← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇)

ကျိုင်းကောင်ကပ်ဘေး ပြီးဆုံးခြင်း

ထိုအမျိုးသားသည် ရေရောထားသော ရေကန်ရေကို သောက်သုံးပြီးနောက် သတိပြန်လည်လာသည်ကို မြင်ရ သဖြင့်၊ ယောင်ရန်သည် မတ်တပ်ရပ်လျက် အထပ် (၁၉) သို့ ပြန်လာခဲ့လေ၏။

သူမသည် သံတံခါးကို ပိတ်ပြီးနောက်၊ သူမ၏ နေရာလွတ် အတွင်းမှ ပိုးသတ်ဆေးကို ထုတ်ယူကာ သူမကိုယ် တိုင်၊ လုံယု၊ သံတံခါးနှင့် လှေကားထစ်များကို သေသေချာချာ ပိုးသတ်လိုက်လေသည်။ ထိုအလုပ် ပြီးစီးသွား သည့်အခါ၊ သူမနှင့် လုံယုတို့သည် အထပ်ပေါ်သို့ ပြန်တက်ခဲ့ကြလေသည်။

၎င်းတို့၏ နောက်ကွယ်တွင်မူ၊ ထိုအမျိုးသားသည် သူ၏ မီးတုတ်ကို ကောက်ကိုင်လိုက်ပြီး ရေပုလင်းကို သူ၏ ညစ်ပတ်ပေရေနေသော အဝတ်အစားများအတွင်း၌ ဖုံးကွယ်လိုက်၏။ ထိုရေပုလင်းမှာ သူ၏ မိသားစုကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိုည ညဆယ်နာရီခန့်တွင်မူ၊ စစ်တပ်သည် နောက်ဆုံး၌ ကျိုင်းကောင်များကို နှိမ်နင်းရန် စတင်လှုပ်ရှားခဲ့လေ သည်။ ၎င်းတို့သည် ဧရာမ လေစုပ်စက်ကြီးများကို အသုံးပြုကာ ကျိုင်းကောင်များကို စုပ်ယူပြီး ကွန်တိန်နာများ အတွင်းသို့ သိုလှောင်သည့် အကြီးစား စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်လေ၏။

စစ်တပ်၏ ကြိုးပမ်းမှုများကြောင့်၊ နောက်တစ်နေ့တွင် ယောင်ရန် နိုးလာသည့်အခါ၌ ကျိုင်းကောင်အရေအတွက် မှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ လေစုပ်စက်ကြီးများက ကျိုင်းကောင်အချို့ကို စုပ်ယူသွားခဲ့ပြီး၊ အသက်ရှင်ကျန်ရစ်သူများကလည်း အချို့ကို ဖမ်းဆီးခဲ့ကြကာ၊ ကျန်ရှိနေသော ကျိုင်းကောင်များမှာမူ အန္တရာယ် ကို ရိပ်မိသွားသဖြင့် ကျွင်းချန်မြို့မှ ထွက်ခွာသွားခဲ့ကြလေသည်။

ယောင်ရန်သည် လိုက်ကာများကို ဖွင့်လျက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ကောင်းကင်ယံကြီးမှာ ကျိုင်းကောင်များဖြင့် မှောင်မည်းမနေတော့ပေ။ သူမသည် ဟိုဟိုသည်သည် ပျံသန်းနေကြသော ကျိုင်းကောင် အနည်းငယ်ကို ခဏမျှ စောင့်ကြည့်နေပြီးမှ လိုက်ကာကို ပြန်ပိတ်လိုက်လေသည်။

သူမ၏ နေရာလွတ် အတွင်း၌ ရေချိုးပြီး မနက်စာ သုံးဆောင်ပြီးနောက်၊ သူမသည် ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ တိုက်ခန်းအတွင်းမှ ထွက်လာခဲ့လေသည်။ ကျိုင်းကောင်အရေအတွက်မှာ သိသိသာသာ လျော့နည်း သွားခဲ့သော်လည်း၊ အဆောက်အအုံများနှင့် လမ်းမများပေါ်တွင်မူ ကျိုင်းကောင်များစွာ ကျန်ရှိနေသေး၏။

တံခါးကို ဖွင့်လိုက်သည့်အခါ၊ စင်္ကြံလမ်းအတွင်း၌ အိတ်များစွာ ပုံကျနေသည်ကို ယောင်ရန် သတိပြုမိလိုက်သည် ။ သူမသည် စူးစမ်းမေးမြန်းရန် လုံယု၏ တံခါးကို ခေါက်ရန် မပြင်နိုင်ခင်မှာပင်၊ သူနှင့် ရှီရွှမ်းတို့သည် ကျိုင်း ကောင်အိတ်အချို့ကို တစ်ယောက်လျှင် အနည်းငယ်စီ သယ်ဆောင်လျက် ပြန်လည်ရောက်ရှိလာသည်ကို တွေ့လိုက်ရလေ၏။

လုံယုသည် ထိုအိတ်များကို အခြားအိတ်များ၏ ဘေးတွင် ချထားလိုက်ပြီးနောက် သူမထံသို့ လျှောက်လှမ်းလာ ခဲ့လေသည်။

"ဘာလို့ အစောကြီး နိုးနေတာလဲ...။”

သူ၏ ချွေးများဖြင့် စိုရွှဲနေသော မျက်နှာကို ကြည့်ရှုရင်း ယောင်ရန်က၊

"ကျွန်မ အိပ်ရေးဝသွားလို့ပါ... ။ ဘာလို့ ကျွန်မကို မနှိုးတာလဲ...။”

သူမ၏ မျက်ဝန်းများအတွင်းမှ အပြစ်မကင်းသကဲ့သို့ ခံစားချက်ကို ရိပ်မိသွားသဖြင့် ရှီရွှမ်းက ပြောလိုက်လေ သည်။

"မင်းရဲ့ အလုပ်က ကျိုင်းကောင်တွေကို သန့်စင်ပြီး ချက်ပြုတ်ဖို့လေ...။ သန့်စင်စရာ ကျိုင်းကောင်တွေ မရှိသေး ခင်မှာ မင်းကို ဘာလို့ နှိုးရမှာလဲ...။”

ထိုစကားကို ကြားရသောအခါ ယောင်ရန်က ပြုံးလျက် ပြောလိုက်လေ၏။

"အခုအချိန်က အရမ်းပူလွန်းတယ်...၊ ရှင့်တို့ ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ကြဦးနော်...။”

"ကောင်းပါပြီ...။”

ရှီရွှမ်းက ပြန်ဖြေခဲ့ပြီးနောက်၊ ရေခဲသေတ္တာအတွင်းမှ သံပရာရည်အချို့ကို သယ်ယူကာ အောက်ထပ်သို့ ဆင်းသွားခဲ့လေသည်။

သူ ထွက်ခွာသွားပြီးနောက်၊ ယောင်ရန်သည် လုံယုအား ကျိုင်းကောင်များ ထပ်မံဖမ်းဆီးရန် အောက်ထပ်သို့ မဆင်းမီ ရေကန်ရေပုလင်းတစ်ပုလင်းကို ကမ်းပေးလိုက်၏။

စစ်တပ်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ကျိုင်းကောင်ကပ်ဘေးကြီးမှာ ပြီးဆုံး သွားခဲ့ပြီး၊ လူတိုင်းသည် နောက်ဆုံး၌ ဝမ်းဗိုက်ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့ကြသည်။ ၎င်းတို့ ဖမ်းဆီးရမိသော ကျိုင်းကောင်အရေအတွက်ဖြင့် အသက်ရှင်ကျန်ရစ်သူများသည် အနည်းဆုံး လဝက်ခန့်အပြီးအထိ ငတ်မွတ် ခေါင်းပါးခြင်း ဘေးမှ ကင်းဝေးကြပေလိမ့်မည်။

သို့သော်လည်း ကျိုင်းကောင်များ၏ အန္တရာယ် ကင်းဝေးသွားသည့်တိုင်အောင်၊ အခြားသော ရောဂါဘယများမှာ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက် နှိပ်စက်နေခဲ့သေး၏။

ကာလဝမ်းရောဂါနှင့် ၎င်းနောက်တွင် ကပ်လိုက်လာသော ပရိုတိုဇိုအာ ဗိုင်းရပ်စ်များသည် နေရာအနှံ့အပြား၌ ပျံ့နှံ့ ဖြစ်ပွားခဲ့ပေသည်။ အစိုးရသည် အလောင်းကောက်သူများ၊ ပိုးသတ်ရေး ဝန်ထမ်းများနှင့် ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးရည် ပြုလုပ်ရာတွင် ကျွမ်းကျင်သူများကို စုဆောင်းရန်အတွက် နောက်ထပ် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့လေသည်။

ခြောက်ရက်ခန့် ကြာပြီးနောက်၊ ဟွမ်ကျိဟွေးသည် ယောင်ရန်ထံသို့ လာရောက်လည်ပတ်ခဲ့လေသည်။

ယောင်ရန်၏ အိပ်ခန်းအတွင်း၌ ထိုင်လျက်၊ ဟွမ်ကျိဟွေးက ပြောပြခဲ့သည်။

"ဆေးပညာ ဗဟုသုတ အနည်းငယ်မျှရှိသူတိုင်း ဆေးရုံသို့ ချက်ချင်း သတင်းပို့ရမယ်လို့ အစိုးရက ကြေညာထား တယ်လို့ အစ်ကိုဟောက် ပြောတာ ကြားခဲ့ရတယ်...။”

သူမသည် ယောင်ရန်အား ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်လေ၏။

"အစ်မယောင်ရန်...၊ အစ်မကို အတင်းအကျပ် သွားခိုင်းလိမ့်မလားဆိုတာ ကျွန်မ တကယ်ပဲ စိုးရိမ်မိတယ်...။”

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်လေသည်။

သူမသည် ဟွမ်ကျိဟွေး၏ စိတ်အေးစေရန် လက်ဖမိုးလေးကို ဖြည်းညင်းစွာ ပုတ်ပေးရင်း ပြောလိုက်လေ၏။

"အစိုးရက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အများကြီး လိုအပ်နေရင်တောင်...၊ လူတွေကို အတင်းအကျပ် သွား ခိုင်းမှာ မဟုတ်ပါဘူး...။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ လက်ထဲမှာ လူတွေရဲ့ အသက်တွေ ရှိနေတာလေ...။ တကယ်လို့ အတင်းအကျပ် ခိုင်းစေမယ်ဆိုရင် သူတို့က ပေါ့ပေါ့ဆဆ လုပ်မိပြီး သေဆုံးမှုတွေ ပိုပြီးတော့ ဖြစ်စေ နိုင်တယ်လေ...။”

သူမက ပြုံးလျက် မေးလိုက်လေသည်။

"အစိုးရက သူတို့အပေါ် အာဃာတ ထားနိုင်မယ့်သူတွေကို သုံးဝံ့ပါ့မလား...။”

ထိုစကားကို ကြားရသောအခါ ဟွမ်ကျိဟွေးသည် သက်ပြင်းချလျက် စိတ်အေးသွားခဲ့လေသည်။

သူမက ခဏမျှ စဉ်းစားပြီးနောက် ပြောပြခဲ့၏။

"အစ်မယောင်ရန်...၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် တစ်လကို စားနပ်ရိက္ခာ လေးဆယ်ကီလိုဂရမ်နဲ့ ရေ လီတာငါးဆယ် ထောက်ပံ့ပေးမယ်လို့ အစိုးရက ကြေညာထားတယ်...။အဲ့ဒါအပြင် နေထိုင်စရာ နေရာကိုလည်း ပေးအပ်ပြီး သူတို့ကို ကာကွယ်ပေးဖို့အတွက် စစ်သည်တွေကိုလည်း စေလွှတ်ပေးမှာတဲ့...။”

သူမသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်လေသည်။

"အစ်မ ဆေးရုံမှာ သွားပြီး အလုပ်လုပ်မလို့လား...။”

ယောင်ရန်က ခေါင်းခါလျက်၊

"ကျွန်မ မသွားပါဘူး...။ လက်ရှိအချိန်မှာ ဆေးရုံမှာ အလုပ်လုပ်ရတာက တကယ့်ကို အန္တရာယ်များလွန်းတယ်...၊ ဒါ့အပြင် ကျွန်မက တကယ့် ဆရာဝန်တစ်ဦးလည်း မဟုတ်ဘူးလေ...။”

ဟွမ်ကျိဟွေးက ခေါင်းငြိမ့်ပြခဲ့လေသည်။

"နားလည်ပါပြီ...။ ကျွန်မ ဒီအကြောင်းကို ပြောပြဖို့ လာခဲ့တာပါ...၊ အခုတော့ ပြန်လိုက်ပါဦးမယ်...။”

ယောင်ရန်က ပြုံးပြလိုက်၏။

"အချိန်ပေးပြီး လာပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”

ဟွမ်ကျိဟွေးက ရှက်ကိုးရှက်ကန်း ပြုံးပြခဲ့လေသည်။

"ဘာမှမဟုတ်ပါဘူး...။”

ထိုသို့ပြောပြီးနောက် သူမသည် မတ်တပ်ရပ်လျက်၊

"ဒီလိုဆိုရင် နောက်မှ ဆုံကြမယ်နော်...၊ အစ်မယောင်ရန်...။”

"ခဏလောက်...။”

ယောင်ရန်က သူမအား ပြန်လည်ခေါ်ယူလိုက်ပြီး၊ ပလတ်စတစ်အိတ်တစ်အိတ်ကို ယူကာ ဟွမ်ကျိဟွေးထံသို့ ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဒါကို အိမ်ကို ယူသွားပြီး အခြားသူတွေနဲ့အတူ မျှစားလိုက်ပါ...။”

ဟွမ်ကျိဟွေးသည် အိတ်အတွင်းရှိ အမဲခြောက်များကို မြင်လိုက်ရသည့်အခါ တံတွေးမြိုချလိုက်ပြီးမှ ၎င်းအိတ်ကို ယောင်ရန်ထံသို့ ပြန်လည်ကမ်းပေးခဲ့လေသည်။

"အစ်မယောင်ရန်... ကျွန်မတို့ဆီမှာ ဝက်သားခြောက်တချို့ ကျန်ပါသေးတယ်...။ ဒီအမဲခြောက်တွေကိုတော့ အစ်မကိုယ်တိုင်ပဲ သိမ်းထားလိုက်ပါ...။”

ယောင်ရန်က ပလတ်စတစ်အိတ်ကို ပြန်မယူဘဲ ပြောလိုက်၏။

"ကျွန်မဆီမှာ အများကြီး ကျန်ပါသေးတယ်...၊ ယခုလို အပူချိန်မျိုးနဲ့ဆိုရင် အသားတွေကို အကြာကြီး သိမ်းထား ရင် ပျက်စီးသွားမှာကို စိုးရိမ်ရတယ်...။ အိမ်ကို သယ်သွားပြီး ခန္ဓာကိုယ်ကို အာဟာရ ပြည့်ဝအောင် ပြုစုလိုက် ကြပါ...။”

ထိုစကားကို ကြားရသောအခါ ဟွမ်ကျိဟွေးက ကျေးဇူးတင်စွာဖြင့် ပြုံးပြခဲ့၏။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်မယောင်ရန်...၊ ကျွန်မ အခုပဲ ပြန်လိုက်ပါဦးမယ်...။”

ဟွမ်ကျိဟွေးကို ပြန်လွှတ်ပြီးနောက်၊ ယောင်ရန်သည် လုံယုကို ရှာဖွေရန် ထွက်လာခဲ့သည်။ သူတို့၏ ဆက်ဆံ ရေးကို အတည်ပြုပြီးကတည်းက၊ သူတို့နှစ်ဦးသည် တိုက်ခန်းသော့များကို အပြန်အလှန် ဖလှယ်ထားခဲ့ကြလေ ၏။

ယောင်ရန်သည် လုံယု၏ တိုက်ခန်းတံခါးကို ဖွင့်လှစ်ကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဧည့်ခန်း သို့မဟုတ် မီးဖို ချောင်အတွင်း၌ သူ ရှိမနေသည်ကို မြင်ရသဖြင့်၊ သူမသည် သူ၏အိပ်ခန်းအဖြစ် အသုံးပြုသော ဧည့်သည် အိပ်ခန်းလေးဆီသို့ လျှောက်သွားခဲ့လေ၏။

သူမ တံခါးကို ခေါက်ရန် မပြင်နိုင်ခင်မှာပင်၊ တံခါးပွင့်လာသံကို ကြားလိုက်ရလေသည်။

ရေချိုးခန်းတံခါး ပွင့်လာသည့်အခါ၊ ယောင်ရန်သည် လှည့်ကြည့်လိုက်ရာ ဘောင်းဘီရှည်တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော လုံယုကို တွေ့လိုက်ရလေသည်။ သူ၏ ဆံပင်များမှ ရေစက်များ တတောက်တောက် ကျနေဆဲ ဖြစ်ပြီး၊ သူမက သူ၏ အိပ်ခန်းရှေ့တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့ရသည့်အခါ သူက ပြုံးပြလိုက်လေသည်။

လုံယုသည် ဂွမ်းမျက်နှာသုတ်ပုဝါကို သူ၏ လည်ပင်းတွင် ပတ်လိုက်ပြီး သူမထံသို့ ချဉ်းကပ်လာခဲ့လေသည်။

All Chapters