အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉)
လှူဒါန်းခြင်း
စစ်သည်က ယဉ်ကျေးစွာ ပြောလိုက်လေ၏။
"ရဲဘော်...၊ ဒီနေရာက ကန့်သတ်နယ်မြေ ဖြစ်ပါတယ်...။ ကျေးဇူးပြုပြီး ထွက်ခွာပေးပါ...။”
ယောင်ရန်သည် ထိုစစ်သည်အား ကြည့်ကာ၊ သူသည် အရင်က တံခါးဝတွင် စောင့်ကြပ်နေကျ စစ်သည်မဟုတ် သည်ကို သတိပြုမိလိုက်လေသည်။ သူမက ပြုံးပြလျက် ရှင်းပြလိုက်လေ၏။
"ရဲဘော်...၊ ကျွန်မတို့က တပ်ကြပ်ရွှီနဲ့ တွေ့ချင်လို့ လာခဲ့တာပါ...။”
စစ်သည်က မေးမြန်းလိုက်လေသည်။
"မမလေး...၊ တပ်ကြပ်ရွှီနဲ့ ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား...။”
ယောင်ရန်သည် ကြိုတင်ချိန်းဆိုထားခြင်း မရှိပေ။ သူမက ခဏမျှ စဉ်းစားပြီး ၊
"ကျွန်မ ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ လာလှူဒါန်းတာပါ...။ ယောင်ရန်က လာတွေ့တယ်လို့ တပ်ကြပ်ရွှီကို အကြောင်းကြားပေးပါဦး...။”
ထိုစကားကို ကြားရသောအခါ၊ စစ်သည်သည် သူ၏ ရဲဘော်ထံသို့ လှမ်းကြည့်လိုက်ရာ၊ ထိုသူက ခေါင်းငြိမ့်ပြ ပြီးနောက် ထွက်ခွာသွားခဲ့သည်။ မကြာမီမှာပင် ထိုစစ်သည်သည် ကင်းစခန်းအတွင်းမှ ပြန်လည်ထွက်လာပြီး ပြောလိုက်၏။
"တပ်ကြပ်ကြီးက သူတို့ကို အထဲဝင်ခွင့်ပြုလိုက်ပါလို့ ပြောပါတယ်...။”
ပထမစစ်သည်က ခေါင်းငြိမ့်ပြကာ ယောင်ရန်နှင့် လုံယုတို့ဘက်သို့ လှည့်လျက် ပြောလိုက်လေသည်။
"ရဲဘော်တို့...၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ...။”
ယောင်ရန်နှင့် လုံယုတို့သည် ထိုစစ်သည်၏ နောက်သို့ လိုက်ပါသွားခဲ့ရာ၊ သူသည် ၎င်းတို့အား အခြားသော တဲတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
ဤတဲမှာ ရွှီချီဖန် နေထိုင်ရာ တဲထက် အဆမတန် ပိုမိုကြီးမားပြီး၊ စစ်သည်နှစ်ဦး စောင့်ကြပ်လျက် ရှိလေသည်။ ထိုစစ်သည်သည် စောင့်ကြပ်နေသော စစ်သည်များအား အလေးပြုလျက် ပြောလိုက်လေ၏။
"သူတို့က တပ်ကြပ်ကြီးရဲ့ ဧည့်သည်တွေပါ...။”
စောင့်ကြပ်နေသော စစ်သည်တစ်ဦးက အလေးပြန်ပြုလျက် ခေါင်းငြိမ့်ပြခဲ့လေသည်။ လမ်းပြလာသော စစ်သည် ထွက်ခွာသွားပြီးနောက်၊ ထိုစစ်သည်က တံခါးလိုက်ကာကို ပင့်မပေးလျက် ပြောလိုက်လေ၏။
"ရဲဘော်တို့... ကျေးဇူးပြုပြီး အထဲဝင်ပါ...။”
ယောင်ရန်နှင့် လုံယုတို့သည် ကျေးဇူးတင်စကား ဆိုလျက် အထဲသို့ လှမ်းဝင်ခဲ့ကြသည်။ သူမ အံ့အားသင့်သွားရ သည်မှာ၊ တဲအတွင်း၌ ရွှီချီဖန်သာမက ဝူလျန်နှင့်အတူ လူတစ်ဒါဇင်ကျော် ရှိနေခြင်းပင် ဖြစ်၏။ အချို့မှာ စစ်ဝတ် စုံများ ဝတ်ဆင်ထားကြပြီး၊ အချို့မှာမူ ဆရာဝန်ဝတ်စုံအင်္ကျီအဖြူများ ဝတ်ဆင်ထားကြကာ၊ အခြားသူများမှာ သာမန်အရပ်ဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။
ရွှီချီဖန်သည် ယောင်ရန်အား ပြုံးပြလျက် ပြောလိုက်၏။
"ရှောင်ရန်...၊ မင်း ရောက်လာပြီပဲ...။”
ယောင်ရန်က ခေါင်းငြိမ့်ပြလျက် မေးမြန်းလိုက်လေသည်။
"ဦးလေးရွှီ...၊ ကျွန်မတို့ အလုပ်ရှုပ်အောင် လုပ်မိသွားတာလားဟင်...။”
ရွှီချီဖန်က သူ၏လက်ကို ဝေ့ယမ်းပြလျက် သူ၏ဘေးနားရှိ ကုလားထိုင်တစ်လုံးကို ဆွဲပေးလိုက်သည်။ သူက ပြောလိုက်လေ၏။
"ငါတို့ အစည်းအဝေး ပြီးသွားပါပြီ...။ လာပါ...၊ ထိုင်ပါဦး...။”
လုံယုပါ လိုက်ပါလာသည်ကို မြင်သောအခါ၊ ဝူလျန်သည် နောက်ထပ် ကုလားထိုင်တစ်လုံးကို ဆွဲယူလျက် ယောင်ရန်၏ ကုလားထိုင်ဘေးနားတွင် ချပေးခဲ့လေသည်။
၎င်းတို့ ဝင်ထိုင်ပြီးနောက်၊ ရွှီချီဖန်က ပြောလိုက်သည်။
"မင်း ငါတို့ဆီကို အသုံးအဆောင်ပစ္စည်းတွေ လာလှူဒါန်းချင်တယ်လို့ ကြားမိတယ်...။”
ယောင်ရန်က ၊
"ဟုတ်ကဲ့ ဦးလေးရွှီ...၊ ဆေးရုံမှာ ဆေးဝါးတွေ ရှားပါးနေတယ်လို့ ကြားရတာကြောင့်...၊ ကျွန်မ ဆေးဝါးအချို့နဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို လာရောက်လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တာပါ...။”
ဆရာဝန်ဝတ်စုံအဖြူများ ဝတ်ဆင်ထားကြသော သူများသည် သူမ၏ စကားကို ကြားလိုက်ရသည့်အခါ မျှော်လင့် ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်ရှုလာကြလေသည်။
ယောင်ရန်နှင့် လုံယုတို့ ဝင်ရောက်လာသည့်အခါ၌၊ ၎င်းတို့ ဝတ်ဆင်ထားသော ကာကွယ်ရေးဝတ်စုံများမှာ ဆေးရုံ ၌ အသုံးပြုသော သာမန်ဝတ်စုံများထက် အဆမတန် အရည်အသွေး ပိုမိုကောင်းမွန်သည်ကို ၎င်းတို့ ချက်ချင်း သတိပြုမိခဲ့ကြလေ၏။
ဤကဲ့သို့ အရည်အသွေးမြင့် ကာကွယ်ရေးဝတ်စုံမျိုးကို ဝတ်ဆင်နိုင်သူများသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာ ဏာရှိသော မိသားစုမှ ဖြစ်ရပေလိမ့်မည်။ အကယ်၍ သူတို့သည် ဤဧည့်သည်နှစ်ဦးထံမှ လှူဒါန်းမှုများကို ရရှိ နိုင်ခဲ့ပါက၊ ကာလဝမ်းရောဂါနှင့် ပရိုတိုဇိုအာ ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုများကို အပြီးတိုင် နှိမ်နင်းနိုင်မည့် အခွင့်အ ရေး ရှိလာနိုင်ပေသည်။
ဆရာဝန်များ၏ မျက်ဝန်းများအတွင်းမှ မျှော်လင့်ချက်များကို သတိပြုမိသွားသဖြင့်၊ ရွှီချီဖန်က မေးလိုက်လေ၏။
"ရှောင်ရန်...၊ မင်း ဘယ်လို ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးတွေကို လှူဒါန်းဖို့ စဉ်းစားထားတာလဲ...။”
ယောင်ရန်က၊
"ကျွန်မဆီမှာ ဆေးထိုးအပ်တွေကစလို့ ခွဲစိတ်ကုတင်တွေ...၊ အာထရာဆောင်းစက်တွေ...၊ အိတ်စရေးစက်တွေနဲ့ အခြား ဆေးရုံသုံး အခြေခံပစ္စည်းတွေအထိ အားလုံး ရှိပါတယ်...။”
"ဒီကိရိယာအများစုက လျှပ်စစ်စွမ်းအင် လိုအပ်တာကြောင့်... ၊ ကျွန်မ ဆိုလာလျှပ်စစ်ထုတ်စက်တစ်လုံးကိုလည်း လှူဒါန်းပေးပါ့မယ်...။ ဒီဆိုလာစက်က ထွက်ရှိတဲ့ လျှပ်စစ်စွမ်းအင်က ဆေးရုံတစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့အတွက် လုံလောက်ပါတယ်...။”
သူမ စကားပြောပြီးစီးသွားသည့်အခါ၌၊ လုံယုမှတစ်ပါး ကျန်ရှိနေသောသူအားလုံးမှာ အံ့အားသင့်သွားကြလေ သည်။ ယောင်ရန်၏ ဂိုဒေါင်အတွင်းရှိ အမြောက်အမြားသော အသုံးအဆောင်ပစ္စည်းများကို မြင်တွေ့ဖူးပြီးဖြစ် သဖြင့်၊ လုံယုမှာမူ သူမ စစ်တပ်သို့ လှူဒါန်းရန် ရည်ရွယ်ထားသော ပစ္စည်းစာရင်းများကို ရွတ်ဆိုပြနေသည့်တိုင် မည်သည့် တုံ့ပြန်မှုမျှ ရှိမနေခဲ့ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရွှီချီဖန်သည် မမေးဘဲ မနေနိုင်တော့ဘဲ၊
"ရှောင်ရန်...၊ မင်း ဒီလောက်များတဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို ဘယ်ကနေ ရခဲ့တာလဲ...။”
"ကျွန်မ အရင်က ဆေးရုံအသေးလေးတစ်ခု ဖွင့်ဖို့ ပြင်ဆင်ထားခဲ့တာပါ...။ ဒါပေမယ့်လည်း သဘာဝကပ်ဘေး ကြီး ဆိုက်ရောက်လာတာကြောင့် ကျွန်မရဲ့ အစီအစဉ်တွေ ပျက်စီးသွားခဲ့ရတယ်...။ အခုအချိန်မှာ ကျွန်မကိုယ် တိုင် မသုံးနိုင်တော့တာကြောင့် ဆေးရုံကို လှူဒါန်းလိုက်တာက ပိုပြီး ကောင်းမွန်မယ်လို့ ထင်မိပါတယ်...။”
ယောင်ရန်သည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လိမ်ညာပြောဆိုလိုက်လေသည်။
ရွှီချီဖန်သည် ယောင်ရန်က ဟိုင်ချန် တက္ကသိုလ်မှ ဆေးကျောင်းသူတစ်ဦး ဖြစ်ကြောင်း သူ၏ဖခင်ထံမှ ကြားသိ ထားဖူးသဖြင့်၊ သူမ၏ စကားကို ယုံကြည်ခဲ့လေသည်။ ယောင်မိသားစု၏ ကြွယ်ဝချမ်းသာမှုမျိုးဖြင့်ဆိုလျှင် ဆေးရုံအများအပြား ဖွင့်လှစ်ရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။
သူ၏ စူးစမ်းလိုစိတ်ကို ဖြေဖျောက်ပြီးနောက်၊ ရွှီချီဖန်က မေးလိုက်လေ၏။
"မင်း ဒီကိရိယာတွေကို ဘယ်အချိန်မှာ ပို့ပေးနိုင်မလဲ...။”
ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက်၊
"ကျွန်မ ဒီနေ့ညမှာပဲ ပို့ဆောင်ပေးနိုင်ပါတယ်...။ ဒါပေမယ့်လည်း ဦးလေးရွှီဆီက အကြီးဆုံး စစ်သုံးကုန်တင်ယာဉ် ကို ခဏလောက် ငှားဖို့ လိုအပ်ပါလိမ့်မယ်...။”
ရွှီချီဖန်က ပြုံးလျက် ခေါင်းငြိမ့်ပြခဲ့၏။
"ပြဿနာ မရှိပါဘူး...။ မင်း ယာဉ်တစ်စီးကို ရွေးချယ်နိုင်ပါတယ်...၊ ငါ သော့ကို လာပေးဖို့ လူတစ်ယောက် လွှတ် လိုက်ပါ့မယ်...။”
ယောင်ရန်က ကျေးဇူးတင်စကား မဆိုနိုင်ခင်မှာပင်၊ ဝူလျန်က ကမ်းလှမ်းလိုက်၏။
"တပ်ကြပ်ကြီး…၊ ကျွန်တော် သူတို့နဲ့အတူ ကုန်တင်ယာဉ် သွားထုတ်ဖို့ လိုက်သွားလိုက်ပါ့မယ်...။”
ထိုစကားကို ကြားရသောအခါ၊ ရွှီချီဖန်က သဘောတူခဲ့လေသည်။
"ကောင်းပါပြီ...။”
ဝူလျန်က မတ်တပ်ရပ်လျက် ပြောလိုက်၏။
"မမလေးယောင်...၊ ခေါင်းဆောင်လုံ...။ ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြပါ...။”
၎င်းတို့သုံးဦး တဲအတွင်းမှ ထွက်ခွာသွားပြီးနောက်၊ ရွှီချီဖန်သည် အခြားသူများကို ကြည့်ကာ ပြောလိုက်လေ သည်။
"ငါတို့ အစည်းအဝေးကို ဆက်လုပ်ကြရအောင်...။”
ရွှီချီဖန်နှင့် အခြားသူများ အစည်းအဝေး ဆက်လက်ပြုလုပ်နေစဉ်အတွင်း၊ ဝူလျန်သည် လုံယုနှင့် ယောင်ရန်တို့ အား ယာဉ်ရပ်နားကွင်းဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့လေသည်။
လမ်းခရီးတွင် ဝူလျန်က ပြောပြခဲ့၏။
"မြို့တော်က ငါတို့ကို နောက်ထပ် နှစ်လအတွင်းမှာ စားနပ်ရိက္ခာ တန်တစ်ရာနဲ့ ဆေးဝါးတင်ထားတဲ့ ကုန်တင်ယာဉ် ဆယ်စီး ပို့ဆောင်ပေးဖို့ တောင်းဆိုနေတယ်...။ တကယ်လို့ ငါတို့ ဒီအမိန့်ကို မပြီးမြောက်နိုင်ဘူးဆိုရင်...၊ သူတို့က ငါတို့ကို ဖမ်းဆီးဖို့ စစ်တပ် စေလွှတ်လိမ့်မယ်တဲ့...။”
ထိုစကားကို ကြားရသောအခါ၊ လုံယုသည် သူ့အား လှမ်းကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝူလျန်က ထပ်လောင်းပြောဆိုလိုက်လေသည်။
"တပ်ကြပ်ရွှီနဲ့ အခြားသူတွေက ပုန်ကန်ပြီး ငါတို့ရဲ့ ကိုယ်ပိုင်အခြေစိုက်စခန်းကို တည်ထောင်ဖို့ ပြင်ဆင်နေကြ တာ...။ မင်း ငါတို့နဲ့ ပူးပေါင်းမလို့လား...။”
လုံယုက ပြန်လည်ဖြေခဲ့လေ၏။
"ငါ့ရဲ့ ချစ်သူ သွားတဲ့နေရာတိုင်းဆီ ငါ လိုက်သွားမှာပါ...။”
ရုတ်တရက် အချစ်ပြသမှုကို ခံစားလိုက်ရသဖြင့် ဝူလျန်မှာ စကားမဲ့သွားခဲ့ရလေသည်။
".....။”
လုံယု၏ဘေးတွင် လျှောက်လှမ်းရင်း၊ ယောင်ရန်သည် အသာအယာ ချောင်းဆိုးလျက် တိုးညင်းစွာ ကပ်ပြော လိုက်လေ၏။
"ကျွန်မ ရှင့်ရဲ့ အဖြေကို သဘောကျပေမယ့်...၊ ဗိုလ်ကြီးဝူရဲ့ မျက်နှာအမူအရာကို မမြင်ဘူးလား...။ ကျေးဇူးပြုပြီး နည်းနည်းလောက် ဆင်ခြင်ပေးပါဦး...။”
လုံယုက ခေါင်းငြိမ့်ပြလိုက်ပြီး၊ ခဏအကြာတွင် ဝူလျန်အား ပြောလိုက်လေ၏။
"ငါက စစ်တပ်ကနေ အနားယူထားပြီးပြီ...။”
သူ၏ စကားကို ကြားရသောအခါ ဝူလျန်မှာ ထပ်မံစကားမယ့်သွားခဲ့ရပြန်သည်။
"....။”
*စကားအများကြီးပြောရင် သေသွားမှာမလို့လား….။*
သူသည် လုံယုအား ခဏမျှ ကြည့်ရှုလျက်၊ သူ၏ အဓိပ္ပာယ်ကို နားလည်သွားသဖြင့် သက်ပြင်းချလိုက်မိသည်။ လုံယုသည် ဗဟိုအစိုးရနှင့် ကျွင်းချန် စစ်အခြေစိုက်စခန်းတို့ကြားရှိ အာဏာလုပွဲများအတွင်းသို့ ဝင်ရောက်ပတ် သက်ရန် စိတ်ဝင်စားခြင်း မရှိပေ။
လုံယုက ထိုကဲ့သို့ စကားလမ်းကြောင်းကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်ပြီးနောက်၊ ၎င်းတို့သုံးဦးသည် တိတ်ဆိတ်စွာဖြင့်သာ ဆက်လက်လျှောက်ခဲ့ကြလေသည်။
လုံယုနှင့် ယောင်ရန်တို့သည် လက်ချင်းချိတ်ဆွဲလျက် တိုးညင်းသော အသံဖြင့် တီးတိုးစကားပြောဆိုနေကြသည် ကို မြင်ရသဖြင့်၊ ဝူလျန်သည် မနာလိုမှုကို ခံစားလိုက်ရလေသည်။ သူသည် ရုတ်တရက် အထီးကျန်မှုကို ခံစား လိုက်ရကာ ချစ်သူမိန်းကလေးတစ်ဦးကို ရှာဖွေချင်စိတ် ပေါ်ပေါက်လာခဲ့လေတော့သည်။