← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅)

ကျိုင်းကောင်ဖမ်းခြင်း (၂)

ကျိုင်းကောင်များသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပြီး၊ ယောင်ရန်၏ နေရာလွတ် အတွင်း၌ လည်း စားနပ်ရိက္ခာ အမြောက်အမြား သိုလှောင်ထားပြီးဖြစ်သဖြင့်၊ ၎င်းတို့ထဲမှ အချို့ကို သူငယ်ချင်းများနှင့် လဲလှယ်ပေးရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။

ထိုစကားကို ကြားရသောအခါ ဟွမ်ချန်နှင့် အခြားသူများသည် စိတ်အားထက်သန်စွာဖြင့် အလုပ်စတင်လုပ် ဆောင်ကြတော့သည်။ ၎င်းကို မြင်သောအခါ ယောင်ရန်နှင့် လုံယုတို့သည်လည်း ပူးပေါင်းပါဝင်ခဲ့ကြ၏။

ကျိုင်းကောင်များမှာ အလွန်များပြားလှသဖြင့် ယောင်ရန်သည် သူမ၏ ပထမဆုံး အိတ်ကို အလျင်အမြန်ပင် ဖြည့်တင်းနိုင်ခဲ့သည်။ ၎င်းအိတ်ကို ပိတ်ဆို့ပြီးနောက် ဘေးတွင် ချထားလိုက်၏။ တစ်နာရီမျှ အချိန်အတွင်းမှာပင်၊ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် ကျိုင်းကောင်များဖြင့် ပြည့်နှက်နေသော အိတ်ပေါင်း လေးဆယ် ကျော်ကို ဖမ်းဆီးရရှိခဲ့ကြလေသည်။

ယောင်ရန်သည် လှုပ်ရှားမှုကို ရပ်တန့်ကာ ပြောလိုက်လေသည်။

"ကျွန်မ အထပ်ပေါ်တက်ပြီး သူတို့ကို စပြီးပြင်ဆင်လိုက်ပါဦးမယ်...။ ရှင့်တို့ကတော့ ဆက်ပြီး ဖမ်းနေကြပါဦး...။”

ထိုစကားကို ကြားရသောအခါ လုံယုသည်လည်း သူမအား ကျိုင်းကောင်အိတ်များ အထပ် (၂၀) သို့ သယ်ယူရာ တွင် ကူညီရန် အလုပ်ကို ရပ်တန့်လိုက်သည်။ ယောင်ရန်က ကျိုင်းကောင်များကို ပြင်ဆင်နေပြီး အခြားသူများက ဖမ်းဆီးနေကြသဖြင့်၊ မွန်းတည့်ချိန်သို့ ရောက်သည့်အခါတွင်မူ အိတ်ပေါင်း နှစ်ရာကျော်ကို ဖြည့်တင်းနိုင်ခဲ့ကြ လေသည်။

အထပ် (၂၀) ၏ စင်္ကြံလမ်းပေါ်တွင် ပုံကျနေသော အိတ်များကို ကြည့်ရှုရင်း ဟွမ်ချန်က မေးလိုက်လေသည်။

"ယောင်ရန်...၊ ဒီကျိုင်းကောင်တွေကို ပြင်ဆင်ပြီးသွားရင် ငါတို့ အစားအစာ ဘယ်လောက်အထိ ရနိုင်မလဲ ဟင်...။”

ယောင်ရန်က ခေါင်းခါပြလျက် ၊

"ကျွန်မလည်း သေချာမသိဘူး...။ နောက်ပိုင်းမှပဲ အစားအစာတွေကို ညီတူညီမျှ ခွဲဝေကြတာပေါ့...။”

ထိုသို့ပြောပြီးနောက် သူမက ထပ်လောင်းပြောဆိုလိုက်လေသည်။

"ကျွန်မ ရှင့်တို့ မြည်းစမ်းကြည့်ဖို့အတွက် ကျိုင်းကောင်ကြော် တစ်ပန်းကန် ပြင်ဆင်ထားတယ်...၊ အရင်ဆုံး စားကြရအောင်...။”

သူမ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဟွမ်ချန်နှင့် ကျားရှန်းတို့သည် တံတွေးမြိုချလိုက်ကြပြီး၊ သူမ၏ တိုက်ခန်း အတွင်းသို့ အလျင်အမြန်ပင် လိုက်ပါသွားကြတော့၏။

သူမ၏ အိပ်ခန်းမှာ လူခုနစ်ဦး ဆံ့ရန်အတွက် အလွန်သေးငယ်လွန်းသဖြင့်၊ ယောင်ရန်သည် ရွေ့လျားအအေးပေး စက်နှင့် စားပွဲပုလေးကို ဧည့်ခန်းအတွင်းသို့ ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် မီးဖိုချောင်သို့ သွားကာ ကြိုတင် ပြင်ဆင်ထားသော အစားအစာများကို သယ်ဆောင်လာခဲ့၏။

ယောင်ရန်သည် တစ်ယောက်လျှင် တီရီယာကီ ဆယ်လ်မွန်ထမင်းတစ်ပန်းကန်စီ ၎င်းတို့ရှေ့၌ ချပေးပြီးနောက်၊ နောက်ထပ် ဟင်းရံသုံးမျိုးကို သယ်ဆောင်ရန် မီးဖိုချောင်သို့ ပြန်သွားခဲ့လေသည်။ သူမ ဤမျှအထိ အလုပ်ရှုပ် နေသည်ကို မြင်သောအခါ၊ လုံယုသည် မတ်တပ်ရပ်၍ သွားရောက်ကူညီခဲ့လေသည်။

၎င်းတို့နှစ်ဦး အတူတကွ အလုပ်လုပ်နေသည်ကို ကြည့်လျက် ရှီရွှမ်းက စနောက်လိုက်၏။

"ရှင့်တို့နှစ်ယောက်က တကယ့်ကို ကြင်စဦးဇနီးမောင်နှံတွေနဲ့ တူနေတာပဲ...။”

လုံယုက သူ့အား စကားတစ်ခွန်းမျှ မဆိုဘဲ လှမ်းကြည့်လိုက်သော်လည်း၊ ယောင်ရန်ကမူ ခပ်ဖွဖွ ရယ်မောလျက်

"ဒီလိုဆိုရင် ဒီထမင်းတစ်နပ်က ကျွန်မတို့ ဧည့်ခံတာလို့ပဲ သတ်မှတ်လိုက်ပါ...။”

သူမ၏ စကားကို ကြားရသောအခါ ဟွမ်ချန်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။

"ရှင့်တို့နှစ်ယောက်က တွဲနေကြတာလား...။ ဘယ်အချိန်ကတည်းကလဲ...။”

ယောင်ရန်က ပြန်မဖြေဘဲ ဟင်းချိုပန်းကန်ကို သယ်ယူရန် မီးဖိုချောင်သို့ ပြန်သွားခဲ့လေသည်။ သူမသည် နောက်ဆုံးဟင်းလျာကို စားပွဲပုလေးပေါ်တွင် တည်ခင်းပြီးနောက် လုံယု၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

လုံယုသည် သူမ၏ လက်ကို ဆုပ်ကိုင်လျက်၊ သူ၏ သူငယ်ချင်းများကို ကြည့်ကာ ပြောလိုက်လေသည်။

"ငါတို့ တွဲနေကြတာ နှစ်လကျော်ရှိပြီ...။ ငါတို့ရဲ့ အနာဂတ်အတွက်လည်း အလေးအနက် စဉ်းစားထားကြ တယ်...။”

“ဂလွမ်...”

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဟွမ်ချန်၏ တူများမှာ စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။ သူသည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် ပါးစပ်ပင် ပြန်မပိတ်နိုင်တော့ပေ။

ကျားရှန်းသည် သူ့အား မျက်စောင်းထိုးပြလျက်၊ သူမ၏ လက်ကို ဆန့်ထုတ်ကာ ပွင့်နေသော သူ၏ပါးစပ်ကို ပိတ်ပေးလိုက်သည်။ ထို့နောက် ယောင်ရန်နှင့် လုံယုတို့ကို ပြုံးပြကာ ပြောလိုက်လေ၏။

"ဂုဏ်ယူပါတယ် နှစ်ယောက်လုံးကို...၊ တကယ်ကို အတူတူ ရှိသင့်တဲ့ အချိန်ပါပဲ...။”

ရှီရွှမ်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ကြ လေသည်။ ဟွမ်ချန်သည် အခြားသူများမှ​ေ အံ့အားသင့်ပုံ မရသည်ကို မြင်သောအခါ မေးမြန်းလိုက်၏။

"ရှင့်တို့အားလုံး သိနေကြတာလား...။”

ကျားရှန်းက သူ့အား ထပ်မံမျက်စောင်းထိုးလျက် ပြောလိုက်လေသည်။

"ငါတို့က မျက်စိကန်းနေတာမှ မဟုတ်တာ...။”

ဟွမ်ချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။

"မင်းက ငါ့ကို မျက်စိကန်းနေတယ်လို့ ပြောချင်တာလား...။”

ကျားရှန်းသည် သူ့အား လျစ်လျူရှုလျက် ခွက်ကို မြှောက်လိုက်သည်။ သူမက ပြုံးကာ ၊

"ခေါင်းဆောင်နဲ့ ယောင်ရန်တို့အတွက် ခွက်မြှောက်ကြရအောင်...။ ရှင့်တို့နှစ်ယောက် တစ်သက်လုံး ပျော်ရွှင်စွာနဲ့ အတူတကွ ဖြတ်သန်းနိုင်ပါစေ...။”

လူတိုင်းက ၎င်းတို့၏ ခွက်များကို မြှောက်လျက် ပြောဆိုခဲ့ကြသည်။

"ခေါင်းဆောင်နဲ့ ယောင်ရန်တို့ တစ်သက်လုံး ပျော်ရွှင်စွာနဲ့ အတူတကွ ဖြတ်သန်းနိုင်ပါစေ...။”

ယောင်ရန်က ပြုံးလျက် ၊

"ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”

သံပရာရည်ကို အနည်းငယ် သောက်သုံးပြီးနောက်၊ ၎င်းတို့သည် စတင်စားသောက်ကြတော့သည်။ အခြားသူ များမှာ ပျော်ရွှင်စွာ စားသောက်နေကြသော်လည်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာမူ ကျိုင်းကောင်ကြော်များကို စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

သူတို့ တုံ့ဆိုင်းနေသည်ကို သတိပြုမိသဖြင့်၊ ဟွမ်ချန်သည် ကျိုင်းကောင်ကြော်တစ်ကောင်ကို ညှပ်ယူကာ သူ၏ ညီမဖြစ်သူ၏ ပန်းကန်အတွင်းသို့ ထည့်ပေးရင်း ပြောလိုက်လေသည်။

"စားလိုက်စမ်းပါ...၊ အစားအစာကို စိုက်ကြည့်မနေနဲ့...။”

ထိုသို့ပြောပြီးနောက် သူသည် စားသောက်ခြင်းကို ဆက်လက်လုပ်ဆောင်ကာ ကျားရှန်းနှင့်အတူ ဟင်းလျာများကို လုယူစားသောက်နေတော့၏။

သူမ၏ အစ်ကိုဖြစ်သူက အမူအရာတစ်ချက်မျှ မပျက်ဘဲ ကျိုင်းကောင်ကြော် အများအပြားကို စားနေသည်ကို မြင်ရသဖြင့်၊ ဟွမ်ကျိဟွေးသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ရဲရဲဝံ့ဝံ့ပင် ကိုက်ကြည့်လိုက်၏။ ကနဦးတွင် သူမသည် ပိုးမွှားများကို စားသုံးရမည့် အယူအဆအား ရွံရှာဖွယ်ကောင်းသည်ဟု ထင်မှတ်ခဲ့သော် လည်း၊ သူမ အံ့အားသင့်သွားရသည်မှာ ဤကျိုင်းကောင်ကြော်၏ အရသာမှာ အလွန်ပင် ကောင်းမွန်လှပေသည်။

ပထမတွင် သူမသည် တုံ့ဆိုင်းနေခဲ့သော်လည်း၊ ၎င်းအရသာမှာ အံ့သြစရာကောင်းလောက်အောင် စွဲလမ်းစေ ခဲ့ပေသည်။ ပထမဆုံး ကိုက်ကြည့်ပြီးနောက်တွင်မူ သူမသည် မရပ်တန့်နိုင်တော့ဘဲ၊ သူမ၏ တူများမှာ ပိုမို မြန်ဆန်စွာ လှုပ်ရှားလာခဲ့ကြလေသည်။

သူမ၏ သူငယ်ချင်းကောင်းဖြစ်သူ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ၊ တန်ချီချီသည်လည်း တစ်ကောင်ကို ညှပ်ယူ၍ ကိုက်ကြည့်လိုက်လေသည်။ ၎င်းမှာ အရသာရှိသော်လည်း မျိုချရန် ခက်ခဲနေသဖြင့်၊ သူမသည် တစ်ဝက်တစ်ပျက် စားထားသော ကျိုင်းကောင်ကြော်ကို ဟွမ်ကျိဟွေး၏ ပန်းကန်အတွင်းသို့ တိတ်တဆိတ် ထည့်ပေးလိုက်လေ၏။

နေ့လယ်စာ စားသောက်ပြီးစီးသည့်အခါ၊ လုံယုနှင့် အခြားသူများသည် ကျိုင်းကောင်များကို ထပ်မံဖမ်းဆီးရန် အောက်ထပ်သို့ ဆင်းသွားခဲ့ကြသော်လည်း၊ ယောင်ရန်မှာမူ ၎င်းတို့ကို ပြင်ဆင်ရန် အထပ် (၂၀) တွင် ကျန်ရစ်ခဲ့ လေသည်။ သူ​ေ တစ်ဦးတည်း ရှိနေသည့်အခါတွင်မူ၊ ကျိုင်းကောင်အားလုံးကို သူမ၏ နေရာလွတ် အတွင်းသို့ သိုလှောင်လိုက်လေသည်။

သူမ၏ စိတ်ဝိညာဉ်ကို အသုံးပြုခြင်းဖြင့်၊ သူမ၏ အလုပ်လုပ်နှုန်းမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။ လုံယုနှင့် အခြားသူများသည် အခြားအသုတ် ကျိုင်းကောင်များကို အထပ်ပေါ်သို့ သယ်ယူလာကြသည့်အခါတွင်မူ၊ ယောင်ရန် သည် ကျိုင်းကောင်အချို့ကို ကြော်၍ပြီးစီးသွားခဲ့ပြီး ကျန်ရှိသည့်အရာများကို စင်္ကြံလမ်းများပေါ်၌ အခြောက်လှန်းနေခဲ့ပြီ ဖြစ်ပေသည်။

ကျိုင်းကောင်အားလုံး ချက်ပြုတ်ပြီးစီးကာ ခြောက်သွေ့နေသည်ကို မြင်သောအခါ၊ ကျားရှန်းက အံ့အားသင့်စွာ ဖြင့် ပြောလိုက်လေ၏။

"ယောင်ရန်...၊ မင်းက ငါတို့ထက်တောင် ပိုပြီး မြန်နေပါလား...။”

ယောင်ရန်က သူမအား လှည့်၍ ပြုံးပြကာ၊

"သူတို့ကို ချက်ပြုတ်ရတာက ဖမ်းဆီးရတာထက် ပိုလွယ်ကူပါတယ်...။”

၎င်းတို့ အပြင်းအထန် အလုပ်လုပ်နေကြစဉ်အတွင်း၊ အနီးနားရှိ အဆောက်အအုံများမှ အခြားသော အသက် ရှင်ကျန်ရစ်သူများသည်လည်း ကျိုင်းကောင်များကို ဖမ်းဆီးရန် ထွက်လာခဲ့ကြသည်။ အမှန်စင်စစ် ယခုအချိန်၌ ကျွင်းချန်မြို့ရှိ အသက်ရှင်ကျန်ရစ်သူအားလုံးမှာ ကျိုင်းကောင်ဖမ်းဆီးရန်အတွက် အလုပ်ရှုပ်နေကြခြင်း ဖြစ်၏။

ငတ်မွတ်ခေါင်းပါးမှု ပြင်းထန်လာသည့်အခါတွင်မူ လူများသည် မည်သည့်အရာကို စားသုံးရသည်ကို ဂရုမစိုက် ကြတော့ပေ။ ၎င်းတို့၏ ဝမ်းဗိုက်ကို ဖြည့်တင်းနိုင်သရွေ့၊ မည်သည့်အရာကိုမဆို တုံ့ဆိုင်းခြင်းမရှိဘဲ စားသောက် ကြပေလိမ့်မည်။ ဆာလောင်မွတ်သိပ်စွာဖြင့် သေဆုံးရခြင်းထက် ဝမ်းဝလင်လင်ဖြင့် သေဆုံးရခြင်းက ပိုမိုကောင်း မွန်လှပေသည်။

ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် နေဝင်ချိန်အထိ အလုပ်လုပ်ခဲ့ကြပြီးမှ လုပ်ငန်းကို ရပ်တန့်ခဲ့ကြ လေသည်။

အထပ် (၂၀) သို့ ပြန်လည်ရောက်ရှိလာသည့်အခါ၊ လုံယုနှင့် အခြားသူများသည် ပင်ပန်းနွမ်းနယ်နေပုံ ရသော် လည်း၊ ဆီပူထိုးထားသော ကျိုင်းကောင်များ၊ ကျိုင်းကောင်ခြောက်များနှင့် ကျိုင်းကောင်မှုန့်များ ဖြည့်တင်းထား သော ပုံးများကို မြင်လိုက်ရသည့်အခါ ၎င်းတို့၏ စိတ်ဓာတ်များမှာ ပြန်လည်တက်ကြွလာခဲ့ကြလေသည်။

ကိုယ်လက်သန့်စင်ပြီးနောက်၊ ၎င်းတို့သည် ညစာစားသုံးရန်အတွက် ယောင်ရန်၏ ဧည့်ခန်းအတွင်းသို့ စုဝေးခဲ့ ကြလေသည်။

စားသောက်နေစဉ်အတွင်း လုံယုက မေးလိုက်၏။

"ရန်ရန်... ဒီနေ့ ငါတို့ အစားအစာ ဘယ်လောက်အထိ စုဆောင်းနိုင်ခဲ့လဲ...။”

All Chapters