← Chapters

အခန်း (၄၃၇)

Vol. 44 Ch. 437

အခန်း (၄၃၇)

Vol. 44 Ch. 437

အခန်း(၄၃၇)

“ဟူး”

ဖုန်းမိသားစုဘိုးဘေး သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး ဖြည်းညှင်းစွာ ပြောသည်။

“ဒီနေရာက စကားပြောလို့ မကောင်းဘူး။ ပွဲပြီးသွားမှပဲ ကျုပ် အသေးစိတ် ရှင်းပြပေးမယ်”

“ကောင်းပြီ။ ဒါဆို ဆက်သောက်ကြတာပေါ့”

ချူဖုန်း သူ့ခွက်ကို မြှောက်ကာ ပြော၏။

“ကောင်းတယ်”

လူတိုင်း ဘာမှမဖြစ်ခဲ့သည့်အလား ရယ်ရယ်မောမောဖြင့် သောက်ကြသည်။

ဂုဏ်ပြုပွဲသည် ညနက်အထိ ကြာမြင်ခဲ့သည်။

ထို့နောက် ချူဖုန်းတို့သည် ဖုန်းမိသားစုဝင်များနောက်မှ သူတို့ဘိုးဘေးအိမ်တော်သို့ လိုက်ပါသွားကြ၏။ ဘိုးဘေးသည် အစေခံများကို ထွက်သွားခိုင်းပြီးနောက် သူတို့လူများသာ ကျန်တော့သည်။ သူ ချူဖုန်းကို လက်ဖက်ရည်တစ်အိုး ကြိုပေးလိုက်သည်။

သူတို့ လက်ဖက်ရည်စားပွဲကို ဝိုင်းထိုင်ရင်း သူ စကားပြောမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။

လက်ဖက်ရည်တစ်အိုး ကုန်သွားသောအခါ ဖုန်းမိသားစုဘိုးဘေး သူ့ခွက်ကို ချပြီး ပြောသည်။

“ဒီကိစ္စက ကျုပ်တို့ဖုန်းမိသားစုမျိုးနွယ် ဟိုးအစဖြစ်တည်ရာက ပြောရမယ်။ လူတိုင်း သိကြပါတယ်။ ကျုပ်တို့ဘိုးဘေးက ဖီးနစ်တစ်ကောင်နဲလက်ထပ်ပြီး ဒီနေရာမှ အခြေချခဲ့တယ်ဆိုတာ။ ဒါပေမဲ့ အဲဒီဖီးနစ်က ဘယ်ကလာလဲဆိုတာ မသိကြဘူး”

၎င်းကို ကြားသောအခါ ချူဖုန်းတို့ စိတ်ဝင်စားသွား၏။

ယဲ့ပေရွှမ် ပထမဆုံး စကားစသည်။

“စီနီယာ အဲ့ဖီးနစ်ဘိုးဘေးက ဆန်းကြယ်ကောင်းကင်ဒေသက မဟုတ်ဘဲ တခြားကလား”

“ဟုတ်တယ်”

မိသားစုခေါင်းဆောင် ခေါင်းညိတ်သည်။

“လွန်ခဲ့တဲ့ ခေတ်တွေတုန်းက အပျက်အစီးဒေသနှစ်ခုကြားမှာ မဟာစစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်က အဲ့အပျက်အစီးမြေရိုင်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားကြပြီး ဆန်းကြယ်ကောင်းကင်ဒေသကို ဝါးမျိုဖို့ အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ကြတယ်”

“ဒါပေမဲ့ စစ်ပွဲက နှစ်ဖက်စလုံး ပျက်ကပ်ဆိုက်စေခဲ့တယ်။ နဂါးမျိုးနွယ်က အဆုံးမဲ့ပင်လယ်ကို ပြန်ဆုတ်ခွာသွားပြီး ဖီးနစ်တွေကတော့ သူတို့ဘိုးဘေးနယ်မြေ အပျက်အစီးဒေသကို ပြန်သွားကြတယ်။ အထွတ်အထိပ်အင်အားစုအဆင့်ကနေ ထိပ်သီးအင်အားစုတွေထဲက တစ်ခုအဖြစ် အဆင့်ကျသွားခဲ့ရတယ်”

“ကျုပ်တို့ဖီးနစ်ဘိုးဘေးက စစ်ပွဲအတွင်းမှာ ဆန်းကြယ်ကောင်းကင်ဒေသကို မတော်တဆ ရောက်ရှိလာခဲ့တာ။ အဲ့မှာ ကျုပ်တို့တည်‌ထောင်သူဘိုးဘေးနဲ့ တွေ့ပြီး လက်ထပ်ဖြစ်ခဲ့ကြတယ်”

“သူတို့အချစ်က နှစ်တစ်ထောင်ကြာ တည်တံ့ခဲ့တယ်။ ဒါပေမဲ့ ဖီးနစ်မျိုးနွယ်က သိသွားပြီး ဖီးနစ်ဘိုးဘေးကို ပြန်လာခေါ်တယ်။ ဒါပေမဲ့ ကျုပ်တို့ဘိုးဘေးက သူ့ကို ပြန်ထည့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။ အဲ့တာနဲ့ သူတော်စင်အဆင့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး သရေကျခဲ့တယ်”

“နောက်ဆုံးမှာတော့ သဘောတူညီချက်တစ်ခု ယူခဲ့တယ်။ မီးဖီးနစ်တောင်ကြားက သားစဉ်မြေးဆက်တွေဟာ သူတော်စင်အဆင့်ကို ရောက်တာနဲ့ ဘိုးဘေးမြေကို ပြန်သွားရပြီး မီးတောက်ဆန္ဒစမ်းသပ်မှုကို စစ်ဆေးခံရင်း စစ်မှန်ဖီးနစ်ငှက်အဖြစ် ပြန်လည်မွေးဖွားရတယ်”

“နှစ်တစ်ထောင်တိုင်း တစ်ကြိမ် မီးဖီးနစ်တောင်ကြားက သားစဉ်မြေးဆက်ဟာ ဖီးနစ်ဘိုးဘေးစမ်းသပ်မှုမှာ ပါဝင်ခွင့်ရှိတယ်။ ထိပ်ဆုံးသုံးယောက်ဟာ ရှေးခေတ်ဝူထုန်သစ်ပင်ကနေ အကိုင်းတစ်ခု ရမယ်”

“နောက်စမ်းသပ်မှုစဖို့ တစ်နှစ်ပဲ ကျန်တော့တယ်”

သူဆက်ပြောသည်။

“လူငယ်မျိုးဆက်တွေ ကြားထဲ ချုံးယွီနဲ့ ချုံးဟွာနှစ်ယောက်ပဲ ဖီးနစ်သွေးမျိုးဆက် နိုးထထားတာ”

“ချုံးဟွာက လက်ရှိ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကို တက်ဖို့ ကြိုးစားနေတော့ တစ်နှစ်အတွင်း ပြန်မထွက်နိုင်လောက်ဘူး။ ဒါကြောင့် တာဝန်က ချုံးယွီအပေါ် ကျရောက်လာတယ်”

“ဒါပေမဲ့ သူတစ်ယောက်တည်းဆို ထိပ်ဆုံးသုံးယောက်ထဲ ဝင်ဖို့ အရမ်းခက်တယ်။ ဒါကြောင့် ဖုန်းမျိုးနွယ်က အိမ်ထောင်ဖက်ရွေးမယ်ဆိုတဲ့ အကြံကို တွေးမိခဲ့တာ။ စမ်းသပ်မှုမှာ သူနဲ့အတူ ပါဝင်မဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ပေါ့”

၎င်းကို ကြားပြီးနောက် လူတိုင်း သဘောပေါက်သွားကြ၏။

ချောင်ရို့ချန် မေးသည်။

“ဒါပေမဲ့ ဂျူနီယာညီလေးယဲ့မှာ ဖီးနစ်သွေးကြော မရှိဘူးလေ။ သူ စမ်းသပ်မှုမှာ ပါနိုင်ပ့ါမလား”

ဖုန်းမိသားစုဘိုးဘေး ပြန်ဖြေသည်။

“သူတို့နှစ်ယောက် ဝူထုံသစ်ပင်အောက်မှာ လက်ထပ်လိုက်ရင် သူပါ ဝင်နိုင်သွားလိမ့်မယ်။ အဲဒါကြောင့် ငါတို့ လက်ထပ်ဖို့ကို အလျင်လိုနေတာ”

ထိုသို့နှယ် သူ ချူဖုန်းကို ကြည့်၏။

တစ်ရက်ဆရာသည် တစ်သက်တာ ဖခင်ပေ။ ထို့ကြောင့် ယခုတွင် ချူဖုန်းသည် ယဲ့ပေရွှမ် ဖခင်ပေ။

“ဒီလိုဆိုရင် အချိန်မဆွဲနဲ့တော့”

ချူဖုန်း ပြောသည်။

“ပေ့ရွှမ် ငါ့အမြင်တော့ မင်းနောက်လအတွင်း ရက်ကောင်းရက်မြတ်ရွေးပြီး လက်ထပ်လိုက်တော့”

ဖုန်းမိသားစုဘိုးဘေး ပျော်ရွှင်သွား၏။

“ဌာနမှူးချူကို ကျေးဇူးတင်ပါတယ်”

ချူဖုန်း ရယ်မောလိုက်သည်။

“ကျေးဇူးတင်စရာ မလိုဘူး။ အချိန်က သိပ်မရဘူး။ ပွဲနှစ်ပွဲလုပ်လိုက်။ တစ်ပွဲကို ဖုန်းမိသားစုမှာ ကျင်းပ။ တစ်ပွဲကို ဝမ်တောက်ကျောင်းတော်မှာ ကျင်းပ။ ဒါဆို ဧည့်သည်တွေ ကျန်မနေခဲ့မှာ”

“အကြံကောင်းတယ်။ ကျုပ် အခုပဲ ရက်သွားရွေးလိုက်မယ်”

ဖုန်းဘိုးဘေး စိတ်လှုပ်ရှားစွာ ပြောသည်။

“ကောင်းပြီ။ ဒါဆို ကျုပ်တို့ကို ခွင့်ပြုပါဦး”

ချူဖုန်း ပြောရင်း သူ့တပည့်များဖြင့် ထွက်ခွာသွားတော့သည်။

အပြန်လမ်းတွင် ချောင်ရို့ချန် စိတ်လှုပ်ရှားနေသည်။

“ဂျူနီယာညီလေးယဲ့ ဂုဏ်ပြုပါတယ်။ မင်း မိန်းမရတဲ့အပြင် အပျက်အစီးဒေသမှာပါ လေ့ကျင့်ဖို့ အခွင့်အရေးရလိုက်တယ်”

ယဲ့ပေရွှမ် ပြုံးလိုက်သည်။

“ဒါတွေအားလုံး ဆရာနဲ့ စီနီယာအစ်ကိုတို့ ကျေးဇူးကြောင့်ပါ။ မဟုတ်ရင် ကျွန်တော်ကိုယ်တိုင်ဆို ချုံးယွီနဲ့လက်ထပ်ဖို့ နှစ်တစ်ရာလောက်ကြာသွားနိုင်တယ်”

ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

“နှစ်တစ်ရာ‌တော့ မလိုပါဘူး။ နှစ်ခြောက်ဆယ်အတွင်း မင်းမဟာပဏ္ဍိတအဆင့်ကို ရောက်တယ်။ အဲဒီအခါကျရင်း ဖုန်းမိသားစုက မင်းကို သူတို့သမီးနဲ့ လက်ထပ်ပေးလိမ့်မယ်။ ပြီးတော့ လက်ရှိအခြေအနေကလည်း ကောင်းတယ်။ သတိုးသားဖြစ်ဖို့သာ ပြင်ဆင်ထား”

“ဟုတ်ကဲ့ဆရာ”

ယဲ့ပေရွှမ် စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။

သူ ဘဝနှစ်ခုတိုင်ရှင်သန်ခဲ့သော်လည်း ဖုန်းချုံးယွီနှင့် လက်ထပ်ရမည်ဟူသည့်အတွေးက သူ့ကို ပျော်ရွှင်စေသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးလာပြီး နှစ်လအကြာတွင် ယဲ့ပေရွှမ်နှင့် ဖုန်းချုံးယွီတို့ ဝမ်တောက်ကျောင်းတော်တွင် သူတို့ဒုတိယမြှောက်လက်ထပ်ပွဲကို ကျင်းပခဲ့သည်။

သူတို့လက်ထပ်ပြီး သုံးရက်အကြာ ယဲ့ပေရွှမ် ချူဖုန်းကို လာနှုတ်ဆက်သည်။

“ဆရာ ဒီတပည့်မီးဖီးနစ်တောင်ကြားကို သွားတော့မယ်”

ချူဖုန်း တက်ကြွက်သည့် ကြက်ဖ သူ့တပည့်ကို ကြည့်ပြီး သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဓားအဆောင်ကို ထုတ်၏။

“ဒီခရီးက မင်း အပျက်အစီးဒေသထိ သွားရမှာ။ လမ်းမှာ အခက်အခဲတွေ အများကြီးရင်ဆိုင်ရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်”

“ကျေးဇူးပါဆရာ”

ယဲ့ပေရွှမ် ချူဖုန်းကို အလေးအနက် အရိုအသေပေးပြီးနောက် ဖုန်းချုံးယွီနှင့်အတူ လိုက်ပါသွားတော့၏။

သူ့ကျောပြင်ကို ကြည့်ရင်း ချောင်ရို့ချန် ရေရွတ်သည်။

“ဂျူနီယာညီလေးယဲ့ကို အားကျတယ်။ သူ တခြားဒေသတွေကို သွားပြီး လေ့ကျင့်ခွင့်ရပြီ”

ချူဖုန်း ရယ်မောသည်။

“ဘာလဲ မင်းလည်း တခြားဒေသတွေ သွားပြီး လက်သီးထိုးချင်လို့လား”

ချောင်ရို့ချန် ခေါင်းညိတ်သည်။

“ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတိုင်း ကျွန်တော်နဲ့ စီနီယာအစ်ကိုအကြောင်း သိထားတယ်။ ဒီဒေသအပြင်ဘက်မှာလည်း ကျွန်တော်တို့ နာမည်ကို တည်ဆောက်ချင်သေးတယ်”

“မခက်ပါဘူး”

ချူဖုန်း ပြုံးလိုက်သည်။

“ဝမ်တောက်ကျောင်းတော်မှာ အခြားဒေသရဲ့ ကျောင်းခွဲတွေ ရှိတယ်။ မင်းတို့ နေရာရွှေ့ပြောင်းခြင်းအစီအရင်သုံးပြီး သွားလေ့ကျင့်လို့ရတယ်”

ချောင်ရို့ချန် သူ့နဖူးကို ပုတ်လိုက်သည်။

“ဘာလို့များ မေ့သွားရတာလဲ”

အနားက ရှောင်ချန်းလည်း ထပ်ပြောသည်။

“အဲဒီလိုဆိုရင် ကျွန်တော်လည်း တခြားဒေသတွေကို သွားချင်တယ်”

“ကောင်းပြီ”

ချူဖုန်း မတ်တပ်ရပ်လိုက်သည်။

“ကျောင်းအုပ်ကြီးဆီသွားပြီး မင်းတို့နှစ်ယောက်အတွက် နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်ခိုင်းလိုက်မယ်”

၎င်းကို ကြားသောအခါ သူတို့မျက်နှာ ဝမ်းသာမှုဖြင့် တောက်ပသွား၏။

“ကျေးဇူးပါ ဆရာ”

သူတို့သုံးဦး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ကျောင်းအုပ်ကြီးခြံဝင်းသို့ ဦးတည်လိုက်သည်။

သူတို့ဆင်းလာသည်နှင့် ကြီးကြပ်သူတစ်ဦး ဆီးကြို၏။

“ဌာနမှူးချူနဲ့ မြင့်မြတ်သားတော်တွေကို ဂါဝရပြုပါတယ်”

ချူဖုန်း ပြုံးကာပြောသည်။

“အေးဆေးနေ။ ကျောင်းအုပ်ကြီးရော ရှိလား”

ကြီးကြပ်သူ ပြန်ဖြေသည်။

“ဌာနမှူးချူ ကျောင်းအုပ်ကြီး လက်ဖက်ရည်ဖျော်နေပါတယ်။ ခင်ဗျားတို့ရောက်တာကို ကျွန်တော် သွားအသိပေးလိုက်ဦးမယ်”

ချူဖုန်း ခေါင်းညိတ်သည်။

“သွားသွား”

ခဏအကြာတွင် ကြီးကြပ်သူ ပြန်ပါလာ၏။

“ဌာနမှူးချူ ကျောင်းအုပ်ကြီး အထဲမှာ ရှိတယ်”

“ကျေးဇူး”

ချူဖုန်း သူ့တပည့်နှစ်ယောက်ကို ခြံဝင်းထဲသို့ ခေါ်သွားသည်။ မကြာမီ ပွင့်အာနေသော ပန်းကလေးများ တေးသီနေသော ငှက်ကလေးများဖြင့် ပြည့်နေသော ဥယျာဉ်လေးသို့ ရောက်လာ၏။ ကျောင်းအုပ်ကြီးသည် လက်ဖက်ရည်ဖျော်နေ၏။

သူတို့ရောက်လာသည်နှင့် သူ့လုပ်လက်စကို ရပ်သည်။

“ရှောင်ဖုန်း သောင်းပြောင်းပညာရပ်ဌာနက ပျော်စရာကိစ္စတစ်ခုကို အခုလေးတင်ပြီးထားတာ။ အခု နောက်တစ်ခု အစပြုချင်နေပြီလား”

ချူဖုန်း နာကျင်စွာ ပြောသည်။

“ဆရာ မနောက်ပါနဲ့။ ကျွန်တော် ပြဿနာလယရှာတာ မဟုတ်ဘူး။ ရှောင်ချန်းနဲ့ တာ့ချန်တို့ တခြားဒေသ သွားပြီး ကျင့်ကြံချင်လို့”

“အိုး”

ထိုစကားကြောင့် ကျောင်းအုပ်ကြီး ချက်ချင်း စိတ်ဝင်စားသွားသည်။

“မင်း တပည့်တွေကို လမ်းညွှန်မပေးနိုင်တော့ဘူးလား”

All Chapters