အလိုလေး … အဲ့လူ ၃ ယောက်ထဲမှာ ဘယ်သူမဆိုက ငါ့ဆရာ ဖြစ်နေနိုင်တာပဲ (၁)
Vol. 3 Ch. 45
[ စိတ်ကြွဆေး ဟုတ်လား]
[ဘယ်လို စိတ်ကြွဆေးလဲဟ]
ရှုရန်မြောင် တစ်ယောက်တည်း စိတ်လှုပ်ရှားနေသည် မဟုတ်ဘဲ ဧကရာဇ်အိုကြီးနှင့် စစ်မက်ရေးရာရုံးမှ အရာရှိ ငယ်လေးတို့သည်လည်း ထပ်တူထပ်မျှပင် ရင်တလှပ်လှပ်ဖြင့် စိတ်လှုပ်ရှားသွားကြရတော့သည်။
*သန့်ရှင်း မွန်မြတ်လှတဲ့ ဘုရားကျောင်းကြီးရယ်၊ ပြီးတော့ လျှို့ဝှက်ပြီး ခတ်ထားတဲ့ ဆေးရယ်၊ ဒီစကားလုံးနှစ်ခုသာ ပေါင်းစပ်သွားမယ်ဆိုရင်တော့*
၈သေချာပေါက်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် အရှုပ်တော်ပုံ အကြီးစားကြီးတစ်ခု နောက်ကွယ်မှာ မွှေနေပြီ*
သို့သော် သူတို့အားလုံး စိတ်လှုပ်ရှား မြူးတူးနေကြစဉ် အတွင်းမှာပင် တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုသည်ကို ရုတ်တရက် ခံစားလိုက်ကြရသည်။
ဧကရာဇ် မင်းမြတ်နှင့် အရာရှိငယ်လေးတို့သည် ခေါင်းကို ငုံ့ချလိုက်မိကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ ခဏမျှအတွင်း အလွန်ပင် ရှုပ်ထွေးခက်ခဲသွားရတော့သည်။
*ဒီကိစ္စက မင်းတို့နဲ့ ဘာဆိုင်လို့လဲကွ၊ မင်းတို့က ဘာဖြစ်လို့ ဒီလောက်အထိ အသည်းအသန် စိတ်လှုပ်ရှားနေကြရတာလဲ*
အနီးအနားတွင်မူ အသက် ၄၆ နှစ်အရွယ် ရှိပြီ ဖြစ်သော ကျိဆွေ့ တစ်ယောက်မှာတော့ လုံးဝကို ကူကယ်ရာမဲ့စွာဖြင့် သူ၏ မျက်ဝန်းအစုံကို စိတ်ပျက်လက်ပျက် မှိတ်ထားသည်။ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် လှုပ်ရှားနေခဲ့ပြီး စိတ်ထဲကနေ တစ်ခုခုကို တိုးတိုးလေး ရေရွတ်နေတာလား ဒါမှမဟုတ် အသက်ကို မနည်း ဝဝရှူဖို့ ကြိုးစားနေတာလားတော့ မသိနိုင်ချေ။
*ဒါဖြင့်ရင် အဲ့ဒီဆေးရဲ့ အာနိသင်ဒဏ်ကို ခံစားနေရတဲ့သူတွေက အခြားသူတွေ မဟုတ်ဘဲ…
[ဘုန်း]
ဧကရာဇ်မင်းမြတ် တစ်ယောက် ရုတ်တရက် ခန္ဓာကိုယ်ကြီး ဆတ်ခနဲ ဖြစ်ကာ လဲပြိုကျသွားရတော့သည်။
[ဝုန်း]
စစ်မက်ရေးရာရုံးမှ အရာရှိငယ်လေးသည်လည်း ၎င်း၏ဘေး၌ပင် ထပ်တူထပ်မျှ လဲကျသွားရပြန်တော့သည်။
ယနေ့တွင် ယွီလုံ ဘုရားကျောင်း အတွင်း၌ မိမိတို့၏ ဇနီးမယားများ၊ ကိုယ်လုပ်တော်များနှင့် အမျိုးသမီး အိမ်သူ အိမ်သားများကို အဖော်ပြုကာ ဘုရားဖူးရင်း ကလေး ဆုတောင်းရန် ရောက်ရှိနေကြသော နန်းတွင်းအရာရှိ ကြီးငယ် အပေါင်းတို့သည် ၎င်းတို့၏ စိတ်အစုံထဲ၌ မိုးကြိုးပစ်ချလိုက်သည့်အလား ဟိန်းထွက်လာသော အသံကြီးတစ်သံကို အတိုင်းသား ကြားလိုက်ကြရတော့သည်။
[ကယ်ကြပါဦးဗျို]
[ဧကရာဇ်မင်းမြတ်ကို ကာကွယ်စောင့်ရှောက်ကြ]
*ဧကရာဇ်မင်းမြတ်ကို ကာကွယ်စောင့်ရှောက်ကြ ဟုတ်လား*
*ဧကရာဇ်မင်းမြတ်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ လုပ်ကြံရေးသမားတွေ ရောက်နေတာလား*
“ဧကရာဇ်ကို ကာကွယ်ကြ ဟုတ်လား၊ အခုစောစောက ပိုင်ကျီ အော်လိုက်တာ မဟုတ်လား၊ အရှင်မင်းမြတ်က ဘယ်နေရာမှာလဲ၊ သူ ဘယ်နားမှာ ရှိနေလဲဆိုတာကို အရင်ပြောရမှာလေ”
“ဒုက္ခပါပဲ... ဘာတွေ ဖြစ်ကုန်တာလဲ၊ တစ်ယောက်ယောက် ကယ်ကြပါဦး”
[သွားပြီ ... သွားပြီ ... သွားပြီ ... သွားပြီ ... သွားပြီဗျာ]
[ဧကရာဇ် မင်းမြတ်ရော၊ ဆရာကြီးကျိရော၊ နောက်ပြီး လျန်ဟန့်ပါ ... အကုန်လုံး တောင်နောက်ဘက်မှာကြီးပဲ၊ သူတို့က ဘာဖြစ်လို့ တောင်နောက်ဘက်ကို သွားနေကြတာလဲ]
*တောင်နောက်ဘက် ဟုတ်လား*
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်လုပ်”
“နေပါဦး၊ ငါ့ကိုလဲ စောင့်ကြဦးလေ၊ ငါက အသက်ကြီးပြီမို့လို့ မပြေးနိုင်တော့ဘူး”
အရာရှိ ကြီးငယ်တစ်စုမှာ ဆံပင်ကုတ်ကတ်ကာ ပျာပျာသလဲ တုန်လှုပ်ချောက်ချားကုန်ကြပြီး... ဘုရားကျောင်း အပြင်ဘက်ရှိ ကိုယ်ရံတော်တပ်ဖွဲ့များကို အမြန်ဆုံး လှမ်းခေါ်ခိုင်းရင်း တောင်နောက်ဘက်ဆီသို့ အသက်လုကာ ငရဲပန်းပွင့်မတတ် ပြေးကြတော့သည်။
*အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ လာနေပါပြီဘုရား၊ စိတ်တင်းထားပါဦး ဘုရား*
[အားးးးးးးးးးး ပိတ်ပစ်လိုက်၊ ပိတ်ပစ်လိုက်၊ အမြန် ပိတ်ပစ်လိုက်စမ်းပါ]
[စနစ်ရေ၊ ဒါကြီးကို ငါ့မျက်စိရှေ့ကနေ အမြန်ဆုံး ဖျောက်ပေးစမ်းပါ၊ ငါ ဒီလိုမျိုး ညစ်ညမ်း အော့နှလုံးနာစရာ ကိစ္စတွေကို လုံးဝ အမြင်မခံနိုင်ဘူးဟ]
[မင်းကို ပိတ်ပစ်လိုက်လို့ ပြောနေတယ်လေ ကြားရဲ့လား၊ စာသားသက်သက်ပဲ ဖြစ်နေရင်တောင်မှ ငါ လုံးဝ မသိချင်ဘူး၊ ဘယ်သူကများ အဲ့ဒီအဘိုးကြီးနှစ်ယောက်ရဲ့ ခေါင်းတွေ မော့လာသလား၊ မမော့လာဘူးလား ဆိုတာကို လိုက်ပြီး စိတ်ဝင်စားနေမှာလဲကွ၊ အဘိုးကြီးတွေ မဟုတ်ရင်တောင်မှ ... ငါ လုံးဝ အာရုံမလာဘူး]
ထိုစိတ်ထဲမှ အော်ဟစ်သံကြီးမှာ မိစ္ဆာတစ်ကောင်၏ ကျိန်စာသံကဲ့သို့ပင် ရင်ဘတ်တစ်ခုလုံးကို စုတ်ပြတ်သတ် သွားစေနိုင်ပြီး နားစည်ကို ကွဲမတတ် ညှဉ်းပန်းနှိပ်စက်နေတော့သည်။
သို့သော်လည်း ထိုအကြောင်းအရာကြီးကို အလင်းအမြန်နှုန်းဖြင့် အမြန်ဆုံး ပိတ်ပစ်ချင်နေသည့် ရှုရန်မြောင်ထက် ပို၍ စိတ်အားထက်သန်ပြီး အသည်းအသန် ဖြစ်နေကြသူများမှာမူ ကမူးရှူးထိုး ပြေးလွှားလာရသဖြင့် ဖရိုဖရဲ ဖြစ်နေကြသည့် သနားစရာ အရာရှိကြီးများပင် ဖြစ်ပေသည်။
သူတို့သည် ပြေးလွှားနေသည့် ခြေလှမ်းများကို တဖြည်းဖြည်းနှင့် တန့်လိုက်ကြသည်။
“ခေါင်း၊ ဘာခေါင်းတွေ မော့လာတာလဲ”
[အားးးးးးးးးးး၊ တင်စားချက်တွေနဲ့လဲ လာမဖော်ပြနဲ့တော့၊ ဘယ်သူက ကျောက်စိမ်းတုံး ကောက်နေတာလဲ၊ ဘယ်သူက ပြုတ်ထားတဲ့ ပုစွန်လို ကွေးနေတာလဲ ဆိုတာတွေကို ငါ လုံးဝ မသိချင်ဘူး]
“ပြုတ်ထားတဲ့ ပုစွန် ဟုတ်လား”
*မဖြစ်နိုင်တာ...*
“ဆေး... ဆေးမိနေကြတာလား”
အရာရှိတစ်ဦးကမူ ချက်ချင်းဆိုသလို လွှတ်ခနဲ ရေရွတ်လိုက်မိပြီးမှ ပါးစပ်ကို အမြန်ဆုံး ပြန်ပိတ်လိုက်တော့သည်။
ဒါဆိုရင် ဧကရာဇ်မင်းမြတ် လုပ်ကြံခံရတာ မဟုတ်ဘဲ တစ်ယောက်ယောက်က အဲ့ဒီလို ဆေးမျိုးတွေကို ရေနွေးအိုးထဲ သွားခတ်ထားမိတာပေါ့ ဟုတ်လား*
[မလုပ်နဲ့! မင်းတို့ရဲ့ လက်ချောင်းတွေနဲ့ အချင်းချင်း အရွယ်အစား လိုက်ပြီး နှိုင်းယှဉ်ပြနေတာကို ချက်ချင်းရပ်စမ်း၊ ငါ နည်းနည်းမှ စိတ်မဝင်စားဘူး၊ စိတ်မဝင်စားဘူးလို့ ပြောနေတယ်လေ၊ ကြားလား၊ စနစ်၊ အခုချက်ချင်း ဆင်ဆာဖြတ် ပစ်လိုက်တော့]
လူများစွာတို့သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကြရင်း သူတို့၏ နားနှစ်ဖက်ကို လက်ဝါးဖြင့် အသည်းအသန် ပိတ်ထားမိကြတော့သည်။
*မလုပ်ပါနဲ့၊ ငါတို့လဲ ဘယ်သူ့ဟာက ကျောက်စိမ်းတုံးလို ပိုပြီး မာကျောသလဲ ဆိုတာကို အတင်းအကျပ် လိုက်ပြီး မနှိုင်းယှဉ်ချင်ပါဘူး*
*ဒီနေ့မှ ဒီဘုရားကျောင်းကို လာမိတဲ့သူမှန်သမျှကတော့ ဘဝပျက်ပြီး နာမည်ပျက်စာရင်း သွင်းခံရဖို့ ကံပါလာ ကြတာပဲဗျာ*
*ကယ်ကြပါဦးဗျို့*
နန်းတွင်း အရာရှိကြီးများ၏ မျက်နှာထက်တွင်မူ လုံးဝ မျှော်လင့်ချက်မဲ့နေသည့် အသည်းကွဲ ဝေဒနာ အမူအရာ ကြီးများ အထင်အရှား ပေါ်လွင်နေတော့သည်။
အချို့သော အရာရှိများမှာမူ ဘေးနားရှိ ကျောက်ခဲကြီးများကို ကောက်ယူကာ မိမိတို့၏ နဖူးကို အရှိန်ဖြင့် ပြေးဆောင့်ပစ်လိုက်ကြပြီး သတိလစ်မေ့မြောမသွားခင် အချိန်လေးတွင်မှ လွတ်မြောက်ခြင်း အပြုံးကြီးများဖြင့် ပြုံးသွားကြရှာတော့သည်။
အချို့ကမူ မိမိကိုယ်ကိုယ် ထိုမျှအထိ ရက်စက်ရန် သတ္တိမရှိကြသဖြင့် မိမိတို့၏ ပါးကိုသာ အသည်းအသန် ပြန်ရိုက်နေမိကြတော့သည်။
“မင်းက ဘာလို့ ဒီနေ့မှ ကြည့်ပြီး ဒီနေရာကို လာရတာလဲ၊ ဘာဖြစ်လို့လဲကွ”
*မကြာခင်မှာ နှစ်သစ်ကူးတော့မှာလေ၊ မင်းက ဘာလို့ အိမ်မှာ အေးဆေးမနေဘဲ ပိုက်ဆံအကြွေလေး နည်းနည်း ပါးပါး ရှိတာကို လာကြွားပြီး အမွှေးတိုင် လာထွန်းရတာလဲ၊ ရုံးခန်းထဲမှာပဲ ကုတ်ကပ်ပြီး အလုပ်လုပ်နေလိုက်ရင် မပြီးဘူးလားကွ*
တစ်ချိန်တည်းမှာပင် အခြားသော အရာရှိကြီးအချို့မှာမူ မြေကြီးပေါ်တွင် ခြေပစ်လက်ပစ်ဖြင့် အရုပ်ကြိုးပြတ် ထိုင်နေကြရရှာသည်။ ၎င်းတို့မှာ လန့်ဖျန့်နေကြသော်လည်းရင်ထဲ၌ ယခုကဲ့သို့ မတွေးဘဲ မနေနိုင်ကြချေ။
“ဒါနဲ့”
“ရှုရန်မြောင် တစ်ယောက် စိတ်ထဲကနေ အသည်းအသန် အော်ဟစ်လေလေ သူ ပြောနေတဲ့ အတွေးသံရဲ့ အကွာအဝေးက ပိုပြီးတော့ ကျယ်ပြန့်လာလေလေလား မသိဘူးနော်”
...
တစ်ဖက်တွင်မူ ဧကရာဇ်မင်းမြတ်နှင့် ကျန်ရှိနေသည့် လူနှစ်ဦးမှာ ပိုမို၍ မျှော်လင့်ချက်မဲ့ကာ စိတ်ပျက် အားလျော့ နေကြသည်။
*မင်းက ဘာလို့ အဲ့လောက်အထိ အော်ဟစ်နေရတာလဲကွ*
*ငါတို့လဲ ဒီလိုမျိုး အရွယ်အစားချင်း အတင်းအကျပ် အနှိုင်းယှဉ်ခံနေရတဲ့ အခြေအနေကြီးကို ဘယ်လိုမှ မလိုချင်ပါဘူး*
*ချက်ထားတဲ့ ရေနွေးအိုးထဲက လက်ဖက်ရည်ကိုပဲ အတူတူ သောက်ခဲ့ကြတာကို ဘာဖြစ်လို့ ရှုရန်မြောင် တစ်ယောက်တည်း ဘာမှမဖြစ်ဘဲ လန်းဆန်းနေရတာလဲ*
*ဪ ဟုတ်သားပဲ၊ သူ လက်ဖက်ရည်ကို လုံးဝမှ မသောက်တာပဲဟာ*
ဧကရာဇ်မင်းမြတ်ခမျာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးစေးများဖြင့် ရွှဲနစ်နေခဲ့ပြီး အခုချက်ချင်း သတိလစ် မေ့မြောသွားချင်စိတ် ပေါက်နေတော့သည်။
ငါက အသက် ၆၃ နှစ်တောင် ရှိနေပြီကွ၊ ဘယ်လို အသိဉာဏ်မရှိတဲ့ ကောင်ကများ အိုမင်းနေတဲ့ သက်ကြီးရွယ်အို တစ်ယောက်ကို စိတ်ကြွဆေး လာကျွေးရတာလဲ၊ တကယ်လို့ ဆေးရှိန်လွန်ပြီး ငါ သေသွားရင် ဘယ်လိုလုပ်မလဲကွ*
ထိုစဉ် ရှုရန်မြောင်သည် ၎င်းတို့အနားသို့ ခြေဖွဖွလေး တိုးကပ်လာခဲ့ပြီး ရင်တမမဖြင့် စိုးရိမ်တကြီး လှမ်းမေး လိုက်လေသည်။
“ခင်ဗျားတို့ အားလုံးပဲ အဆင်ပြေကြရဲ့လား?”
[ငါတို့ ဘာဆက်လုပ်ကြမလဲ]
[ဒါကြီးက ဘုရားကျောင်းကြီးလေ၊ ဆေးရှိန်ပြယ်သွားအောင် လုပ်ပေးဖို့ တစ်ယောက်ယောက်ကို ဘယ်လို သွားရှာ ပေးရမလဲ]
[ဧကရာဇ်အိုက အသက် ၆၃ နှစ်တောင် ရှိနေပြီလေ! အခုလိုမျိုး ဆေးရှိန်ကို အကြာကြီး အောင့်အီး သည်းခံ ထားတာက တကယ်ကော ဘေးကင်းရဲ့လား၊ အဆင်မပြေဖြစ်ပြီး နေရခက်နေမှာလား၊ ဆေးရှိန်တက်ပြီး အသက်ရှူ ကျပ်ပြီး တကယ်ကြီး သေသွားနိုင်မလားမသိဘူး]
[လျန်ဟန့်ကလည်း ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာလေ၊ ဒါက သူ့ကို ပျက်စီးသွားစေရင် ဘယ်လိုလုပ်မလဲ၊ သူက အိမ်ထောင်ကျတာ မကြာသေးဘူး၊ ကလေးတောင် တစ်ယောက်မှ မရသေးဘူးလေ]
[ပြီးတော့ ဆရာကြီးကျိ ကလည်း အသက် ၄၆ နှစ်ရှိပြီ၊ သူက သူ့ဇနီးသည် တစ်ယောက်တည်း အပေါ်မှာပဲ နှစ်ပေါင်း များစွာ မြတ်နိုးပြီး တစ်လင်တစ်မယားစနစ်ကို သစ္စာရှိရှိ အလေးအနက် ထိန်းသိမ်းလာခဲ့တာ၊ အခုကျမှပဲ ဒီလိုမျိုး ညစ်ပတ် စုတ်ပဲ့တဲ့ အကွက်ကြီးနဲ့ ဘဝနိဂုံးချုပ်ရတော့မှာလား]
ထိုစဉ် မိမိ၏ ဝတ်ရုံစကို မပြေကျသွားစေရန်အတွက် အသည်းအသန် လုံးပန်းကာ ထိန်းသိမ်းနေရသော လျန်ဟန့်ခမျာ လူအများရှေ့မှောက်တွင် အဝတ်အစားဗလာဖြင့် သိက္ခာကျစရာ ပွဲကြမ်းကြီး ဖြစ်သွားမည်ကို လုံးဝ မလိုလားပေ။ ရှုရန်မြောင်၏ အတွေးသံကြီးကို အတိုင်းသား ကြားလိုက်ရသည့်အခါတွင်မူ သူ၏ မျက်လုံးအစုံမှာ အရှက်နှင့် ဒေါသတို့ကြောင့် ချက်ချင်းဆိုသလို ရဲရဲနီသွားရတော့သည်။
*ရှုလန်၊ မင်းကလဲ ဒီလို အရေးကြီးတဲ့ အချိန်မျိုးကျမှ ငါ့အကြောင်းကို ဘာလို့ လာထည့်ပြောနေရတာလဲကွ၊ ဧကရာဇ် မင်းမြတ်နဲ့ ဆရာကြီးကျိတို့ အတွက်ပဲ စိတ်ပူပေးစမ်းပါ၊ ငါက ရာထူးအသေးအဖွဲလေးပဲမို့လို့ မင်းရဲ့ စိုးရိမ်မှုကို ခံယူဖို့ မထိုက်တန်ပါဘူးကွ၊ ပြီးတော့...*
*အခုအချိန်မှာ ဘုရားကျောင်းထဲမှာ ရောက်နေပြီး မင်းရဲ့ အတွေးကို အကုန် ကြားနေရတဲ့ တခြား နန်းတွင်း အရာရှိ တွေကလဲ အများကြီးပဲကွ၊ အီးဟီးဟီး*
*ငါက ငယ်ငယ်လေး ရှိသေးတယ်၊ ငါ အခုလိုမျိုး လူအများကြီးရဲ့ ရှေ့မှောက်မှာတင် အရှက်ကွဲပြီး ဘဝ အဆုံး မသတ်ချင်ဘူး၊ အီးဟီးဟီး*
ဧကရာဇ်မင်းမြတ်နှင့် ကျိဆွေ့: “…”
*ငါတို့ရော ဒီလို ဖြစ်ချင်တယ်လို့ ထင်လားကွ*
ရှုရန်မြောင်က ဆက်လက် ပူပန်နေဆဲ ဖြစ်ပေသည်။
[သူတို့မျက်နှာတွေက ဘာလို့ ဒီလောက်အထိ နီရဲလာရတာလဲ၊ သွားပြီ၊ ဒါက ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ပျံ့နှံ့ပြီး အဆုတ်အထိ ရောက်သွားတဲ့ လက္ခဏာမျိုးများလား မသိဘူး]
ဧကရာဇ် မင်းမြတ်ခမျာ ဆေးရှိန်ကြောင့် အသက်ကို မနည်းလုရှူနေရသည့်ကြားကနေ လည်ချောင်းသံကြီးဖြင့် ငေါက်လိုက်တော့သည်။
“ပါးစပ် ... ပါးစပ်ပိတ်စမ်း”
*ငါ့မှာလဲ ငါ့သိက္ခာ ရှိသေးတယ်ကွ*
ရှုရန်မြောင်လည်း လန့်ဖျန့်သွားပြီး ချက်ချင်းဆိုသလို သူ၏ ပါးစပ်ကို လက်ဝါးဖြင့် အမြန်ပိတ်လိုက်တော့သည်။
သို့သော် ဧကရာဇ်မင်းမြတ်သည် မိမိ၏ မှားယွင်းမှုကို ချက်ချင်း တွေးမိသွားသည်။ လူတစ်ယောက်၏ နှုတ်ကိုပဲ တိတ်အောင် လုပ်လို့ ရသော်လည်း စိတ်ထဲက အတွေးကိုတော့ ဘယ်လိုမှ တားဆီးလို့ မရနိုင်ချေ။ ဆိုလိုသည်မှာ …
[ဒုက္ခပါပဲ၊ ဆေးရှိန်ပြယ်အောင် ကူညီပေးမယ့်သူကို ဘယ်နေရာမှာ သွားရှာရပါ့မလဲ]
[ပြီးတော့ ဒီနေရာက တောင်နောက်ဘက်ကြီးလေ၊ သူတို့ကို ဘုရားကျောင်းက တရားထိုင်တဲ့ အခန်းဆီအထိ ရွှေ့ဖို့လဲ အချိန် မမီတော့ဘူး၊ ဒါဆိုရင် သူတို့က အခု ဒီတောင်ပေါ်မှာတင် အပြင်အဆင်မရှိ အမိုးအကာမရှိဘဲ လုပ်ငန်းစ ကြတော့မှာလား]
[တိုင်းပြည်ရဲ့ အရှင်သခင် ဧကရာဇ်တစ်ပါးရယ်၊ နန်းတွင်း ပညာရှိကြီး တစ်ဦးရယ်၊ စစ်မက်ရေးရာရုံးက အရာရှိ တစ်ဦးရယ်၊ အားလုံးပေါင်းပြီး ဒီလို မွန်မြတ်လှတဲ့ ဘုရားကျောင်းကြီးထဲမှာ အဲ့လို ကိစ္စကြီးကို ဆင်နွှဲကြမယ် ဆိုတာ တကယ်ကြီး ဖြစ်သင့်လို့လား]
[ငါ သူတို့အတွက် အကာအကွယ်ဖြစ်အောင် ကာရန်ဖို့ ခန်းဆီးတွေ၊ ဘာတွေ သွားရှာပြီး ပြင်ဆင်ပေးထားရမလား၊ အချင်းချင်း မျက်နှာချင်း တည့်တည့်ကြီး မြင်နေရရင် တကယ့်ကို အနေခက်စရာကြီး ဖြစ်နေမှာ]
ကျိဆွေ့၏ မျက်နှာကြီးမှာ ဝေဒနာကြောင့် ရှုံ့မဲ့သွားရပြီး လုံးဝ မျှော်လင့်ချက်မဲ့စွာဖြင့် မျက်ဝန်းအစုံကို တင်းတင်း ကြပ်ကြပ် မှိတ်ချလိုက်မိတော့သည်။
*ခွင့်တိုင်စာ တင်ရမယ်၊ ငါ အခုချက်ချင်း ခွင့်ယူမှဖြစ်တော့မယ်၊ ဒီနှစ်သစ်ကူးကာလ ကုန်ဆုံးသွားတဲ့အထိ ဘယ်သူ့ကိုမှ ငါ မျက်နှာ ထွက်မပြတော့ဘူး*
စာစဉ် ၃ ပြီးပါပြီ။