← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 44 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 44 Ch. 429-430

အခန်း(၄၂၉)

“အဖေ ဒါအဖေတောင်းဆိုတာနော်။ ပြီးသွားမှ ကျွန်မ မရိုးသားဘူးဆိုပြီး အပြစ်မတင်နဲ့”

ဖုန်းချုံးယွီ ငေါ့တော့တော့ ပြောလိုက်ပြီး သူမ အဖေပေါ် လုံးဝလေးစားမှု မပေးချေ။

“ပြော”

ဖုန်းမိသားစုခေါင်းဆောင် သမီးဖြစ်သူကို ဘယ်သောအခါမှ သဘောမကျချေ။ ကျင့်ကြံခြင်းလမ်းစဉ်တွင် ခွန်အားသည် အစစအရာရာ ဖြစ်သော်လည်း ဖုန်းချင်းယန်သည် အကြံအစည်များနှင့် လှည့်ကွက်များကိုသာ ပို၍ နှစ်သက်ပြီး ဖုန်းမိသားစု၏ စရိုက်လက္ခဏာ နည်းပါးသည်။

ဖုန်းချင်းယန် ပြုံးလိုက်သည်။

“ကျွန်မသိထားသလိုဆို ဖုန်းမိသားစုက ဖိတ်စာတွေ ပို့ထားပေမဲ့ ပြိုင်ပွဲအကြောင်းတော့ ဘာမှမပြောရသေးဘူး”

“ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက် ပြိုင်ပွဲထဲ ပါချင်မှတော့ ကျွန်မတို့ စည်းမျဉ်းတွေကို ပြင်လိုက်လို့ရတယ်။ ပြိုင်ပွဲဝင်တွေက အခြားသူတွေကို အကူအညီအဖြစ် ခေါ်ခွင့်ရှိတာမျိုးပေါ့”

ထိုစကားများကြောင့် ဖုန်းမိသားစုအကြီးအကဲ ပုံမှန်မဟုတ်စွာ ဖုန်းချင်းယန်ကို ပြန်မငြင်းဆန်တော့ချေ။

သူတို့ လူမိုက်များ မဟုတ်ကြသည့်အတွက် သူမဆိုလိုသည်ကို နားလည်ကြ၏။

ဖုန်းမိသားစုခေါင်းဆောင် ပြောသည်။

“ဟုတ်တယ်။ ဖြစ်နိုင်တယ်။ ပထမအချက် ငါတို့ဖုန်းမိသားစုက စွမ်းအားကြီးအင်အားစုတွေကို ရှာနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြနိုင်တယ်။ ဒုတိယအချက် ပြိုင်ပွဲစင်မြင့်ပေါ်မှာ အဘိုးကြီးတစ်ယောက်ပေါ်လာရင်တောင် လှောင်ပြောင်ခံရမှာကို တားဆီးနိုင်တယ်”

ဖုန်းချင်းယန် နှုတ်ခမ်းများ ကွေးတက်သွားသည်။

“အဖေ ချုံးယွီက ကျွန်မအချစ်ဆုံး တူမလေးပါ။ ကျွန်မက သူ့ကို ထိခိုက်အောင် လုပ်ပါ့မလား”

ဖုန်းမိသားစုခေါင်းဆောင် ခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“အခြားဘာရှိသေးလဲ”

ဖုန်းချင်းယန် ပြောသည်။

“ဒုတိယအနေနဲ့ လာမဲ့ရက်တွေမှာ ချုံးယွီကို အိမ်ထဲကအိမ်ပြင် မထွက်စေနဲ့။ သူ့ကို လူမြင်ကွင်းမှာ ဝမ်တောက်ကျောင်းတော်အကြီးအကဲနဲ့ တွဲပြီး မတွေ့စေနဲ့။ တခြားသူတွေကတော့ ထွက်လည်း သူ့ဂိုဏ်းတူမောင်နှမတွေဆိုပြီး ကာလို့ရတယ်”

“ကောင်းပြီ မင်းအကြံပေးတဲ့အတိုင်း လုပ်ကြတာပေါ့”

ထို့နောက် ဖုန်းမိသားစုခေါင်းဆောင် သူ့သားအကြီးဆုံးကို ကြည့်လိုက်၏။

“ဟွမ်လီ ချုံးယွီက မင်းသမီး။ ဒီကိစ္စကို မင်းတာဝန်ယူလိုက်”

“ဟုတ်ကဲ့”

ဖုန်းအဖေက ပြန်ဖြေလိုက်ပြီး သက်သာရာရစွာ သက်ပြင်းချသည်။

ခြံဝင်းအတွင်း၌

ယဲ့ပေရွှမ်နှင့် ဖုန်းချုံးယွီတို့ ထွက်တော့မည့်အချိန် မီးဖီးနစ်တစ်ကောင် ဆင်းသက်လာသည်။

၎င်းကို မြင်သည့်အခါ ဖုန်းချုံးယွီ ခဏရပ်လိုက်၏။ မီးဖီးနစ်က လူသားဘာသာစကား ပြောလာ၏။

“သခင်မကြီးက မင်းကို တွေ့ချင်နေပါတယ်။ ခြံဝင်းထဲမှာ စောင့်နေပါ”

“ကောင်းပြီ။ ငါ နားလည်ပြီ”

ဖုန်းချုံးယွီ ယဲ့ပေရွှမ်ကို ကြည့်လိုက်သည်။

“ဂျူနီယာညီမလေးစိတ်မပူနဲ့။ အဒေါ်ဆီရောက်ရင် အပြစ်တွေအားလုံးကို ကိုယ်ပဲယူလိုက်မယ်။ သူ မင်းကို သေချာပေါက် စိတ်ပြေသွားစေရမယ်”

ယဲ့ပေရွှမ် အလိုလိုက်ဟန် ပြောသည်။

“ကျေးဇူးပါ စီနီယာအစ်ကို”

စီနီယာအစ်ကို မည်မျှ ဂုဏ်ယူတတ်ကြောင်း သူမ သိသည်။ ဝမ်တောက်ကျောင်းတော်တွင် သူ့စီနီယာမောင်နှမများလွဲ၍ ပါရမီရှင်များကြား မည်သူထက်မှ မနိမ့်ပေ။

ထိုကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ခွန်အားပေါ် မှီခိုမည့်အစား သူမ အမေကို အပြစ်ဝန်ခံမည်ဟု ပြောလာ၍ သူမ အတော်လေး ခံစားသွားရသည်။

ဖုန်းချုံးယွီတို့ ခြံဝင်းအပြင်၌ ဇိမ်ခံမြင်းလှည်းတစ်စီး လာရပ်သည်။

သူမ ဝင်ပေါက်တွင် ရပ်ပြီး ကြိုစောင့်နေ၏။

မြင်းလှည်းတံခါးပွင့်လာပြီး အစေခံနှစ်ဦး အကူအညီဖြင့် ကျက်သရေရှိသော မျိုးရိုးမြင့် အမျိုးသမီးတစ်ဦး ဆင်းလာသည်။

“အမေ”

ဖုန်းချုံးယွီ အော်ကာ ရှေ့သို့ အမြန်ပြေးသွားသည်။ ယဲ့ပေရွှမ်လည်း နောက်မှ ကပ်လိုက်လာသည်။

သမီးဖြစ်သူ၏ ရင်းနှီးနေသော အသံကို ကြားသောအခါ အမျိုးသမီး သူမ မူရင်းရည်ရွယ်ချက်ကိုပင် မေ့သွားသည်။ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ရှောင်းယွီလေး နောက်ဆုံးတော့ ပြန်လာပြီပေါ့။ အမေ မင်း ပိန်သွားသလား ကြည့်ပါရစေဦး”

ထိုစကားကြောင့် ဖုန်းချုံးယွီ မျက်နှာ နီရဲသွားသည်။ စီနီယာအစ်ကိုယဲ့ ဘေးတွင် ရှိနေသဖြင့် မိခင်ဖြစ်သူ၏ အပြုအမူက သူမကို ရှက်ရွံ့စေသည်။

သားအမိနှစ်ယောက်ကြား စကားပြောပြီးနောက် ဖုန်းအမေ၏ အကြည့်က ယဲ့ပေရွှမ်ပေါ် ကျရောက်လာ၏။

ရာစုနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာပြီးနောက် သူမ အကြည့်တစ်ချက်ဖြင့် လူငယ်လေး၏ ထူးခြားသော သဘာဝကို သိနိုင်သည်။ သူ့ကျင့်ကြံခြင်းက သူမထက်ပင် ကျော်လွန်၏။

“ဒါ ဘယ်သူလဲ”

ဖုန်းချုံးယွီ လျင်မြန်စွာ ပြန်ဖြေသည်။

“အမေ ဒါ စီနီယာအစ်ကိုယဲ့လေ”

ယဲ့ပေရွှမ် ရှေ့သို့ လေးစားစွာ တက်လာ၏။

“တူလေးယဲ့ပေရွှမ် အဒေါ်ကို ဂါဝရပြုပါတယ်”

“ခုန ငါ့သားကို ရိုက်လိုက်တာ မင်းလား”

“ဟုတ်ပါတယ်”

ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြောသည်။

“တူလေးကို စိတ်ကြိုက် အပြစ်ပေးလို့ရပါတယ်”

ထိုစကားကိုကြားသောအခါ ဖုန်းအမေ စိတ်ရှုပ်သွားသည်။ သူမ ခင်ပွန်းနှင့် တတိယသားပြောခဲ့သည်များနှင့် သူမ မြင်နေရသည်များ မတူညီချေ။

ဝမ်တောက်ကျောင်းတော်တွင် ငယ်ရွယ်သော အကြီးအကဲ မည်မျှ ရှိသနည်း။

သို့သော် ဂုဏ်သိက္ခာနှင့် ပတ်သက်၍ သူမ တင်းမာစွာ ပြောသည်။

“ဒီနေရာက စကားပြောလို့ မကောင်းဘူး။ အထဲသွားရအောင်”

“ဟုတ်ကဲ့”

ဖုန်းချုံးယွီနှင့် ယဲ့ပေရွှမ်တို့ ပြန်ဖြေလိုက်ပြီး ဖုန်းအမေနောက်သို့ လိုက်ပါသွားကြ၏။

အစေခံများ လက်ဖက်ရည်လာချပြီးနောက် ဖုန်းအမေအပြင်လူများကို နှင်ထုတ်လိုက်ပြီး အေးစက်စွာ ပြောသည်။

“တူလေး မင်းကိုယ်မင်း အရင်မိတ်ဆက်ဦး”

ဘဝနှစ်ခုတိုင် ရှင်သန်လာခဲ့၍ ယဲ့ပေရွှမ် ကောင်းစွာ နားလည်သည်။ သူ့အနာဂတ်ယောက္ခမလောင်းက သူ့နောက်ခံကို စစ်ဆေးနေခြင်းပေ။

သူ မတ်တပ်ရပ်ပြီး ဦးညွှတ်ကာ ပြောသည်။

“အဒေါ် ကျွန်တော်က တာအိုပေါင်းစည်းခြင်း တတိယအဆင့်ကျင့်ကြံသူတစ်ဦးပါ။ သောင်းပြောင်းပညာရပ်ဌာန အကြီးအကဲတစ်ဦးဖြစ်သလို မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်ပါ”

ခွမ်း

ထိုစကားကြောင့် ဖုန်းအမေ ထိတ်လန့်သွားပြီး လက်ဖက်ရည်ခွက် ကျကွဲသွားသည်။

သူမသည် သီးသန့်နေထိုင်သော အမျိုးသမီး ဖြစ်သည့်တိုင် မဟာပဏ္ဍိတမိုးမြေ၏ နာမည်ကို ကြားသိထားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် မဟာပဏ္ဍိတမိုးမြေသည် သူတော်စင်နှစ်ပါးကို အနိုင်ယူလိုက်သည်ဟူသော သတင်း မီးဖီးနစ်တောင်ကြားသို့ ဝင်ရောက်လာ၏။

ချုံးယွီ မဟာပဏ္ဍိတမိုးမြေ၏ လက်အောက်သို့ မရောက်သွားသည်ကိုပင် သူတို့မီးဖီးနစ်တောင်ကြား နှမြောနေခဲ့ရသည်။

ယခု သူမ သားမက်က မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဖြစ်ကြောင်း ပြောလာသည်။ ဖုန်းအမေ ပျော်ရွှင်သွားတော့သည်။

“အမေ အဆင်ပြေရဲ့လား”

လက်ဖက်ရည်ခွက် ပြုတ်ကျသွားသဖြင့် ချုံးယွီ စိုးရိမ်တကြီး မေးသည်။

“အမေ အဆင်ပြေတယ်။ မင်းတို့နှစ်ယောက် အဆင်ပြေဖို့က အရေးကြီးဆုံးပဲ။ ခုနက တူလေးယဲ့ကို လေးစားမှုမရှိလုပ်လိုက်တာ နင့်တတိယအစ်ကိုလား”

ဖုန်းအမေ မေးလိုက်သည်။

ချုံးယွီ ရှက်ရွံ့စွာ ပြောသည်။

“မဟုတ်ဘူး။ တတိယအစ်ကိုက သမီးကို ဆူနေတာ။ အဲဒါနဲ့ စီနီယာအစ်ကိုယဲ့က သူ့ကို ဆုံးမပေးလိုက်တာ”

ယဲ့ပေရွှမ် အချိန်ကိုက် ဝင်ပြောသည်။

“အဒေါ် ခုနကိစ္စက ကျွန်တော့် အမှားပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

ဖုန်းအမေ သူမ သမက်လောင်းကို ပို၍ သဘောကျစွာ ကြည့်လိုက်သည်။

“မင်းက ချုံးယွီကို ကာကွယ်ပေးချင်လို့ပေါ့။ မင်း လုပ်တာမမှားဘူး။ ဒီအကြောင်း ဆက်မပြောနဲ့တော့။ စကားပြောကြတာပေါ့”

“ဟုတ်ကဲ့”

ယဲ့ပေရွှမ် ပြန်ထိုင်လိုက်ပြီး သူမ မိခင်အတွက် လက်ဖက်ရည်တစ်ခွက် ထပ်ဖျော်ပေးသည်။

သူတို့ သက်တောင့်သက်သာ စကားပြောကြသည်။ ဖုန်းအမေ ယဲ့ပေရွှမ်သည် အသက်လေးဆယ်သာ ရှိကြောင်း သိလိုက်ရပြီးနောက် သူမ သမီး အကြိုက် ကောင်းမွန်လှကြောင်း သိသွားတော့၏။

အကယ်၍ သူမ စောစီးစွာ သိခဲ့ပါက ပြိုင်ပွဲကို စီစဉ်ပေးမည် မဟုတ်။ ကံကောင်းစွာ သူမ ကိုယ်တိုင်လာမေး၍ ကိစ္စများကို မည်သို့ ဖြေရှင်းမည်ကို သိသွားတော့သည်။

နှစ်နာရီကြာပြီးနောက်

ချုံးယွီနှင့် ယဲ့ပေရွှမ်တို့ တံခါးဝသို့ လိုက်ပို့ပေး၏။

ဖုန်းအမေ မထွက်ခင် ပြောသည်။

“ချုံးယွီ အိမ်ထောက်ဖက်ရွေးတဲ့ ပြိုင်ပွဲက စပြီ။ ဖုန်းမိသားစုက ပြောပြီးသားစကား ပြန်ရုတ်လို့မရတော့ဘူး။ အခု မင်းတို့နှစ်ယောက် ခြံထဲမှာပဲ နေဦး။ ကျန်တဲ့ ဂိုဏ်းတူမောင်နှမတွေကတော့ အပြင်ထွက်လို့ရတယ်”

ချုံးယွီ ခေါင်းညိတ်သည်။

“အမေ သမီးနားလည်ပါတယ်။ အဖေ့ကိုလည်း သမီးကိုယ်စား ပြောပေးပါဦး”

“ဟမ့်”

ဖုန်းအမေ နှာမှုတ်လိုက်သည်။

“အဲ့အဘိုးကြီးကို ဘာမှပြောမနေနဲ့။ ငါ အစောကြီးတည်းက ဒီပြိုင်ပွဲကို ကန့်ကွက်သေးတယ်။ ပေ့ရွှမ်ကိုသာ ပွဲမှာ ကမ္ဘာကြီးကို အံ့ဩသွားအောင် လုပ်ခိုင်းလိုက်။ လူတွေက ငါ့အဖိုးတန်းသမီးလေး ရွေးချယ်မှုမှန်တယ်ဆိုတာ သိသွားပါစေ”

ထိုစကားကြောင့် ချုံးယွီ ရှက်သွေးဖြာသွားသော်လည်း စီနီယာအစ်ကိုယဲ့ အဘယ်ကြောင့် သူမကို သဘောကျသွားသလဲဆိုသည်ကို သူမလည်း မသိချေ။

ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။

“တူလေးက အဒေါ် စိတ်မပျက်အောင် သေချာကြိုးစားပါ့မယ်”

ဖုန်းအမေ တစ်ခုခုကို သတိရသွားပုံဖြင့် အလျင်အမြန် ပြောသည်။

“ငါ မေ့တော့မလို့။ ဒီတစ်ခါ ပြိုင်ပွဲမှာ ကူညီပေးမဲ့သူတွေကို ဖိတ်ခေါ်ခွင့် ရှိတယ်။ မင်းရော”

ယဲ့ပေရွှမ် ပြုံးလိုက်သည်။

“ကျွန်တော့် စီနီယာအစ်ကိုကြီးဆုံးနဲ့ ဒုတိယစီနီယာအစ်ကိုလည်း ပါပါတယ်”

ဖုန်းအမေ အမူအရာ ပြောင်းလဲသွားသည်။

“မင်းပြောတာ မြင့်မြတ်သားတော်နှစ်ယောက်လား”

“ဟုတ်ပါတယ်”

ယဲ့ပေရွှမ် မဖုံးကွယ်ထားချေ။

“ကောင်းတယ်။ ဒါဆို ငါ စိတ်မပူတော့ဘူး”

ထိုသို့နှယ် သူမ မြင်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။

အခန်း(၄၃၀)

သူမ မိခင်ထွက်သွားသည်ကို ကြည့်ရင်း ဖုန်းချုံးယွီ သက်ပြင်းချကာ ပြောသည်။

“ဟူး”

ထို့နောက် သူမ ယဲ့ပေရွှမ်ကို လှည့်ကာ ပြော၏။

“စီနီယာအစ်ကို ရှင် အရမ်းအံ့ဩဖို့ကောင်းတယ်”

ယဲ့ပေရွှမ် သူမ ခေါင်းကို ကြင်နာစွာ ပုတ်ပေးသည်။

“မင်း ပျော်နေသရွေ့ အဆင်ပြေတယ်”

“အင်း”

ဖုန်းချုံးယွီ ပြန်ဖြေပြီးနောက် သူတို့နှစ်ဦး ချူဖုန်းတို့ ရှိနေသည့် ခြံဝင်းထဲသို့ ပြန်ဝင်လာ၏။

“အင်း”

ယဲ့ပေရွှမ် အစောပိုင်း ဖြစ်ပျက်သွားသမျှကို ချူဖုန်းအား ပြန်ပြောသည်။

ချူဖုန်း နားထောင်ပြီးနောက် ရယ်မောတော့သည်။

“ဖုန်းမိသားစုက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ရှောင်ချန်း၊ ချောင်ရို့ချန် မင်းတို့နှစ်ယောက် တိုက်ခိုက်ရနိုင်တယ်။ ပျော်ဖို့ ပြင်ထား”

ရှောင်ချန်း ပြုံးလိုက်သည်။

“ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ဘယ်လိုပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ သိချင်တယ်”

ချောင်ရို့ချန် ပခုံးတွန့်သည်။

“ကျွန်တော် ပွဲကြည့်ဖို့ပဲ တွေးထားတာ။ ဒါပေမဲ့ ကြွက်သားတွေ အညောင်းအညာ ဆန့်ရမယ်ဆိုရင်လည်း မဆိုးပါဘူး”

ယဲ့ပေရွှမ် လက်သီးဆုပ်ပြီး လေးစားစွာ ပြောသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုတို့”

ချန်ကျင်းကျင်း သူမ လက်ကို တွန့်ဆုတ်စွာ မြှောက်လာသည်။

“ဆရာ ကျွန်မနဲ့ ပိုင်ကျင်းတို့ အပြင်ထွက်ဆော့လို့ရမလား”

ချူဖုန်း ကောင်မလေး၏ ခေါင်းကို ပွတ်သပ်ပေးသည်။

“ရတယ်”

“ရေး”

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ အချင်းချင်း ဝမ်းမြှောက်စွာ ဖက်လိုက်ကြသည်။

မည်သူမှ အံ့ဩမနေချေ။ ကောင်မလေးနှစ်ယောက်က ကလေးအရွယ်သာ ရှိနေသေး၍ ဆော့ကစားချင်ကြသည်မှာ ပုံမှန်ပေ။

အိမ်ထောင်ဖက် ရွေးချယ်မည့် သိုင်းပြိုင်ပွဲနေ့ နီးကပ်လာသည်နှင့် အရပ်မျက်နှာအနှံမှ ဂိုဏ်းအဖွဲ့အစည်းများ မီးဖီးနစ်တောင်ကြားသို့ အလုံးအရင်း ဝင်ရောက်လာကြသောကြောင့် တောင်ကြားသည် အတော်လေး စည်းကားသိုက်မြှိုက်နေ၏။

လူထူထပ်သည့်နေရာတွင် ပဋိပက္ခ ရှိစမြဲပင်။

လူတိုင်း ဖုန်းချုံးယွီအတွက် ရောက်လာကြသည့်အတွက် ရန်ငြိုးရန်စများ ရှိနေကြပြီး တောင်ကြားအတွင်း၌ မကြာခဏဆိုသလို ရန်ပွဲများ ဖြစ်ပွားနေသည်။

သို့သော် ဖုန်းမိသားစုသည် ဝင်ရောက်မစွက်ဖက်ပေ။ ရန်ပွဲအပြီးသတ်ခါနီး၌သာ ဝင်ရောက် ထိန်းပေးသည်။

သို့သော် တစ်ချိန်တည်းမှာ ဖုန်းမိသားစုသည် သိုင်းပြိုင်ပွဲ၌ အကူအညီခေါ်နိုင်ကြောင်း ကြော်ညာခဲ့သည်။

ထိုသတင်းက ပျော်ရွှင်မှုရော မကျေနပ်များကိုပါ ယူဆောင်လာပေးသည်။

နောက်ခံ မရှိသည့် လူငယ်ပါရမီရှင်များသည် တိတ်တဆိတ် ကျိန်ဆဲကြပြီး မီးဖီးနစ်တောင်ကြားသည် မျိုးနွယ်စုအသေးလေးမှ ပါရမီရှင်များကို အထင်သေးကြသည်ဟု ပြောကြ၏။

အချို့က ကြွေးကြော် ကြသည်။

“မြစ်ရေက အရှေ့အရပ်ကို နှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်ရပ်ကို နှစ်သုံးဆယ် စီးဆင်းတယ်ကွ။ လူငယ်တွေနဲ့ ဆင်းရဲသားတွေကို အနိုင်မကျင့်ကြနဲ့ကွ”

ဂိုဏ်းကြီးများမှ တပည့်များသည် ထိုစည်းမျဉ်းကို ကျေနပ်ကြပြီး အဆင့်အတန်းချင်းတူမှသာလျှင် စစ်မှန်သည့် ပျော်ရွှင်မှုကို ဖွေရှာနိုင်မည်ဟု ယုံကြည်ကြသည်။

ပြင်ပရှိ ကိစ္စရပ်များသည် ချူဖုန်းတို့နှင့် မသက်ဆိုင်ပါချေ။

ချူဖုန်း ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ကို အပြင်ခေါ်ကာ လမ်းမများပေါ်တွင် လျှောက်ရင်း မီးဖီးနစ်တောင်ကြား၏ ဓလေ့များကို ခံစားပျော်ရွှင်စေသည်။

အချိန်များ ကုန်ဆုံးလာပြီး သိုင်းပြိုင်ပွဲနေသို့ ရောက်ရှိလာသည်။

ထိုနေ့ မနက်စောစောတွင် ချူဖုန်း အိပ်ရာမှထကာ အကြောဆန့်ပြီး ပြိုင်ပွဲကွင်းဆီသို့ ဦးတည်တော့၏။

သုံးရက်အလိုကတည်းက ဖုန်းချုံးယွီ သူမ မိခင်နှင့်အတူ ဖုန်းအိမ်တော်သို့ ပြန်သွားသဖြင့် သူတို့နှင့်အတူ မလိုက်လာချေ။

ကျယ်ဝန်းသော လမ်းထက်တွင် လူအုပ်ကြီးဖြင့် ပြည့်သိပ်နေသည်။

သို့သော် ချူဖုန်းတို့ မြင်းလှည်းသည် အဆီးအတားမရှိ မောင်းနှင်နိုင်ခဲ့သည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျားနက်တစ်ကောင်ဆွဲလာသောကြောင့် မျက်စိပါသည့်သူတိုင်း အထဲက လိုက်ပါလာသူများသည် ထူးခြားသည့် အဆင့်အတန်း ရှိကြောင်း သိနိုင်၏။

နာရီဝက်ကြာပြီးနောက် မြင်းလှည်းသည် ပြိုင်ပွဲကျင်းပမည့် ရင်ပြင်သို့ ရောက်လာသည်။

ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေပြီးအလယ်တွင် စင့်မြင်ကြီးတစ်ခု တည်ဆောက်ထား၏။

စင်မြင့်ပေါ်တွင် မရေမတွက်နိုင်သော မှော်စာလုံးများ ထွင်းထုထားသည့် အစီအရင်များဖြင့် ပြည့်နှက်နေသည်။

ရင်ပြင်အဆုံးတစ်ဖက်တွင် ပရိတ်သတ်များအတွက် စင်များ ထိုးထားသည်။

ချူဖုန်းတို့ မြင်းလှည်းရောက်လာသည်နှင့် အသံကျယ်ကြီး ထွက်လာ၏။

“ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေ ရောက်လာပြီ”

မြင်းလှည်းပေါ်သို့ အကြည့်များစွာ ရောက်လာသည်။

ခမ်းနားထည်ဝါသည့် ကျားနက်ကြီးကို မြင်ပြီးနောက် လူအုပ်ကြီး တီးတိုးရေရွတ်သည်။

“ဝမ်တောက်ကျောင်းတော်က ပါရမီရှင်ကိုး။ တာအိုပေါင်းစည်းခြင်းအဆင့် ကျားနက်ကို မြင်းလှည်းဆွဲခိုင်းတယ်ဆိုတော့ သူ့နောက်ခံက အရှင်မဟုတ်ရင်တောင် အဲ့ထက် မြင့်ရမယ်”

“ဖုန်းမိသားစုသမီးက ဝမ်တောက်ကျောင်းတော်မှာ မျက်နှာပွင့်တယ်ထင်တယ်”

“မဟုတ်ဘူး။ ဖုန်းမိသားစုကိုယ်၌က အဆင့်မနိမ့်ဘူး။ သာမန်သူတော်စင်အဆင့် အင်အားစုသာဆိုရင် သူတို့သမီးကို မြင့်မြတ်နယ်မြေတစ်ခုက ပါရမီရှင်သဘောကျသွားတာနဲ့ အဲ့လူအိမ်တံခါးထိ ပို့ပြီးလောက်ပြီ။ သူတို့ ဘာလို့ သိုင်းပြိုင်ပွဲကျင်းပပြီး ယောကျ်ား ရွေးနေဦးမှာလဲ”

“…”

သိပ်မကြာခင် ဖုန်းမိသားစုကြီးကြပ်သူတစ်ဦး မြင်းလှည်းရှေ့သို့ ရောက်လာပြီး ပွဲကြည့်စင်မြင့်သို့ ခေါ်ဆောင်သွား၏။

ပထမတော့ ဖုန်းမိသားစုသည် ဝမ်တောက်ကျောင်းတော်အတွက် နေရာတစ်ခုပေးရန် မစီစဉ်ထားချေ။

သို့သော် ဖုန်းအမေက အတင်းအကြပ် ငြင်းဆန်ပြီး ဝမ်တောက်ကျောင်းတော်အတွက် နေရာတောင်းပေးခဲ့သည်။

ထိုအချိန်မှ ဖုန်းမိသားစု နေရာတစ်ခု ချန်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့ တာအိုပေါင်းစည်းခြင်းအဆင့် ကျားနက်ဆွဲသော မြင်းလှည်းကို မြင်ချိန် ခံစားချက်များ ရောထွေးကုန်သည်။

အကယ်၍ ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲသာ ပြိုင်ပွဲတွင် နိုင်သွားလျှင် ဖုန်းမိသားစုအတွက် လှောင်ပြောစရာ ဖြစ်လာပေမည်။

ဝမ်တောက်ကျောင်းတော်နှင့် မဟာမိတ်ဖွဲ့ပြီး အမြင့်ကို တက်ရန် သူတို့သမီးကို အဘိုးကြီးတစ်ဦးနှင့် လက်ဆတ်ပေးရမည်လော။

မြင်းလှည်းသည် စင်မြင်ရှေ့တွင် ရပ်သွားပြီး တံခါးပွင့်လာသည်။

ဖုန်းမိသားစု အကြည့်များသည် ၎င်းအပေါ် ကျရောက်သွား၏။

ဖုန်းအဖေ ဖုန်းယန်ရှင်းကို ကြည့်ကာ ပြောသည်။

“တတိယ သား ပြော။ မင်းကို ရိုက်လိုက်တာ ဘယ်အဘိုးကြီးလဲ”

ဖုန်းယန်ရှင်း အေးခဲသွားသော်လည်း မြင်းလှည့်ရှေ့သို့ ဆင်းလာသည့် လူငယ်လေးကို တွေ့သည့်အခါ ညွှန်ပြသည်။

“အဖေ ကျွန်တော့်ကို ရိုက်တာ အဲ့ကောင်လေး”

“ဟမ်”

ဖုန်းအဖေ အောက်က လူငယ်လေးကို ကြည့်ပြီး မှင်တက်သွား၏။

“မင်းကို ရိုက်လိုက်တာ ဝမ်တောက်ကျောင်းတော်က အကြီးအကဲဆို”

သူ့ဘေးတွင် ဖုန်းအမေ နှာခေါင်းရှုံ့သည်။

“ဘယ်လိုထင်လဲ။ ငါတို့ ချုံးယွီလေးက နှစ်တစ်ရာလူအိုကြီးကို ကြိုက်ရလောက်အောင် မျက်လုံးမကောင်းဘူးထင်နေလား”

ဖုန်းအဖေ ရေရွတ်သည်။

“ငယ်လွန်းတယ်။ ဒါတောင် ဝမ်တောက်ကျောင်းတော်က အကြီးအကဲတစ်ယောက် ဖြစ်နေပြီ။ ဒီလောက်ဆို သူ တစ်ကမ္ဘာလုံးမှာ နာမည်ကြီးသင့်တယ်”

ဖုန်းအမေ ပြောသည်။

“ဒီမျိုးဆက်မှာ နာမည်ကြီးနှစ်ယောက် ရှိပြီးသားလေ”

၎င်းကို ကြားသောအခါ ဖုန်းအဖေ ခေါင်းညိတ်သည်။ သူ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ အကြောင်း ကြားဖူးပေသည်။ ထိုလူငယ်များကို သူပင် လေးစားမိသည်။

မီးဖီးနစ်တောင်ကြားတွင် သက်တမ်းအရင့်ဆုံး ဘိုဘေးများသာ ထိုက‌လေးများကို ဖိနှိပ်နိုင်လောက်မည်။

လူအုပ်ကြီး မြင်းလှည်းထဲမှ ဆင်းလာသူကို မြင်သောအခါ ဇဝေဇဝါဖြစ်သွားကြ၏။

သူတို့ ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲများကို မမြင်ချေ။ အကုန်လုံးက လူငယ်များသာ။

သို့သော် စင့်မြင်ပေါ်တွင် မိုးကြိုးအိမ်တော်မှ မဟာပဏ္ဍိတမိုးကြိုးသည် သူတို့ကို မြင်သောအခါ တုန်လှုပ်သွား၏။ သူ့မျိုးဆက်ထံ လှမ်းကာ ပြောသည်။

“မြေးလေး မင်း ဒီပြိုင်ပွဲကို ဝင်ပြိုင်စရာ မလိုတော့ဘူး။ အခု ငါ မင်းကို ငါ့ဆရာနဲ့ တွေ့ဖို့ ခေါ်သွားမယ်”

စကားပထမပိုင်းကြောင့် မိုးကြိုးအိမ်တော်မှ သခင်လေး မကျေမနပ်ဖြစ်သွားသော်လည်း နောက်ပိုင်းစကားကြောင့် စိတ်လှုပ်ရှားသွားသည်။

သူ့ဘိုးဘေးပြောသော ဆရာသည် မဟာပဏ္ဍိတမိုးမြေပင်။ အကယ်၍ သူ ထိုဆရာလက်အောက်သို့ ဝင်ရောက်နိုင်ပါက အနာဂတ်တွင် အလှလေးများကို ရနိုင်ပေသည်။

“ဟုတ်ကဲ့”

အဘိုးနှင့် လူငယ်လေးသည် မတ်တပ်ရပ်ကာ ချူဖုန်းတို့ထံသို့ သွားရောက်၏။

ဤလှုပ်ရှားမှုက ဖုန်းမိသားစု၏ အာရုံစိုက်မှုများကို ဆွဲဆောင်သွားသည်။ ဖုန်းမိသားစု အကြီးအကဲတစ်ဦး သူတို့ကို စောင့်ကြည့်နေလိုက်သည်။

ဝမ်တောက်ကျောင်းတော်ထံသို့ သွားနေသည်ကို မြင်သောအခါ သူ အော်လိုက်မိသည်။

“မကောင်းတော့ဘူး။ မိုးကြိုးအိမ်တော်က လူတွေ ဝမ်တောက်ကျောင်းတော်နဲ့ ပွဲဖြစ်တော့မှာလား”

ထိုစကားကြောင့် ဖုန်းမိသားစုဝင်များ မဟာပဏ္ဍိတမိုးကြိုးကို ကြည့်လာကြသည်။

သို့သော် နောက်တစ်ခဏတွင် သူတို့ကြောင်အသွားကြ၏။ မဟာပဏ္ဍိတမိုးကြိုးသည် ဝမ်တောက်ကျောင်းတော်မှ လူငယ်လေးတစ်ဦးကို တပည့်တစ်ဦးပမာ ဂါဝရပြုသည်ကို မြင်လိုက်ရ၏။

All Chapters