← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) - လူတိုင်းကို တုန်လှုပ်စေခြင်း

သူတို့နှစ်ဦး ပျော်ရွှင်စွာ စကားပြောဆိုနေစဉ်မှာပင် အထက်ကောင်းကင်ယံမှ အစွမ်းထက်အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

လီရွှန်ကျိုး မျက်မှောင်ကြုတ်ကာ တွေဝေသွားသည်။

“မဟာအရှင်သခင်တစ်ပါးရဲ့ အငွေ့အသက်ပဲ။ ဘယ်သူများလဲ”

ကျိုးရီကမူ တည်ငြိမ်နေဆဲပင်။ ဤအငွေ့အသက်ကို သူ ကြိုတင်၍ အာရုံခံမိပြီးဖြစ်ပေသည်။

“ကောင်းကင်နတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်ပဲ”

“နန်းတော်သခင် အိုယန်ရွှင်လီ။ ဒီကောင်လေးကိုး၊ ငါနဲ့ တိုက်ခိုက်ချင်နေပုံရတယ်။ ငါ သွားတွေ့လိုက်ဦးမယ်”

ထိုသို့ပြောလိုက်ရင်း လီရွှန်ကျိုးက ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားသည်။

ရဲ့ချိုးရွှေက ချက်ချင်းပင် စိုးရိမ်တကြီး ဆိုလာသည်။

“သခင်လေးကျိုး၊ သူ့ကို သွားကူညီလိုက်ပါဦးမယ်”

“မပူပါနဲ့၊ သူတို့ တိုက်ခိုက်ကြမှာ မဟုတ်ဘူး”

နန်းတော်သခင် အိုယန်ရွှင်လီတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်မနေချေ။ ထို့ကြောင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားလှသည်။ မိမိဘက်ပါရန် လာရောက်စည်းရုံးခြင်း သို့မဟုတ် တောင်းပန်ရန် လာရောက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ထိုစကားကို ကြားလိုက်ရမှသာ ရဲ့ချိုးရွှေ စိတ်သက်သာရာရသွားတော့သည်။

သူမ၏ မျက်နှာအမူအရာလေးကို မြင်လိုက်ရသောအခါ ကျိုးရီမှာ လီရွှန်ကျိုးကို တိရစ္ဆာန်ကောင်ဟု စိတ်ထဲမှ ကြိတ်၍ ဆဲလိုက်မိသည်ာ

သွားလေရာ နေရာတိုင်းတွင် မိန်းမရှိနေသည်သာမက မဟာအရှင်သခင်အဆင့်ရှိသော ဇနီးတစ်ဦးကိုပင် ရရှိထားသေးသည်။

ထို့အပြင် နောက်ထပ် သုံးယောက်တောင် ရှိနေသေးသည် မဟုတ်ပါလား။

ကျိုးရီ မိမိကိုယ်ကို ပြန်မေးကြည့်မိသည်။ သူသာ အလိုရှိပါက တစ်စုံတစ်ယောက်ကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သော်လည်း ရှာဖွေနေမည်တော့ မဟုတ်ပေ။

နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာခြင်းက ပြိုင်ဘက်ကင်းသွားပြီဟု မဆိုလိုပေ။ ဤအရာက အစပျိုးမှုတစ်ခုသာ ဖြစ်သည်။

စစ်မှန်သော ပြိုင်ဘက်ကင်းလမ်းစဥ်ဆီသို့ သွားရမည့်လမ်းခရီးက ရှည်လျားနေဆဲပင်။

အလွန်ရှည်လျားပြီး ကြမ်းတမ်းခက်ခဲလှသော ခရီးစဉ်တစ်ခု ဖြစ်ပေသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်ယံတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိချေ။ မကြာမီတွင် လီရွှန်ကျိုးက နန်းတော်သခင် အိုယန်ရွှင်လီကို စားသောက်ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။

နန်းတော်သခင် အိုယန်ရွှင်လီက ကျိုးရီကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်း အရိုအသေပေးလိုက်သည်။

“စီနီယာကိုး၊ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ကျိုးရီက ခေါင်းညိတ်ပြလိုက်သော်လည်း လီရွှန်ကျိုးမှာမူ အတော်လေး အံ့အားသင့်သွားသည်။

“ခင်ဗျားတို့နှစ်ယောက်က တကယ်ပဲ သိနေကြတာလား”

နန်းတော်သခင် အိုယန်ရွှင်လီက သိုးငယ်လေးတစ်ကောင်ကဲ့သို့ အနေခက်စွာ ပြုံးပြလိုက်သည်။

“အရင်က စီနီယာနဲ့ ကျွန်တော့်ကြားမှာ နားလည်မှုလွဲတာလေး နည်းနည်းရှိခဲ့ပေမဲ့ စီနီယာ့အပေါ် ဘာအငြိုးအာဃာတမှ မရှိပါဘူး”

ရှိနေသူတိုင်းက အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ကြသည့် မိစ္ဆာအိုကြီးများ ဖြစ်ကြသည်။

သူ့စကားကို ကြားလိုက်ရချိန်တွင် လီရွှန်ကျိုးက မည်သို့ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ ကျိုးရီက ဤကိစ္စနှင့်ပတ်သက်၍ ဒေါသမထွက်သည်ကို မြင်သောအခါ ပြဿနာကြီးကြီးမားမားမဟုတ်ကြောင်း သူ နားလည်လိုက်သည်။

“သခင်လေးကျိုး၊ ဒီကောင်လေးက တောင်ပိုင်းက မိစ္ဆာဧကရာဇ်ကို နှိမ်နင်းဖို့ ကျွန်တော်နဲ့ မဟာမိတ်ဖွဲ့ချင်နေတယ်။ သခင်လေး ဘယ်လိုထင်လဲ”

ကျိုးရီ ပခုံးတွန့်ပြလိုက်သည်။

“ဒါက မင်းရဲ့ ကိုယ်ပိုင်ကိစ္စပဲ။ မင်းဘာသာ ဆုံးဖြတ်ပါ၊ ငါ့ကို မေးနေစရာမလိုဘူး”

လီရွှန်ကျိုးသည် သူ၏ လက်အောက်ခံဖြစ်သော်လည်း ကြက်မကြီးတစ်ကောင်ကဲ့သို့ အရာရာတိုင်းကို ဝင်ရောက်စွက်ဖက်နေမည် မဟုတ်ပေ။

လီရွှန်ကျိုးက ခဏမျှ တွေးတောလိုက်ပြီးနောက် ဆိုလာသည်။

“ကောင်းပြီလေ၊ မင်းနဲ့ မဟာမိတ်ဖွဲ့ပေးမယ်။ ဒါပေမဲ့ မင်းရဲ့ နယ်မြေတစ်ဝက်ကို ငါ့ကို ပေးရမယ်၊ ပြီးတော့ တောင်ပိုင်းနယ်စပ်ကို သိမ်းပိုက်နိုင်တဲ့အခါကျရင်လည်း ငါ့ကို တစ်ဝက်ခွဲပေးရမယ်”

လီရွှန်ကျိုးသည် ဤနယ်မြေများကို အသုံးပြု၍ ကျိုးရီ၏ ကျင့်စဉ်များကို လေ့ကျင့်ရန်နှင့် ဖြန့်ဝေပေးရာတွင် ကူညီရန် ရည်ရွယ်ထားသည်။

ကျိုးရီ၏ စွမ်းအားများ ပိုမိုအားကောင်းလာလေ သူလည်း အကျိုးခံစားခွင့်များ ပိုမိုရရှိလာလေ ဖြစ်ပေမည်။

သူက အလွန်ပါးနပ်လှသည်။ သူ၏ ကိုယ်ပိုင်ပါရမီနှင့် ဉာဏ်အလင်းပွင့်နိုင်စွမ်းမှာ အတိုင်းအတာတစ်ခုအထိသာ ရှိပြီး ကျိုးရီကို မကျော်လွန်နိုင်မှန်း သူ သိထားပေသည်။

ထို့ကြောင့် ကျိုးရီ၏ ခွန်အားများ တိုးတက်လာစေရန် စိတ်ရောကိုယ်ပါ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် ကျိုးရီ အစွမ်းထက်လာသောအခါ

အကူအညီအနည်းငယ် ပြန်ပေးရုံဖြင့်ပင် သူ့အတွက် အဆုံးမရှိသော အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်သည်။

“ကောင်းပါပြီ”

နန်းတော်သခင် အိုယန်ရွှင်လီမှာ အစပိုင်းတွင် ဤအချက်ကို သဘောတူရန် ရည်ရွယ်မထားခဲ့သော်လည်း လီရွှန်ကျိုး၏ နောက်ကွယ်ရှိ လူမှာ ကျိုးရီဖြစ်နေကြောင်း မြင်တွေ့ပြီးနောက်တွင်မူ စိတ်အေးသွားတော့သည်။

ကျိုးရီကဲ့သို့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့်သာ မဟာမိတ်ဖွဲ့နိုင်မည်ဆိုပါက တစ်ဝက်မပြောနှင့် ခြောက်ဆယ် မဟုတ်သေး ခုနစ်ဆယ်ရာခိုင်နှုန်း ပေးရလျှင်ပင် တန်နေပြီဖြစ်သည်။

“သိပ်ကောင်းတာပေါ့”

လီရွှန်ကျိုးက တစ်ဖက်လူ၏ပခုံးကို ပုတ်လိုက်စဉ် ကျိုးရီကမူ ဝေဝါးဝါး ရိပ်မိသွားပြီး မေးလိုက်သည်။

“အဲ့ဒီ မိစ္ဆာဧကရာဇ်က အရမ်း အစွမ်းထက်လို့လား”

နန်းတော်သခင် အိုယန်ရွှင်လီက အလွန်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒီ မိစ္ဆာဧကရာဇ်ရဲ့ ခွန်အားက တကယ်ကို ထူးဆန်းတယ်၊ သူနဲ့ တစ်ကြိမ်ပဲ လက်ရည်ယှဉ်ခဲ့ဖူးပေမဲ့ ကျွန်တော် အရေးနိမ့်ခဲ့ရတယ်”

“ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ အစီအရင်သာ မရှိခဲ့ရင် ကျွန်တော့်ဂိုဏ်းကိုတောင် ဆုံးရှုံးရလောက်တယ်, ကျွန်တော့်အမြင်အရဆိုရင် အဲ့ဒီကောင်ရဲ့ ခွန်အားက အနည်းဆုံးတော့ စီနီယာ့ခွန်အားရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်”

နန်းတော်သခင် အိုယန်ရွှင်လီသည် ကျိုးရီ မဟာအရှင်သခင်အဆင့်တွင် ရှိနေစဉ်က သူ၏စွမ်းရည်များကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ဖူးသည်။

ဝိညာဉ်ကလေးငယ် မဟာအရှင်သခင်ကို မျက်စိတစ်မှိတ်အတွင်း ခုတ်ပိုင်းချလိုက်သည်ကို သူါမျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းပင်။

သို့သော်လည်း သူ မသိခဲ့သောအချက်မှာ ကျိုးရီ၏ ခွန်အားများမှာ အတော်လေး တိုးတက်လာခဲ့ပြီး ယခုအခါ နယ်မြေနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေကာ ထိုမိစ္ဆာဧကရာဇ်ကို ချက်ချင်းပင် သတ်ဖြတ်နိုင်စွမ်းရှိနေပြီ ဆိုသည်ကိုပင်။

ထိုမိစ္ဆာဧကရာဇ်က ကျိုးရီ၏ စိတ်ဝင်စားမှုကို နှိုးဆွလိုက်နိုင်သည်။

အကယ်၍ ပြိုင်ဘက်၏ ခွန်အားသာ အမှန်တကယ် အားကောင်းနေမည်ဆိုပါက နယ်မြေနတ်ဘုရားတစ်ပါးအဖြစ် ပြုစုပျိုးထောင်၍ ရနိုင်ကောင်း၏။

ဤနည်းအားဖြင့် အနာဂတ်တွင် လောကဧကရာဇ်ရာထူးကို လုယူရန်အတွက် အသုံးချနိုင်မည့် မဟာနည်းဗျူဟာတစ်ခု ရှိလာမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်တော့ လောကဧကရာဇ် မဖြစ်ချင်ပေ။

လောကဧကရာဇ်အဖြစ် ရုပ်သေးရုပ်တစ်ရုပ်ကိုသာ တင်မြှောက်ထားလိုခြင်းဖြစ်သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် လီရွှန်ကျိုးက အလွန်တုန်လှုပ်သွားတော့သည်။

“အဲ့ဒီ မိစ္ဆာဧကရာဇ်က နယ်မြေနတ်ဘုရားအဆင့်နား ကပ်နေပြီပေါ့။ အဲ့ဒီကောင်က တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်တာလား"

မင်းတို့ ကောင်းကင်နတ်ဘုရားနန်းတော်ရဲ့ အစီအရင်က မဟာအရှင်သခင်တစ်ပါးဖြစ်တဲ့ မင်းကို နယ်မြေနတ်ဘုရားဖြစ်ဖို့ ခြေတစ်လှမ်းလောက်ပဲလိုတော့တဲ့ ကျင့်ကြံသူတစ်ယောက်ကို ခုခံနိုင်အောင် ကူညီပေးနိုင်စွမ်းရှိလို့လား”

“ခြေလှမ်း၀က် နယ်မြေနတ်ဘုရားလား”

နန်းတော်သခင် အိုယန်ရွှင်လီ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်လွင်သွားပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“သေချာပေါက် မဟုတ်ရပါဘူး။ စီနီယာ့ခွန်အားရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်နဲ့ ညီမျှရုံတင်ပါ။ နယ်မြေနတ်ဘုရားအဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်"

”သူသာ တကယ်ပဲ နယ်မြေနတ်ဘုရားဖြစ်ဖို့ ခြေတစ်လှမ်းအလိုဆိုရင် ကျွန်တော် တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး”

“ကောင်းကင်နတ်ဘုရားနန်းတော်က ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အစီအရင်ကတောင် ကျွန်တော့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့... သခင်လေးကျိုးက နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလေ”

လီရွှန်ကျိုးမှာ ပို၍ပင် တွေဝေသွားသော်လည်း သူ၏ ရိုးရှင်းသော စကားတစ်ခွန်းက တစ်ဖက်လူအပေါ် မည်မျှ ကြီးမားသည့် သက်ရောက်မှုရှိသွားသည်ကို သတိမပြုမိခဲ့ချေ။

“ဘာ၊ စီနီယာက နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလား”

နန်းတော်သခင် အိုယန်ရွှင်လီ ဆွံ့အသွားလေတော့သည်။

နှစ်အနည်းငယ်ပဲ ရှိသေးသည်မဟုတ်လော။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူသည် မဟာအရှင်သခင်အဆင့်တွင်သာ ရှိနေသေးပြီး ယခု နယ်မြေနတ်ဘုရားအဆင့်သို့ အမှန်တကယ်ပင် ချိုးဖြတ်ဝင်ရောက်သွားပြီလော။

“သခင်လေးကျိုးက နယ်မြေနတ်ဘုရားတစ်ပါးမှန်း မင်းမသိဘူးလား။ ဒါဆို သခင်လေးကျိုးနဲ့ မင်း ဘယ်တုန်းက တွေ့ခဲ့တာလဲ”

“လွန်ခဲ့တဲ့... နှစ်အနည်းငယ်ကပါ”

“ရှူးး...”

ဘေးတွင် တိတ်တဆိတ် ရှိနေခဲ့သော ရဲ့ချိုးရွှေမှာလည်း ဤစကားကို ကြားလိုက်ရချိန်တွင် အံ့ဩတကြီး လေအေးတစ်ချက် မရှူသွင်းဘဲ မနေနိုင်တော့ချေ။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျိုးရီ၏ ပါရမီက ဤမျှအထိ ကောင်းမွန်နေသည်လော။

နှစ်အနည်းငယ်အတွင်း နယ်မြေနတ်ဘုရားအဆင့်သို့ အလွယ်တကူ ချိုးဖြတ်ဝင်ရောက်သွားနိုင်သည့်အပြင် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ဉာဏ်အလင်းပွင့်နိုင်စွမ်းမျိုးနှင့်ဆိုလျှင် ဤကမ္ဘာလောကတွင် သူ့ကို ယှဉ်နိုင်မည့်သူ အလွန်နည်းလောက်ပေသည်။

ယခင်က သူမ၏ ဆရာသခင်သည် မဟာအရှင်သခင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ထိုအဆင့်သို့ မတက်လှမ်းမီ တံခါးပိတ်ကျင့်ကြံကာ သဘောတရားများ နားလည်သဘောပေါက်စေရန် အချိန်တစ်ရာ့ကိုးဆယ့်ခုနစ်နှစ်တိတိ အသုံးပြုခဲ့ရသည် မဟုတ်ပါလား။

သူမ၏ နားလည်ထားမှုအရ သမိုင်းတစ်လျှောက် နယ်မြေနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူများအားလုံးတွင် မည်သူကမျှ နှစ်အနည်းငယ်အတွင်း အလွယ်တကူ ချိုးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဤကဲ့သို့သော ပါရမီနှင့် ဉာဏ်အလင်းပွင့်နိုင်စွမ်းမျိုးက ကောင်းကင်ဘုံကို အံတုနိုင်သည်ဟု ရိုးရိုးရှင်းရှင်း ဖော်ပြ၍ မရနိုင်တော့ချေ။

ဤသည်က ‌သောက်ကျိုးနည်းလောက်အောင် အဓိပ္ပါယ်မရှိသော ပါရမီရှင်တစ်ယောက်ပင်။

ဤလူက အနာဂတ် လောကဧကရာဇ်ပြိုင်ပွဲတွင် ဆရာ့၏ နံပါတ်တစ် သတိထားနေရမည့်ပြိုင်ဘက် ဖြစ်လာမည်မှာ သေချာပေသည်။

မဟုတ်သေး။ တိတိကျကျ ပြောရလျှင် သူသည် လောကဧကရာဇ် ပြိုင်ပွဲ၌ အခြားသော နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူအားလုံးအတွက် နံပါတ်တစ်ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။

သူသည် အနာဂတ်၏ လောကဧကရာဇ် ဖြစ်နိုင်ချေများလေ၏။

နန်းတော်သခင် အိုယန်ရွှင်လီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ကျိုးရီဘက်သို့ ချက်ချင်း လက်ယှက်ကာ ရိုရိုသေသေ ပြောလိုက်သည်။

“စီနီယာက နယ်မြေနတ်ဘုရားအဆင့်ကို ချိုးဖြတ်ပြီးပြီဆိုတာ ဂျူနီယာ မသိခဲ့ဘူး။ စီနီယာအနေနဲ့ နယ်မြေနတ်ဘုရားအဆင့်ကို ရောက်နေပြီဆိုမှတော့ ဂျူနီယာရဲ့ ကောင်းကင်နတ်ဘုရားနန်းတော်ကိုပါ သိမ်းပိုက်လိုက်ပါလား”

“အခုကစပြီး ကောင်းကင်နတ်ဘုရားနန်းတော်အောက်မှာရှိတဲ့ သူတွေအားလုံးက စီနီယာရဲ့ ကျင့်စဉ်ကို ကျင့်ကြံကြပြီး စီနီယာ့ရဲ့ အကာအကွယ်အောက်မှာ နေကြလိမ့်မယ်၊ စီနီယာ ဘယ်လိုမြင်လဲ”

All Chapters