← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄)

ကျိုင်းကောင်ဖမ်းခြင်း (၁)

ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊

"ကျွန်မရဲ့ အာလူးတွေကိုတော့ သပ်သပ် ရိတ်သိမ်းထားတာပါ...။ ဒါတွေကတော့ ရှင့်တို့အားလုံး ဒီမှာလာထားတဲ့ အိုးတွေထဲက ထွက်တဲ့ အာလူးတွေပါ...။”

ထိုစကားကို ကြားသောအခါ ကျားရှန်းသည် အာလူးအိတ် နှစ်အိတ်ကို မကာ၊ ၎င်းထဲမှ တစ်အိတ်ကို ယောင်ရန်၏ ရှေ့တွင် ချပေးလိုက်လေသည်။ ယောင်ရန် ငြင်းဆန်ရန် မပြင်နိုင်ခင်မှာပင် သူမက အတင်းအကျပ် ပြောဆိုလိုက် လေ၏။

"ယူထားလိုက်ပါ...၊ မင်းရဲ့ ကူညီမှုသာ မရှိရင် ငါ့မှာ စားဖို့ အာလူးတစ်လုံးတောင် ရှိမှာ မဟုတ်ပါဘူး...။”

ငြင်းပယ်ရန် အခွင့်အရေး မရှိတော့သည်ကို မြင်သောအခါ ယောင်ရန်သည် ထိုအာလူးများကို လက်ခံလိုက်လေ သည်။

"ကျေးဇူးတင်ပါတယ်...။”

အခြားသူများသည်လည်း ၎င်းကို မြင်သောအခါ ထိုနည်းတူ လိုက်လံလုပ်ဆောင်ကြပြီး၊ တစ်ယောက်လျှင် အာလူး တစ်အိတ်စီ သူမအား ပေးခဲ့ကြလေသည်။ နောက်ဆုံးတွင် ယောင်ရန်၌ အာလူး ခြောက်အိတ် ကျန်ရှိ နေခဲ့ပြီး၊ အခြားသူများမှာမူ တစ်အိတ်စီ သယ်ဆောင်ကာ ပြန်သွားခဲ့ကြလေသည်။

ယောင်ရန်သည် သူမ၏ ရှေ့ရှိ အာလူးခြောက်အိတ်ကို ကြည့်ကာ ပြုံးလျက်၊ ၎င်းတို့ကို နေရာလွတ် အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် ကျိုင်းကောင်များကို ထပ်မံလေ့လာရန်အတွက် သူမ၏ တိုက်ခန်းအတွင်းမှ ထွက်လာ ခဲ့လေသည်။ အခြားသူများ ပြန်လည်ရောက်ရှိလာသည့်အခါတွင်မူ၊ သူမသည် ကျိုင်းကောင်များကို စောင့်ကြည့် နေသည်ကို မြင်ရသဖြင့် သူတို့သည်လည်း သူမနှင့်အတူ ပူးပေါင်းလိုက်ကြ၏။

လုံယုသည် သူမ၏ ဘေးနားတွင် မတ်တပ်ရပ်လျက် မေးလိုက်လေသည်။

"တစ်ခုခု ထူးခြားတာ တွေ့လား...။”

ယောင်ရန်သည် ပြတင်းပေါက်ပေါ်ရှိ ကျိုင်းကောင်များဆီမှ အကြည့်လွှဲလိုက်ပြီး၊

"ဒီကျိုင်းကောင်တွေက အဆိပ်မရှိကြပါဘူး...။ ဒါပေမယ့်လည်း သူတို့ရဲ့ အစွယ်တွေက ပိုမိုထက်ပြီး ခန္ဓာကိုယ်တွေ က ပိုကြီးလာကြတယ်...။”

သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း၊ ဟွမ်ကျိဟွေးသည် အပြင်ဘက်ရှိ အဆောက်အအုံများနှင့် လမ်းမများကို ဖုံးလွှမ်းထားသော မရေမတွက်နိုင်သည့် ကျိုင်းကောင်များကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"ကျိုင်းကောင်တွေ ဘယ်အချိန်မှာ ထွက်သွားမလဲ မသိဘူး...။ တကယ်လို့ သူတို့က ကျွင်းချန်မြို့မှာ အချိန် အကြာကြီး ရှိနေမယ်ဆိုရင်...၊ ငါတို့မှာ ရေနဲ့ စားနပ်ရိက္ခာတွေ ကုန်သွားပြီး သေမယ့်နေ့ကိုပဲ ထိုင်စောင့်နေရ လိမ့်မယ်...။”

သူမ၏ စကားကြောင့် အခြားသူများမှာ တိတ်ဆိတ်သွားကြလေတော့သည်။

ယောင်ရန်က သူတို့ကို ကြည့်ကာ ပြတင်းပေါက်ပေါ်ရှိ ကျိုင်းကောင်များကို ညွှန်ပြလျက် ပြောလိုက်လေသည်။

"အပြင်ဘက်မှာ အစားအစာတွေ အများကြီး ရှိနေတာပဲလေ...။”

ထိုစကားကို ကြားရသောအခါ ၎င်းတို့သည် ဇဝေဇဝါဖြင့် ပြတင်းပေါက်များဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ဟွမ်ချန်သည် ခေါင်းကို ကုတ်လျက် မေးလိုက်လေသည်။

"ယောင်ရန်...၊ ဒီလောက်များတဲ့ ကျိုင်းကောင်တွေရှိနေတဲ့ ပတ်ဝန်းကျင်ကို ငါတို့ အပြင်ထွက်လို့ မရဘူးလေ...။ ကျိုင်းကောင်တွေက အစုံစားသတ္တဝါတွေမလား...။ ငါတို့ သတိမထားမိရင် သူတို့ စားတာကို ခံရလိမ့်မယ်...။”

ယောင်ရန်က ပြုံးလျက် ပြောလိုက်လေ၏။

"လက်ရှိအချိန်မှာ ကျိုင်းကောင်တွေ ဒီလောက်အထိ ရှိနေတာက တကယ်တော့ ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ...။”

ဟွမ်ကျိဟွေးက ခေါင်းလေးကို စောင်းလျက် ဇဝေဇဝါ မေးမြန်းလိုက်လေသည်။

"အစ်မယောင်ရန်…၊အဲ့ဒါက ဘာကို ဆိုလိုတာလဲဟင်...။”

ယောင်ရန်က သူမအား ကြည့်လျက် ရှင်းပြခဲ့လေ၏။

"ကျိုင်းကောင်တွေက ပရိုတင်း၊ သွပ်ဓာတ်နဲ့ သံဓာတ်တွေ ရရှိနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ...။ ကျိုင်း ကောင်ခြောက် ဂရမ်တစ်ရာမှာ ပရိုတင်းဓာတ် ငါးဆယ်ရာခိုင်နှုန်းခန့် ပါဝင်တယ်...။”

"သူတို့က တကယ်ပဲ အရသာရှိပြီး ချက်ပြုတ်နိုင်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှိတယ်...။ မင်း သူတို့ကို ဆီပူထိုးတာ၊ ကင်တာ၊ ပြုတ်တာ ဒါမှမဟုတ် အမှုန့်ဖြစ်အောင် ကြိတ်ပြီး ဆော့စ်တွေ ဒါမှမဟုတ် ပန်ကိတ်တွေ လုပ်လို့ရတယ်...။ ဒါပေမယ့် သူတို့ကို မစားခင်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ မှိုသတ်ကောင်တွေကို ဖယ်ရှားပစ်ဖို့ လိုအပ်တယ်...။ ငါတို့ ဒါတွေကို အစိမ်းမစားသရွေ့ အဆင်ပြေပါတယ်...။”

သူမ၏ စကားကို ကြားရသောအခါ ဟွမ်ကျိဟွေးက သံသယဖြင့် ပြောလိုက်လေ၏။

"ငါ တစ်ခါမှ လူတွေ ကျိုင်းကောင်စားတာ မမြင်ဖူးဘူး...။ ဒီကောင်တွေကို တကယ်ပဲ စားလို့ရတာလား...။”

ကျားရှန်းက သူမ၏ ပခုံးကို ပုတ်လျက် ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

"စိတ်မပူပါနဲ့...၊ စားလို့ရပါတယ်...။ အတိတ်တုန်းက တစ်နိုင်ငံလုံး မိုးခေါင်ရေရှားမှုတွေ ဖြစ်ခဲ့စဉ်က လူတော် တော်များများက အသက်ရှင်သန်ဖို့အတွက် ကျိုင်းကောင်တွေကိုပဲ စားခဲ့ကြရတာလေ...။”

တန်ချီချီသည် အပြင်ဘက်ရှိ အရုပ်ဆိုးလှသော ဧရာမ ကျိုင်းကောင်ကြီးများကို ကြည့်ကာ မေးလိုက်လေ၏။

"ဘယ်လိုစားရမှာလဲ...။ ဒီကောင်တွေဆီမှာ အသားရှိပုံ မရဘူးနော်...။”

ယောင်ရန်က ပြန်ဖြေလိုက်သည်။

"ပထမဆုံးအနေနဲ့ ကျိုင်းကောင်တွေကို ရေထဲထည့်ပြီး သူတို့ရဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ရမယ်...၊ သူတို့ရဲ့ ဝမ်းဗိုက်ကို သန့်ရှင်းသွားပြီးနောက်မှာ ပွက်ပွက်ဆူနေတဲ့ ရေအိုးထဲထည့်ပြီး သတ်ပစ်ရမယ်...။ ပြီးရင် ကိုယ်တွင်း အင်္ဂါတွေကို ဖယ်ရှားပြီး အသားကိုပဲ ချန်ထားရမယ်...။”

"အဲ့နောက်မှာ ဆားရည်နဲ့အတူ မီးအေးအေးနဲ့ ခဏလောက် ပြုတ်ပြီး ရေစစ်ထားရမယ်...။ ကျိုင်းကောင်တွေကို အပူရှိန် အလယ်အလတ်ရှိ တဲ့ ဆီပူထဲထည့်ပြီး ရွှေဝါရောင်သန်းလာတဲ့အထိ ကြော်ရမယ်...။ တကယ်လို့ အမှုန့် ဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ သူတို့ကို မကြိတ်ခင်မှာ အရင်ဆုံး အခြောက်ခံရုံပါပဲ...။”

"မင်း အရင်က ဒီကောင်တွေကို စားဖူးလို့လား...။”

ဟွမ်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

အတိတ်ဘဝတွင် ကျိုင်းကောင်ပန်ကိတ်အပါအဝင် မည်သည့်အရာမဆို စားသုံးခဲ့ဖူးသော ယောင်ရန်က ခေါင်း ငြိမ့်ပြကာ၊

"ကျွန်မ အရင်က ကျိုင်းကောင်ပန်ကိတ် စားဖူးတယ်...။ သူ့ရဲ့ မီးခိုးရောင်သန်းနေတဲ့ အရောင်ကလွဲရင် အရသာက တော့ တကယ့်ကို သာမန်ပါပဲ...။”

ဟွမ်ကျိဟွေးက သူမအား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ ယောင်ရန်က ထပ်လောင်းပြောဆိုလိုက်လေ၏။

"ငါတို့ စားချင်တယ်ဆိုရင်တော့ မြန်မြန်လုပ်ဖို့ လိုအပ်တယ်...။ အချိန်နည်းနည်း ကြာပြီးသွားရင် ဒီကျိုင်းကောင် တွေကို စားလို့ ရတော့မှာ မဟုတ်ဘူး...။ဒ အစားအစာ ရင်းမြစ်တွေ နည်းပါးလာတဲ့အခါ သူတို့က ပိုကြမ်းတမ်း လာပြီး အရောင်တွေက ပိုတောက်ပလာပြီးတော့ အဆိပ်ရှိတဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲသွားကြလိမ့်မယ်...။”

ထိုစကားကို ကြားရသောအခါ လုံယုက ပြောလိုက်သည်။

"ဒီလိုဆိုရင် ငါတို့ ဒီကောင်တွေကို အခုပဲ ဖမ်းကြရအောင်...။”

သူ၏ စကားနောက်သို့ လိုက်ပါလျက်၊ လူတိုင်းသည် ၎င်းတို့၏ တိုက်ခန်းများသို့ ပြန်သွားကာ ကာကွယ်ရေးဝတ်စုံ များကို ဝတ်ဆင်ပြီး ကျိုင်းကောင်ဖမ်းရန်အတွက် ရိုးရှင်းသော လက်ကိုင်ပိုက်ကွန်များကို ပြုလုပ်ခဲ့ကြလေသည်။ ၎င်းတို့ ပြန်လည်ရောက်ရှိလာကြသည့်အခါ အထပ် (၂၀) ကို သော့ခတ်ပြီး အောက်ထပ်သို့ ဆင်းခဲ့ကြလေတော့ သည်။

အထပ် (၁၉) သို့ ဖြတ်သန်းသွားစဉ်အတွင်း၊ စီမာမိသားစုနှင့် ချွမ်မိသားစုတို့သည် စင်္ကြံလမ်းအတွင်း၌ ကျိုင်း ကောင်များကို ဖမ်းဆီးရင်း အလုပ်ရှုပ် နေကြသည်ကို တွေ့မြင်ခဲ့ကြရသည်။ အထပ် (၂၀) နှင့် မတူဘဲ အထပ် (၁၉) ၏ တံခါးများနှင့် ပြတင်းပေါက်များတွင် ကွာဟချက်များ ရှိနေသေးသဖြင့် ကျိုင်းကောင်များမှာ ၎င်းနေရာ များမှတစ်ဆင့် ဝင်ရောက်လာကြခြင်း ဖြစ်ပေသည်။

၎င်းတို့ ဆင်းလာသည်ကို မြင်သောအခါ အဖွားချွမ်သည် ပြုံးလျက် မေးမြန်းလိုက်၏။

"မင်းတို့အားလုံး ကျိုင်းကောင်ဖမ်းဖို့ အပြင်ထွက်ကြမလို့လား...။”

ဤမိသားစုများတွင် လူကြီးမိဘများ ပါဝင်နေသဖြင့် ကျိုင်းကောင်များကို စားသုံးနိုင်ကြောင်း သိရှိထားကြသည် မှာ အံ့သြစရာ မဟုတ်ပေ။ စစ်မက်ကာလအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူများသည် ကြမ်းတမ်းသော ပတ်ဝန်း ကျင်၌ မည်သို့ရှင်သန်ရမည်ကို ကောင်းစွာ နားလည်ထားကြသည်။ ၎င်းတို့သည် အတိတ်ကပင် ကျိုင်းကောင်များ ကို စားသုံးခဲ့ဖူးကြပေလိမ့်မည်။

ယောင်ရန်က အဖွားချွမ်အား ခေါင်းငြိမ့်ပြကာ၊

"ဟုတ်ကဲ့...။”

အဖွားချွမ်က ခေါင်းငြိမ့်ပြလျက် သူမအား သတိပေးခဲ့လေသည်။

"အပြင်ဘက်မှာ ဂရုစိုက်ကြဦးနော်...။ ကျိုင်းကောင်တွေကို စားလို့ရပေမယ့် ဒီကောင်တွေကလည်း အသားကို ပြန်စားတတ်ကြတယ်...။”

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖွားချွမ်...။”

ယောင်ရန်က နှုတ်ဆက်ခဲ့ပြီးနောက် သူမ၏ သူငယ်ချင်းများနှင့်အတူ ထွက်ခွာခဲ့လေသည်။ ယောင်ရန်နှင့် အခြားသူများသည် အထပ် (၁၈) သို့ ရောက်ရှိသည့်အခါတွင်မူ၊ ၎င်းနေရာတစ်ခုလုံးမှာ ကျိုင်းကောင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့ရလေသည်။

ကျိုင်းကောင်များမှာ မရေမတွက်နိုင်အောင် များပြားလှသဖြင့် ပြင်းထန်သော နေရောင်ခြည်ပင် စင်္ကြံလမ်း အတွင်းသို့ ကောင်းစွာ မဖြတ်သန်းနိုင်တော့ပေ။

ထူထပ်လှသော ကျိုင်းကောင်အုပ်ကြီးကို ကြည့်ရှုရင်း၊ ဟွမ်ကျိဟွေးသည် တစ်ကိုယ်လုံး တုန်ရီသွားကာ ကြက်သီးမွေးညင်းများ ထလာခဲ့ပေသည်။ သူမ၏ အသံများမှာ အနည်းငယ် တုန်ရီလျက် မေးလိုက်လေ၏။

"အစ်မယောင်ရန်...၊ ငါတို့ တကယ်ပဲ ဒီကျိုင်းကောင်တွေကို စားနိုင်မှာလား...။”

သာမန်လူများအတွက် ကျိုင်းကောင်စားရန် လက်ခံရန် ခက်ခဲလိမ့်မည်ကို ယောင်ရန် သိရှိသဖြင့် ပြောလိုက်၏။

"ရပါတယ်...၊ တကယ်လို့ မင်း မစားနိုင်ဘူးဆိုရင် ဒီကောင်တွေကို ငါ့ဆီမှာ တခြားအစားအစာတွေနဲ့ လဲလှယ်နိုင် ပါတယ်...။ ငါ့ဆီမှာ ခေါက်ဆွဲခြောက်တွေ၊ အလိုအလျောက် အပူပေး အဆင်သင့်စား စားသောက်ဖွယ်ရာတွေ၊ အေးခဲထားတဲ့ အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကျန်ပါသေးတယ်...။”

ထိုစကားကို ကြားရသောအခါ ဟွမ်ကျိဟွေးသည် ယောင်ရန်အား ပြေးဖက်ချင်စိတ်ကို ထိန်းချုပ်လျက် စိတ်လှုပ် ရှားစွာဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်မယောင်ရန်...။”

သူ၏ ညီမဖြစ်သူ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ၊ ဟွမ်ချန်သည် ယောင်ရန်အား ကြည့်လျက် မေးလိုက် လေသည်။

"ယောင်ရန်...၊ ငါကော ကျိုင်းကောင်တွေကို အခြားအစားအစာ အမျိုးအစားတွေနဲ့၏

လဲလှယ်လို့ ရမလား...။”

ယောင်ရန်က ပြန်ဖြေလိုက်လေ၏။

"ရတာပေါ့...။”

All Chapters