← Chapters

ငါ ဒီတူတော်ကို ကယ်ဖို့ လိုလို့လား (၁)

Vol. 3 Ch. 41

ငါ ဒီတူတော်ကို ကယ်ဖို့ လိုလို့လား (၁)

Vol. 3 Ch. 41

ကျမ်းစာငြင်းခုံပွဲကြီးသည် တရားဝင် သုံးရက်တိတိ ကြာမြင့်ခဲ့လေသည်။

စတုတ္ထမြောက်နေ့သို့ ရောက်ရှိသောအခါတွင်မူ သူတို့အချင်းချင်း အဖြေတစ်ခုခု ထွက်သွားကြ၍ မဟုတ်ဘဲ ယခင်ရက်များက တင်ပြစရာ နန်းတွင်းရေးရာကိစ္စရပ်များ နည်းပါးနေခဲ့သဖြင့်သာ ယခုကဲ့သို့ အချိန်ပေး ငြင်းခုံခွင့် ရခဲ့ကြခြင်း ဖြစ်သည်။ ယနေ့တွင်မူ ဆွေးနွေးစရာ နိုင်ငံတော်စီမံကိန်းများနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ ပြည့်နှက်နေပြီ ဖြစ်ရာ နှစ်ဖက်စလုံးက ယခုအချီကို ယာယီစစ်ပြေငြိမ်း လိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ဆရာကြီး ချွမ်ရင်ကျန်းသည် နောက်ဆုံး၌ သူ၏ နန်းတွင်းဝတ်စုံကို စနစ်တကျ ပြန်လည်ပြင်ဆင် ဝတ်ဆင်လိုက်ရင်း ကြုံးဝါးလိုက်တော့သည်။

“ဟင်း၊ ကျိဆွေ့ ... ဟုတ်လား၊ မင်း စောင့်နေလိုက်စမ်းပါဦး”

ကျိဆွေ့ကမူ သူ၏ လက်ကောက်ဝတ်ကိုသာ ခပ်ဖွတ်ဖွတ် လှည့်ပတ်လိုက်မိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း နေ့တိုင်း စာအုပ်များကို တဖျတ်ဖျတ် လှန်လှောဖတ်ရှုခဲ့ရသဖြင့် သူ၏လက်မှာ အတော်လေး ညောင်းညာ ကိုက်ခဲနေခဲ့လေသည်။

[နောက်ဆုံးတော့လဲ သူတို့တွေ လူကိုယ်တိုင် ထမချလိုက်ကြဘူးပဲ]

စိတ်ပျက်လက်ပျက်ဖြင့် အကြီးအကျယ် နှမြောတသဖြစ်နေသော အတွေးစကားသံတစ်ခု ထွက်ပေါ်လာပြန်သည်။

ဆရာကြီး ချွမ်ရင်ကျန်းသည် ထိုအသံကို ကြားလိုက်ရချင်း တုန်လှုပ်သွားရတော့သည်။

*ဒါက... ဟိုရှုကောင်လေးရဲ့ အသံမလား၊ ဒါပေမဲ့ သူက ခုနတင်ကမှ အနောက်ဆုံးတန်းမှာ မတ်တတ်ရပ်နေခဲ့တာ မဟုတ်ဘူးလား*

သူသည် ဘေးဘီဝဲယာသို့ လှည့်လည်ကြည့်ရှုလိုက်သော်လည်း ရှုရန်မြောင်၏ အရိပ်အယောင်ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ချေ။ ထိုသို့ဖြင့် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို သပ်နေသော ဝန်ကြီးချုပ် သော်သည် ရှေ့သို့ တစ်လှမ်းတိုးထွက်လာပြီး ဆရာကြီးချွမ်၏ ရှေ့တည့်တည့်တွင် လာရောက် ရပ်တန့် လိုက်တော့သည်။

“ဆရာကြီးချွမ်...”

ဝန်ကြီးချုပ်သော်က ခေါ်လိုက်သည်။

အသက် ၇၀ ကျော် အရွယ်ရှိပြီ ဖြစ်ပြီး ဆံပင်များ ဖြူဖွေးနေခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ် သော်ချင်း၏ ကိုယ်ဟန်အမူအရာမှာမူ ဖျတ်လတ် တက်ကြွပြီး ခန့်ညား ထည်ဝါလှသော အရှိန်အဝါများ ပြည့်နှက် နေဆဲ ဖြစ်သည်။ သူ၏ လေသံမှာ တည်ငြိမ်ရိုးရှင်းလှသော်လည်း စကားပြောဆိုလိုက်သည့် အခါတွင်မူ ရင်ထဲ၌ တိတ်တဆိတ် ဂုဏ်ယူဝင့်ကြွားနေသော အရိပ်အယောင်များ စီးမျောနေတော့သည်။

“ဒီခန်းမဆောင်ကြီးဆီကို ဆရာကြီး ရောက်ရှိလာတာကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ။”

*မဟာရှမင်းဆက်ရဲ့ ဉာဏ်အမြော်အမြင်အရှိဆုံး ပညာရှင်ကြီးတွေ စုဝေးရာ၊ အာဏာနဲ့ စွမ်းပကားတွေ စိုးမိုး ခြယ်လှယ်ရာ ကမ္ဘာသစ်ကြီးဆီကို ကြိုဆိုပါ၏*

*ပြီးတော့ ရှုရန်မြောင်ရဲ့ ရင်တွင်းဖြစ် အတွေးအာရုံတွေကို အတိုင်းသား ကြားနေရတဲ့ ကမ္ဘာသစ်ကြီးဆီကိုပေါ့*

ရှုရန်မြောင်၏ ရင်တွင်းဖြစ် အတွေးအာရုံများကို ကြားလိုက်ရပြီးနောက် ဤအကြိတ်အနယ် ငြင်းခုံပွဲကြီး နောက်ဆုံးတွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်သွားချိန်မှသာ ကျိဆွေ့သည် သူ လုံးဝမေ့လျော့နေခဲ့သော ကိစ္စကြီးကို ရုတ်တရက် သတိရသွားတော့သည်။

သူ့ရဲ့ ချစ်လှစွာသော တူတော်မောင်လေးမှာ ယခုထက်ထိ တော်ဝင် အကျဉ်းထောင်ကြီးထဲ၌ သောင်တင်နေဆဲ မဟုတ်ပါလော။

“အရှင်မင်းကြီး”

ကျိဆွေ့သည် ချက်ချင်းဆိုသလို ရှေ့သို့ တစ်လှမ်းတိုးထွက်လိုက်ပြီး လျှောက်တင်လိုက်တော့သည်။

“ဒီအမှုထမ်းမှာ အပြစ်ရှိပါတယ် ဘုရား”

ဧကရာဇ်မင်းမြတ်က သူ့ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။

“မင်းမှာ ဘာအပြစ်ရှိလို့လဲ၊ ငါ့ရဲ့ သစ္စာရှိအမတ်ကြီးရဲ့”

ထိုအခါ ကျိဆွေ့က အကျိုးအကြောင်းကို ရှင်းလင်းလျှောက်ထားလေတော့သည်။

“လွန်ခဲ့တဲ့ ဩဂုတ်လတုန်းက ကွေ့ရှီ ၊ ယုံဖုန်းနဲ့ ရှင်းအန်း ဒေသတွေမှာ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးဘေး ဆိုက်ရောက်ခဲ့ပါတယ် ဘုရား။ ပြည်သူလူထုတွေခမျာ အသက်ဆက်နိုင်ဖို့အတွက် မြက်မြစ်တွေ၊ သစ်ခေါက်တွေ ကိုတောင် လိုက်လံစားသောက်ခဲ့ကြရရှာပါတယ်။ အဲ့ဒီအချိန်တုန်းက အရှင်မင်းကြီးက ဒီအမှုထမ်းကို ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ စေလွှတ်ခဲ့လို့ ရောက်သွားခဲ့တဲ့အခါ မြေရှင်ကြီးတွေနဲ့ သူဌေးတွေဟာ ဒီငတ်မွတ်ခေါင်းပါးမှုကို အခွင့်ကောင်းယူပြီး ဆန်စပါးတွေကို မတန်တဆ အတိုးနှုန်းအကြီးကြီးတွေနဲ့ ထုတ်ချေး နေကြတာကို မြင်တွေ့ခဲ့ရပါတယ် ဘုရား။ ဆန်တစ်တင်းချေးရင် တစ်တင်းခွဲ ပြန်ဆပ်ရပြီး၊ နှစ်တင်းချေးရင် သုံးတင်း ပြန်ဆပ်ရပါတယ်။ တကယ်လို့သာ တစ်လအတွင်း အကြွေးမဆပ်နိုင်ဘူးဆိုရင်တော့ အတိုးက နှစ်ဆ၊ သုံးဆ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် ငတ်မွတ်နေတဲ့ မိသားစုအများအပြားဟာ ဒီလို သွေးစုပ်တဲ့ ခေါင်းပုံဖြတ် အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့အတွက် သူတို့ရဲ့ သားသမီးတွေကိုပါ ကျွန်အဖြစ် ရောင်းချခဲ့ကြရပါတယ် ဘုရား”

“ဘာပြောတယ်”

ဧကရာဇ်မင်းမြတ်သည် ဒေါသအိုး ပေါက်ကွဲသွားရတော့သည်။

“ပုဂ္ဂလိက ချေးငွေတွေရဲ့ အတိုးနှုန်းဟာ တစ်လကို သုံးရာခိုင်နှုန်းထက် မကျော်လွန်ရဘူးလို့ ငါ တရားဝင် အမိန့် ထုတ်ပြန် ထားပြီးသားလေ၊ ဒီလို ဥပဒေမဲ့တဲ့ လူယုတ်မာတွေက ငါ့ရဲ့ ပြည်သူတွေကို ဒီလောက်အထိ ထိခိုက်အောင် လုပ်ရဲကြတယ်ပေါ့”

ကျိဆွေ့က ဆက်လက်၍ လျှောက်တင်သည်။

“ဒီအမှုထမ်းဟာ အရှင်မင်းကြီးရဲ့ တော်ဝင်အမိန့်တော်ကို အလွဲသုံးစားပြုပြီး အစိုးရ ဆန်ဂိုဒေါင်တွေကို တမင်သက်သက် ဖွင့်လှစ်ခဲ့မိတဲ့အတွက် အပြစ်ရှိပါတယ် ဘုရား၊ ဘေးဒုက္ခ မကျရောက်တဲ့ ဘေးပတ်ဝန်းကျင် ခရိုင်တွေက ဆန်ဂိုဒေါင်တွေကို ဖွင့်ပြီးတော့ ကျွန်အဖြစ် ရောင်းချခံလိုက်ရတဲ့ ကလေးငယ်တွေကို ပြန်လည် ရွေးနှုတ်ပေးခဲ့ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံယူဖို့ အသင့်ရှိနေပါတယ် ဘုရား”

ထိုအခါ ဧကရာဇ်မင်းမြတ်သည် အလွန်အမင်း သဘောကျ ကျေနပ်သွားကာ အားရပါးရ ရယ်မောလိုက်တော့သည်။

“ဒါက ဘာဖြစ်လို့ အပြစ်ရှိရမှာလဲ၊ တကယ်လို့သာ မင်းက ငါ့ဆီကို တရားဝင် အသနားခံစာ တင်ပြပြီး ခွင့်ပြုချက် ရတဲ့အထိ စောင့်ဆိုင်းနေခဲ့မယ်ဆိုရင် အဲ့ဒီအချိန်တောအတွင်းမှာ မိသားစုပေါင်း ဘယ်နှစ်ခုတောင် ကွဲကွာ ပျက်စီးပြီး ပြည်သူတွေ ဘယ်လောက်တောင် လွင့်စင်ကုန်ကြမလဲ”

“မင်း တကယ်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့တာပဲ”

ဧကရာဇ်မင်းမြတ်က ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

“မင်းမှာ အပြစ်မရှိတဲ့အပြင် ငါ့အနေနဲ့ မင်းကို ထိုက်ထိုက်တန်တန် ချီးမွမ်း ဂုဏ်ပြု ရဦးမယ်ကွ”

ဤသည်မှာ ဧကရာဇ်မင်းတို့၏ အုပ်ချုပ်ပုံ သဘာဝပဲ ဖြစ်သည်။ အကယ်၍ ဧကရာဇ်မင်းက မင်းကို သဘောကျ ချစ်ခင်မည်ဆိုလျှင် တော်ဝင်အမိန့်တော်ကို အတုအယောင် သုံးစွဲခဲ့တာကပင်လျှင် ပါးနပ်လိမ္မာပြီး အခြေအနေကို လိုက်လျောညီထွေ ဆောင်ရွက်တတ်တဲ့ အရည်အချင်းအဖြစ် ရှုမြင်ခံရတတ်သည်။ သို့သော် ဧကရာဇ်မင်းက မင်းကို မုန်းတီးနေခဲ့ပါက ဥပဒေအတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက် ခဲ့တာကပင်လျှင် ခေါင်းမာပြီး အရည်အချင်း မရှိသော အချက်အဖြစ် ပုံဖျက်ခံရနိုင်သည်။

ကျိဆွေ့သည် ဤအမှန်တရားကို အသည်းထဲအထိ ကောင်းကောင်းကြီး နားလည်ထားသူ ဖြစ်သည်။ သူသည် ကျေးဇူးတော် ကြီးမားလှကြောင်း ရိုသေစွာ ဦးညွှတ်ဂုဏ်ပြုလိုက်ရင်း စိတ်ထဲမှနေ၍ နောက်ထပ်လှမ်းရမည့် ခြေလှမ်းများ အတွက် တိတ်တဆိတ် ပြင်ဆင်လိုက်တော့သည်။

သူ ဆက်လက်လုပ်ဆောင်မည့် အကွက်ကတော့ ရိုးရှင်းပါသည်။ အကယ်၍ သဘာဝ ဘေးအန္တရာယ်ဆိုးကြီးနှင့် လူတို့၏ အတ္တ လောဘ တရားတွေသာ ပေါင်းစပ်မသွားခဲ့လျှင် ပြည်သူတို့သည် သူတို့၏ သွေးသားရင်းချာများနှင့် ယခုကဲ့သို့ ဝမ်းနည်းပက်လက် ခွဲခွာကြရမှာ မဟုတ်ပါဘူးဆိုပြီး ရင်နင့်အောင် တမ်းတ ညည်းတွား ပြဖို့ပင် ဖြစ်၏။

ဤနေရာတွင် အဓိက သော့ချက်မှာ မိသားစု စည်းလုံးညီညွတ်မှုနှင့် မိဘတို့၏ မေတ္တာတရားကြီးမားပုံကို အသားပေး ပြောဆိုရန် ဖြစ်သည်။ ဒါမှသာ ဧကရာဇ်မင်းမြတ်အား သူ၏ သားကြီးနှင့် အလွန် ချစ်မြတ်နိုးလှသော မြေးတော်တို့ကို သတိရသွားစေရန် လှုံ့ဆော် ပေးနိုင်မည်ဖြစ်ပြီး နန်းတော်ထဲတွင် မြေးတော် ငယ်စဉ်က ချစ်စနိုး ဆိုးနွဲ့ ပျော်ပါးခဲ့ပုံများကို ပြန်လည်အမှတ်ရလာစေမည် မဟုတ်ပါလော။

အဘိုးနှင့် မြေးကြားတွင် မည်မျှ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေပါစေဦးတော့၊ ဘာလို့ ပြန်လည် မစေ့စပ်နိုင်ဘဲ ရှိရပါမည်နည်း။

ထို့အပြင် ကျိဆွေ့သည် ဧကရာဇ် မြေးတော်၏ ကောင်းကွက် တစ်ခုကိုပါ ထင်ရှားအောင် ဆွဲထုတ်ပြရန် ရည်ရွယ်ထားသေးသည်။ ၎င်းမှာ ကျိဆွေ့ ဘေးဒုက္ခ ကယ်ဆယ်ရေး ခရီးစဉ်မထွက်ခွာမီက မြေးတော်သည် ဒုက္ခသည် ပြည်သူများကို ကူညီရန်အတွက် သူ၏ မုန့်ဖိုးများကို “ကိုယ်တိုင် အလိုအလျောက်” လှူဒါန်း ခဲ့ဖူးသည်ဟူသော အချက်ပင် ဖြစ်၏။ အမှန်တကယ်တွင် ထို “ကိုယ်တိုင်အလိုအလျောက် လှူဒါန်းခြင်း” ဆိုသည်မှာ သူ့၏ ညီမငယ်လေးက နောက်ကွယ်ကနေ ကြိုးကိုင် အကွက်ဆင်ခဲ့ခြင်း ဖြစ်ပြီး မြေးတော်ကိုယ်တိုင်က မလှူချင် လှူချင်ဖြင့် ပေးခဲ့ရခြင်း ဖြစ်သော်လည်း ဤအချက်ကိုတော့ ဧကရာဇ်မင်းမြတ် သိနေစရာ မလိုပေ။

နန်းတွင်းအရာရှိကြီးများမှာမူ ကျိဆွေ့၏ ရင်ထဲက သေသေချာချာ တွက်ချက်ထားသော အကွက်များကို လုံးဝ မရိပ်မိကြသဖြင့် သူ့ကို ကြည့်ကာ လေးစားကြည်ညိုမှု အပြည့်ရှိသော မျက်နှာများဖြင့် အားရပါးရ ချီးမွမ်းထောပနာ ပြုနေကြတော့သည်။

“ဆရာသခင်ကြီးကျိက တကယ့်ကို သူတော်စင် စိတ်ထားရှိတဲ့ ပညာရှိကြီး ပါပဲ”

“မှန်လှပါပေတယ်၊ သူဟာ နိုင်ငံတော်ရဲ့ ဒေါက်တိုင်ကြီးတစ်ဦးပဲဗျာ၊ အဲ့ဒီလိုမျိုး အသက်အန္တရာယ်နီးကပ်လှတဲ့ ဘေးဒုက္ခ ဆိုးကြီးတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် မိမိအသက်ကို ပဓာနမထားဘဲ စွန့်စားရဲတာက တစ်လောက လုံးက အတုယူရမယ့် စံပြပုဂ္ဂိုလ်ကြီးပါပဲ”

“အုပ်ချုပ်သူ မင်းအပေါ် သစ္စာစောင့်သိပြီး ပြည်သူလူထုအပေါ် သနားကြင်နာတတ်တဲ့ စိတ်ရင်းခံနဲ့ ဆရာသခင်ကြီး ကျိက... (ရှိုက်သံ) ... ဆရာသခင်ကြီးကျိက အဲ့ဒီလို တော်ဝင်အမိန့်တော်ကို အတုအယောင် သုံးစွဲခဲ့တုန်းက မိမိရဲ့ အသက်ကိုပါ စွန့်လွှတ်ဖို့အထိ သေချာပေါက် အသင့်ပြင်ထားခဲ့တာ နေမှာပါဗျာ”

မိမိတို့ ယုံကြည်ကိုးကွယ်သည့် စည်းကမ်းမူဝါဒများအတွက် အသက်ပါ စွန့်ဝံ့ရမည်ဟု ခံယူထားကြသော ကွန်ဖြူးရှပ် ဝါဒီ ပညာရှင်ကြီးများသည် ကျိဆွေ့၏ လုပ်ရပ်ကြောင့် ရင်ထဲ၌ အကြီးအကျယ် စိတ်လှုပ်ရှား တုန်လှုပ် သွားကြရတော့သည်။ သူ၏ လုပ်ရပ်မှာ သူတို့ မျှော်မှန်းထားသည့် စံပြသူရဲကောင်း စရိုက်လက္ခဏာနှင့် ကွက်တိ ထပ်တူကျသွားခဲ့သည် မဟုတ်ပါလော။

ပြိုင်ဘက်ဖြစ်သူ ဆရာကြီး ချွမ်ရင်ကျန်းပင်လျှင် ကျိဆွေ့နှင့် ရန်ဘက်ဖြစ်နေသော်လည်း ယခုလုပ်ရပ်ကိုမူ သဘောကျ သဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အဝေးမှနေ၍ ကျိဆွေ့အား ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရှုရန်မြောင်ကမူ ကျိဆွေ့၏ အတိတ်နောက်ခံ သမိုင်းကြောင်းများကို တစ်ရွက်ချင်း လှန်လှော ကြည့်ရှု ဖော်ကောင်လုပ်နေခဲ့ပြီ ဖြစ်သည်။

[ဝါး ... ဒါကြီးက ဘယ်လိုမျိုး အမိုက်စား ဇာတ်လိုက်မင်းသားရဲ့ ဇာတ်ညွှန်းကြီးလဲဟ၊ မောက်မာပြီး အေးစက်စက် နိုင်တယ်၊ ငယ်ငယ်ကတည်းက နာမည်ကျော်ကြားခဲ့ပြီး စာပေလောကထဲကို ဥက္ကာပျံလို အရှိန်အဟုန်နဲ့ တဟုန်ထိုး တက်လှမ်းလာနိုင်ခဲ့တယ်၊ ပညာရှင်တွေအားလုံးရဲ့ လေးစားကြည်ညိုမှုကို ရထားသလို ဧကရာဇ်မင်းမြတ်ရဲ့ အချစ်တော်လည်း ဖြစ်နေပြန်ရော၊ အသက်လေးဆယ်ကျော် အရွယ်မှာတင် တော်ဝင်စာကြည့်တိုက်ရဲ့ ပညာရှင်ကြီး ဖြစ်နေပြီ၊ တော်ဝင် အမိန့်ပြန်တမ်းတွေကို ကိုယ်တိုင် မူကြမ်းရေးဆွဲပြီး ဧကရာဇ်နဲ့အတူ နိုင်ငံရေးရာ ကိစ္စတွေကို တိုက်ရိုက် ဆွေးနွေး တိုင်ပင် နိုင်တဲ့အထိပဲ၊ သူ့ရဲ့ အိမ်ထောင်ရေးကလဲ အေးချမ်းလိုက်တာ၊ ဇနီး တစ်ယောက်တည်းပဲ ရှိတယ်၊ မယားငယ်တွေ၊ အဆောင်အယောင်တွေ လုံးဝမရှိဘူး၊ ကလေးတောင် မရှိဘူး၊ စစ်မက် ဖြစ်ပွားရာ ကာလတုန်းက သမီးလေးတစ်ယောက် ဆုံးရှုံးခဲ့ရတာကလွဲရင် သူ့ရဲ့ ဘဝကြီးက တကယ့်ကို ဆန္ဒမှန်သမျှ ပြည့်ဝစုံလင်နေတဲ့ စိတ်ကူးယဉ် ဝတ္ထုထဲက ဇာတ်လိုက်ဘဝအတိုင်းပဲ]

*မင်း ငါ့ကို စိတ်ကြိုက် ချီးမွမ်းထောပနာ ပြုနိုင်တယ်*

ကျိဆွေ့က စိတ်ထဲမှ အေးစက်စွာ တွေးလိုက်သည်။

*ဒါပေမဲ့ ငါ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ငါ့တူလေးကို ထောင်ထဲကနေ မရမက ပြန်ကယ်ထုတ်ဖို့ပဲ*

သူသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် အစောကတည်းက သေသေချာချာ တိုက်ကွက်ဆင်ထားသည့် သနားခံစာကို စတင်၍ လျှောက်တင်လိုက်တော့သည်။

“အရှင်မင်းကြီး ဒီအမှုထမ်းဟာ ပြည်သူလူထုတွေရဲ့ ဆင်းရဲဒုက္ခဆိုးကြီးတွေကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရလို့ တကယ့်ကို ရင်နင့်အောင် စိတ်ထိခိုက် ဝမ်းနည်းမိရပါတယ် ဘုရား”

ဧကရာဇ်မင်းမြတ်ကလည်း မျက်နှာအမူအရာ ပျော့ပြောင်းသွားပြီး ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

“အဲ့ဒီ ဒေသခံ သူဌေးတွေက တကယ့်ကို သေဒဏ်ပေးဖို့ ထိုက်တန်တဲ့ကောင်တွေပဲ၊ နိုင်ငံတော် အကြပ်အတည်း ဆိုက်ရောက်နေတာကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာကြတယ်ပေါ့”

သို့သော်လည်း ဘေးနားက ရှုရန်မြောင်ကမူ ထိုအခြေအနေကို ဆက်လက်၍ ဆန်းစစ် ဝေဖန်နေပြီး သူ၏ ရင်တွင်းဖြစ် အတွေးထဲ၌မူ ယခုကဲ့သို့ စိတ်ကူးဖြင့် နောက်ခံအသံ သွင်းနေလေတော့သည်။

[အဲ့ဒီ ဘေးဒုက္ခကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ် သွေးစုပ်နေတဲ့ ခွေးသူတောင်းစားတွေသာ မရှိခဲ့ရင် ငါ့မှာ အရှေ့ဘက်မြို့ကနေ အနောက်ဘက်မြို့အထိ ဓားကြီးတရမ်းရမ်းနဲ့ အသေသတ်ပြီး တိုက်ပွဲဝင် ခဲ့ရပါ့မလား၊ မင်းတို့လို လူယုတ်မာကောင်တွေကို ငါက ယဉ်ယဉ်ကျေးကျေးနဲ့ ပြည်သူတွေနဲ့ မြေယာတွေကို ပြန်ပေးဖို့ ကောင်းကောင်း မွန်မွန် တောင်းဆိုခဲ့တာကိုတောင် မင်းတို့က နားမထောင်ကြဘူးလေ! ငါက ဓားမထုတ်ရဲဘူးလို့ မှတ်နေကြတာလား]

ကျိဆွေ့တစ်ယောက် ချက်ချင်းဆိုသလို ကျောက်ရုပ်ကြီးပမာ ကြောင်အမ်းအမ်း ဖြစ်ပြီး တောင့်တင်း သွားရတော့သည်။

သူ၏ ဦးနှောက်ထဲတွင် သေသေချာချာ ဇာတ်တိုက်လေ့ကျင့်ထားသော ယဉ်ကျေးသိမ်မွေ့လှသည့် စကားလုံးများ အားလုံးမှာ တစ်ခဏချင်းအတွင်း ဝုန်းခနဲ လွင့်စင် ပျောက်ကွယ်သွားရတော့သည်။ ထို့ပြင် သူ၏ စိတ်ထဲတွင် လွှမ်းမိုးလာသည့် တစ်ခုတည်းသော ဒေါသတကြီး တွေးတောချက်မှာ …

*မင်းကမှ လူကြမ်းကောင်ကွ၊ မင်းတို့ မိသားစုတစ်ခုလုံးကမှ ဓားပြလို လူကြမ်းတွေ*

ကျိဆွေ့သည် စိတ်ကိုအတတ်နိုင်ဆုံး ပြန်ထိန်းကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“တကယ်လို့သာ ပြည်သူလူထုတွေအနေနဲ့ မိသားစုဝင်အချင်းချင်း စည်းလုံးညီညွတ်ပြီး အေးအေးချမ်းချမ်း နေထိုင်ခွင့် ရကြမယ်ဆိုရင် ဘယ်သူကများ သူတို့ရဲ့ သွေးသားရင်းချာ ကလေးငယ်တွေကို ယခုလို ကျွန်အဖြစ် ရက်ရက်စက်စက် ရောင်းချကြပါ့မလဲ ဘုရား”

ထိုစကားကို ကြားလိုက်ရသောအခါ ဧကရာဇ်မင်းမြတ်၏ မျက်နှာအမူအရာမှာ ပိုမို၍ စိတ်လှုပ်ရှား ညှိုးငယ် သွားရတော့သည်။

*မိသားစု စည်းလုံးညီညွတ်မှုတဲ့လား*

သူ၏ မြေးတော်လေး တစ်ယောက် တော်ဝင် အကျဉ်းထောင်ကြီးထဲတွင် သောင်တင်ပြီး ပြစ်ဒဏ်ခံနေရသည်မှာ အခုဆိုလျှင် တစ်လပြည့်ခဲ့ချေပြီ။ ထိုကလေးခမျာ မွေးဖွားလာကတည်းက ယခုကဲ့သို့ စုတ်ပြတ်ပြီး အေးစက် စိုစွတ်လှသော ထောင်အမှောင်ထုထဲ၌ နေထိုင်ရသည့် ဆင်းရဲဒုက္ခမျိုးကို တစ်ခါမျှပင် ကြုံတွေ့ဖူးခဲ့ရှာသည် မဟုတ်ပေ။

ဧကရာဇ်မင်းမြတ်ကိုယ်တိုင်လည်း သူ၏ ငယ်စဉ်ဘဝတုန်းက ငတ်မွတ်ခေါင်းပါးလှသဖြင့် မသေရုံတမယ် အသက်ဆက်နိုင်ရန် အတွက်သာ စစ်ပွဲများဆင်နွှဲပြီး ပုန်ကန် ထကြွခဲ့ရခြင်း ဖြစ်သည်။ သူ ယခုလို သက်ဦးဆံပိုင် ဧကရာဇ် ဖြစ်လာပြီး အသက်အရွယ် ကြီးရင့်လာချိန်တွင်မူ မျှော်လင့်တမ်းတမိသည့် တစ်ခုတည်းသော ဆန္ဒမှာ သားသမီး၊ မြေးမြစ်များ ဝိုင်းဝန်းကာ မိသားစုနွေးထွေးမှုကို ခံစားချင်ရုံမျှသာ မဟုတ်ပါလော။

ထို့ကြောင့် သူ အလွန်အမင်း ချစ်မြတ်နိုးလှသော မြေးတော်လေးသည် အချစ်လွန်ပြီး တစ်ခါတစ်ရံ မိုက်မဲသော အပြုအမူလေးများ ပြုမူမိခဲ့သည်ဆိုဦးတော့ ယင်းက ခွင့်လွှတ်ပေးလို့ မရနိုင်စရာ အကြောင်း ဘာလို့ ရှိရပါမည်နည်း။

All Chapters