← Chapters

အခန်း ၁၅၉၀

Vol. 106 Ch. 1590

အခန်း ၁၅၉၀

Vol. 106 Ch. 1590

အခန်း (၁၅၉၀) သစ္စာဖောက် တပည့်တစ်ဦးလော (၂)

‘အာ... အစတည်းက ခင်ဗျားက ဆိုးယုတ်သူတစ်ပါးပဲ မဟုတ်ဘူးလား’

ကျယ်ကျင့်အန်းက အားကိုးရာမဲ့စွာဖြင့် ပြောလိုက်၏။

“ခင်ဗျား ဒီတစ်ကြိမ် ပြန်ရောက်လာတာက မဟာလေဟာနယ်ရဲ့ အာရုံစိုက်မှုကို သေချာပေါက် ရသွားလိမ့်မယ်။ ဒီတစ်ကြိမ်တော့ နန်းဆောင်ဆယ်ခုနဲ့ အထွတ်အမြတ်ခန်းမကို မဆင်မခြင် သွားပြီး ရန်မစပါနဲ့တော့”

“မင်းက ငါ့ကို အထင်သေးနေတာလား” လုကျိုးက မေးလိုက်၏။

ကျယ်ကျင့်အန်း အနည်းငယ် မှင်တက်သွားရသည်။ သူက ပြန်လည်ဖြေကြားလိုက်၏။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... အရမ်းကြီးလည်း ခံစားလွယ်မနေပါနဲ့။ ကျုပ်က မင်ရှင်းကို အထင်မသေးဖို့ ခင်ဗျားကို သတိပေးချင်ရုံ သက်သက်ပါ”

တစ်ချိန်တည်းမှာပင် ဆိုးယုတ်သူတစ်ပါး ရှုံးနိမ့်ခဲ့ရသည့် မြင်ကွင်းက လုကျိုး၏ စိတ်ထဲ၌ ပေါ်လာခဲ့ပြီး သူ တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်က မဟာလေဟာနယ်သည် ဆိုးယုတ်သူတစ်ပါးကို မနှိမ်နင်းနိုင်မီမှာပင် အထွတ်အထိပ်သက်ရှိ လေးဦးကို ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မင်ရှင်းမှာ သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။ ထို့ပြင် မဟာလေဟာနယ်၌ မင်ရှင်း တစ်ဦးတည်း ရှိနေခြင်း မဟုတ်ဘဲ နန်းဆောင်ဆယ်ခုနှင့် ပျောက်ဆုံးကုန်းမြေများမှ ဧကရာဇ်များလည်း ရှိနေသေးသည် မဟုတ်ပါလော။

ဤအတွေးများကို တွေးတောမိချိန်တွင် လုကျိုးက ယူဆချက်တစ်ခု တွေးမိသွားသည်။ ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် သူ၏တပည့်များ အစောပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းမှာ လုံးလုံးလျားလျား ဆိုးရွားသော ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။

လုကျိုး သတိပြန်ဝင်လာချိန်တွင် ကျယ်ကျင့်အန်းမှာ အနေခက်နေပုံရသည်ကို မြင်လိုက်ရသဖြင့် မေးမြန်းလိုက်၏။

“နောက်ထပ် ဘာကိစ္စ ရှိသေးလဲ”

“မရှိပါဘူး” ကျယ်ကျင့်အန်းက ခြောက်ကပ်ကပ် ရယ်မောလျက် ပြန်ဖြေလိုက်သည်။

“အခွင့်အရေးရရင် ငါ မဟာအသူရာမြေကို ထပ်လာခဲ့ဦးမယ်” လုကျိုးက ပြောလိုက်၏။ ထို့နောက် သူသည် မြေပြင်ကို ဆောင့်နင်းကာ အထက်သို့ ပျံတက်သွားပြီး အခြားသူများနှင့် သွားရောက် ပူးပေါင်းလိုက်ကာ သူတို့ကို သင်္ကေတလမ်းကြောင်းဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။

ကျယ်ကျင့်အန်းသည် သူတို့ မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်မိ၏။ သူက တီးတိုး ရေရွတ်လိုက်သည်။

“သူ တကယ်ကို ဘာမှ မပြောင်းလဲသေးဘူးပဲ။ ဒါက ကောင်းချီးတစ်ခုလား၊ ကျိန်စာတစ်ခုလား ဆိုတာကိုတော့ ကျွ မသိတော့ဘူး။ အဲဒီတုန်းက တကယ်ကိုပဲ ကျုပ်တို့ကို သစ္စာဖောက်ခဲ့တဲ့လူ တော်တော်များများ ရှိခဲ့တာ။ အရှင် ထပ်ပြီး မသေဖို့ပဲ မျှော်လင့်ပါတယ်”

ခေတ္တမျှကြာမှ ကျယ်ကျင့်အန်းက တံတွေးထွေးလိုက်ပြီး ပြောလိုက်၏။

“ဟွန်း... 'ထပ်ပြီး' ဆိုတဲ့ စကားလုံးကို မသုံးသင့်ဘူး”

ထို့နောက် ကျယ်ကျင့်အန်းသည် စိတ်ခံစားမှုများဖြင့် သက်ပြင်းချကာ လှည့်ထွက်လာခဲ့တော့သည်။ ထိုအခိုက်အတန့်တွင် ခန့်ညားထည်ဝါသော အသံတစ်ခုက ကျယ်ကျင့်အန်း၏ နားထဲ၌ ဟိန်းထွက်လာတော့၏။

“ကျယ်ကျင့်အန်း”

ထိုအသံမှာ ငရဲဘုံမှ ထွက်ပေါ်လာသကဲ့သို့ပင် ဖြစ်ပြီး ကျယ်ကျင့်အန်းကို လွန်စွာ ထိတ်လန့်သွားစေတော့သည်။ သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်လျက် မေးမြန်းလိုက်၏။

“ဘယ်သူလဲ”

အနီးအနား၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ တောက်ပသော အလင်းတန်းများ မှိန်သွားချိန်တွင် သူတော်စင်အလင်းတန်းများ လွှမ်းခြုံနေသည့် ဖြူစင်သော တောင်ပံတစ်စုံမှာ ကျယ်ကျင့်အန်း၏ မျက်စိရှေ့၌ ပေါ်ထွက်လာတော့သည်။

ကျယ်ကျင့်အန်း အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိ၏။

“အရှင်မင်းကြီး”

ဧကရာဇ်ယွီသည် ကျယ်ကျင့်အန်းကို တည်ငြိမ်စွာနှင့် တိတ်ဆိတ်စွာပင် စိုက်ကြည့်နေပေသည်။

ကျယ်ကျင့်အန်းက အပြစ်မကင်းသကဲ့သို့ ပြန်ပြောလိုက်၏။

“ကျွန်တော် လမ်းလျှောက်ထွက်လာတာပါ... အရှင်မင်းကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ”

ဧကရာဇ်ယွီသည် ကျယ်ကျင့်အန်းကို တိတ်ဆိတ်စွာ ဆက်လက် စိုက်ကြည့်နေဆဲပင်။

ကျယ်ကျင့်အန်းသည် ခေါင်းကုတ်လိုက်ပြီး သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ကာ ဆိုလိုက်၏။

“ကျွန်တော် အခုပဲ ပြန်ပါတော့မယ်”

တစ်ချိန်တည်းမှာပင် ဧကရာဇ်ယွီက ရုတ်တရက် ပြောလိုက်သည်။

“မင်းက တစ်ချိန်တုန်းက ဆိုးယုတ်သူတစ်ပါးရဲ့ နောက်လိုက် ဖြစ်ခဲ့ပေမဲ့... ငါ မင်းကို ဘယ်တုန်းကမှ ဒုက္ခမပေးခဲ့ပါဘူး”

ကျယ်ကျင့်အန်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ဘာပြောရမှန်း မသိဘဲ ဖြစ်သွားရတော့၏။

ဧကရာဇ်ယွီက ဆက်လက် မိန့်ကြားလိုက်သည်။

“ငါဟာ အမြဲတမ်း အစွမ်းထက်သူတွေကို လေးစားခဲ့ပေမဲ့... သစ္စာဖောက်တွေကိုတော့ ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး”

ကျယ်ကျင့်အန်း၏ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားတော့သည်။ သူက မျက်မှောင်ကျုံ့လျက် ပြန်လည် လျှောက်တင်လိုက်၏။

“ကျွန်တော်က မဟာအသူရာမြေအပေါ် အမြဲတမ်း သစ္စာရှိခဲ့တာပါ။ မဟာအသူရာမြေကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပါဘူး”

“တကယ်လား”

“ကျွန်တော် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်”

“မင်း အရင်က အဖြူရောင်ဧကရာဇ်ဆီကနေ သတင်းစကားကို အတုအယောင် လုပ်ခဲ့တာကို ငါ မသိဘူးလို့ ထင်နေတာလား” ဧကရာဇ်ယွီက မေးလိုက်၏။

ကျယ်ကျင့်အန်း “...”

ကျယ်ကျင့်အန်းက လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး ဘာပြောနေတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး”

ဧကရာဇ်ယွီက ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

“ထားလိုက်ပါတော့... မကြာခင် မင်း နားလည်သွားမှာပါ”

ထို့နောက် ဧကရာဇ်ယွီသည် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဧကရာဇ်ယွီ၏ နောက်ကွယ်ရှိ တောင်ပံမျိုးနွယ်စုမှ ပညာရှင် လေးဦး၏ ခန္ဓာကိုယ်မှ သူတော်စင်အလင်းတန်းများ လင်းလက်လာတော့၏။ သူတို့၏ အရှိန်အဝါများမှာလည်း ထူးခြားလှပေသည်။

၎င်းနောက် ဧကရာဇ်ယွီက မျက်နှာသေဖြင့် အမိန့်ပေးလိုက်သည်။

“ကျယ်ကျင့်အန်းရဲ့ ကျင့်ကြံမှုကို ပိတ်ဆို့ပြီး မဟာအသူရာအကျဉ်းထောင်ထဲမှာ အကျဉ်းချထားလိုက်ကြစမ်း။ နောက်ထပ် အမိန့်ကို စောင့်ပါ”

“နားလည်ပါပြီ”

တစ်ရက်ကြာပြီးနောက်။

ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံးတွင် ဖြစ်ပေသည်။ မြင့်မားမတ်စောက်လှသော ရေခဲတိုင် အရံအတားကြီးမှာ ခိုင်မာစွာ တည်ရှိနေဆဲပင်။

လုကျိုးသည် နတ်ခြင်္သေ့၏ ကျောပေါ်၌ ထိုင်လျက် အနီးအနားသို့ ရောက်ရှိလာခဲ့၏။ သူက မိန့်ကြားလိုက်သည်။

“ဒီမှာပဲ စောင့်နေကြ”

“နားလည်ပါပြီ”

လုကျိုးသည် တိမ်တိုက်များကိုပင် ဖောက်ထွက်နေသော ဖျက်ဆီးခြင်းတိုင်လုံးကြီးကို ကြည့်ရင်း တစ်ဦးတည်း ရှေ့သို့ ပျံသန်းသွားခဲ့သည်။ ၎င်းမှာ သူ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့စဉ်ကထက် သိသိသာသာ အိုမင်းယိုယွင်းနေပြီ ဖြစ်၏။ သူသည် လက်စွပ်ပုံသဏ္ဌာန် ရေကန်ကြီးသို့ ရောက်ရှိချိန်တွင် ရေခဲတိုင်ကြီးကို ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်နေမိသည်။ ခေတ္တမျှကြာမှ သူသည် စကားကို လှည့်ပတ်မနေတော့ဘဲ လှမ်းခေါ်လိုက်၏။

“ပိုးစာမင်းသမီး”

မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

လုကျိုးသည် သူ၏လက်ကို ရေခဲတိုင် အရံအတားပေါ်သို့ တင်လိုက်၏။ သူ၏လက်မှ ထွက်ပေါ်လာသော အပူငွေ့ဖျော့ဖျော့လေးက အရံအတားကို အရည်ပျော်စေတော့မည့် အချိန်မှာပင်...

ဝှစ်

ဝတ်စုံရှည်ကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် ရေခဲတိုင် အရံအတား၏ ထိပ်မှနေ၍ အောက်သို့ ပြေးဆင်းလာပြီး တိုက်ခိုက်တော့သည်။

လုကျိုး မော့ကြည့်လိုက်ပြီး ထိုတိုက်ခိုက်မှုကို သာမန်လက်ချည်းသက်သက်ဖြင့်ပင် ခုခံလိုက်၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ရေများမှာ ကောင်းကင်ယံသို့ ပန်းထွက်သွားပြီးနောက် ရေမြားများအဖြစ် အရပ်မျက်နှာအသီးသီးသို့ လွင့်စဉ်သွားတော့သည်။ လုကျိုးမှာမူ အမူအရာမပျက်ဘဲ ပေါ့ပေါ့ပါးပါးပင် ပိုးစာမင်းသမီး၏ တိုက်ခိုက်မှုများကို ခြေဖျက်ပစ်လိုက်တော့၏။

တိုက်ကွက်ပေါင်း ၁၀၀ ခန့် အပြီးတွင် ပိုးစာမင်းသမီးသည် နောက်ဆုံး၌ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်တော့သည်။ သူမသည် လုကျိုးကို အံ့ဩတကြီး ကြည့်ကာ အော်ဟစ်လိုက်၏။

“ရှင်လား”

လုကျိုးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“နှစ်ပေါင်း ၁၀၀ တောင် ကြာခဲ့ပြီကို... မင်းက ရေခဲတိုင် အရံအတားထဲမှာ ပုန်းနေတုန်းပဲလား”

“နှစ်ပေါင်း ၁၀၀ တောင် ကြာသွားတာကို... ရှင့်ရဲ့ ကျင့်ကြံမှုက ဒီလောက်တောင် တိုးတက်လာခဲ့တာလား”

“လူတွေဆိုတာ အမြဲတမ်း တိုးတက်နေကြစမြဲပဲလေ” လုကျိုးက ပြန်လည်ဖြေကြားလိုက်၏။

“ရှင်က တိုင်လုံးကို ဖျက်ဆီးခဲ့တဲ့သူလေ။ ကျွန်မက သတိထားနေရမှာပေါ့” ပိုးစာမင်းသမီးက ပြောလိုက်သည်။

“ကောင်းကင်ကြီး ပြိုကျမလာအောင် တားဆီးဖို့လား” လုကျိုးသည် ခမ်းနားထည်ဝါလှသော ရေခဲတိုင် အရံအတားကြီးကို မော့ကြည့်လိုက်၏။ သူမသည် ကောင်းကင်ကြီးကို ပင့်မထားရန်နှင့် ပြိုကျမလာစေရန် တားဆီးဖို့အတွက် ဤမျှမြင့်မားလှသော ရေခဲတိုင် အရံအတားကြီးကို ဖန်တီးထားခဲ့ခြင်း ဖြစ်ပေသည်။ ဤနည်းလမ်းက အလုပ်ဖြစ်မဖြစ်ကို မည်သူကမျှ မသိနိုင်သော်လည်း သူမ၏ နည်းလမ်းကြောင့် သူ အတော်လေး ဆွံ့အသွားရရှာသည်။

“ရှင် ဘာဖြစ်လို့ ဒီကို ထပ်ရောက်လာရပြန်တာလဲ။ ဒီမှာ ရှင်နဲ့ ပတ်သက်တာ ဘာမှ မရှိဘူးလေ” ပိုးစာမင်းသမီးက မေးမြန်းလိုက်၏။

လုကျိုးက ပြတ်ပြတ်သားသားပင် မေးလိုက်သည်။

“ကြက်သွေးရောင်ဧကရာဇ် ဘယ်မှာလဲ”

ပိုးစာမင်းသမီးသည် 'ကြက်သွေးရောင်ဧကရာဇ်' ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်မှောင်ကျုံ့သွားပြီး ဒေါသတကြီး ပြောလိုက်၏။

“သူ့အကြောင်းကို ကျွန်မရှေ့မှာ လာမပြောနဲ့”

“သူ ဘယ်မှာလဲ” လုကျိုးက ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“သူ့အကြောင်းကို လာမပြောနဲ့လို့ ကျွန်မ ပြောနေတယ်လေ” ပိုးစာမင်းသမီးသည် ပို၍ပင် ဒေါသထွက်လာတော့သည်။

“မင်း သူ့ကို အဲဒီလောက်တောင် မုန်းနေတာလား”

“ကျွန်မ သူ့ကို မုန်းတယ်”

“သိပ်ကောင်းတယ်။ ငါ သူ့ကို သွားပြီး ပြဿနာ ရှာမလို့” လုကျိုးက ပြောလိုက်၏။

ယင်းကို ကြားရသောအခါ ပိုးစာမင်းသမီးသည် ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့သွားတော့သည်။

“ရှင်က သူ့ကို သွားပြီး ပြဿနာ ရှာမလို့ ဟုတ်လား”

လုကျိုးက ခေါင်းညိတ်ပြလိုက်၏။

ပိုးစာမင်းသမီးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်... လှည့်စားရလွယ်သော ကောင်မလေးတစ်ဦးကဲ့သို့ အမူအရာဖြင့် ပြောလိုက်၏။

“ဒါဆိုရင် ရှင် သူ့ကို မြန်မြန် သွားရှာသင့်တယ်။ သူက တောင်ပိုင်း မီးလျှံပင်လယ်မှာ ရှိတယ်”

“တောင်ပိုင်း မီးလျှံပင်လယ် လား”

“မိုးပြာဧကရာဇ် အဘိုးဝေ့ယန်က ပြောတယ်... အဲဒီလူက နောက်ရက်အနည်းငယ်နေရင် မဟာလေဟာနယ်ကို ထွက်သွားလောက်တယ်တဲ့။ ရှင် မြန်မြန် သွားရလိမ့်မယ်” ပိုးစာမင်းသမီးက ပြောပြလိုက်တော့သည်။

…

All Chapters