← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃)

ကျိုင်းကောင်ကပ်ဘေး

ယောင်ရန်၏ နေရာလွတ် နောက်ဆုံးအဆင့်မြှင့်တင်ပြီးနောက်၊ စိုက်ပျိုးရေးမြေ၏ အချိန်စီးဆင်းမှုမှာ ပိုမို မြန် ဆန်လာပြီး ဆေးဘက်ဝင်အပင်များနှင့် သီးနှံများ၏ ကြီးထွားမှုကာလကို တိုတောင်းသွားစေခဲ့လေသည်။

ဤအပြောင်းအလဲကြောင့် ယောင်ရန်သည် စစ်တပ်နှင့် အသက်ရှင်ကျန်ရစ်သူများအတွက် လုံလောက်သော ဆေးဝါးများကို ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

စီမာယွမ်၏ ကူညီမှုဖြင့် ယောင်ရန်သည် ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ရောင်းချပြီး ရှေးဟောင်းပစ္စည်းများ နှင့် ရွှေအချို့ကို ရရှိရန် စီစဉ်နိုင်ခဲ့လေ၏။

ကပ်ပါးကောင် ကူးစက်ခံရခြင်း ပြီးဆုံးသွားပြီးနောက် ယောင်ရန်သည် ဆေးဝါးများနှင့် ပိုးသတ်ဆေးများ ရောင်း ချခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ သူမသည် နေ့စဉ် အိမ်၌သာ နေထိုင်ကာ သူမ၏ ကိုယ်ပိုင် နေရာလွတ် အတွင်းရှိ သီးနှံများနှင့် တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ရင်း စွမ်းအားများကို လေ့ကျင့်နေခဲ့လေ၏။

နောက်တစ်နေ့တွင်မူ ယောင်ရန်သည် အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံများကြောင့် နိုးလာခဲ့လေသည်။ ၎င်းအသံမှာ အဆောက်အအုံအပေါ်၌ ယင်ကောင်ပေါင်း ထောင်သောင်းချီ၍ ပျံသန်းနေသကဲ့သို့ပင် ဖြစ်၏။ ဝုန်း ဝုန်းဝူးဝူးမြည်သံများက သူမအား ခေါင်းကိုက်စေရုံသာမက ဆိုးရွားသော အငွေ့အသက်များကိုလည်း ခံစားရစေခဲ့ ပေသည်။

သူမသည် ဝါးကုတင်လေးပေါ်မှ ထကာ ပြတင်းပေါက်ဆီသို့ သွား၍ လိုက်ကာကို အနည်းငယ် ဟကြည့်လိုက်၏။ အပြင်ဘက်တွင် မှောင်မည်းနေသေးသည်ကို သတိပြုမိသဖြင့် သူမသည် လိုက်ကာကို ပိုမိုကျယ်ပြန့်စွာ ဖွင့်လိုက် ပြီး ညကြည့်မှန်ပြောင်းကို ထုတ်ယူလိုက်လေသည်။

မှန်ပြောင်းမှတစ်ဆင့် ယောင်ရန်သည် ထိုဧရိယာကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဝူးဝူးမြည်သံများ ထွက် ပေါ်ရာ အရင်းအမြစ်ကို မတွေ့ရှိခဲ့ပေ။ သူမသည် လုံယုကို ရှာဖွေပြီး ထိုအကြောင်းအရင်းကို မေးမြန်းရန် ပြင်ဆင် နေစဉ်အတွင်း အဝေးတစ်နေရာမှ အရာတစ်ခုကို လှမ်းမြင်လိုက်ရလေ၏။

မိုးကုပ်စက်ဝိုင်းထက်တွင် မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခု တဖြည်းဖြည်း နီးကပ်လာနေသကဲ့သို့ ရှိ ကေသည်။ သူမ သိထားသရွေ့ အက်ဆစ်မိုးမှာ နောက်ထပ် လအနည်းငယ်အပြီးမှသာ ရွာသွန်းမည် ဖြစ်၏။ ယောင်ရန်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း၊ ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် မှန်ပြောင်းကို ချိန်ညှိကာ ထိုမည်းမှောင်နေသော တိမ်တိုက်ကြီးကို စိုက်ကြည့်လိုက်လေသည်။

ကနဦးတွင် သူမသည် ၎င်းကို ရောက်ရှိလာတော့မည့် အက်ဆစ်မိုးတိမ်တိုက်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူမက ပိုမိုအနီးကပ် ဆွဲကြည့်လိုက်သည့်အခါ ၎င်းမှာ တိမ်တိုက်တစ်ခု မဟုတ်ကြောင်း သိရှိသွားပြီးနောက် အံ့အားသင့်သွားကာ သူမ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားခဲ့လေသည်။

သူမသည် အလျင်အမြန်ပင် စကားပြောစက်ကို ကောက်ကိုင်ကာ ပြောလိုက်တော့၏။

"လူတိုင်း ထကြတော့...။ ကျိုင်းကောင်တွေ လာနေပြီ...၊ တံခါးတွေနဲ့ ပြတင်းပေါက်အားလုံးကို ပိတ်ပြီး လေဝင် လေထွက်ပေါက်တွေကို စစ်ဆေးကြပါ...။”

သတိပေးချက် ပို့ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင်မူ စကားပြောစက်အတွင်းမှ လုံယု၏ အသံက ထွက်ပေါ် လာခဲ့လေသည်။

"နားလည်ပြီ...။”

မကြာမီမှာပင် ရှီရွှမ်း၏ ရှတတအသံ ထွက်ပေါ်လာခဲ့၏။

"သိပါပြီ...။”

သူငယ်ချင်းများကို သတိပေးပြီးနောက် ယောင်ရန်သည် သူမ၏ မှန်ပြောင်းကို ထပ်မံမြှင့်တင်လျက် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။ ကျိုင်းကောင်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စားသုံးနိုင်သော အရာအား လုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပေ၏။

ကျိုင်းကောင်များ တဖြည်းဖြည်း နီးကပ်လာသည်ကို သူမ စောင့်ကြည့်နေစဉ်အတွင်း၊ အပြင်ဘက်မှ ဘေး အန္တရာယ် သတိပေးဥဩသံများမှာ စူးစူးရှရှ မြည်လာခဲ့လေတော့သည်။

“ဝူး... ဝူး... ဝူး...”

စက္ကန့်အနည်းငယ် ကြာပြီးနောက် အဆောက်အအုံမန်နေဂျာအသစ်က အသံချဲ့စက်ဖြင့် အော်ဟစ်နေသံကို သူမ ကြားလိုက်ရလေသည်။

"ကျိုင်းကောင်တွေ လာနေပြီ...။ တံခါးတွေနဲ့ ပြတင်းပေါက်အားလုံးကို ပိတ်လိုက်ကြပါ...။ ထကြပါတော့...၊ ကျိုင်းကောင်တွေ လာနေပြီ...။”

အဆောက်အအုံမန်နေဂျာမှာ ထိုစကားများကို ထပ်ကာထပ်ကာ အော်ဟစ်နေသော်လည်း၊ ဝူးဝူးမြည်သံများမှာ ကျယ်လောင်လွန်းသဖြင့် သူ၏အသံကို ဖုံးလွှမ်းသွားခဲ့လေတော့သည်။ သူသည် နောက်ထပ် အနည်းငယ်မျှ ထပ်မံအော်ဟစ်ပြီးနောက် ပြတင်းပေါက်ကို အလျင်အမြန် ပိတ်လိုက်လေတော့သည်။

အခြားအဆောက်အအုံများရှိ နေထိုင်သူများမှာ သူ၏ သတိပေးချက်ကို ရှင်းလင်းစွာ မကြားနိုင်ကြသော်လည်း၊ အမှတ် (၃) အဆောက်အအုံတွင် နေထိုင်သူများမှာမူ နိုးလာခဲ့ကြပြီး သူ၏ အသံကို ကြားလိုက်ရလေသည်။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူတိုင်းမှာ နိုးနိုးကြားကြား ရှိလှပေသည်။ အဆောက်အအုံမန်နေဂျာ၏ သတိပေးချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ လူများသည် ကျိုင်းကောင်များ မဝင်ရောက်နိုင်စေရန် ပြတင်းပေါက်များနှင့် တံခါးများကို ကမန်းကတန်း ပိတ်ဆို့ကာ လိုက်ကာများကို ဆွဲပိတ်လိုက်ကြတော့၏။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ကျိုင်းကောင်များသည် ကျွင်းချန်မြို့သို့ ရောက်ရှိလာခဲ့ကြလေသည်။ သန်းပေါင်းများစွာသော ကျိုင်းကောင်များက ထွက်ပေါ်လာစ ပြုနေသော နေမင်းကို ဖုံးလွှမ်းသွားကာ၊ ၎င်းတို့၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို စားသောက်ဖျက်ဆီးပစ်နေသဖြင့် ကောင်းကင်ယံကြီး မှောင်မည်းသွား သည်ကို ယောင်ရန် စောင့်ကြည့်နေခဲ့လေ၏။

ကျိုင်းကောင်များသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိလာသည့်အခါတွင်မူ ပြတင်းပေါက်များ ကို ကျည်ဆန်များကဲ့သို့ လာရောက်ရိုက်ခတ်ခဲ့ကြသည်။

ယောင်ရန်သည် သူမ၏ ဝရန်တာအပြင်ဘက်ရှိ ဖန်သားပြင်ကို လာရောက်တိုက်မိနေသော၏ ကျိုင်းကောင်များ ကို သေသေချာချာ ကြည့်ရှုလိုက်လေသည်။ ဤကျိုင်းကောင်များသည် သာမန်ကျိုင်းကောင်များထက် နှစ်ဆခန့် ပိုမိုကြီးမားပြီး၊ ပိုမိုချွန်ထက်သော အစွယ်များရှိသည်မှလွဲ၍ ကျန်သည့်ပုံစံမှာ ထူးမခြားနားလှပေ။

သူမ စောင့်ကြည့်နေစဉ်အတွင်းမှာပင် ပြတင်းပေါက်မှန်များ ကွဲအက်သွားသံကို ရုတ်တရက် ကြားလိုက်ရပြီး၊ ထို့နောက်တွင် အောက်ထပ်မှ အော်ဟစ်အော်ညည်းညူသံများ ထွက်ပေါ်လာခဲ့လေတော့သည်။

“ခွမ်း...”

"အား...၊ ဒီကောင်တွေကို သတ်လိုက်...၊ မြန်မြန်လုပ်...။”

"အား... ၊ငါ့ကို ကိုက်ကုန်ပြီ...။”

"မြန်မြန်...၊ တံခါးပိတ်လိုက်...။ အမြန်လုပ်ကြပါဦး...။”

အရပ်မျက်နှာအနှံ့မှ အော်ဟစ်သံများနှင့် ဆူညံသံများ ထွက်ပေါ်လာခဲ့ရာ၊ လူတိုင်းမှာ မည်မျှအထိ ပြင်ဆင်မှု မရှိခဲ့ကြကြောင်း သိသာလှပေသည်။

ကျိုင်းကောင်များမှာ သူမ၏ အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့်၊ ယောင်ရန်သည် စကားပြောစက်ကို ကောက် ကိုင်ကာ မေးလိုက်လေသည်။

"ကိုယ့်လူတို့...၊ အောက်ထပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက် သိကြလား...။”

ခဏမျှ ကြာပြီးနောက် လုံယု၏ အသံ ထွက်ပေါ်လာခဲ့လေ၏။

"ငါ ခုနတင် ချွမ်ယွမ်ဝေ့နဲ့ စကားပြောခဲ့တယ်...။ သူပြောတာကတော့ ကျိုင်းကောင်တွေက ပြတင်းပေါက်တွေကို ဖောက်ထွင်းပြီး အသက်ရှင်ကျန်ရစ်သူတွေကို တိုက်ခိုက်နေကြတယ်တဲ့...။”

ယောင်ရန်သည် တိတ်ဆိတ်သွားခဲ့ပြီး၊ သူမ လုပ်ဆောင်နိုင်သည့်အရာ သိပ်မရှိကြောင်း နားလည်လိုက်လေသည်။ သူမသည် ဖန်သားပြင်ကို လာရောက်တိုက်မိနေသော ဧရာမ ကျိုင်းကောင်ကြီးများကို ကြည့်ကာ ပြောလိုက်၏။

"နားလည်ပါပြီ...။”

ကျိုင်းကောင်ကပ်ဘေးကြီး ရုတ်တရက် ရောက်ရှိလာခြင်းက စစ်တပ်၊ အသက်ရှင်ကျန်ရစ်သူများနှင့် ယောင်ရန် ကိုယ်တိုင်ကိုပင် တုန်လှုပ်ခြောက်ခြားစေခဲ့ပေသည်။

သူမ၏ အတိတ်ဘဝတွင်မူ သူမသည် ဟိုင်ချန်မြို့၌ လေးနှစ်ခန့် အချိန်ကုန်လွန်ခဲ့ပြီးမှ သူမ၏ အဖွဲ့ဖော်များနှင့် အတူ တာဝန်များကို ထမ်းဆောင်ရန် တစ်နိုင်ငံလုံးသို့ လှည့်လည်သွားလာခဲ့ခြင်း ဖြစ်ပေသည်။

သူမ မှတ်မိသရွေ့ ကျွင်းချန်မြို့တွင် ကျိုင်းကောင်ကပ်ဘေး မည်သည့်အခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ သဘာဝ ကပ်ဘေးများ၏ လမ်းကြောင်းမှာ တကယ်ပင် ပြောင်းလဲသွားပုံရပြီး၊ သူမအနေဖြင့် အတိတ်ဘဝမှ အတွေ့ အကြုံများကို ဆက်လက်မှီခို၍ မရတော့ပေ။

ကျိုင်းကောင်များက သူမ၏ ပြတင်းပေါက်များကို ဖုံးအုပ်ထားကာ အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့်၊ ယောင်ရန် သည် ရေချိုးရန်နှင့် မနက်စာ သုံးဆောင်ရန်အတွက် သူမ၏ နေရာလွတ် အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ပြီးစီးသွားသည့်အခါ သူမသည် နေရာလွတ် အတွင်းမှ ထွက်လာခဲ့ပြီး စိုက်ပျိုးခန်းအတွင်းရှိ အအေးဒဏ်ခံ အာလူး များကို သွားရောက်ပြုစုခဲ့သည်။ ၎င်းတို့အားလုံး ရင့်မှည့်နေပြီဖြစ်သည်ကို မြင်သောအခါ၊ သူမသည် ၎င်းတို့ကို ရိတ်သိမ်းပြီး အိတ်များအတွင်းသို့ ထည့်လိုက်လေသည်။

ထို့နောက် သူမသည် အိပ်ခန်းအတွင်းသို့ သွားကာ စကားပြောစက်ကို ယူ၍ ပြောလိုက်၏။

"အားလုံးပဲ...၊ ကျွန်မ အခုတင် အအေးဒဏ်ခံ အာလူးတွေကို ရိတ်သိမ်းပြီးသွားပြီ...။ လာယူကြပါဦး...။”

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဟွမ်ချန်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာခဲ့လေသည်။

"တကယ်လား...၊ ငါတို့ အခုပဲ လာခဲ့ပါ့မယ်...။”

ယောင်ရန်သည် စကားပြောစက်ကို ချထားလိုက်ပြီး၊ သူမ၏ ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ အပြင်ဘက် အခြေအနေကို စစ်ဆေးရန် တိုက်ခန်းအတွင်းမှ ထွက်လာခဲ့လေသည်။

သူမ တိုက်ခန်းပြင်ပသို့ ခြေလှမ်းလိုက်သည့်အခါ စင်္ကြံလမ်းအတွင်း၌ ကျိုင်းကောင်တစ်ကောင်မျှ ရှိမနေသည်ကို မြင်ရသဖြင့် အံ့အားသင့်သွားခဲ့လေ၏။

သူမသည် ကာကွယ်ရေးဝတ်စုံ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး သတ္တုတံခါးများနှင့် ပြတင်းပေါက်များကို စစ်ဆေး လိုက်သည်။

ပြတင်းပေါက်များနှင့် တံခါးများ၏ ကြားဟနေသည်များကို ပိတ်ဆို့ထားသည်ကို မြင်ရသဖြင့်၊ လုံယုနှင့် အခြား သူများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြောင်း သူမ သိရှိလိုက်သည်။ သူမသည် ပြတင်းပေါက်များ၌ အက်ကြောင်းများ ရှိမရှိ စစ်ဆေးနေစဉ်အတွင်း၊ အခန်းအမှတ် (၂၀၀၁) နှင့် (၂၀၀၂) ၏ တံခါးများ ပွင့်လာခဲ့၏။

လုံယုသည် သူမက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရှုနေသည်ကို တွေ့ရှိရသဖြင့်၊ အခြားသူများကို ဦးဆောင် ကာ လျှောက်လာခဲ့လေသည်။

၎င်းတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေ၏။

"ကျွန်မ အာလူးတွေကို ခွဲထားပေးပြီးပြီ...၊ ကျွန်မနဲ့အတူ လိုက်ခဲ့ကြပါ...။”

ထိုသို့ပြောပြီးနောက် သူမသည် သူတို့အား သူမ၏ တိုက်ခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့လေသည်။

တိုက်ခန်းအတွင်းသို့ ဝင်ရောက်လာသည့်အခါ၊ လုံယုသည် ဧည့်ခန်းအတွင်းရှိ အာလူးအိတ် ဆယ့်နှစ်အိတ်ကို သတိပြုမိသွားပြီးနောက် မေးမြန်းလိုက်လေသည်။

"ရန်ရန်...၊ မင်းက ဒါတွေကို ခြောက်ယောက်စာပဲ ခွဲထားတာလား...။”

All Chapters