အခန်း (၂၀၃၇၂၀၃၈)
Vol. 204 Ch. 2037-2038
အခန်း (၂၀၃၇) လောက၌ ကောင်းကင်ငါးပါး ရှိပြီး၊ ကောင်းကင်၌ နေမင်းခုနစ်စင်း ရှိသည်
"အစ်ကိုကြီးထိုက်ရှီ…… အတိတ်ကာလတုန်းက နောက်ထပ် ထိပ်တန်းပါရမီရှင်တစ်ယောက်က ဘယ်သူလဲဟင်၊ အခုဆိုရင် သူလည်းပဲ ကောင်းကင်သူတော်စင်အဆင့်ကို ရောက်ရှိနေပြီလား"
လူတစ်ဦးက စိတ်ဝင်တစားနဲ့ လှမ်းမေးလိုက်သည်။
လူတိုင်းကလည်း နောက်ထပ်လူတစ်ယောက်ရဲ့ အမှတ်အသားကို တကယ့်ကိုပဲ သိချင်နေကြတာမို့ ထိုက်ရှီဝမ်ကျန်းကို ဝိုင်းပြီး စိုက်ကြည့်နေကြတော့သည်။
ချင်ထောင်နဲ့ ကျန်တဲ့ဟော်ဆွေ့မျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲ လူအနည်းငယ်ကပဲ မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးအနည်းငယ် ထုတ်ပြနေကြသည်။
ထိုက်ရှီဝမ်ကျန်းက ချင်ထောင်တို့လူစုကို မသိမသာ တစ်ချက်လှမ်းကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
"နောက်ထပ်တစ်ယောက်ကတော့ လမ်းမှားလိုက်သွားပြီး ငါတို့လူသားမျိုးနွယ်စုတစ်ခုလုံးကိုပါ လုံးဝပျက်စီးသွားအောင် လုပ်လုနီးပါး ဖြစ်ခဲ့တာမို့ လူသားမျိုးနွယ်စုရဲ့ အပြစ်သားသူတော်စင်လို့ ပြောရမယ်။ မင်းတို့တွေလည်း ရှန်းဟုန်မျိုးနွယ်စုအကြောင်း ကြားဖူးကြမှာပေါ့ အဲဒီလူကတော့ နောက်ပိုင်းမှာ ရှန်းဟုန်ရဲ့ အရှင်သခင် ဖြစ်လာခဲ့တဲ့သူပဲ"
"ရှန်းဟုန်ရဲ့ အရှင်သခင်"
"အော်…… သူဖြစ်နေတာကိုး……"
လူတိုင်း တစ်ချက်မှင်တက်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားကြသလို ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတစ်ခုပဲလို့ ခံစားလိုက်ရကြသည်။
ဒါပေမဲ့ သူတို့သိထားတာကတော့ ရှန်းဟုန်ရဲ့ အကြွင်းအကျန်တွေက လူသားမျိုးနွယ်စုရဲ့ သစ္စာဖောက်တွေ ဖြစ်ပြီး၊ ဟော်ဆွေ့ဘိုးဘေးကြီးကတော့ လူသားမျိုးနွယ်စုရဲ့ ဘုံအရှင်သခင်အနေနဲ့ အဲဒီရှန်းဟုန်အကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်း ရှင်းလင်းတဲ့အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်နေခဲ့တယ် ဆိုတာပဲ။
နှစ်ပေါင်းအမြောက်အမြားအတွင်းမှာ အဝေးတစ်နေရာက ပုရွက်ဆိတ်အသိုက်အမြုံလို နေရာမျိုးတွေမှာ ရှန်းဟုန်အကြွင်းအကျန်တွေဟာ ဟော်ဆွေ့မျိုးနွယ်စုရဲ့ နှိမ်နင်းသတ်ဖြတ်မှုကို ခံခဲ့ရတယ်ဆိုတဲ့ သတင်းမျိုးကိုပဲ သူတို့ တစ်ခါတရံ ကြားဖူးကြတာ ဖြစ်သည်။
ရှန်းဟုန်မျိုးနွယ်စုက လူသားမျိုးနွယ်စုအပေါ် တကယ်တမ်း ဘယ်လိုကြီးမားတဲ့ ဘေးဒုက္ခမျိုးတွေ ပေးခဲ့လဲဆိုတာကိုတော့ ဒီနေရာမှာရှိတဲ့ ဘယ်သူမှ သေသေချာချာ မရှင်းပြနိုင်ကြပါ။
ကျောင်းသားတစ်ယောက်က အခွင့်ကောင်းယူပြီး ထပ်မေးလိုက်ပေမဲ့ ထိုက်ရှီဝမ်ကျန်းကတော့ ခေါင်းကိုပဲ အသာအယာခါယမ်းပြရင်း
"ဒါတွေက တကယ့်ကို ရှေးကျလှတဲ့ အတိတ်က ကိစ္စတွေပဲလေ။ အသေးစိတ်အကြောင်းအရာတွေကိုတော့ အဲဒီခေတ်ကာလတုန်းက ဖြတ်သန်းခဲ့တဲ့ သူတော်စင်ကြီးတွေပဲ သိနိုင်လိမ့်မယ်"
အဲဒီခေတ်ကာလတုန်းက သူတော်စင်ကြီးတွေ
လူတိုင်း ရင်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိကြတယ်။
အဲဒီခေတ်ကနေ အခုထိ အသက်ရှင်နေသေးတဲ့ သူတော်စင်ကြီးတွေဆိုတာ ကောင်းကင်သူတော်စင်ကြီးတွေ မဟုတ်ရင်တောင်မှ အဖက်ဖက်က ထိပ်တန်းအဆင့်ရှိတဲ့ အထွတ်ထိပ်တာအိုသူတော်စင်ကြီးတွေပဲ ဖြစ်ရမယ်။ ဒီလိုတည်ရှိမှုမျိုးတွေကို သူတို့တွေ ဘယ်လိုမှ မဆက်သွယ်နိုင်တာမို့ အဲဒီလူကြီးတွေရဲ့ ပါးစပ်ကနေ လူသားမျိုးနွယ်စုရဲ့ အတိတ်ဟောင်းအကြောင်းတွေကို ကြားခွင့်ရဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"မင်းတို့ သိထားရမှာကတော့ အဲဒီရှန်းဟုန်အကြွင်းအကျန်တွေကြောင့် ငါတို့လူသားမျိုးနွယ်စုတစ်ခုလုံး ကျွန်စစ်သည်တွေအဖြစ် ကျရောက်လုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတာပဲ။ တကယ်လို့ ဟော်ဆွေ့ဘိုးဘေးကြီးသာ ပေါ်ထွက်မလာခဲ့ရင် ဒီနေ့ဒီအချိန်မှာ မင်းတို့တွေ ရွှေဟွေးကျောင်းတော်မှာ ရပ်နေနိုင်ဖို့ ဝေးစွ…… တခြားမျိုးနွယ်စုတွေရဲ့ လက်အောက်မှာ အသက်စွန့်ပြီး တိုက်ပွဲဝင်ပေးနေရလောက်ပြီ"
ထိုက်ရှီဝမ်ကျန်းက ပြောပြီးနောက် ချင်ထောင်တို့လူစုကို လှမ်းပြုံးပြရင်း
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဟော်ဆွေ့မျိုးနွယ်စုဟာ ရှန်းဟုန်အကြွင်းအကျန်တွေ ခိုအောင်းနေတဲ့ နေရာသစ်တစ်ခုကို ထပ်ပြီး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ငါကြားမိတယ်"
လူတိုင်းက ချင်ထောင်ဆီကို ချက်ချင်း လှမ်းကြည့်လိုက်ကြတယ်။
"အစ်မချင်ထောင်…… နင်က ဟော်ဆွေ့မျိုးနွယ်စုရဲ့ မျိုးနွယ်စုဝင်တစ်ယောက်ပဲလေ၊ အသေးစိတ်လေး ပြောပြပေးလို့ ရမလားဟင် ငါတို့လည်း နားထောင်ချင်လို့ပါ။ အခု ရှန်းဟုန်အကြွင်းအကျန်တွေရဲ့ အင်အားက ဘယ်လိုအခြေအနေ ရှိနေပြီလဲ"
တစ်ယောက်က စူးစမ်းချင်စိတ်နဲ့ လှမ်းမေးလိုက်တယ်။
မေဒေါင်ကွမ်းတောင်မှ စောစောက စိတ်မကျေနပ်မှုတွေကို ခေတ္တမေ့ပျောက်ပြီး နားစွင့်လိုက်တော့တယ်။
ချင်ထောင်ရဲ့ မျက်ဝန်းထဲမှာ အပြုံးအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး
"ငါလည်း အများကြီးတော့ မသိပါဘူး။ ဒါပေမဲ့ ကံကောင်းချင်တော့ ငါ့ရဲ့ အကြီးအကဲတစ်ယောက်က ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တာမို့ အတွင်းရေးအချို့ကိုတော့ အနည်းငယ် သိထားတယ်။ ဒီတစ်ကြိမ် တိုက်ခိုက်မှုကို ဟော်ဆွေ့ဘိုးဘေးကြီးရဲ့ ပင်မသွေးမျိုးဆက်တွေထဲက တစ်ဦးဖြစ်တဲ့ သခင်လေး ချင်ဝူဆန့်က ဦးဆောင်တာပဲ"
"ချင်ဝူဆန့်"
"တန်လင်ကျောင်းတော်မှာ အကောင်းဆုံး ရလဒ်တွေနဲ့ ကျောင်းဆင်းခဲ့ပြီး၊ တခြား အင်အားကြီးမျိုးနွယ်စုတွေကိုပါ ဖိနှိပ်ကာ အချိန်တိုလေးအတွင်းမှာ ကမ္ဘာကြီးသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အဲဒီချင်ဝူဆန့်လား"
"အဲဒီလောက်အထိတော့ မဟုတ်ပါဘူး။ အဲဒီအင်အားကြီးမျိုးနွယ်စုတွေထဲမှာ သူက ထိပ်တန်းအဆင့် လောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ငါတို့နဲ့ နှိုင်းယှဉ်ရင်တော့ ချင်ဝူဆန့်က တကယ့်ကို ထူးချွန်လွန်းနေပြီလေ။ ငါ့အဖေ ပြောပြချက်အရဆိုရင် သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေဟာ…… ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့်ကို ရောက်နေပြီ ထင်တယ်"
"ကောင်းကင်နိမိတ်ဖြစ်စဉ် အတွင်းကမ္ဘာနယ်မြေ…… ရွှေဟွေးကျောင်းတော်ရဲ့ ကျောင်းသားသစ်တွေထဲမှာတောင် ဒီလိုပါရမီမျိုး ရှိတဲ့သူက လက်ချိုးရေလို့ ရတယ် မဟုတ်လား"
ချင်ဝူဆန့်ရဲ့ နာမည် ထွက်လာတာနဲ့ လူတိုင်း တီးတိုး တီးတိုးနဲ့ ပြောဆိုလိုက်ကြပြီး အချို့လူတွေကတော့ မသိစိတ်အတိုင်း ဘေးပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ အနားမကပ်ခွင့်ပြုတဲ့ ထိုလူလေးဦးအုပ်စုဆီကို မသိမသာ လှမ်းကြည့်လိုက်ကြတယ်။
ဖန့်ချန်လည်း ဒါကို ရိပ်မိတာမို့ ထိုလူလေးဦးအုပ်စုဆီကို လှမ်းကြည့်လိုက်မိတယ်။
အဲဒီအထဲက လူနှစ်ယောက်ဟာ သူ့ကို တကယ့်ကိုပဲ အန္တရာယ်ရှိတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာ ဖြစ်တယ်။
ဘယ်လိုမှ မလွဲနိုင်ဘဲ အဲဒီလူနှစ်ယောက်မှာလည်း ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် ရှိတဲ့ အတွင်းကမ္ဘာနယ်မြေမျိုး ရှိနေကြတာ ဖြစ်ရမယ်။
"အခု ငါနဲ့ ထိတွေ့နေရတဲ့ ဒီလူတွေဟာ လူသားမျိုးနွယ်စုထဲမှာ အထက်မြက်ဆုံး ပါရမီရှင်တွေ မဟုတ်သေးရင်တောင်မှ ထိပ်တန်းအဆင့်တွေထဲက ရှေ့တန်းကလူတွေပဲ ဖြစ်ရမယ်။ ငါ့မှာ ဖဲချပ်အချို့ ရှိနေရင်တောင်မှ သူတို့ကို လျှော့တွက်လို့ မဖြစ်ဘူး။ ဒါဆိုရင် လူသားမျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေမှာကျတော့ ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေမလဲ။ အထွတ်ထိပ်တာအို အတွင်းကမ္ဘာနယ်မြေလား ဒါမှမဟုတ် ကောင်းကင် အတွင်းကမ္ဘာနယ်မြေလား"
ဖန့်ချန်ရဲ့ အမူအရာက အနည်းငယ် တည်ကြည်လေးနက်သွားပေမဲ့ ကံကောင်းတာက သူဟာ မိမိရဲ့ ကံကောင်းမှုတွေအပေါ် ဘယ်တုန်းကမှ မာန်တက်ခဲ့တာမျိုး မရှိဘူး။
ဒါကြောင့်မို့လည်း လက်ရှိအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူဟာ စိတ်အေးအေးထားပြီး တစ်လှမ်းချင်းစီ စနစ်တကျ လျှောက်လှမ်းနိုင်တာ ဖြစ်တယ်။
"ဟုတ်တယ်…… ဒီတစ်ကြိမ် စစ်ပွဲကို သခင်လေး ချင်ဝူဆန့်ကပဲ ဦးဆောင်တာ ဖြစ်တယ်"
ချင်ထောင်က ခေါင်းကို အသာအယာ ညိတ်ပြရင်း
"ဒီစစ်ပွဲက ဘယ်တော့မှ ပြီးဆုံးမလဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကသော့ချက်ဖြစ်တဲ့ အဲဒီပုရွက်ဆိတ်အသိုက်အမြုံဆီ သွားမယ့် လမ်းကြောင်းအမှန်ကို မသိရသေးလို့ပဲ။ ဒါကြောင့် လမ်းခရီးမှာ အချိန်အနည်းငယ် ဖြုန်းတီးနေရတာ။ ဒါပေမဲ့ သခင်လေး ချင်ဝူဆန့်ကသာ အဲဒီပုရွက်ဆိတ်အသိုက်အမြုံကို ရှာတွေ့သွားရင်တော့ ရှန်းဟုန်အကြွင်းအကျန်တွေမှာ ဘာပြန်လည်တိုက်ခိုက်နိုင်စွမ်းမှ ရှိမှာ မဟုတ်တော့ဘူး။ သူတို့ဆီမှာ သူတော်စင်အဆင့်ရှိတဲ့သူ တစ်ယောက်မှ တောင် မရှိဘူးလေ"
ဒီနေရာကို ရောက်တဲ့အခါ ချင်ထောင်ရဲ့ လေသံက အလွန်တရာ အထင်သေးတဲ့ အရိပ်အယောင်တွေ ဖြစ်သွားတော့တယ်။
ဒါကို ကြားတော့ လူတိုင်းလည်း သဘောပေါက်တဲ့ အပြုံးမျိုး ပြုံးလိုက်ကြတယ်။
"ကြည့်ရတာ ချင်ဝူဆန့်က အဖိုးကြီးတို့လူစုကို ခေါ်ပြီး ချန်းရွှေနတ်ဘုရားနယ်မြေဆီ ပြန်မရောက်သေးတဲ့ ပုံပဲ"
ဖန့်ချန် စိတ်ထဲကနေ တိတ်တဆိတ် တွေးလိုက်မိတယ်။
အနည်းဆုံးတော့ ဒီအပိုင်းမှာ ချင်ဝူဆန့်က သူ့ထက် အများကြီး နှေးကွေးနေသေးတာပဲ မဟုတ်လား။
"ကဲ…… မူရင်းအကြောင်းအရာဆီ ပြန်သွားရအောင်"
ထိုက်ရှီဝမ်ကျန်းက အသာအယာ ပြုံးလိုက်ရင်း
"မနေ့က မင်းတို့တွေ ကျင့်ကြံတဲ့ဂူအတွင်းက ထူးခြားဆန်းပြားတဲ့ စွမ်းအင်တွေကို ခံစားမိကြလား"
လူတိုင်း ချက်ချင်း စိတ်ဝင်တစား ဖြစ်သွားကြပြီး အဲဒီကျင့်ကြံတဲ့ဂူတွေဟာ တကယ့်ကိုပဲ ထူးခြားဆန်းပြားလွန်းတယ်လို့ အသီးသီး ပြောဆိုလိုက်ကြတယ်။
ကျင့်ကြံတဲ့ဂူတစ်ခုတည်းနဲ့တင် လူတစ်ယောက်ကို စွမ်းအင်စုဆောင်းခြင်း သူတော်စင်အဆင့်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ကြိုတင်ခံစားသိရှိစေနိုင်တာ ဖြစ်ပြီး၊ ဒီလိုအရာမျိုးက တခြားနေရာတွေမှာဆိုရင် ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ ကိစ္စပဲ ဖြစ်တယ်။ တကယ်လို့ ဖြစ်နိုင်ခဲ့ရင်တောင်မှ ရွှေဟွေးကျောင်းတော်လိုမျိုး လူတိုင်းကို ကျင့်ကြံတဲ့ဂူ တစ်လုံးစီ ပေးထားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
"ဒီနေရာက ကျင့်ကြံတဲ့ဂူတွေဟာ မင်းတို့တွေကို စွမ်းအင်စုဆောင်းခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် ကူညီပေးနိုင်ပြီး၊ စွမ်းအင်စုဆောင်းခြင်း သူတော်စင်အဆင့်ကို ပိုပြီး လွယ်လွယ်ကူကူ တက်လှမ်းနိုင်အောင် လုပ်ပေးလိမ့်မယ်။
မင်းတို့ထဲက အချို့လူတွေဟာ ကျောင်းသားသစ်ဘဝရဲ့ ပထမဆုံး နှစ်တစ်ထောင်အတွင်းမှာ အဆင့်မတက်နိုင်ခဲ့ရင်တောင်မှ…… ဒီနှစ်တစ်ထောင်က မင်းတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်လိမ့်မယ်။
အနည်းဆုံးတော့ မင်းတို့ကို သူတော်စင်တစ်ပိုင်းတွေထဲမှာ ထိပ်တန်းအဆင့် ဖြစ်လာစေမှာပဲ။ ရွှေဟွေးကျောင်းတော်ကနေ ထွက်ခွာသွားရင်တောင်မှ တခြားနေရာတွေမှာ နေရာကောင်းတစ်ခု ရနိုင်လိမ့်မယ်"
ထိုက်ရှီဝမ်ကျန်းက စကားပြောရင်းနဲ့ လူတိုင်းကို ခမ်းနားကြီးကျယ်တဲ့ နန်းတော်ကြီးတစ်ခုရဲ့ ရှေ့ဆီကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်တယ်။
"ဒါပေမဲ့ ဒါတွေအားလုံးကို မင်းတို့ကို အလကား ပေးထားတာ မဟုတ်ဘူး။ မင်းတို့ဘက်ကလည်း တစ်ခုခု ပြန်ပေးဆပ်ရမှသာ ဒီအကျိုးကျေးဇူးတွေကို ဆက်ပြီး ရရှိနိုင်မှာ ဖြစ်တယ်"
ထိုက်ရှီဝမ်ကျန်းက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ပြီး
"မင်းတို့တွေ ရွှေဟွေးကျောင်းတော်မှာ ရှိနေစဉ်အတွင်း ပိုပြီးကောင်းမွန်ပြီး မင်းတို့နဲ့ ပိုကိုက်ညီတဲ့ သူတော်စင်ကျမ်းစာတွေကို ရရှိနိုင်ရုံတင်မကဘဲ ဆရာသမားတွေရဲ့ လမ်းညွှန်မှုကိုလည်း ရံဖန်ရံခါ ရရှိနိုင်လိမ့်မယ်။
ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်မှာဆိုရင် အခုအချိန်မှာ လမ်းညွှန်ပေးဖို့အတွက် ဆရာသမား ဆယ်ယောက်ကျော် အခြေစိုက် စောင့်ကြပ်နေကြတယ်။ သူတို့တွေ အားလုံးက ငါတို့ရဲ့ စီနီယာကြီးတွေ ဖြစ်ကြတဲ့ ကောင်းကင်နိမိတ်ဖြစ်စဉ်သူတော်စင်ကြီးတွေပဲ"
"အစ်ကိုကြီးထိုက်ရှီ…… ဒါဆိုရင် ငါတို့ဘက်က ဘာတွေ ပြန်ပေးဆပ်ရမှာလဲဟင်"
မေဒေါင်ကွမ်းက ရုတ်တရက် ကြားဖြတ်မေးလိုက်တယ်။
လူတိုင်းလည်း တကယ့်ကိုပဲ သိချင်နေကြတာ ဖြစ်ပြီး၊ ရွှေဟွေးကျောင်းတော်ကို ရောက်လာရင် ကောင်းကောင်းမွန်မွန် ကျင့်ကြံနေရုံပဲလို့ ထင်ထားခဲ့ကြတာမို့ အခုကြည့်ရရင်တော့ တစ်ခုခု ပြန်ပေးဆပ်ရဦးမယ့် ပုံပဲ။
ဒါပေမဲ့ ရွှေဟွေးကျောင်းတော်လို နေရာမျိုးမှာ သူတို့ရဲ့ အကူအညီ လိုအပ်မယ့် ဘယ်လိုကိစ္စမျိုး ရှိနေလို့လဲ။
"မင်းတို့ ကောင်းကင်ငါးပါး အကြောင်း ကြားဖူးကြလား"
ထိုက်ရှီဝမ်ကျန်းက တည်ငြိမ်စွာ မေးလိုက်တယ်။
"ကောင်းကင်ငါးပါး"
လူတိုင်း အချင်းချင်း အထူးအဆန်းဖြစ်ကာ ကြည့်လိုက်ကြပေမဲ့ ဘယ်သူ့ရဲ့ ဦးနှောက်ထဲမှာမှ ဒါနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မျိုး ရှာမတွေ့ကြဘူး။
ဖန့်ချန်လည်း စိတ်ဝင်တစား ဖြစ်သွားရသည်။
"လောကမှာ ကောင်းကင်ငါးပါး ရှိပြီး…… အဲဒါတွေကတော့ ဟင်းလင်းပြင်၊ ကောင်းကင်ယံ၊ ပင်လယ်ပြာ၊ လင်းလက်တောက်ပခြင်းနဲ့ နတ်ဘုရားကောင်းကင်ယံ တို့ပဲ ဖြစ်တယ်"
"ကောင်းကင်မှာ နေမင်းခုနစ်စင်း ရှိပြီး…… အဲဒါတွေကတော့ ရွှေဟွေး၊ တန်လင်၊ ကောင်းကင်နေမင်း၊ တောက်ပသောနေမင်း၊ ရွှေရောင်ဘီးဝန်း၊ နေမင်းအလင်းတန်းနဲ့ အရှေ့ဘက်အရှင် သတ်မှတ်ချက် ကျောင်းတော်တွေပဲ ဖြစ်တယ်"
"ငါတို့ ရွှေဟွေးကတော့ အဲဒီနေမင်းခုနစ်စင်းထဲက တစ်စင်းပဲ။ ငါတို့ရဲ့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးကတော့ အဲဒီကောင်းကင်ငါးပါးထဲက တစ်ပါးပဲ ဖြစ်တယ်"
"မင်းတို့ လုပ်ရမယ့်အလုပ်ကတော့ အဲဒီ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ ကျန်တဲ့ နေမင်းခြောက်စင်း ကျောင်းတော်တွေရဲ့ ကျောင်းသားတွေကို အနိုင်ယူပြီး၊ ရွှေဟွေးကျောင်းတော်မှာ ဆက်ပြီး နေထိုင်ခွင့်ရမယ့် အရည်အချင်းတွေကို ကိုယ့်ဘာသာ ရှာဖွေစမ်းသပ် ရယူကြဖို့ပဲ"
ထိုက်ရှီဝမ်ကျန်းရဲ့ စကားလုံးတွေဟာ လူတိုင်းရဲ့ နားစည်ထဲမှာ မောင်းထုလိုက်သလိုမျိုး အုန်းခနဲ မြည်ဟီးသွားတော့သည်။
ဒါက ဖန့်ချန်ကိုပါ တစ်ခဏမျှ မှင်တက်သွားစေသည်။
ကောင်းကင်ငါးပါး ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးက အဲဒီကောင်းကင်ငါးပါးထဲက တစ်ပါးပဲ ဟုတ်လား။
ဒါဆိုရင် အဲဒီအဖွဲ့ကြီးနဲ့ အဆင့်အတန်းတူညီတဲ့ တခြား အင်အားကြီးအဖွဲ့အစည်းကြီး လေးခု ရှိနေသေးတာပေါ့။
"မင်းတို့ ရှေ့က နန်းတော်ကြီးကို မြင်လား။ အဲဒါကို ကောင်းကင်ငါးပါးနန်းတော် လို့ ခေါ်တယ်။ ရွှေဟွေးကျောင်းတော်ထဲမှာရှိတဲ့ လူမျိုးစုအသီးသီးရဲ့ ကျောင်းတော်တိုင်းမှာ ဒီလို ကောင်းကင်ငါးပါးနန်းတော် တစ်ခုစီ ရှိကြတယ်။ ဒါဟာ မင်းတို့တွေ နှစ်တစ်ရာပြည့်တိုင်း တစ်ကြိမ် လာရမယ့် နေရာပဲ ဖြစ်တာမို့ ဒီလမ်းကို သေသေချာချာ မှတ်ထားကြစမ်း၊ လုံးဝ မမေ့ကြနဲ့"
ထိုက်ရှီဝမ်ကျန်းက နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတဲ့ အပြုံးမျိုးနဲ့ လှမ်းပြောလိုက်တော့တယ်။
အခန်း (၂၀၃၈) ကောင်းကင်ငါးပါး စစ်မြေပြင်
"အစ်ကိုကြီးထိုက်ရှီ…… နောက်ပြောင်နေတာ မဟုတ်လားဟင်။ လောကမှာ ကောင်းကင်ငါးပါး ရှိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……"
ကျောင်းသားတစ်ယောက်က မရဲတရဲနှင့် ရယ်မောရင်း ပြောလိုက်၏။ တစ်ချိန်တည်းမှာပဲ သူက ဘေးပတ်ဝန်းကျင်ကလူများကို လှမ်းကြည့်ပြီး မိမိလိုမျိုး ထင်နေကြမည့်သူများကို လိုက်ရှာမိရာ၊ တကယ်ပဲ လူတိုင်း၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များကိုသာ အသီးသီး မြင်တွေ့လိုက်ရတော့သည်။
ထိုက်ရှီဝမ်ကျန်း၏ မျက်နှာပေါ်၌မူ အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ ဖြစ်ပြီး၊ တစ်ဖက်လူ၏ မေးခွန်းကို ပြန်မဖြေဘဲ ဒီအတိုင်း တည်ငြိမ်စွာ ပြုံးကြည့်နေခဲ့၏။
အချိန်အတော်ကြာ ဖြတ်သန်းသွားပြီးနောက်တွင်တော့ လူတိုင်းသည် မယုံကြည်နိုင်သည့် အခြေအနေမှသည် တဖြည်းဖြည်း မတင်မကျ ယုံကြည်လာသည့် အခြေအနေဆီ ပြောင်းလဲသွားကြသဖြင့် မျက်နှာအမူအရာများမှာ တကယ့်ကို ထူးခြားဆန်းပြားလို့ သွားတော့သည်။
တကယ်လို့ လောက၌ ကောင်းကင်ငါးပါး တကယ်ရှိနေသည်ဆိုလျှင် ဒါဟာ သူတို့ ငယ်စဉ်ကတည်းက၊ မွေးကင်းစကလေးဘဝကနေ အခုလို လူသားမျိုးနွယ်စု၏ သူတော်စင်တစ်ပိုင်းအဆင့်အထိ တစ်လှမ်းချင်းစီ တက်လှမ်းလာသည့်အချိန်အထိ သင်ယူမှတ်သားခဲ့ရသမျှ သိနားလည်မှုအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တာနှင့် အတူတူပင် မဟုတ်လား။
"မင်းတို့ မယုံကြတာကလည်း သဘာဝကျပါတယ်။ အတိတ်တုန်းက ငါ ရွှေဟွေးကျောင်းတော်ကို စရောက်ခါစက ဒီကိစ္စကို ကြားရတော့ ငါလည်း သိပ်မယုံခဲ့ဘူး။ ငါတို့ရဲ့ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးကသာ လောကမှာ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သင့်တာလေ"
ထိုက်ရှီဝမ်ကျန်းက အသာအယာ ပြုံးလျက် ဆက်ပြော၏။
"ဒါပေမဲ့ စိတ်မကောင်းစရာပဲ…… လောကမှာ ကောင်းကင်ငါးပါး ရှိနေတာက အမှန်တရားပဲ။ ဒါပေမဲ့ ဒီကိစ္စကို သိတဲ့သူတွေအားလုံးက အထူးချွန်ဆုံး ပါရမီရှင်တွေပဲ ဖြစ်ကြတယ်။ အခု မင်းတို့ သိလိုက်ရပြီဆိုတော့ မင်းတို့လည်းပဲ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးထဲက တကယ့်အထူးချွန်ဆုံး ပါရမီရှင်တွေ ဖြစ်လာကြပြီလို့ ပြောလို့ရတာပေါ့၊ အောက်ခြေက သာမန်လူတွေနဲ့ လုံးဝ ကွဲပြားသွားခဲ့ပြီ"
သူတို့အနားသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် စီနီယာကျောင်းသားဟောင်း အုပ်စုတစ်စု ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
လူဦးရေ ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိမည့် ထိုကျောင်းသားဟောင်းများသည် ကျောင်းသားသစ်အုပ်စုကို ပြုံးစိစိနှင့် လှမ်းကြည့်နေကြပြီး၊ သူတို့မျက်နှာပေါ်က အမူအရာများကို အရသာခံ ကြည့်ရှုနေကြသည့်ပုံစံမျိုး ဖြစ်သည်။
ကျောင်းသားသစ်များ ဒါကို မြင်လိုက်ရသည့်အခါ စိတ်အခြေအနေက ချက်ချင်းဆိုသလို လေးလံထိုင်းမှန်းသွားရတော့သည်။
ဘာဖြစ်လို့လဲဆိုတော့ စောစောက ထိုက်ရှီဝမ်ကျန်း ပြောခဲ့သည့် အရာအားလုံးက တကယ်ကြီး အမှန်တရား ဖြစ်နိုင်သည်ဟု သူတို့ ခံစားလိုက်ရသောကြောင့်ပင်။
"ဒါပေမဲ့ မင်းတို့တွေလည်း စိတ်ထဲမှာ အရမ်းကြီး ဖိအားမထားပါနဲ့။ အဲဒီ နေမင်းခုနစ်စင်း ကျောင်းတော်တွေထဲမှာ ငါတို့ ဟင်းလင်းပြင်က ကျောင်းတော်နှစ်ခုကို ပိုင်ဆိုင်ထားတာမို့ လင်းလက်တောက်ပခြင်း ကောင်းကင်ယံနဲ့ အဆင့်အတန်း အတူတူပဲ။ ကောင်းကင်ငါးပါးကြားထဲမှာ ငါတို့ကလည်း အားနည်းတဲ့အထဲမှာ မပါပါဘူး"
ထိုက်ရှီဝမ်ကျန်းက ပြုံးပြီး ပြောလိုက်၏။
လူတိုင်းသည် ဒီသိနားလည်မှုအသစ်ကို တဖြည်းဖြည်း လက်ခံလာကြပြီး၊ မိမိတို့၏ စိတ်အာရုံက အတင်းအကြပ် ဆေးကြောသန့်စင်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရကာ ကျောင်းတော်ကို စရောက်ခါစအချိန်က ခံစားချက်နှင့် လုံးဝ တခြားစီ ဖြစ်သွားရတော့သည်။
"အစ်ကိုကြီးထိုက်ရှီ…… ဒါဆိုရင် အဲဒီ ကောင်းကင်ငါးပါး စစ်မြေပြင်ကို…… ထဲထဲဝင်ဝင် ရောက်သွားတာနဲ့ တခြားကျောင်းတော်က ကျောင်းသားတွေနဲ့ တိုက်ရိုက် လက်ရည်ယှဉ်ပြိုင်လို့ ရတာလား"
ချင်ထောင်က စူးစမ်းချင်စိတ်နှင့် လှမ်းမေးလိုက်၏။
သူမသည် ဟော်ဆွေ့မျိုးနွယ်စု၏ မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေပါလျက်နှင့် အတိတ်တုန်းက ဒီကိစ္စကို တစ်လုံးတစ်ပါဒမှ မကြားဖူးခဲ့တာကြောင့် တကယ်ပင် အံ့အားသင့်နေမိသည်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးက ပြည်တွင်း၌ ဒီသတင်းအချက်အလက်ကို ဘယ်လောက်အထိ တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသလဲဆိုတာ ထင်ရှားနေပေသည်။
ချင်ထောင်၏ မေးခွန်းက လူတိုင်း၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။
သူတို့သည် ရွှေဟွေးကျောင်းတော်သို့ ရောက်ရှိလာနိုင်ကြသူများ ဖြစ်ကြသဖြင့် မိမိတို့၏ ကိုယ်ပိုင်နယ်မြေအသီးသီးတွင် အထူးချွန်ဆုံး တည်ရှိမှုများ ဖြစ်ကြပေသည်။ ဒါကြောင့်မို့လည်း သူတို့ရင်ထဲတွင် အရှုံးမပေးချင်သည့် ပြိုင်ဆိုင်လိုစိတ်များ အပြည့်ရှိနေကြ၏။
အခု ရွှေဟွေးကျောင်းတော်က ကျောင်းသားများနှင့်တင်မကဘဲ တခြားကျောင်းတော်ကြီးများက ကျောင်းသားများနှင့်ပါ တိုက်ခိုက် လက်ရည်ယှဉ်ခွင့်ရမည်ဆိုတာ သိလိုက်ရသည့်အခါ ရင်ထဲ၌ မျှော်လင့်ချက်အချို့ ရှင်သန်လာရတော့သည်။
"မှန်တာပေါ့"
ထိုက်ရှီဝမ်ကျန်းက ခေါင်းကို အသာအယာ ညိတ်ပြရင်း
"ကောင်းကင်ငါးပါးနန်းတော်ကတစ်ဆင့် မင်းတို့တွေကို ကောင်းကင်ငါးပါး စစ်မြေပြင်ဆီ ပို့ဆောင်ပေးလိမ့်မယ်။ အဲဒီအထဲမှာ မင်းတို့ဟာ ကျောင်းတော်အသီးသီးက ကျောင်းသားတွေနဲ့ တိုက်ခိုက် လက်ရည်ယှဉ်နိုင်မှာ ဖြစ်တယ်။ တိုက်ပွဲတစ်ပွဲ နိုင်တိုင်းမှာ ရွှေဟွေးတံဆိပ်တစ်ခု ရလိမ့်မယ်။
လူတစ်ယောက်ကို သတ်နိုင်တိုင်းမှာတော့ ရွှေဟွေးတံဆိပ် နှစ်ခု ရလိမ့်မယ်။ ကျောင်းသားသစ်ဘဝရဲ့ ပထမဆုံးအဆင့်က နှစ်တစ်ထောင် ကြာမြင့်တယ်ဆိုပေမဲ့…… အဲဒီနှစ်တစ်ထောင်အတွင်းမှာ လူတွေ အရည်အချင်းမပြည့်မီလို့ ဖယ်ရှားမခံရဘူးလို့ မဆိုလိုဘူး။
နှစ်သုံးရာပြည့်တိုင်းမှာ မင်းတို့ဟာ ရွှေဟွေးတံဆိပ် အပြားသုံးဆယ် ပေးဆောင်ရမယ်။ ပေးဆောင်ဖို့ တံဆိပ်မရှိတဲ့သူ ဒါမှမဟုတ် တံဆိပ်မပြည့်စုံတဲ့သူတွေကတော့ ရွှေဟွေးကျောင်းတော်ကနေ ထွက်ခွာသွားကြရလိမ့်မယ်"
လူတိုင်း ရင်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားကြပြီး၊ တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှု စိတ်ဖိအားတစ်ခု တိုးဝင်လာရတော့သည်။
"နှစ်သုံးရာမှာ တံဆိပ်အပြားသုံးဆယ်။ ဆိုလိုတာက ကောင်းကင်ငါးပါး စစ်မြေပြင်ကို ဝင်ရောက်တိုင်းမှာ အနည်းဆုံး ဆယ်ပွဲနိုင်အောင် တိုက်ရမယ်၊ ဒါမှမဟုတ် ငါးယောက်ကို သတ်ရမယ်။ နှစ်သုံးရာအတွင်းမှာ အပြတ်အသတ် နိုင်ပွဲအကြိမ်သုံးဆယ်……"
ဖန့်ချန် စိတ်ထဲကနေ တိတ်တဆိတ် တွက်ချက်နေမိ၏။
တစ်ယောက်က လှမ်းမေးသည်
"ဒါဆိုရင် တကယ်လို့ တစ်ပွဲရှုံးသွားခဲ့ရင် ဘယ်လိုအပြစ်ပေးမှုမျိုး ရှိလဲဗျ"
"ဒါကတော့ သဘာဝကျကျပဲ ရွှေဟွေးတံဆိပ်တစ်ခု နှုတ်ယူခံရမှာပေါ့။ တကယ်လို့ တခြားလူရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရရင်တော့……"
ထိုက်ရှီဝမ်ကျန်းက စကားကို ဆက်မပြောတော့ပေမဲ့ လူတိုင်းလည်း သူ့စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်လိုက်ကြသည်။
"ဒါနဲ့ စကားမစပ်…… ရွှေဟွေးတံဆိပ်က တခြားအသုံးဝင်တဲ့ နေရာတွေလည်း ရှိသေးတယ်၊ နောင်ကျရင် မင်းတို့ ဖြည်းဖြည်းချင်း နားလည်လာလိမ့်မယ်။ လောလောဆယ်တော့ တစ်ခုပဲ အရင်ပြောပြထားမယ်။ မင်းတို့ သိထားကြတဲ့အတိုင်း နတ်ဘုရားစွမ်းရည် ကျင့်စဉ်တွေဆိုတာ ကနဦး စွမ်းရည်နိုးထစဉ်ကာလကတည်းက သတ်မှတ်ပြီးသား ဖြစ်တယ် ဟုတ်တယ်မလား"
ထိုက်ရှီဝမ်ကျန်းက ပြုံးလျက် မေးလိုက်၏။
"ဟုတ်ပါတယ်"
လူတိုင်းက ဆက်တိုက် ခေါင်းညိတ်ကြသည်၊ စွမ်းရည်နိုးထခါစအချိန်မှာတင် နတ်ဘုရားစွမ်းရည် ကျင့်စဉ်များက အသေသတ်မှတ်ပြီးသား ဖြစ်ပေသည်။
ဒါပေမဲ့ နောင်ပိုင်း ကျင့်ကြံခြင်းလမ်းစဉ်၌လည်း အချို့သော နတ်ဘုရားစွမ်းရည်များကို နားလည်သဘောပေါက်ပြီး နိုးထခွင့်ရမည့် အခွင့်အရေးမျိုး ရှိတတ်ပါသေး၏။ အဲဒီနတ်ဘုရားစွမ်းရည် အများစုက သွေးမျိုးဆက်ထဲ၌ စီးဆင်းနေတာမျိုး ဖြစ်ပြီး၊ ဘိုးဘွားအစဉ်အဆက်တွင် တစ်ယောက်ယောက်က နိုးထဖူးခဲ့လျှင် နောင်မျိုးဆက်များ၌လည်း နိုးထနိုင်မည့် အခွင့်အရေး ရာခိုင်နှုန်းတစ်ခု ရှိနေတာ ဖြစ်သည်။
"ရွှေဟွေးကျောင်းတော်မှာတော့ မင်းတို့ဟာ ရွှေဟွေးတံဆိပ်တွေကို ပေးဆောင်ပြီး အချို့သော နတ်ဘုရားစွမ်းရည်တွေကို နားလည်သဘောပေါက်ခွင့်ရမယ့် အရည်အချင်းတွေကို ဝယ်ယူနိုင်တယ်။
အဲဒီလို ဝယ်ယူပြီးတဲ့နောက် တကယ် နားလည်သဘောပေါက်နိုင်မလား ဆိုတာကတော့ မင်းတို့ကိုယ်ပိုင် ပါရမီအပေါ်မှာပဲ မူတည်လိမ့်မယ်။
ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ နတ်ဘုရားစွမ်းရည်တွေကတော့ အမျိုးအစားတိုင်းဟာ လောကမှာ အထက်မြက်ဆုံး တည်ရှိမှုတွေပဲ ဖြစ်တယ်။ သာမန် ဓာတ်ကြီးငါးပါး ထိန်းချုပ်တဲ့ ပညာရပ်တွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး"
ထိုက်ရှီဝမ်ကျန်းက စကားပြောနေရင်းနှင့် ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ သူ့ဘက်က စာလုံးထွင်းထုခြင်း နတ်ဘုရားစွမ်းရည်ကိုပဲ ဥပမာအဖြစ် ကောက်ယူသုံးနှုန်းလိုက်၏။
ဒီနေရာတွင်ရှိသည့် ကျောင်းသားသစ်များ အတိုင်းအတာမရှိ မှင်တက်သွားကြရသည်။
"နတ်ဘုရားစွမ်းရည်ကို ပြင်ပအားအင်တွေ သုံးပြီးတော့တောင် နားလည်သဘောပေါက်အောင် လုပ်လို့ရတာလား"
"ရတာပေါ့…… မဟုတ်ရင် ဘာဖြစ်လို့ ငါတို့က နေမင်းခုနစ်စင်း ကျောင်းတော်တွေထဲက တစ်ခု ဖြစ်နေရမှာလဲ"
ထိုက်ရှီဝမ်ကျန်းက တည်ငြိမ်စွာ ပြောလိုက်၏။
"ပြင်ပလောကမှာ မဖြစ်နိုင်ဘူးလို့ မင်းတို့ ထင်ထားတဲ့ အရာအားလုံးဟာ ကျောင်းတော်ထဲမှာတော့ တကယ့်ကို ရိုးရှင်းတဲ့ ကိစ္စတစ်ခုပဲ ဖြစ်နေလိမ့်မယ်။ မင်းတို့ဟာ ဒီနေရာမှာ မင်းတို့ရဲ့ အမြင်အာရုံတွေကို ကျယ်ပြန့်အောင် လုပ်နိုင်ရုံတင်မကဘဲ မင်းတို့ကိုယ်တိုင်သာ တကယ် သန်မာမယ်ဆိုရင် နောင်အနာဂတ်မှာ ပိုပြီးတော့ပဲ သန်မာလာလိမ့်မယ် ရိုးရိုးသားသား ပြောရရင်တော့ ငါဟာ စွမ်းအင်စုဆောင်းခြင်း ကနဦးအဆင့်ပဲ ရှိသေးပေမဲ့ ရွှေဟွေးကျောင်းတော်ကနေ ထွက်ခွာသွားရင်တော့ ပြင်ပလောကမှာ ငါနဲ့ လက်ရည်ယှဉ်နိုင်မယ့် အဆင့်တူ သူတော်စင်ဆိုတာ တကယ့်ကို လက်ချိုးရေလို့ ရပါတယ်"
စကားပြောနေစဉ်အတွင်းမှာပင် သူ့ကျောပြင်နောက်က အတွင်းကမ္ဘာနယ်မြေသည် လူတိုင်း၏ ရှေ့မှောက်ဆီသို့ ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့ပြီ ဖြစ်၏။
မြူခိုးများ လွင့်ပြယ်သွားသည့်အခါ အမျိုးအစား ရှစ်မျိုး၊ ကိုးမျိုးမကရှိသည့် နတ်ဘုရားစွမ်းရည် အလင်းတန်းများ ဝေဝေဆာဆာ လည်ပတ်တောက်ပနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရတော့သည်။
"စာလုံးထွင်းထုထားတဲ့ နတ်ဘုရားစွမ်းရည်တွေ ဒီလောက်တောင် များတာလား……"
လူတိုင်း ကြောင်အမ်းသွားကြရရှာသည်။
ဖန့်ချန်လည်း အနည်းငယ် အံ့အားသင့်သွားမိ၏။ တကယ်လို့ ရွှေဟွေးကျောင်းတော်၏ ထိုက်ရှီဝမ်ကျန်းလိုမျိုး စွမ်းအင်စုဆောင်းခြင်း ကနဦးအဆင့် သူတော်စင်တစ်ဦးမှာပင် ဒီလောက်အထိ အစွမ်းထက်သည့် ပါဝါမျိုး ရှိနေလျှင် ကျန်သည့်လူများ၌ကျတော့ ဘယ်လိုရှိနေမလဲ။
"ငါ အတွင်းကမ္ဘာနယ်မြေကို စတင်စုစည်းတုန်းက စာလုံးထွင်းထုခြင်း နတ်ဘုရားစွမ်းရည် နှစ်မျိုးပဲ ရှိခဲ့တာမို့ ငါ့ပါရမီက ကောင်းတယ်လို့လည်း ပြောလို့မရသလို ညံ့တယ်လို့လည်း ပြောလို့မရပါဘူး။ ဒါပေမဲ့ ငါ ရွှေဟွေးကျောင်းတော်ကို ဝင်ခွင့်ရပြီးတဲ့နောက် မိမိရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတွေကြောင့် ကောင်းကင်ငါးပါး စစ်မြေပြင်ရဲ့ တိုက်ပွဲတွေအလီလီကြားထဲကနေ ငါဟာ နောက်ထပ် နတ်ဘုရားစွမ်းရည်အချို့ကို ထပ်ပြီး နားလည်သဘောပေါက်လာခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ အဲဒီအထဲက တစ်ခုကတော့ ရွှေဟွေးတံဆိပ်ကို သုံးပြီး ရွှေဟွေးကျောင်းတော်ထဲမှာ လေ့လာဆည်းပူးရင်းနဲ့ ရရှိခဲ့တာ ဖြစ်တယ်။ အဲဒီနတ်ဘုရားစွမ်းရည်ရဲ့ နာမည်ကတော့ ကိုးဆစွမ်းအားလက်သီး လို့ ခေါ်တယ်"
စကားပြောလိုက်တာနှင့် တစ်ပြိုင်နက် ထိုက်ရှီဝမ်ကျန်း၏ ခန္ဓာကိုယ်ပေါ်က အရှိန်အဟွာများသည် တိတ်တဆိတ် ပြောင်းလဲသွားပြီး၊ လက်သီးအစုံပေါ်တွင် ပြင်းထန်လှသည့် နတ်ဘုရားစွမ်းရည် အလင်းတန်းများ တရိပ်ရိပ် လည်ပတ်လာတော့၏။
ဖန့်ချန်အပါအဝင် ဒီနေရာမှာရှိသည့် သူတော်စင်တစ်ပိုင်း ကျောင်းသားအားလုံးသည် အလွန်အမင်း အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသဖြင့်၊ မသိစိတ်အတိုင်း ထိုက်ရှီဝမ်ကျန်းနှင့် အကွာအဝေးတစ်ခုအထိ နောက်ဆုတ်ကာ ခွာလိုက်ကြတော့သည်။
"ငါဟာ ဒီကိုးဆစွမ်းအားလက်သီးကို အားကိုးပြီးတော့ အတိတ်တုန်းက စွမ်းအင်စုဆောင်းခြင်း အလယ်အလတ်အဆင့် သူတော်စင်တစ်ဦးရဲ့ အတွင်းကမ္ဘာနယ်မြေကို လက်သီးတစ်ချက်တည်းနဲ့ ရိုက်ခွဲဖျက်ဆီးပစ်ခဲ့ဖူးတယ်"
ထိုက်ရှီဝမ်ကျန်းက ပြုံးပြီး ပြောလိုက်၏။
"ရှူး……"
လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြရပြီး၊ မျက်ဝန်းများက တဖြည်းဖြည်းနှင့် အရူးအမူး တောင့်တသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။
"အဲဒီသူတော်စင်ရဲ့ လာရာနောက်ခံက ငါ့လောက် မကောင်းခဲ့ဘူးဆိုရင်တောင်မှပေါ့လေ"
ထိုက်ရှီဝမ်ကျန်းက သူ့အရှိန်အဟွာများကို ပြန်ရုပ်သိမ်းလိုက်ရာ၊ အတွင်းကမ္ဘာနယ်မြေကလည်း ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွားတော့၏။
"ကိုးဆစွမ်းအားလက်သီးဆိုတာ ရွှေဟွေးကျောင်းတော်ရဲ့ မြောက်မြားစွာသော နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုပဲ ဖြစ်ပြီး ရွှေဟွေးကျောင်းတော်ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်လို့လည်း ပြောလို့မရပါဘူး။
တခြား စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတွေနဲ့ နှိုင်းယှဉ်ရင် ငါ့ရဲ့ ပါရမီက တကယ်တော့ သာမန်ပါပဲ။ ဒါပေမဲ့ ဒီနေရာမှာရှိတဲ့ မင်းတို့တွေရဲ့ ရာခိုင်နှုန်း ကိုးဆယ့်ကိုးလောက်ကတော့ ငါ့ကို ဘယ်လိုမှ မှီမှာမဟုတ်ဘူး၊ ဒါပေမဲ့လည်း စိတ်ဓာတ်မကျပါနဲ့။ မင်းတို့တွေ ရွှေဟွေးကျောင်းတော်မှာ ရှိနေသရွေ့တော့ အခွင့်အရေးတွေ အားလုံးမှာ ရှိနေတုန်းပဲ"
ထိုက်ရှီဝမ်ကျန်းက ဒီနေရာအထိ ပြောပြီးသည့်နောက် စကားကို ဆက်မပြောတော့ဘဲ ဘေးတစ်နေရာတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေရင်း၊ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်ပုံစံမျိုး လုပ်နေတော့သည်။
လက်ဖက်ရည်တစ်ခွက်စာလောက် အချိန်အကြာတွင်မူ ကောင်းကင်ငါးပါးနန်းတော်ဆီကနေ ရုတ်တရက် တောက်ပဆန်းပြားသည့် နတ်ဘုရားအလင်းတန်းများ အုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး၊ ထို့နောက်တွင်တော့ တစ်ယောက်ပြီးတစ်ယောက်သော ပုံရိပ်များသည် အထဲကနေ လျှောက်လှမ်းထွက်ခွာလာကြတော့၏။
အဲဒီတည်ရှိမှု အများစုသည် ခန္ဓာကိုယ်၌ ဒဏ်ရာများ ရထားကြပြီး ကိုယ်ပေါ်က အရှိန်အဟွာများကလည်း အလွန်အမင်း ထက်မြက်ပြင်းထန်လျက် ရှိနေကြသည်။
အချို့လူများသည် ဖန့်ချန်တို့လိုမျိုးပင် သူတော်စင်တစ်ပိုင်းများ ဖြစ်ကြ၏။
အချို့လူများသည် ထိုက်ရှီဝမ်ကျန်းလိုမျိုးပင် စွမ်းအင်စုဆောင်းခြင်း ကနဦးအဆင့် သူတော်စင်များ ဖြစ်ကြသည်။
ဒါပေမဲ့ အများစု၏ ကျင့်ကြံခြင်းအဆင့်အတန်းကတော့ ထိုက်ရှီဝမ်ကျန်းထက်စာလျှင် အများကြီး ပိုပြီးတော့ နက်နဲခိုင်ခံ့လွန်းနေကြတာ ဖြစ်၏။
သူတို့သည် အချင်းချင်း ပျော်ပျော်ပါးပါး စကားပြောဆိုရင်း ဖြတ်သန်းသွားကြပြီး၊ ဖန့်ချန်တို့ ကျောင်းသားသစ်အုပ်စု၏ ဘေးကနေ ဖြတ်သွားသည့်အခါ အချို့လူများက ခြေလှမ်းရပ်ကာ တစ်ချက်နှစ်ချက် လှမ်း၍ အကဲခတ်ကြည့်ရှုကြ၏။
အချို့လူများကတော့ လုံးဝကိုပဲ အရေးမစိုက်သည့် အမူအရာမျိုး ပြသကြသည်။ လူနည်းစုလောက်ကသာ ထိုက်ရှီဝမ်ကျန်းကို နှုတ်ဆက်စကား လှမ်းပြောကြတာ ဖြစ်သည်။
အဲဒီလို တည်ရှိမှုကြီးများ၏ အကဲခတ်ကြည့်ရှုခြင်းကို ခံရသည့်အခါ ကျောင်းသားသစ်အားလုံးသည် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သည့် ခံစားချက်မျိုး ဝင်ရောက်လာရတော့သည်။
ထိုအချိန်မှာပဲ ကောင်းကင်ထက်ကနေ အလင်းမျက်နှာပြင် အကာအကွယ်ကြီးတစ်ခု ဖြန်းခနဲ ကျဆင်းလာပြီး၊ ထိုအပေါ်၌မူ တစ်ခုပြီးတစ်ခုသော နာမည်များ ရေးထိုးထားတာကို တွေ့လိုက်ရသည်။
အချို့သော နာမည်များ၏ နောက်ကွယ်တွင် 'အောင်နိုင်ခြင်း' ဟူသော စာလုံး ရေးထားသည်။
အချို့သော နာမည်များ၏ နောက်ကွယ်တွင်မူ 'ရှုံးနိမ့်ခြင်း' ဟူသော စာလုံး ရေးထား၏။
အချို့သော နာမည်များကတော့ လုံးဝကိုပဲ မီးခိုးရောင်အဖြစ် ပြောင်းလဲမှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ငါးပါးနန်းတော်ထဲကနေ ခုနတင် ထွက်လာကြသည့် သူတော်စင်အပေါင်းသည် ခြေလှမ်းများကို အသီးသီး ရပ်တန့်လိုက်ကြပြီး၊ အဲဒီအလင်းမျက်နှာပြင်ကြီးကို စိုက်ကြည့်နေကြရင်း အချိန်အတန်ကြာသည့်အခါ သက်ပြင်းချသံများ ထွက်ပေါ်လာသလို၊ အချို့လူများ၏ နာကျင်ဒေါသတကြီးနှင့် အော်ဟစ်မြည်တမ်းသံများကိုလည်း ကြားလိုက်ရလေသည်။
"မြင်ကြပြီလား…… ငါ မျှော်လင့်တာကတော့ မင်းနဲ့ငါ့ရဲ့ နာမည်တွေဟာ ဒီအပေါ်မှာ ရောက်တဲ့အခါ လုံးဝ မှေးမှိန်ပျောက်ကွယ်သွားတာမျိုး မဖြစ်ပါစေနဲ့လို့ပဲ"
ထိုက်ရှီဝမ်ကျန်းက လေသံအသာအယာလေးနှင့် ပြောလိုက်၏။
လူတိုင်း၏ ရင်ထဲ၌ ရှိနေသည့် စောစောက စိတ်လှုပ်ရှားတက်ကြွမှု အကြွင်းအကျန်လေးများသည် တဖြည်းဖြည်းနှင့် လွင့်ပြယ်ပျောက်ကွယ်သွားရတော့သည်။
ရွှေဟွေးကျောင်းတော်သို့ ဝင်ခွင့်ရပြီးသည့်နောက်မှာတောင်မှ အသက်အန္တရာယ်ရှိသည့်အထိ တကယ့်ကို ကြီးမားသည့် စိုးရိမ်ထိတ်လန့်စရာ ဘေးဒုက္ခများ ရှိနေဦးမည်ဟု ဘယ်သူက ထင်ထားခဲ့မိမှာလဲ။