← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 101 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 101 Ch. 1003-1004

အခန်း (၁၀၀၃) လူမှုရေးအရ အရှက်ကွဲရသော နေရာ

ရွှေရောင်အလင်းတန်းများ ဝန်းရံလျက်ရှိသော ရှန်းချန်ကျွင်းသည် ရတနာပုတီးစေ့ကို မျိုချလိုက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ဒီရေအလား တိုးပွားလာပြီး အရှိန်အဟုန်မှာလည်း အဆမတန် ကြီးမားထောက်ပံ့လာတော့သည်။

ထိုအချိန်တွင် စစ်ချင်းဝမ်သည် နောက်သို့ ဆုတ်ခွာသွားပြီး ဖြစ်သလို ထိုသူနှစ်ဦး၏ စကားပြောသံကိုလည်း သေချာစွာ ကြားလိုက်ရလေသည်။

ရှန်းချန်ကျွင်းမှာမူ ဒေါသအလွန်အမင်း ထွက်ရလွန်းသဖြင့် ရယ်ပင်ရယ်မိတော့သည်။

"ငါ့ကို မင်းတို့က ဘယ်လိုလူအောက်မေ့နေလဲ "

ဤလူနှစ်ယောက်၏ စကားပြောဆိုပုံမှာ ကလေးကစားစရာကဲ့သို့ အလွန်ပေါ့ပျက်လွန်းလှပြီး သူ့ကို လုံးဝမျက်စိထဲ ထည့်မထားသည့်သဘောပင် ဖြစ်သည်။

သူ၏ရှေ့မှောက်တွင် တောက်လောင်နေသော မီးဖိုတစ်ခု ပေါ်ထွက်လာပြီး ထိုမီးဖို၏ ပုံသဏ္ဌာန်မှာ ရှေးဟောင်းဆန်လှကာ ၎င်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တာအိုစစ်မှန်မီးလျှံများ သိုအောင်းလျက်ရှိသည်။

ထိုမီးဖို ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ဘေးတွင် ဝန်းရံထားသော ကြယ်တာရာဓားအရှိန်အဟုန်များမှာ တစ်စစီ ပျက်စီးပျောက်ကွယ်သွားရတော့သည်။

ရှန်ထူမင်ယုက ဘေးမှနေ၍ ဝင်ပြောလေသည်။

"ဒါက ကျွန်တော့်ရဲ့ စီနီယာအစ်ကို ကျင့်ကြံထားတဲ့ နတ်မင်းအာဏာစွမ်းရည်ပဲ၊ တာအိုဆရာ... ဘယ်လိုမှ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။"

သူက ထိုသို့ပြောပြီးနောက် စိတ်ထဲတွင်မူ 'ခဏနေရင် ဒီနှစ်ယောက် တိုက်ကြခိုက်ကြတဲ့အခါ ငါချက်ချင်းပဲ လွတ်မြောက်ဖို့ နည်းလမ်းရှာပြီး ဒီလူသတ်နတ်ဆိုးနဲ့ အရင်ဝေးရာကို ပုန်းရမယ်' ဟု ကြံစည်နေခဲ့သည်။

လီယန်ချူက သူ့ကို တစ်ချက်လှည့်ကြည့်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

"ကောင်းပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးပဲ။"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူက လက်ညှိုးကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ နတ်ဘုရား သင်္ကေတအစီရင်များစွာသည် ရှန်ထူမင်ယု၏ ဘေးပတ်ပတ်လည်ကို လွှမ်းခြုံသွားတော့သည်။

ရှန်ထူမင်ယုအနေဖြင့်လည်း ဤတာအိုဆရာလူငယ်သည် စကားပြောဆိုရင်းနှင့် ရုတ်တရက် လက်ဦးမှုရယူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ခုနက တိုက်ခိုက်ခဲ့သည့် အချိန်မှာ တိုတောင်းလှသော်လည်း လီယန်ချူ၏ တစ်ကွက်တည်းနှင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် သူ၏စိတ်ထဲတွင် သတ္တိများ တစ်ဝက်ခန့် လျော့နည်းနေခဲ့ပြီ ဖြစ်သည်။

ယခုအခါ နတ်ဘုရား မန္တန်အစီရင်များ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို မြင်သောအခါ ရှန်ထူမင်ယု စိတ်ထဲတွင် ထိတ်လန့်သွားပြီး ရုန်းထွက်ရန် ပြင်ဆင်လိုက်သော်လည်း၊

လီယန်ချူ၏ လက်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး ရှန်ထူမင်ယုကို မြဲမြံစွာ တုပ်နှောင်လိုက်လေသည်။

၎င်းကား နတ်ဘုရားချည်ကြိုးပင် တည်း။

ရှန်ထူမင်ယုသည် တစ်ခဏချင်းအတွင်း ရုန်းမရအောင် ချည်နှောင်ခြင်းခံလိုက်ရပြီး နတ်ဘုရား မန္တန်များ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ တောင် နဲ့ မြစ် ထာဝရ တည်ငြိမ်ခြင်း လျှို့ဝှက်ချက်ပညာရပ်ကြောင့်၊

သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ လုံးဝဥဿုံ ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။

လီယန်ချူက စစ်ချင်းဝမ်ကို ကြည့်ကာ ပြောလိုက်သည်။

"သူ့ကို သေချာစောင့်ကြည့်ထားပါ၊ တကယ်လို့ တစ်ခုခု လှုပ်ရှားဖို့ ကြံစည်ရင် သတ်ပစ်လိုက်။"

စစ်ချင်းဝမ်က တည်ငြိမ်စွာ ပြန်ပြော၏။

"ကောင်းပါပြီ။"

ရှန်ထူမင်ယု : "………………"

ထို့နောက်တွင်မူ လီယန်ချူသည် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။

ခြေလှမ်းတစ်လှမ်းမျှ လှမ်းရုံဖြင့်ပင် လောကဓာတ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဟုန်ကို ခံစားလိုက်ရသည်။

ဝုန်း

ကြီးမားလှသော သွေးချင်းအရှိန်အဟုန်ကြီးမှာ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားပြီး သွေးနှင့် စွမ်းအင်တို့မှာ သမုဒ္ဒရာကြီးအလား ပွက်ပွက်ထသကဲ့သို့ ဖြစ်ပေါ်လာကာ၊ သူ၏တစ်ကိုယ်လုံးတွင် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဝန်းရံလျက်ရှိရာ နတ်ဘုံနတ်နန်းမှ မြင့်မြတ်သော နတ်မင်းတစ်ပါးအလား ထင်မှတ်ရပေသည်။

ရှန်ထူမင်ယုက ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာ 'သူက ငါ့ကို မသတ်သေးဘူးဆိုတော့ ဒီကိစ္စက ဆွေးနွေးလို့ ရနိုင်သေးတာပဲ' ဟု တွေးလိုက်သည်။

လီယန်ချူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီးနောက် ထိုရှေးဟောင်းမီးဖိုကြီးပေါ်သို့ လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်လေသည်။

ဒိန်း

မီးဖိုကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှာ ကောင်းကင်ထက်တွင် ကြီးမားသော လေလှိုင်းလုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းကာ ရော်ဖူတောင်၏ ကောင်းကင်ယံတစ်ခုလုံးသို့ ခဏချင်းအတွင်း ပျံ့နှံ့သွားတော့သည်။

လက်ဝါးတစ်ကွက်တည်းဖြင့်ပင် ရှန်းချန်ကျွင်း၏ နတ်မင်းအာဏာစွမ်းရည်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။

ရှန်းချန်ကျွင်းမှာ ရင်ဘတ်ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထိုတာအိုဆရာလူငယ်ကို အံ့ဩတကြီး ကြည့်နေမိသည်။

သူသည် လက်နှစ်ဖက်ဖြင့် အစီရင်တံဆိပ်ကို ဖန်တီးလိုက်ရာ ပုံသဏ္ဌာန်မရှိသော ပိုက်ကွန်ကြီးတစ်ခုမှာ သူ၏ရှေ့မှောက်တွင် ကာဆီးပေါ်ထွက်လာသည်။

ထိုပိုက်ကွန်ကြီးမှာ ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းလုမတတ် ကြီးမားလှပြီး ပြာလဲ့လဲ့အရောင် ရှိကာ အလွန်တရာ ခိုင်မာလွန်းလှသဖြင့် မည်သည့်နေရာသို့မျှ ထွက်ပြေး၍ မလွတ်နိုင်တော့ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေပြီး၊

တစ်ခဏချင်းအတွင်းမှာပင် လီယန်ချူ၏ထံသို့ အုပ်မိုးကျရောက်သွားတော့သည်။

ရှန်ထူမင်ယုက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် အံ့ဩခြင်းကို မအောင့်နိုင်ဘဲ 'စီနီယာအစ်ကိုရဲ့ ဒီနတ်မင်းအာဏာစွမ်းရည်က အထွတ်အထိပ်ကို ရောက်နေပြီပဲ၊ ငါ့ထက် အများကြီး သာလွန်တယ်' ဟု တွေးကာ တုန်လှုပ်နေမိသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ လီယန်ချူသည် လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ရာ ထိုပိုက်ကွန်ကြီးမှာ တိုက်ရိုက်ပင် ပြဲထွက်သွားခဲ့ရပြီး၊

ထို့နောက်တွင်မူ လက်သီးတစ်ချက်သည် ရှန်းချန်ကျွင်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဝုန်းခနဲ ရိုက်ခတ်သွားတော့သည်။

ရှန်းချန်ကျွင်းသည် ထိုလက်သီးချက်မှ ပါရှိလာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ခံစားလိုက်ရသဖြင့်၊

လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ မိုးတိမ်လက်ဝါးကဲ့သို့ ခုခံရန် ပြင်ဆင်လိုက်သည်။

ရတနာပုတီးစေ့ကို မျိုချပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ဒီရေအလား တိုးပွားနေပြီး ထိုနတ်ဘုရား၏ စွမ်းအားနှင့်လည်း ပေါင်းစပ်ထားပြီး ဖြစ်သည်။

သို့သော်လည်း လီယန်ချူ၏ စွမ်းအားက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် သူ၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။

ရှန်းချန်ကျွင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာ လုံးဝဥဿုံ ကွဲကြေပျက်စီးသွားပြီး ရင်ဘတ်ဆီမှ ကရွတ် ဟူသော အရိုးကျိုးသံနှင့်အတူ သွေးတစ်လုပ်ကို ပြင်းထန်စွာ အော့အန်လိုက်ရတော့သည်။

'ဒါ... ဒါ ဘယ်က ရောက်လာတဲ့ ကျွမ်းကျင်သူလဲ'

ရိုးရိုးလေး ဆုံတွေ့တိုက်ခိုက်ရုံမျှဖြင့်ပင် ရှန်းချန်ကျွင်းသည် မိမိကိုယ်တိုင် မယှဉ်နိုင်ကြောင်း သိရှိသွားသဖြင့် တိုက်ရိုက်ပင် ထွက်ပြေးတိမ်းရှောင်ရန် ကြံစည်လိုက်တော့သည်။

ရော်ဖူတောင်၏ လျှို့ဝှက်နယ်မြေမှာ ကြီးသည်ဟုဆိုလျှင်လည်း မကြီးလှသလို၊ သေးသည်ဟုဆိုလျှင်လည်း မသေးလှပေ၊ ယခုအချိန်တွင် ဤတာအိုဆရာလူငယ်နှင့် အနီးကပ် ကိုယ်ထိလက်ရောက် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

"ငါ့အတွက် ချန်ထားခဲ့စမ်း"

လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံအလား ထွက်ပေါ်လာပြီး လက်ကို ဆန့်ထုတ်ကာ ရှန်းချန်ကျွင်း၏ ရင်ဘတ်ကို လှမ်းဖမ်းလိုက်သည်။

အတိုင်းအဆမဲ့သော သွေးချင်းအရှိန်အဟုန်မှာ ရှန်းချန်ကျွင်း၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခဏချင်း စီးဝင်သွားပြီး ရှန်းချန်ကျွင်း၏ အတွင်းပိုင်းတစ်ခုလုံး ပူပြင်းတောက်လောင်လာကာ စွမ်းအင်စီးဆင်းမှုများမှာလည်း ဤသွေးချင်းအရှိန်အဟုန်ကြောင့် ကမောက်ကမ ဖြစ်သွားရတော့သည်။

လီယန်ချူ၏ လက်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တောင်နဲ့ မြစ် ထာဝရ တည်ငြိမ်ခြင်း လျှို့ဝှက်ချက်ပညာရပ်ဖြင့် ရှန်းချန်ကျွင်းကို တိုက်ရိုက် ချုပ်နှောင်လိုက်ကာ၊

လက်တွင် ဆွဲကိုင်လျက် ဘိုးဘေးကျောင်းဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တည်ငြိမ်လှသော စစ်ချင်းဝမ်ပင်လျှင် ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားရသည်။

တိုက်ပွဲအတွင်း၌ လီယန်ချူသည် မည်သည့်ရတနာလက်နက်ကိုမျှ အသုံးမပြုခဲ့ဘဲ ရိုးရှင်းသော ကွက်ကွက်အနည်းငယ်ဖြင့်ပင် ဤလျှို့ဝှက်ဆန်းကြယ်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

'သူက ပြီးခဲ့တဲ့အကြိမ်ထက် အများကြီး ပိုပြီး သန်မာလာတာပဲ။'

စစ်ချင်းဝမ်၏ ဆောင်းဦးရေပြင်ပမာ ကြည်လင်လှသော မျက်ဝန်းအစုံတွင် အံ့ဩရိပ်များ ထွက်ပေါ်လာပြီး၊

ရှန်ထူမင်ယုမှာမူ ပို၍ပင် လန့်ဖျပ်ကာ စကားပင် မဟရဲတော့ပေ။

'ခုနက စီနီယာအစ်ကို အစွမ်းကုန် ထုတ်သုံးတာတောင်မှ အဲဒီတာအိုဆရာလူငယ်က လွယ်လွယ်ကူကူပဲ ရင်ဆိုင်သွားနိုင်တုန်းပဲ၊ သူက တကယ်တော့ ဘယ်လိုလူလဲ'

'ဒါမှမဟုတ် မြေပြင်နတ်ဘုရား တစ်ပါးလား'

ယခုအချိန်တွင် ရှန်ထူမင်ယု၏ မျက်နှာမှာ ပြာနှမ်းခြောက်သွေ့နေခဲ့ပြီ ဖြစ်သည်။

ရှန်းချန်ကျွင်းသည် လီယန်ချူ၏ တစ်ကွက်တည်းဖြင့် ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပျက်ပြယ်သွားကာ မူရင်းရုပ်သွင် ပေါ်ထွက်လာခဲ့သည်။

သူသည် သန့်ရှင်းစင်ကြယ်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် လျှော်တေအင်္ကျီကို ဝတ်ဆင်ထားကာ လောကီလွန်ကဲသော အရှိန်အဝါ ရှိလေသည်။

၎င်းမှာ ခုနက ရွှေရောင်အလင်းတန်းထဲတွင် ရှိစဉ် စစ်ချင်းဝမ်ကို စကားနာထိုး စနောက်ခဲ့သည့် ပုံစံနှင့် လုံးဝဥဿုံ ကွဲပြားခြားနားသော ရုပ်သွင်ပင် ဖြစ်၏။

လီယန်ချူသည် မျက်ဝန်းအစုံတွင် နတ်ဘုရားအလင်းတန်းများ တောက်ပစေကာ ဝိညာဥ်မျက်စိပညာရပ် ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။

ရလဒ်မှာမူ ရှန်ထူမင်ယုကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် မကောင်းသော သွေးညှီအရှိန်အဟုန်များ သော်လည်းကောင်း၊ နာကျည်းနေသော ဝိညာဉ်များ ဝန်းရံနေခြင်း သော်လည်းကောင်း မရှိဘဲ၊

ဆန့်ကျင်ဘက်အနေဖြင့် ကုသိုလ်ကံအလင်းတန်းများ မှိန်ပြပြ ထွက်ပေါ်နေပြီး ကံကောင်းခြင်းနိမိတ်များ ထူထပ်နေသည်ကို တွေ့ရှိရသည်။

ရှန်းချန်ကျွင်းသည် မိမိ၏စွမ်းအားများ ပိတ်ဆို့ခံထားရရုံမက ရင်ဘတ်ရှိ နံရိုးနှစ်ချောင်းပါ ကျိုးသွားသဖြင့် နာကျင်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူလျော်နေခဲ့သည်။

ထိုအချိန်တွင် ခေါင်းမော့ကြည့်လိုက်ရာ တုပ်နှောင်ခံထားရသော ရှန်ထူမင်ယုကို မြင်သဖြင့် ဒေါသကို မအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့သည်။

"ငလူးမ သစ္စာဖောက်ကောင်"

ရှန်ထူမင်ယု၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး တိတ်ဆိတ်စွာ ခေါင်းငုံ့ထားလိုက်သည်။

ဤအခြေအနေက အနည်းငယ်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စီနီယာအစ်ကိုပါ ဖမ်းဆီးခံလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ရှန်ထူမင်ယုသည် လီယန်ချူကို တိတ်တဆိတ် တစ်ချက်ကြည့်ကာ စိတ်ထဲမှ 'ဟူး... သူ့ကိုပါ ရိုက်သတ်လိုက်ရင် ကောင်းမှာပဲ' ဟု တွေးနေမိသည်။

သို့သော်လည်း ရှန်းချန်ကျွင်းက အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းနေသဖြင့် ရှန်ထူမင်ယုလည်း သည်းမခံနိုင်တော့ဘဲ

"ခင်ဗျားက ဘာ‌ကောင်လဲ" ဟု ပြန်ပြောလိုက်သည်။

ရှန်းချန်ကျွင်း : "………………"

ကောင်းလိုက်လေစွ၊ သူသည် ယခင်က ဤစီနီယာညီငယ်၏ မျက်နှာပြောင်တိုက်နိုင်မှုကို အထင်သေးခဲ့မိသည်။

ဤစီနီယာညီအစ်ကို နှစ်ဦးကြားတွင် အထင်လွဲမှားမှုများ အလွန်နက်ရှိုင်းလှသဖြင့် ယခုအခါတွင်မူ တဖြည်းဖြည်းချင်း အချင်းချင်း ရန်စကားပြောဆိုမည့် အလားအလာသို့ ဦးတည်လာနေသည်။

လီယန်ချူကမူ ၎င်းကို ဂရုမစိုက်ဘဲ ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်ရာ မှန်အတွင်းမှ ထွက်ပေါ်လာသော ရလဒ်မှာလည်း သူ၏ ဝိညာဥ်မျက်စိဖြင့် ကြည့်ရှုခဲ့သည်နှင့် ထပ်တူညီနေခဲ့သည်။

ထိုသူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် နာကျည်းနေသော ဝိညာဉ်များ မရှိသလို မကောင်းသော သွေးညှီအရှိန်အဟုန်များလည်း မရှိပေ။

"မိစ္ဆာကျင့်ကြံသူတွေ မဟုတ်ဘူးပေါ့"

လီယန်ချူက မျက်ခုံးပင့်လိုက်သည်။

သူသည် ရှန်းချန်ကျွင်း၏ ခန္ဓာကိုယ်ပေါ်မှ အရိုးပြားတစ်ခုကို ရှာဖွေတွေ့ရှိသဖြင့် နှိုက်ယူလိုက်သည်။

ထို့နောက် ၎င်းကို နှိုးဆွကာ စွမ်းအားများ ထည့်သွင်းလိုက်ရာ အရိုးပြားပေါ်မှ လွန်စွာ ယုတ်မာညစ်ထေးသော အရှိန်အဟုန်များ ထွက်ပေါ်လာပြီး အရိုးထဲအထိ အေးစိမ့်သွားစေသည်။

စစ်ချင်းဝမ်က ချက်ချင်းပင် ပြောလာ၏။

"ဒီအရှိန်အဟုန်ပဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါခံစားမိခဲ့တာ ဒီအရှိန်အဟုန်ပဲ။"

လီယန်ချူက မျက်ခုံးပင့်ကာ ရှန်းချန်ကျွင်းဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။

"ဒါက ဘာဖြစ်တာလဲ။"

ရှန်းချန်ကျွင်း၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး အေးစက်စွာ ဆို၏။

"သတ်ချင်ရင်လည်း သတ်လိုက်၊ ဒီကျောင်းတော်သားကြီးက မျက်မှောင်တစ်ချက်တောင် ကြုတ်မှာ မဟုတ်ဘူး။"

ဤကောင်ကမူ အလွန်တရာ မာကျောလှပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဘေးနားရှိ ရှန်ထူမင်ယု၏ သိက္ခာမရှိမှုကို ပို၍ ပေါ်လွင်စေသည်။

လီယန်ချူက တည်ငြိမ်စွာ ဆိုလိုက်သည်။

"ရော်ဖူတောင်ရဲ့ ဂိုဏ်းတံခါးကို အကြိမ်ကြိမ် ချိုးဖျက်ဝင်ရောက်ပြီး ဂိုဏ်းချုပ်စစ်ချင်းဝမ်ကို ကျင့်ကြံဖော် အဖြစ် လုယူဖို့ ကြံစည်ခဲ့တယ်၊ အခုကျတော့ လူစွမ်းကောင်းကြီးလို ဟန်ဆောင်နေပြန်ပြီ၊ လှည့်ပတ်ကြည့်ရင်တော့ မိစ္ဆာလမ်းစဉ်က စုန်းကဝေတစ်ကောင်ထက် မပိုပါဘူး။"

ရှန်းချန်ကျွင်းသည် ယခုအခါ သူ၏ခန္ဓာကိုယ်မျက်နှာပြင်မှ ရွှေရောင်အလင်းတန်းများကို ဖယ်ရှားထားပြီး ဖြစ်ရာ လီယန်ချူ၏ စကားကို ကြားသောအခါ မျက်နှာအမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားပြီး စစ်ချင်းဝမ်ဘက်သို့ မကြည့်ရဲတော့ပေ။

ခုနက တည်ကြည်လေးနက်လှသော အရှိန်အဟုန်မှာလည်း အနည်းငယ် လျော့ပါးသွားခဲ့ရသည်။

လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်၊ ဤကောင်က ဘာဖြစ်နေတာလဲ။

တစ်ခဏချင်းအတွင်းမှာပင် သူသည် တစ်ဖက်လူ၏ စိတ်အခြေအနေ လှုပ်ခတ်သွားမှုကို ခံစားလိုက်ရသည်။

ဤမျှ သိက္ခာကို ငဲ့ကွက်တတ်နေမှတော့... လီယန်ချူက ခဏမျှ စဉ်းစားပြီးနောက် စစ်ချင်းဝမ်ကို ပြောလိုက်သည်။

"ဒီလူက ပြစ်မှုအလွန်ကြီးမားတယ်၊ ပြီးတော့ မင်းရဲ့ ဆရာဖြစ်သူ ရှန်းချန်ချိုးနဲ့လည်း ညီအစ်ကိုတွေ တော်စပ်နေတာဆိုတော့ မင်းရဲ့ အသက်ကြီးတဲ့ လူကြီးသူမပေါ့၊ ဒါပေမဲ့ မင်းအပေါ်ကို ယုတ်မာတဲ့ စိတ်ကူးတွေ ရှိခဲ့တယ်၊ ငါသူ့ရဲ့ အကြောင်းတွေကို အပြင်မှာ သတင်းလွှင့်လိုက်မယ်၊ ကျင့်ကြံခြင်းလောကကလူတွေ ဒီလူ့ရဲ့ မျက်နှာပြောင်တိုက်မှုကို ကောင်းကောင်းကြီး မြင်ဖူးသွားအောင်လို့ပေါ့"

ရှန်းချန်ကျွင်း : "……………………"

တစ်ခဏချင်းအတွင်းမှာပင် ကျောက်ရုပ်ပမာ တောင့်ခဲသွားရတော့သည်။

စစ်ချင်းဝမ်ကလည်း အနည်းငယ် ရွံရှာသော လေသံဖြင့် ဆို၏။

"မှန်တယ်၊ လုံးဝကို တန်ခိုးရှင်တစ်ယောက်ရဲ့ အရှိန်အဝါမျိုး မရှိဘူး၊ အပြင်ကို သတင်းလွှင့်ပြီး လောကက ကျင့်ကြံသူတွေ သတိထားစရာအဖြစ် လုပ်သင့်တယ်။"

ရှန်းချန်ကျွင်းက လေးနက်သော လေသံဖြင့် အော်လိုက်သည်။

"မင်းတို့ တော်လောက်ပြီ"

"သတ်ချင်ရင်လည်း သတ်လိုက်၊ ငါ့ကို မြန်မြန်ဆန်ဆန်ပဲ အဆုံးစီရင်ပေး "

လီယန်ချူက တည်ငြိမ်စွာ မေး၏။

"ဘာဖြစ်လို့ ဂိုဏ်းတံခါးကို ချိုးဖျက်ဝင်ရောက်တာလဲ။ ဘာဖြစ်လို့ ရော်ဖူတောင်ရဲ့ ဦးလေး ကျိုးရွှမ်ကို လာရှာတာလဲ။"

ရှန်းချန်ကျွင်းက နှာမှုတ်လိုက်ပြီး ဂရုမစိုက်ဟန် ပြုနေသည်။

ရှန်ထူမင်ယုက ကြားဖြတ်ပြောလာသည်။

"စီနီယာအစ်ကို၊ ခင်ဗျားလည်း ပြောလိုက်ပါတော့၊ တာအိုဆရာလီက နတ်ဘုရားလို လူမျိုးပါ၊ တကယ်လို့ ထူးထူးခြားခြား ဆိုးရွားတဲ့ အခြေအနေမျိုး မရှိရင် ခင်ဗျားနဲ့ကျွန်တော့်ကို လွှတ်ပေးမှာပါ"

"ခင်ဗျား အမှန်အတိုင်း ပြောလိုက်ရင် ကျွန်တော်တို့အားလုံး အဆင်ပြေသွားမှာပဲ။"

လီယန်ချူက တည်ငြိမ်သော မျက်နှာထားဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်မိသည်၊ ဤစီနီယာညီငယ်လေးက စကား တကယ်များလှသည်။

ရှန်းချန်ကျွင်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ

"ပါးစပ်ပိတ်ထား၊ ငါ့မှာ မင်းလို စီနီယာညီ မရှိဘူး အသုံးမကျတဲ့ကောင်၊ မင်း အဲဒီတုန်းက ငါ့ကို ဘယ်လို ကတိပေးခဲ့လဲ "

သူသည် ယခင်က ရှန်ထူမင်ယုကို အကူအညီတောင်းရန် သွားခဲ့စဉ်က ရှန်ထူမင်ယုသည် တောင်းဆိုချက်များစွာ ပြုလုပ်ခဲ့သော်လည်း၊

ဝင်လာသည်နှင့်တစ်ပြိုင်နက် ဖမ်းဆီးခြင်းခံလိုက်ရရုံမက၊ အဆိုးရွားဆုံးမှာ တိုက်ရိုက်ပင် သစ္စာဖောက်သွားခြင်း ဖြစ်သည်။

ရှန်ထူမင်ယုက ဆင်ခြေပေးလေသည်။

"ကျွန်တော် တာအိုဆရာလီကို မြင်တာနဲ့တင် စိတ်ထဲမှာ နောင်တရသွားလို့ပါ၊ ခင်ဗျားလည်း ကိစ္စတွေကို မြန်မြန် ရှင်းပြလိုက်ပါ၊ အမှန်အတိုင်း ဝန်ခံရင် သက်ညှာလိမ့်မယ်၊ ကျွန်တော့်ကိုပါ ဆွဲမထည့်ပါနဲ့။"

နောက်ဆုံးစာကြောင်းကျမှသာ ရှန်ထူမင်ယု၏ စိတ်ရင်းအမှန် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှန်းချန်ကျွင်းက ဆဲဆိုလေသည်။

"ရွှံ့နွံလိုပဲ ပုံသွင်းလို့ မရတဲ့ကောင် "

ရှန်ထူမင်ယုက သက်ပြင်းချသည်။

"ခေါင်းမာတဲ့ကောင်"

တကယ်လို့ သာမန်အချိန်ဆိုလျှင် သူသည် ရှန်းချန်ကျွင်းနှင့် စကားနိုင်လုနေခဲ့ပြီ ဖြစ်သော်လည်း၊ ဤကိစ္စသည် တကယ်ပင် သိက္ခာမရှိလှသဖြင့် သူပြန်မပြောဘဲ အရှိန်အဟုန်ပိုင်းတွင် အားနည်းနေခဲ့သည်။

လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။

သို့သော် ထိုအချိန်တွင် ကျောင်းဆောင်ကြီးအတွင်းမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ရှန်းအိုကြီး... မင်း မသေသေးဘူးပဲ "

လူတိုင်း ချက်ချင်း လှည့်ကြည့်လိုက်ကြရာ၊ ဆံပင်များ ဖရိုဖရဲဖြစ်ပြီး မုတ်ဆိတ်မွေး ဗရဗြဲနှင့် ဖြစ်နေသော ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်သည် မတ်တတ်ရပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူသည် ရှန်းချန်ကျွင်းကို ကြည့်နေသော မျက်ဝန်းများတွင် ဝမ်းသာရိပ်များ ထွက်ပေါ်နေခဲ့သည်။

'သူတို့နှစ်ယောက်က သိနေကြတာပဲ...' လီယန်ချူနှင့် စစ်ချင်းဝမ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

စစ်ချင်းဝမ်သည် ဦးလေး နိုးလာသည်ကို မြင်သောအခါ မျက်ဝန်းတွင် ဝမ်းသာရိပ်များ ထွက်ပေါ်လာပြီး အလျင်အမြန် ရှေ့သို့ တိုးသွားခဲ့သည်။

"ဦးလေး... နိုးလာပြီပဲ"

ကျိုးရွှမ်၏ အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေ၏။

"ငါက ငါ့ရဲ့စိတ်ဝိညာဉ်ကို ပိတ်ဆို့ထားခဲ့တာ၊ ခုနက ဘာဖြစ်လို့လဲမသိဘူး၊ စွမ်းအားတစ်ခုရဲ့ တုန်ခါမှုကြောင့် နိုးလာခဲ့ရတယ်၊ ပြီးတော့ ခန္ဓာကိုယ်ထဲက အဲဒီညစ်ညမ်းမှုတွေလည်း မှိန်ပြပြ ဖိနှိပ်ခံထားရသလိုပဲ။"

စစ်ချင်းဝမ် တစ်ခဏမျှ ကြောင်အသွားရသည်၊ သို့ဆိုလျှင် ခုနက လီယန်ချူ လက်ဦးမှုရယူစဉ်က သွေးချီအရှိန်အဟုန်က ပြင်းထန်လွန်းပြီး အသံမှာလည်း ထိတ်လန့်ဖွယ်ကောင်းသောကြောင့် ဦးလေး နိုးလာခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

လီယန်ချူက မေးလိုက်သည်။

"မင်းတို့က သိကြတာလား။"

ကျိုးရွှမ်က ပြောပြလေသည်။

"မှန်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လောကအနှံ့ လှည့်လည်သွားလာခဲ့စဉ်က ရှန်းအိုကြီးက ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေစစ်ပဲ။"

လီယန်ချူက မျက်ခုံးပင့်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆို၏။

"ဒီရက်ပိုင်းအတွင်း သူက ရော်ဖူတောင်ထဲကို အကြိမ်ကြိမ် ခိုးဝင်ပြီး မင်းကို ခိုးထုတ်ဖို့ ကြံစည်ခဲ့တယ်၊ ခုနကဆိုရင် စစ်ချင်းဝမ်ကိုပါ တိုက်ခိုက်ပြီး ကျင့်ကြံဖော်အဖြစ် ဖမ်းဆီးဖို့ လုပ်ခဲ့သေးတယ်၊ ဒီကိစ္စကို မင်းသိလား။"

ကျိုးရွှမ်၏ မျက်နှာတွင် အံ့ဩရိပ်များ ထွက်ပေါ်လာသည်။

"ငါ့ကို ခိုးထုတ်ဖို့၊ ပြီးတော့ ချင်းဝမ်ကိုပါ ကျင့်ကြံဖော်အဖြစ် ဖမ်းဆီးဖို့ ဟုတ်လား"

သူက ရှန်းချန်ကျွင်းကို သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ

"………………"

ရှန်းချန်ကျွင်းမှာမူ လူမှုရေးအရ အသက်ပျောက်သလို အရှက်ကွဲသွားရရှာသည်။

မိတ်ဆွေဟောင်း၏ သံသယဖြစ်ဖွယ် အကြည့်များကို ရင်ဆိုင်ရချိန်တွင် သူသည် ယခုအခါ မြေကြီးထဲသို့သာ တိုးဝင် ပုန်းလျှိုးလိုက်ချင်တော့သည်။

"အဟွတ် အဟွတ်... အဲလို မဟုတ်ပါဘူး။"

လီယန်ချူက ချက်ချင်းပင် ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။

"လျှောက်မပြောနဲ့၊ ခုနကတင် မင်း စစ်ချင်းဝမ်ကို ဖမ်းဆီးမယ်လို့ အထင်အရှား ပြောခဲ့တာပဲ။"

စစ်ချင်းဝမ်ကလည်း ခေါင်းညိတ်ပြ၏။

"တကယ်ပဲ အဲလို ပြောခဲ့တာပါ။"

ရှန်ထူမင်ယုက ဘေးမှနေ၍ ဖြည့်စွက်ပြောဆိုလေသည်။

"မှန်တယ်၊ အသက်ကြီးနေတာတောင် လူကို ကျင့်ကြံဖော်အဖြစ် ဖမ်းဆီးဖို့ လုပ်နေသေးတယ်၊ တောက် ကျွန်တော် သူ့လိုလူနဲ့ တစ်အုပ်စုတည်း ဖြစ်နေရတာကိုတင် တကယ်ရှက်တယ် "

ရှန်းချန်ကျွင်း : "………………"

ကျိုးရွှမ်သည် ယခုအခါ မျက်လုံးများ လုံးဝကြည်လင်နေပြီဖြစ်ရာ ရှန်းချန်ကျွင်းကို ကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။

"ရှန်းအိုကြီး... ဒါက တကယ်တော့ ဘာဖြစ်တာလဲ"

"မင်း ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ ငါမယုံဘူး။"

မိမိ၏ ရိုးသားသော မိတ်ဆွေစစ်ထံမှ ယုံကြည်မှုကို ရရှိလိုက်သဖြင့် ရှန်းချန်ကျွင်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်သော်လည်း၊ စကားလုံးများမှာ နှုတ်ခမ်းဖျားသို့ ရောက်ခါမှ ပြန်လည်မျိုချလိုက်ရပြန်သည်။

လီယန်ချူက သူ့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်ပြီး စိတ်ထဲမှ 'ဒီလူက ရော်ဖူတောင်နဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာလဲ' ဟု တွေးလိုက်မိသည်။

ကြည့်ရသည်မှာ ဆိုးဆိုးရွားရွား ယုတ်မာလှသော လူစားမျိုးတော့ မဟုတ်ပေ၊

အနည်းဆုံးတော့ သိက္ခာတရားကို သိသေးသည်။

ခဏမျှ ကြာပြီးနောက်တွင်မှ ရှန်းချန်ကျွင်းသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး အကြောင်းစုံကို ဖွင့်ဟပြောဆိုလာတော့သည်။

ယခင်က သူသည် ဤနေရာသို့ လှည့်လည်လာစဉ် ရော်ဖူတောင်၏ ဂိုဏ်းတံခါး ပွင့်နေသည်ကို တွေ့ရှိခဲ့သဖြင့် ဂိုဏ်းချုပ်၏ အမှတ်အသားပစ္စည်းကို အားကိုး၍ တိတ်တဆိတ် ခိုးဝင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျိုးရွှမ်တွင် ပြဿနာတက်နေသည်ကို တွေ့ရှိရသဖြင့် ကျိုးရွှမ်ကို ခေါ်ထုတ်သွားချင်ခဲ့သော်လည်း ဘိုးဘေး ‌ဓားက သူ့ကို လက်မခံခဲ့ပေ၊ အတိအကျပြောရလျှင် ပြင်ပလူကို လက်မခံခြင်း ဖြစ်၏။

သူသည် နည်းလမ်းမရှိသဖြင့် နောက်ဆုတ်ခဲ့ရပြီး ရှန်ထူမင်ယုကို အကူအညီအဖြစ် လာရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရှန်ထူမင်ယု၏ လက်ထဲတွင် ပုကျိုးတောင်၏ ပုံသဏ္ဌာန်ထုဆစ်ထားသော နတ်တံဆိပ်ပြား ရှိသဖြင့် ဘိုးဘေး ဓား၏ တစ်ချက်ခုတ်မှုကို တားဆီးနိုင်ခဲ့သည်။

ထို့ကြောင့် သူက စစ်ချင်းဝမ်ကို တိုက်ခိုက်ပြီး အာရုံလွှဲထားစဉ် ရှန်ထူမင်ယုကို ကျိုးရွှမ်အား ခေါ်ထုတ်ခိုင်းရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးရွှမ်က ခေါင်းညိတ်လိုက်သည်။

"ဒီလိုကိုး"

လီယန်ချူက ရှန်းချန်ကျွင်းကို သံသယစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဒါဆို ကျင့်ကြံဖော်ဆိုတာကရော ဘာလဲ။ မင်းက စစ်ချင်းဝမ်ကို သဘောကျနေလို့လား။"

ရှန်းချန်ကျွင်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သက်ပြင်းချလိုက်သည်။

"ငါက ငါ့ရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြချင်လို့ ရှေးဟောင်းမကောင်းဆိုးဝါးရဲ့ အရှိန်အဟုန်တွေပါတဲ့ မိစ္ဆာနဂါးအရိုးပြားကို ယူလာခဲ့တာ၊ ပြီးတော့ ရွှေရောင်အလင်းတန်းတွေနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး ရုပ်အစစ်ကို မပြခဲ့တာပဲ၊ ကျင့်ကြံဖော်ဆိုတာကတော့ ငါ့ဘာသာ စကားအဖြစ် လျှောက်ပြောလိုက်တာပါ။"

စစ်ချင်းဝမ်က ရုတ်တရက် ပြောလာသည်။

"ငါ အဲဒီယုတ်မာတဲ့ အရှိန်အဟုန်ကို ခံစားမိတုန်းက၊ အဲဒါ ရှင် ပထမဆုံးအကြိမ် ဝင်လာတာ မဟုတ်ဘူး။"

ရှန်းချန်ကျွင်း တစ်ခဏမျှ ကြောင်အသွားပြီးမှ ခေါင်းညိတ်ပြသည်။

"မှန်တယ်၊ အဲဒါ ငါဒုတိယအကြိမ် လာတာ၊ အစီအစဉ်က လွဲချော်သွားပြီး ပထမဆုံးမျိုးဆက် ဘိုးဘေး ဓားက အလွန်အမင်း တုံ့ပြန်မှု မြန်ဆန်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး "

စစ်ချင်းဝမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။

တစ်ဖက်လူသည် ခုနက စကားဖြင့် စော်ကားခဲ့သော်လည်း အစပိုင်း တိုက်ခိုက်စဉ်က အသေအလဲ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ၊ ဆန့်ကျင်ဘက်အနေဖြင့် ခုခံရုံသာ ခုခံပြီး တိုက်စစ်မဆင်ခဲ့ပေ။

သူနောက်ပိုင်းတွင် လီယန်ချူနှင့် တိုက်ခိုက်ခဲ့သော အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် မိမိနှင့် တိုက်ခိုက်စဉ်က သိသိသာသာ လက်ရှောင်ခဲ့ကြောင်း ထင်ရှားလှသည်။

အမှန်စင်စစ် ရှန်းချန်ချိုးနှင့် ရှန်းချန်ကျွင်းတို့သည် ညီအစ်ကို အရင်းအချာများ ဖြစ်ကြသော်လည်း ရေနှင့်မီးကဲ့သို့ မသင့်မြတ်ကြဘဲ မည်သည့်သံယောဇဉ်မျှ မရှိကြပေ။

ရှန်းချန်ချိုးသည် ရော်ဖူတောင်သို့ ဝင်ရောက်ခဲ့ပြီး ထူးခြားလှသော ပါရမီကြောင့် ဂိုဏ်းချုပ်၏ တပည့်ဖြစ်လာကာ နောက်ပိုင်းတွင် ရော်ဖူတောင်ကို အုပ်ချုပ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် မိစ္ဆာလမ်းစဉ်သို့ သက်ဆင်းသွားခဲ့သည်။

ရှန်းချန်ကျွင်းမှာမူ မိမိ၏ ကံတရားအလျောက် ခွန်လွန်တောင်မှ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦး၏ တပည့်အဖြစ် ဝင်ရောက်ခဲ့ပြီး တံခါးပိတ် ကျင့်ကြံနေခဲ့ကာ မကြာသေးမီကမှ လောကကြီး၏ ကြီးမားသော ပြောင်းလဲမှုများကို ခံစားမိသဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။

မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ရသဖြင့် ခံစားချက်များစွာ ရှိနေကြပြီး၊ ကျိုးရွှမ်သည် ရှန်းချန်ကျွင်း၏ လူအမူအကျင့်အပေါ် အလွန်အမင်း ယုံကြည်မှု ရှိလှသည်။ ၎င်းတို့နှစ်ဦး ငယ်စဉ်က လောကအနှံ့ လှည့်လည်စဉ်က သေရေးရှင်ရေး အခြေအနေများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ကြသဖြင့် တိုက်ခိုက်ရင်းနှင့် ရလာခဲ့သော သံယောဇဉ်များဟု ဆိုရပေမည်။

လီယန်ချူသည် ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်ကို အနက်ရှိုင်းဆုံး ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"မင်း သူ့ကို တကယ်ပဲ ယုံကြည်တာလား"

ကျိုးရွှမ်က

"မှန်ပါတယ်၊ ငါနဲ့ စီနီယာကို ရှန်းချန်ချိုးကြားမှာ ဂိုဏ်းတူညီအစ်ကို သံယောဇဉ် ရှိပေမဲ့၊ ငါနဲ့ ရှန်းအိုကြီးကြားမှာတော့ အသက်နဲ့လဲထားတဲ့ ညီအစ်ကိုတွေပါ၊ ဘယ်သူကပဲ ငါ့ကို ဒုက္ခပေးပေး ရှန်းအိုကြီးကတော့ ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး။"

လီယန်ချူက မေးလိုက်ပြန်သည်။

"မိတ်ဆွေရင်းတွေ ဖြစ်နေမှတော့ ဘာဖြစ်လို့ အမှန်အတိုင်း လာမပြောဘဲနဲ့ ရော်ဖူတောင်ထဲကို တိတ်တဆိတ် ခိုးဝင်ရတာလဲ။"

စစ်ချင်းဝမ်တွင်လည်း ဤသံယောဇဉ် လွဲမှားမှုအပေါ် သံသယ ရှိနေခဲ့သည်။

ကျိုးရွှမ်က ပြောပြလေသည်။

"ဒီကိစ္စကို ငါသိပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တောင်ပေါ်က ဆင်းပြီး တပည့်ရှာတဲ့အချိန်တုန်းက သူတို့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးချယ်ခဲ့တာ၊ အဲဒီအချိန်ကစပြီး ရှန်းအိုကြီးက ဒီတစ်သက်မှာ ရော်ဖူတောင်ကို ခြေမနင်းဘူးလို့ ကျိန်ဆိုခဲ့တာပဲ၊ နောက်ပိုင်း ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သိသွားတော့လည်း ဒီကိစ္စကြောင့် ငါနဲ့ လမ်းခွဲလုနီးပါး ဖြစ်ခဲ့သေးတယ်။"

လီယန်ချူ တစ်ခဏမျှ ကြောင်အသွားမိသည်၊ ဤအရာက ဘယ်လိုမျိုး သံယောဇဉ် အာဃာတ ဇာတ်လမ်းမျိုးပါလိမ့်။

သို့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ထိုသို့ပြောဆိုနေသလို၊ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ကုသိုလ်ကံအလင်းတန်းများ ရှိပြီး မကောင်းသော သွေးညှီအရှိန်အဟုန်များ မရှိသဖြင့်၊

လီယန်ချူသည် သူ့ကို လွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ချုပ်နှောင်မှုများကို ဖြေလျှော့ပေးလိုက်တော့သည်။

သို့သော်လည်း ဤသို့ဖြစ်သွားသည့်အခါတွင်မူ ရှန်ထူမင်ယု၏ ရပ်တည်ချက်မှာ အလွန်တရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသွားတော့သည်။

မူလက သူသည် စီနီယာအစ်ကိုနှင့် ရော်ဖူတောင် သို့မဟုတ် ကျိုးရွှမ်တို့ကြားတွင် ရန်ငြိုးများ ရှိသည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊

ကြာလာတော့မှ ထိုသူများမှာ နက်ရှိုင်းလှသော ပတ်သက်မှုများ ရှိနေကြရုံမက သံယောဇဉ်မှာလည်း အလွန်ပင် နက်ရှိုင်းလှကြောင်း သိလိုက်ရသဖြင့်၊

ရှန်ထူမင်ယုအနေဖြင့် အလွန်ပင် စိတ်ပျက်သွားရတော့သည်။

ယခုအခါ ရှန်းချန်ကျွင်း၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ရှန်ထူမင်ယုကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

"စီနီယာညီငယ်ကောင်းလေး... ငါ တကယ်ပဲ မင်းကို အထင်မလွဲခဲ့ဘူး "

ရှန်ထူမင်ယု၏ ဦးနှောက်ထဲတွင် တစ်ခဏချင်းအတွင်း အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီးနောက် ရိုးသားစွာ ပြောရှာသည်။

"စီနီယာအစ်ကို... ကျွန်တော် အခု အမှားဝန်ခံရင် အချိန်မီသေးလားခင်ဗျာ"

ရှန်းချန်ကျွင်းက တည်ငြိမ်စွာ မေး၏။

"မင်း ဘယ်လိုထင်လဲ"

ရှန်းချန်ကျွင်းသည် ယနေ့တွင် လူမှုရေးအရ အရှက်ကွဲခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး၊ ပြဿနာ၏ အရင်းအမြစ်မှာ ဤစီနီယာညီကြောင့်ပင် ဖြစ်သည်။

တကယ်တော့ နောက်ပိုင်းတွင် ကျိုးရွှမ် နိုးလာပါကလည်း သိရှိသွားမည် ဖြစ်သော်လည်း၊

သူ၏ ယခင် လှည့်စားမှုများမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန်အတွက် ဖြစ်သော်လည်း ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး မိမိ၏ အရှက်ကွဲမှုကို လုံးဝ လျော့နည်းမသွားစေခဲ့ပေ၊

ထို့ကြောင့် ရှန်းချန်ကျွင်းသည် ဤစီနီယာညီအပေါ်တွင် ဒေါသများ ရှိနေဆဲ ဖြစ်သည်။

ရှန်ထူမင်ယုက ဆင်ခြေပေးရှာသည်။

"ဒီနေ့ ကျွန်တော် ကျောင်းဆောင်ထဲ ဝင်လာတာနဲ့တင် ဒီတာအိုဆရာလီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပဲ၊ ခင်ဗျားလည်း သူ့ရဲ့ စွမ်းရည်ကို မြင်တာပဲ၊ ကျွန်တော်လည်း သူ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ လက်မောင်းတစ်ဖက်တောင် ချိုးခံလိုက်ရသေးတယ်။"

ယခုအချိန်တွင် သူ၏လက်မောင်းမှာ ပုံမှန်မဟုတ်ဘဲ ကွေးကောက်နေခဲ့ပြီး၊ ယခုအခါ နတ်ဘုရားချည်ကြိုးဖြင့် တုပ်နှောင်ခံထားရဆဲ ဖြစ်သော်လည်း ကျိုးပဲ့နေသည်မှာ ထင်ရှားလှသည်။

ရှန်ထူမင်ယုက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။

"စီနီယာအစ်ကို... ကျွန်တော် ခင်ဗျားရဲ့ လူအမူအကျင့်ကို အမြဲတမ်း လေးစားခဲ့တာပါ၊ ခင်ဗျားအပေါ် လေးစားမှုက စီးဆင်းနေတဲ့ မြစ်ရေကြီးလိုပါပဲ၊ ခုနက အဲလိုပြောခဲ့တာကလည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်ယောက် လွတ်မြောက်နိုင်ဖို့အတွက်ပါပဲ။"

"စီနီယာအစ်ကို"

နောက်ဆုံးအကြိမ် 'စီနီယာအစ်ကို' ဟု ခေါ်ဆိုလိုက်သော အသံမှာမူ စိတ်ရင်းအမှန်ဖြင့် ဖြစ်ပြီး မျက်ရည်များပင် ဝဲနေခဲ့သည်။

ရှန်းချန်ကျွင်းသည် လီယန်ချူ၏ စွမ်းရည်များကို မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် ခုနက ရှန်ထူမင်ယုသည် တမင်တကာ သစ္စာဖောက်ခဲ့ခြင်း မဟုတ်ကြောင်း သိရှိသော်လည်း၊

နောက်ပိုင်းတွင် ဤကောင်က မိမိ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် ရုပ်ပျက်ဆင်းပျက် ပုံစံမှာ တကယ်ပင် ဒေါသထွက်စရာ ကောင်းလှပေသည်။

ရှန်းချန်ကျွင်းက တမင်တကာ အံ့ဩဟန်ဆောင်ကာ မေးလိုက်သည်။

"လက်မောင်းက အရိုက်ခံပြီး ကျိုးသွားတာလား"

ရှန်ထူမင်ယုသည် မိမိစကားများစွာ ပြောခဲ့သော်လည်း စီနီယာအစ်ကိုက ဤစာကြောင်းကိုသာ ကြားလိုက်ရသဖြင့် ရှန်းချန်ကျွင်း၏ ရည်ရွယ်ချက်ကို မသိဘဲ ဝမ်းနည်းပက်လက်ဖြင့် ဆက်ပြောရှာသည်။

"ဟုတ်ပါတယ် စီနီယာအစ်ကို၊ ကြည့်ပါဦး၊ ကြည့်ပါဦး၊ တိုက်ရိုက်ပဲ ကျိုးသွားတာဗျ"

တကယ်လို့ သာမန်အချိန်ဆိုလျှင် သူသည် ဤကဲ့သို့သော စကားမျိုးကို လုံးဝ ပြောရဲမည်မဟုတ်သော်လည်း၊ ယခုအခါ ရှန်းချန်ကျွင်းမှာ အဓိက တရားခံဖြစ်ပြီး အထင်လွဲမှားမှုများလည်း ပြေလည်သွားပြီဖြစ်ရာ၊ သူဘာပဲပြောပြော လီယန်ချူ၏ လက်ဝါးချက်ဖြင့် ရိုက်သတ်ခံရမည်ကို မစိုးရိမ်ရတော့ပေ၊

လက်ရှိတွင်မူ အဓိကအချက်မှာ အသက်ရှင်သန်ရေးပင် ဖြစ်သည်။

ရှန်းချန်ကျွင်းက ခေါင်းညိတ်လိုက်၏။

"မင်းက တကယ်ပဲ ငါ့ရဲ့ ညီငယ်ကောင်းလေးပါပဲ "

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်ထူမင်ယုကို နံရံထောင့်သို့ ဆွဲခေါ်သွားပြီး လက်သီးခြေထောက်များဖြင့် ပြင်းထန်စွာ ထုထောင်းတော့သည်။

မည်သည့် နတ်မင်းအာဏာစွမ်းရည်ကိုမျှ အသုံးမပြုခဲ့သော်လည်း ရှန်ထူမင်ယုကို မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းသွားစေကာ၊ နဂိုက ခန့်ညားလှပပြီး ကျား၊ မ ခွဲခြားရခက်သော မျက်နှာလေးမှာ ယခုအခါ ဝက်ခေါင်းပမာ ဖူးရောင်သွားပြီး ကြည့်ရဆိုးလှတော့သည်။

"အား... အား... အား... အား..."

ရှန်ထူမင်ယုသည် ဝက်သတ်သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ညည်းတွားနေရှာသည်။

ဤသူသည် တတိယအဆင့် ရှိသော တန်ခိုးရှင်တစ်ဦးဖြစ်လိမ့်မည်ဟု တွေးတောရန်ပင် ခက်ခဲလှပေသည်။

'ဒါမှမဟုတ် ခွန်လွန်တောင်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းက နည်းနည်း ထူးခြားနေလို့ပဲ ဖြစ်လိမ့်မယ်၊ ဒီလူ့ရဲ့ စိတ်နေစိတ်ထားက ‌လောကီဆန်လွန်းလှတယ်'

ဟု လီယန်ချူက စိတ်ထဲမှ တွေးလိုက်မိသည်။

အထင်လွဲမှားမှုများ ရှင်းလင်းသွားပြီဖြစ်ရာ လီယန်ချူသည်လည်း ထိုသူကို လွှတ်ပေးလိုက်ပြီး နတ်ဘုရားချည် ကြိုးကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။

ဤညီအစ်ကို နှစ်ဦးမှာမူ၊ တစ်ယောက်က နံရိုးအနည်းငယ် ကျိုးသွားပြီး၊ တစ်ယောက်က လက်မောင်းကျိုးသွားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှပေသည်။

အထူးသဖြင့် ရှန်ထူမင်ယုမှာ မူလက အလွန်တရာ ခန့်ညားလှပသူ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ လုံးဝ ကြည့်ရဆိုးနေခဲ့ပြီ ဖြစ်သည်။

ရိုးရှင်းစွာ စကားပြောဆိုပြီးနောက်၊ ကျိုးရွှမ်က ရုတ်တရက် ပြောလာခဲ့သည်။

"ခုနက ငါနိုးလာပြီးတဲ့နောက်မှာ ခံစားချက်တစ်ခု ရလိုက်တယ်၊ အဲဒါကတော့ ယွမ်မုန့်ကျောက် ပွင့်တော့မယ်ဆိုတာပဲ။"

လူတိုင်း ချက်ချင်းပင် ကျိုးရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ကြတော့သည်။

ကျိုးရွှမ်က ရှင်းပြလေသည်။

"ယခင်က ငါ ယွမ်မုန့်ကျောက် ထဲကို ဝင်ခဲ့တုန်းက နေရာတစ်ခုမှာ ရှေးဟောင်းအလောင်းတစ်ခုကို တွေ့ခဲ့ရတယ်၊ အဲဒီအလောင်းမှာ အလွန်ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေ ကိန်းအောင်းနေပြီး နတ်ဘုရားေအရှိန်အဟုန်တွေ ဝန်းရံနေတာ၊ ငါအနားကို ချဉ်းကပ်မိတဲ့အခါမှာ ဦးနှောက်ထဲမှာ အတွေးပေါင်းစုံ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ထဲက ညစ်ညမ်းမှုတွေကလည်း အဲဒီရှေးဟောင်းအလောင်းတော်ဆီကနေ ရောက်လာတာပဲ ဖြစ်ရမယ် "

ယခုအချိန်တွင် ကျိုးရွှမ်သည် ဦးနှောက်ထဲရှိ စိတ်ဝိညာဉ်ညစ်ညမ်းမှုများကို မထင်မှတ်ဘဲ ဖိနှိပ်နိုင်ခဲ့သဖြင့် ကိစ္စရပ်များစွာကို ပြန်လည်မှတ်မိလာခြင်း ဖြစ်ပေသည်။

အခန်း (၁၀၀၄) - ဓားကျင့်ကြံသူတို့၏ ဓလေ့

လီယန်ချူသည် ကျိုးရွှမ် ၏ အခြေအနေကို စစ်ဆေးကြည့်ရာ ကျိုးရွှမ်၏ စိတ်အာရုံပင်လယ် အတွင်း ညစ်ညမ်းနေသော နေရာများသည် တဖြည်းဖြည်း နောက်ဆုတ်သွားပြီး တစ်နေရာတည်းတွင် စုလိပ်သွားသည်ကို တွေ့လိုက်ရသည်။ ဤသို့ကြောင့်သာ ကျိုးရွှမ်၏ အသိစိတ်မှာ များစွာ ကြည်လင်လာခြင်း ဖြစ်သည်။

လီယန်ချူသည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။ ဂိုဏ်းတည်ထောင်သူ ဘိုးဘေး၏ ကိုယ်ရံတော်ဓားပင်လျှင် ဖိနှိပ်ထားရုံသာ တတ်နိုင်ပြီး ကျိုးရွှမ်၏ စိတ်အာရုံပင်လယ်ထဲမှ ညစ်ညမ်းမှုကို လုံးဝ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ချေ။

သို့ဆိုလျှင် မည်သည့်အင်အားက ကျိုးရွှမ်ကို ရုတ်တရက် သတိပြန်လည် လင်းလက်လာစေသနည်း။

စစ်ချင်းဝမ်သည်လည်း အနည်းငယ် စိတ်ဝင်စားသွားပြီး လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက် ဝိုင်းဝန်းစစ်ဆေး ကြည့်ရှုကြသည်။

ထိုစဉ် ရှန်းချန်ကျွင်းက ရုတ်တရက် ပြောလိုက်သည်။

"ငါ့အမြင်အရတော့... ဒါဟာ ဒီ လီတာအိုဆရာရဲ့ ကုသိုလ်ကံကြောင့် ဖြစ်ရမယ်။"

လူတိုင်းက အကြည့်တို့ကို ရှန်းချန်ကျွင်းထံသို့ ပို့လိုက်ကြရာ ရှန်းချန်ကျွင်းက ဆက်ပြောသည်။

"ငါ အကြည့်မမှားဘူးဆိုရင် ဒီလီတာအိုဆရာ သွားနေတဲ့လမ်းက သိုင်းပညာရှင် လူသားနတ်ဘုရား ရဲ့ လမ်းစဉ်ပဲ။ ခန္ဓာကိုယ်က အလွန်တရာ ကြံ့ခိုင်ပြီး သွေးချီအင်အားက သမုဒ္ဒရာလိုပဲ ထကြွနေတယ်။ ဒါ့အပြင် သူက သိုင်းပညာရပ်ကို အလွန်မြင့်မားတဲ့ အဆင့်အထိ ကျင့်ကြံထားတာမို့လို့ ဒီလို ညစ်ညမ်းမှုမျိုးကို အနိုင်ယူ နှိမ်နင်းနိုင်တာ အံကိုက်ဖြစ်နေတာပဲ။"

ရှန်းချန်ကျွင်းသည် ခုနတင် လီယန်ချူကို ရှုံးနိမ့်ခဲ့သော်လည်း ယခုခေတ်၏ အထွတ်အထိပ် လက်ရွေးစင် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ လီယန်ချူကဲ့သို့ ထူးခြားလွန်းသော ပါရမီရှင်နှင့် တွေ့လိုက်ရသဖြင့်သာ ဖြစ်သည်။ ထို့အပြင် သူသည် ခွန်လွန်တောင်မှ လာသူဖြစ်၍ အမြင်အကြား ကျယ်ပြောပြီး အသိအမြင် ထူးခြားလှပေသည်။

ရှင်တူမင်ယုက ရှန်းချန်ကျွင်းကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်မိသည်။

စီနီယာအစ်ကို... အစ်ကို ပြောင်းလဲသွားပြီပဲ။

လီယန်ချူက အနည်းငယ် တွေးတောလိုက်သည်။

"အစောပိုင်းက ငါ နည်းလမ်းအမျိုးမျိုး သုံးခဲ့ပေမဲ့ သူ့ရဲ့ ညစ်ညမ်းမှုကို မဖယ်ရှားနိုင်ခဲ့ဘူး။ အခုကျမှ ဖယ်ရှားနိုင်တာက ဒါမှမဟုတ် ငါ့ရဲ့ ကျင့်ကြံမှုအဆင့် မြင့်တက်လာလို့လား "

သူသည် ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာကျိုး... ကျွန်တော် စီနီယာ့အတွက် ဒီညစ်ညမ်းမှုတွေကို ဖယ်ရှားဖို့ နောက်တစ်ကြိမ် ထပ်ကြိုးစားပေးပါရစေ။"

ကျိုးရွှမ်က လက်အုပ်ချီ၍ ဂါရဝပြုကာ -

"တာအိုဆရာရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို တာအိုမိတ်ဆွေ လို့ပဲ ခေါ်ဆိုနိုင်ပါတယ်။"

လီယန်ချူက လက်ယမ်းပြလိုက်ရင်း -

"ကျွန်တော်နဲ့ ချင်းဝမ်က တာအိုမိတ်ဆွေလို့ ခေါ်ဆိုကြတာမို့ စီနီယာကျိုးကတော့ သဘာဝကျကျ ကျွန်တော့်ရဲ့ စီနီယာပါပဲ။"

ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ ရှန်းချန်ကျွင်းနှင့် ရှင်တူမင်ယုတို့သည် မိမိတို့ကိုယ်ကို မသိလိုက်ဘဲ ခါးကို မတ်မတ် ဆန့်လိုက်ကြသည်။

ဤသို့ တွက်ချက်ကြည့်လျှင် ၎င်းတို့သည်လည်း လီယန်ချူ၏ စီနီယာများဟု သတ်မှတ်၍ ရပေသည်။

သို့သော် ညီအစ်ကိုနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး စောင်းငဲ့ကြည့်လိုက်ကြပြီးနောက် အတူတူ ခေါင်းလွှဲသွားကြကာ နှာခေါင်းရှုံ့လိုက်ကြသည်။

၎င်းတို့နှစ်ဦး၏ စိတ်ကောက်နေမှုသည် လီယန်ချူအပေါ် သက်ရောက်မှု မရှိပေ။

လီယန်ချူသည် လက်ကိုမြှောက်ကာ သိုင်းပညာ နတ်ဘုရားစွမ်းအား ကို လည်ပတ်စေပြီး ထိုညစ်ညမ်းမှုများကို စုပ်ထုတ်ရန် ကြိုးပမ်းလိုက်သည်။

သူသည် မကြာသေးမီ ရက်ပိုင်းအတွင်းက ချင်းယွန်းကျောင်းတော်၌ ကျမ်းစာများ ရွတ်ဖတ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် လက်သီးကျင့်စဉ်များကိုသာ လေ့ကျင့်နေခဲ့သည်။ လက်သီးပညာကို အကြိမ်ပေါင်း သောင်းချီ၍ လေ့ကျင့်ခဲ့ရာ ၎င်း၏ ဆိုလိုရင်း အနှစ်သာရကို ကိုယ်တိုင် သဘောပေါက်နားလည်ခဲ့ပြီး ဖြစ်သည်။

သူကိုယ်တိုင်လည်း လက်သီးကို အကြိမ်မည်မျှ ထိုးခဲ့သည်ကို မမှတ်မိတော့ဘဲ သိုင်းပညာ နတ်ဘုရားစွမ်းအား တစ်ကိုယ်လုံးကို တစ်သားတည်းအဖြစ် ပေါင်းစပ်ပြီးသား ဖြစ်နေခဲ့ပြီ။

ယခုအချိန်၌ နတ်ဘုရားစွမ်းအားကို လည်ပတ်လိုက်သောအခါ လက်ဖဝါး အလယ်မှ အင်အားသည် တစ်ခဏအတွင်းမှာပင် ညစ်ညမ်းမှုများကို ဖိနှိပ်ချုပ်ချယ်လိုက်လေသည်။

"သွေးချီအင်အားကို ကြောက်ရွံ့တာမဟုတ်ဘဲ သိုင်းပညာ နတ်ဘုရားစွမ်းအားကို ကြောက်ရွံ့နေတာပဲ "

လီယန်ချူသည် တစ်ခဏချင်းမှာပင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် နတ်ဘုရားစွမ်းအားကို ဆက်လက် လည်ပတ်စေလိုက်သည်။

သိုင်းပညာရှင်များသည် စိတ်၊ ဝိညာဉ်နှင့် စွမ်းအင် ကို တစ်သားတည်း ပေါင်းစပ်ကာ ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် တည်ဆောက်ကြသဖြင့် မူလကတည်းက အလွန်တရာ အာဏာပြင်းထန်သော စနစ်တစ်ခု ဖြစ်သည်။

သို့သော် စကြဝဠာ ကမ္ဘာမြေသည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ကောင်းကင်ဘုံများ၏ အပြင်ဘက်တွင်လည်း နတ်ဘုရားလောက ရှိနေသေးသည်။

ထို့ကြောင့် သိုင်းပညာရှင်များ၏ လမ်းစဉ်မှာ အနည်းငယ် တိုတောင်းလှသည်။ ပိယန်လိုဏ်ဂူသခင် ဖြစ်စေ၊ အဖြူ‌ရောင်ဝတ် အကြီးကဲဖြစ်စေ သိုင်းပညာရှင်များသည် မြေပြင်နတ်ဘုရား အဆင့်အထိသာ ကျင့်ကြံနိုင်ပြီး ၎င်းနောက်ပိုင်း လမ်းစဉ်မှာ ပြတ်တောက်သွားပြီဟု ပြောဆိုခဲ့ကြသည်။

သို့သော်လည်း မြေပြင်နတ်ဘုရား အဆင့်တွင်မူ သိုင်းပညာရှင်များသည် သံသယဖြစ်ဖွယ်မရှိဘဲ တိုက်ခိုက်သတ်ဖြတ်ရာတွင် အဆင့်တစ် ဖြစ်နေဆဲပင်။

လီယန်ချူသည် ယခုအခါ ဤလမ်းစဉ်အတိုင်း လျှောက်လှမ်းနေခြင်းဖြစ်ပြီး သူသည် သိုင်းပညာ အစစ်အမှန်အနှစ်သာရကို စုစည်းရန် ပြင်ဆင်နေရုံသာမက ခန္ဓာကိုယ်ဖြင့် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ပါ ရည်ရွယ်ထားသည်။

ထို့ကြောင့် သူသည် သိုင်းနတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပါက သာမန် လူသားနတ်ဘုရားများထက် များစွာ ပိုမို အစွမ်းထက်လာမည်မှာ သေချာလှသည်။

ယခုအချိန်၌ သူ၏ နတ်ဘုရားစွမ်းအားသည် အလွန်တရာ အာဏာပြင်းထန်လှပြီး ကျိုးရွှမ်၏ စိတ်အာရုံပင်လယ်အတွင်း ထိုညစ်ညမ်းမှုများကို အဆက်မပြတ် ချေမှုန်း ပျက်စီးစေနေသည်။

ကျိုးရွှမ်၏ မျက်နှာပေါ်တွင် သက်သာရာရသည့် အရိပ်အယောင်များ ပေါ်လာပြီး စိတ်နှလုံး တုန်လှုပ်သွားကာ -

"တာအိုမိတ်ဆွေ လီရဲ့ သိုင်းပညာ နတ်ဘုရားစွမ်းအားက စိတ်အာရုံပင်လယ် အဆင့်အထိကို သက်ရောက်မှု ရှိနိုင်တာပဲ။ ဒီတာအိုမိတ်ဆွေက တကယ်ကို ဉာဏ်ကြီးရှင် ပါရမီရှင်တစ်ယောက်ပါပဲ။"

ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်သည် ဓားလမ်းစဉ်၏ ပါရမီရှင်၊ ထိပ်တန်း ဓားကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အလားတူ ထူးချွန်ပြောင်မြောက်သူကို သဘာဝကျကျ အလွန်အမင်း အသိအမှတ်ပြုခြင်း ဖြစ်သည်။

ခွန်လွန်တောင်မှ လာသော ရှန်းချန်ကျွင်းသည် အစောပိုင်းကတည်းက ဤအခြင်းအရာ၏ ဆန်းကြယ်မှုကို မြင်ယောင်ခဲ့သည်။

ယခုအခါ လီယန်ချူက နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြသပြီးနောက် ကျိုးရွှမ်၏ မျက်ခုံးအစုံကြားမှ မှေးမှိန်ညစ်ထေးသော အငွေ့အသက်များ လွင့်ပါးသွားသည်ကို မြင်သောအခါ သူလည်း ထပ်တူထပ်မျှ အံ့ဩချီးကျူးမိသည်။

"အစောပိုင်းက ရက်ပိုင်းအတွင်းမှာတင် ဒီလူ့လက်ထဲမှာ ရှုံးခဲ့တာ။ အခုကြည့်ရတာ မတရားဘူးလို့ မဆိုသာဘူးပဲ။"

အမွှေးတိုင်တစ်တိုင် ထွန်းညှိစာ အချိန်ကုန်လွန်သွားပြီးနောက် ကျိုးရွှမ်၏ ဝိညာဉ် ညစ်ညမ်းမှုများသည် များစွာ ဖိနှိပ်ခံလိုက်ရပြီး အများစုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

လီယန်ချူသည် ကျိုးရွှမ်၏ စိတ်အာရုံပင်လယ်အတွင်း တင်ပလ္လင်ခွေ ထိုင်နေသော ဝိညာဉ်တစ်ပါးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။ ၎င်းသည် ကျိုးရွှမ်၏ ပုံသဏ္ဌာန် အစစ်အမှန်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်၌ ညစ်ပတ်ပေရေနေသော ပုံစံနှင့်မတူဘဲ ဝိညာဉ်အခြေအနေရှိ ကျိုးရွှမ်သည် လွတ်လပ်ပေါ့ပါးပြီး ပြတ်ပြတ်သားသားရှိကာ မျက်နှာသွင်ပြင် ထက်မြက်လှသည်။ သူသည် ယခုခေတ်တွင် အလွတ်လပ်ဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး ဓားကျင့်ကြံသူ၏ ပုံစံအတိုင်းပင် ဖြစ်သည်။

သူသည် တင်ပလ္လင်ခွေ ထိုင်နေရင်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်။

လီယန်ချူ အနားသို့ ကပ်သွားသည်နှင့် သူ၏ ထက်မြက်လှသော ဓားအရှိန်အဝါ ကို ခံစားလိုက်ရသည်။

ဤဓားအရှိန်အဝါကို အခြေခံ၍သာ ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှ ညစ်ညမ်းမှုကို ခုခံနိုင်ခဲ့ပြီး မကောင်းဆိုးဝါး သတ္တဝါအဖြစ်သို့ လုံးဝ ပြောင်းလဲမသွားခြင်း ဖြစ်သည်။

ကျိုးရွှမ်၏ ဓားလမ်းစဉ်ပါရမီသည် လောကတွင် အနှိုင်းမဲ့ဖြစ်ပြီး မူလက ခေတ်တစ်ခေတ်ကို လွှမ်းမိုးချုပ်ကိုင်မည့် ဓားကျင့်ကြံသူ ဖြစ်လာရန် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ယွမ်မုန့်ကျောက် ၌ ထိုထူးဆန်းသော အလောင်းနှင့် တွေ့ဆုံခဲ့ရသဖြင့် ယခုအချိန်အထိ ရူးသွပ်နေခဲ့ရခြင်း ဖြစ်သည်။

သို့သော် ဤအချက်ကပင် ကျိုးရွှမ်၏ အစွမ်းထက်မှုကို သက်သေပြနေသည်။

ဤသို့သော ဝိညာဉ်ညစ်ညမ်းမှုသည် နယ်ပယ်ပြင်ပမှ မိစ္ဆာ များ၏ ညစ်ညမ်းမှုနှင့် အလွန်တူညီလှသည်။

ဆိုလိုသည်မှာ ထိုအလောင်း၏ အရှင်သခင်သည် ကောင်းကင်လူသား ဖြစ်နိုင်ခြေ အလွန်များပြားသည်။

ဤသတင်းကို လီယန်ချူသည် တစ်ခဏအတွင်းမှာပင် ကောက်ချက်ချလိုက်နိုင်သည်။

ယွမ်မုန့်ကျောက်ထဲတွင် ကောင်းကင်လူသားတစ်ဦး သေဆုံးနေခဲ့ပြီး အလောင်းကိုလည်း ပြန်လည် မသိမ်းဆည်းနိုင်ခဲ့ဘဲ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

မုချဧကန်၊ 'ကောင်းကင်လူသား' ဟူသော ခေါ်ဝေါ်မှုကို လီယန်ချူ မနှစ်သက်ချေ။ သူသည် နယ်ပယ်ပြင်ပမှ မိစ္ဆာ ဟုသာ ပို၍ ခေါ်ဆိုလိုသည်။

ကျိုးရွှမ်၏ စိတ်အာရုံပင်လယ် နက်ရှိုင်းသောနေရာမှ ဝိညာဉ်ပုံသဏ္ဌာန်သည် ပြင်ပမှ အားကောင်းသော အင်အားကို ခံစားမိပြီး မျက်လုံးကို ဖြတ်ခနဲ ဖွင့်လိုက်သည်။

လူတွင် အသက်ဝိညာဉ် သုံးပါးနှင့် လိပ်ပြာ ခုနစ်ပါး ရှိရာ သူသည် ဓားလမ်းစဉ်ကို ကျင့်ကြံသဖြင့် သူ၏ မူလဓား သည် အလွန်တရာ ထက်မြက်လှသည်။

ယခု မျက်လုံးဖွင့်လိုက်ချိန်တွင် ဓားအရှိန်အဝါသည် တစ်ခဏချင်းမှာပင် စိတ်အာရုံပင်လယ် တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။

တစ်ခဏအတွင်းမှာပင် ညစ်ညမ်းမှုကို ဖိနှိပ်လိုက်သော်လည်း သူ၏ ဓားအရှိန်အဝါသည် ထိုညစ်ညမ်းမှုကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ချေ။

သို့သော် ၎င်းသည် လီယန်ချူကို ကူညီပေးနိုင်ပြီး ထိုညစ်ညမ်းမှုများကို အတိုင်းအတာတစ်ခုအထိ ကျုံ့သွားစေနိုင်သည်။

လီယန်ချူသည် သိုင်းပညာ နတ်ဘုရားစွမ်းအားကို ထိန်းချုပ်ကာ တစ်ခုပြီးတစ်ခု ချေမှုန်းပစ်လိုက်သည်။

ကြာမြင့်စွာ အချိန်ယူပြီးနောက်...

ဂိုဏ်းတည်ထောင်သူ ဘိုးဘေးခန်းမ တစ်ခုလုံး တုန်ခါသွားသည်။

ရော်ဖူတောင်၏ ဘိုးဘေးပုံတူပန်းချီကားချပ်များ တစ်ချပ်ပြီးတစ်ချပ် တုန်ခါလာပြီး လေထဲတွင်အလိုအလျောက် ပျံတက်လာကြသည်။

စစ်ချင်းဝမ်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဤမြင်ကွင်းကို ကြည့်ကာ အလွန်တရာ အံ့ဩသွားမိသည်။

နောက်တစ်ခဏတွင် ကောင်းကင်သို့ ထိုးတက်သွားသော ဓားအရှိန်အဝါတစ်ခုသည် ကျိုးရွှမ်၏ ခန္ဓာကိုယ်ထဲမှ ရုန်းထွက်လာသည်။

ရော် ဖူတောင်အတွင်းရှိ ဓားပေါင်းသောင်းချီတို့သည် တပြိုင်နက်တည်း မြည်ဟီးလာကြသည်။

ရှန်းချန်ကျွင်းသည် အလွန်တရာ တုန်လှုပ်သွားပြီး -

"ဓားပေါင်းသောင်းချီ မြည်ဟီးနေပြီ... အတုမဲ့ ဓားလမ်းစဉ် လောကထဲ ပေါ်ထွန်းလာပြီပဲ။"

စစ်ချင်းဝမ်သည် ရော်ဖူတောင်၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူမ၏ လက်ထဲမှ ချင်းနုဓား သည်လည်း ယခုအချိန်တွင် အဆက်မပြတ် တုန်ခါနေသည်။

သူမသည် ဦးလေးကျိုးရွှမ်၏ အလွန်တရာ ထက်မြက်လှသော ဓားအရှိန်အဝါကို ခံစားနေရသည်။

စစ်ချင်းဝမ်သည် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သူမသည် ငယ်စဉ်ကတည်းက ဦးလေး၏ ဒဏ္ဍာရီများကို ကြားနာပြီး ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။

ရော် ဖူတောင်၏ ဦးလေး ကျိုးရွှမ်သည် ကျင့်ကြံခြင်းလောကတွင် အတိတ်ကော အနာဂတ်ပါ မရှိဖူးလောက်အောင် ထူးခြားဆန်းကြယ်သည့် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယခုအခါ ဦးလေးသည် ဘေးအန္တရာယ်မှ လွတ်မြောက်တော့မည်ဖြစ်ပြီး လုံးဝ ပြန်လည်နိုးထလာတော့မည်ဖြစ်ရာ ရွှေချင်းဝမ်သည် အလွန်ပင် စိတ်လှုပ်ရှားနေမိကာ -

"နောက်ဆုံးတော့ ဦးလေးရဲ့ အရင်က အရှိန်အဝါကို ပြန်မြင်တွေ့ရတော့မှာပဲ။"

တုန်ခါမှုသည် တဖြည်းဖြည်း ပြင်းထန်လာပြီး ရော် ဖူတောင်တစ်ခုလုံး တုန်ခါလာခဲ့သည်။

ဓားပေါင်းသောင်းချီ မြည်ဟည်းနေဆဲ။

ကျိုးရွှမ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအစုံထဲတွင် ထက်မြက်သော ဓားနှစ်လက် ဖြတ်သန်းသွားသည့်အလား ထင်မှတ်ရသည်။

ညဥ့်မှောင်မိုက်ကို အလွှာလိုက် ဆုတ်ဖြဲပစ်နိုင်သည့်အလား။

သူသည် အတုမဲ့ ဓားလမ်းစဉ်ကို သဘောပေါက် နားလည်သွားခဲ့ပြီး ဝိညာဉ်ထဲမှ ညစ်ညမ်းမှုများကို လုံးဝ မောင်းထုတ်ပြီးဖြစ်သဖြင့် သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်များသည် တစ်ခဏချင်းမှာပင် အဆမတန် အားကောင်းလာခဲ့သည်။

မူလကပင် သူသည် ဤလောက၏ ထိပ်တန်း ဓားကျင့်ကြံသူ ဖြစ်သည်။

ရူးသွပ်နေခဲ့သော ဤနှစ်များအတွင်း ကျင့်ကြံမှုအဆင့် ကျဆင်းသွားခဲ့သော်လည်း ဓားအာရုံ မှာမူ ပိုမို၍ ထက်မြက်လာခဲ့သည်။

ရော် ဖူတောင်၏ ဓားပေါင်းသောင်းချီ မြည်ဟီးခြင်းနှင့် ဘိုးဘေးခန်းမမှ နတ်ရုပ်တုများ တုန်ခါခြင်းတို့ကြောင့် ခွန်လွန်တောင်မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ရှန်တုမင်ယုနှင့် ရှန်းချန်ကျွင်းတို့သည် ရော် ဖူတောင်၏ အားကောင်းလှသော နောက်ခံအင်အားကို တိုက်ရိုက် ခံစားလိုက်ရသည်။

အထူးသဖြင့် ရှင်တူမင်ယု ဖြစ်သည်။

"ဒီလူရဲ့ ဓားလမ်းစဉ်ပါရမီက တကယ်ကို ကြောက်စရာကောင်းတာပဲ။"

ကျိုးရွှမ်သည် ယခုအချိန်တွင် ဆံပင်ဗရုတ်သုတ်ခ ဖြစ်နေသော်လည်း သူသည် ထိုနေရာတွင် မတ်မတ်ရပ်နေရုံမျှဖြင့် လောကရှိ ဓားပေါင်းသောင်းချီကို အမိန့်ပေးနိုင်သည့်အလား ထင်ရပြီး အိမ်မှ ထွက်လာသော အတုမဲ့ ရတနာဓားတစ်လက်ကဲ့သို့ပင်။

ဓားအရှိန်အဝါက ထက်မြက်လှပေစွ။

လီယန်ချူသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျိုးရွှမ်ကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့် မြေပြင်၏ ထူးခြားသော မြင်ကွင်းကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

"ဓားကျင့်ကြံသူတွေက တကယ်ကို လွတ်လပ်ပေါ့ပါးတာပဲ။ ဓားပေါင်းသောင်းချီ မြည်ဟိန်းတယ်ဆိုတော့ တကယ်ကို အရှိန်အဝါ ရှိလှတယ်။"

ကျိုးရွှမ်သည် လီယန်ချူကို ဦးညွတ် ဂါရဝပြုရင်း -

"တာအိုမိတ်ဆွေ လီရဲ့ ကူညီစောင်မမှုကို ကျေးဇူးတင်ပါတယ်။ ဒီမဟာကျေးဇူးကို ဘဝဆက်တိုင်း မမေ့ပါဘူး။"

ယခုတစ်ကြိမ်တွင် သူ၏ အသက်ကို ကယ်တင်ရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်ကိုပါ မြှင့်တင်ပေးခဲ့ခြင်း ဖြစ်သည်။

လီယန်ချူက အနည်းငယ် ပြုံးပြလိုက်သည်။

ယခုအချိန်သည် ကျိုးရွှမ်၏ အတောက်ပဆုံး အချိန်ပင် ဖြစ်သည်။

ကျိုးရွှမ်သည် ဆန်းကြယ်သော ဓားအာရုံကို နားလည်သဘောပေါက်သွားပြီး ခြေတစ်လှမ်း လှမ်းလိုက်ကာ နန်းတော်ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ပျံလွှားဓားတစ်လက်ပြီးတစ်လက် ပျံသန်းထွက်လာကြရာ ၎င်းတို့မှာ ရော်ဖူတောင်၏ ရှေးဦးဘိုးဘေးများ၏ ကိုယ်ရံတော်ဓားများ ဖြစ်ကြသည်။

လူသေသော်လည်း ဓားသည် ဂိုဏ်းတံခါးသို့ ပြန်လာစမြဲ။

ဤဓားများသည် ရော်ဖူတောင် တပည့်များစွာ၏ ယုံကြည်ချက်များ ဖြစ်ကြသည်။

မုချဧကန်၊ တောင်၏ အခြေခံအုတ်မြစ်မှာ ရှန်းချန်ကျွင်း၏ လက်ထဲတွင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီ။

ယခုအချိန်တွင် ထိုကိုယ်ရံတော်ဓားများသည် ရှည်လျားစွာ မြည်နေကြပြီး အစွမ်းထက်သော ဓားကျင့်ကြံသူများက ကောင်းကင်နှင့် မြေပြင်သို့ ဓားကို ဆွဲထုတ်လိုက်သည့်အလား ထင်မှတ်ရသည်။

ကျိုးရွှမ်သည် ယခုအခါ လေဟာနယ်ထဲတွင် ရပ်နေပြီး ဆံပင်ရှည်များ လေထဲတွင် ဝဲပျံနေကာ အသွင်အပြင်မှာ အနှိုင်းမဲ့လှသည်။

လီယန်ချူနှင့် အခြားသူများသည် နန်းတော်အပြင်ဘက်သို့ ထွက်လာပြီး ကြည့်ရှုကြသည်။

ကျိုးရွှမ်၏ ခန္ဓာကိုယ်ထဲမှ ဓားအရှိန်အဝါသည် ထက်မြက်လှပြီး သူ့ကို ဝန်းရံကာ နဂါးများကဲ့သို့သော ဓားအလင်းတန်းများကို ဖြစ်ပေါ်စေသည်။

တောင်၏ ဓားပေါင်းသောင်းချီ လေထဲတွင် ပျံဝဲနေပြီး ဘိုးဘေးခန်းမမှ နတ်ရုပ်တုများ တစ်ပါးပြီးတစ်ပါး ပျံသန်းထွက်လာကြရာ ၎င်းတို့မှာ လွတ်လပ်ပေါ့ပါးပြီး ဆွဲဆောင်မှုရှိသော တောင်၏ ဘိုးဘေး ဆယ်ဂဏန်းခန့် ဖြစ်သည်။

၎င်းတို့၏ နတ်ရုပ်တုများသည် လေထဲတွင် ဆိုင်းငံ့နေကြသည်။

လူတိုင်း၏ အကြည့်သည် ရုတ်တရက် အေးခဲသွားသည်။

ယခုအချိန်တွင် ဟုန်ဟုန်တောက်တောက် ပျံသန်းနေသော ဓားများသည် ကျိုးရွှမ်ထံသို့ ပျံသန်းမသွားဘဲ တောင်၏ ဘိုးဘေးခန်းမထံသို့ တပြိုင်နက်တည်း ပျံသန်းသွားကြသည်။

ရှပ်...

ပျံလွှားဓားများသည် သံမဏိရေစီးကြောင်းကြီးကဲ့သို့ လီယန်ချူ၏ ရှေ့မှောက်သို့ အုန်းအုန်းကျက်ကျက် ရောက်ရှိလာပြီး တစ်ပြိုင်နက်တည်း ကျဆင်းသွားကာ သိပ်သည်းလှသော ဓားတောအုပ်ကြီးတစ်ခုအလား ဖြစ်သွားသည်။

ဓားရှည်များသည် အညံ့ခံသည့် အထိမ်းအမှတ်အဖြစ် အဆက်မပြတ် ဝုန်းဝုန်းမြည်နေကြသည်။

ရော်ဖူတောင်၏ ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ပုံတူပန်းချီကားများသည် လီယန်ချူ၏ နောက်ကွယ်တွင် ရပ်တည်နေကြသည်။

ရှူး...

ထိုသံချေးတက်နေသော ပထမဆုံး ဘိုးဘေး၏ ကိုယ်ရံတော်ဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီယန်ချူ၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။

တောင်သည် အလင်းရောင်များ တောက်ပလာပြီး ဓားကျောက်စာတိုင် ထဲမှလည်း နတ်အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ ယခုမြင်ကွင်းနှင့် အဝေးမှ တုံ့ပြန်နေသည့်အလား ထင်ရသည်။

ကျိုးရွှမ် - "........................"

လီယန်ချူ - "........................"

ရွှေချင်းဝမ် - "........................"

ရှန်းချန်ကျွင်း - "........................"

ရှန်တုမင်ယု - "........................"

ကျိုးရွှမ်၏ ဓားလမ်းစဉ် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် ဤအခိုက်အတန့်တွင် ရော်ဖူတောင်၏ ဓားပေါင်းသောင်းချီ ပျံဝဲလာပြီး နောက်ဆုံးတွင် လီယန်ချူကိုသာ တညီတညွတ်တည်း အရိုအသေပေးလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

ပို၍ စဉ်းစားရခက်သည်မှာ ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ပုံတူပန်းချီကားများသည်လည်း လီယန်ချူ၏ နောက်ကွယ်တွင် ရပ်နေကြခြင်းပင်။

ထို့အပြင် လောကတွင် အောက်ခြေကျဆုံးဟု ဆိုရမည့် ပထမဆုံး ဘိုးဘေး၏ ကိုယ်ရံတော်ဓားသည်လည်း လီယန်ချူ၏ လက်ထဲတွင် အလိုအလျောက် အကိုင်ခံရန် လာရောက်ခြင်းပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လီယန်ချူ၏ အငွေ့အသက်သည် လောကပြင်ပသို့ ရောက်ရှိနေသည့်အလား တစ်ဦးတည်း ထီးထီးကြီး ဖြစ်နေသည်။

သူ့ပတ်ဝန်းကျင်တွင် ဓားအရှိန်အဝါများ ဝန်းရံမနေသော်လည်း သူ့ကိုယ်၌ကပင် အားကောင်းသော အရှိန်အဝါတစ်ခု စီးဆင်းနေသည်။

မည်သို့ပင်ဆိုစေ ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ပုံတူပန်းချီကားများသည် သူ့နောက်တွင် ရှိနေပြီး ယခုအခါ ဓားပေါင်းသောင်းချီက သူ့ကို အရိုအသေပေးနေကြသည်။

ထို့အပြင် ထိုပထမဆုံး ဘိုးဘေး၏ ကိုယ်ရံတော်ဓားလည်း ရှိနေသဖြင့် လူတို့ကို ဤသို့သော အမြင်မှားမှုမျိုး ဖြစ်ပေါ်စေရန် အလွန် လွယ်ကူလှသည်။

ကျိုးရွှမ်သည် ယခုအခါ ဓားစိတ်နှလုံး ကြည်လင်နေသဖြင့် လီယန်ချူ၏ ခန္ဓာကိုယ်ထဲမှ ကြီးမားလှသော ဓားကံကြမ္မာ ကို ခံစားမိကာ -

"ဓားကံကြမ္မာ ခန္ဓာကိုယ်ပေါ် ရောက်နေတာပဲ... ဒီတာအိုမိတ်ဆွေ လီက ဘယ်လိုလူလဲ "

ရုတ်တရက် သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ပေါ်လာသည်။

၎င်းသည် ယခင်က လောက၏ ထိပ်တန်းဓားကျင့်ကြံသူကို အလွန်တရာ စိတ်လှုပ်ရှားသွားစေသည်။

"ဒီတာအိုမိတ်ဆွေ လီက... ငါတို့ရဲ့ ပထမဆုံး ဘိုးဘေး ဝင်စားတာတော့ မဟုတ်ပါဘူးနော် "

တစ်ခဏအတွင်းမှာပင် ဤလောက၏ ထိပ်တန်းဓားကျင့်ကြံသူသည် လီယန်ချူကို ကြည့်သော အကြည့်များမှာ အလွန်တရာ ပြင်းပြလာခဲ့သည်။

လီယန်ချူသည် ဤမြင်ကွင်းကို မြင်သောအခါ သူကိုယ်တိုင်လည်း အလွန် ဆွံ့အသွားမိသည်။

ရော်ဖူတောင်သည် မိမိအပေါ် အမြဲတမ်း အကြီးမားဆုံးသော စေတနာကိုသာ ပြသနေသည့်အလား။

သူသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ငါက ဓားမကြီးကို သုံးတာလေ။ ငါ့ကို ဓားကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းဖို့ အတင်းဖိအားပေးနေတာလား။

ဓားကျင့်ကြံသူရဲ့ လမ်းစဉ်ကို လျှောက်လှမ်းပြီး ဓားကျင့်ကြံသူတွေကို လမ်းပျောက်အောင် လုပ်ရမလား။

……………………

လီယန်ချူသည် ရော်ဖူတောင်မှ ထွက်ခွာလာခဲ့ပြီး ယွမ်မုန့်ကျောက် နှင့် ပတ်သက်၍လည်း အချို့ကို နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

၎င်းသည် အလွန်တရာ အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး အလွန် ကျယ်ပြောလှကာ ထိုနေရာတွင် ရှေးဟောင်း ဘီလူးကြီးများ ပေါ်ထွက်တတ်ပြီး နဂါးခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိကာ အချို့သော ကြောက်စရာကောင်းသည့် သတ္တဝါကြီးများလည်း ရှိကြသည်။

ထိုစဉ်က ကျိုးရွှမ်၏ ကျင့်ကြံမှုအဆင့်ဖြင့် ဝင်ရောက်ခဲ့စဉ်ကပင် အလွန်တရာ ဂရုစိုက်ခဲ့ရသည်။

"နဂါးခေါင်းနဲ့ လူကိုယ်ခန္ဓာ နတ်ဘုရားလား"

လီယန်ချူသည် မျက်ခုံးပင့်လိုက်သည်။

အစောပိုင်းက သူသည် ကျိုဖုန်းတောင် အနီးအနားတွင် လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ မှားယွင်းဝင်ရောက်ခဲ့ဖူးပြီး နဂါးခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော ရှေးဟောင်း ဘီလူးကြီးတစ်ကောင်နှင့် မျက်လုံးခြောက်လုံးရှိသော လိပ်ဘီလူးကြီးတစ်ကောင်တို့ တိုက်ခိုက်နေကြသည်ကို တွေ့ခဲ့ဖူးသည်။

နောက်ပိုင်းတွင် သူသည် ထိုအစွမ်းထက်သော တည်ရှိမှုနှစ်ခု၏ လက်ထဲမှ လှံကြီးကို လုယူခဲ့သည်။

ထို့အပြင် သူသည် ငရဲတောင် ၏ နာမည်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

လီယန်ချူသည် နောက်ပိုင်းတွင် တရားရုံးတော် ၏ ရွှီထျန်နန်၏ နှုတ်မှ သိရှိခဲ့ရသည်မှာ ငရဲတောင်သည် ဤအစွမ်းထက်သော ရှေးဟောင်း တည်ရှိမှုနှစ်ခုကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပုံရသည်။

"ဒီလောက်တောင် တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး... ဒါဆို အဲဒီနေရာက ယွမ်မုန့်ကျောက်လား "

ထိုစဉ်က သူသွားခဲ့သော စစ်တလင်းထဲတွင် ကျန်ရစ်ခဲ့သော ကာကွယ်ရေးပစ္စည်း များစွာ ရှိနေပြီး အများစုမှာ ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ကောင်းချီးပေးထားသော ပစ္စည်းများနှင့် ညီမျှသည်။

သို့သော် ယခုအခါ ကျိုဖုန်းတောင်သည် လုံးဝ ပိတ်ဆို့ခြင်း ခံထားရသဖြင့် စုံစမ်းစစ်ဆေး၍ မရတော့ချေ။

လီယန်ချူသည် တိမ်စီးကာ ဝေမြို့ သို့ ပြန်လာခဲ့သည်။

ရော်ဖူတောင်၏ ပထမဆုံး ဘိုးဘေး၏ ကိုယ်ရံတော်ဓားသည်လည်း သူနှင့်အတူ ထွက်ခွာလာခဲ့သည်။

ယခင်အကြိမ်က လီယန်ချူနှင့် လွဲချော်ခဲ့ရသဖြင့် ဤဓားဟောင်းသည် မည်သို့ပင်ဆိုစေ တောင်ပေါ်တွင် မကျန်ရစ်လိုတော့ချေ။

လီယန်ချူသည် ၎င်းကို သိုလှောင်အိတ် ထဲသို့သာ ထည့်သွင်းသိမ်းဆည်းလိုက်ရသည်။

ယခုအခါ ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်သည် စိတ်အာရုံပင်လယ်ထဲမှ ညစ်ညမ်းမှုများကို ဖယ်ရှားနိုင်ခဲ့ပြီး ကျင့်ကြံမှုအဆင့် ပြန်လည်ရရှိကာ ဓားလမ်းစဉ်ကိုလည်း နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စစ်ချင်းဝမ်သည်လည်း အစွမ်းထက်လှပေသည်။

ရော်ဖူတောင် ပြန်လည်ထွန်းကားလာရန် ရက်ပိုင်းသာ လိုတော့သည်။

……

ဝေမြို့သို့ ပြန်ရောက်သောအခါ လီယန်ချူသည် ဆိုင်ရှင်မ ကို ဤအကြောင်း ပြောပြရာ ဆိုင်ရှင်မ သည်လည်း အနည်းငယ် ထူးဆန်းအံ့ဩသွားမိသည်။

"သိုင်းပညာ နတ်ဘုရားစွမ်းအားက ကောင်းကင်လူသားတွေကြောင့် ဖြစ်ရတဲ့ ညစ်ညမ်းမှုကို ဖိနှိပ်နိုင်တာလား။"

ဆိုင်ရှင်မ ၏ အလွန်လှပသော မျက်ခုံးအစုံသည် တွန့်ချိုးသွားပြီး တွေးတောဆင်ခြင်မှုထဲသို့ ကျရောက်သွားပုံရသည်။

လီယန်ချူသည်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ လူများစွာသည် သိုင်းပညာရှင် လူသားနတ်ဘုရားအပေါ် အလွန်တရာ ရန်ငြိုးကြီးမားကြရာ ဤအခြင်းအရာနှင့် သက်ဆိုင်နေသလော။

ကျိုးရွှမ်သည် ယွမ်မုန့်ကျောက် ပြန်လည်ပွင့်တော့မည်ကို မရေမရာ ခံစားနေရရုံသာရှိပြီး အသေးစိတ် ပွင့်မည့်အချိန်နှင့် နေရာကိုမူ သူကိုယ်တိုင်လည်း မသိရှိချေ။

လောကရှိ လျှို့ဝှက်နယ်မြေများ ပွင့်သည့်နည်းလမ်းမှာ အမျိုးမျိုး ရှိကြသည်။

သို့သော် ယွမ်မုန့်ကျောက်သည် ဤမျှ ဆန်းကြယ်ပြီး ရှေးကျလှသဖြင့် ပွင့်လာပါက မည်သည့် သတင်းမျှ မရှိဘဲ နေမည်မဟုတ်ချေ။

လီယန်ချူသည် ဝေမြို့၌ စိတ်အေးချမ်းသာစွာဖြင့် ကျမ်းစာရွတ်ဖတ်ခြင်းနှင့် လက်သီးလေ့ကျင့်ခြင်းတို့ကိုသာ လုပ်ဆောင်နေပြီး သိုင်းပညာ နတ်ဘုရားစွမ်းအား၏ ပုံစံအသစ်ကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် ခြေလက် လေ့ကျင့်ခန်း လုပ်ဆောင်ရန် ပိုမို စိတ်ဝင်စားလာခဲ့သည်။

ညဦးပိုင်းသို့ ရောက်သောအခါ သူသည် ထိုက်ဖင်တည်းခိုခန်း ထဲ၌ ဆိုင်ရှင်မ နှင့်အတူ ဒချိ ဒချိကျင့်စဉ် ကို ကျင့်ကြံကြသည်။

ဆိုင်ရှင်မ သည် ခြေတံရှည်ပြီး သန်မာကာ အရေပြားမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့လှသဖြင့် ပုံစံအမျိုးမျိုးကို စမ်းသပ်နိုင်သည်။

ဒါ့အပြင် သူမသည် ကာကွယ်ရေးပစ္စည်းများကိုလည်း သွန်းလုပ်တတ်သဖြင့် အဝတ်အစား ပုံစံအသစ်များစွာကိုလည်း တီထွင်ထားသေးသည်။

ညဉ့်နက်လာသောအခါ လီယန်ချူ၏ ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှုမှာ အလွန်တရာ မြင့်မားလှသည်။

…………

ဤရက်တွင် လီယန်ချူသည် ကုတင်ဘေးတွင် ထိုင်နေပြီး ဆိုင်ရှင်မ သည် သူ၏ ခြေထောက်နှစ်ချောင်းကြားတွင် ဆောင့်ကြောင့်ထိုင်နေသည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း...

မိုင်ထောင်ချီ သတင်းပို့အဆောင် သည် ရုတ်တရက် တုန်ခါလာသည်။

မိုင်ထောင်ချီ သတင်းပို့အဆောင် ကို လောလောဆယ်တွင် လီယန်ချူ၊ ဖန့်ချင်းလန်နှင့် ဆိုင်ရှင်မ သုံးဦးသာ ပိုင်ဆိုင်ကြသဖြင့် ယခု တုန်ခါလာခြင်းမှာ ဖန့်ချင်းလန် ဖြစ်ရမည်။

ဖန့်ချင်းလန်သည် အလွန်တရာမှ တက်ကြွစွာ ဆက်သွယ်လေ့မရှိသဖြင့် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ဖြစ်နေသော်လည်း ဆိုင်ရှင်မ သည် ခန္ဓာကိုယ်ကို နောက်သို့ဆုတ်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်ရင်း -

"လက်ခံလိုက်လေ... ချင်းလန်မှာ ဘာကိစ္စရှိလို့လဲ ကြည့်ရအောင်။"

ယခုအချိန်မှာ ညဉ့်နက်နေပြီ ဖြစ်သဖြင့် ဆိုင်ရှင်မ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။

သူမသည် နှုတ်ခမ်းထောင့်ကို ညင်သာစွာ သုတ်လိုက်ရာ ထိုအမူအရာက ပိုမို၍ ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိနေစေသည်။

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး မန္တန်စွမ်းအား ကို ထည့်သွင်းလိုက်ရာ မိုင်ထောင်ချီ သတင်းပို့အဆောင်ပေါ်တွင် အလင်းရောင်တစ်ခု ပေါ်လာသည်။

ထိုဘက်တွင် ဖန့်ချင်းလန်၏ အေးစက်တည်ငြိမ်သော ပုံသဏ္ဌာန် ရှိနေပြီး ခါးတွင် ဓားဟောင်းတစ်လက်ကို ချိတ်ဆွဲထားကာ ရှေ့တွင် မီးပုံတစ်ခု ရှိနေပြီး မီးပေါ်တွင် ယုန်တစ်ကောင်ကို ကင်ထားသည်။

မီးလင်းရောင်သည် ဖန့်ချင်းလန်၏ အေးစက်လှပသော မျက်နှာပေါ်သို့ ထိုးဟပ်နေပြီး အလွန်တရာ စွဲမက်ဖွယ်ကောင်းလှသည်။

လီယန်ချူဘက်တွင်မူ သူ၏ ခန္ဓာကိုယ်တစ်ဝက်သာ ပေါ်နေသည်။

ဖန့်ချင်းလန်က ပြောလိုက်သည်။

"ဒီအချိန်ကြီး ဆက်သွယ်ရတာ... ရှင်တို့ရဲ့ ကိစ္စကောင်းကို မနှောင့်ယှက်မိဘူးမလား "

လီယန်ချူက ပြုံးလိုက်ရင်း -

"မင်းကော ဘယ်လိုထင်လဲ... ဘာကိစ္စရှိလို့လဲ။"

ဖန့်ချင်းလန်က သူ့ကို မကျေမနပ် တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ပြောသည်။

"ငါ တျန့်ချန်းတောင် အောက်မှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုကို တွေ့ခဲ့တယ်။"

လီယန်ချူက အံ့ဩသွားပြီး -

"ဘာထူးဆန်းတဲ့ ကိစ္စလဲ"

ဖန့်ချင်းလန်က တည်ငြိမ်စွာ ပြောသည်။

"တျန့်ချန်းတောင် အနီးအနားမှာ မွေးကင်းစကလေးငယ်တွေ ပျောက်ဆုံးနေတယ်။ ငါ ဒီကိစ္စကို စုံစမ်းရင်းနဲ့ သဲလွန်စက ရှောင်အန်းကျောင်းတော် ဆီ ရောက်သွားတယ်။ ကျောင်းတော်ထဲက ရဟန်းအိုကြီးတစ်ပါးက အလွန် ထူးဆန်းတယ်။ ရိုးရိုးသာမန်လူ ဖြစ်နေတာ ထင်ရှားပေမဲ့ ငါ သူ့ဆီကနေ ကြီးမားကျယ်ပြန့်တဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရတယ်။"

လီယန်ချူ လန့်သွားပြီး -

"ဒီလိုကိစ္စမျိုး ရှိတာလား"

ဖန့်ချင်းလန်သည် ဓားနတ်ဘုရား လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်ပြီး ရော်ဖူတောင်၏ ဦးလေး ကျိုးရွှမ်၏ ဓားလမ်းစဉ် ပါရမီနှင့် မည်သူက ပို၍ မြင့်မားသည်ကိုမူ မသိရှိချေ။

ထို့အပြင် နတ်ဆရာကြီး ကလည်း ဖန့်ချင်းလန်သည် စိတ်ဝိညာဉ် သန့်စင်ပြီး ပေါ့ပါးကာ လွတ်လပ်သော နတ်ဘုရား ဖြစ်သည်ဟု ပြောဖူးသည်။

ဆိုင်ရှင်မ ကဲ့သို့ပင် သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း လျှို့ဝှက်ချက်များ ရှိနေသည်။

အကယ်၍ သူမကိုယ်တိုင် မဖြေရှင်းနိုင်သော ကိစ္စမဟုတ်ပါက သူမ၏ စရိုက်အရ တိုက်ရိုက် လက်ဦးမှု ရယူခြင်း သို့မဟုတ် စမ်းသပ်ခြင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး သီးသန့် သတင်းပို့လာမည် မဟုတ်ချေ။

ဖန့်ချင်းလန်က ဆက်ပြောသည်။

" ရဟန်းအိုကြီးက အလွန် ထူးဆန်းတယ်။ ရှင် တစ်ခေါက်လောက် လာခဲ့တာ ပိုကောင်းမယ်။ တျန့်ချန်းတောင် အနီးအနားက ကလေးငယ်တွေ ပျောက်ဆုံးတာဟာ သူ့နဲ့ ရှစ်ပုံတစ်ပုံခန့် သက်ဆိုင်နေရမယ်။"

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး -

"မင်း အခု ဘယ်မှာလဲ"

ဖန့်ချင်းလန်က -

"တျန့်ချန်းတောင်ရဲ့ အနောက်တောင်ဘက် မိုင် ရှစ်ဆယ်အကွာမှာ... ဒီဘက်ကို လာရင် ငါ့ကို ရှာတွေ့နိုင်လိမ့်မယ်။"

သတင်းပို့ခြင်း ပြီးဆုံးသွားပြီးနောက်...

လီယန်ချူက မျက်မှောင်ကြုတ်ကာ -

"အဲဒီလူရဲ့ ကိုယ်ပေါ်က အငွေ့အသက်က ချင်းလန်ကိုတောင် စိုးရိမ်စိတ် ဖြစ်ပေါ်စေတာပဲ "

ဆိုင်ရှင်မ က တွေးတောရင်း ပြောသည်။

"သူမရဲ့ စရိုက်အရ ဒီကို လာရှာတယ်ဆိုရင်... ဒီကိစ္စက သူမပြောတာထက် ပိုပြီး ပြင်းထန်နိုင်တယ် "

ဆိုင်ရှင်မ သည် စကားလမ်းကြောင်းကို လွှဲလိုက်ပြီးနောက် မကျေမနပ် ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ဒီလောက် ပြင်းထန်နေတာတောင် သူမက ယုန်ကင်စားဖို့ စိတ်ကူးရှိနေသေးတာပဲ။ သူမ တမင်လုပ်တာလားလို့ ငါ သံသယဝင်မိတယ် "

လီယန်ချူက အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီး -

"ဖြစ်နိုင်တာက သူမ ထမင်းမစားရသေးလို့နေမှာပါ "

ဆိုင်ရှင်မ သည် လီယန်ချူ၏ အောက်ပိုင်းကို တစ်ချက် ကြည့်လိုက်ပြီး စကားအဓိပ္ပာယ် နှစ်ခွဖြင့် ပြောလိုက်သည်။

"သူမ ဗိုက်မဝသေးတာ ဖြစ်ရမယ် "

ပြောသာပြောရသော်လည်း ညီမဖြစ်သူက ခဲရာခဲဆစ် တက်ကြွစွာ ဆက်သွယ်လာပြီး အကူအညီ တောင်းခံခြင်း ဖြစ်သည်။

ဆိုင်ရှင်မ က လီယန်ချူကို အမြန်ထွက်ခွာရန် တိုက်တွန်းလိုက်ပြီး လီယန်ချူ အဝတ်အစားများ သပ်ရပ်စွာ ဝတ်ဆင်ပြီးနောက် ဆိုင်ရှင်မ က ပြောသည်။

"သွားတော့... ရှင် နဲ့ သူမ မတွေ့ရတာ ရက်ပေါင်းများစွာ ကြာပြီပဲ။ ဒီတစ်ခေါက်တော့ သူမနဲ့အတူ ရက်အနည်းငယ် ပိုပြီး နေပေးလိုက်ပါ။"

လီယန်ချူက လှည့်ကြည့်ကာ ပြုံးလိုက်ရင်း -

"အခုကျတော့ မင်း ဘာလို့ သူမအပေါ် သဝန်မတိုတော့တာလဲ "

ဆိုင်ရှင်မ က ညင်သာစွာ သက်ပြင်းချလိုက်သည်။

"နည်းနည်းတော့ ရှိသေးတာပေါ့... ဒါပေမဲ့ အခု ငါတစ်ယောက်တည်းနဲ့ကတော့ တကယ်ကို မနိုင်တော့ဘူး။ လူတစ်ယောက် တိုးလာပြီး ကူညီဝေမျှပေးတာလည်း ကောင်းတာပဲ "

"ဒါနဲ့... ‌ကျွေ့ ဟွာ နတ်ဘုရားစွမ်းအားကို နားလည်ပြီး လုံးဝ လူအသွင် ပြောင်းလဲသွားရင် သူမကိုပါ အခန်းထဲ ခေါ်ထားလိုက်ရင် မကောင်းဘူးလား။"

လီယန်ချူ၏ နှုတ်ခမ်းထောင့်က တစ်ချက် တုန်ခါသွားပြီး -

"ဒီအချိန်မှာ ဒါတွေကို မပြောပါနဲ့ဦး။"

ဆိုင်ရှင်မက အကြံပြုသည်။

"တကယ် ကောင်းတာပါ။ ကျွေ့ဟွာ လူအသွင်ပြောင်းသွားရင် ကိုယ်လုံးကိုယ်ပေါက်က အရှေ့ရော အနောက်ရော ထွက်နေမှာ။ ဒါ့အပြင် ရှင် ပြောဖူးတဲ့... ကြောင်နားရွက်မလေး လား။ ဟုတ်တယ်... ကြောင်နားရွက်မလေး။"

လီယန်ချူ - "........................"

တစ်ခါတစ်ရံ ဆိုင်ရှင်မ နှင့် ဤကိစ္စများကို အများကြီး ဆွေးနွေးမိခြင်းသည်လည်း မကောင်းလှချေ။ ဆိုင်ရှင်မသည် 'ဆရာကြီး' တစ်ဦး ဖြစ်လာမည့် အလားအလာ ရှိနေချေပြီ။

လီယန်ချူသည် တိုက်ရိုက်ပင် မှော်လွန်းပျံ ကို ထုတ်ယူကာ ကောင်းကင်သို့ ပျံတက်သွားပြီး တိမ်တိုက်ထဲတွင် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

…………

မှော်လွနပျံ သည် ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်းသွားရာ အရှိန်မှာ အလွန်တရာ မြန်ဆန်လှပြီး အလွန် အစွမ်းထက်သော ပျံသန်းရေး ရတနာတစ်ခု ဖြစ်သည်။

လီယန်ချူ ရောက်ရှိသွားချိန်တွင် ဖန့်ချင်းလန်သည် လက်ထဲမှ ယုန်ကင်ကို လှမ်းယူကာ စားခါစသာ ရှိသေးသည်။

ယုန်ကင်မှာ ရွှေဝါရောင် တောက်ပနေပြီး အပေါ်တွင် အမွှေးအကြိုင်အချို့ ဖြူးထားသဖြင့် အနံ့မှာ သွားရည်ကျစရာ ကောင်းလှသည်။

လီယန်ချူသည် သူမကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးမိသည်။

တောရိုင်းထဲမှာ အသားကင်တာက ဇာတ်လိုက်တွေရဲ့ မရှိမဖြစ် နည်းလမ်းပဲ။ မင်း ဒီလောက်တောင် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဖန့်ချင်းလန်သည် သူရောက်လာသည်ကို မြင်သောအခါ အနည်းငယ် ပြုံးပြလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

"ဒီလောက် မြန်တာပဲ... ငါက မနက်ဖြန်မှ ရောက်မယ် ထင်နေတာ။"

လီယန်ချူက ပြုံးလိုက်ရင်း -

"မင်းပြောတဲ့ ကိစ္စက အနည်းငယ် ထူးဆန်းနေလို့... ငါ မင်းကို စိတ်မချဘူး "

ဖန့်ချင်းလန်၏ အေးစက်လှပသော မျက်နှာပေါ်တွင် နီမြန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကောက်ကွေးသွားကာ ချက်ချင်းပင် ပြန်လည် ဖိနှိပ်လိုက်ရင်း -

"ဒီနေ့ ရှင်တို့ရဲ့ ကိစ္စကောင်းကို နှောင့်ယှက်မိပြီ။ ဒီအချိန်က ယင်ယန်ကျင့်စဉ် လုပ်ရမယ့် အချိန်မဟုတ်ဘူးလား"

လီယန်ချူသည် ဤစကားကို ဆက်မပြောဘဲ မေးမြန်းလိုက်သည်။

"အဲဒီ ရဟန်းအိုကြီးက အပြင်ပန်းကြည့်ရင် သာမန်လူတစ်ယောက်လိုပဲဆိုတော့... ဖြစ်နိုင်တာက လောကပြင်ပက ပုန်းအောင်းနေတဲ့ ပညာရှင်ကြီးလည်း ဖြစ်နိုင်တာပဲ။"

ဖန့်ချင်းလန်သည် လီယန်ချူ၏ စကားလမ်းကြောင်းအတိုင်း ရှင်းပြသည်။

"အဲဒီလူရဲ့ အငွေ့အသက်က အလွန် ထူးခြားတယ်။ ပြောမပြတတ်တဲ့ ခံစားချက်မျိုးပဲ။ သာမန် ကျင့်ကြံသူနဲ့မတူဘဲ နတ်ဘုရား တစ်ပါးနဲ့ ပိုတူတယ် "

လီယန်ချူက မျက်ခုံးပင့်လိုက်ရင်း -

"နတ်ဘုရားလား"

ဒီလောကကြီးက တကယ်ပဲ ပျက်စီးတော့မှာလား။

All Chapters