← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆)

ကာလဝမ်းရောဂါ

ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ဖြင့် နေရာလွတ် ကို စစ်ဆေးကြည့်ပြီးနောက်၊

"အပြင်ဘက်မှာ အခြောက်လှန်းထားတာတွေနဲ့ မပြင်ဆင်ရသေးတဲ့ အရာတွေကို မတွက်ဘဲ...၊ ကျွန်မတို့ ဆီပူထိုး ထားတဲ့ ကျိုင်းကောင် လေးဆယ်ကီလိုဂရမ်...၊ ကျိုင်းကောင်ခြောက် နှစ်ရာကီလိုဂရမ်နဲ့ ကျိုင်းကောင်မှုန့် ခြောက် ဆယ်ကီလိုဂရမ် စုဆောင်းမိထားပါတယ်...။”

ထိုစကားကို ကြားရသောအခါ အခြားသူများ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ တစ်ရက်တည်းဖြင့် သူ တို့သည် အစားအစာ သုံးရာကီလိုဂရမ်ကျော်အထိ စုဆောင်းနိုင်ခဲ့ကြပြီး၊ ၎င်းမှာ တစ်ဦးလျှင် လေးဆယ့်နှစ်ကီလို ဂရမ်ကျော်ခန့် ရရှိရန် လုံလောက်လှပေသည်။

ဟွမ်ချန်သည် တူများကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ပြောလိုက်လေ၏။

"ကောင်းလိုက်တာ...၊ မနက်ဖြန်ကျရင် ပိုပြီးတော့ ဖမ်းကြရအောင်...။”

လူတိုင်းက သဘောတူညီကြပြီး စစားသောက်ရင်းဖြင့် မနက်ဖြန်အတွက် အလုပ်များကို စတင်စီစဉ်ကြတော့ သည်။ ၎င်းတို့ အစားအစာကို စတင်မမြည်းစမ်းရသေးခင်မှာပင်၊ အပြင်ဘက်မှ အော်ဟစ်အော်ညည်းသံများ ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။

ရေကြီးမှုများ လျော့ကျသွားပြီးနောက် လူအများစုမှာ အောက်ထပ်များဆီသို့ ရွှေ့ပြောင်းသွားခဲ့ကြလေသည်။ သို့သော်လည်း အဆောက်အအုံ ပျက်စီးသွားမှုကြောင့် အသံလုံစနစ်မှာ ဆိုးရွားလှသဖြင့်၊ ၎င်းတို့သည် အပြင် ဘက်မှ အသံအားလုံးကို ရှင်းလင်းစွာ ကြားနေရခြင်း ဖြစ်၏။

ကျိုင်းကောင်များ၏ ဝူးဝူးမြည်သံများကြားထဲမှ တုန်လှုပ်ခြောက်ခြားနေသော အော်ဟစ်သံများကို အပြင် ဘက်နှင့် အောက်ထပ်တို့မှ ကြားလိုက်ရလေသည်။

"ကယ်ကြပါဦး...၊ ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးရှိတဲ့သူ ရှိလား...။ ကျွန်တော် အိမ်သာကို ခုနစ်ကြိမ်တောင် သွားပြီးပြီ...။ ကျေးဇူးပြုပြီး ကူညီကြပါဦး...။”

ထိုစကားကို ကြားရသောအခါ ယောင်ရန်သည် အခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူတို့ သည် တူများကို ချထားလိုက်ပြီး၊ ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ကာ ယောင်ရန်၏ တိုက်ခန်းအတွင်းမှ ထွက်ခွာခဲ့ကြလေသည်။

အထပ် (၁၉) သို့ ရောက်ရှိသည့်အခါ၊ စူးစမ်းလေ့လာရန်အတွက် ထွက်လာကြသော ချွမ်ယွမ်ဝေ့၊ စီမာယွမ်နှင့် စီမာဟောက်တို့ကို တွေ့ခဲ့လေသည်။

လုံယုသည် ၎င်းတို့ထံသို့ လျှောက်လှမ်းသွားကာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ...။”

စီမာဟောက်သည် သူ့အား လှည့်ကြည့်လျက်၊

"လူတော်တော်များများက ကျိုင်းကောင်တွေကို စားပြီးနောက်မှာ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ ကြတာ...။ တချို့လူတွေဆိုရင် ရေဓာတ်ခန်းခြောက်ပြီး သေဆုံးသွားကြပြီ...။”

စီမာယွမ်က သက်ပြင်းချလျက် ထပ်လောင်းပြောဆိုလိုက်လေသည်။

"ငါ ဒီနေ့အစောပိုင်းက လူအများစု ကျိုင်းကောင်တွေကို စနစ်တကျ မသန့်စင်ဘဲ စားနေကြတာကို မြင်လို့ သတိပေးဖို့ ကြိုးစားခဲ့ကပါသေးတယ်...။ ဒါပေမယ့်လည်း သူတို့က ငါ့စကားကို လျစ်လျူရှုခဲ့ကြတာ...၊ အခုတော့ လူအများစု ဖျားနာနေရတာက အဲ့ဒါကြောင့်ပဲ ဖြစ်လိမ့်မယ်...။”

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်၊ အပြင်ဘက်နှင့် အောက်ထပ်တို့မှ နောက်ထပ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြန်လေသည်။

"ကျေးဇူးပြုပြီး ကူညီကြပါဦး...။ ကျွန်တော် ရေဓာတ်တွေ ခန်းခြောက်နေပြီ...၊ ကျွန်တော် မသေချင်သေးဘူး...။”

"တစ်ယောက်ယောက်...၊ ကျွန်တော့်ရဲ့ ကလေးကို ကယ်ပေးကြပါဦး...၊ သူ ရုတ်တရက် ကိုယ်ပူကြီးပြီး သတိလစ် သွားလို့ပါ...။”

ပိုမိုပြင်းထန်လှသော အော်ဟစ်သံများကို ကြားရသောအခါ၊ ယောင်ရန်သည် မျက်မှောင်ကြုတ်လျက် ပြော လိုက်လေ၏။

"ဒါက ကပ်ပါးကောင် ကူးစက်ခံရခြင်းနဲ့ မတူဘူး...၊ ကာလဝမ်းရောဂါရဲ့ လက္ခဏာတွေနဲ့ ပိုပြီး တူနေတယ်...။”

သူမ၏ စကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။

လုံယု၏ မျက်ဝန်းများ ဝင်းလက်သွားကာ သူက မေးလိုက်လေသည်။

"ရန်ရန်...၊ မင်း သေချာလို့လား...။”

ယောင်ရန်က ခေါင်းငြိမ့်ပြလျက် ရှင်းပြခဲ့လေ၏။

"ကပ်ပါးကောင် ကူးစက်ခံရခြင်းက အန်တာ၊ ဗိုက်နာတာနဲ့ တစ်ခါတရံ ဝမ်းလျှောတာကိုပဲ ဖြစ်စေတာ... ။ဒါပေ မယ့် ကာလဝမ်းရောဂါကတော့ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါမျိုး ဖြစ်တယ်...။”

"ကာလဝမ်းရောဂါကို ဖြစ်စေတဲ့ ဝီဘရီယို ကော်လရေး ဘက်တီးရီးယားက ကော်မာပုံသဏ္ဌာန်ရှိပြီး ဂရမ်နဂ္ဂ တစ်အုပ်စုဝင် ဖြစ်တယ်...၊ ဒါက တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ သို့မဟုတ် မသန့်ရှင်းတဲ့ အစား အစာတွေကို စားသုံးတာကြောင့် ပျံ့နှံ့တာလေ...။ ဒီရောဂါက ဘက်တီးရီးယားတွေက အူသိမ်အတွင်းမှာ အဆိပ် အတောက်တွေ ထုတ်လွှတ်တာကြောင့် တကယ့်ကို အန္တရာယ်များပါတယ်...။”

သူမ၏ စကားကို နားထောင်ပြီးနောက် လုံယုက မေးလိုက်လေသည်။

"ဒါကို ကုသလို့ ရနိုင်မလား...။”

ယောင်ရန်က ခေါင်းငြိမ့်ပြခဲ့၏။

"ကာလဝမ်းရောဂါက ကုသလို့ရပါတယ်...။ ဒါပေမယ့်လည်း ရေဓာတ်ခန်းခြောက်မှုက အလျင်အမြန် ဖြစ်ပွား နိုင်တာမို့လို့ အရေးပေါ်ကုသမှုက တကယ့်ကို အရေးကြီးတယ်...။”

"သူတို့အတွက် ဓာတ်ဆားရည်၊ သွေးကြောသွင်း ဆေးရည်နဲ့ အီလက်ထရိုလိုက်တွေ လိုတယ်...၊ ပဋိဇီဝဆေးတွေ ကလည်း ရောဂါလက္ခဏာတွေကို လျော့နည်းစေပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ပေးနိုင်ပေမယ့်...၊ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ယခုလို ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ သန့်ရှင်းတဲ့ရေကို ရရှိဖို့နဲ့ သန့်ရှင်းတဲ့ နေထိုင်မှုပုံစံ အတိုင်း နေထိုင်နိုင်ဖို့ပဲ...။”

သူမ စကားပြောပြီးနောက်၊ အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သွားကြသဖြင့် လူတိုင်း တိတ်ဆိတ်သွား ကြတော့သည်။ လက်ရှိအချိန်တွင် သန့်ရှင်းသောရေမှာ အစားအစာ သို့မဟုတ် ဆေးဝါးများထက်ပင် ပိုမိုရှားပါး နေပြီး၊ ၎င်းရေမရှိပါက ရောဂါကူးစက်ပျံ့နှံ့မှုမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။

ယောင်ရန်သည် ကာလဝမ်းရောဂါ ပျံ့နှံ့မှုကို မည်သို့ထိန်းချုပ်ရမည်ကို တွေးတောနေစဉ်အတွင်း၊ တစ်စုံတစ်ဦးက သူမအား အောက်ထပ်မှ လှမ်းခေါ်လိုက်လေသည်။

ထိုအမျိုးသား၏ အသံမှာ ရှတတဖြစ်ပြီး အားနည်းလွန်းလှပေသည်။

"မမလေးယောင်...၊ မမလေးက ဒီတိုက်ခန်းအဆောက်အအုံရဲ့ ဆရာဝန်ဖြစ်ပြီး ဆေးပညာမှာ တကယ့်ကို ထူးချွန် တယ်ဆိုတာ ကျွန်တော် သိပါတယ်...။ ကျွန်တော် ဘာဖြစ်နေတာလဲဆိုတာ ကူညီကြည့်ရှုပေးနိုင်မလားဟင်...၊ ကျွန်တော် ဘာလို့ ဝမ်းမရပ်နိုင်ရတာလဲ...။ ကျေးဇူးပြုပြီး ကူညီပေးပါ...၊ ကျွန်ုတော့်မှာ ပေးချေဖို့အတွက် ရိက္ခာ တွေ ရှိပါတယ်...။”

ထိုစကားကို ကြားရသောအခါ ယောင်ရန်က ပြောလိုက်၏။

"ရှင့်တို့ ဒီနေရာမှာပဲ နေခဲ့ကြပါ...။ ကျွန်မ သွားကြည့်လိုက်ဦးမယ်...။”

ထိုသို့ပြောပြီးနောက် သူမသည် အထပ် (၁၉) သို့ ဆင်းမည့် လှေကားကို ပိတ်ဆို့ထားသော သံတံခါးဆီသို့ လျှောက် သွားခဲ့လေသည်။ လုံယုသည် သူမအတွက် စိုးရိမ်သဖြင့​ေ လှေကားထစ်များဆီသို့ လိုက်ပါသွားခဲ့လေ၏။

ပိတ်ထားသော တံခါး၏နောက်ကွယ်တွင် ရပ်လျက်၊ ယောင်ရန်သည် သံတံခါးပေါ်ရှိ မှန်တင်းပေါက်မှတစ်ဆင့် ကြည့်ရှုလိုက်လေသည်​။ ထိုအမျိုးသားသည် နံရံကို အားနည်းစွာ မှီထားလျက်၊ ကျိုင်းကောင်များကို မောင်း ထုတ်ရန် မီးတုတ်တစ်ချောင်းကို အသုံးပြုနေခဲ့ခြင်းဖြစ်လေ၏။

သူ့ကို သေသေချာချာ စောင့်ကြည့်ပြီးနောက်၊ သူမသည် ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှု လက္ခဏာများကို သတိပြုမိလိုက်လေသည်။ သူသည် ကာလဝမ်းရောဂါ ကူးစက်ခံထားရကြောင်း သူမ တစ်ချက်ကြည့်ရုံဖြင့် သိရှိ နိုင်ခဲ့လေသည်။

ယောင်ရန်၏ နေရာလွတ် အတွင်း၌ ဆေးဝါးများ ရှိနေပြီး ၎င်းအား ကုသပေးနိုင်သော်လည်း၊ သူမသည် ၎င်းဆေး ဝါးများကို သူစိမ်းတစ်ဦးအပေါ်တွင် မအသုံးပြုလိုပေ။ အကယ်၍ လူများက သူမ၌ ဆေးဝါးများ ရှိနေသည်ကို သိရှိသွားပါက၊ ၎င်းတို့အားလုံး သူမထံသို့ ရောက်ရှိလာပြီး ကုသပေးရန် တောင်းဆိုကြပေလိမ့်မည်။

ကမ္ဘာပျက်ကပ်အတွင်း၌ လူများသည် ရက်စက်ကြပြီး ကရုဏာတရား ကင်းမဲ့ကြပေသည်။ အကယ်၍ သူမက ၎င်းတို့ကို ကူညီပေးခဲ့လျှင်ပင်၊ လူအများစုမှာ ကျေးဇူးတင်ကြမည် မဟုတ်ဘဲ သူမအား ဒုက္ခအပေါ်တွင် အမြတ် ထုတ်နေသည်ဟု စွပ်စွဲကြပေလိမ့်မည်။ ၎င်းတို့အား တိုက်ရိုက်ကူညီမည့်အစား၊ ယောင်ရန်သည် ဆေးဝါးများကို ရွှီချီဖန်ထံသို့သာ ပေးအပ်ပြီး သူ့အားသာ ကိုင်တွယ်ဖြေရှင်းစေလိုပေသည်။

သူမက ထိုအမျိုးသားကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။

"ကျွန်မ ရှင့်ကို မကူညီနိုင်ပါဘူး...၊ ရှင် ဆေးရုံကိုပဲ သွားသင့်တယ်...။”

သူမ၏ စကားကြောင့် ထိုအမျိုးသား၏ မျက်နှာမှာ ဖြူလျော်သွားခဲ့သည်။ သူသည် နံရံကို မှီထားလျက် ယောင်ရန် အား ကြည့်ကာ ပြောလိုက်လေ၏။

"မမလေးယောင်...၊ ကျွန်တော် ဆေးရုံကနေ အခုတင် ပြန်လာခဲ့တာပါ...။ အဲ့နေရာမှာ လူနာတွေ အများကြီး ရှိနေပြီး ဆေးဝါးတွေလည်း ကုန်နေပြီ...။”

သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလျက်၊ ကွဲအက်ပြီး ဖြူလျော်နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်က​ဆက်လက်တောင်းပန်နေခဲ့လေသည်။

"မမလေးယောင်...၊ ကျွန်တော့မှာ အခြားရွေးချယ်စရာ မရှိတော့လို့ပါ...။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး ... ကျွန်တော် မသေချင်သေးဘူး...။ ကျွန်တော်ရဲ့ သားလေးက တစ်နှစ်တောင် မပြည့်သေးသလို ဇနီးကလည်း အားနည်းနေတယ်...၊ ကျွန်တော်မှာ အသက်ကြီးတဲ့ မိဘတွေကိုလည်း ပြုစုရဦးမှာပါ...။”

ထိုစကားများကို ခက်ခဲစွာ ပြောဆိုပြီးနောက်၊ ထိုအမျိုးသားသည် ခွန်အားများ ကုန်ဆုံးသွားခဲ့လေသည်။ သူ၏ လက်ထဲမှ မီးတုတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သူသည်လည်း နံရံမှတစ်ဆင့် လျှောကျသွားခဲ့လေသည်။ သူ၏ နောက်ဆုံးကျန်ရှိသော ခွန်အားဖြင့် တိုးညင်းစွာ ရေရွတ်လိုက်လေ၏။

"ကျေးဇူးပြုပြီး...၊ ကယ်ပါဦး...။”

ယောင်ရန်သည် သူ၏ မျက်ဝန်းများအတွင်းမှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ကြည့် လျက်၊ သူ၏ အကြည့်ကို ဆုံလိုက်သည်။ သူမသည် မျက်လုံးများကို ခဏမျှ ပိတ်လိုက်ပြီးနောက် တံခါးကို ဖွင့်လိုက်လေ၏။ ကျိုင်းကောင်များ ဖြတ်သန်းမပျံသန်းနိုင်ခင်မှာပင်​ သူမသည် အပြင်ဘက်သို့ အလျင်အမြန် ထွက်လှမ်းကာ သူမ၏ အနောက်ဘက်ရှိ တံခါးကို ပြန်လည်ပိတ်လိုက်လေသည်။

ပိတ်ထားသော တံခါး၏နောက်ကွယ်မှ စောင့်ကြည့်နေသော လုံယုသည် ယောင်ရန်၏ လက်ထဲ၌ ရေရောထား သော ရေကန်ရေပုလင်းတစ်ပုလင်း ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအမျိုးသားမှာ ဤ အချိန်၌ သတိလစ်နေသဖြင့် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မသိရှိခဲ့ပေ။

ယောင်ရန်သည် သူ့အား ရေရောထားသော ရေကန်ရေကို ဖြည်းညင်းစွာ တိုက်ကျွေးလိုက်ပြီး၊ သူ သတိပြန်လည် လာသည်အထိ စောင့်ဆိုင်းကာ ပြောလိုက်လေသည်။

"ရှင် ဤရေကို ယူသွားနိုင်ပါတယ်...။ ပြန်ပါတော့... ၊ ကျွန်မ ရှင့်ကို မကူညီနိုင်ပါဘူး...။”

All Chapters