← Chapters

အခန်း ၄၀၅

Vol. 22 Ch. 405

အခန်း ၄၀၅

Vol. 22 Ch. 405

အပိုင်း (၄၀၅) အဆက်အသွယ် ရသွားပြီ။

ချန်စစ်ဝူ၏ ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် ရှဲ့ရှန်းသည် ချက်ချင်း စူးစိုက်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် အရပ်ရှည်ရှည်နှင့် အနည်းငယ် ရုပ်ရည်သန့်ပြန့်သော လူငယ်တစ်ဦးသည် အစေခံမလေး တစ်ဦးကို ဖက်ကာ ရယ်မောနောက်ပြောင်ရင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။

နောက်လက်တစ်ဖက်က ယပ်တောင်တစ်ချောင်းကို ကိုင်ကာ အဆက်မပြတ် ယပ်ခတ်နေပြီး ယပ်တောင်ပေါ်တွင် ကဗျာတစ်ပုဒ် ရေးသားထားသည်။ ရုပ်သွင်ကို ကြည့်ရုံဖြင့် ကုန်သည်နှင့် မတူဘဲ စာပေပညာရှင် တစ်ဦး၏ အသွင်အပြင်မျိုး ရှိနေ၏။

ထိုသူမှာ အစောပိုင်းက စုံစမ်းထားသော စာရင်းထဲမှ လူတစ်ဦး ဖြစ်သည်။

ဟိုင်ယွမ်မြို့မှ ဒူလင်ဖုန်း။

"ဆိုင်ရှင်ချန် ... သေချာ ကြည့်ထားနော်။ ဒီလူက အရင်တုန်းက ခင်ဗျား တွေ့ခဲ့တဲ့ စွန်းမိသားစုရဲ့ အိမ်တော်ထိန်းနဲ့ အရောင်းအဝယ် လုပ်ခဲ့တဲ့ ဆားမှောင်ခိုသမားဆိုတာ သေချာရဲ့လား။"

ချန်စစ်ဝူသည် ယခုအချိန်တွင် ထမင်းလည်း မစားတော့ဘဲ ဒူလင်ဖုန်းကို မျက်လုံးမှေးကာ ကြည့်လိုက်၏။

"မမှားနိုင်ဘူး။ သူ့ကို ကျုပ် မှတ်မိတယ်။ စွန်းမိသားစုရဲ့ အိမ်တော်ထိန်းက ဘယ်သူ့ကိုမှ အဲဒီလောက် ယဉ်ယဉ်ကျေးကျေး မဆက်ဆံဖူးဘူး။ သူ ဆိုတာ သေချာတယ်။"

ရှဲ့ရှန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"အင်း ... ကောင်းပြီ။ ခင်ဗျား ဆက်စားနေလိုက်။ တခြားကိစ္စတွေကို ခင်ဗျား ဂရုစိုက်စရာ မလိုတော့ဘူး။ ကုန်ကျစရိတ် ဘယ်လောက်ရှိရှိ တခြားလူတွေက မေးရင် ကျုပ်စာရင်းထဲ ထည့်ထားလို့ ပြောလိုက်။"

ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ ဒူလင်ဖုန်းဆီသို့ လျှောက်သွားလိုက်၏။

ရှဲ့ရှန်းသည် တုံ့ဆိုင်းမနေဘဲ ဒူလင်ဖုန်း၏ ရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ လက်သီးဆုပ်လိုက်သည်။

နဂိုက အစေခံမလေးကို ဖက်ကာ နောက်ပြောင်နေသော ဒူလင်ဖုန်းသည် တစ်စုံတစ်ယောက်က မိမိအား လာရောက် နှုတ်ဆက်ကြောင်း မြင်လိုက်ချိန်မှဦတော့ ရုတ်တရက် ကြောင်အမ်းသွား၏။ ထို့ကြောင့် သံသယဖြင့် မေးလိုက်၏။ "အစ်ကိုကြီး ... ဘာကိစ္စ ရှိလို့လဲ။"

"ကျုပ်က ရှဲ့ရှန်းပါ။ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ရဲ့ တာဝန်ခံကြီးပါ။"

ဒူလင်ဖုန်းက သူ့ကို အထက်အောက် အကဲခတ်လိုက်ပြီး အကြမ်းဖျင်း ပြန်လည် စဉ်းစားလိုက်၏။

ရှဲ့ရှန်းနှင့် ပတ်သက်၍ သူ မှတ်မိနေသည်။ မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးသော်လည်း ဖုန်းဟွာ ပြည့်တန်ဆာအိမ်၏ အမြဲတမ်း ဖောက်သည်တစ်ဦးအနေဖြင့် အနည်းနှင့်အများတော့ ကြားဖူးထားသည်။

ရုတ်တရက် ငါ့ကို လာတွေ့တာ ဘာလုပ်ချင်လို့လဲ။

ဒူလင်ဖုန်းသည် အနည်းငယ် သတိထားသွားပြီး ရင်ခွင်ထဲမှ အစေခံမလေးကို တွန်းဖယ်ကာ ရှဲ့ရှန်းကို ပြန်လည် အရိုအသေပေးလိုက်၏။

"ရှဲ့တာဝန်ခံကြီး ဖြစ်နေတာကိုး။ ကြားဖူးနေတာ ကြာပါပြီ။ ကျုပ်နာမည် ဒူလင်ဖုန်းပါ။ ရှဲ့မန်နေဂျာကြီးက ဘာကိစ္စများ ရှိလို့လဲ။"

ရှဲ့ရှန်းက ပြုံးလိုက်သည်။ “အစ်ကိုဒူ ... အများကြီး မတွေးပါနဲ့။ ကျုပ်မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။

အစ်ကိုဒူက ကျုပ်တို့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ရဲ့ အမြဲတမ်း ဖောက်သည် တစ်ယောက်လို့ ကြားတယ်။ ဒါပေမဲ့ အစေခံတွေ ပြောတာတော့ ဒီမှာ အသင်းဝင် တစ်ခါမှ မလုပ်ဖူးဘူးတဲ့။ ဒါကြောင့် ကျုပ်တို့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်က ဧည့်ဝတ်ကျေပွန်မှု အားနည်းနေတာများ ရှိလားလို့ လာမေးတာပါ။”

ဒူလင်ဖုန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်း သက်ပြင်းချလိုက်ပြီး အပြုံးတစ်ခု ပေါ်လာ၏။

“သြော် ... ဒါကိုး။ ရှဲ့တာဝန်ခံကြီး အများကြီး တွေးနေပါပြီ။ ဖုန်းဟွာ ပြည့်တန်ဆာအိမ်က တကယ်ကို မျက်စိပွင့်လင်းစေပါတယ်။ ကိုယ့်အိမ်လိုပဲ ခံစားရပြီး မကျေနပ်စရာ ဘာမှမရှိပါဘူး။

ဒါပေမဲ့ ကျုပ်က ကျန်းကျန်း ဒေသခံ မဟုတ်တော့ ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး။ နောက်ရက် အနည်းငယ်ကြာရင် ထွက်သွားတော့မှာမို့လို့ပါ။”

ရှဲ့ရှန်းသည် ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားလိုက်ပြီး စိတ်မကောင်းသည့်ဟန်ဖြင့် ပြောလိုက်၏။

“ဒါကြောင့်ကိုး … အစ်ကိုဒူက ကျန်းကျန်းမှာ ကြာကြာ မနေနိုင်တာ တကယ် နှမြောစရာပဲ။ အစ်ကိုဒူရဲ့ အသွင်အပြင်ကို ကြည့်ရတာ စာပေပညာရှင် တစ်ယောက်လိုပဲ။ ဒါပေမဲ့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို စာပေပညာရှင်တွေ လာတာ ရှားတယ်လေ။”

ဖုန်းဟွာ ပြည့်တန်ဆာအိမ်သည် ပျော်ပါးရာ နေရာတစ်ခု ဖြစ်သော်လည်း ကုန်ကျစရိတ် အလွန် မြင့်မားသောကြောင့် စာပေပညာရှင်များ လာရောက်ခြင်း အလွန် ရှားပါးသည်။

သာမန် စာပေပညာရှင်များသည် မတတ်နိုင်ကြသလို ရာထူးရှိသူများကလည်း မလာရဲကြပေ။ နောက်ခံရှိသူများကလည်း အရာရှိသစ် တက်ထားသောကြောင့် အလွန် သတိထားနေရ၏။

စာပေပညာရှင်များ အကြောင်း ပြောလိုက်သောအခါ ဒူလင်ဖုန်း၏ မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အမူအရာတစ်ခု ထင်ရှားစွာ ပေါ်လာသည်။

"ဟားဟား ... ရှဲ့တာဝန်ကြီးက မြှောက်ပြောနေပါပြီ။ ကျုပ်ကတော့ အောက်ခြေကျနေတဲ့ စာမေးပွဲအောင် ပညာရှင် တစ်ယောက်ပါ။ အခုတော့ သားရေကုန်ကူးတဲ့ လုပ်ငန်းလေး နည်းနည်း လုပ်နေရုံပါ။"

တကယ် စာပေပညာရှင် ဖြစ်နေတာပဲ။ စီးပွားရေးတောင် လုပ်နေသေးတယ်။ ရှားပါးတယ်။

ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွား၏။

"အို ... ဒီလိုကိုး။ ဒါဆိုရင်လည်း အစ်ကိုဒူကို အများကြီး မနှောင့်ယှက်တော့ပါဘူး။"

သူ၏ ဤအမူအရာကို မြင်သောအခါ ဒူလင်ဖုန်းသည် သူ၏ မာနကို ထိခိုက်သွားသလို ရုတ်တရက် ခံစားလိုက်ရပြီး လှည့်ထွက်သွားပြီဖြစ်သော ရှဲ့ရှန်းကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။ အနည်းငယ် မကျေနပ်သည့်ဟန်ဖြင့် ပြောလိုက်၏။

"ရှဲ့တာဝန်ခံကြီး ... ဒါက ဘာသဘောလဲ။"

ရှဲ့ရှန်းသည် လှည့်ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်တော့ ကျုပ်က ကျင်းဟယ် ၈ နှစ်တုန်းက ဒုတိယအဆင့် အောင်မြင်ခဲ့တဲ့ ပညာရှင်ပါ။ ခုနက အစ်ကိုဒူမှာ စာပေပညာရှင် တစ်ယောက်ရဲ့ ဟန်ပန်မျိုး တွေ့လိုက်ရလို့ မနေနိုင်ဘဲ လာစကားပြောမိတာပါ။

ဒါပေမဲ့ အစ်ကိုဒူက စာပေပညာရှင်လည်း ဖြစ်တယ်၊ စီးပွားရေးသမားလည်း ဖြစ်တယ်လို့ ကိုယ်တိုင်ပြောတာ ကြားလိုက်ရတော့ ... ကျုပ် တမျိုးဖြစ်သွားတာပါ။ ဒုက္ခတူရင် လူစိမ်းဖြစ်နေလည်း ရင်းနှီးသွားတာပါပဲ။

ရှဲ့ရှန်း၏ မျက်နှာပေါ်ရှိ ခါးသက်မှုများက ဒူလင်ဖုန်းကို ကြောင်အမ်းသွားစေပြီး ပါးစပ်မှ တီးတိုး ရေရွတ်လိုက်၏။

" ဒုက္ခတူရင် လူစိမ်းဖြစ်နေလည်း ရင်းနှီးသွားတာပါပဲ။ … ကောင်းလိုက်တဲ့ ကဗျာ။ ကောင်းလိုက်တဲ့ ကဗျာပါပဲ။"

ဒီရှဲ့တာဝန်ခံကြီးက ဇာတ်လမ်းရှိတဲ့ လူတစ်ယောက်ပဲ။ စာပေပညာရှင်ကနေ ကုန်သည် ဖြစ်သွားတဲ့ စိတ်ထဲက နာကျင်မှုကို ဘယ်သူက သိနိုင်မှာလဲ။

တခြား စာပေပညာရှင်တွေရဲ့ အထင်သေးတာကို ခံရရုံတင်မကဘူး၊ တခြား ကုန်သည်တွေရဲ့ အထင်သေးတာကိုပါ ခံရတာဆိုတော့ နှစ်ဖက်လုံးနဲ့ အံမဝင်ဘူးလို့ ပြောလို့ရတယ်။

အခု မျက်စိရှေ့က ရှဲ့တာဝန်ခံကြီးက ငါနဲ့ ဘဝတူ လူတစ်ယောက် ဖြစ်နေတာပဲ။ ပြီးတော့ ဒုတိယအဆင့် အောင်မြင်ခဲ့တဲ့ ပညာရှင် တစ်ယောက်တောင် ဖြစ်နေသေးတယ်။

ဒါက တကယ်ကို ရှားပါးတာပဲ။

ရှဲ့ရှန်း ထပ်မံ လှည့်ထွက်ရန် ပြင်လိုက်စဉ် ဒူလင်ဖုန်းက ရှဲ့ရှန်းကို အလျင်အမြန် ဆွဲထားကာ ပြောလိုက်၏။

"အစ်ကိုရှဲ့ ... ခဏနေပါအုံး။ အစ်ကိုရှဲ့ရဲ့ စာပေစွမ်းရည်က အတော်လေး ကောင်းတာပဲ။ ကျုပ်နဲ့ စကား နည်းနည်းလောက် ပြောလို့ ရမလား။"

ရှဲ့ရှန်းသည် လှည့်ကာ သူ့ကို ထပ်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် အနီးစပ်ဆုံး နေရာတစ်ခုကို ရှာ၍ ထိုင်လိုက်သည်။ ဒူလင်ဖုန်းကလည်း သူ၏ မျက်နှာချင်းဆိုင်တွင် ချက်ချင်း ဝင်ထိုင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ မေးလိုက်၏။

"အစ်ကိုရှဲ့ ... ခင်ဗျားက ဒုတိယအဆင့် အောင်မြင်ခဲ့တဲ့ ပညာရှင် တစ်ယောက် ဖြစ်နေလျက်နဲ့ ဘာလို့ ဒီမှာ စီးပွားရေး လာလုပ်နေရတာလဲ။"

ရှဲ့ရှန်းသည် မျက်လုံးကိုမှိတ်ကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး နာကျင်စွာဖြင့် ပြန်လည် စဉ်းစားရင်း ပြောလိုက်သည်။

“အစ်ကိုဒူ ရယ်မှာကို မကြောက်ဘဲ ပြောရရင် ကျုပ်က ဒုတိယအဆင့် အောင်မြင်ခဲ့တဲ့ ပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တယ်။ ဒေသခံ သူဌေးတွေရဲ့ ဖိနှိပ်မှုကိုလည်း ခံခဲ့ရတယ်။ စာမေးပွဲ အောင်ရင် ဘဝပြောင်းပြီလို့ ထင်ခဲ့ပေမဲ့ အဲဒီ သူဌေးတွေရဲ့ အိမ်မှာလည်း အင်အားရှိတဲ့သူတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သွားစရာ လမ်းမရှိတော့လို့ ကျန်းကျန်းကို လာပြီး စီးပွားရေး လာလုပ်နေရတာပါ။ လောကကြီးထဲမှာ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် မပိုင်ပါဘူးဗျာ။ ဟူး...”

အင်း... ကောင်းလိုက်တဲ့ စကား။ တကယ် ကောင်းတဲ့ စကားပဲ။

ဒူလင်ဖုန်းက သက်ပြင်းချကာ ပြောလိုက်၏။ “အစ်ကိုရှဲ့ ... ပြောရမယ်ဆိုရင် ဒါက ကျုပ်ကို ကိုယ်ချင်းစာမိစေတယ်။ လောကကြီးထဲမှာ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး ဆိုတာ တကယ့်ကို ရွှေလို တန်ဖိုးရှိတဲ့ စကားပဲ။

ဒါပေမဲ့ ကျုပ်ကတော့ အစ်ကိုရှဲ့နဲ့ မတူဘူး။ ကျုပ်က တကယ်ကို ဒုတိယအဆင့် စာမေးပွဲကို မအောင်တာ... ဒါပေမဲ့ လူ့လောကမှာ ချမ်းသာကြွယ်ဝချင်တော့ ကုန်သည်ပဲ လုပ်ရတော့တာပေါ့။

ခုနက ခင်ဗျား ရွတ်လိုက်တဲ့ ဒုက္ခတူရင် လူစိမ်းဖြစ်နေလည်း ရင်းနှီးသွားတာပါပဲ ဆိုတဲ့ ကဗျာ အပြည့်အစုံ ရှိလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်ကိုရှဲ့ရဲ့ ကဗျာစွမ်းရည်နဲ့ စီးပွားရေး သွားလုပ်နေရတာ တကယ် နှမြောစရာပဲ။ ဒီကဗျာ အပြည့်အစုံသာ ပြန့်သွားရင် ကမ္ဘာအနှံ့ နာမည်ကြီးသွားမှာ သေချာတယ်။”

သောက်ရူး အပြည့်အစုံက ဘာလဲဆိုတာ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ။ သခင်လေး ပြောတာကို ကြားဖူးရုံပဲ။ သခင်လေး ကဗျာစပ်ရင် အမြဲတမ်း တစ်ကြောင်းချင်းစီပဲ စပ်တာ။ ဘယ်ကနေ ကူးချလာမှန်းလည်း မသိဘူး။

ကူးချရင်လည်း ထားပါတော့။ အပြည့်အစုံ ကူးချဖို့တောင် မသိဘူး။ ငယ်ငယ်ကတည်းက စာသင်တာ သိပ်မကောင်းဘူး ဆိုတာ သိသာတယ်။ နန်းတော်တွင်း စာမေးပွဲကို ပိုက်ဆံ ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲလို့ သူ့ကို နှစ်ခါတောင် မေးဖူးပေမဲ့ ငါ့ကို မပြောပြဘူး...။ ပြန်ရောက်ရင် ထပ်မေးကြည့်ရမယ်။

ရှဲ့ရှန်းသည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း ပါးစပ်မှတော့ ဒူလင်ဖုန်းကို တုံ့ပြန်ပြောဆိုရသေး၏။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်လည်း အရင်တုန်းက သူငယ်ချင်းဟောင်းနဲ့ အမှတ်မထင် ဆုံတုန်း အရက်မူးပြီး ခံစားချက်ဖြစ်လာလို့ ရုတ်တရက် စဉ်းစားမိခဲ့တာပါ။ အရက်မူးပြေတော့ ဆက်စပ်ဖို့ ခက်သွားလို့ ဒီတစ်ကြောင်းပဲ ရှိတော့တာပါ။"

ဒူလင်ဖုန်းက ချက်ချင်း စိတ်မကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဒီလိုကိုး ... တကယ် နှမြောစရာပဲ။

ကျန်းကျန်းမြို့ထဲမှာ ကျုပ်နဲ့ အဖြစ်အပျက်တူတဲ့လူ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့ အစ်ကိုရှဲ့နဲ့ တွေ့ရတာ ကံကောင်းမှု တစ်ခုပါပဲ။ ဒါပေမဲ့ အစ်ကိုရှဲ့က ဒုတိယအဆင့် အောင်မြင်ထားတဲ့ ပညာရှင်။ ကျုပ်ကတော့ အဆင့်နိမ့်တဲ့ စာမေးပွဲအောင် ပညာရှင် သေးသေးလေး...”

သူ စကားမဆုံးမီ ရှဲ့ရှန်းက မျက်လုံးပြူးကာ ပြောလိုက်၏။

“အစ်ကိုဒူ ... ခင်ဗျားရော ကျုပ်ရောက ဒုက္ခရောက်နေသူတွေချည်းပဲ။ အနိမ့်အမြင့် ခွဲခြားနေစရာ လိုသေးလို့လား။

အရင်တုန်းက ကိစ္စတွေက ကျုပ်အတွက်တော့ ပျောက်ကွယ်သွားခဲ့ပါပြီ... ဒီနေ့ အစ်ကိုဒူနဲ့ တွေ့ရပြီဆိုတော့ ကျုပ် ဒကာခံပြီး အားရပါးရ စကားပြောကြရင် မကောင်းဘူးလား။”

ဒူလင်ဖုန်းသည် မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ ဒီရှဲ့တာဝန်ခံကြီးက သဘောထားကြီးတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ထို့ကြောင့် စားပွဲကို တစ်ချက်ရိုက်ကာ ပွင့်လင်းစွာ ပြောလိုက်၏။ "ကောင်းပြီ။ ဒီနေ့ အစ်ကိုရှဲ့နဲ့ တွေ့ရတာ တကယ် ကံကောင်းတာပဲ။ ဒါပေမဲ့ အစ်ကိုရှဲ့ ဒကာခံတာတော့ မသင့်တော်ပါဘူး။ ကျုပ်ကပဲ ဒကာခံပါ့မယ်။"

ရှဲ့ရှန်းက ပြုံးလိုက်သည်။

"အစ်ကိုဒူ မေ့နေပြီလား။ ဒီဖုန်းဟွာ ပြည့်တန်ဆာအိမ်မှာ ကျုပ်က အကြီးအကဲလေ။ ခင်ဗျားကို ပိုက်ဆံကုန်ခံခိုင်းစရာ အကြောင်း မရှိပါဘူး။ လာကြစမ်း .. အရက်ကောင်း ဟင်းကောင်းတွေ လာချပေးကြ။"

All Chapters