများမှာ သေမျိုးများမဟုတ်ဘဲ မဟာအရှင်သခင်အဆင့်ရှိ ကျင့်ကြံသူများဖြစ်ကြောင်း ထင်ရှားလှသည်။
တာအိုဝတ်ရုံကို ဆင်မြန်းထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ ခန္ဓာကိုယ်မှ ဓားအလင်းတန်းများ ထင်ဟပ်နေသော ဓားတာအို မဟာအရှင်သခင်တစ်ဦး၊ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးနှင့် ရုပ်ရည်ဆင်တူပြီး အမွှာများ ဖြစ်နိုင်ခြေရှိသော ကလေးနှစ်ဦးတို့ ရောက်ရှိလာကြ၏။
“ကျွန်တော်က ကျယ်ပြောသော ကောင်းကင်နတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် အိုရန်ရွှန်းလီပါ၊ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ဆေးပညာရှင်ကြီးတစ်ဦးက ကောင်းကင်နတ်ဘုရားနန်းတော် ရဲ နယ်မြေထဲမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”
“ဒီနေ့ လာရောက် ဂါရဝပြုရုံသက်သက်ပါပဲ၊ အရှင်အနေနဲ့ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”
ခန္ဓာကိုယ်မှ ဓားအလင်းတန်းများ ထင်ဟပ်နေသော ဓားတာအိုမဟာအရှင်သခင်က အရင်ဆုံး စကားဆိုလာသည်။
ကျိုးရီ ဘာမျှမပြောဘဲ သူတို့ကို တိတ်တဆိတ်စိုက်ကြည့်နေလိုက်သည်။
သူတို့ အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး တာအိုဝတ်ရုံကို ဆင်မြန်းထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားက အရင်ဆုံး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
“အရှင်က ခုနလေးတင် ဒီနေရာမှာ နတ်ဘုရားဆေးလုံး ဖော်စပ်နေခဲ့တာများလား”
“ဖော်စပ်နေခဲ့ရင်ရော ဘာဖြစ်လဲ။ မဖော်စပ်ဘူးဆိုရင်ရော ဘာဖြစ်မှာလဲ”
သူ့လေသံထဲမှ ရန်လိုမှုကို အာရုံခံမိလိုက်သောအခါ သူတို့အားလုံး အလျင်အမြန် ရှင်းပြလိုက်ကြသည်။
“အရှင်... ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ဒီနေရာကိုလာတာ ကျွန်တော်တို့မှာ မကောင်းတဲ့ ယရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်တို့က မိတ်ဆွေဖွဲ့ချင်ရုံသက်သက်ပါ”
“ငါတို့ရဲ့ တာအိုလမ်းစဥ်တွေက မတူညီဘူးဆိုတော့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်ဘူး၊ ငါက တစ်ယောက်တည်းနေရတာ အသားကျနေပြီ”
သူတို့၏ စကားများက နားထောင်လို့ ကောင်းသော်လည်း ၎င်းမှာ သူတို့၏ မျက်နှာဖုံးများကို မဆွဲချွတ်ရသေးသောကြောင့်သာ။
‘လူတိုင်းက ကောက်ကျစ်တဲ့ မြေခွေးအိုတွေကြီးတွေကြီးပဲ၊ ဒါက ဟန်ဆောင်ယဉ်ကျေးနေတာ သက်သက်ပဲ။ အကယ်လို့ ငါ့ခွန်အားသာ မလုံလောက်ခဲ့ဘူးဆိုရင် အဖမ်းခံရပြီး အဆုံးအစမရှိတဲ့ ဆေးပေါင်းဖိုဘဝထဲကို ရောက်သွားမှာ မဟုတ်ဘူးလား'
‘အဲဒီအချိန်ကျရင် ငါ့ကံကြမ္မာက သာမန် အလုပ်သမားတစ်ယောက်ထက်တောင် ပိုပြီး သနားစရာကောင်းနေလိမ့်မယ်'
စကားပြောပြီးနောက် ကျိုးရီ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ့ရှေ့ရှိ လူများက တုံ့ပြန်မှုအချို့ ပြသလာကြသည်။
သူတို့သည် ကျိုးရီထံမှ နတ်ဘုရားဆေးလုံးကို ရယူရန် ရည်ရွယ်၍ ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်ရာ သူ့ကို အလွယ်တကူ ထွက်သွားခွင့်မပြုနိုင်ကြပေ။
အမွှာ မဟာအရှင်သခင်နှစ်ဦးက ချက်ချင်း ရှေ့သို့ တိုးလာကြသည်။
သူတို့သည် ကလေးငယ်များကဲ့သို့ ချစ်စရာကောင်းပြီး အန္တရာယ်ကင်းပုံပေါ်သော်လည်း အုပ်စုထဲတွင် သတ်ဖြတ်လိုစိတ် အပြင်းထန်ဆုံးဖြစ်သည်။
ကျိုးရီ အစကတည်းက ၎င်းကို ခံစားမိခဲ့သည်။
သူတို့က စကားတစ်ခွန်းမျှ မပြောသော်လည်း အကြည့်များကမူ သူ့အပေါ်တွင်သာ ကျရောက်နေပြီး လောဘများဖြင့် ပြည့်နှက်နေကြသည်။
အကယ်၍ သူတို့နှစ်ဦးတည်းသာ ဤနေရာတွင်ရှိနေပါက တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်သည်။
“အရှင်... ငါတို့ကို မလေးမစား လုပ်လွန်းနေပြီ။ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူအားလုံးက နာမည်ကျော်ကြားတဲ့ မဟာအရှင်သခင်တွေချည်းပဲ"
“ငါတို့က သဘောရိုးနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တာကို မင်းက ဒီလောက်တောင် မလေးမစား လုပ်ပြနေတယ်၊ ငါတို့ကို အလေးအနက်မထားတာ သေချာတယ်”
“ငါတို့ကို ဘာမှမဟုတ်သလို သဘောထားပြီး ငါတို့ရှေ့ကနေ အလွယ်တကူ ထွက်သွားလို့ရမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”
ကျိုးရီသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သူတို့ကို စက္ကန့်အနည်းငယ်ကြာအောင် တည့်တည့် စိုက်ကြည့်နေလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ မတ်တပ်ရပ်နေသောနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
“မကောင်းတော့ဘူး။ ညီလေး၊ သတိထား”
အမွှာမဟာအရှင်သခင်များထဲမှ အစ်ကိုဖြစ်သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ပြီး ညီဖြစ်သူကို သတိပေးလိုက်လေသည်။
သို့သော် ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့လေပြီ။
သူ အော်လိုက်သည့် အချိန်မှာပင် ကျိုးရီသည် ညီဖြစ်သူ၏ ရှေ့သို့ ရောက်ရှိနေပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့်မြေကြီးကြားရှိ လေနှင့် တိမ်တိုက်များ ရွေ့လျားသွားပြီး ကောင်းကင်ပေါ်ရှိ နေမင်းကြီးပင် မှေးမှိန်သွားသကဲ့သို့ ဖြစ်သွားသည်။
ညီဖြစ်သူက ကာကွယ်ရန် ချက်ချင်းလှုပ်ရှားလိုက်သလို အစ်ကိုဖြစ်သူကလည်း တစ်ချိန်တည်းမှာပင် ကျိုးရီကို တိုက်ခိုက်ကာ ဆုတ်ခွာသွားစေရန် ပြုလုပ်လိုက်သည်။
အခြားသော မဟာအရှင်သခင်များသည်လည်း ဤမြင်ကွင်းကို မထင်မှတ်ထားခဲ့ကြချေ။
အံ့အားသင့်နေစဉ်မှာပင် ကျိုးရီ၏ မဆင်မခြင်ပြုမူမှုနှင့် မောက်မာမှုတို့အတွက် သူတို့ သက်ပြင်းချလိုက်မိကြ၏။
ကျိုးရီ အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် မဟာအရှင်သခင်အဆင့် ထိပ်တန်းကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်သော်လည်း နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခြင်းမှာ ဉာဏ်နည်းလွန်းပေသည်။
ထို့အပြင် အခြားသော မဟာအရှင်သခင်အဆင့်ကျင့်ကြံသူ အများအပြားလည်း ရှိနေသေးသည်။
ကျိုးရီ၏ လုပ်ရပ်က သူတို့အားလုံးကို မလေးမစား လုပ်နေခြင်းပင်။
‘တစ်ပြိုင်နက်တည်း ရန်သူအများကြီး ဖန်တီးလိုက်တာလား၊ ဒီနေ့ ပြန်ထွက်သွားလို့ မရတော့မှာကို သူ မကြောက်ဘူးလား၊ သူ့ရဲ့ ဆေးပညာ ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ၊ မသေနိုင်ဘူးလို့ အာမခံနိုင်လို့လား’
သို့သော် လူတိုင်း အံ့အားသင့်သွားရသည်မှာ ကျိုးရီ၏ လက်သီးက အမွှာမဟာအရှင်သခင် ညီငယ်လေးအပေါ်သို့ ကျရောက်သွားသည့်နှင့် အကာအကွယ် စွမ်းအင်များအားလုံး ပျက်စီးသွားလေ၏။
ဘန်း...
ကမ္ဘာပျက်လုနီးပါးအားကောင်းသော လက်သီးစွမ်းအားက အညှာအတာကင်းမဲ့စွာ ထိမှန်သွားပြီး ချက်ချင်းလွင့်စင်သွားတော့သည်။
ဝုန်း...
အမွှာမဟာအရှင်သခင် ညီငယ်လေးမှာ လျှပ်စီးတန်းတစ်ခုပမာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး မိုင်တစ်ထောင်ပတ်လည်ရှိ မြေပြင်ကို အက်ကွဲသွားစေတော့သည်။
တစ်ချိန်တည်းမှာပင် အစ်ကိုဖြစ်သူ၏ တိုက်ခိုက်မှုသည်လည်း ကျိုးရီအပေါ်သို့ ကျရောက်သွားခဲ့သည်။
“ငါ့ညီကို မင်းက တိုက်ရဲတယ်ပေါ့၊ သေလိုက်စမ်း”
ဝုန်း...
နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများမှာလည်း ကောင်းကင်ယံရှိ နေငယ်လေးတစ်စင်းပမာ ဖြစ်နေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့် ကောင်းကင်ယံရှိ မျောလွင့်နေသော တိမ်တိုက်များပင် ကင်းစင်သွားလေ၏။
သို့သော် အလင်းရောင်များ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင်…..
ကျိုးရီ ဒဏ်ရာနည်းနည်းလေးမျှ မရခဲ့ပေ။
“ဘာ”
“ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသူများအားလုံး ချက်ချင်းပငခ ဖြူလျော်သွားကြပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ချေ။
ဤလောကတွင် နယ်မြေနတ်ဘုရားအဆင့်ပြီးလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည့် မဟာအရှင်သခင်တစ်ပါး၏ ခွန်အားကို သံသယဝင်စရာ မလိုချေ။
မဟာအရှင်သခင်တစ်ဦး၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ချက်က ကောင်းကင်ကို ပြိုကျစေပြီး မြေကြီးကို အက်ကွဲစေနိုင်သည်။
ဤကဲ့သို့သော ကြီးမားလှသည့် စွမ်းအင်မျိုးက အဆင့်တူပြိုင်ဘက်ကို အနည်းငယ်လောက် တုန်လှုပ်သွားစေသင့်သည်။
သို့သော် ကျိုးရီသည် ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ချေ။
ဤခွန်အားက တကယ်ကို ကြောက်စရာကောင်းလွန်းသည်။
သောက်ကျိုးနည်း မိစ္ဆာဆန်ဆန် အစွမ်းထက်နေခြင်းပင်။
“သူက မဟာအရှင်သခင်အဆင့် မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူက မဟာအရှင်သခင်အဆင့်မှာပဲ။ သူ့ရဲ့ အငွေ့အသက်တွေက ဒီအဆင့်ကို မကျော်လွန်သေးဘူး။ သူ့ရဲ့ ခွန်အားက ကြီးမလွန်းနေလို့ ဝိညာဉ်ကလေးငယ် မဟာအရှင်သခင်က သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့တာ”
ဝိညာဉ်ကလေးငယ် မဟာအရှင်သခင်သည်လည်း အလွန်အမင်း အံ့အားသင့်သွားရသည်။
သူ၏ နှုတ်ခမ်းများတုန်ယင်နေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့သည်။
‘ကျစ်... ဒီလူက ဒီလောက်အစွမ်းထက်နေမှန်း ဘယ်လိုလုပ် သိမှာလဲ၊ အစောကသာ သိခဲ့ရင် ငါ လုံးဝ တိုက်ခိုက်မှာမဟုတ်ဘူး။ အခုတော့ ငါ တကယ့်ပြဿနာကြီးနဲ့ ရင်ဆိုင်နေရပြီ'
‘ငါ့ရဲ့ တိုက်ခိုက်မှုတွေတောင် အကျိုးမသက်ရောက်ဘူးဆိုတော့ အဲ့လူက သေချာပေါက် ငါ့ကိုသတ်နိုင်မှာပဲ'
ဂလု...
တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် သူသည် ချက်ချင်း ပြုံးကာ ပြောလာသည်။
“နားလည်မှုလွဲတာပါ၊ အားလုံးက နားလည်မှုလွဲတာပါ”
“မင်းက နားလည်မှုလွဲတာလို့ ပြောရုံနဲ့ ငါက လက်ခံပေးရမှာလား၊ ဒါဆို ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”
ဝိညာဉ်ကလေးငယ် မဟာအရှင်သခင်သည် သူ့အပေါ် လွှမ်းခြုံလာသော သတ်ဖြတ်လိုစိတ် လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။
ကြောက်လွန်းသဖြင့် ဆံပင်များ ထောင်တက်သွားပြီး ထွက်ပြေးရန် ပြင်တော့သည်။
ကံမကောင်းစွာဖြင့် သူ၏ လှုပ်ရှားမှုများအားလုံးကို ကျိုးရီက ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
သူ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးရီက ခြေကျင်းဝတ်ကို ဖမ်းကာ အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်။
သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်သွားပြီး ကျိုးရီအောက်သို့ အတင်းအကျပ် ဆွဲချခံလိုက်ရသည်။
ကျိုးရီသည် ဒူးမြှောက်ကာ ဒန်တျန်ကို ဒူးဖြင့် တိုက်ချလိုက်သည်။
ဖူး...
ပြင်းထန်သော စွမ်းအားများက သမုဒ္ဒရာထဲမှ လှိုင်းလုံးများပမာ သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာတော့သည်။
ဝိညာဉ်ကလေးငယ် မဟာအရှင်သခင် ထိုနေရာတွင်ပင် သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
သူ တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင် ကျိုးရီက သူ့ကို အောက်သို့ ကန်ချလိုက်ပြီး မြေအောက်မှ တွားသွားထွက်လာသော သူ၏ ညီငယ်လေးမှာလည်း သူ့ကြောင့် အောက်အထိ ပြန်ကျသွားလေသည်။
ကျိုးရီသည် သူတို့ကို ထွက်ပြေးရန် အခွင့်အရေး မပေးတော့ပေ။
ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မင်ဧကရာဇ် ဓား ပေါ်ထွက်လာသည်။ သူသည် ဓားမြှောက်ကာ သူတို့နှစ်ဦးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။
“ဟင့်အင်း...”
မဟာအရှင်သခင်နှစ်ဦးထံမှ ချက်ချင်းပင် မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးလုံး အသက်ချမ်းသာပေးရန် တောင်းပန်ချင်ကြသော်လည်း သူတို့တွင် အခွင့်အရေးမရှိတော့ချေ။
ချောက်နက်ထဲ သွားရောက်စဉ်ကတည်းက ကျိုးရီသည် မဟာအရှင်သခင်တစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်နေပြီဖြစ်သည်။
ကြားကာလ နှစ်များအတွင်း သူ့ခွန်အားများ သိသိသာသာ တိုးတက်လာခဲ့ရာ ဤနှစ်ဦးကို ကိုင်တွယ်ရန်မှာ ယခင်ကထက်ပင် ပိုမိုလွယ်ကူနေပြီဖြစ်သည်။
ဓားတစ်ချက်တည်းဖြင့် မဟာအရှင်သခင်နှစ်ဦး အသတ်ခံလိုက်ရလေပြီ။