← Chapters

ဖြဲလိုက်၊ ကျယ်ကျယ်လေး ဖြဲပစ်လိုက် (၂)

Vol. 3 Ch. 36

ဖြဲလိုက်၊ ကျယ်ကျယ်လေး ဖြဲပစ်လိုက် (၂)

Vol. 3 Ch. 36

ရှေးဟောင်းအယူအဆဂိုဏ်း : … … …

သူတို့သည် နွေဦးနှင့် ဆောင်းဦး မှတ်တမ်းများ၊ ကျိုးမင်းဆက်၏ ကျင့်ထုံးများ၊ ကျင့်ဝတ်မှတ်တမ်းများ၊ သမိုင်းကျမ်းစာ၊ ကူလျန်အဖွင့်ကျမ်း၊ ကုန်းယန်အဖွင့်ကျမ်းနှင့် ကျီအဖွင့်ကျမ်းစသည့် ကျမ်းစာပေါင်းစုံကို ထုတ်နုတ်ကာ အကြိတ်အနယ် ငြင်းခုံကြတော့သည်။

ဂိုဏ်းဂဏအယူအဆ မှန်ကန်မှုနှင့် ပတ်သက်၍ အငြင်းပွားကြသည့်အခါတွင်မူ မည်သည့်ဘက်ကမျှ အလျှော့ပေးရန် အဆင်သင့်မရှိကြချေ။

နောက်ဆုံးတွင် ကျိုးမင်းဆက်၏ ကျင့်ထုံးများကို ကျိုးနယ်စားကြီးက ရေးသားခဲ့ခြင်းလော သို့မဟုတ် ကွန်ဖြူးရှပ်က ရေးသားခဲ့ခြင်းလော ဟူသော အငြင်းပွားမှုမှာ တစ်လောကလုံး တုန်ဟည်းသွားစေလောက်သည့် စစ်ပွဲကြီး တစ်ခု အသွင်သို့ပင် ကူးစက်သွားတော့သည်။

ရှုရန်မြောင်အတွက်မူ ယခုကဲ့သို့ ကျမ်းစာ အငြင်းပွားပွဲကြီး တစ်ခုကို အနီးကပ် မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ စကားလုံးများမှာ လိုက်ပါနားလည်ရန် ခက်ခဲလှသော်လည်း စစ်မက်ရေးရာရုံးမှ စိတ်ကောင်းရှိသော လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဘေးမှနေ၍ ဘာသာပြန် ရှင်းပြပေးနေသဖြင့် သူ၏ ပွဲကြည့်ပရိသတ် ဘဝမှာ ပိုမို၍ အရသာရှိလှပေသည်။

[ဆွဲကြစမ်း၊ တစ်ယောက်ကို တစ်ယောက် အဝတ်စုတ်လို ဆွဲဆုတ်ပစ်လိုက်ကြ၊ ကျယ်ကျယ်လောင်လောင် ငြင်းကြလေ ပိုကောင်းလေပဲ]

[အလိုလေး... ကြည့်ရတာ ကျိုးမင်းဆက်၏ ကျင့်ထုံးများကို ကျိုးနယ်စားကြီး ရေးတယ်ဆိုတဲ့အချက်ကော၊ ကွန်ဖြူးရှပ် ရေးတယ်ဆိုတဲ့အချက်ကော... နှစ်ခုလုံးက ယုတ္တိရှိနေသလိုပဲနော်]

[နေဦး၊ နေဦး၊ တစ်ယောက်ယောက်တော့ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို ခိုးထည့်နေပြီဟေ့၊ ဝိုးဟိုးဟိုး … တစ်ယောက်ယောက်က ကျိုးမင်းဆက်၏ ကျင့်ထုံးများတင်မကဘူး၊ တကယ်တော့ ကျင့်ထုံးသုံးကျမ်း စာအုပ် အားလုံးက အတုအယောင်တွေပါလို့ သွယ်ဝိုက်ပြီး ပြောနေပါလား]

ခေတ်သစ်အယူအဆဂိုဏ်းသားများ : “…”

*မိစ္ဆာဒိဋ္ဌိကောင်*

သူတို့သည် ရေနောက်အောင် ဖန်တီးပြီး ငါးကြင်းဆီ ချဉ်းကပ်ရန် ကြိုးစားနေသော တရားခံကို ချက်ချင်းပင် လက်ညှိုးထိုး ရှာဖွေ တွေ့ရှိသွားကြပြီး ပြင်းထန်လှသော ဝေဖန်ပုတ်ခတ်မှုများဖြင့် တရစပ် ဗုံးကြဲတိုက်ခိုက် ကြတော့သည်။

ဆရာကြီးချွမ်ရင်ကျန်းသည်လည်း ဤအဖြစ်အပျက်ကို သိရှိသွားသောအခါ ခေတ်သစ်အယူအဆဂိုဏ်းနှင့် ဖြစ်ပွားနေသော စစ်ပွဲကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။

ထို့နောက် ခေတ်သစ်နှင့် ရှေးဟောင်းအယူအဆဂိုဏ်း နှစ်ဖက်စလုံးသည် အင်အားချင်း ပူးပေါင်းကာ ကျိုးမင်းဆက်၏ ကျင့်ထုံးများ ကျမ်းစာမှာ အတုအယောင် ဖြစ်သည်ဟု လျှောက်ပြောနေသော ထိုလမ်းစဉ် ပျက်ပြားသူ မိစ္ဆာဒိဋ္ဌိကို ဝိုင်းဝန်းနှိမ်နင်းကြတော့သည်။

ထိုမိစ္ဆာဒိဋ္ဌိကောင် ငြိမ်ကုပ်သွားပြီးနောက်တွင်မူ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပြန်လည် တိုက်ခိုက်ကြပြန်သည်။

ရှုရန်မြောင်ကမူ စိတ်ကူးထဲမှ အကြော်စုံမုန့်များကို တမြုံ့မြုံ့ဝါးရင်း ပွဲကြည့်ရသည်ကို အားရပါးရကြီး သဘောကျ နေတော့သည်။

[ဝါး ... အခုတော့ ဒေသစွဲအာဃာတတွေပါ ပါလာပြီလား]

[ ဟေး ဟေး ... တရားစီရင်ရေး ပြန်လည်သုံးသပ်မှုရုံးက လက်ထောက်ဝန်ကြီးမင်း၊ ခင်ဗျားကို ကျွန်တော် အမိဖမ်းမိသွားပြီနော်၊ ကျိုးမင်းဆက်၏ ကျင့်ထုံးများကို ဝေဖန်တာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဘာဖြစ်လို့ ချွမ်ရင်ကျန်းကိုပါ ဆွဲထည့်ပြီး ဖူကျိုးက ကောက်ကျစ်တဲ့လူတွေနဲ့ သွားနှိုင်းယှဉ်နေရတာလဲ၊ ဘာလဲ... ဖူကျိုး လူမျိုးတွေက ခင်ဗျားအိမ်က ဆန်အိုးကို လာနှိုက်သွားလို့လား]

နန်းတွင်းရှိ ဖူကျိုးနယ်ဖွား အရာရှိကြီးများ : “...”

* 🙂ဟဲဟဲ*

[သူက ဘယ်ကလဲဆိုတာ ငါ တစ်ချက်လောက် ရှာကြည့်ဦးမှ၊ ဪ၊ ကျန်းဆု ကလား၊ အာ ... မဟုတ်သေးပါဘူး၊ နေပါဦး၊ ကျန်းတုန်းလို့ ခေါ်ရမှာ မဟုတ်ဘူးလား၊ အေးလေ၊ ကျန်းတုန်းက သခင်ကြီးများကတော့ တကယ့်ကို ပါရမီရှင်တွေ၊ ထူးချွန်ထက်မြက်သူတွေကြီးပဲ၊ ဟုတ်တယ်မလား]

ဖူကျိုးနယ်ဖွားဖြစ်ပြီး တရားရေးဝန်ကြီးရုံး၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ လုယွီသည် သူ၏ဒေါသကို ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်တော့သည်။

“ကျန်းတုန်းလူမျိုးတွေက မောက်မာပြီး စိတ်ဓာတ်ကလဲ အရမ်းနုနယ်လွန်းတာ၊ အင်ပါယာကြီးကို စတင် တည်ထောင်စဉ်တုန်းက ကျန်းတုန်းကလူတွေကို အားမကိုးခဲ့မိလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အရှင်မင်းကြီး အနေနဲ့ တိုင်းပြည်ကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် စုစည်းနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပဲ”

တရားစီရင်ရေး ပြန်လည်သုံးသပ်မှုရုံးမှ လက်ထောက်ဝန်ကြီး ဝမ်ကုန်းတာက ပြန်လည်ချေပရန် ပြင်လိုက်စဉ် မှာပင် နန်းတွင်း စောင့်ကြည့်ရေး ရှန်းယွမ်က ကြားထဲမှ အမြန်ဝင်တားလိုက်သည်။

“စိတ်လျှော့ကြပါဦး၊ စိတ်လျှော့ကြပါဦး၊ ငါတို့အားလုံးက တောင်ပိုင်းသားတွေချည်းပဲလေ၊ ဘာဖြစ်လို့ ကိုယ့်အချင်းချင်း ပြန်ချနေကြတာလဲ”

[ဟုတ်သားပဲ၊ ဘာပဲဖြစ်ဖြစ် မြောက်ပိုင်းသားတချို့က တောင်ပိုင်းသားတွေကို အမြဲတမ်း နှာခေါင်းရှုံ့ အထင်သေး တတ်ကြတာပဲဥစ္စာ]

[ဥပမာပြောရရင် လူတစ်ယောက်ပေါ့၊ စစ်မက်ရေးရာ ဝန်ကြီးချုပ် ထင်တယ်၊ မြောက်ပိုင်းသားတွေက ရိုးသား ဖြောင့်မတ်ကြတယ်၊ ကောက်ကျစ်စဉ်းလဲတဲ့ တောင်ပိုင်း ရိုင်းစိုင်းသူတွေနဲ့မတူဘူးလို့ တစ်ခါက လေလုံးထွား ကြွားခဲ့ဖူးတယ်လေ]

စစ်ရေးဝန်ကြီးချုပ် : “...”

*သွားပြီ*

သူ၏ ဌာနထဲတွင် မြောက်ပိုင်းသား လုပ်ဖော်ကိုင်ဖက် လေးဦးနှင့် တောင်ပိုင်းသား နှစ်ဦး ရှိနေသည့်အတွက် ယခုအခါ စစ်မက်ရေးရာ ဝန်ကြီးချုပ်မှာ ထိုတောင်ပိုင်းသား နှစ်ဦး၏ စူးစူးဝါးဝါး စိုက်ကြည့်လာသော အကြည့်ဒဏ်ကို အလူးအလဲ ခံနေရတော့သည်။

စစ်မက်ရေးရာ ရုံးမှ အုပ်ချုပ်ရေးအရာရှိလေးမှာ ထိတ်လန့်တကြားဖြင့် တိုးတိုးလေး ကပ်ပြောရှာသည်။

“ရှုလန် ...”

[ဟေး ဟေး၊ ဆောက်လုပ်ရေး ဝန်ကြီးရုံးက ဒုတိယဝန်ကြီးက အူကြောင်ကြောင်နိုင်လှချည်လား၊ သူ့ဘေးက လုပ်ဖော်ကိုင်ဖက်က ချွမ်ရင်ကျန်းနဲ့ ငြင်းခုံရာမှာ ရှုံးနေတယ်ဆိုရုံနဲ့ စီချွမ်းသားတွေအားလုံးက ယဉ်ကျေးမှု မရှိတဲ့လူတွေ၊ သူတို့ရဲ့ အမြင်တွေက အရေးမပါဘူးဆိုပြီး သိမ်းကျုံးစော်ကားစရာ မလိုပါဘူးနော်]

စစ်မက်ရေးရာရုံးမှ အရာရှိလေးမှာတော့ ရင်တမမဖြင့် တကယ်ကို အသည်းအသန် ဖြစ်နေရှာလေသည်။

“ရှုလန် ... ရှုလန် ...”

[ဒါနဲ့ ... စုကျိုးသားတွေက လူတွေပြောသလို တကယ်ပဲ ဖြုန်းတီးပြီး အပျော်အပါးမက်ကြတာ ဟုတ်လို့လား၊ တရက်က နန်းတွင်း စစ်ဆေးရေး အရာရှိတစ်ယောက် ဒီလိုမျိုး ပြောတာကြားလိုက်သလိုပဲ၊ ဒါပေမဲ့ ဆောက်လုပ်ရေး ဒုဝန်ကြီးကို ကြည့်ရတာ ဝတ်စားထားတာ သိပ်လဲ အဖိုးတန်ပုံမရပါဘူး၊ ငါ မှတ်ဉာဏ် လွဲသွားတာလား၊ သူက စုကျိုးသား မဟုတ်လို့လား]

ရှုရန်မြောင်မှာ သူ၏ ရင်တွင်းစကားဝိုင်းကြီးထဲ၌ လုံးဝ စီးမျောလို့ ကောင်းနေဆဲပင်။

ဘေးနားက စစ်မက်ရေးရာရုံးမှ အရာရှိလေးမှာ သူ့ကို တားချင်လွန်း၍ မျက်ရည်ပင် ဝဲနေရှာသည်ကို သူ လုံးဝ သတိမထားမိချေ။

[ဪ၊ ငါ အခုမှပဲ ပြန်မှတ်မိတော့တယ်]

*ဘာလဲ၊ စုကျိုးသားတွေကို စော်ကားခဲ့တဲ့ ကျိန်စာသင့် စစ်ဆေးရေးအရာရှိက ဘယ်သူလဲဆိုတာကို မှတ်မိ သွားတာလား*

နန်းတွင်းရှိ စုကျိုးနယ်ဖွား အရာရှိအားလုံးမှာ ဒေါသဖြင့် လက်သီးများကို တင်းတင်းဆုပ်ကာ ချကွင်း ပြင်ဆင် ထားကြပြီ ဖြစ်သည်။

[အဲဒါက ဘာလဲဆိုတော့ အခု လက်ရှိ ပျံ့နှံ့နေတဲ့ ရှေးဟောင်းအယူအဆဂိုဏ်းရဲ့ သမိုင်းကျမ်းစာက အတုကြီး ဖြစ်နေတာတဲ့]

ခေတ်သစ်အယူအဆဂိုဏ်းသားများ : “…”

*ဒီလောက် အရေးကြီးတဲ့ လျှို့ဝှက်ချက်ကြီးကို မင်းက အခုမှ ထုတ်ပြောရလား*

[တောက် ... အဲ့ဒါကြီးက ဘာဖြစ်လို့ အတုလို့ သတ်မှတ်ခံရတာလဲဆိုတာကို အသေးစိတ် မမှတ်မိတော့ဘူး၊ ဒါကို သက်သေပြတဲ့စာအုပ် ရေးခဲ့တာ ဘယ်သူပါလိမ့်]

[သူတို့ပြောတာတော့ ရှေးဟောင်းစာသားတွေ၊ သမိုင်းဝင် အစဉ်အလာတွေ၊ ရှေးဟောင်းသမိုင်း၊ ရှေးဟောင်း ကျင့်ထုံးတွေ၊ ရှေးဟောင်းပြက္ခဒိန်၊ ရှေးဟောင်း ပထဝီဝင်၊ စာသားခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူတွေ အားလုံးနဲ့ ကိုက်ညီမှုမရှိလို့ ဆိုလားပဲ]

[အကုန်လုံးကို သေသေချာချာ မမှတ်မိတာ နှမြောစရာပဲ၊ မဟုတ်ရင် အခုကိစ္စထဲ ဒါကိုပါ ဆွဲထည့်ပြီး မွှေလိုက်ရင် ပိုမြိုင်သွားမှာ၊ မြင်ကွင်းကတော့ တကယ့်ကို အလန်းစားကြီး ဖြစ်နေတော့မှာပဲ]

ခေတ်သစ်အယူအဆဂိုဏ်းမှ ပညာရှင်ကြီးများသည် အေးစက်စက် အပြုံးတစ်ခုကို ပြိုင်တူပြုံးလိုက်ကြတော့သည်။

ရှုရန်မြောင်ကသာ ကျမ်းစာတွေအကြောင်း ဘာမှမသိဘဲ အူကြောင်ကြောင် ဖြစ်နေနိုင်သော်လည်း သူတို့က ထိုသို့ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြမ်းတမ်းလှသော နန်းတွင်းစာမေးပွဲများကို ဖြတ်ကျော်ခဲ့ရသူများပီပီ စာသား အသေးစိတ် အချက်အလက်များကို အလွတ်မှတ်မိရန်နှင့် ချက်ချင်း ပြန်လည်ထုတ်နုတ်ရန် ဆိုသည်မှာ သူတို့ အတွက်တော့ စားနေကျ ထမင်းဟင်းလိုပင် အလွန်လွယ်ကူလှသည်။ ယခုအခါ ရှုရန်မြောင်၏ ရင်ထဲမှတစ်ဆင့် ကိုက်ညီမှုမရှိသော အချက်ရှစ်ချက်ဟူသည့် လက်နက်ကောင်းကြီးကို ရရှိသွားပြီ ဖြစ်ရာ ဤအခွင့်အရေးကို အသုံးချပြီး ရှေးဟောင်းအယူအဆဂိုဏ်း၏ မျက်နှာကို အပိုင်ပိတ်ရိုက်ရန် မည်သို့လျှင် လက်လွှတ်ခံပါမည်နည်း။

“ဆရာကြီးချွမ်၊ ဆရာကြီးအနေနဲ့ ရှုရန်မြောင်ရဲ့ ရင်တွင်းစကားတွေကို မကြားရလို့ အားနည်းချက် ဖြစ်နေတာ ကတော့ ဆရာကြီးအတွက် မတရားသလို ဖြစ်နေပေမဲ့ ငါတို့ရဲ့ ပညာရပ်ဆိုင်ရာ လမ်းစဉ်မှန်ကန်မှု သိက္ခာကတော့ အရာအားလုံးထက် ပိုအရေးကြီးတယ်ဗျာ၊ အဲ့ဒါကြောင့် ကြိုတင်ပြီးတော့ပဲ တောင်းပန်လိုက်ပါတယ်”

ခေတ်သစ်ဂိုဏ်းသားများသည် ဤအကြီးစားအခွင့်အရေးကြီးကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေကြသဖြင့် နန်းတွင်းရှိ အချို့သော လူများမှာလည်း တဖြည်းဖြည်းနှင့် ပိုမို တင်းမာလာနေသည်ကို သတိမထားမိလိုက်ကြချေ။ ထိုသူများသည် မျက်မှောင်ကြုတ်လျက် ရှေ့သို့တိုးထွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဆရာကြီး ချွမ်ရင်ကျန်းတွင်မူ နန်းတွင်းအရာရှိ တံဆိပ်တုံး မရှိသလို ရှုရန်မြောင်၏ ရင်တွင်းဖြစ်များကိုလည်း မကြားနိုင်သည့်အတွက် သိသိသာသာ အခြေအနေမလှ ဖြစ်နေရှာသည်။

သို့သော်လည်း ထိုသူများကမူ ရှုရန်မြောင်၏ အတွေးကို အတိုင်းသား ကြားနေရသည် မဟုတ်ပါလော။

တကယ်တော့ သူတို့သည် ရင်ထဲ၌ ရှေးဟောင်းအယူအဆဂိုဏ်းကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသော်လည်း သူတို့၏ ရာထူးဌာနန္တရနှင့် အသက်မွေးဝမ်းကျောင်းအတွက် ခေတ်သစ်ဂိုဏ်းသားများအဖြစ် ဟန်ဆောင် ပုန်းအောင်း နေခဲ့ကြရသူများ ဖြစ်သည်။

ယခုအချိန်သည် သူတို့၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသရမည့် အချိန်အခါကောင်းပင် ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ အရှက်သိက္ခာကို မြိုသိပ်ပြီး အောက်ကျို့သည်းခံခဲ့ရသမျှ... ဆုံးရှုံးခဲ့ရသမျှအရာအားလုံးကို ပြန်လည်သိမ်းပိုက်ရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

ရှေးဟောင်းကျမ်းစာများ၏ မဟာဂုဏ်ရောင် ပြန်လည်ထွန်းတောက်စေရမည်။

All Chapters