← Chapters

အခန်း (၄၃၁)

Vol. 44 Ch. 431

အခန်း (၄၃၁)

Vol. 44 Ch. 431

အခန်း(၄၃၁)

[T/N ယောင်ပြီး မိုးခြိမ်းသံတွေ လုပ်နေတာ။ မဟာပဏ္ဍိတမိုးကြိုးပါ။ ယောင်ပြီး မိုးခြိမ်းသံ ရှေ့နှစ်ပိုင်းမှာ ရေးလိုက်မိပါတယ်]

“မိုးကြိုး ဂျူနီယာနဲ့အတူ ဆရာနဲ့ စီနီယာတွေကို ဂါဝရပြုပါတယ်”

မဟာပဏ္ဍိတမိုးကြိုး၏ အမူအရာတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

သူ့နောက်က လူငယ်လေးလည်း ဦးညွှတ်သည်။

“ဂျူနီယာက ဘိုဘေးနဲ့ စီနီယာဦးလေးတို့ကို ဂါဝရပြုပါတယ်”

ချူဖုန်း ပြုံးကာ ပြောသည်။

“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့။ မိုးကြိုး မတွေ့ရတာ အတော်ကြာပြီ။ မင်း ကျင့်ကြံမှုမှာ အတော်လေး ပေါ့ဆနေတာပဲ”

မိုးကြိုးအိမ်တော်မှ သခင်ငယ်လေးသည် သူ့ဘိုးဘေးကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။

မဟာပဏ္ဍိတမိုးကြိုး ဖြည်းညှင်းစွာ ပြောသည်။

“ဆရာ ပြောတာ မှန်ပါတယ်။ ကျွန်တော် ဒီနောက်ပိုင်း ကျင့်ကြံတဲ့နေရာမှာ အလေးအနက် မထားမိသလို ဖြစ်နေပါတယ်”

သူ နှိမ့်ချနေခြင်းမဟုတ်။ ချူဖုန်း ဘေးတွင် ရပ်နေသော ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ထံမှ အန္တရာယ်ခံစားချက်ကို ရနေသည်။

ထိုနှစ်ယောက်သည် နီဗားနားရှင်သန်ခြင်းအဆင့်သာ ရှိသေးသော်လည်း သူတို့အင်အားသည် သူ့လို မဟာပဏ္ဍိတတစ်ပါးအောက် မလျော့နည်းချေ။

ဆရာ့လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခြင်းသည် တစ်ကိုယ်တည်းကျင့်ကြံခြင်းထက် များစွာ ပို၍ အကျိုးရှိသည်။

ချူဖုန်း ဆက်ပြောသည်။

“ အချိန်ရှိတယ်ဆိုရင် ဝမ်တောက်ကျောင်းတော်ကို လာပြီး လမ်းညွှန်မှုခံယူချည်”

“ကျေးဇူးပါဆရာ”

၎င်းကို ကြားသောအခါ မိုးကြိုး၏ ရင်ထဲတွင် ကျေးဇူးတရားများ ပြည့်လျှမ်းသွားသည်။

[T/Nမိုးကြိုးဆိုတာက ဖျင်းယင်လို ပိုင်လဲ့ပါ။ မဟာပဏ္ဍိတပိုင်လဲ့ပေါ့။ နာမည်က ထူးဆန်းနေမှာဆိုးလို့]

ဖုန်းမိသားစုဝင်များသည် ဤသည်ကို အနီးကပ်ကြည့်ရင်း နှစ်ဖက်ကြား စကားများကို ကြားသောအခါ တောင့်တင်းသွားကြ၏။

‘သူ ဘယ်သူလဲ’

ဖုန်းမိသားစုခေါင်းဆောင် တွေးတောနေတော့၏။ သိပ်မကြာခင် သူ လွန်ခဲ့သော နှစ်အနည်းခန့်မှ ကြားခဲ့ရသော ကောလဟာလကို သတိရသွားသည်။

မိုးကြိုးသည် မဟာပဏ္ဍိတအဆင့်သို့ တက်ရန် လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး၏ လမ်းညွှန်မှုကို ရခဲ့သည်ဟု ဆိုကြသည်။ သူတို့ရှေ့က လူငယ်လေးသည် ထိုကျွမ်းကျင်သူလော။

သို့သော် ယခုက တွေးတောနေရမည့်အချိန်မဟုတ်ပေ။ သိုင်းပြိုင်ပွဲစတင်တော့ပေမည်။

ချူဖုန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် မိုးကြိုး သူ့မိသားစုဂျူနီယာလေးကို ခေါ်ကာ ထိုင်ခုံသို့ ပြန်သွား၏။

“ဘိုးဘေး ကျွန်တော်လည်း သောင်းပြောင်းပညာရပ်ဌာနကို လိုက်လို့ရမလား”

မိုးကြိုးအိမ်တော်၏ သခင်လေး သတိတကြီး မေးသည်။

“သေချာပေါက် ရတယ်။ ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာနကို ဝင်နိုင် မဝင်နိုင်ကတော့ ငါ ဆုံးဖြတ်လို့မရဘူး”

“အဘိုး စိတ်ချ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”

သခင်လေး စိတ်လှုပ်ရှားစွာ ပြောသည်။

ပိုင်လဲ့ ကောင်လေး၏ စိတ်ကူးယဉ်အိပ်မက်များကို မဖျက်ဆီးလိုက်ချေ။ လူငယ်များအနေဖြင့် အိပ်မက် မက်တတ်သင့်ပေသည်။

ရင်ပြင်တွင် လူများ ပိုများလာပြီး ပြိုင်ပွဲစချိန်သို့ ရောက်ရှိလာတော့သည်။

“မင်္ဂလာချိန်ကို ရောက်ရှိလာပါပြီ။ ခင်ပွန်းရွေးချယ်မဲ့ သိုင်းပြိုင်ပွဲကို တရားဝင် စတင်လိုက်ပါပြီ”

အသံကျယ်ကြီး ထွက်ပေါ်လာပြီး စည်ကားနေသော ရင်ပြင်ကြီး တိတ်ဆိတ်သွား၏။

ဖုန်းမိသားစု အကြီးအကဲ စင်ပေါ်တွင် ပေါ်လာပြီး လူတိုင်းကို ဂါဝရပြုလိုက်သည်။ ထို့နောက် ကြေညာပါ၏။

“ကြွရောက်လာကြတဲ့ တာအိုရောင်းရင်းတို့အားလုံးကို ကြိုဆိုပါတယ်”

“ဒီနေ့ သိုင်းပြိုင်ပွဲမှာ ပထမရတဲ့သူက ဖုန်းမျိုးနွယ် တိုက်ရိုက်သွေးမျိုးဆက်ကို နိုးထထားတဲ့ ဖုန်းချုံးယွီနဲ့ လက်ထပ်ရပါမယ်”

သူ့စကားကြောင့် လူအုပ်ကြီး တုန်လှုပ်သွားပြီး ကျယ်လောင်သော သက်ပြင်းချသံများ ထွက်ပေါ်လာ၏။

“ဖုန်းမိသားစုသမီးက ဖီးနစ်သွေးမျိုးဆက်ကို နိုးထလာပြီလား။ ဒါဆို သူ့ကလေးကလည်း အမွေဆက်ခံနိုင်မှာပါ။ အနာဂတ်မှာ မြင့်မြတ်ခန္ဓာနိုးထဖို့ဆိုတာ လွယ်ကူသွားပြီ”

“ဘာလို့ ဖုန်းမျိုးနွယ်က မျိုးနွယ်တွင်းက လူတစ်ယောက်ကို သားမက်အဖြစ် ရွေးချယ်ပြီး သွေးမျိုးဆက်ကို မထိန်းတာလဲ”

“မင်း နားမလည်ပါဘူး။ ဖုန်းမျိုးနွယ်က အင်အားကြီးအဖွဲ့တစ်ခုနဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်ထားတာလေ။ မဟုတ်ရင် ဘာလို့ လူငယ်ပါရမီရှင်တွေကို အကူအညီဖိတ်ခေါ်ခွင့်ပေးမှာလဲ”

“…”

ဖုန်းအကြီအးကဲ အောက်ဘက်မှ တီးတိုးရေရွတ်သံများကို ငြိမ်သက်အောင် စောင့်နေပြီးမှ စကားဆက်ပြောသည်။

“ဒီပွဲက ပါရမီ၊ ကိုယ်ကျင့်တရား နှစ်ခုစလုံးကောင်းမွန်ပြီး လူတိုင်းကို ဖိနှိပ်နိုင်မဲ့ ပါရမီရှင်တစ်ယောက် ရှာဖွေတာပါ။ ဒါကြောင့် မဲနှိုက်တာမျိုး မရှိပါဘူး”

“ဖုန်းမျိုးနွယ် သမီးပျိုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုက်တန်တယ်လို့ထင်ရင် စင်ပေါ်တက်လာပေးပါ။ နေဝင်တဲ့အချိန်ထိ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ကျန်မဲ့သူကို ရွေးချယ်သွားမှာပါ”

ထိုစကားကြောင့် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသူများ တွန့်ဆုတ်သွားကြ၏။

ဖုန်းမိသားစုသည် အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကို ဝင်ရောက်ကူညီခွင့်ပေးထားသော်လည်း စင်ပေါ်သို့ ပထမဆုံးတတ်သည့်သူမှာ အတော်လေး အရေးနိမ့်သွားနိုင်သည်။

အကြီးအကဲ ဆက်ပြောသည်။

“တရားမျှတအောင် အဖွဲ့အစည်းတွေက ကူညီပေးမဲ့သူ သုံးယောက်ထိပဲ စေလွှတ်ခွင့် ရှိပါတယ်”

“အခုသိုင်းပြိုင်ပွဲတရားဝင်စတင်ကြောင်း ကြေညာအပ်ပါတယ်”

သူ့စကားဆုံးသည်နှင့် ကြည့်ရှုသည့် စင်မြင့်ပေါ်သို့ လှည့်ပြန်သွားတော့သည်။

ဖုန်းမျိုးနွယ်၏ ကန့်သတ်ချက်သည် အတော်လေး ကျိုးကြောင်း ဆီလျော်ပေသည်။ မည်သို့ပင်ဆိုစေ အဖွဲ့တစ်ခုမှ လူဒါဇင်ချီစေလွှတ်လိုက်ပါက စစ်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

အကယ်၍ ထိုသို့သာ ဖြစ်သွားပါက ဇနီးတစ်ယောက် မရနိုင်တော့သည့်အပြင် မလိုလားအပ်သည့် ပြဿနာများပါ ဖြစ်လာနိုင်ပြီး မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်လာနိုင်သည်။

ချောင်ရို့ချန် နောက်ပြောင်လိုက်သည်။

“ဂျူနီယာညီလေးယဲ့ မင်း ဇနီးကို ကာကွယ်ပေးနေတာ အရင်က စီနီယာအစ်ကိုကြီး လုပ်ခဲ့တာနဲ့ တူတယ်”

ယဲ့ပေရွှမ် ပြုံးသည်။

“ဒီပျင်းဖို့ကောင်းတဲ့ပွဲကို မြန်မြန်အဆုံးသတ်အောင် လုပ်ရမယ်”

ချောင်ရို့ချန် သူ့ကို လက်မထောင်ပြပြီးနောက် လက်ဖက်ရည် ဆက်သောက်နေလိုက်၏။

ယဲ့ပေရွှမ် စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ ကျင့်ကြံဿူများ ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်တစ်ဦး စင်ပေါ်သို့ ဦးစွာ တက်လာမည်ဟု မထင်ထားချေ။

မူလက အင်အားထုတ်ပြရန် စီစဉ်ထားသော လူငယ်လေးများသည် ထိုအကြံကို ချက်ချင်း စွန့်လွှတ်လိုက်ကြသည်။

ယဲ့ပေရွှမ် လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်သည်။

“ဂျူနီယာညီမလေးဖုန်းကို လက်ထပ်ချင်တဲ့ ဘယ်သူမဆို တက်လာခဲ့။ မဟုတ်ရင် နောက်ပိုင်း ခင်ဗျားတို့ စင်ပေါ် တက်မလာရဲ ဖြစ်နေမယ်”

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ခဏအကြာတွင် ဆူညံပွက်လောရိုက်သွားတော့သည်။

“သူက ဘယ်သူလဲဟ။ သူ့လေသံက မောက်မာနေရောပဲ။ ဝမ်တောက်ကျောင်းတော်က တပည့်ဆိုတာနဲ့ လူတစ်ရာလောက်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ပြီ ထင်နေလား”

“ငါ မသိဘူး။ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူက ရှောင်ချန်းတို့ ချောင်ရို့ချန်တို့ မဟုတ်တာ သေချာတယ်”

“…”

ဖုန်းမျိုးနွယ်များ ကြောင်အသွားကြသည်။

သူတို့အမြင်တွင် လူငယ်လေးသည် အကြီးအကဲများအပေါ် လေးစားမှုအနည်းငယ် ပြသသည်ဟု ထင်ထားသည်။ သို့သော် ယခုလို ရဲတင်းလွန်းမည်ဟု မထင်ထားပေ။

ဖုန်းချုံးယွီတစ်ယောက်သာ စိတ်လှုပ်ရှားနေပုံရပြီး သူမ မျက်လုံးများက ကြယ်တာရာများအလား တောက်ပနေသည်။

သူမ ဘေးတွင် ထိုင်နေသော ဖုန်းအမေက မေးသည်။

“ချုံးယွီ ပေရွှမ်က အမြဲ ဒီလိုလား”

ဖုန်းချုံးယွီ ခေါင်းခါသည်။

“မဟုတ်ဘူး။ စီနီယာအစ်ကိုယဲ့က ပုံမှန်သူ့အသက်အရွယ်မှာ ရှိတဲ့ သူတွေထက် အများကြီး တည်ငြိမ်ရင့်ကျက်တယ်”

ဖုန်းအမေ နားလည်မှု ရှိစွာ ပြုံးသည်။

“ကြည့်ရတာ ပေရွှမ်က သမီးအပေါ် အတော်လေး တန်ဖိုးထားတယ်ထင်တယ်”

“ဟမ့်”

ဖုန်းအဖေ အေးစက်စွာ နှာခေါင်းရှုံ့သည်။

“မာနကြီးနေတာလေ။ အဲ့ကောင်လေး ခဏနေရင် ငိုရတော့မယ်”

နောက်ဆုံး စင်အောက်မှ သည်းမခံနိုင်တော့သည့် လူတစ်ဦး ခုန်တက်လာသည်။

လူထွားကြီးတစ်ဦး အော်လိုက်၏။

“ကောင်လေး မင်း အရမ်းမောက်မာလွန်းတယ်။ လာ ငါ့တောင်ခွဲပုဆိန်နဲ့ ပေးတွေ့မယ်”

ယဲ့ပေရွှမ် သူ့ကို တစ်ချက်ကြည့်သည်။

“စစ်မှန်ကံကြမ္မာအဆင့်လား။ မလုံလောက်သေးဘူး”

“ဒါဆို ငါ့ကိုပါ ထည့်လိုက်”

ထိုသို့နှယ် မြင်းဖြူတစ်ကောင် စီးနင်လာသော လူချောလေးတစ်ဦး စင်ပေါ်သို့ တက်လာပြီး ကြေညာသည်။

“ငါက ငါ့မြင်းနဲ့ အတူတူ တိုက်ခိုက်တယ်။ မင်း ငါတို့ကို ရင်ဆိုင်ရဲလား”

“ဘာလို့ မရင်ဆိုင်ရဲမှာလဲ”

ယဲ့ပေရွှမ် ပြုံးသည်။

“ဒါပေမဲ့ ခင်ဗျားတို့ စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူလေးနှစ်ယောက်နဲ့ ကျုပ်ဝတ်ရုံစတောင် ထိနိုင်မှာ မဟုတ်ဘူး။ ထပ်စောင့်လိုက်ဦး”

လူအုပ်ကြီးအတွက် သူ့စကားများသည် စော်ကားမှုတစ်ခုပင်။ နောက်တစ်ခဏတွင် စင်ပေါ်သို့ ပုံရိပ်အချို့ ထပ်တက်လာသည်။

All Chapters