← Chapters

အခန်း (၂၀၃၁-၂၀၃၂)

Vol. 204 Ch. 2031-2032

အခန်း (၂၀၃၁-၂၀၃၂)

Vol. 204 Ch. 2031-2032

အခန်း (၂၀၃၁) ရွေးချယ်စရာ လမ်းနှစ်သွယ်

ပေလွှာ၏ အလင်းရောင်ခြည်များမှာမူ တစ်စတစ်စဖြင့် ပိုမို၍ စူးရှတောက်ပလာခဲ့ပြီ။

အတွင်းကမ္ဘာနယ်မြေသည်လည်း တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပုံရပြီး… အနည်းငယ်မျှ တုန်ခါလှုပ်ရှားလာခဲ့သည်။

ကောင်းကင်နိမိတ်မြစ်ကြီး၏ ရေပြင်ထက်၌လည်း အဆက်မပြတ်ဘဲ ရေလှိုင်းဂယက်များ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ရချေပြီ။

ချီယန်သူတော်စင်သည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် အခါတွင်မူ… ဦးနှောက်အတွင်း၌ ရုတ်တရက် တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပုံရပြီး၊ မျက်ဝန်းအိမ်ထဲ၌ မျှော်လင့်တောင့်တလှသည့် အရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားခဲ့ရတော့သည်။

တကယ်လို့ ပိုမို၍ သန်မာထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေတစ်ခုက ဤနေရာဆီသို့ တဖြည်းဖြည်း နီးကပ်စွာဖြင့် ခရီးနှင်လာခဲ့မည်ဆိုလျှင်မူ… မိမိ၏ အတွင်းကမ္ဘာနယ်မြေက တစ်စုံတစ်ရာသော ကြိုတင်သတိပေးချက်မျိုးကို ထုတ်လွှတ်တတ်စမြဲ ဖြစ်ပေသည်။

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် လှုပ်ရှားမှု အရပ်ရပ် အားလုံးမှာမူ… အတွင်းကမ္ဘာနယ်မြေက ကြိုတင်၍ ဘေးအန္တရာယ်ကို သတိပေးနေသည့် လက္ခဏာမျိုးနှင့် တကယ့်ကိုပဲ တူညီလွန်းလှပေသည်။

သို့သော်လည်း သူ ကောင်းကောင်းကြီး သိရှိနေသည်ကတော့… မိမိ၏ အရှေ့တွင် ရှိနေသည့် ဖန့်ငရဲမင်းကြီးသည် ဤအချက်ကို ဘယ်လိုနည်းနဲ့မှ ခန့်မှန်းသိရှိနိုင်ဦးမှာ မဟုတ်ပါချေ။

သူသည် စကားတစ်ခွန်းမျှ ဝင်ရောက်သတိပေးခြင်း မရှိပါချေ၊ ရင်ထဲ၌ အနည်းငယ်မျှ ရင်ခုန်လှုပ်ရှားစွာဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေမိရုံသက်သက်သာ ဖြစ်သည်။

ပေလွှာထက်သို့ စီးဆင်းဝင်ရောက်သွားသည့် အတွင်းကမ္ဘာနယ်မြေ၏ စွမ်းအားများမှာမူ… တစ်စတစ်စဖြင့် ပိုမို၍ များပြားလာခဲ့ရချေပြီ။

၎င်းသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် ပုံစံမျိုးဖြင့်… အတွင်းကမ္ဘာနယ်မြေ၏ ပြင်ပဆီသို့ တိုက်ရိုက် လွင့်စင်ပျံသန်းသွားခဲ့ရပြီး၊ နောက်ဆုံးတွင်မူ ထည်ဝါကြီးကျယ်လှသော မဟာတံခါးကြီး၏ အရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်မိတော့သည်။

မှုံမှိုင်းအုံ့ဆိုင်းနေသည့် ဟင်းလင်းပြင် လေဟာနယ်ကြီး အတွင်း၌မူ… မရေမတွက်နိုင်အောင် များပြားလှသည့် အတိုင်းအဆများအရ ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေထက် ဘယ်လောက်အထိ ကြီးမားထည်ဝါနေမှန်း မသိရသည့် မဟာတံခါးကြီးတစ်ခု ဖြည်းညှင်းစွာဖြင့် အသွင်ပြောင်းလဲ ထွက်ပေါ်လာခဲ့ရချေပြီ။

ထိုအရာက တကယ့်ကိုပဲ ကမ္ဘာဦးလောကဓာတ်ကြီးတစ်ခုနှင့် တူညီလွန်းလှပေသည်။

ဤကြီးမားထည်ဝါလှသော မဟာတံခါးကြီး၏ အရှေ့တွင်မူ… ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေက အလွန်တရာ သေးငယ်လွန်းလှသည့် ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ပင် ဖြစ်ပေသည်။

နောက်ထပ် မျက်စိတစ်မှိတ်အတွင်း၌ပင်… ဖြူစင်ဝင်းပလှသော အဝတ်အစားများကို ဆင်ယင်ထိုင်ထားသည့်၊ အလွန်တရာ နှိုင်းယှဉ်ရခက်လောက်အောင် ချောမောခန့်ညားလှသော လူငယ်တစ်ဦးက… ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်း ဝင်ရောက်လာခဲ့တော့သည်။

သူ ထွက်ပေါ်လာခဲ့ပြီးသည့် နောက်တွင်မူ… အတွင်းကမ္ဘာနယ်မြေထဲတွင် ဖြစ်ပေါ်နေသည့် ဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ အားလုံးမှာ ချက်ချင်းပင် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ရချေပြီ။

ကောင်းကင်နိမိတ်မြစ်ကြီးသည်လည်း ထပ်မံ၍ လှိုင်းတံပိုးများ ပေါ်ထွက်လာခြင်း မရှိတော့ပါချေ။

ဖြစ်နိုင်သည်ကတော့… အရာရာတိုင်းမှာ သူ၏ ထွက်ပေါ်လာမှုကြောင့်၊ အလွန်တရာ ငြိမ်သက်အေးချမ်းသွားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ချီယန်သူတော်စင်သည် မိမိ၏ အရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်ကို ကြည့်၍ မှင်တက်မိနေခဲ့ရပြီး… ၎င်း၏ နောက်ကွယ်တွင် ရှိနေသည့် အတွင်းကမ္ဘာနယ်မြေကိုလည်း မနေနိုင်ဘဲ လှမ်း၍ ကြည့်ရှုလိုက်မိရာ၊ ရင်ထဲ၌ ချက်ချင်းပင် အတိုင်းအတာမရှိ လန့်ဖျပ်သွားခဲ့ရမိတော့သည်။

သူသည် စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ရာ… မိမိကိုယ်မိမိ အင်အားကြီး တန်ခိုးရှင် အမြောက်အမြားကို မြင်တွေ့ခဲ့ဖူးသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းတို့ထဲတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်များမှာမူ… လက်ရှိ မီးနတ်ဘုရားမျိုးနွယ်စု ၏ နယ်မြေအရှင်သခင်ကြီး သို့မဟုတ် ချင်ဝူဆန့် သာ ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ ကမ္ဘာကြီးသူတော်စင်အဆင့်အတန်းများ ဖြစ်ကြပြီး… သူသည်လည်း ထိုပုဂ္ဂိုလ်နှစ်ဦး၏ အတွင်းကမ္ဘာနယ်မြေထဲသို့ သွားရောက်လည်ပတ်ဖူးသဖြင့်၊ ၎င်းတို့၏ ကမ္ဘာကြီးအတွင်းကမ္ဘာနယ်မြေများက ဘယ်လောက်အထိ ကြီးမားထည်ဝါပြီး ခန့်ညားလှသည်ကို ကောင်းကောင်းကြီး မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။

သို့သော်လည်း လက်ရှိအချိန်တွင် မိမိ၏ အရှေ့တွင် ရှိနေသည့် အတွင်းကမ္ဘာနယ်မြေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်မူ… ထိုတန်ခိုးရှင်နှစ်ဦး၏ အတွင်းကမ္ဘာနယ်မြေများက တကယ့်ကိုပဲ စုတ်ပြတ်သတ်နေသည့် ကောက်ရိုးတဲငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး၊ မိမိ၏ အရှေ့တွင် ရှိနေသည့် အတွင်းကမ္ဘာနယ်မြေကမှသာ တကယ့်ကိုပဲ ရွှေရောင်ဝင်းပနေသည့် နတ်ဘုရားနန်းတော်ကြီး ဖြစ်ပေသည်။

"စီ... စီနီယာ……"

ချီယန်သူတော်စင်က မနေနိုင်ဘဲ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ဦးညွှတ်၍ အရိုအသေပြုလိုက်မိတော့သည်။

အဖြူရောင်အဝတ်အစားများနှင့် လူငယ်ကမူ ချီယန်သူတော်စင်ထံသို့ တစ်ချက်မျှ လှည့်ကြည့်ခြင်း မရှိပါချေ၊ သူသည် ဖန့်ချန်ကိုသာ သေချာစွာ စိုက်ကြည့်လိုက်မိရင်း… ဆန်းကြယ်လှသော နတ်ဘုရားအလင်းရောင်ခြည်များ လည်ပတ်လှုပ်ရှားနေသည့် မျက်ဝန်းအိမ်ထဲ၌မူ၊ လက်ရှိ ဖန့်ချန်၏ ပုံသဏ္ဌာန်နှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားလှသည့် ခန္ဓာကိုယ်အသွင်သဏ္ဌာန်တစ်ခု ထင်ဟပ်ပေါ်ထွက်လာခဲ့ရချေပြီ။

သူ၏ မျက်ဝန်းအိမ်ထဲ၌မူ… ဖန့်ချန်၏ ခန္ဓာကိုယ်ထက်တွင် ကျူလုံများက စနစ်တကျ ရစ်ပတ်စောင့်ကြပ်နေကြခြင်း ဖြစ်ပေသည်။

မျက်ဝန်းအစုံမှာလည်း ထပ်မံ၍ မှုန်မှိုင်းအုံ့ဆိုင်းနေခြင်း မရှိတော့ပါချေ၊ ထိုအစား နေမင်းတစ်စင်းနှင့် လမင်းတစ်စင်း ကဲ့သို့ ပြောင်းလဲသွားခဲ့ရပြီး… တကယ့်ကိုပဲ ငရဲဘုံလောကကြီး ကို တိုက်ရိုက် ထိုးဖောက်ကြည့်ရှုနိုင်သည့် အစွမ်းသတ္တိများ ပြည့်နှက်နေမိရသည်။

"မင်းက... လက်ရှိ ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင်လား"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က နှုတ်ခမ်းကို ဖွင့်ဟ၍ စကားဆိုလိုက်သည်။

သူ၏ စကားသံကမူ… နွေဦးရာသီတွင် တိုက်ခတ်လာသည့် နွေးထွေးလှသော လေပြေလေညင်း ကဲ့သို့ပင် ဖြစ်ပေသည်။

"ဂျူနီယာ ပါပဲ"

ဖန့်ချန်က ခါးကို အသာအယာ ညွှတ်လိုက်ပြီး အရိုအသေပြုလိုက်မိရင်း… မျက်နှာပြင်ထက်၌ မည်သည့် လှိုင်းတံပိုးမျှ ပေါ်ထွက်လာခြင်း မရှိသော်လည်း၊ ရင်ထဲ၌မူ တိတ်တဆိတ် အံ့အားသင့် ခြောက်ခြားသွားခဲ့ရမိတော့သည်။

မိမိ၏ အရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်၏ ကျင့်စဉ်အဆင့်အတန်းကမူ… ချင်ဝူဆန့်ထက်ပင် ဘယ်လောက်အထိ အဆပေါင်းများစွာ သာလွန်မြင့်မားနေမှန်း မသိရပါချေ။

ဘာဖြစ်လို့ အဘိုးဖြစ်သူတို့ လူအုပ်စုက ဤကဲ့သို့သော နောက်ကွယ်က ဖဲချပ်လျှို့ဝှက်ချက်ကို… လွန်ခဲ့သည့် အချိန်တုန်းက ဘယ်လိုနည်းနဲ့မှ ထုတ်ဖော်အသုံးမပြုခဲ့ဘဲ၊ ယနေ့လိုမျိုး အချိန်ကျမှသာ ထပ်မံ၍ အသက်သွင်းခိုင်းရခြင်း ဖြစ်သနည်း။

"ငါက မင်းတို့ရဲ့ ရှန်းဟုန်မျိုးနွယ်စုတွေနဲ့ တစ်စုံတစ်ရာသော ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ဖူးပါတယ်၊ ဒါပေမဲ့ မမျှော်လင့်ဘဲ… ဒီလောက်အထိ ရှည်လျားလှတဲ့ အချိန်ကာလတွေ ကုန်ဆုံးသွားခဲ့ပြီးတဲ့ အခါကျမှသာ၊ ငါ ပေးအပ်ခဲ့ဖူးတဲ့ ဒီပေလွှာကို... ပြန်လည်ပြီးတော့ အသက်သွင်းနိုင်တဲ့ အရည်အချင်းမျိုး ရှိတဲ့သူတစ်ယောက် ထွက်ပေါ်လာခဲ့ရတယ်"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က လက်ကို အသာအယာ ဆန့်ထုတ်လိုက်မိရာ… အထက်ကောင်းကင်ယံထက်တွင် ရှိနေသည့် ပေလွှာက ချက်ချင်းပင် သူ၏ လက်ဖဝါးပြင်ထက်ဆီသို့ တိုက်ရိုက် ကျရောက်လာခဲ့ရပြီး၊ ထပ်မံ၍ မည်သည့် နတ်ဘုရား အလင်းရောင်ခြည်မျှ ဖိတ်စင်ထွက်ပေါ်လာခြင်း မရှိတော့ပါချေ၊ ထိုအစား သာမန်ကာလျှံကာ ပုဂ္ဂိုလ်များ မြင်တွေ့နေကျ ဖြစ်သည့် ပေလွှာသက်သက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသဖြင့် မည်သည့် ထူးခြားဆန်းပြားမှုကိုမှ မြင်တွေ့ရခြင်း မရှိတော့ပါချေ။

သူ ပေးအပ်ခဲ့ဖူးသည့် ပေလွှာ ဟုတ်လား……

ဖန့်ချန်၏ ရင်ထဲ၌ ရုတ်တရက် အနည်းငယ်မျှ လှုပ်ရှားသွားခဲ့ရပြီး… ချီယန်သူတော်စင်ကလည်း မျက်နှာပြင်ထက်၌ အတိုင်းအတာမရှိ အံ့အားသင့် တုန်လှုပ်သွားခဲ့ရသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်ပေါ်ထွက်လာခဲ့ရချေပြီ။

သူသည် ယခင်က ဤပေလွှာကို ရှန်းဟုန်မျိုးနွယ်စု၏ အရှင်သခင်ကြီးက ချန်ထားခဲ့ဖူးခြင်း ဖြစ်ပေလိမ့်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သော်လည်း… မမျှော်လင့်ဘဲ မိမိ၏ အရှေ့တွင် ရှိနေသည့် အင်အားကြီး တန်ခိုးရှင်က ချန်ထားခဲ့ဖူးသည့် အရာတစ်ခု ဖြစ်နေလိမ့်မည်ဟု ဘယ်လိုနည်းနဲ့မှ တွေးတောမိခြင်း မရှိခဲ့ပါချေ။

"မင်းရဲ့ ရင်ထဲမှာတော့ သေချာပေါက် ဆန်းကြယ်ပြီး သံသယ ဖြစ်နေမိမှာပဲ၊ ဒါပေမဲ့ ဒါကလည်း သဘာဝကျပါတယ်"

"ရှန်းဟုန်မျိုးနွယ်စုအတွင်းမှာတော့…… နှစ်ပေါင်းများစွာသော ကာလပတ်လုံး ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာနယ်မြေ ကို ပိုင်ဆိုင်နိုင်တဲ့သူ တစ်ယောက်မှ ထွက်ပေါ်လာခဲ့ဖူးခြင်း မရှိဘူး။ တကယ်လို့ ငါ့ရဲ့ ဒီပေလွှာကို ပြန်လည်ပြီးတော့ အသက်သွင်းချင်တယ်ဆိုရင်တော့… ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာနယ်မြေ ရှိနေရမယ်ဆိုတာက အခြေခံ အကျဆုံး သတ်မှတ်ချက်တစ်ခုပဲ "

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်မိရင်း ကောင်းကင်နိမိတ်မြစ်ကြီး၏ အရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး… လက်ကို အသာအယာ မြှောက်လိုက်မိရာ၊ ကောင်းကင်နိမိတ်မြစ်ကြီး အတွင်းရှိ ဝမ်ချွမ်းမြစ်ရေများနှင့်မသေမျိုးသန့်စင်မြစ်ရေများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် သီးသန့်စီ ကွဲပြားခြားနားသွားခဲ့ရပြီး… ကြီးမားထည်ဝါလှသော မြစ်ကြီးနှစ်စင်း အဖြစ်သို့ ပြောင်းလဲကာ လေဟာနယ်ထက်၌ ငြိမ်သက်စွာဖြင့် လွင့်မျောနေခဲ့ရချေပြီ။

ချီယန်သူတော်စင်သည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် အခါတွင်မူ… ရင်ထဲ၌ အဆက်မပြတ်ဘဲ အတိုင်းအတာမရှိ လန့်ဖျပ် ခြောက်ခြားသွားခဲ့ရမိတော့သည်။

သူသည် တစ်ကြိမ်တစ်ခါမျှ မတွေးတောမိဖူးသည်ကတော့… တစ်စုံတစ်ဦးက တခြားသူ၏ အတွင်းကမ္ဘာနယ်မြေအတွင်းရှိ ကောင်းကင်နိမိတ် စွမ်းအားများကို ဤမျှလောက် လွယ်လွယ်ကူကူဖြင့် စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်လိမ့်မည်ဟု ဖြစ်ပေသည်။

ဤအရာက မူလကတည်းကပင် ထိုနေရာ၏ အနှစ်သာရ အနှစ်ချုပ်ကြီး ဖြစ်သင့်သည် မဟုတ်ပါချေ၊ သို့သော်လည်း လက်ရှိအချိန်တွင် ပြင်ပပုဂ္ဂိုလ်တစ်ဦး၏ လက်ထက်၌မူ အလွန်တရာ လိမ္မာသိမ်မွေ့စွာဖြင့် နာခံနေခဲ့ကြရသဖြင့်… ဤပုဂ္ဂိုလ်၏ တန်ခိုးစွမ်းအား ကျင့်စဉ်အဆင့်အတန်းက ဘယ်လောက်အထိ နက်နဲဆန်းကြယ်ပြီး အတိုင်းအဆမရှိ မြင့်မားနေလိမ့်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှပေသည်။

"ဒါပေမဲ့…… ဘယ်လောက်ပဲ သန်မာနေပါစေဦး၊ ဘယ်လိုနည်းနဲ့မှ ဟော်ဆွေ့ဘိုးဘေးကြီးရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပါဘူး။ မဟုတ်ရင်... ရှန်းဟုန်မျိုးနွယ်စုတွေမှာ ဒီလောက်အထိ အင်အားကြီးမားလှတဲ့ နောက်ကွယ်က ဖဲချပ်လျှို့ဝှက်ချက် ရှိနေတာကို ဒီလောက်အထိ များပြားလှတဲ့ နှစ်ပေါင်းများစွာ ကာလပတ်လုံး လှည့်လည်ပြီးတော့ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးပုန်းရှောင်နေကြမှာ မဟုတ်ဘူး……"

"ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာနယ်မြေကမှသာ ပေလွှာကို အသက်သွင်းနိုင်တယ်ဆိုတာက… ဆင်ခြေဆင်လက် သက်သက်ပဲ ဖြစ်ရမယ်။ တကယ်လို့ ဒီပုဂ္ဂိုလ်ကသာ ရှန်းဟုန်မျိုးနွယ်စုတွေကို အမှန်တကယ် ကူညီစောင့်ရှောက်ပေးချင်တယ်ဆိုရင်တော့… စောစောစီးစီးကတည်းက လက်ဦးမှုရယူပြီး ကူညီပေးခဲ့မှာ အမှန်ပဲ၊ သူက... ရှန်းဟုန်မျိုးနွယ်စုတွေအတွင်းမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အခြေအနေ အရပ်ရပ် အားလုံးကို မသိဘဲ နေမှာ မဟုတ်ဘူး"

ဤအကြောင်းအရာကို တွေးတောမိလိုက်သည့် အခါတွင်မူ… ချီယန်သူတော်စင်၏ ရင်ထဲ၌ ရှိနေသည့် ကြောက်ရွံ့ရိုသေမိသည့် စိတ်ခံစားချက်များမှာ ချက်ချင်းပင် တဖြည်းဖြည်းနှင့် မှေးမှိန်အားနည်းသွားခဲ့ရချေပြီ။

"ဝမ်ချွမ်းမြစ်ရေတွေနဲ့ ဘိုးဘေးမြစ်ရေ တွေက… ဒီလိုမျိုး လုံးဝ ပတ်သက်ဆက်နွှယ်မှု မရှိဘဲ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အရာနှစ်ခုကို မင်းရဲ့ ကောင်းကင်နိမိတ် စွမ်းအားတွေအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်ဆိုတာက၊ မင်းမှာလည်း... တစ်စုံတစ်ရာအစွမ်းအစနဲ့ အရည်အချင်းမျိုး ရှိနေတယ်ဆိုတာကို သက်သေပြနေတာပဲ။ ဒီလောက်အထိ များပြားလှတဲ့ ရှန်းဟုန်မျိုးနွယ်စုရဲ့ အရှင်သခင် အဆက်ဆက်ထဲမှာ…… မင်းရဲ့ ပါရမီက အမြင့်မားဆုံးပဲ ဖြစ်မယ်"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က စကားဆိုလိုက်ပြီးနောက်၊ လက်ကို အသာအယာ အောက်သို့ ဖိနှိပ်လိုက်မိရာ… လေဟာနယ်ထက်တွင် ရှိနေသည့် ကောင်းကင်နိမိတ်မြစ်ကြီးနှစ်စင်းမှာ ချက်ချင်းပင် အောက်သို့ ကျရောက်သွားခဲ့ရပြီး၊ မြစ်ချောင်းများအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကာ… ပြင်းထန်လှသည့် လှိုင်းတံပိုးကြီးများကို ဖြစ်ပေါ်စေလိုက်တော့သည်။

၎င်း၏ အတွင်းထဲ၌ တိုက်ရိုက် ပိတ်လှောင်ခြင်း ခံထားရသည့် သူတော်စင်တစ်ပိုင်း သာမက၊ လော့ရွှယ်သူတော်စင် တို့ လူအုပ်စုမှာလည်း… ချက်ချင်းပင် ရင်ထဲ၌ အတိုင်းအတာမရှိ မူးဝေနောက်ကျိသွားခဲ့ရပြီး၊ ပြင်ပပတ်ဝန်းကျင်တွင် ဘယ်လိုမျိုး အခြေအနေမျိုး ဖြစ်ပျက်သွားခဲ့သည်ကို ဘယ်လိုနည်းနဲ့မှ မသိရှိနိုင်ကြပါချေ။

"ငါက လွန်ခဲ့တဲ့ အချိန်တုန်းက... မင်းတို့ရဲ့ ရှန်းဟုန်မျိုးနွယ်စုတွေကို ကတိတစ်ခု ပေးခဲ့ဖူးပါတယ်၊ တကယ်လို့ မင်းတို့တွေထဲက တစ်စုံတစ်ဦးက... ဒီပေလွှာကို ပြန်လည်ပြီးတော့ အသက်သွင်းနိုင်ခဲ့မယ်ဆိုရင်တော့၊ ငါက... ဒီပေလွှာကို အသက်သွင်းနိုင်ခဲ့တဲ့သူအတွက် နောက်ကွယ်က လမ်းကြောင်းတစ်ခုကို စနစ်တကျ ပြင်ဆင်ပေးမယ်လို့"

"ဒါပေမဲ့ ငါက မင်းရဲ့ သဘောထားနဲ့ အတွေးအမြင်ကိုပါ မေးမြန်းရဦးမှာပဲ၊ ဖြစ်နိုင်တာကတော့... မင်းက ငါ့ကို တစ်စုံတစ်ရာစည်းကမ်းချက်တွေ ညှိနှိုင်းဆွေးနွေးလို့ ရနိုင်တာပဲ။ ငါ့ကို... မင်းအတွက် နောက်ကွယ်က လမ်းကြောင်းတစ်ခု ပြင်ဆင်ခိုင်းမှာလား၊ ဒါမှမဟုတ် တခြား အကျိုးကျေးဇူးတွေကိုပဲ ရယူချင်တာလား"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က ဖန့်ချန်ထံသို့ အကြည့်ကို ပို့လွှတ်လိုက်မိရင်း၊ အသာအယာ ပြုံးလျက် စကားဆိုလိုက်ရင်း -

"ဥပမာအားဖြင့် ပြောရမယ်ဆိုရင်တော့…… ငါက မင်းကို မျက်စိတစ်မှိတ်အတွင်းမှာတင် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီကို တိုက်ရိုက် တက်လှမ်းအောင်မြင်သွားအောင် ကူညီပေးနိုင်တယ်၊ သူတော်စင်ဖြစ်လာတဲ့ အဆင့်အတန်း အထောက်အထားမျိုး ရှိနေပြီဆိုရင်တော့… ဟင်းလင်းပြင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ကြီးဆီကို ရောက်ရှိသွားခဲ့ရင်တောင်မှ၊ ဘယ်လိုနည်းနဲ့မှ ကျွန်စစ်သည်တော်တစ်ဦးအဖြစ် ရောက်ရှိသွားမှာ မဟုတ်တော့ဘူး"

မျက်စိတစ်မှိတ်အတွင်းမှာတင် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီသို့ တိုက်ရိုက် တက်လှမ်းအောင်မြင်သွားအောင် ကူညီပေးနိုင်တယ် ဟုတ်လား……။

ချီယန်သူတော်စင်က ဘေးကနေ ကြည့်၍ အနည်းငယ်မျှ မှင်တက်မိသွားခဲ့ရပြီး… ဤလောကကြီးထဲတွင် ဤကဲ့သို့သော အစွမ်းသတ္တိများနှင့် နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားသည့်သူ တကယ်ပဲ ရှိနေသေးတာ အမှန်ပဲလား။

"ငါ ပြောတဲ့ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီကို တက်လှမ်းအောင်မြင်သွားအောင် ကူညီပေးနိုင်တယ်ဆိုတာက…… သူတော်စင်သွေးဗောဓိသီး လိုမျိုး အရာတွေကို အသုံးပြုပြီး အတင်းအကျပ် ပြုလုပ်ပေးတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ မင်း သေချာ စဉ်းစား"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က ထပ်မံ၍ ဖြည့်စွက် စကားဆိုလိုက်သည်။

ဖန့်ချန်က ပြင်ပရှိ ထည်ဝါကြီးကျယ်လှသော မဟာတံခါးကြီးကို တစ်ချက်မျှ လှမ်း၍ ကြည့်ရှုလိုက်မိပြီးနောက်… ချက်ချင်းပင် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ဦးညွှတ်၍ အရိုအသေပြုလိုက်မိရင်း စကားဆိုလိုက်တော့သည်။

"စီနီယာအနေနဲ့... ဂျူနီယာအတွက် နောက်ကွယ်က လမ်းကြောင်းတစ်ခုကိုသာ စနစ်တကျ ပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ်"

ပါးနပ်မှုမရှိသည့်သူတစ်ဦး ကျမှသာ… ဒုတိယမြောက် ရွေးချယ်စရာ လမ်းကြောင်းကို ရွေးချယ်မိမှာ ဖြစ်ပေသည်။

တကယ်လို့ သူသာ ဒုတိယမြောက် လမ်းကြောင်းကို ရွေးချယ်ခဲ့မည်ဆိုလျှင်မူ… အဘိုးဖြစ်သူတို့ လူအုပ်စုကသာ သိရှိသွားခဲ့မည်ဆိုပါက၊ သေချာပေါက် ဒေါသတကြီးဖြင့် ရင်ကွဲနာကျပြီး သေဆုံးသွားကြမှာ အမှန်ပဲ ဖြစ်သည်။

မိမိ၏ အရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်၏ တန်ခိုးစွမ်းအား ကျင့်စဉ်အဆင့်အတန်းကမူ… သူ စိတ်ကူးကြည့်ရန်ပင် မစွမ်းသာသည့် အခြေအနေမျိုးဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် နယ်မြေကိုးခု၏ ပြင်ပရှိ အလွန်တရာ ဝေးကွာလှသည့် နေရာမှနေ၍ ပေလွှာကို အသက်သွင်းခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်ဖက်လူကမူ… တိုတောင်းလှသည့် မျက်စိတစ်မှိတ်အတွင်းမှာတင်၊ မိမိ၏ အတွင်းကမ္ဘာနယ်မြေကို ထိန်းချုပ်မောင်းနှင်လိုက်ရင်း ဤနေရာဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

တကယ်လို့ တစ်ဖက်လူက ယခင်ကတည်းကပင် ဟင်းလင်းပြင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ကြီး အတွင်းမှာသာ အမြဲတမ်း တည်ရှိနေခဲ့မည်ဆိုလျှင်မူ…

ထိုကဲ့သို့သော မြန်ဆန်လှသည့် အရှိန်အဝါမျိုးက……

"ကမ္ဘာကြီးသူတော်စင်အဆင့်ထက် အဆပေါင်းများစွာ သာလွန်မြင့်မားနေတာဖြစ်မယ်၊ ချင်ဝူဆန့်တို့လို လူအုပ်စုကတော့... သူ့ရဲ့ အရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လိုပဲ အလွန်တရာ သေးငယ်လွန်းတယ်"

ကောင်းကင်နိမိတ်သူတော်စင် များနှင့် ပတ်သက်ပြီးမူ… သူသည် တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ဖူးပါချေ၊ သို့သော်လည်း ရင်ထဲ၌ အမြဲတမ်း ခံစားနေရသည်ကတော့ ကောင်းကင်နိမိတ်သူတော်စင်အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်နေရင်တောင်မှ ဤမျှလောက် ပြင်းထန်လှသည့် အစွမ်းသတ္တိမျိုးကို ပိုင်ဆိုင်ရန် ခက်ခဲလွန်းလှပေသည်။

ဒါဆိုရင်တော့……

အမှန်တရားကမူ မျက်စိအရှေ့တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ရချေပြီ။

မိမိ၏ အရှေ့တွင် ရှိနေသည့် အင်အားကြီး တန်ခိုးရှင်သည်…အထွတ်ထိပ်တာအိုသူတော်စင် တစ်ပါး ဖြစ်ရန် အလွန်တရာ နီးစပ်လွန်းလှပေသည်။

တစ်ဖက်လူက ချက်ချင်းပင် ဤနေရာဆီသို့ ရောက်ရှိလာခဲ့သည်ဆိုတာက… လွန်ခဲ့သည့် အချိန်တုန်းက ပေးအပ်ခဲ့ဖူးသည့် ကတိကဝတ်ကို အလွန်တရာ တန်ဖိုးထားပြီး ဂရုစိုက်နေသည်ဆိုတာကို သက်သေပြနေတာပဲ ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူက ရွေးချယ်စရာ လမ်းကြောင်းနှစ်ခုကို ပေးအပ်ခဲ့သည်ဆိုတာကလည်း… သေချာပေါက် ပထမဦးဆုံး လမ်းကြောင်းက ပိုမို၍ ရှုပ်ထွေးပြီး ဘေးအန္တရာယ်များပြားနိုင်တာကြောင့်လည်း ဖြစ်နိုင်သည်၊ ထို့ကြောင့်လည်း ဆွဲဆောင်မှု အလွန်တရာ ပြည့်နှက်နေသည့် ဒုတိယမြောက် ရွေးချယ်စရာ လမ်းကြောင်းကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တကယ်လို့ ဖန့်ချန်သည် လက်ရှိအချိန်တွင် မည်သည့် နောက်ဆံတင်းစရာ အခြေအနေမျိုးမှ မရှိဘဲ စိုးရိမ်ပူပန်မှု ကင်းဝေးနေခဲ့မည်ဆိုလျှင်မူ… ဒုတိယမြောက် လမ်းကြောင်းကို ရွေးချယ်ခြင်းက လက်ရှိရရှိမည့် အကျိုးစီးပွားများနှင့် ပိုမို၍ ကိုက်ညီမှု ရှိနေမှာ အမှန်ပဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဘယ်သူမှ မခန့်မှန်းနိုင်သည်ကတော့… ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားရုံမျှဖြင့်၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီသို့ အမှန်တကယ်ပင် ချောချောမွေ့မွေ့နှင့် တက်လှမ်းအောင်မြင်နိုင်ခြင်း ရှိမရှိ ဆိုသည်ကို ဖြစ်ပေသည်။

"နည်းနည်းတော့ ရှုပ်ထွေးတာပေါ့၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ငါ့ရဲ့ အတွင်းကမ္ဘာနယ်မြေထဲကို လိုက်ခဲ့ပါ"

အဖြူရောင် အဝတ်အစားများနှင့် လူငယ်က မိမိဘာသာ တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိပြီးနောက်… ဖန့်ချန်ကို တစ်ချက်မျှ လှည့်ကြည့်လိုက်ရင်း၊ လှည့်ထွက်သွားခဲ့ပြီး မိမိ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။

ဖန့်ချန်သည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် အခါတွင်မူ… ချက်ချင်းပင် နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့မိတော့သည်။

အခန်း (၂၀၃၂) ရွှေဟွေး

ရွှေဟွေးကျောင်းတော်

"ယွင်ကျဲနတ်ဘုရားနယ်မြေ၊ တောင်ပိုင်းတောင်တန်းမြို့၊ ကျိမိသားစုမျိုးနွယ်စုဝင်…… ဖန့်ချန်"

အဖိုးအိုတစ်ဦးသည် ဖန့်ချန် ကမ်းပေးလာသည့် ပေလွှာကို ကြည့်ရင်း မျက်ဝန်းထဲ၌ သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ… ဖန့်ချန်ကို မနေနိုင်ဘဲ အပေါ်အောက် အသေအချာ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်မိတော့သည်။

ဖန့်ချန်၏ နောက်ကွယ်တွင် တန်းစီနေသည့် လူငယ်လူရွယ်အုပ်စုမှာလည်း သူ့ကို အကဲခတ်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြချေပြီ။

ဤအဖိုးအိုမှာ ကြည့်ရသည်မှာ သာမန်ကာလျှံကာ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်သော်လည်း… သူ၏ ခန္ဓာကိုယ်ထက်တွင်မူ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်၏ အရှိန်အဝါ အနည်းငယ် ဖြာထွက်နေခဲ့သည်။

ကံကောင်းသည်မှာ သူသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းမနေခဲ့ဘဲ… ဖြည်းညှင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း -

"ဒီ ကျိမိသားစုရဲ့ သတ်မှတ်နေရာက အများကြီး ရှိတာမဟုတ်ဘူး၊ ဒါကိုတောင် မင်းကို တစ်နေရာ ခွဲဝေပေးဖို့ စိတ်ကူးရှိနေတာက… တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

"ဒါက မင်းရဲ့ ရွှေဟွေးကျောင်းတော်ရဲ့ အဆင့်အတန်းအမှတ်အသား တံဆိပ်ပြားပဲ၊ ယူထားလိုက်တော့"

"ဒါ ရှိနေမှသာ…… မင်းက ရွှေဟွေးကျောင်းတော်အတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်မှာ ဖြစ်တယ်"

အဖိုးအိုသည် ဖန့်ချန်ထံသို့ တံဆိပ်ပြားတစ်ခုကို အသာအယာ ကမ်းပေးလိုက်သည်။

ထိုမျက်စိတစ်မှိတ်အတွင်းမှာပင်… ဖန့်ချန်၏ နောက်ကွယ်တွင် ရှိနေသည့် အတွင်းကမ္ဘာနယ်မြေသည် တစ်စုံတစ်ရာသော လှုံ့ဆော်မှုကို ခံလိုက်ရသည့်ပုံစံမျိုးဖြင့်၊ မိမိဘာသာ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြည်းညှင်းစွာဖြင့် အသွင်ပြောင်းလဲ ထွက်ပေါ်လာခဲ့ရချေပြီ။

ထိုတံဆိပ်ပြားသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး… သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားခဲ့ကာ၊ ထည်ဝါကြီးကျယ်လှသော မဟာတံခါးကြီး၏ အရှေ့တွင် ပူပြင်းလှသော နေမင်းတစ်စင်း ကဲ့သို့သော တက်တူးပုံသဏ္ဌာန်တစ်ခု ထင်ထင်ရှားရှား ပုံဖော်ထုဆစ်ပေးလိုက်တော့သည်။

ဖန့်ချန်၏ ရင်ထဲ၌ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရသော်လည်း… သူသည် ဤနေရာတွင် အချိန်အတော်ကြာအောင် ရပ်တန့်မနေခဲ့ဘဲ၊ အဖိုးအိုကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရွှေဟွေးကျောင်းတော်၏ အတွင်းဘက်ဆီသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့သည်။

သူ၏ အရှေ့ဘက်တွင်မူ လူပေါင်း ရာဂဏန်းခန့်က ကြိုတင်၍ စောင့်ဆိုင်းနေကြပြီ ဖြစ်ရာ… ၎င်းတို့အားလုံးမှာ ရွှေဟွေးကျောင်းတော်၏ တံဆိပ်ပြားများကို ရရှိထားကြသည့် လူငယ်လူရွယ်များပင် ဖြစ်ကြသည်။

သူတို့သည် ဖန့်ချန်နှင့် တူညီလှသည့် တူညီချက်တစ်ခု ရှိနေကြရသည်။

ထိုအရာကမူ အားလုံးမှာ သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြခြင်းပင်။

ထို့ပြင် အားလုံးမှာ လူသားမျိုးနွယ်စုဝင်များလည်း ဖြစ်ကြသည်။

ဖန့်ချန် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ… လူအများစုမှာ သာမန်ကာလျှံကာ ပုဂ္ဂိုလ်တစ်ဦးကို ကြည့်သကဲ့သို့သာ အသာအယာ တစ်ချက်မျှ ကြည့်ရှုလိုက်ကြပြီး၊ မည်သူမျှ အာရုံစိုက်ခြင်း မရှိကြပါချေ။

၎င်းတို့ထဲက လူငယ်တစ်ဦးတည်းသာလျှင်… ဖန့်ချန်ကို စိုက်ကြည့်နေသည့် မျက်ဝန်းများထဲ၌ ပြင်းထန်လှသည့် ရန်ငြိုးရန်စအတိ ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေသည်။

ဖန့်ချန်ကမူ ဤအချက်ကို ဘယ်လိုနည်းနဲ့မှ စိတ်ထဲ၌ ထည့်မနေပါချေ၊ ဤလူငယ်မှာ တောင်ပိုင်းတောင်တန်းမြို့ ကျိမိသားစု၏ တိုက်ရိုက်သွေးမျိုးဆက် အဆက်အနွယ်တစ်ခု ဖြစ်ပြီး… ဤမျိုးဆက်အတွင်း၌ အလွန်တရာ ထင်ရှားကျော်ကြားလှသည့် ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဖန့်ချန်သည် ကျိမိသားစု၏ သတ်မှတ်နေရာတစ်ခုကို ရယူခဲ့ခြင်းကြောင့်… ထိုလူငယ်သည် လမ်းခရီးတစ်လျှောက်လုံးတွင် သူ့အပေါ် အတိုင်းအတာမရှိ မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း မကျေမနပ်ဖြစ်နေခြင်းက မကျေမနပ်ဖြစ်နေခြင်း သက်သက်သာ ဖြစ်ပြီး… ကျိမိသားစု ဘိုးဘေးကြီး ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကိုမူ၊ သူသည် ဘယ်လိုမျိုး သတ္တိမျိုးဖြင့်မျှ ဆန့်ကျင်ဘက်ပြုရန် ရဲဝံ့မှာ မဟုတ်ပါချေ။

"အခုဆိုရင် ရွှေဟွေးကျောင်းတော်ရဲ့ တံဆိပ်ပြားကို ရရှိထားခဲ့ပြီဆိုတော့…… အဲဒီ စီနီယာ ပြောခဲ့ဖူးတဲ့ စကားတွေအရ၊ လက်ရှိအချိန်မှာ မီးနတ်ဘုရားမျိုးနွယ်စု တွေက ငါ ဒီနေရာမှာ ရှိနေတာကို သိရှိသွားခဲ့ရင်တောင်မှ၊ သူတို့တွေက ပေါ့ပေါ့ဆဆနဲ့ လှုပ်ရှားရဲမှာ မဟုတ်တော့ဘူး……"

ဤအကြောင်းအရာကို တွေးတောမိလိုက်သည့် အခါတွင်မူ… ဖန့်ချန်သည် ရင်ထဲ၌ တစ်ခါမှ မခံစားဖူးလောက်အောင် အလွန်တရာ စိတ်အေးချမ်းသာမှုကို ခံစားလိုက်ရမိတော့သည်။

ဤရွှေဟွေးကျောင်းတော်သည်… ဟင်းလင်းပြင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ကြီး အတွင်း၌၊ အလွန်တရာ မြင့်မားလှသော အဆင့်အတန်း အထောက်အထားမျိုး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ဘယ်လောက်အထိ မြင့်မားနေသနည်းဆိုလျှင်မူ… ခုံသမာဓိရုံးတော်၏ ဂုဏ်ထူးဆောင် မဟာကောင်းကင်အရှင်သခင်များ တောင်မှ၊ ရွှေဟွေးကျောင်းတော်ကို ဘယ်လိုနည်းနဲ့မှ လွယ်လွယ်ကူကူဖြင့် လွှမ်းမိုးချုပ်ချယ်နိုင်ခြင်း မရှိပါချေ။

ဖန့်ချန်သည် ထိုအဖြူရောင်အဝတ်အစားများနှင့် စီနီယာကြီးက မိမိအတွက် ထိုကဲ့သို့သော သတ်မှတ်နေရာမျိုးကို ဘယ်လိုနည်းလမ်းမျိုးဖြင့် ရယူပေးခဲ့သည်ကို မသိရှိသော်လည်း… ထိုစီနီယာသည် နောက်ကွယ်၌ အတိုင်းအတာမရှိ စိတ်ခွန်အားနှင့် ကြိုးပမ်းအားထုတ်မှုများကို အသုံးပြုခဲ့ရမည်ဆိုတာကို တိတ်တဆိတ် ခန့်မှန်းမိရသည်။

သို့သော်လည်း နောင်အနာဂတ်ကာလများတွင်မူ… ထိုပုဂ္ဂိုလ်သည် သူ့အတွက် ရှေ့သို့ ထွက်ပေါ်လာပြီး ကူညီပေးမှာ မဟုတ်တော့ပါချေ၊ ကျန်ရှိနေသည့် အရာအားလုံးမှာ ဖန့်ချန် မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်သည်။

ရွှေဟွေးကျောင်းတော်အတွင်း၌ အလွန်တရာ ထူးချွန်ကောင်းမွန်လှသည့် ရလဒ်ကောင်းများကို ဖော်ထုတ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ… မိမိ၏ ခြေကုပ်ယူမည့် အခြေခံအုတ်မြစ်ကြီး ဖြစ်လာမှာ ဖြစ်သဖြင့်၊ အရာရာတိုင်းမှာ မိမိကိုယ်တိုင်အပေါ်၌သာ တိုက်ရိုက် မူတည်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌… အလွန်တရာ ဝေးကွာလှသည့် နေရာတစ်ခုမှနေ၍ ဆူညံအော်ဟစ်သံ အချို့ ထွက်ပေါ်လာခဲ့သဖြင့်၊ ဖန့်ချန်က မျက်ဝန်းကို ပင့်မြှောက်၍ လှမ်းကြည့်လိုက်မိရာ၊ ထိုနေရာတွင် တခြား သက်ရှိအုပ်စုတစ်ခု ရှိနေသည်ကို တွေ့မြင်လိုက်ရတော့သည်။

သို့သော်လည်း ၎င်းတို့မှာ လူသားမျိုးနွယ်စုဝင်များ မဟုတ်ကြပါချေ။

ဤကဲ့သို့သော ဖြစ်တည်မှုမျိုးကိုမူ… ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့တွင် မရေမတွက်နိုင်အောင် များပြားလှစွာ မြင်တွေ့နေရဦးမည်သာ ဖြစ်သည်။

"ရွှေဟွေးကျောင်းတော်က ထူးခြားဆန်းပြားနေရတဲ့ အကြောင်းအရင်းကတော့……လူသားမျိုးနွယ်စုတစ်ခုတည်းကိုသာ ဦးတည်ထားတဲ့ ကျောင်းတော်တစ်ခု မဟုတ်ဘဲ၊ ဟင်းလင်းပြင် အဆင့်မြင့်ဆုံးမဟာမိတ်အဖွဲ့ကြီး အတွင်းရှိ မျိုးနွယ်စုကြီး အသီးသီးရဲ့ မျိုးနွယ်စုဝင် လူငယ်တွေကိုပါ လက်ခံပေးထားတဲ့ ကျောင်းတော်ကြီးတစ်ခု ဖြစ်နေလို့ပဲ"

"ကျောင်းတော်ထဲကို ဝင်ရောက်ခွင့်ရဖို့ အခြေခံအကျဆုံး သတ်မှတ်ချက်ကတော့… သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်း ရှိနေရမယ်"

"နောက်ထပ် အချက်တစ်ခုကတော့ အတွင်းကမ္ဘာနယ်မြေရဲ့ အဆင့်အတန်းဖြစ်ပြီး… အနည်းဆုံးတော့ ကမ္ဘာကြီးအဆင့် ရှိနေရမယ်……"

ဖန့်ချန်သည် ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် ရာဂဏန်းခန့်ရှိသော လူသားမျိုးနွယ်စု ကျောင်းသားများကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း… ရင်ထဲ၌ အနည်းငယ်မျှ ခံစားချက်များ ပြည့်နှက်သွားခဲ့ရမိတော့သည်။

ဤလူအုပ်စု အားလုံးမှာ… ကမ္ဘာကြီးအဆင့် အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားကြသည့်သူများ ဖြစ်ကြပြီး၊ ၎င်းတို့ထဲတွင် ဖြစ်နိုင်သည်ကတော့ တစ်ဦး သို့မဟုတ် နှစ်ဦးခန့်က မိမိကဲ့သို့ပင် ကောင်းကင်နိမိတ်အဆင့် အတွင်းကမ္ဘာနယ်မြေကို ပိုင်ဆိုင်ထားကြသည့်သူများ ဖြစ်နေနိုင်ပေသည်။

ဤကဲ့သို့သော ဖြစ်တည်မှုမျိုးသာလျှင်… တကယ်လို့ ရွှေဟွေးကျောင်းတော်အတွင်း၌ အောင်မြင်မှုလမ်းကြောင်းကို ဖော်ထုတ်နိုင်ခဲ့မည်ဆိုပါက၊ နောင်အနာဂတ်တွင် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်သွားခဲ့ပြီးနောက်၊ ကမ္ဘာကြီးသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ပိုမို၍ ကြီးမားကျယ်ပြန့်လာမှာ ဖြစ်ပေသည်။

"အားလုံးက နယ်မြေဒေသတစ်ခုခုရဲ့ အနာဂတ် အရှင်သခင်လောင်းလျာတွေပဲ၊ ဒါပေမဲ့ ဒီလိုကျောင်းတော်မျိုးက…… တခြားနေရာမှာ နောက်ထပ် တစ်ခု ကျန်ရှိပုံရတယ်……"

ထိုအချိန်၌… အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖန့်ချန်၏ တွေးတောမိနေမှုများကို တိုက်ရိုက် ဖြတ်တောက်လိုက်တော့သည်။

ရာဂဏန်းခန့်ရှိသော လူသားမျိုးနွယ်စု ကျောင်းသားများ၏ အရှေ့တွင်မူ… အလွန်တရာ ထည်ဝါခန့်ညားလှသည့် လူသားမျိုးနွယ်စု သူတော်စင်တစ်ပါး မတ်တတ်ရပ်နေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ကျောင်းသားအားလုံးကို ဖြည်းညှင်းစွာဖြင့် တစ်ချက်မျှ ဝှေ့ယမ်းကြည့်ရှုလိုက်မိရင်း၊ အသာအယာ စကားဆိုလိုက်သည်။

"ငါက မင်းတို့ရဲ့ ရွှေဟွေးကျောင်းတော်အတွင်းက စီနီယာအစ်ကို… ထိုက်ရှီဝမ်ကျန်း ဖြစ်တယ်"

"ဒီနေ့ကစပြီး…… မင်းတို့တွေက တရားဝင် ရွှေဟွေးကျောင်းတော်ရဲ့ ကျောင်းသားတွေ ဖြစ်လာခဲ့ကြပြီ"

ကျောင်းသားအားလုံး၏ မျက်ဝန်းအိမ်ထဲ၌မူ အတိုင်းအတာမရှိ ရင်ခုန်လှုပ်ရှားလှသည့် အရိပ်အယောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ရချေပြီ။

ယခင်က ဖန့်ချန်အပေါ်၌ ပြင်းထန်လှသည့် ရန်ငြိုးရန်စအတိ ပြည့်နှက်နေခဲ့သည့် ကျိမိသားစု၏ တိုက်ရိုက်အဆက်အနွယ် ကျိလင် အပါအဝင်… လက်ရှိအချိန်တွင် ဖန့်ချန်၏ အကြောင်းအရာများကို ဦးနှောက်ထဲမှနေ၍ လုံးဝ ဥဿုံ မေ့ပျောက်ထားလိုက်မိပြီ ဖြစ်ရာ၊ အလွန်တရာ ရင်ခုန်စိတ်လှုပ်ရှားလှသည့် မျက်ဝန်းများဖြင့် ထိုက်ရှီဝမ်ကျန်းကို သေချာစွာ စိုက်ကြည့်နေမိတော့သည်။

"အလွန်အကျွံတော့ ရင်ခုန်စိတ်လှုပ်ရှားမနေကြပါနဲ့ဦး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ ရွှေဟွေးကျောင်းတော်ဆီကို ရောက်ရှိလာခဲ့စဉ်အခါတုန်းကလည်း… မင်းတို့လိုပဲ စီနီယာ ဂျူနီယာ ညီအစ်ကိုပေါင်း ရာဂဏန်းခန့် ရှိခဲ့ဖူးပြီး၊ အားလုံးကလည်း အလွန်တရာ ပျော်ရွှင်နေခဲ့ကြတာပဲဥစ္စာ"

"ဒါပေမဲ့ နှစ်ပေါင်း တစ်ထောင် ခန့် ကုန်ဆုံးသွားခဲ့ပြီးတဲ့ အခါမှာတော့…… နောက်ဆုံးမှာ နှစ်ဆယ့်သုံးယောက်တည်းသာ ဒီနေရာမှာ ကျန်ရစ်ခွင့် ရခဲ့ကြတယ်၊ ငါကလည်း အဲဒီလူတွေထဲက တစ်ယောက်ပေါ့"

"ကျန်ရှိနေတဲ့သူတွေ အားလုံးကတော့…… ကျောင်းတော်ရဲ့ ကနဦးပညာသင်နှစ် ကာလအတွင်းမှာ စွမ်းအင်စုစည်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ကြလို့၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီကို မတက်လှမ်းနိုင်ခဲ့ကြတာကြောင့်… မိမိတို့ရဲ့ နေရပ်ဒေသဆီကိုပဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်သွားခဲ့ကြရတာပဲ"

ထိုက်ရှီဝမ်ကျန်းသည် စကားစတင်လိုက်သည်နှင့် တစ်ပြိုင်နက်… ကျောင်းသားအားလုံး၏ အရှိန်အဝါကို တိုက်ရိုက် ဖိနှိပ်လိုက်သည့် စကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

နှစ်ပေါင်း တစ်ထောင် ခန့် ကြာမြင့်မည့် ကနဦးပညာသင်နှစ်။

ကျောင်းသားအားလုံးမှာ ဤနေရာဆီသို့ မလာရောက်ခင်ကတည်းကပင် ဤအကြောင်းအရာကို ကြိုတင်၍ ကြားသိထားခဲ့ကြပြီး ဖြစ်သော်လည်း… လူပေါင်း ရာဂဏန်းခန့်ရှိသည့်အထဲမှ နောက်ဆုံးတွင် ဆယ်ဂဏန်းခန့်သာ ကျန်ရစ်ခွင့်ရခဲ့သည်ဆိုသည့် အချက်ကို ကြားလိုက်ရသည့် အခါတွင်မူ၊ ရင်ထဲ၌ အနည်းငယ်မျှ လန့်ဖျပ် တုန်လှုပ်သွားခဲ့ရမိတော့သည်။

ဒါဆိုရင် သူတို့ရဲ့ ပါရမီနဲ့ အရည်အချင်းတွေက… စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီကို တက်လှမ်းဖို့အတွက် ဒီလောက်အထိ ခက်ခဲလွန်းလှတာ အမှန်ပဲလား။

နှစ်ပေါင်း တစ်ထောင် ခန့် ကြာမြင့်မည့် အချိန်ကာလက တောင်မှ မလုံလောက်သေးဘူးလားဥစ္စာ။

"သာမန်အားဖြင့် ပြောရမယ်ဆိုရင်တော့…… မင်းတို့ရဲ့ ပါရမီတွေက ဘယ်လိုနည်းနဲ့မှ မနိမ့်ပါဘူး၊ ဟင်းလင်းပြင် မဟာမိတ်အဖွဲ့ကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ်… ကြီးမားလှတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့အတွက် လုံလောက်တဲ့ အရည်အချင်းမျိုး ရှိနေကြတာပဲ"

"ဒါပေမဲ့ ရွှေဟွေးကျောင်းတော်အတွင်းမှာတော့…… ဒါက တကယ့်ကိုပဲ ဝေးဝေးကြီး လိုအပ်နေဦးမှာ ဖြစ်တယ်"

ထိုက်ရှီဝမ်ကျန်းက တည်ငြိမ်စွာဖြင့် စကားဆိုလိုက်ရင်း -

"ရွှေဟွေးကျောင်းတော်က…… ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ နားလည်ထားတဲ့ စာအုပ်ကြီးသမား လူတွေကို ဘယ်လိုနည်းနဲ့မှ မလိုအပ်ဘူး"

"ဒါပေမဲ့ အဖက်ဖက်ကနေ ကြည့်ရှုလိုက်မယ်ဆိုရင်တော့…… မဟာမိတ်အဖွဲ့ကြီးရဲ့ အထွတ်အထိပ် ပါရမီရှင်တွေ ဖြစ်နေရမယ်"

"တကယ်လို့ မင်းတို့ကို တိတ်တဆိတ် နှစ်ပေါင်း တစ်ထောင် ခန့် ကျင့်ကြံခွင့် ပြုလိုက်မယ်ဆိုရင်တော့…… မင်းတို့တွေထဲက ၇၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်းခန့်က၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီကို တက်လှမ်းနိုင်မည့် အခွင့်အရေးမျိုး ရှိနေကြတာပဲ"

"ဒါတင်မကသေးဘူး… ကျောင်းတော်ထဲကို ဝင်ရောက်လာတဲ့ အချိန်တုန်းက၊ မိမိရဲ့ ခန္ဓာကိုယ်ထက်မှာ သူတော်စင်သွေးဗောဓိသီး အချို့ကိုပါ ကြိုတင်ပြီးတော့ ယူဆောင်လာခဲ့ကြတဲ့သူတွေ ရှိနေသေးတယ် မဟုတ်လား"

"ရွှေဟွေးကျောင်းတော်က…… တပည့်တွေအနေနဲ့ ဒီလို အောက်တန်းကျလှတဲ့ အရာမျိုးကို သုံးစွဲပြီး ကျင့်ကြံခွင့်ကို ဘယ်လိုနည်းနဲ့မှ ခွင့်မပြုပါဘူး"

"တစ်ပြိုင်နက်တည်းမှာပဲ…… ရွှေဟွေးကျောင်းတော်က မင်းတို့ကို အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာ ကျင့်ကြံခွင့် ပြုထားမှာ မဟုတ်ဘူး၊ အသေးစိတ် ဘယ်လိုမျိုး အခြေအနေမျိုး ဖြစ်လာမလဲဆိုတာကိုတော့…… အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီးတဲ့ အခါကျရင် မင်းတို့တွေ သေချာပေါက် သိရှိသွားကြမှာပဲ"

ဤနေရာဆီသို့ ရောက်ရှိလာသည့် အခါတွင်မူ… ထိုက်ရှီဝမ်ကျန်းသည် ရင်ထဲ၌ အနည်းငယ်မျှ ဆို့နင့်နေကြသည့် ကျောင်းသားအချို့ထံသို့ အကြည့်ကို ပို့လွှတ်လိုက်မိရင်း၊ တည်ငြိမ်စွာဖြင့် ထပ်မံ၍ စကားဆိုလိုက်ပြန်သည်။

"သူတော်စင်သွေးဗောဓိသီး ရှိနေတဲ့သူတွေ…… အခု ချက်ချင်း ငါ့ဆီကို အပ်နှံလိုက်ကြပါ၊ မင်းတို့တွေ ကနဦးပညာသင်နှစ် ကာလကို ဖြတ်သန်းသွားနိုင်ခဲ့ပြီဆိုတဲ့ နေ့ကျမှသာ…… ငါက မင်းတို့ကို ပြန်လည်ပြီးတော့ လွှဲပြောင်းပေးအပ်မယ် "

ထိုရင်ထဲ၌ ဆို့နင့်နေကြသည့် ကျောင်းသားအချို့မှာမူ သွားကို တင်းတင်းကြိတ်လိုက်မိကြရင်း… အခြားရွေးချယ်စရာ လမ်းကြောင်းမရှိတော့သဖြင့်၊ မိမိတို့၏ သူတော်စင်သွေးဗောဓိသီးများကို စိတ်ပျက်လက်ပျက်ဖြင့် ထုတ်ပေးလိုက်ကြရတော့သည်။

"ငါ့နောက်ကို လိုက်ခဲ့ကြ"

ထိုက်ရှီဝမ်ကျန်းသည် မျက်နှာပြင်ထက်၌ မည်သည့် ခံစားချက်မျှ ထုတ်ဖော်ပြသခြင်းမရှိဘဲ ဤသူတော်စင်သွေးဗောဓိသီးများကို သိမ်းဆည်းလိုက်မိပြီးနောက်… ကျောင်းသားအားလုံးကို ခေါ်ဆောင်ကာ ကျောင်းတော်၏ အလှမ်းဝေးကွာလှသော အနက်ရှိုင်းဆုံး နေရာဆီသို့ တိုက်ရိုက် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

အတန်ကြာ အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီးသည့် နောက်တွင်မူ…… အလွန်တရာ ကြီးမားထည်ဝါလှသော တောင်တန်းကြီးတစ်ခုက ကျောင်းသားအားလုံး၏ မျက်စိအရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ထွက်ပေါ်လာခဲ့ရချေပြီ။

"ဒီနေရာကတော့…… ရွှေဟွေးကျောင်းတော်အတွင်းက လူသားမျိုးနွယ်စုရဲ့ အကယ်ဒမီကျောင်းဆောင်ကြီး ဖြစ်တယ်"

"လက်ရှိ ရွှေဟွေးကျောင်းတော်အတွင်းမှာတော့…… စုစုပေါင်း အကယ်ဒမီကျောင်းဆောင် နှစ်ရာခုနစ်ဆယ့်သုံးခု ရှိနေခဲ့ပြီ ဖြစ်တယ်"

"ဒီနေရာမှာ အကယ်ဒမီကျောင်းဆောင်တစ်ခုကို တည်ဆောက်ခွင့် ရရှိထားတဲ့သူတွေ အားလုံးကတော့…… မိမိတို့ရဲ့ မျိုးနွယ်စုအတွင်းက ကျောင်းသားတွေက ရွှေဟွေးကျောင်းတော်အတွင်းမှာ ကောင်းကင်နိမိတ်သူတော်စင်အဆင့်ဆီကို တက်လှမ်းအောင်မြင်နိုင်ခဲ့ဖူးတယ်ဆိုတာကို ကိုယ်စားပြုနေတာ ဖြစ်တယ်"

ထိုက်ရှီဝမ်ကျန်းက စနစ်တကျ ရှင်းပြ စကားဆိုလိုက်သည်။

ကျောင်းသားအားလုံး၏ မျက်ဝန်းအိမ်ထဲ၌မူ ချက်ချင်းပင် အတိုင်းအတာမရှိ မျှော်လင့်တောင့်တလှသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရပြီး၊ ကျောင်းသားတစ်ဦးက မနေနိုင်ဘဲ ဝင်ရောက်မေးမြန်းလိုက်မိတော့သည်။

"စီနီယာအစ်ကို…… ငါတို့ လူသားမျိုးနွယ်စုရဲ့ ရွှေဟွေးကျောင်းတော်အတွင်းက ပထမဦးဆုံး ကောင်းကင်နိမိတ်သူတော်စင်အဆင့် တန်ခိုးရှင်က ဘယ်သူဖြစ်မလဲဟင်"

ထိုက်ရှီဝမ်ကျန်းက အသာအယာ ပြုံးလိုက်မိရင်း… အလွန်တရာ ဝေးကွာလှသည့် နေရာတစ်ခုတွင် ရှိနေသည့် ကျောက်စာတုံးကြီးတစ်ခုထံသို့ လက်ညှိုးထိုးပြလိုက်တော့သည်။

ကျောင်းသားအားလုံး လှမ်း၍ ကြည့်ရှုလိုက်ကြမိရာ… ထိုကျောက်စာတုံးကြီးကမူ အနည်းငယ်မျှ မှုန်မှိုင်းအုံ့ဆိုင်းနေသည်ကို တွေ့မြင်လိုက်ရပြီး၊ ၎င်း၏ အထက်တွင် တည်ရှိနေသည့် လူအမည်နာမတစ်ခုမှာလည်း တစ်စုံတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရချေပြီ။

"အဲဒီ ကောင်းကင်နိမိတ်သူတော်စင်က…… ငါတို့ လူသားမျိုးနွယ်စုရဲ့ ပထမဦးဆုံး သူတော်စင်ကြီး မဟုတ်ပေမဲ့လည်း၊ ငါတို့ လူသားမျိုးနွယ်စုတွေ ပြန်လည်ပြီးတော့ နိုးထလာခဲ့စဉ်အခါတုန်းက အလွန်တရာ အရေးပါအရာရောက်လှတဲ့ အဓိက ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးတာပဲ"

"ဒါပေမဲ့ နောက်ပိုင်းမှာတော့ အချို့သော အကြောင်းအရင်းတွေ ဖြစ်ပျက်ခဲ့တာကြောင့်…… အထက်ပုဂ္ဂိုလ်တွေက လူသားမျိုးနွယ်စုတွေကို ဒီပုဂ္ဂိုလ်ရဲ့ အကြောင်းအရာတွေကို ထပ်မံပြီးတော့ ထုတ်ဖော်ပြောဆိုခွင့် မပြုတော့တာမလို့၊ ဒါကြောင့်မလို့ပဲ သူ့ရဲ့ အမည်နာမကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရတာပဲ"

"မင်းတို့တွေက ဒီအကြောင်းအရာတွေကို စိတ်ထဲ၌ ထည့်နေဖို့ မလိုအပ်ပါဘူး"

ထိုက်ရှီဝမ်ကျန်းက တည်ငြိမ်စွာဖြင့် ထပ်မံ၍ စကားဆိုလိုက်ရင်း -

"ဒီနေရာမှာတော့ လွတ်နေတဲ့ ကျင့်ကြံခြင်းဂူဗိမာန် အမြောက်အမြား ရှိနေတာမလို့…… မင်းတို့တွေ စိတ်ကြိုက် တစ်ခုခုကို ရွေးချယ်နိုင်တာပဲ"

"မနက်ဖြန် ဒီလိုအချိန်ကျရင်…… ဒီနေရာမှာ ပြန်လည်ပြီးတော့ စုစည်းကြပါ၊ ငါ မင်းတို့တွေကို ပထမဦးဆုံး သင်ခန်းစာတစ်ခု သင်ကြားပေးဖို့ ခေါ်ဆောင်သွားမယ်"

ကျောင်းသားအားလုံးက ထိုစကားကို ကြားလိုက်ရသည့် အခါတွင်မူ… ထိုက်ရှီဝမ်ကျန်းထံသို့ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဦးညွှတ်၍ အရိုအသေပြုလိုက်ကြမိပြီးနောက်၊ မိမိတို့ဘာသာ လွတ်နေသည့် ကျင့်ကြံခြင်းဂူဗိမာန်များကို အသီးသီး သွားရောက်ရှာဖွေကြတော့သည်။

ဖန့်ချန်သည်လည်း အလွန်တရာ ဆိတ်ငြိမ်ပြီး အေးချမ်းလှသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သော်လည်း… သူ မြေပြင်ထက်သို့ ခြေချလိုက်မိရုံမျှသာ ရှိသေးသည်၊ လူရိပ်တစ်ခုကလည်း ချက်ချင်းပင် သူ၏ ဘေးပတ်ဝန်းကျင်သို့ တိုက်ရိုက် ကျရောက်လာခဲ့တော့သည်။

"ဒီကျင့်ကြံခြင်းဂူဗိမာန်ကို…… ငါ အရင်ဦးဆုံး ရွေးချယ်လိုက်ပြီ"

ကျိလင်က မျက်နှာပြင်ထက်၌ ရန်စလိုသည့် ပုံစံမျိုးဖြင့် ဖန့်ချန်ကို သေချာစွာ စိုက်ကြည့်လိုက်မိတော့သည်။

All Chapters