← Chapters

အခန်း (၅၄၅-၅၄၆)

Vol. 39 Ch. 545-546

အခန်း (၅၄၅-၅၄၆)

Vol. 39 Ch. 545-546

‎‎

‎အခန်း ( ၅၄၅ ) - သတ်ဖြတ်လိုသောစိတ်၊ စစ်မှန်သည့် ဝက်ဝံအစီအရင်နှင့် မြှားကဲ့သို့ စောင့်ဆိုင်းခြင်း

‎

‎

‎

‎ချူးဧကရာဇ်နှင့် ချီဖျန့်နတ်ဆိုးဧကရာဇ်တို့၏ စကားပြောဆိုမှုကို ကြားလိုက်ရချိန်တွင် ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးသည် အလွန်တရာ စိုးရိမ်ပူပန်သွားခဲ့ရ၏။ သူသည် ချူးဧကရာဇ်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သော်ငြား သူ အလေးအနက် စိုးရိမ်နေသည်မှာ ကုချန်ကို ဤပြဿနာထဲသို့ မဆွဲထည့်မိစေရန်သာ ဖြစ်သည်။

‎

‎

‎ချူးဧကရာဇ်၊ ချီဖျန့်နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်တို့ကြောင့် သူသည် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။ အကယ်၍ သူ့ကြောင့်သာ သူ၏သခင် ကုချန်ကို အန္တရာယ်ဖြစ်စေခဲ့ပါက သူ တကယ်ပင် အပြစ်ကြီးစွာ ခံစားရပေလိမ့်မည်။

‎

‎

‎" သူ လုံးဝ မလာရဘူး... လုံးဝ မလာရဘူး..... "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုတို့ဖြင့် မီးလောင်နေတော့သည်။ သူသည် ကုချန်နှင့် ဝိညာဉ်အဆက်အသွယ် ပုံမှန် မလုပ်နိုင်တော့သဖြင့် ဤနေရာတွင် ဖြစ်ပျက်နေသည်ကို အသိပေးရန် မဖြစ်နိုင်ချေ။ သို့သော် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တည်ရှိနေမှုကို အာရုံခံနိုင်သဖြင့် ကုချန်သည် သူရှိရာသို့ ဦးတည်လာနေကြောင်း သူ သိရှိနေသည်။

‎

‎

‎အစီအရင်၏ အပြင်ဘက်ရှိ ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ အတွေးများကို ခန့်မှန်းမိသွားပုံရကာ ချီဖျန့်နတ်ဆိုးဧကရာဇ်အား ပြောဆိုလိုက်၏။

‎

‎

‎" တာအိုရောင်းရင်း... အလျင်စလို မလုပ်နဲ့ဦး... ရှာနာ ဒီ‌ကွေ့ရွှီးနယ်မြေထဲ ဝင်လာကတည်းက တခြားနေရာတွေကို လှည့်လည်တာ မဟုတ်ဘဲ တစ်နေရာတည်းကိုပဲ ဦးတည်သွားနေတာ... ဒါက တစ်ယောက်ယောက်နဲ့ ချိန်းထားလို့ပဲ ဖြစ်ရမယ်... ငါတို့ မျှော်လင့်ထားတဲ့အတိုင်းဆိုရင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးဧကရာဇ်ပဲ ဖြစ်လိမ့်မယ်.....

‎

‎ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်ဆိုရင် သူကပဲ အမဲလိုက်ခံရဖို့ အလိုလို ရောက်လာလိမ့်မယ်... အဲဒီအခါကျရင် သူတို့နှစ်ယောက်လုံးကို တစ်ခါတည်း ရှင်းပစ်ပြီး သူတို့ဆီမှာ ရှိတဲ့ ရတနာတွေကို ၅၀-၅၀ ခွဲယူကြမယ်လေ... ဘယ်လိုလဲ "

‎

‎

‎ချူးဧကရာဇ်၏ အကြံပြုချက်ကို ကြားသောအခါ ချီဖျန့်နတ်ဆိုးဧကရာဇ်မှာ စဉ်းစားဟန် ဖြစ်သွား၏။ သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်ကြားတွင် အကြီးအကျယ် ရန်ငြိုးမရှိသော်လည်း ချူးဧကရာဇ်ပေးမည့် အကျိုးအမြတ်က မက်မောစရာ ဖြစ်နေသည်။ ထို့ကြောင့် သူသည်လည်း ရက်စက်သော အကြည့်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

‎

‎

‎" သဘောတူတယ်... ဒါပေမဲ့ အဲဒီနတ်ဆိုးဧကရာဇ်ရဲ့ အသားနဲ့ ရုပ်ခန္ဓာကိုတော့ ငါ သီးသန့် ယူမယ်... ငါက အရုပ်ဖန်တီးဖို့အတွက် နတ်ဆိုးဧကရာဇ်အဆင့် ပစ္စည်းတစ်ခု လိုနေတာ... သူ့ကိုပဲ သုံးမယ်... ကျန်တဲ့ ရတနာတွေကိုတော့ ခွဲယူကြတာပေါ့ "

‎

‎

‎" ရတာပေါ့... ဘာမှမဖြစ်ဘူး "

‎

‎

‎ချူးဧကရာဇ်မှ ချက်ချင်း သဘောတူလိုက်လေသည်။ သူ၏အဓိကရည်ရွယ်ချက်မှာ အတိတ်က နာကြည်းချက်အတွက် ရှာနာနတ်ဆိုးဧကရာဇ်ကို လက်စားချေရန်သာ ဖြစ်သည်။ ထိုနာကြည်းချက်သည် သူ၏စိတ်နှလုံးထဲတွင် အကြီးမားဆုံး အရိပ်မည်းတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလော။

‎

‎

‎" အရင်ဆုံး သူ့ကို ဒီမှာပဲ ချုပ်ထားလိုက်မယ်... အဲ့ဒီလူ ရောက်လာတဲ့အခါမှပဲ ရှင်းပစ်တော့မယ် "

‎

‎

‎ချူးဧကရာဇ်သည် သရော်လိုက်၍ လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်အတွင်းရှိ မြင်ကွင်းအားလုံးမှာ ဝေဝါးဝါး အရောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။ အပြင်ဘက်မှ ကြည့်ပါက အစီအရင်ထဲတွင် မည်သူမျှ ရှိမနေသကဲ့သို့ ပုံမှန်အတိုင်းသာ မြင်ရတော့မည်ဖြစ်သည်။

‎

‎

‎ဤအခြေအနေကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် ၎င်းမှာ ကုချန်အား ထောင်ချောက်ဆင်ရန် ကြံစည်နေကြောင်း သိလိုက်ရသည်။ သူသည် သူ၏လက်နှစ်ဖက်ကို စုစည်းကာ အဆုံးမဲ့ မဟာတာအိုဥပဒေများကို ထုတ်လွှတ်ပြီး ရှေးဟောင်းကြေးမုံများအဖြစ် ပြောင်းလဲကာ အပြင်သို့ ပစ်လွှတ်လိုက်၏။ သူ့အနေဖြင့် အစီအရင်ကို မဖျက်ဆီးနိုင်သော်လည်း ကုချန်ရောက်လာပါက ထောင်ချောက်ဖြစ်ကြောင်း သိသာစေရန် အချက်ပြလိုခြင်းသာ ဖြစ်သည်။

‎

‎

‎သို့သော် အစီအရင်အတွင်းမှ မဲမှောင်နေသော မြူခိုးများသည် စုစည်းလာကာ ဧရာမ ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းမှာ ဒဏ္ဍာရီလာ ဝက်ဝံသားရဲကြီးပင် ဖြစ်၏။

‎

‎

‎" ဝုန်း! "

‎

‎

‎ထိုဝက်ဝံ သားရဲကြီးသည် ရက်စက်စွာ ဟိန်းဟောက်လျက် ရှာနာနတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်လေသည်။ ရှာနာနတ်ဆိုးဧကရာဇ်မှာ သူ့ကိုယ်သူ ကာကွယ်ရန်ပင် မနည်းကြိုးစားနေရတော့ရာ အစီအရင်ကို ဖျက်ဆီးရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

‎

‎

‎အစီအရင်အပြင်ဘက်ရှိ ချူးဧကရာဇ်မှာ ကျေနပ်စွာ ရယ်မောလျက် စောင့်ဆိုင်းနေလေသည်။

‎

‎

‎" ငါ့ရဲ့ ဝက်ဝံအစီအရင်က ဒီလောက်နဲ့တော့ လွယ်လွယ်နဲ့ ပျက်စီးမှာ မဟုတ်ဘူး "

‎

‎

‎သူသည် ကုချန်ကို လှည့်စားရန်အတွက် အစီအရင်၏ စွမ်းအားအပြည့်ကို မသုံးဘဲ ရှာနာနတ်ဆိုးဧကရာဇ်ကို ချုပ်တည်းထားရုံမျှသာ လုပ်ထားကာ သားကောင် အလိုလို ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

‎

‎

‎ဝက်ဝံသားရဲကြီး၏ ဖိအားပေးမှုကြောင့် ရှာနာနတ်ဆိုးဧကရာဇ်၏ အခြေအနေမှာ ပို၍ ဆိုးရွားလာပြီး ကုချန်နှင့် ဆက်သွယ်ရန်ပင် ပိုမို ခက်ခဲလာတော့သည်။ သူသည် ကုချန် ထောင်ချောက်ထဲသို့ မကျရောက်စေရန်သာ ဆုတောင်းနေရတော့သည်။

‎

‎

‎...

‎

‎

‎ထောင်ပေါင်းများစွာသော မိုင်များအကွာတွင်.....

‎

‎

‎ကုချန်သည် ရုတ်တရက် ရပ်တန့်လိုက်လေသည်။ သူ၏မျက်ဝန်းများတွင် သံသယများဖြင့် ပြည့်နှက်နေလေသည်။ သူ၏ဝိညာဉ်အာရုံထဲတွင် ရှာနာနတ်ဆိုးဧကရာဇ်သည် ရုတ်တရက် ရပ်တန့်သွားကာ မလှုပ်မယှက် ဖြစ်နေ၏။

‎

‎

‎ထို့အပြင် သူနှင့် သူ၏ဆက်သွယ်မှုမှာလည်း အလွန်တရာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။

‎

‎အခန်း ( ၅၄၆ ) - ဆက်သွယ်မိခြင်း၊ ချက်ချင်းသတိပေးခြင်း၊ ကယ်ဆယ်ရန် မလိုပါ

‎

‎

‎

‎ဘာတွေဖြစ်နေတာလဲ?

‎

‎

‎ကုချန်၏မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားရ၏။ သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့အကြား အကွာအဝေးမှာ ပိုမိုနီးကပ်လာသဖြင့် ပုံမှန်အရဆိုလျှင် သူတို့၏ ဝိညာဉ်အဆက်အသွယ်မှာလည်း ပိုမိုအားကောင်းလာရမည်ပင်။ သို့သော် ယခုအခါ ဆက်သွယ်မှုမှာ အားကောင်းလာမည့်အစား ခံစားမိရန်ပင် ခက်ခဲသည့် အတိုင်းအတာအထိ အားနည်းသွားခဲ့လေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် တစ်ခုခုနှင့် ကြုံတွေ့နေရပြီလော။

‎

‎

‎ကုချန်သည် ခဏမျှ တွေးတောလိုက်မိ၏။ သူသည် ယခုအခါ ကုချန်အပေါ် အပြည့်အဝ သစ္စာရှိသူတစ်ဦးဖြစ်သည်။ မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ပါစေ အဖိုးတန်သော အခွင့်အရေးတစ်ခုခု ရှိနေပါကပင် သူသည် ကုချန်၏အမိန့်ကို ဦးစားပေးကာ ကုချန်နှင့် အမြန်ဆုံး ဆုံတွေ့ရန် ကြိုးစားသူဖြစ်သည်။ သို့သော် ယခုအခါ သူသည် အကြောင်းမဲ့ ရပ်တန့်နေသလို အဆက်အသွယ်မှာလည်း တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။

‎

‎

‎သူသည် အန္တရာယ်တစ်ခုခုထဲသို့ မသိလိုက်ပါဘဲ ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်နိုင်ချေ ရှိသည်။

‎

‎

‎ကုချန်သည် သူ၏အရှိန်ကို မြှင့်တင်လိုက်၏။ ရှာနာနတ်ဆိုးဧကရာဇ်မှာ သူ၏လက်အောက်ရှိ ပထမဆုံး နတ်ဆိုးဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအားဖြစ်ရာ သူ့အား အဆင်သင့် အသုံးချရမည့်အချိန်တွင် မည်သည့် မတော်တဆမှုမှ မဖြစ်စေချင်ပေ။

‎

‎

‎အကွာအဝေး ပိုနီးကပ်လာသည့်အခါ သူတို့၏ ဝိညာဉ်ဆက်သွယ်မှုမှာ ပြန်လည် ကြည်လင်လာခဲ့၏။

‎

‎

‎" သခင်...! သခင်...! "

‎

‎

‎ကုချန်၏စိတ်ထဲတွင် ရှာနာနတ်ဆိုးဧကရာဇ်၏ အလွန်တရာ စိုးရိမ်တကြီး ဖြစ်နေသော အသံကို ကြားလိုက်ရသည်။

‎

‎

‎ယခင်က သူသည် ကုချန်နှင့် ဆက်သွယ်ရန် မည်မျှပင် ကြိုးစားကြိုးစား မအောင်မြင်ခဲ့သော်ငြား ယခုအခါတွင်မူ အဆက်အသွယ် ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်သည်။ ချူးဧကရာဇ်သည် သူ၏ အစီအရင်ဖြင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ကို ပိတ်ဆို့ထားသော်လည်း ကုချန်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့၏ နက်ရှိုင်းလှသော "သခင်-ကျွန်" ဝိညာဉ်ဆက်သွယ်မှုကိုမူ မည်သည့်အစီအရင်ကမျှ တားဆီးနိုင်မည် မဟုတ်ချေ။

‎

‎

‎" မင်း အန္တရာယ်နဲ့ ကြုံနေရတာလား? "

‎

‎

‎ကုချန်၏အသံမှာ တည်ငြိမ်နေ၏။ သူ၏အသံကြောင့် ရှာနာနတ်ဆိုးဧကရာဇ်၏ စိုးရိမ်နေသော စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

‎

‎

‎" သခင်! အကြောင်းစုံက ရှည်ပါတယ်... သခင် လုံးဝ မလာပါနဲ့! "

‎

‎

‎အဆက်အသွယ် ပြန်ရသည်နှင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား ချက်ချင်း သတိပေးလိုက်၏။ သူသည် သူ၏အသက်ကို စတေးရမည်ကိုပင် မမှုပါ။ သို့သော် ကုချန်ကိုမူ အန္တရာယ်ထဲသို့ ဆွဲမသွင်းလိုပေ။

‎

‎

‎" ဘာဖြစ်တာလဲ ပြောပြပါ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်မှ နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ဖြင့် သူ့အား ထောင်ချောက်ဆင်ထားကြောင်း အကုန်အစင် ဖွင့်ဟပြောပြလိုက်၏။ ချူးဧကရာဇ်တွင် ချီဖျန့်နတ်ဆိုးဧကရာဇ်ဆိုသည့် အကူအညီလည်း ရှိနေသေးသည်။

‎

‎

‎အစီအရင်တစ်ခု၏ စွမ်းအားမှာ များပြားလှပေသည်။ ယခု သူသည် နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်တစ်ခု၏ အတွင်းပိုင်းတွင် ချူးဧကရာဇ်နှင့် ချီဖျန့်နတ်ဆိုးဧကရာဇ်တို့၏ အန္တရာယ်ပေးခြင်းကို ခံနေရ၏။ ဤအခြေအနေတွင် ကုချန်ကိုယ်တိုင် ရောက်လာပါကလည်း အလွယ်တကူ ကယ်တင်နိုင်မည် မဟုတ်သလို သူပါ အန္တရာယ်ဖြစ်သွားနိုင်သည်ဟု သူ ယုံကြည်ထားသည်။

‎

‎

‎" သခင်... ကျွန်မအတွက် စိတ်မပူပါနဲ့... တကယ်လို့ ကျွန်မ ဒီကွေ့ရွှီးနယ်မြေထဲကနေ မထွက်နိုင်တော့ရင်တောင် သခင့်ရဲ့ကျွန်အဖြစ် သေဆုံးရတာ ဂုဏ်ယူပါတယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် အဆုံးသတ်တွင် သူ၏စိတ်သန္နိဋ္ဌာန်ကို ပြောပြလိုက်လေသည်။ သူသည် ကုချန်အား လက်စားချေပေးရန်ပင် မမျှော်လင့်ရဲပေ။

‎

‎

‎" ငါ သိပြီ "

‎

‎

‎ကုချန်၏အသံမှာ အေးဆေးတည်ငြိမ်နေဆဲပင်။

‎

‎

‎သူ၏သခင်မှာ အလွန်တရာ အေးဆေးတည်ငြိမ်နေသည်ကို ကြားလိုက်ရချိန်တွင် ရှာနာနတ်ဆိုးဧကရာဇ်၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားကာ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူ၏မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာလေသည်။

‎

‎

‎" ချူးဧကရာဇ်! ရှင်က ကျွန်မကို သတ်ချင်တာလား... ရှင့်ရဲ့ အစီအရင်ထဲမှာပဲ ဖြစ်နေပါစေ... ကျွန်မ မသေခင် ရှင့်ကို အေးအေးဆေးဆေး ခံစားခွင့်ပေးမှာ မဟုတ်ဘူး "

‎

‎

‎" ဝုန်း! "

‎

‎

‎အစီအရင်အတွင်း ဖန်တီးထားသည့် ဝက်ဝံသားရဲကြီးသည် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။

‎

‎

‎ယခင်က သူသည် အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားရင်း အားကုန်နေသော်လည်း ယခုတွင်မူ သူသည် ကုချန်၏အမိန့်ကို မစောင့်ဆိုင်းတော့ဘဲ သူ၏အစွမ်းအစ အားလုံးကို ထုတ်သုံးကာ ဝက်ဝံသားရဲကြီးကို ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်တော့သည်။ သူသေဆုံးသွားပါကလည်း ချူးဧကရာဇ်ကို အနာတရဖြစ်စေရမည်ဟု သူ ဆုံးဖြတ်ချက် ချလိုက်လေသည်။

‎

‎

‎

All Chapters