အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅) ကြွက်လေးကို နှစ်သိမ့်ပေးခြင်းနှင့် မုန့်အသစ်များ ကျွေးခြင်း
ကျောက်လင် နိုးလာသောအခါ သန်းခေါင်ယံအချိန်သို့ ရောက်နေပြီ ဖြစ်၏။
သူသည် ယွီရွှေခရိုင်မှ ထင်းရှူးနက်ကျေးရွာသို့ အပြေးအလွှား ပြန်လာခဲ့ပြီးနောက် ဇနီးငါးယောက်နှင့် တဆက်တည်း တိုက်ပွဲဝင်ခဲ့ရကာ ယွီဝမ်ချန်၏ စွမ်းအားကို မြှင့်တင်ရန် ကံကြမ္မာနတ်ဘုရားကျောက်စာပြားကို အသုံးပြုခဲ့ရသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့သည်။
"မင်ယွီစံအိမ် မြေအောက်ခန်းက ရလာတဲ့ ငွေတုံးသေတ္တာ ဆယ့်နှစ်လုံးအပြင် လက်ဝတ်ရတနာသေတ္တာ နှစ်လုံးလည်း ရှိသေးတယ်..."
"အဲ့ဒီလက်ဝတ်ရတနာတွေကို ရောင်းဖို့ ငါကိုယ်တိုင် ချင်းပေါင်စံအိမ်ကို သွားမှာ မဟုတ်ဘူး... ရှန်ချန်းရွှယ်ကိုပဲ လွှဲပေးထားပြီး လီအန်းကို မင်ချွမ်မြို့ဆီ သွားဖို့ သူမကို စီစဉ်ခိုင်းလိုက်တော့မယ်..."
ကျောက်လင်က ထိုင်လိုက်စဉ် တစ်စုံတစ်ရာကို ပြောလိုက်ခြင်း ဖြစ်၏။
ထို့နောက် ကျောက်လင်သည် သူ၏ အာကာသတဲ တံခါးကို ဖွင့်လိုက်သည်။
အပေါက်ဝသို့ ရောက်သည်နှင့် နေရောင်ခြည်စွမ်းအင်သုံးပြား မှန်လုံအိမ်မှာ လင်းထိန်နေပြီး သူ၏ ဇနီးများ စုရုံးကာ ပျော်ရွှင်စွာ ရယ်မောစကားပြောနေကြသည်ကို မြင်လိုက်ရ၏။
ယနေ့တွင် နာလန်ယွီ၊ ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမု စသည့် ဇနီးအသစ် လေးယောက် ထပ်တိုးလာသဖြင့် လက်ရှိ ဇနီးအရေအတွက်မှာ စုစုပေါင်း ဆယ်ယောက်အထိ ရှိလာခဲ့သည်။
ဇနီးဆယ်ယောက်လုံးက သူ့ကို စူးရှသော အကြည့်များဖြင့် ကြည့်လိုက်ကြသောအခါ ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေသော ကျောက်လင်ပင်လျှင် အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိ၏။
တစ်ညတည်းဖြင့် လူဆယ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်လားဟု သူ တွေးလိုက်မိသည်။
"ခင်ပွန်း..."
လူဆယ်ယောက်က တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
ကျောက်လင်မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး ၎င်းကို တားဆီးနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ပဉ္စမအဆင့် ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ပြီးမှသာ ကျောက်ကပ်များကို အခြေခံအားဖြင့် မြှင့်တင်နိုင်မည်ဖြစ်ပြီး ကျောက်ကပ်စွမ်းအင်များ ခန်းခြောက်သွားမည် မဟုတ်ပေ။ ထိုအခါမှသာ ပူပင်သောကကင်းစွာဖြင့် နေ့ရောညပါ အလုပ်လုပ်နိုင်ပြီး သေလုမျောပါး တိုက်ခိုက်ကာ ၎င်းတို့ ဒဏ်ရာအပြည့်ဖြင့် ဒူးထောက် အရှုံးပေးလာသည်အထိ နှိမ်နှင်းနိုင်မည် ဖြစ်၏။
(ကျောက်စိမ်းကလီစာနယ်ပယ်ကို ကျောက်စိမ်းဝမ်းတွင်းနယ်ပယ်လို့ပြင်ထားပါတယ်။ ကျောက်စိမ်းဝမ်းဗိုက်နယ်ပယ်အဆင့်က သက်သက်ပါနော်။)
ယခုမူ ကျောက်လင်က သူ့ကိုယ်သူ အနားပေးရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့ ဆက်ပြီး စကားပြောကြဦး... ငါ ခေါင်းရှင်းသွားအောင် လမ်းခဏ သွားလျှောက်လိုက်ဦးမယ်..."
ကျောက်လင်က အချိန်များစွာ ရှိသေးသည်ဟု ယုံကြည်ကာ ချက်ချင်း ရရှိမှု သို့မဟုတ် ဆုံးရှုံးမှုများကို ဂရုမစိုက်ဘဲ သူ၏ ဇနီးဆယ်ယောက်၏ မျှော်လင့်တကြီး အကြည့်များကို လုံးဝ လျစ်လျူရှုလိုက်၏။
ထိုသို့ပြောပြီးနောက် ကျောက်လင်က ချက်ချင်းပင် ပြေးထွက်သွားတော့သည်။
မကြာမီမှာပင် ကျောက်လင်က ထင်းရှူးနက်တောင်သို့ ရောက်ရှိသွား၏။
ကြွက်လေးကို မတွေ့ရသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ကျောက်လင်မှာ အလွန်လွမ်းဆွတ်နေသဖြင့် နိုးနိုးချင်း ပထမဆုံးလုပ်သည့်အရာမှာ ၎င်းနှင့် အတန်ကြာ ဆော့ကစားခြင်းပင် ဖြစ်သည်။
“ကျီး…”
ရုတ်တရက် ကောင်းကင်ယံမှ အရိပ်နှစ်ခုက ကျောက်လင်၏ ပခုံးများဆီသို့ တည့်တည့်မတ်မတ် ပျံသန်းဆင်းသက်လာ၏။
"ဟင်..."
ကျောက်လင်က တစ်ခဏမျှ မှင်တက်သွားပြီးနောက် လက်များကို မြှောက်ကာ ရွှေလင်းယုန် နှစ်ကောင်ကို တစ်ဖက်တစ်ကောင်စီ ဖမ်းဆုပ်လိုက်သည်။
"မင်းတို့တွေ အများကြီး ကြီးလာကြပြီပဲ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ပြီးခဲ့သည့်အကြိမ်က တောင်ပေါ်တွင် တောရိုင်းဂျင်ဆင်းများကို ခူးဆွတ်နေစဉ် ကျောက်လင်သည် ရွှေလင်းယုန်အသိုက်တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေလင်းယုန်ပေါက်လေး နှစ်ကောင်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထိုရွှေလင်းယုန်ပေါက်လေး နှစ်ကောင်ကို ကျွေးမွေးရန် ရှန်ချန်းရွှယ်က အမြဲတစေ တာဝန်ယူခဲ့ပြီး ကျောက်လင်ကမူ သူတို့ကို သေချာဂရုမစိုက်ခဲ့ပေ။
ဤရွှေလင်းယုန်ပေါက်လေး နှစ်ကောင်မှာ ဤမျှမြန်မြန် ကြီးထွားလာရန် မဖြစ်နိုင်သော်လည်း ချင်းလန်အာက လွင့်ပျံငှက်မွှေးနှင်းရည်ကို ဖော်စပ်ပြီးနောက် ၎င်းမှာ သူတို့အတွက် အထူး ဖန်တီးပေးထားသကဲ့သို့ ဖြစ်သွား၏။ လွင့်ပျံငှက်မွှေးနှင်းရည်နှင့် ရောနယ်ထားသော အသားတုံးများကို စားပြီးနောက် သူတို့က လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ယနေ့တွင် ဤရွှေလင်းယုန်ပေါက်လေး နှစ်ကောင်သည် နောက်ဆုံးတွင် အတောင်ပံများကို ဖြန့်ကျက်ကာ ပျံသန်းနိုင်ခဲ့ပြီဖြစ်ပြီး ညကောင်းကင်ယံတွင် အတန်ကြာ ပျံသန်းနေခဲ့ကြသည်။
ထို့အပြင် ရွှေလင်းယုန်ပေါက်လေး နှစ်ကောင်မှာ ကြွက်လေးနှင့်လည်း သူငယ်ချင်းကောင်းများဖြစ်လာခဲ့ကြ၏။
ကျောက်လင် ညဘက် ကြွက်လေး၏ သစ်သားအိမ်သို့ ရောက်လာသောအခါ ရွှေလင်းယုန်ပေါက်လေး နှစ်ကောင်က သူ့ကို လူဆိုးဟု ထင်သွားခဲ့ကြသည်။ သူတို့က သူတို့၏ ကြွက်အစ်ကိုလေး အိမ်ကို ကာကွယ်ချင်သောကြောင့် ရွှေလင်းယုန် နှစ်ကောင်က ကျောက်လင်အား တိုက်ခိုက်သည့် ဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်၏။
ကျွီ...
ကြွက်လေးက သစ်သားအိမ်ထဲမှ ထွက်လာပြီး ရွှေလင်းယုန်ပေါက်လေးနှစ်ကောင် ရုန်းကန်ကာ အတောင်ပံများ ခတ်နေသည်ကို မြင်သောအခါ အော်သံတစ်ခု ပြုလိုက်သည်။
ရွှေလင်းယုန်ပေါက်လေးများက ကြွက်လေးပြောသည်ကို နားလည်သွားပြီး တကယ်ပင် ငြိမ်ကျသွားကြ၏။
ကျောက်လင်သည် ရွှေလင်းယုန်ပေါက်လေးကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကြွက်လေးကို ကြည့်လိုက်သည်။
"ဖက်တီး... မင်းက အခု စတုတ္ထအဆင့် ဝိညာဉ်သားရဲ ဖြစ်နေပြီဆိုတော့ ငါနဲ့အတူ အပြင်ထွက်ပြီး ပျော်ပျော်ရွှင်ရွှင် သွားလည်ကြမလား..."
ကျောက်လင်က ပြုံး၍ မေးလိုက်၏။
မိုးကြိုးပုံစံ ရွှေရောင်သစ်သီးဆယ်လုံးကို မျိုချပြီးကတည်းက ကြွက်လေးမှာ ၎င်း၏ သစ်သားအိမ်လေးထဲတွင် လဲလျောင်းကာ ဝိညာဉ်စွမ်းအင်များကို သန့်စင်နေခဲ့ပြီး စတုတ္ထအဆင့် ဝိညာဉ်သားရဲ အဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ယွီဝမ်ချန်က ယွီချီတောင်ထွတ်သို့ သွားခဲ့ပြီး ကျောက်လင်တွင်လည်း ယွီချီတောင်ထွတ်၏ ရတနာမြေပုံတစ်ခု ရှိနေ၏။ ယွီဝမ်ချန်ကို ကာကွယ်ရန်ဖြစ်စေ မဟာလီမင်းဆက်၏ ရတနာကို သိမ်းပိုက်ရန်ဖြစ်စေ ကျောက်လင်က ထိုနေရာသို့ အမြန်သွားရမည် ဖြစ်သည်။
ကြွက်လေးကဲ့သို့ အရည်အချင်းရှိသော လက်ထောက်တစ်ကောင်အနေဖြင့် ၎င်းကို ကျောက်လင်၏ လျှို့ဝှက်လက်နက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် သဘာဝကျစွာပင် ကျောက်လင်က ၎င်းကို ခေါ်သွားချင်ခဲ့သည်။
ကျွီ...
ကြွက်လေးက ချက်ချင်းပင် အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။
၎င်းသည် ကျောက်လင်ကို ထင်းရှူးနက်ကျေးရွာအား ကာကွယ်ပေးရာတွင် ကူညီနေခဲ့သော်လည်း အလွန် ပျင်းရိနေခဲ့သည်။ ၎င်းမှာ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး ရွာငယ်လေးတစ်ရွာတွင် ညှိုးနွမ်းနေမည့်အစား လောကအနှံ့ လှည့်လည်သွားလာသင့်ပေသည်။
"လာ... ဒီအပေါ်ကို သွေးတစ်စက်လောက် ချလိုက်..."
ထို့နောက် ကျောက်လင်က ကံကြမ္မာနတ်ဘုရားကျောက်စာပြားကို ထုတ်ယူကာ သူ၏ လက်ဖဝါးပေါ်တွင် တင်လိုက်၏။
သံသယအလျဉ်းမရှိဘဲ ကြွက်လေးသည် သူ၏ ရင်ဘတ်ကို ရှေ့ခြေထောက်များဖြင့် ခြစ်လိုက်ရာ သွေးတစ်စက် ပန်းထွက်လာသည်။ သူ၏ ရှေ့ခြေထောက်များတွင် သွေးအနည်းငယ် စွန်းသွားပြီးနောက် ၎င်းကို ကံကြမ္မာနတ်ဘုရားကျောက်စာပြားပေါ်သို့ ဖိချလိုက်သည်။
ဤသည်မှာ အကြွင်းမဲ့ ယုံကြည်မှုပင်ဖြစ်၏။
အချိန်အတော်ကြာ အတူနေထိုင်ပြီးနောက် ကြွက်လေးသည် ကျောက်လင်၏ စရိုက်ကို သိနေပြီဟု ဆိုရမည်ဖြစ်သည်။
အကယ်၍ ကျောက်လင်သာ ၎င်းကို ဒုက္ခပေးချင်ခဲ့ပါက ကြွက်လေးမှာ အကြိမ်ပေါင်း တစ်ထောင်မက သေဆုံးနေမည် ဖြစ်၏။
ထို့အပြင် ကျောက်လင်နောက်သို့ လိုက်ပါခြင်းဖြင့် မိမိလိုချင်သော မည်သည့် ဝိညာဉ်သစ်သီးကိုမဆို စားသုံးနိုင်ပေသည်။
ဤမျှကောင်းမွန်သော သခင်မျိုးဖြင့် ကြွက်လေးက သူ့ကို မည်သို့ စွန့်ခွာနိုင်မည်နည်း။ ၎င်းက ပညာရှိစွာဖြင့် ကျောက်လင်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ထားရှိလိုက်သည်။
ကျောက်လင်၏ အသိစိတ်မှာ ကံကြမ္မာနတ်ဘုရားကျောက်စာပြားနှင့် ပဲ့တင်ထပ်သွားပြီး ၎င်းအထဲတွင် မျောလွင့်နေသော ကြွက်လေး၏ အရိပ်တစ်ခုကို မြင်လိုက်ရ၏။ အကယ်၍ ကျောက်လင်က အနာဂတ်တွင် ကြွက်လေးအား အကျိုးကျေးဇူး တစ်စုံတစ်ရာ ပေးချင်ပါက လဟာပြင်ကို ဖြတ်သန်းပို့ဆောင်ရန် ကံကြမ္မာနတ်ဘုရားကျောက်စာပြားကို အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။
"အော် ဟုတ်သားပဲ... ပြီးခဲ့တဲ့အကြိမ်က မင်းကို ဆူးချွန်တစ်ခု ပေးခဲ့သေးတယ်ဆိုတော့ အခုလည်း အဲ့ဒီကြယ်အမြုတေလက်စွပ်ကို ပေးလိုက်မယ်..."
"ဖက်တီး... အဲ့ဒီ ကြယ်အမြုတေလက်စွပ်နဲ့ဆိုရင် ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို အာရုံခံနိုင်ပြီး ရတနာတွေ အများကြီး ရှာတွေ့နိုင်တယ်..."
ကျောက်လင်က ရုတ်တရက် ပြောလိုက်၏။
ကျောက်ဟယ်ရွှမ်းကို သတ်ပြီးနောက် ကျောက်လင်သည် သူ၏ ကြယ်အမြုတေလက်စွပ်ကိုလည်း ရရှိခဲ့သည်။
ဤကြယ်အမြုတေလက်စွပ်၏ ရည်ရွယ်ချက်မှာ ဝိညာဉ်စွမ်းအင် အတက်အကျများကို အာရုံခံရန်ဖြစ်ပြီး ထိုလှုပ်ရှားမှုများ၏ ဦးတည်ချက်နောက်သို့ လိုက်ကာ ရတနာများ ပုန်းအောင်းနေသည့် နေရာကို ရှာဖွေနိုင်ခြင်း ဖြစ်၏။
ကျောက်ဟယ်ရွှမ်းသည် ကြယ်အမြုတေလက်စွပ်မှတစ်ဆင့် ရတနာများစွာကို ရရှိခဲ့ပြီး ကျင့်ကြံခြင်းအတွက် ပါရမီများကို ရရှိခဲ့သည်။
ကျောက်လင်တွင် စနစ်တစ်ခု ပိုင်ဆိုင်ထားပြီး စနစ်ဈေးဆိုင်မှ သူလိုချင်သော မည်သည့်ရတနာကိုမဆို ဝယ်ယူနိုင်ပေသည်။
ထို့ကြောင့် အလုပ်များနေသော ကျောက်လင်မှာ အနီးအနားရှိ တောင်တန်းများတွင် ရတနာများရှာဖွေရန် ကြယ်အမြုတေလက်စွပ်ကို အသုံးပြုဖို့ စိတ်ဝင်စားမှု မရှိခဲ့ပေ။
သို့သော် ကြွက်လေးကမူ ကွဲပြား၏။ ၎င်းမှာ တောအုပ်၏ အချစ်တော်ဖြစ်ပြီး လှည့်လည်သွားလာရန် သဘာဝအတိုင်း တိမ်းညွှတ်မှု ရှိပေသည်။
ကြယ်အမြုတေလက်စွပ်ကို ကြွက်လေးအား ပေးခြင်းသည် ၎င်း၏ အရင်းအမြစ်များကို အကောင်းဆုံး အသုံးချခြင်းပင် ဖြစ်သည်။
ကျွီ...
ကြွက်လေးက အောင်ပွဲခံသည့်ဟန်ဖြင့် အော်လိုက်၏။
ကြယ်အမြုတေလက်စွပ်ကို ကြွက်လေးက တစ်ခုလုံး မျိုချလိုက်သည်။
"ဒီကြွက်လေးရဲ့ အထဲမှာ တခြားနေရာလွတ်တစ်ခု ရှိနေရမယ်လို့ အရင်ကတည်းက ငါ သံသယဖြစ်ခဲ့တာ..."
"အခုတော့ ပိုပြီး သေချာသွားပြီ..."
ကြွက်လေး၏ လုပ်ရပ်ကို မြင်သောအခါ ကျောက်လင်သည် ၎င်းတွင် နေရာလွတ်တစ်ခု ရှိနေကြောင်း ယုံကြည်သွားခဲ့သည်။
ကြွက်လေးက စတုတ္ထအဆင့် ဝိညာဉ်သားရဲအဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် နေရာလွတ်က ထင်ရှားလာသောကြောင့် ကြယ်အမြုတေလက်စွပ်ကို မျိုချဝံ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"အော်... နှစ်ရက်တောင် ရှိနေပြီပဲ... အဲ့ဒီမုန့်တွေအကုန်လုံး မင်း စားပြီးသွားပြီ မဟုတ်လား..."
"ကောင်းပြီလေ... ထင်းရှူးနက်ကျေးရွာကို နှစ်ရက်တိတိ ကာကွယ်ပေးခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်းကို မုန့်တချို့ ဆုချရမယ်..."
ကျောက်လင်က ပြုံးလိုက်၏။
ယနေ့တွင် ဇနီးငါးယောက် ထပ်တိုးလာသောကြောင့် ကျောက်လင်တွင် စနစ်ဈေးဆိုင်မှ ဈေးဝယ်ရန် အခွင့်အရေး ငါးကြိမ် ထပ်မံရရှိခဲ့သည်။
[ရောသမမွှေအာလူးကြော် - စနစ်အမှတ် ၂၀]
အထုပ်တစ်သိန်း ဝယ်မည်။
[ကျိနျန်ဂျယ်လီ - စနစ်အမှတ် ၁၀]
အထုပ်တစ်သိန်း ဝယ်မည်။
[ဆားနယ်အခွံမာသီး - စနစ်အမှတ် ၅၀]
အထုပ်တစ်သိန်း ဝယ်မည်။
[ချာချာနေကြာစေ့ - စနစ်အမှတ် ၁၀]
အထုပ်တစ်သိန်း ဝယ်မည်။
[ရွှယ်ဟွာဘီယာ - စနစ်အမှတ် ၅]
ပုလင်းတစ်သိန်း ဝယ်မည်။
အစားအစာအသစ် ငါးမျိုးကို တစ်ကြိမ်တည်း ဝယ်ယူလိုက်၏။
စနစ်အမှတ် ၉,၅၀၀,၀၀၀ သုံးစွဲခဲ့သည်။
အာလူးကြော်၊ ဂျယ်လီ၊ အခွံမာသီး၊ နေကြာစေ့နှင့် ဘီယာ အခုတစ်ထောင်စီကို ထုတ်ယူလိုက်၏။
မုန့်တစ်သိန်းလုံးကို ထုတ်ယူ၍မရပေ။ ဤကြွက်လေးတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် ၎င်းတို့ကို တစ်ရက်တည်းဖြင့် အကုန်စားပစ်ခြင်းကဲ့သို့သော ရူးသွပ်သည့် လုပ်ရပ်မျိုးကို တကယ် လုပ်နိုင်ပေသည်။
ကျောက်လင်တွင် စနစ်အမှတ် သန်းရာချီ ရှိနေလျှင်ပင် ၎င်းတို့ကို အလဟဿ မဖြုန်းတီးနိုင်ပေ။
ကျွီ...
မြေကြီးပေါ်တွင် မုန့်များစွာ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ကြွက်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွား၏။
ကြွက်လေးကို နှစ်သိမ့်ပြီးနောက် ကျောက်လင်သည် ၎င်းကို လွှတ်ထားခဲ့ကာ မုန့်များကို မည်သို့ ချေဖျက်မည်ကို ဂရုမစိုက်ဘဲ တောင်အောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းလာခဲ့သည်။
သို့သော်လည်း ဆယ်မီတာထက် ပိုမလျှောက်ရသေးမီ မီတာသုံးဆယ်အကွာရှိ သစ်ပင်တစ်ပင်နောက်တွင် တန်ထိုက်ပေါင်ပေါင် ပုန်းအောင်းနေသည်ကို ကျောက်လင် တွေ့လိုက်ရ၏။
သူမက အဘယ်ကြောင့် ဤမျှနောက်ကျမှ ရောက်လာသနည်းဟု သူ တွေးလိုက်မိသည်။
ကျောက်လင်သည် ဤမေးခွန်းကို သူ့ဘာသာ သိချင်စိတ်ဖြင့် မေးလိုက်ပြီးနောက် အမြန် ပြေးသွားခဲ့သည်။