← Chapters

အကြွေးနဲ့ဝယ်လို့ရမလား

Vol. 43 Ch. 427

အကြွေးနဲ့ဝယ်လို့ရမလား

Vol. 43 Ch. 427

ထိုစကားကို ကြားလိုက်ရသောအခါ ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် အလွန်အံ့အားသင့်သွားသည်။

ဘာဖြစ်လို့လဲ...

ချီလင်မျိုးနွယ်စုရဲ့ အကြိုက်က ဒီလောက်တောင် ဇီဇာကြောင်သွားရတာလဲ...

ရေအောက်မိစ္ဆာမျိုးနွယ်စုတွေအတွက်တော့ ဤပုလဲများက တန်ဖိုးမှမရှိသည့် သာမန်ကျောက်ခဲတွေနှင့် မခြားနားလှ။ သို့သော် ချီလင်မျိုးနွယ်စုကတော့ ဤအရာများကို အမြဲတမ်း အဖိုးတန်ရတနာတွေလို သဘောထားခဲ့ကြတာ မဟုတ်ပါလား။ အရင်တုန်းကဆိုလျှင် ဒီလိုအရည်အသွေးမျိုးရှိတဲ့ပုလဲတွေမဆိုထားနှင့် ပဲစိမ်းစေ့အရွယ်အစားလောက်ကိုတောင် သူတို့က လုယက်ဝယ်ယူခဲ့ကြသည်။ ဤအကြောင်းရင်းကြောင့် ဂဏန်းမျိုးနွယ်စုက ကမာမျိုးနွယ်စုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး ပုလဲထုတ်လုပ်သည့် စက်ရုပ်တွေကဲ့သို့ အရည်ညှစ်ခဲ့ကြ၏။

"ဒီလောက်အထိကို သဘောမကျဘူးလား ခင်ဗျာ"

"သာမန်ပါပဲ... ဒါထက် ပိုကောင်းတာမျိုး မရှိတော့ဘူးလား"

ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် အထင်အမြင်သေးခံလိုက်ရသလို ခံစားလိုက်ရသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

"ရှိတော့ ရှိပါတယ်... ဒါပေမဲ့ စီနီယာအနေနဲ့ အဲဒီဈေးနှုန်းကို လက်ခံနိုင်ပါ့မလားလို့ စိုးရိမ်မိလို့ပါ"

အစ်ကိုကြီးချန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

"ဘာလဲ... မင်းက ငါ့ကို အထင်သေးနေတာလား"

"မဟုတ်ရပါဘူး... မဟုတ်ရပါဘူး ခင်ဗျာ"

ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် စိတ်ကိုတင်းလိုက်ပြီး သူ၏သိုလှောင်ပစ္စည်းထဲမှ သပ်ရပ်လှပလွန်းလှသော ထွင်းဖောက်မြင်ရသည့် အင်မော်တယ်ရတနာ ဖန်အုပ်ဆောင်းနှစ်ခုကို သတိကြီးစွာဖြင့် ထုတ်ယူလိုက်သည်။ ထိုဖန်အုပ်ဆောင်းများကို ဖြတ်ကျော်၍ ကြည့်လိုက်သောအခါ အစ်ကိုကြီးချန်၏မျက်လုံးများ ပြုတ်ထွက်လုမတတ်ဖြစ်သွား၏။ ဖန်အုပ်ဆောင်းနှစ်ခုလုံး၏အတွင်း၌ လုံးဝန်းအပြစ်ဆိုဖွယ်မရှိသော ပုလဲတစ်လုံးစီရှိနေသည်။

တစ်ခုက အနီရောင်၊ တစ်ခုက ခရမ်းရောင်ဖြစ်ပြီး... ၎င်းတို့၏ အရွယ်အစားက ဘတ်စကက်ဘောလုံးများနီးပါးကြီးမား၏။ ပုလဲများ၏ မျက်နှာပြင်ထက်၌ ဝေဝေဝါးဝါး လှိုင်းထနေသော အလင်းတန်းများ တောက်ပနေရာ ၎င်းတို့က အထွတ်အထိပ် ရတနာများဖြစ်ကြောင်း ထင်ရှားလှသည်။ အစ်ကိုကြီးချန်သည် ရင်ထဲ၌ ရူးသွပ်မတတ် အော်ဟစ်မိတော့သည်။

ဒါကြီးတွေကို ပုလဲလို့ ခေါ်လို့ရဦးမှာလား...

ဒါတွေကို ကျင့်ကြံခြင်းအတွက် အသုံးချလို့မရရင်တောင်မှ ဒီအတိုင်းကြည့်နေရုံနဲ့တင် လူကို ရင်ခုန်စိတ်လှုပ်ရှားသွားစေဖို့ လုံလောက်ပေသည်။

"မင်းဆီမှာ ဒီလိုကောင်းတဲ့ ပစ္စည်းတွေကို ဝှက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ဟဟ... ဒါတွေက ကျွန်တော် စုဆောင်းထားခဲ့တာ ကြာလှပါပြီ၊ ဈေးနှုန်းကတော့ မချိုသာဘူးပေါ့နော်"

ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း၏ မျက်နှာထက်တွင် နှမြောတသဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူက မူလကတော့ မိစ္ဆာတစ်သောင်း ညီလာခံ မကျင်းပမီ ချီလင်မျိုးနွယ်စုရဲ့ ဧကရာဇ်နှစ်ပါးထံ ဒီအထွတ်အထိပ်ရတနာနှစ်ပါးကို ဆက်သဖို့ ရည်ရွယ်ထားခဲ့တာဖြစ်သည်။ သူတို့ စိတ်အခြေအနေ ကောင်းနေမယ်ဆိုရင် ညီလာခံရဲ့ ပြိုင်ပွဲတွေအတွင်းမှာ သူ့ကို တစ်ချက်လောက် ကူညီစောင့်ရှောက်ပေးနိုင်မလား မျှော်လင့်ချက်နဲ့ပေါ့။ ဥပမာအားဖြင့်... ကွယ်ရာကနေ ပြိုင်ဘက်တွေကို မသိမသာစီမံပေးပြီး သူလမ်းတစ်လျှောက်လုံး အားနည်းတဲ့ ဧကရာဇ်တစ်ပိုင်းတွေနဲ့ပဲ တိုက်ခိုက်ရအောင်လုပ်ပြီး ထိပ်သီး ၃၂ ယောက်စာရင်းထဲ ဝင်သွားနိုင်ဖို့ပေါ့။

လက်ရှိမှာ ချီလင်မျိုးနွယ်စုရဲ့ ချီလင်ဧကရာဇ်က မိစ္ဆာတစ်သောင်းနန်းတော်ရဲ့ မိစ္ဆာအရှင်သခင်ဖြစ်နေပြီး အာဏာအရှိဆုံးသူ ဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးက မဖြစ်နိုင်တာတော့မဟုတ်။ အဲဒီအချိန်ကျရင် ဂဏန်းမျိုးနွယ်စုကလည်း မြေကမ္ဘာအဆင့်အတန်းမှာ နေရာတစ်နေရာ ရရှိမှာဖြစ်ပြီး နောက်ထပ် နှစ်သန်းပေါင်းတစ်ထောင်အတွင်း သူတို့လုပ်ဆောင်နိုင်မယ့်အရာတွေအများကြီးရှိလာလိမ့်မည်။ ထို့ကြောင့် ဤရတနာများကို ချီမုန်ထံရောင်းချရန် ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။

"ဈေးနှုန်းက ဘယ်လောက်လဲ"

"ဒီရတနာနှစ်ပါးက... တစ်လုံးကို မိစ္ဆာဝိညာဉ်အမြုတေ သန်းတစ်ရာစီ ကျသင့်မှာပါ"

"ဘာ... ဒီလောက်တောင် ဈေးကြီးတာလား"

အစ်ကိုကြီးချန်သည် ထိုဈေးနှုန်းကြောင့် လန့်ဖျပ်သွားသည်။ မိစ္ဆာမျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းမှာ ယေဘုယျအားဖြင့် မိစ္ဆာဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုတာဖြစ်ပြီး ဒါတွေက တန်ဖိုးအားဖြင့် အင်မော်တယ်ကျောက်တုံးတွေနှင့် အတူတူပင်။ သို့သော် မိစ္ဆာဝိညာဉ်အမြုတေဆိုတာကတော့ မိစ္ဆာဝိညာဉ်ကျောက်တုံးတွေဆီကနေ သန့်စင်ထုတ်လုပ်ထားတဲ့ အနှစ်သာရဖြစ်တာကြောင့် သူ့ရဲ့တန်ဖိုးက အဆင့်မြင့် မိစ္ဆာဝိညာဉ်ကျောက်တုံးတွေထက် အဆပေါင်းသောင်းချီပြီး ပိုမြင့်မားသည်။

ပုလဲတစ်လုံးတည်းတင် အဆင့်မြင့် အင်မော်တယ်ကျောက်တုံး တစ်ထရီလီယံနီးပါး တန်ကြေးရှိနေ၏။ ဒါက သူ အလယ်အင်မော်တယ်လောကတုန်းက အင်မော်တယ်ကံကြမ္မာတိုကင်တွေကို အကွက်ချရောင်းချပြီး ရရှိခဲ့သည့်ဝင်ငွေနှင့် မတိမ်းမယိမ်းဖြစ်နေလေပြီ။

ဒါတွေက ကျင့်ကြံခြင်းအတွက် ဘာအထောက်အကူမှမပြုတဲ့... အလှပုလဲသက်သက်ပဲဥစ္စာကို...

"ဒီလို အရည်အသွေးနဲ့ အရွယ်အစားမျိုးက ဘယ်လောက်အထိ အဖိုးတန်လဲဆိုတာ စီနီယာကိုယ်တိုင်လည်း သိမှာပါ"

"မိစ္ဆာဝိညာဉ်အမြုတေ သန်းတစ်ရာဆိုတာ... တကယ့်ကို မိတ်ဆွေဈေးနှုန်း ပေးထားတာပါ"

"အကယ်၍ စီနီယာက အရမ်းဈေးကြီးတယ်လို့ ထင်ရင်တော့... အခြားပစ္စည်းတွေကိုပဲ ကြည့်ရှုနိုင်ပါတယ်"

ဤဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် မူလကတည်းကပင် အမှန်တကယ် ရောင်းချလိုစိတ် မရှိခဲ့ခြင်းဖြစ်ရာ သူက ဈေးလျှော့ပေးရန် ရည်ရွယ်ချက်လုံးဝမရှိချေ။

အစ်ကိုကြီးချန်က တဟားဟား ရယ်မောလိုက်သည်။

"အဲလိုမျိုးမဟုတ်ပါဘူး... ငါက ဒီလောက်အထိ များပြားတဲ့ မိစ္ဆာဝိညာဉ်အမြုတေတွေကို ယူမလာခဲ့မိလို့ပါ"

တကယ်တမ်းတော့... သူက ကျင့်ကြံခြင်းအတွက် အင်မော်တယ်ကျောက်တုံးတွေကို အသုံးပြုနိုင်သော်လည်း မိစ္ဆာဝိညာဉ်အမြုတေ တစ်စက်ကလေးမျှ ယူဆောင်လာခဲ့ခြင်းမရှိချေ။

"ဒီလိုလုပ်ရအောင်... ဒါကို ငါ့ကို အရင်ဆုံး အကြွေးနဲ့ပေးလိုက်ပါ၊ ငါ မင်းအတွက် ခေတ္တခဏ ဘေးကင်းအောင် သိမ်းဆည်းပေးထားမယ်"

"ငါ နှစ်အနည်းငယ်လောက် ကူညီသိမ်းဆည်းပေးပြီးတဲ့နောက် အဲဒီသိုလှောင်ခက ဒီမိစ္ဆာဝိညာဉ်အမြုတေ သန်းတစ်ရာနဲ့ ခုနှိမ်ဖို့ လုံလောက်သွားလိမ့်မယ်။ အဲဒီကျရင် ငါတို့ အကြွေးကျေသွားတာပေါ့"

"မင်း ဘယ်လိုထင်လဲ"

ဖူး...

အရိပ်ထဲတွင်ရှိနေသော မိုးပြာနဂါးဧကရီမှာ သွေးအန်လုမတတ်ဖြစ်သွားသည်။

နင်က ပစ္စည်းတွေကို ဒီလိုဝယ်တာလား။ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာမဟုတ်ဘူးလား...

ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း၏ မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။

"ချီမုန်... မင်း ငါ့ကို လာနောက်နေတာလား"

"မဟုတ်ပါဘူး... ငါက တကယ့်ကို တည်တည်တံ့တံ့နဲ့ ကုန်သွယ်မှုအကြောင်း ဆွေးနွေးနေတာပါ..."

အစ်ကိုကြီးချန် ရယ်မောနေစဉ်အတွင်း သူ၏ မိုးပြာနဂါးသွေးမျိုးဆက်ကို လှုံ့ဆော်လိုက်ပြီး စတင်တိုက်ခိုက်လိုက်သည်။

"မင်း ရဲတင်းလှချည်လား"

ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး ကြီးမားသော တိုက်ပွဲကြီးတစ်ပွဲ ပေါက်ကွဲထွက်လာတော့သည်။ တိုက်ပွဲစတင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ အစ်ကိုကြီးချန်၏ မိုးပြာနဂါး သွေးမျိုးဆက်စွမ်းအားနှင့် မိုးပြာနဂါးမျိုးနွယ်စု၏ ပါရမီစွမ်းရည်များက အထင်အရှား ပေါ်ထွက်နေပြီး ချီလင်မျိုးနွယ်စု၏ သွေးမျိုးဆက်လက္ခဏာရပ်များ လုံးဝရှိမနေခဲ့ချေ။

"ဪ... မင်းက ဘယ်သူလဲဆိုတာ ငါသိပြီ"

"မင်းက မိုးပြာနဂါးမျိုးနွယ်စုကပဲ"

"မင်းတို့အားလုံးက မိစ္ဆာလောကကနေ နှင်ထုတ်ခံထားရတာတောင်... အခုထိ ပြဿနာလာရှာရဲသေးတယ်ပေါ့လေ"

အစ်ကိုကြီးချန်သည် စကားလုံးများ ဖြုန်းတီးမနေတော့ဘဲ ဆက်လက်တိုက်ခိုက်နေခဲ့သည်။

"အားလုံးပဲ... တိုက်ခိုက်ကြ"

"သူ့ကို သတ်ပစ်ကြစမ်း"

ဧကရာဇ်တစ်ပိုင်း၏ အမိန့်ပေးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ အခြားသော ဂဏန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူအားလုံး ဝိုင်းရံလာကြသည်။ မကြာမီတွင် နှစ်ဦးနှစ်ဖက်စလုံးသည် ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားပြီး မြေကမ္ဘာကြီးတုန်ဟုန်သွားသည်အထိ ပြင်းထန်စွာတိုက်ခိုက်ကြရာ ကမာမျိုးနွယ်စု၏ စုဝေးရာနေရာတစ်ခုလုံးသည် အပျက်အစီးပုံဘဝသို့ ပြောင်းလဲသွား၏။ ကမာမျိုးနွယ်စုဝင် အမြောက်အမြားသည် သူတို့၏ သိုလှောင်ပုံးများထဲမှ လွတ်မြောက်သွားကြသည်။ သူတို့ သတိပြန်လည်လာကြပြီးနောက် အစပိုင်းတွင် ဝေဝေဝါးဝါးဖြစ်နေခဲ့ကြသော်လည်း ထို့နောက်တွင်တော့ အလန့်တကြား ထွက်ပြေးသွားကြလေ၏။

အစ်ကိုကြီးချန်သည် ဤအချိန်အတောအတွင်း သူ၏ခွန်အားများက သိသိသာသာ တိုးတက်လာကြောင်း သိရှိလိုက်ရသည်။ သူ၏ မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်က လူသားတို့၏ ကျင့်စဉ်များကို အသုံးမပြုနိုင်သလို အဆင့်ကိုး အင်မော်တယ်ဓားကိုလည်း အသုံးမပြုနိုင်ချေ။ သို့သော်လည်း လျင်မြန်ခြင်းနိယာမ၏ နိယာမနှလုံးသားမှ ပံ့ပိုးမှု၊ ထို့အပြင် သူ၏ လက်ရှိ မူလနဂါးအရိုးတို့နှင့်ပေါင်းစပ်ကာ သူသည် မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်သက်သက်ကိုသာ အသုံးပြုပြီး ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းနှင့် အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေသည်။

ဤဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက ဧကရာဇ်တစ်ပိုင်း အဆင့်နှောင်းပိုင်းတွင် ရှိနေလေရာ စွမ်းအားအပိုင်းတွင်ဆိုလျှင် သူက လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဝူကျီဂူဗိမာန်၏ဂိုဏ်းချုပ် ဧကရာဇ်တစ်ပိုင်း ဟန်ယွဲ့ပြီးလျှင် ဒုတိယလိုက်၏။ ထို့အပြင် ဤနေရာက ရေအောက်ကြမ်းပြင်ဖြစ်ပြီး ပြိုင်ဘက်၏ပိုင်နက်နယ်မြေလည်းဖြစ်သည်။ မိုးပြာနဂါးများ အကြိုက်ဆုံးစစ်တလင်းဖြစ်သည့် ကောင်းကင်ယံမဟုတ်ချေ။

လျင်မြန်ခြင်းနိယာမ၏ လွှမ်းမိုးမှုအောက်တွင် ထိုဂဏန်းမျိုးနွယ်စုမှ မိစ္ဆာဘုရင်များနှင့် မိစ္ဆာအရှင်မြတ်များသည် သူ့အရိပ်ကိုပင်မထိနိုင်ကြ။ ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းပင်လျှင် ကြီးစွာသောကန့်သတ်မှုကို ခံလိုက်ရပြီး သူ၏လှုပ်ရှားမှုများက များစွာနှေးကွေးသွားသည်။

သူတို့၏ မိစ္ဆာခန္ဓာကိုယ်များ အပြန်အလှန် ထိတွေ့တိုက်ခိုက်မိကြစဉ် ဂဏန်းမျိုးနွယ်စုသည် မူလနဂါးအရိုး၏ခွန်အားကို လုံးဝမခံနိုင်ချေ။ သူ၏ အလွန်မာကျောလှသော အပြင်ဘက်အခွံထက်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

မိစ္ဆာဘုရင်များနှင့် မိစ္ဆာအရှင်မြတ်များ တစ်ယောက်ပြီးတစ်ယောက် လဲကုန်၏။ ဤပင်လယ်ဧရိယာအတွင်း ပိန်းပိတ်အောင် မှောင်မိုက်နေသော ဟင်းလင်းပြင်အကွက်ကြီးများ ပေါ်လာပြီး အတွင်းသို့ ရေတစ်စက်မျှစီးဝင်နိုင်ခြင်းမရှိချေ။

သို့သော်ငြားလည်း ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက နှောင်းပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်သည်။ သူ၏ နိယာမနှလုံးသားက သတ္တုဓာတ်စွမ်းအင်ဖြစ်ပြီး သူ၏ပေါင်းစပ်မှုအဆင့်က အစ်ကိုကြီးချန်ထက် ပိုမြင့်သည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အစ်ကိုကြီးချန်က တဖြည်းဖြည်းအရေးနိမ့်လာ၏။

သတ္တုဓာတ်နိယာမနှလုံးသား၏ စဉ်ဆက်မပြတ် ထိုးဖောက်ဝင်ရောက်မှုအောက်တွင် သူ၏ မူလနဂါးအရိုးက ထိခိုက်ပျက်စီးခြင်းမရှိဘဲ တည်ရှိနေခဲ့သော်လည်း အင်မော်တယ်ဝိညာဉ်နှင့် မျက်နှာပြင်ရှိ နဂါးအကြေးခွံများမှာမူ အပေါက်များစွာဖြင့် စုတ်ပြတ်သတ်ကုန်သည်။ သူ၏ အင်မော်တယ်နိုင်ငံတော်သည်လည်း မတည်မငြိမ်ဖြစ်လာ၏။ အဓိကနိယာမ ၉၉၂ ခုနှင့် ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်တို့က အံ့ဩစရာကောင်းလောက်အောင် ထူးခြားဆန်းပြားလှသော်လည်း ၎င်းတို့က အဆင့်ကိုး အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေသေးသည်။ သူက ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်တစ်ပါးကို သတ်ဖြတ်နိုင်ရန်အတွက် အဆင့်များစွာကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးချေ။

ထိုမဟာတိုက်ပွဲကြီးက သုံးရက်နှင့်သုံးညတိုင်တိုင် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူ ပြောင်းလဲထားခဲ့သော ချီလင်ပုံစံက အလိုအလျောက်ပျက်ပြယ်သွားသည်။ ဤအခိုက်အတန့်တွင် သူ၏ အင်မော်တယ်နိုင်ငံတော်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပျက်စီးသွားပြီး အင်မော်တယ်ဝိညာဉ်သည်လည်း ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိသွား၏။ နောက်ဆုံးတွင်တော့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့လေသည်။

"ဒင်... လက်ခံသူ အသတ်ခံလိုက်ရပါပြီ။ ရန်သူ၏ခွန်အားကို ရှာဖွေတွေ့ရှိထားပြီး ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကို စီစဉ်နေသည်"

အစ်ကိုကြီးချန်သည် သူအလွန်မျှော်လင့်နေခဲ့သော စနစ်၏အကြောင်းကြားချက်ကို ကြားလိုက်ရတော့သည်။

ဤတစ်ကြိမ် ပြန်လည်ရှင်သန်ခြင်းအတွက် သူ၏ခွန်အားအားလုံးကို ကုန်ခမ်းအောင် အသုံးချခဲ့ရ၏။ အခြားနည်းလမ်းမရှိချေ၊ ဤဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း၏ ခွန်အားက သူကိုယ်တိုင်နှင့် သိပ်မကွာပေ။ သူက အနိုင်တိုက်ချင်ရင်လည်း မနိုင်နိုင်သလို... အလျှော့ပေးရန်လည်း မလွယ်ကူလှချေ။

တိုက်ပွဲအလယ်တွင် တစ်ဖက်လူက သူ့ကို အမြန်ဆုံးသတ်ပစ်နိုင်ရန်အတွက် အခြားကျွမ်းကျင်သူတွေ စောစောစီးစီးရောက်လာပါစေလို့ ဆုတောင်းမိသည့်အကြိမ်ပေါင်းကလည်း မနည်းလှ။ ကံဆိုးချင်တော့ ကမာမျိုးနွယ်စု၏ စုဝေးရာနေရာမှာ ဂဏန်းမျိုးနွယ်စု၏ တားမြစ်နယ်မြေဖြစ်နေပြီး အခြားရေအောက်မိစ္ဆာမျိုးနွယ်စုတွေ လုံးဝအနားပေးကပ်ပေ။ ထို့ကြောင့် သုံးရက်တိုင်တိုင် တိုက်ခိုက်ခဲ့ကြသော်လည်း အခြားကျွမ်းကျင်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ချေ။

ဟူး... ဒီတစ်ကြိမ် သေပြီးရင်တော့ ငါ့ကို အတွင်းကမ္ဘာထဲ ထပ်ပြီးဝင်ခွင့်ပေးပါဦး...

စနစ်၏ဖြေရှင်းချက်က ဝူကျီဂူဗိမာန်တုန်းကအတိုင်း ဖြစ်ပါစေကြောင်း တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။ အတွင်းကမ္ဘာထဲမှာ တစ်မိနစ်လောက် အချိန်ကုန်ဆုံးပြီးတဲ့နောက် သူ၏ အင်မော်တယ်နိုင်ငံတော်အဆင့်က တစ်ဆင့်တက်သွားခဲ့တာဖြစ်ပြီး တိုးတက်မှုက သိသာထင်ရှားလှပေသည်။

"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"

ဘာလဲ...

အစီအစဉ်က ဘယ်မှာလဲ...

ဒီအတိုင်း သွေးအပြည့်နဲ့ တိုက်ရိုက်ပြန်အသက်သွင်းပေးလိုက်တာပဲလား...

အစွမ်းအသစ်တွေ ဘာမှမပါဘူးလား...

All Chapters