အခန်း ၅၀၇
Vol. 43 Ch. 507
အပိုင်း (၅၀၇)
ထိုသို့သော အခြေအမြစ် မရှိသည့် ကောလာဟလများသည် တစ်နေ့တခြား ပိုမိုပြင်းထန်လာကာ ထိန်းမနိုင်သိမ်းမရ ရူးသွပ်ဖွယ်ရာ အခြေအနေသို့ပင် ဆိုက်ရောက်လာလေတော့၏။
သို့ပေမည့် ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်မှာမူ မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။ ယခင်က သူသည် မြို့တော် သိုင်းပညာကျောင်းတော်၏ ဆရာအဖြစ် တာဝန်ယူထားသော်လည်း အခြေခံအားဖြင့် သွားရောက်လေ့ မရှိချေ။ ယခုအခါ နေ့စဉ် သိုင်းပညာကျောင်းတော်သို့ သွားရောက်ကာ စာသင်ကြားနေသည်။
ဟုတ်ပေသည်။ သူသည် မြို့တော် သိုင်းပညာကျောင်းတော်၏ လှံရှည် ဆရာဖြစ်ပြီး ငွေရောင်လှံရှည်ကို အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်၏။
လွန်ခဲ့သော ဆယ့်နှစ်နှစ်၊ သူ အသက် နှစ်ဆယ့်တစ်နှစ် အရွယ်တွင် သိုင်းပညာ ပထမဆုကို ရရှိခဲ့သူ ဖြစ်၏။ သေချာပေါက် သူ၏ ဤသိုင်းပညာ ပထမဆုတွင် ဧကရာဇ်၏ မျက်နှာသာပေးမှုများ ပါဝင်နေသလား ဆိုသည်ကိုတော့ မသိရချေ။
သို့ပေမည့် တောင်ပိုင်းကျိုး၏ သိုင်းပညာ စာမေးပွဲတွင် အစွမ်းထက်သူများ အလွန် များပြားသောကြောင့် စီးကွမ်၏ သိုင်းပညာ မှာ အလွန် မြင့်မားသည်မှာ သေချာသည်။
သူ့ကို တောင်ပိုင်းကျိုး၏ ဒုတိယမြောက် အကောင်းဆုံး လှံသမားဟုပင် ချီးကျူးပြောဆိုလေ့ ရှိကြပြီး ပထမမြောက် အကောင်းဆုံး လှံသမားမှာ အောက်ရှင်း ဖြစ်၏။
အောက်ရှင်း၏ လှံသိုင်းအစွမ်း သာလွန်ထူးကဲပုံမှာကား အထူးတလည် ညွှန်းဆိုနေရန်ပင် လိုမည် မထင်တော့ပေ။ အတိတ်ကာလက သူသည် ပြင်းထန်သော ဝေဒနာကို အလူးအလဲ ခံစားနေရပြီး အိပ်ရာထက်မှပင် မထနိုင်လောက်အောင် အင်အားချို့နဲ့နေသည့်တိုင်အောင် လက်သုံးတော် ငွေရောင်လှံရှည်တစ်စင်းဖြင့် ရန်သူပေါင်း တစ်ရာကျော်ကို တစ်ဦးတည်း ရင်ဆိုင်အနိုင်ယူခဲ့ဖူးလေသည်။
စီးကွမ်အား လောက၏ ဒုတိယမြောက် အကောင်းဆုံး လှံသမားဟု တင်စားခေါ်ဝေါ်ကြခြင်းတွင် ချီးမွမ်းလိုသော သဘောအနည်းငယ် ရောယှက်နေနိုင်သော်လည်း၊ သူ၏ လက်ရုံးရည်နှင့် သိုင်းပညာ အဆင့်အတန်းမှာမူ ရန်သူကို တုန်လှုပ်ချောက်ချားစေလောက်သည်အထိ မြင့်မားလှသည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
သို့ပေမည့် သိုင်းပညာ မြင့်မားသော စီးကွမ် သည် အောက်ယွီ၏ သူ၏ ဖခင်အပေါ် ရူးရူးမူးမူး ပြစ်တင် ဝေဖန်မှုများကို ရင်ဆိုင်ရချိန်တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိသကဲ့သို့ပင် ဖြစ်နေသည်။
မြို့တော်၏ မရေမတွက်နိုင်သော ကောလာဟလများနှင့် မရေမတွက်နိုင်သော ရည်ရွယ်ချက် ဆိုးရွားသည့် စော်ကားမှုများကို ရင်ဆိုင်ရချိန်တွင်လည်း စီးကွမ်သည် မည်သည့် တုံ့ပြန်မှုမှ မရှိသကဲ့သို့ ဖြစ်နေ၏။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကပင် မကျေမနပ် ဖြစ်လာကြပြီး စီးကွမ်သည် သားတစ်ယောက်နှင့် မထိုက်တန်ကြောင်း၊ မိဘများ အောက်ယွီ၏ စော်ကားမှုကို ခံနေရသည်ကို မသိချင်ယောင် ဆောင်နေခြင်းမှာ မိဘကျေးဇူး မသိတတ်ခြင်း ဖြစ်ကြောင်း ပြောဆိုလာကြသည်။
‘သမိုင်းမှာ ရှိခဲ့တဲ့ သူရဲကောင်းတွေသာဆိုရင် ဒီလို မိဘတွေ စော်ကားခံရတဲ့ကိစ္စမျိုးကြုံလာရင် ဓားဆွဲပြီး လူသတ်နေလောက်ပြီ။ ပြီးတော့ မိဘတွေအတွက် လူသတ်တဲ့သူတွေဟာ တစ်သက်လုံး နာမည်ကောင်း ကျန်ရစ်ခဲ့ကြတာချည်းပဲ။’
……………….
မြို့တော် သိုင်းပညာကျောင်းတော်...
“ဘုန်း... ဘုန်း... ဘုန်း...”
စီးကွမ်၏ လှံရှည် သည် ရူးသွပ်မတတ် လှုပ်ရှားနေပြီး သိုင်းပညာ ဖြေဆိုသူ ဆယ်ယောက်ကျော်ခန့်နှင့် တိုက်ခိုက်နေ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာ ဖြေဆိုသူ ဆယ်ယောက်ကျော်ခန့်သည် ကောက်ရိုးရုပ်များကဲ့သို့ လွင့်စင်သွားကြတော့သည်။
လက်ရွေးစင် သိုင်းပညာရှင် ဆယ်ဂဏန်းခန့်က စုပေါင်း၍ တပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း သူ၏ ထူးကဲလှသော အစွမ်းသတ္တိကြောင့် ပြိုင်ဘက်အားလုံးမှာ တန်ပြန်တိုက်စစ်ဆင်ရန် အသာထား၊ ခုခံကာကွယ်နိုင်စွမ်းပင် မရှိကြဘဲ အရှုံးပေးခဲ့ကြရ၏။
နောက်ဆုံးတွင် စီးကွမ်သည် လှံရှည်ဖြင့် ကျောက်တောင်တု တစ်ခုကို ပြင်းထန်စွာ ထိုးစိုက်လိုက်တော့၏။ တစ်ခဏအတွင်းမှာပဲ ကျောက်တောင်တု တစ်ခုလုံးရှိ ကျောက်တုံးများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး သူ၏ စိတ်ထဲရှိ ဒေါသများ ပေါက်ကွဲထွက်သွားသကဲ့သို့ပင် ဖြစ်သည်။
သိုင်းပညာ ဖြေဆိုသူများ အားလုံး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ “ဆရာ... အောက်ယွီက ကျိန့်ဟိုင်မြို့စားကို ဒီလို စော်ကားနေတာကို ဆရာက ဒီအတိုင်းကြည့်နေတော့မှာလား။”
“မိဘတွေ စော်ကားခံရတာကို သားတစ်ယောက် အနေနဲ့ မသိချင်ယောင် ဆောင်နေတာဟာ သားတစ်ယောက်နဲ့ မထိုက်တန်ပါဘူး။”
“သခင်လေး... ခင်ဗျားကကြည့်နေနိုင်ပေမယ့် ကျုပ်တို့ကတော့ ကြည့်မနေနိုင်တော့ဘူး။ အကယ်၍ ခင်ဗျားက မလုပ်ရဲဘူးဆိုရင် ကျုပ်တို့က ခင်ဗျားကိုယ်စား လုပ်ပေးမယ်။ အောက်ယွီကို သင်ခန်းစာ ပေးလိုက်မယ်။”
“လမ်းတစ်ဝက်မှာ သူ့ကို တားပြီး သေလုနီးပါး အထိ အရှင်လတ်လတ် ရိုက်နှက်လိုက်မယ်။”
စီးကွမ် သည် အေးစက်စက်ဖြင့် ဟောက်လိုက်သည်။ “ပါးစပ်ပိတ်ထားကြ။”
ထို့နောက် သူသည် လှံရှည်ဖြင့် တစ်ချက် ရိုက်ချလိုက်ရာ ကျန်ရှိနေသော ကျောက်တောင်တု တစ်ခုလုံးကို လှံရှည်ဖြင့် တစ်စစီ ရိုက်ခွဲပစ်လိုက်တော့၏။
“ဝုန်း... ဝုန်း... ဝုန်း...”
မြို့တော်၏ ညအချိန်တွင် မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း မိုးမရွာသောကြောင့် အလွန် ပူအိုက်ပြီး မွန်းကျပ်နေသည်။
ကောင်းကင်ပေါ်တွင် ကြယ်တစ်ပွင့်မျှ မရှိတော့ဘဲ တိမ်မည်းကြီးများက ခေါင်းပေါ်သို့ တိုက်ရိုက် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေကာ အသက်ရှူရပင် ခက်ခဲနေ၏။
အောက်မင်သည် ကျိန့်ဟိုင်မြို့စားအိမ်တော်သို့ ရောက်ရှိလာပြီး တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး... အချိန်တန်ပြီ။”
စီးကွမ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့က ကျုပ်မိဘတွေကို စော်ကားတာ လုံလောက်ပြီ မဟုတ်လား။ ကျုပ်အဖေက သူ့အဖေကို သတ်တယ်၊ မိထွေးကို အဓမ္မ သိမ်းပိုက်တယ်၊ အစ်ကို ကို သတ်ပြီး မရီးကို အဓမ္မ သိမ်းပိုက်တယ်လို့ ပြောကြတယ်။ ကျုပ်အမေက ဝမ်းကွဲအစ်ကိုနဲ့ ဖောက်ပြန်ပြီး အရူး သားတစ်ယောက် မွေးလာတယ်လို့ ပြောကြတယ်။ ကျုပ်တို့ အိမ်တော်က ညစ်ပတ်စုတ်ပြတ်နေပြီး လောကမှာ အညစ်ပတ်ဆုံး နေရာလို့ ပြောကြတယ်။”
အောက်မင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒါတွေ အားလုံးက အောက်ယွီ ပြောတာတွေချည်းပါပဲ။ သူက ခင်ဗျား မိဘတွေကို ဒီလောက်တောင် စော်ကားနေတာ ခင်ဗျား သူ့ကို သတ်လို့ ရနေပါပြီ။”
စီးကွမ်က ပြောလိုက်၏။ “ကျုပ် ထပ်ပြောမယ်။ ကျုပ်က လက်သီး တစ်ချက် ထိုးမယ်၊ ခြေထောက် တစ်ချက်ကန်မယ်၊ သူ့ကို မိန်းမစိုး ဖြစ်သွားအောင် လုပ်မယ်။ ခင်ဗျားတို့က သူ့ကို အရှင်လတ်လတ် ရိုက်သတ်ရမယ်။”
အောက်မင်က ပြန်ပြောလိုက်သည်။ “ပြဿနာ မရှိပါဘူး။ မနက်ဖြန် ညီလာခံမှာ ကျုပ်တို့ အတူတူ လှုပ်ရှားကြမယ်။ ညီလာခံ လူအများကြီး ရှေ့မှာ အောက်ယွီကို ရိုက်သတ်ပစ်မယ်။”
စီးကွမ်က ပြောလိုက်၏။ “ကောင်းပြီ... မနက်ဖြန် လှုပ်ရှားမယ်။”
အောက်မင်က သတိပေးလိုက်သည်။ “သခင်လေးက လူငယ် စစ်သူကြီးတွေကြားမှာ ပုန်းအောင်းနေရမယ်။ အောက်ယွီ မသိအောင် သတိထားရမယ်။ သူ ထွက်ပြေးသွားမှာ စိုးရိမ်ရတယ်။”
စီးကွမ်က ပြောလိုက်၏။ “ရပါတယ်။ မနက်ဖြန် ကျုပ်ကန်မယ့် ခြေထောက် တစ်ချက်က သူ့ကို သေချာပေါက် ဥကွဲသွားအောင် လုပ်ပေးမယ်။”
………………
“ဝုန်း... ဝုန်း... ဝုန်း...”
အိမ်တစ်လုံး အတွင်း၌ လူငယ် အရာရှိ ရာကျော်ခန့်သည် စိတ်လှုပ်ရှားစွာဖြင့် ချွေးများ ရွှဲနစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်ကြီးမားသောကိစ္စကြီး တစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သောကြောင့်ပင်။
စုံစမ်းစစ်ဆေးရေးရုံးမှ အရာရှိများ၊ နက္ခတ်ဗေဒင်ရုံးမှ အရာရှိများ၊ နိုင်ကော်မှ အရာရှိများ၊ တော်ဝင်တရားရုံးမှ လူငယ် တော်ဝင်မိသားစုဝင်များ စသည်ဖြင့် ပါဝင်ကြသည်။
“ခင်ဗျားတို့ မှတ်ထားပါ။ ကျုပ်တို့က အောက်ယွီကို ရိုက်သတ်တာဟာ ကျိန့်ဟိုင်မြို့စား အတွက် မဟုတ်ဘူး။ ဧကရာဇ်မင်းမြတ် အတွက်၊ ကျုပ်တို့ တောင်ပိုင်းကျိုး နန်းတွင်းအတွက်ပဲ။”
“အောက်ယွီက ဧကရာဇ် နှစ်ပါးကြားက ဆက်ဆံရေးကို သွေးခွဲပြီး နန်းတွင်းကို မငြိမ်မသက် ဖြစ်အောင် လုပ်နေတယ်။ ဒီ လူယုတ်မာကို မဖယ်ရှားရင် ကျုပ်တို့ တောင်ပိုင်းကျိုး နိုင်ငံ အေးချမ်းမှာ မဟုတ်ဘူး။”
“ခင်ဗျားတို့ထဲမှာ တချို့က စုံစမ်းစစ်ဆေးရေး ရုံးက၊ တချို့က တော်ဝင်တရားရုံးက၊ တချို့က မှူးမတ် သားသမီးတွေ ဖြစ်ကြတယ်။ အားလုံးက သူ့ရဲ့ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ဒုက္ခပေးတာကို ခံခဲ့ရဖူးတဲ့ သူတွေချည်းပဲ။ ဒါကြောင့် ရန်ငြိုးကို လက်စားချေကြရမယ်။”
“မနက်ဖြန် စီးကွမ်က ပထမဆုံး စတင် လှုပ်ရှားမယ်။ အောက်ယွီကို ခြေထောက်နဲ့ကန်ပြီး လဲကျသွားအောင် လုပ်လိုက်တာနဲ့ ကျုပ်တို့ အားလုံး ဝိုင်းသွားပြီး အောက်ယွီကို အရှင်လတ်လတ် ရိုက်သတ်ပစ်မယ်။”
“တောင်ပိုင်းကျိုး အတွက်... ဧကရာဇ် နှစ်ပါး အတွက်... အောက်ယွီကို ရိုက်သတ်ကြ။”
“တိုင်းပြည်ရဲ့ ရန်သူကို သတ်ကြ... အောက်ယွီကို ရိုက်သတ်ကြ။”
“လာ... လာ... လာ... အားလုံး လက်ဗွေ နှိပ်ကြ။ လက်ဗွေ နှိပ်ဖို့ ဆန္ဒရှိတဲ့သူက ကိုယ့်လူပဲ။ နားလည်လား။”
“ကိုယ့်လူ ဆိုတာ ဘာလဲ။ စုချင်ဝမ်၊ ဝန်ကြီးချုပ် လင်ကုန်း၊ ဖူယန်ထူ စစ်သေနာပတိချုပ်၊ ကျိန့်ဟိုင်မြို့စား တို့ရဲ့ ကိုယ့်လူပဲ။ ဒီအဓိပ္ပာယ်ကို နားလည်လား။”
ဤကိစ္စကို စီစဉ်နေသည်မှာ အောက်မင် မဟုတ်ဘဲ စုချင်ဝမ်၏သား ကျိုးကျပင် ဖြစ်၏။
“အားလုံး လက်ချောင်းကို လှီးကြ...”
အမိန့်ပေးသံနှင့်အတူ လူငယ် အရာရှိ ရာကျော်ခန့်သည် မိမိတို့၏ လက်ချောင်းများကို လှီးဖြတ်လိုက်ကြပြီး စာရွက်တစ်ရွက်ပေါ်တွင် လက်ဗွေများ အသီးသီး နှိပ်လိုက်ကြတော့သည်။
“အရက်ငှဲ့...”
ထို့နောက် သွေးထွက်နေသော လက်ချောင်းများကို အရက်ခွက် အတွင်းသို့ ထည့်လိုက်ရာ ပြင်းထန်သော အရက်များသည် သွေးရောင် လွှမ်းသွားတော့၏။
“သောက်...”
လူငယ် အရာရှိ ရာကျော်ခန့်သည် သွေးအရက်များကို သောက်လိုက်ကြပြီး ပို၍ပင် သွေးဆူလာကြတော့သည်။
သူတို့သည် ကြီးမားသောကိစ္စကြီး တစ်ခုကို လုပ်ဆောင်တော့မှာဖြစ်သည်။ သွေးသစ္စာ ဆိုပြီး ကြီးမားသော ကိစ္စကြီး တစ်ခုကို လုပ်ဆောင်တော့မှာ ဖြစ်သည်။ ညီလာခံတွင် လူယုတ်မာ တစ်ယောက်ကို လူသိရှင်ကြား ရိုက်သတ်တော့မှာဖြစ်၏။
‘နှမြောစရာကောင်းတာက ဒီလူယုတ်မာ အောက်ယွီရဲ့ ရာထူးက အရမ်း သေးငယ်နေတာပဲ။ အကယ်၍ ပထမအဆင့် အမတ်ကြီး တစ်ယောက်သာဆိုရင် ပိုပြီး ပြီးပြည့်စုံသွားမှာပဲ။ ဒါပေမဲ့ ဒါကလည်း ကြီးမားတဲ့ ကိစ္စကြီး တစ်ခု ဖြစ်နေဆဲပါပဲ။’
သွေးအရက်များကို သောက်ပြီးနောက် ဤလူငယ်အရာရှိ ရာကျော်ခန့်သည် ခွက်များကို ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်ကြတော့သည်။
စုချင်ဝမ် သားတော်က ပြောလိုက်၏။ “သတင်း မပေါက်ကြားစေဖို့အတွက် ဒီနေ့ည အားလုံး အိမ်မပြန်ကြနဲ့တော့။ ဒီမှာပဲနေပြီး မနက်ဖြန် ညီလာခံကို တိုက်ရိုက် သွားကြမယ်။”
လူငယ် အရာရှိ တစ်ဦးက ပြောလိုက်သည်။ “သခင်လေး... ကျုပ်တို့ရဲ့ အဆင့်အတန်းက နိမ့်တော့ ပုံမှန် အချိန်တွေမှာ ညီလာခံ တက်ခွင့် မရဘူးလေ။”
စုချင်ဝမ် သားတော်က ပြန်ပြောလိုက်၏။ “မနက်ဖြန်က ညီလာခံ အကြီးကြီးလေ။ ခင်ဗျားတို့ အားလုံး တက်ခွင့် ရမယ်လို့ ကျုပ် အာမခံပါတယ်။ အမတ် ခုနစ်ရာလောက် တက်ရမှာလေ။ အားလုံး ထိုင်ကြ... မျက်လုံးမှိတ်... တရားထိုင်... မနက်ဖြန် ကြီးမားတဲ့ ကိစ္စကြီးအတွက် စောင့်နေကြ။”
လူငယ် အရာရှိ ရာကျော်ခန့်သည် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး မျက်လုံးမှိတ်ကာ အနားယူနေကြပြီး စိတ်ထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေကြတော့သည်။ ‘မနက်ဖြန် ကြီးမားတဲ့ကိစ္စကြီး လုပ်မယ်။’
…………..
ရှန်ချင်းနန်းဆောင် အတွင်း၌ ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဧကရာဇ်ဟောင်း... အရှင့်ရဲ့ ခြေထောက် နှစ်ဖက် ပြန်ကောင်းလာတာ ဘယ်လိုနေလဲ။”
“ခံစားမှု ရှိလာပြီ။ ဒါပေမဲ့ မတ်တတ် မရပ်နိုင်သေးဘူး။ လက်နှစ်ဖက်လည်း ခံစားမှု နည်းနည်း ရှိလာပြီ။” ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။
ထို့နောက် ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အောက်ယွီ... မနက်ဖြန် ညီလာခံကြီးမှာ သူတို့က မင်းကို ဖမ်းဖို့ ပိုက်ကွန်ကြီး ဖြန့်ထားပြီးပြီ ဆိုတာကို မင်း သိလား။ မင်း ညီလာခံ တက်တာနဲ့ သူတို့က မင်းကို အရှင်လတ်လတ် ရိုက်သတ်ပစ်ကြလိမ့်မယ်။ အကယ်၍ မင်း အရိုက်ခံရပြီး သေသွားရင် လူအများကြီး ပါဝင်နေလို့ ဥပဒေအရ အပြစ်ပေးလို့ မရဘဲ အလကား သေရလိမ့်မယ်။ မင်းအတွက် တရားမျှတမှု ရှာပေးမယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ် သိပါတယ်။ ဒါပေမဲ့ မနက်ဖြန် ညီလာခံဟာ ဓားတောင်၊ မီးတောင် ဖြစ်နေရင်တောင် ကျုပ် သွားရမှာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါဆိုရင် အခုချိန်မှာ နောက်ပြန်လှည့်လို့ ရသေးတယ် ဆိုတာကို မင်း သိလား။ မင်းက ငါ့ရဲ့ ရှန်ချင်းနန်းဆောင်ထဲမှာပဲ ပုန်းနေပြီး အပြင်မထွက်ဘဲ နေလို့ ရတယ်။ အကယ်၍ မင်းက စီးကွမ်ကို သတ်လိုက်ရင်တော့ လုံးဝ နောက်ပြန်လှည့်လို့ မရတော့ဘူးနော်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အဲဒီအချိန်ကျရင် ကျုပ် နောက်ပြန်လှည့်လို့ မရရုံတင် မကဘူး။ အရှင်လည်း နောက်ပြန်လှည့်လို့ မရတော့ပါဘူး။”
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ် ဧကရာဇ်ဟောင်းလည်း နောက်ပြန်လှည့်လို့ မရတော့ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဧကရာဇ်ဟောင်း... ဒါဆို စီးကွမ်ကို ကျုပ် သတ်ရအုံးမလား။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “မင်း သတ်နိုင်လို့လား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သတ်နိုင်ပါတယ်။”
ဧကရာဇ်ဟောင်းက သတိပေးလိုက်၏။ “သတ်ရုံတင် မကဘူး၊ ပွင့်ပွင့်လင်းလင်း သတ်ရမယ်။ အကြောင်းပြချက် မရှိဘဲ မသတ်ရဘူး။ တရားဝင် အကြောင်းပြချက်နဲ့ သတ်ရမယ်။ အဲဒီလိုမှ အနာဂတ်မှာ ဧကရာဇ် နှစ်ပါး အားပြိုင်တဲ့အခါ ကျုပ်ရဲ့ ရပ်တည်ချက်က တရားမျှတမှု ရှိမှာ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့ တရားဝင် အကြောင်းပြချက်နဲ့ သတ်ပစ်မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မင်းက အရာအားလုံးကို ပြင်ဆင်ပြီးပြီဆိုရင်၊ အရိုက်ခံရပြီး သေနိုင်တဲ့ အန္တရာယ်ကိုတောင် စွန့်စားဖို့ ပြင်ဆင်ပြီးပြီဆိုရင် သွားတော့။”
ယွင်ကျုံးဟဲ့က ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ် သွားခွင့်ပြုပါအုံး။”
ထို့နောက် ယွင်ကျုံးဟဲ့ ထွက်ခွာသွားတော့၏။
……………..