အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅) ဝိညာဉ်ဆေးပင် မျိုးစေ့အားလုံး စုဆောင်းရရှိပြီးဖြစ်ခြင်း
အိုယန်ပင်း၏ အိမ်၌။
အလုပ်ချိန် ပြီးဆုံးသွားသောအခါ အိုယန်ဝမ်ရှင်းသည် အိမ်သို့ အလျင်စလို ပြန်လာခဲ့ပြီး မျက်နှာသစ်ကာစဖြစ်သော အိုယန်ပင်းကို တားလိုက်၏။
"ဒီနေ့ ယွီရွှေမြစ်ပေါ်က ကျောက်တံတားပေါ်မှာ နင်က ယောက်ျားတစ်ယောက်ကို ဖက်နေတယ်လို့ ငါ့လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားတယ်... အဲ့တာ တကယ်ပဲလား..."
အိုယန်ဝမ်ရှင်းက ဒေါသတကြီး မေးလိုက်၏။
"ဟုတ်တယ်... အဲ့တာကို ယန်ချန်ဖုန်းလည်း သိတယ်..."
အိုယန်ပင်းက ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ဘာတွေးနေသည်ကို သိနိုင်သဖြင့် ဖုံးကွယ်မနေဘဲ တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
"နင်... နင်... နင်က တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... နင်က ယန်မိသားစုကို ပြစ်မှားလိုက်တာပဲ... သူတို့က နင့်ကို အလွတ်ပေးမှာ မဟုတ်သလို နင့်အဖေကိုလည်း ခရိုင်ဝန်ရာထူးကနေ ဖယ်ရှားပစ်ကြလိမ့်မယ်..."
အိုယန်ဝမ်ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုအခိုက်တွင် အိုယန်ပင်းက လျှောက်သွားကာ အိုယန်ဝမ်ရှင်း၏ လက်မောင်းကို ကိုင်လိုက်ပြီး တည်ငြိမ်စွာ ရှိနေဆဲပင် ဖြစ်သည်။
"အဖေ... အဖေ့ရဲ့ စိုးရိမ်မှုတွေက မလိုအပ်ပါဘူး... ယန်ချန်ဖုန်းကိုယ်တိုင် ကျောက်လင်ကို တားဖို့ကြိုးစားခဲ့ပေမဲ့ ကျောက်လင်က သူ့ကို မောင်းထုတ်ခဲ့ပြီးပြီ... ဒါ့အပြင် ယန်မိသားစုက အဖေ့ကို ပစ်မှတ်ထားလာမယ်ဆိုပြီး ကြောက်နေစရာ မလိုပါဘူး... သမီး တစ်ခုလောက်ပဲ ပြောပြမယ်... ကျောက်လင်ရဲ့ မိသားစုနောက်ခံနဲ့ ယှဉ်လိုက်ရင် ယန်မိသားစုက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ..."
အိုယန်ပင်းက အပြုံးကြော့ကြော့လေးဖြင့် ပြောလိုက်၏။
အိုယန်ဝမ်ရှင်းက သူ၏ သမီးကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ သူသည် သမီးဖြစ်သူ၏ စရိုက်ကို ကောင်းကောင်းသိထားပြီး သူမက အကြောင်းပြချက်မရှိဘဲ စကားပြောမည် မဟုတ်ကြောင်းကိုလည်း သိထား၏။
"ကျောက်လင်ဆီမှာ တကယ်ပဲ ထူးခြားတဲ့ နောက်ခံရှိနေတာများလား..."
ထိုအခိုက်တွင် အိုယန်ဝမ်ရှင်းက ထိုသို့ ခန့်မှန်းမိသွားသည်။
ထိုသို့ဖြစ်နေသောကြောင့် အိုယန်ဝမ်ရှင်းမှာ လက်လျှော့ကာ စောင့်ကြည့်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ အိုယန်ပင်းသည် ကျောက်လင်အား ပွေ့ဖက်ခဲ့ပြီးဖြစ်ကာ ယန်မိသားစုကလည်း အိုယန်ပင်းကို လက်ခံနိုင်မည် မဟုတ်တော့ပေ။ အိုယန်ဝမ်ရှင်း မည်မျှပင် စိုးရိမ်နေစေကာမူ ယခုအချိန်၌ အသုံးဝင်မည် မဟုတ်တော့ချေ။
ဖခင်ဖြစ်သူ ငြိမ်သက်သွားသည်ကို မြင်သောအခါ အိုယန်ပင်းက ဘာမှဆက်မပြောတော့ဘဲ ရဲမက်ဓားကို ကောက်ကိုင်ကာ မြင်းစီး၍ လင်ယွန်းစံအိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားတော့သည်။
"သခင်မ... ရောက်လာပြီပေါ့..."
အစေခံမလေး ချွန်းရှန်သည် အိုယန်ပင်း ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း တံခါးဝ၌ ရပ်နေ၏။
"အင်း..."
အိုယန်ပင်းက ညင်သာစွာ တုံ့ပြန်လိုက်ပြီး မြင်းကို စံအိမ်ထဲသို့ ဆွဲခေါ်သွားကာ မြင်းချည်တိုင်ကို ရှာ၍ ချည်နှောင်လိုက်ပြီးနောက် ကျောက်လင်၏ အခန်းဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။
"ကျောက်လင်... ငါ ရောက်လာပြီ..."
အိုယန်ပင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
ကျောက်လင်နှင့် တရားဝင် မလက်ထပ်ရသေးမီ အိုယန်ပင်းအတွက် ခင်ပွန်း ဟုခေါ်ရန် ခက်ခဲနေခဲ့သည်။
"ဒါက သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးပဲ... ဒါကို ယူပြီး စားလိုက်ပါ... ပြီးရင် အပြင်ဘက် လဟာပြင်မှာ ကျင့်ကြံလိုက်... ဒီညတော့ မင်း ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ကို ထိုးဖောက်ကျော်ဖြတ်နိုင်လိမ့်မယ်..."
ကျောက်လင်သည် အိုယန်ပင်း၏ ကျင့်ကြံမှုအဆင့်ကို ထိုးဖောက်ကျော်ဖြတ်နိုင်ရန်အတွက် ဝိညာဉ်သစ်သီး ပေးမည်ဟု နေ့လယ်ကတည်းက ကတိပေးထားခဲ့ခြင်း ဖြစ်သည်။
ကျောက်လင် ထုတ်ပေးလာသော သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီး သုံးလုံးကို မြင်လိုက်ရသောအခါ အိုယန်ပင်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာ၏။ ဤအရာက ဝိညာဉ်သစ်သီးပင် ဖြစ်သည်။ အိုယန်ပင်း၏ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုတို့ဖြင့် ဆိုလျှင် ဝိညာဉ်သစ်သီးကို ရရှိရန်အတွက် တကယ်တမ်း၌ အလွန်ပင် ခက်ခဲလှပေသည်။
အိုယန်ပင်းသည် သူမ၏ မွေးရာပါ ကျင့်ကြံမှုစွမ်းရည်အပေါ် မှီခိုကာ နေ့ရောညပါ ကြိုးစားပမ်းစား ကျင့်ကြံလျှင်ပင် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်သို့ ထိုးဖောက်ကျော်ဖြတ်နိုင်ရန် ဖြစ်နိုင်ခြေရှိဖို့အတွက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။ ကျောက်လင်က သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီး သုံးလုံးကို လွယ်လွယ်ကူကူ ပေးကမ်းလိုက်ပြီး အိုယန်ပင်း၏ ကျင့်ကြံမှုအဆင့်ကို ညတွင်းချင်း ထိုးဖောက်ကျော်ဖြတ်နိုင်စေခဲ့၏။ ဤအရာက အိုယန်ပင်းကို ရင်တွင်းအသည်းနှလုံးထဲမှနေ၍ သဘာဝကျကျပင် လှုပ်ခတ်သွားစေခဲ့သည်။
အိုယန်ပင်းက ဝိညာဉ်သစ်သီး သုံးလုံးကို ယူကာ အခန်းထဲမှထွက်ပြီး ဘေးနားရှိ လဟာပြင်သို့ သွားကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် ကျောက်လင်က ယဲ့လင်အာကို ကြည့်လိုက်၏။
"ဇနီးလေး... ညက ရှည်လျားတယ်... ကိုယ်လည်း အချိန်မဖြုန်းချင်တော့ဘူး..."
သူ၏ မျက်လုံးများထဲတွင် အရိုင်းဆန်သော အလင်းရောင်များ ပြည့်နှက်နေလျက် ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့လင်အာက နားလည်သွား၏။
"ခင်ပွန်း... အရင်ကတော့ ကျွန်မတို့ ညီအစ်မ တော်တော်များများကို ခင်ပွန်းက ရင်ဆိုင်ခဲ့ပေမဲ့ အခုက ကျွန်မ တစ်ယောက်တည်းဆိုတော့ သိပ်ပြီး ကြမ်းကြမ်းတမ်းတမ်းတော့ မလုပ်ရဘူးနော်..."
ယဲ့လင်အာက မျက်နှာလေး နီရဲကာ ပြောလိုက်သည်။
"ဟားဟားဟား..."
ကျောက်လင်က အားရပါးရ ရယ်မောလိုက်ပြီး ယဲ့လင်အာကို ဘေးခန်းသို့ ခေါ်ဆောင်သွားတော့၏။
အိုယန်ပင်းက အပြင်ဘက်၌ ကျင့်ကြံနေပြီး အခြားလူနှစ်ယောက်က အတွင်းဘက်၌ ကျင့်ကြံနေကြသည်။ လေထုက အလွန်ပင် သဟဇာတဖြစ်ကာ လိုက်ဖက်ညီလှပေသည်။
နံနက်စောစောတွင် ကျောက်လင်က နိုးလာခဲ့၏။
ကျောက်လင် ထိုင်လိုက်သည်နှင့် သူ၏ တစ်ဖက်တစ်ချက်စီတွင် အိပ်ပျော်နေသော လိမ္မာရေးခြားရှိသည့် ကြောင်ပေါက်လေးများကို ကြည့်ကာ တော်တော်လေး ဂုဏ်ယူနေမိသည်။
ပြီးခဲ့သောညက အိုယန်ပင်းသည် သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးကို သုံးဆောင်၍ ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ထိုးဖောက်ကျော်ဖြတ်နိုင်ခဲ့သည်။
သူမ၏ ကျင့်ကြံမှုအပြီးတွင် အိုယန်ပင်း၌ ရေခဲဘုရင်မတစ်ပါး၏ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ပိုင်ဆိုင်လာသဖြင့် ကျောက်လင်သည် သဘာဝကျကျပင် သူမကို အလွတ်မပေးတော့ဘဲ သူမ၏ ကျင့်ကြံမှုကို ပိုမိုတိုးတက်စေရန် အခန်းထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ကျင့်ကြံခြင်း +၂။
ကံမကောင်းစွာဖြင့် သူသည် အိုယန်ပင်းကို ကိုယ်ဝန်မရစေနိုင်သေးသဖြင့် သူမထံမှ မည်သည့်စွမ်းရည်ကိုမျှ ထုတ်ယူ၍ မရနိုင်ခဲ့ပေ။ သို့သော်လည်း ကျောက်လင်က အလျင်စလို မဖြစ်ခဲ့ချေ။ အချိန်အများကြီးရှိသေးပြီး သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသမည့်နေ့က ရောက်လာဦးမည်သာ ဖြစ်သည်။
"စနစ်အမှတ်တွေ အများကြီးနဲ့ ဒီနေ့အတွက် ဝယ်ယူခွင့် ရှစ်ကြိမ်ရှိနေတာဆိုတော့ အဲ့ဒါတွေကို အရင်သုံးလိုက်ရအောင်..."
ကျောက်လင်က စိတ်ထဲမှ တွေးလိုက်၏။
ထို့ကြောင့် ကျောက်လင်၏ အသိစိတ်က စနစ်ဈေးဆိုင်ဆီသို့ အာရုံစူးစိုက်သွားတော့သည်။
[ကျောက်စိမ်းကြယ်မြက်ပင် မျိုးစေ့များ - အမှတ် ၂၀၀]
[သွေးကြောဖြူအနီရောင်သစ်သီး မျိုးစေ့များ - အမှတ် ၂၂၀]
တစ်သောင်း ဝယ်ယူလိုက်၏။
"မနေ့က သွေးကြောပန်း မျိုးစေ့တွေကို ဝယ်ခဲ့ပြီး ဒီနေ့တော့ ကျောက်စိမ်းကြယ်မြက်ပင်နဲ့ သွေးကြောဖြူအနီရောင်သစ်သီး မျိုးစေ့တွေကို ဝယ်လိုက်တယ်... အခုတော့ ဒီထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင် သုံးမျိုးလုံးရဲ့ မျိုးစေ့အားလုံးကို ငါ ရသွားပြီ..."
ဤပထမအဆင့် ဝိညာဉ်ဆေးပင် သုံးမျိုးလုံးကို ခန္ဓာကိုယ်ပုံသွင်းဆေးရည် ဖော်စပ်ရန် အသုံးပြုနိုင်ပြီး ကျင့်ကြံသူများအား ကြေးဝါအရေပြားနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ထိုးဖောက်ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပေသည်။
သေချာပေါက်ပင် ပိုင်ဝမ်ချင်း၏ ဆေးပင်ဥယျာဉ်သည် ဤဆေးပင်သုံးမျိုးလုံးကို ပမာဏများများ စိုက်ပျိုးရန် လိုအပ်မည် ဖြစ်သည်။
[ငွေရောင်အရိုးဂျင်ဆင်း အမြစ် - အမှတ် ၁၅၀၀]
[အစိမ်းရောင်ပန်း မျိုးစေ့ - အမှတ် ၁၅၃၀]
[နေမင်းနီမြက်ပင် အမြစ် - အမှတ် ၁၅၈၀]
တစ်သောင်း ဝယ်ယူလိုက်၏။
ဤဒုတိယအဆင့် ဝိညာဉ်ဆေးပင် သုံးမျိုးကိုလည်း ဝိညာဉ်အရည်အဖြစ် ဖော်စပ်နိုင်ပြီး တစ်ကိုယ်လုံးရှိ အရိုးများကို လျင်မြန်စွာ ပုံသွင်းနိုင်ကာ ကျင့်ကြံမှုကို သံမဏိအရိုးနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ထိုးဖောက်ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပေသည်။
[ဗာမီလီယံသွေးသစ်သီး မျိုးစေ့ - အမှတ် ၇၅၀၀]
[ကျောက်စိမ်းရိုးတွင်းခြင်ဆီ ဝိညာဉ်သစ်ပင် မျိုးစေ့များ - အမှတ် ၇၈၀၀]
[မီးတောက်နေကြာပန်း မျိုးစေ့များ - အမှတ် ၈၀၀၀]
တစ်သောင်း ဝယ်ယူလိုက်၏။
ဤတတိယအဆင့် ဝိညာဉ်ဆေးပင် သုံးမျိုးကိုလည်း တတိယအဆင့် ဝိညာဉ်အရည် ဖော်စပ်ရန် အသုံးပြုနိုင်ပြီး တစ်ကိုယ်လုံးရှိ ရိုးတွင်းခြင်ဆီများကို လွယ်ကူစွာ ပုံသွင်းသန့်စင်ပေးနိုင်ကာ ကျင့်ကြံသူများအား ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ထိုးဖောက်ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပေသည်။
တစ်ကြိမ်တည်းဖြင့်ပင် ကျောက်လင်သည် ယနေ့အတွက် သူ၏ ဝယ်ယူခွင့် ရှစ်ကြိမ်လုံးကို အကုန်အစင် အသုံးပြုလိုက်တော့သည်။
အမှတ်ပေါင်း ၂၈၃,၃၀၀,၀၀၀ ကို သုံးစွဲခဲ့သည်။
စနစ်အမှတ်များ - ၅၃၁,၇၂၉,၈၆၀ ။
"ထင်ထားတဲ့အတိုင်းပဲ... ကျင့်ကြံသူတွေက ကျင့်ကြံဖို့အတွက် ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှု ပမာဏကို သုံးစွဲဖို့ လိုအပ်တာပဲ..."
"ဒါက မျိုးစေ့ဝယ်တဲ့ ကုန်ကျစရိတ်ပဲ ရှိသေးတယ်... အကယ်လို့ မျိုးစေ့တွေကို ဝိညာဉ်ဆေးပင်တွေအဖြစ် စိုက်ပျိုးပြီး အဲ့ဒီဝိညာဉ်ဆေးပင်တွေကို ဝိညာဉ်အရည်အဖြစ် ဖော်စပ်ကာ ကျင့်ကြံမယ်ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ၊ စွမ်းအင်တွေနဲ့ လူအင်အားတွေက ဧရာမပမာဏပဲ..."
"ငါ့ဆီမှာသာ စနစ်မရှိခဲ့ရင် ဝိညာဉ်ဆေးပင် မျိုးစေ့ ဒီလောက်အများကြီးကို တစ်ကြိမ်တည်းနဲ့ ဘယ်လိုလုပ် အလွယ်တကူ ဝယ်နိုင်ပါ့မလဲ... ပိုင်ဝမ်ချင်းလို ဇနီးမျိုး မရှိခဲ့ရင် ဝိညာဉ်ဆေးပင်ဥယျာဉ်ကို စိုက်ပျိုးဖို့ ငါ့မှာ ဘယ်လိုလုပ် စွမ်းအင်ရှိနိုင်မှာလဲ... အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်တဲ့ ချင်းလန်အာလို ဇနီးမျိုး မရှိခဲ့ရင် အနာဂတ်မှာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကို ငှားရမ်းဖို့အတွက် ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုနဲ့ မျက်နှာသာပေးမှုတွေကို အများကြီး အသုံးပြုရလိမ့်မယ်..."
ကျောက်လင်က စိတ်ထဲမှ သက်ပြင်းချလိုက်၏။
တကယ်တမ်း၌ ကျင့်ကြံသူများ၏ လောကသည် အလွန်နည်းပါးသော လူအနည်းငယ်အတွက်သာ လက်လှမ်းမီနိုင်သော နေရာတစ်ခု ဖြစ်ပေသည်။
ကျောက်လင်သည် ယဲ့လင်အာနှင့် အိုယန်ပင်းကို မနှိုးခဲ့ပေ။ သူတို့နှစ်ယောက်လုံး ပြီးခဲ့သောညက ပင်ပန်းနွမ်းနယ်နေခဲ့ကြသဖြင့် သူတို့ကို အနားယူခွင့် ပေးလိုက်၏။
အစေခံမလေး နှစ်ယောက်ဖြစ်သည့် ချွန်းရှန်နှင့် ရှာဟယ်တို့ကတော့ စောစောထကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသည်။
ကျောက်လင်က မျက်နှာသစ်ရန် သွားလိုက်၏။
"တစ်နေ့ကို ဝယ်ယူခွင့် ရှစ်ကြိမ်တည်းဆိုတာက နည်းလွန်းနေတုန်းပဲ..."
"ဒီနေ့ ငါတို့ လုပ်စရာ ဘာမှမရှိတာဆိုတော့ ခရိုင်မြို့တော်က ဒုက္ခသည်စခန်းကို သွားလိုက်ရင် မကောင်းဘူးလား..."
"သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကြားမှာ စနစ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီးတစ်ယောက်ကိုမှ ရှာမတွေ့နိုင်ဘူးဆိုတာကို ငါ မယုံနိုင်ဘူး..."
ကျောက်လင်က ရုတ်တရက် ထုတ်ပြောလိုက်သည်။
မှန်ပေသည်။ ဝယ်ယူခွင့် ရှစ်ကြိမ်လုံးကို တစ်ကြိမ်တည်း အသုံးပြုလိုက်ပြီးနောက် ကျောက်လင်သည် စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်ပြီး လုံခြုံမှုမရှိသလို ခံစားနေရ၏။
မိမိကိုယ်တိုင်အတွက် ဝယ်ယူခွင့် အနည်းငယ် ချန်ထားခြင်းက အန္တရာယ်နှင့် ကြုံတွေ့ရသည့် မည်သည့်အချိန်တွင်မဆို စနစ်ဈေးဆိုင်မှ အစွမ်းထက်သော လက်နက်များ၊ အဂ္ဂိရတ်လျှို့ဝှက်လက်နက်များနှင့် ဝိညာဉ်ရတနာများကို ဝယ်ယူနိုင်စေပြီး တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲကာ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲနိုင်ပေမည်။
သဘာဝကျကျပင် သူ၏ ဇနီးအရေအတွက်က မလုံလောက်သေးကြောင်းကို ကျောက်လင် သဘောပေါက်သွားသည်။
အကောင်းဆုံးနည်းလမ်းမှာ ဒုက္ခသည်စခန်းသို့သွား၍ စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီသော မည်သည့်အမျိုးသမီးကိုမဆို ဝယ်ယူရန်ပင် ဖြစ်တော့သည်။