← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 39 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 39 Ch. 535-536

‎အခန်း ( ၅၃၅ ) - စည်းမျဉ်းများ၊ အဆုံးမဲ့တာအို ကွန်ရက်နှင့် ၎င်းအား ဖြိုခွင်းမည့်နည်းလမ်း

‎

‎

‎

‎ဤသည်မှာ အလွန်ပင် ထူးဆန်းပြီး ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်ပေသည်။

‎

‎

‎ဟွမ်သွမ့်ချီများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော မရေမတွက်နိုင်သည့် လက်တံများသည် ကောင်းကင်ယံထက်၌ တွဲလောင်းကျနေခဲ့၏။ ၎င်းတို့သည် အဆုံးအစမရှိဘဲ ကောင်းကင်တစ်ခွင်လုံးနီးပါးကို ဖုံးလွှမ်းထားလေရာ ထိုအဆုံးမဲ့လက်တံများ၏ နောက်ကွယ်ရှိ မြင်ကွင်းအား မြင်တွေ့နိုင်ရန် မဖြစ်နိုင်တော့ချေ။

‎

‎

‎ထို့အပြင် ကုချန်၏ရှေ့တွင် တွဲလောင်းကျနေသော ထိုလက်တံဆယ်ခုကျော်သည် အင်မော်တယ်ဧကရာဇ် အလောင်းဆယ်ခုကျော်အား လုံးဝစုပ်ယူပစ်လိုက်သည်မှာ လူ့အရေခွံတစ်လွှာမျှသာ ကျန်ရစ်ကာ ဖုန်မှုန့်များအဖြစ် ကြေမွသွားစေခဲ့သည်။

‎

‎

‎ကုချန်အား ပို၍ ခေါင်းခဲစေခဲ့သောအရာမှာ ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာ၏ တည်နေရာသည် ထိုအဆုံးမဲ့လက်တံများ၏ အထက်တွင် ရှိနေခြင်းပင် ဖြစ်သည်။

‎

‎

‎ဤသည်မှာ သူသည် ထိုဝိညာဉ်တစ်သောင်း တာအိုကျမ်းကို ရယူလိုပါက ဤရေမတွက်နိုင်သော လက်တံများကို မဖြစ်မနေ ဖြတ်သန်းသွားရမည်ဟု ဆိုလိုခြင်းပင်တည်း။

‎

‎

‎" ဒါက တကယ် ခေါင်းကိုက်စရာပဲ! "

‎

‎

‎ကုချန်သည် သူ၏နားထင်ကို ပွတ်သပ်လိုက်ရင်း အနည်းငယ် ပြဿနာတက်နေသည့်ဟန်ဖြင့် ရေရွတ်လိုက်၏။

‎

‎

‎ယခုအချိန်တွင် ဤမရေမတွက်နိုင်သော လက်တံများသည် မည်သည့်သက်ရှိသတ္တဝါနှင့်မျှ သက်ဆိုင်မည်မဟုတ်ဘဲ ပင်ကိုယ်ဗီဇအရသာ လှုပ်ရှားတတ်သော စည်းမျဉ်းတစ်ခုခုမှ ရုပ်လုံးပေါ်လာခြင်းဖြစ်နိုင်ကြောင်း သူ အကြမ်းဖျင်း ခံစားသိရှိနိုင်လေသည်။

‎

‎

‎အကြောင်းမှာ အကယ်၍ ဤရေမတွက်နိုင်သော လက်တံများအားလုံးသည် သက်ရှိတစ်ဦးတည်းမှ ဖြစ်တည်လာပါက ကုချန် ဝင်ရောက်လာသည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဖိတ်ခေါ်မထားသော ဧည့်သည်ဖြစ်သည့် သူ့အား ဖယ်ရှားရန် အစောကြီးကတည်းက လှုပ်ရှားခဲ့ပြီး ဖြစ်လိမ့်မည်။

‎

‎

‎သို့သော် ထိုလက်တံများသည် အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းများကိုသာ တိတ်ဆိတ်စွာ စားသုံးနေကြပြီး ကျူးကျော်ဝင်ရောက်လာသော ကုချန်အား လုံးဝသတိမထားမိသည့်အလား လျစ်လျူရှုထားကြသည်။

‎

‎

‎စဉ်းစားကြည့်ပါ။ အကယ်၍ မရေမတွက်နိုင်သော လက်တံများ၏ နောက်ကွယ်တွင် သက်ရှိတစ်ဦးရှိနေပါက ၎င်း၏နယ်မြေအတွင်းသို့ ပြင်ပလူတစ်ဦး စိတ်ကြိုက်ဝင်ရောက်လာခြင်းကို မည်သို့ သည်းခံခွင့်လွှတ်နိုင်မည်နည်း။

‎

‎

‎ထို့အပြင် ဤကမ္ဘာလောကတွင် လူသေအလောင်းများကို စားသုံးရန် နှစ်သက်သော မည်သည့် အထွတ်အထိပ်တည်ရှိမှုမျိုးကိုမျှ ကုချန် မကြားဖူးခဲ့ချေ။

‎

‎

‎သို့သော် သူ၏ခန့်မှန်းချက်အရ ဤမရေမတွက်နိုင်သော လက်တံများသည် သတ်မှတ်ထားသော စည်းမျဉ်းအချို့အတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး သူ့အား ပစ်မှတ်ထားမည်မဟုတ်သကဲ့သို့ ကာလတိုအတွင်း အန္တရာယ်ပြုလာမည်လည်း မဟုတ်ပေ။

‎

‎

‎သို့တိုင်အောင် သူသည် ဤမရေမတွက်နိုင်သော လက်တံများဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်ကန့်လန့်ကာ အတားအဆီးကို ထိုးဖောက်ရန် ကြိုးစားပါက ၎င်းတို့၏ တားဆီးမှုနှင့် တန်ပြန်တိုက်ခိုက်မှုတို့ကို ခံရမည်လားဆိုသည်ကိုမူ သူ မသိနိုင်ချေ။

‎

‎

‎" အဆင်ပြေမပြေဆိုတာ စမ်းကြည့်မှပဲ သိရမှာပေါ့ "

‎

‎

‎ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်၏။ သူသည် လက်ချောင်းကို ခေါက်လိုက်ရာ သူ၏လက်ထိပ်မှ ထက်မြသော ဓားအလင်းတန်းတစ်ခု ပစ်ထွက်သွားလျက် လက်တံများဆီသို့ လှည်းကျင်းသွားလေသည်။

‎

‎

‎သူသည် အင်အားသုံး၍ ဖြတ်သန်းနိုင်ခြင်း ရှိ၊ မရှိကို သိရှိရန် ဤမရေမတွက်နိုင်သော လက်တံများ၏ စွမ်းအားကို ဦးစွာ စမ်းသပ်လိုခြင်း ဖြစ်သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ဓားအလင်းတန်းသည် ကောင်းကင်ယံကို ဆွဲဖြဲသွား၏။ ကုချန်၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားအရ ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းတစ်ခုသည်ပင်လျှင် အင်မော်တယ်ဘုရင်တစ်ပါးကို ဒဏ်ရာရစေနိုင်စွမ်းရှိသည်။

‎

‎

‎သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ ဓားအလင်းတန်းသည် မြင့်မားသော ကောင်းကင်ယံသို့ ဝင်ရောက်သွား၍ လက်တံများနှင့် မထိတွေ့မီမှာပင် မမြင်နိုင်သော အငွေ့အသက်တစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရကာ လုံးဝ ပျောက်ကွယ်သွားလေသည်။

‎

‎

‎ကုချန်၏အကြည့်တို့သည် ထက်မြလျက်ရှိနေကာ ဓားအလင်းတန်း ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင်လည်း အဆုံးမဲ့တာအိုတို့၏ ယှက်နွယ်နေသော သဲလွန်စများကို သူ မြင်လိုက်ရဟန် ရှိလေသည်။

‎

‎

‎ထိုမရေမတွက်နိုင်သော လက်တံများအတွင်း၌ အဆုံးမဲ့တာအိုတို့၏ စွမ်းအားများ ပါဝင်နေဟန်ရှိကာ ထိုးဖောက်၍မရသော ကွန်ရက်တစ်ခုအဖြစ် စုစည်းနေရာ ထိုလက်တံများသည် ကွန်ရက်ပေါ်ရှိ သားကောင်ဖမ်းသူများကဲ့သို့ သားကောင်များ ထောင်ချောက်အတွင်းသို့ ကျဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်နေသည်။

‎

‎

‎" သွားစမ်း! "

‎

‎

‎အတွေးတစ်ချက်ဖြင့် ကုချန်သည် အဆုံးမဲ့ဓားကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ရာ အဆုံးမဲ့ဓားမှာ မြင့်မားသော ကောင်းကင်ယံဆီသို့ ပြေးဝင်သွားလေသည်။

‎

‎

‎" ချွင်! "

‎

‎

‎အဆုံးမဲ့ဓားကို ဆွဲထုတ်လိုက်သည်နှင့် အဆုံးအစမရှိသော ဓားအလင်းတန်းတစ်ခုကို ချက်ချင်းဖြစ်ပေါ်သွားစေကာ လှိုင်းထန်နေသော မြစ်တစ်စင်းကဲ့သို့ မြင့်မားသော ကောင်းကင်ယံဆီသို့ အထက်သို့ စီးဆင်းသွားတော့သည်။

‎

‎

‎လက်ရှိ အဆုံးမဲ့ဓားသည် အင်မော်တယ် ဧကရာဇ်တစ်ပိုင်းအဆင့်ရောက်ရန် ခြေတစ်လှမ်းဝက်မျှသာ လိုတော့သည့် လက်နက်တစ်ခု ဖြစ်နေပြီဖြစ်ရာ ၎င်းမှထုတ်လွှတ်လိုက်သော ဓားစွမ်းအားသည်လည်း သဘာဝအတိုင်း ထူးကဲလှ၍ အင်မော်တယ်ဘုရင်အဆင့် အထွတ်အထိပ်ကို ကျော်လွန်ကာ အင်မော်တယ်ဘုရင်တစ်ပါးကို ချက်ချင်းသတ်ဖြတ်နိုင်စွမ်းရှိပေသည်။

‎

‎

‎သို့သော် အဆုံးမဲ့ဓားအလင်းမြစ်သည် မြင့်မားသော ကောင်းကင်ယံသို့ ရောက်ရှိသွားသောအခါ ယခင်ကကဲ့သို့ မြင်ကွင်းမျိုး ထပ်မံပေါ်ပေါက်လာပြန်သည်။

‎

‎

‎မရေမတွက်နိုင်သော လက်တံများသည် ငြိမ်သက်နေဆဲဖြစ်ပြီး အဆုံးမဲ့တာအိုကွန်ရက် ပြန်လည်ပေါ်ထွက်လာကာ အဆုံးမဲ့ဓားမှ ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်၏။

‎

‎

‎ဤသည်ကို မြင်သောအခါ အဆုံးမဲ့ဓားသည် အရှုံးမပေးလိုသည့်ဟန်ဖြင့် အသံမြည်လာကာ နောက်တစ်ကြိမ် ထပ်မံပြေးဝင်လိုသော်လည်း ကုချန်မှ ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

‎

‎

‎ထိုတိုက်ခိုက်မှုသည် အဆုံးမဲ့ဓားဖြင့် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုဖြစ်နေခဲ့ပြီဖြစ်သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။ ထပ်မံတိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မဲ့နေလိမ့်မည်။ ဤမရေမတွက်နိုင်သော လက်တံများကြားရှိ အဆုံးမဲ့တာအိုကွန်ရက်သည် အင်အားသုံး၍ မရနိုင်ဟန်ရှိသောကြောင့် ဉာဏ်သုံး၍သာ ဖြေရှင်းရတော့မည်ဖြစ်သည်။

‎

‎

‎" အဆုံးမဲ့တာအိုကွန်ရက်..... "

‎

‎

‎ကုချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်၏။ သူ၏စိတ်ထဲတွင် ဤအဆုံးမဲ့တာအိုကွန်ရက်ကို မည်သို့ထိုးဖောက်ရမည်ကိုသာ စဉ်းစားနေလေသည်။

‎

‎

‎သူသည် မြင့်မားသော ကောင်းကင်ယံတွင် တွဲလောင်းကျနေသည့် မရေမတွက်နိုင်သော လက်တံများကို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား ရုတ်တရက် အကြံဉာဏ်တစ်ခု ရရှိသွားခဲ့၏။

‎

‎

‎ဟုတ်ပြီ!

‎

‎

‎ထိုအဆုံးမဲ့တာအိုကွန်ရက်ကို ထိုးဖောက်ရန်ကိုသာ ဘာကြောင့် သူ စဉ်းစားနေခဲ့ရသနည်း။

‎

‎

‎အကယ်၍ သူသည် ဤလက်တံများကဲ့သို့ပင် ထိုအဆုံးမဲ့တာအိုကွန်ရက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါက ၎င်းအတွင်းသို့ ပေါင်းစည်းဝင်ရောက်ကာ အဆုံးမဲ့တာအိုကွန်ရက် ယှက်နွယ်နေသော နေရာကို အလွယ်တကူ ဖြတ်သန်းသွားနိုင်မည် မဟုတ်ပါလော။

‎

‎

‎ထိုအဆုံးမဲ့တာအိုကွန်ရက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းရန် ကြိုးပမ်းခြင်းကိစ္စမှာမူ ကုချန်အတွက် လုံးဝ အခက်အခဲမရှိပေ။

‎

‎

‎သူသည် ယခင်ခေတ်ကာလမှ အဆုံးမဲ့တာအိုတို့၏ သဲလွန်စများကိုပင် တိကျစွာ ဖမ်းယူနိုင်ပြီး ပြန်လည်ဖန်တီးနိုင်စွမ်းရှိရာ ဤနေရာရှိ အဆုံးမဲ့တာအိုတို့၏ အငွေ့အသက်ကို တုပရန်မှာ မည်သည့် အခက်အခဲမျှ ရှိနိုင်မည်မဟုတ်ပေ။

‎

‎

‎သူသည် သူ၏အတွေးအတိုင်း လက်တွေ့လုပ်ဆောင်လိုက်၏။

‎

‎

‎ကုချန်သည် အဆုံးမဲ့ဓားကို ဆက်လက်ဆင့်ခေါ်လိုက်၍ အဆုံးမဲ့တာအိုကွန်ရက်၏ ကြိမ်နှုန်းနှင့် တုန်ခါမှုတို့ကို ဂရုတစိုက် စမ်းသပ်ကာ ၎င်း၏ သဲလွန်စများနှင့် ဖွဲ့စည်းပုံကို ဖမ်းယူလိုက်လေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူသည် နေရာရှိ အဆုံးမဲ့တာအိုကွန်ရက်၏ ဖွဲ့စည်းပုံကို စတင်ခွဲခြမ်းစိတ်ဖြာရန် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကိုလည်း အသုံးပြုလိုက်၏။

‎

‎

‎အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

‎

‎

‎ကုချန်သည် ကြက်သွေးရောင် မြေပြင်ပေါ်တွင် ရပ်နေကာ ကောင်းကင်သို့ ငေးကြည့်ရင်း လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်‌နေလေသည်။

‎

‎

‎သို့သော် အမှန်တကယ်တွင် သူ၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာ၌ အဆုံးမဲ့တာအိုမီးဖိုသည် ပြင်းထန်စွာ တောက်လောင်နေလျက် ကုချန်အား ဤနေရာရှိ အဆုံးမဲ့တာအိုကွန်ရက်ကို လျင်မြန်စွာ ဖော်ထုတ်နိုင်ရန် ကူညီပေးနေလေသည်။

‎

‎

‎အမွှေးတိုင် အနည်းငယ်လောင်ကျွမ်းစာ အချိန်ခန့် ကြာမြင့်ပြီးနောက်တွင်မူ မှိတ်လုနီးပါးဖြစ်နေသော ကုချန်၏မျက်လုံးများမှာ နောက်ဆုံးတွင် ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီး သူ၏အကြည့်များထဲတွင်လည်း ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

‎

‎

‎သူသည် သူ၏ကိုယ်ပိုင် အငွေ့အသက်ကို ဦးစွာ ထိန်းချုပ်လိုက်၍ အဆုံးမဲ့တာအိုတို့ကို နှိုးဆွလိုက်၏။

‎

‎

‎နောက်တစ်ခဏတွင် ကုချန်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်သည် ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားလေသည်။

‎

‎

‎" အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် "

‎

‎

‎ကုချန်၏အကြည့်တို့သည် တည်ကြည်နေလျက် မဆိုင်းမတွပင် မြေပြင်မှ ထလိုက်ကာ မရေမတွက်နိုင်သော လက်တံကန့်လန့်ကာဆီသို့ ပျံသန်းသွားတော့သည်။

‎

‎

‎လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော လက်တံများသည် တိတ်ဆိတ်စွာ တွဲလောင်းကျနေ၍ ကုချန်အား မရှိသူတစ်ဦးကဲ့သို့ သဘောထားကာ သူတို့အထဲမှ တစ်ဦးအဖြစ် တကယ်ပင် မှတ်ယူထားဟန်ရှိနေလေသည်။

‎

‎

‎ကောင်းကင်ယံသို့ ပိုမိုမြင့်မားစွာ ပျံသန်းသွားလေလေ ကုချန်၏ စိတ်အခြေအနေသည်လည်း ပို၍ တင်းမာလာလေလေ ဖြစ်သည်။

‎

‎

‎အကြောင်းမှာ သူသည် အဆုံးမဲ့တာအိုကွန်ရက် ယှက်နွယ်နေသော အမြင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်ကာ သူအောင်မြင်မည်၊ မအောင်မြင်မည်မှာ ဤတစ်ကြိမ် ကြိုးပမ်းမှုအပေါ်တွင်သာ မူတည်နေသောကြောင့် ဖြစ်ပေသည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎နောက်ဆုံးတွင် ကုချန်မှ အဆုံးမဲ့တာအိုကွန်ရက်ရှိရာ အမြင့်သို့ ရောက်ရှိသွားသောအခါ မမြင်နိုင်သော နေရာမှ မမြင်ရသည့် အင်အားတစ်ခု ပေါက်ကွဲထွက်လာကာ တစ်စုံတစ်ခုကို ခွဲခြားသတ်မှတ်နေသည့်အလား သူ၏အပေါ်သို့ ပြင်းထန်စွာ လွှမ်းခြုံသွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

‎

‎

‎တစ်ချိန်တည်းမှာပင် စောစောက တိတ်ဆိတ်စွာ တွဲလောင်းကျနေခဲ့သော မရေမတွက်နိုင်သည့် လက်တံများသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်တရက် အပေါ်သို့ ထိုးတက်လာကာ ကုချန်အား ဝန်းရံလိုက်ကြလေတော့သည်။

‎

‎

‎ဤသည်က.....

‎

‎

‎မရေမတွက်နိုင်သော လက်တံများမှာ ရုတ်တရက် ရိုင်းစိုင်းကြမ်းတမ်းလာ၍ သူ့အား ဝန်းရံလာသည်ကို မြင်သောအခါ ကုချန်မှာ ဇောချွေးများပင် ပြန်လာခဲ့ပြီး သူ၏ ရုပ်ဖျက်ခြင်း ကျရှုံးသွားပြီဟုပင် ထင်မှတ်လိုက်မိသည်။

‎

‎

‎သို့သော် သူ့တွင် နိဗ္ဗာန်ဖီးနစ်ငှက်မွှေး ရှိနေသေးပြီး အစမှ ပြန်လည်စတင်ရန် အခွင့်အရေးရှိသေးကြောင်း သတိရလိုက်သောအခါ သူသည် ဆက်လက်၍ ထိတ်လန့်မနေတော့ဘဲ အခြေအနေကို စတင်စောင့်ကြည့်လေသည်။

‎

‎

‎မရေမတွက်နိုင်သော လက်တံများသည် ကုချန်၏ ဘေးပတ်လည်တွင် လှုပ်ရှားကခုန်နေကြ၍ သူတို့နှင့် အငွေ့အသက်ဆင်တူသော ဤ 'မျိုးနွယ်တူ' အား ဂရုတစိုက် ခွဲခြားသတ်မှတ်နေဟန်ရှိ၏။

‎

‎

‎အချိန် မည်မျှကြာသွားသည်ကို မသိရချေ။

‎

‎

‎ကုချန်အား ဝန်းရံထားသော များပြားလှသည့် လက်တံများသည် နောက်ဆုံးတွင် သူတို့၏ ခွဲခြားသတ်မှတ်ခြင်းကို အဆုံးသတ်လိုက်ဟန်ရကာ နောက်သို့ ရုတ်တရက် ပြန်လည်ဆုတ်ခွာသွားကြလေသည်။

‎

‎

‎ထို့နောက် မမြင်ရသော အဆုံးမဲ့တာအိုကွန်ရက်သည် ချက်ချင်း ပြိုကွဲသွားကာ ကုချန်အတွက် လမ်းဖွင့်ပေးလိုက်လေတော့သည်။

‎‎

အခန်း ( ၅၃၆ ) - ကောင်းကင်တိုင်တွင် တွဲလောင်းကျနေသော အလောင်းမှာ တာအိုအရှင်ဖြစ်‌နေခြင်း၊ တာအိုအားလုံး ပြည့်စုံခြင်း

‎

‎

‎

‎မရေမတွက်နိုင်သော လက်တံများ ထွက်ခွာသွားသည်ကို မြင်သောအခါ ကုချန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

‎

‎

‎စောစောက ထိုမရေမတွက်နိုင်သော လက်တံများ သူ့အား ဝန်းရံလာစဉ်က သူ၏ ရုပ်ဖျက်ခြင်းနည်းလမ်းမှာ ကျရှုံးသွား၍ ၎င်းတို့၏ တိုက်ခိုက်ခြင်းကို ခံရတော့မည်ဟု တကယ်ပင် ထင်မှတ်ခဲ့မိ၏။

‎

‎

‎သို့သော် နောက်ဆုံးရလဒ်က သူ၏ ရုပ်ဖျက်ခြင်းမှာ အတော်လေး ကောင်းမွန်ကြောင်း သက်သေပြလိုက်သည်။

‎

‎

‎ထိုလက်တံများအားလုံးသည် သူ့အား သူတို့ထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပြီး သူ့ကို မတိုက်ခိုက်ခဲ့ကြချေ။

‎

‎

‎အဆုံးမဲ့တာအို စည်းမျဉ်းများဖြင့် တည်ဆောက်ထားသော အဆုံးမဲ့တာအိုကွန်ရက်သည်လည်း ကုချန်အား ၎င်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကာ သူ၏တည်ရှိမှုကို လျစ်လျူရှုထားခဲ့၏။ အကြောင်းမှာ သူသည် သူ၏ ချီကို ၎င်းနှင့် တစ်ထပ်တည်းကျစေရန် ညှိယူထားသောကြောင့်ပင်တည်း။

‎

‎

‎ဤအတားအဆီးကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ရာ နောက်တစ်ဆင့်မှာ ထိုအဆုံးမဲ့တာအိုကွန်ရက်၏ အထက်သို့သွားကာ ထိုနေရာတွင် မည်သည့်အရာများ ပုန်းကွယ်နေသည်ကို ကြည့်ရှုရန်ပင် ဖြစ်သည်။

‎

‎

‎ကုချန်သည် အသက်ပြင်းပြင်းတစ်ချက် မရှူသွင်းဘဲ မနေနိုင်ခဲ့ပေ။

‎

‎

‎ရှောင်လင်ဧကရီ ရှာဖွေနေသော ဝိညာဉ်တစ်သောင်း တာအိုကျမ်းစာနှင့် သူရှာဖွေနေသော တာအိုတစ်သောင်း ပြည့်စုံခြင်းနေရာ နှစ်ခုစလုံးအတွက် အဖြေများကို ဤအဆုံးမဲ့တာအိုကွန်ရက်အထက်တွင် တွေ့ရှိနိုင်မည်ဟု သူ ကြိုတင်ခံစားမိနေခဲ့သည်။

‎

‎

‎" သွားစမ်း! "

‎

‎

‎အတွေးတစ်ချက်ဖြင့် ကုချန်သည် အဆုံးမဲ့တာအိုကွန်ရက်၏ ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ခဲ့ကာ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ အောင်မြင်စွာ ဝင်ရောက်သွားလေသည်။

‎

‎

‎သူ အဆုံးမဲ့တာအိုကွန်ရက်ကို ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် သူ၏မျက်စိရှေ့မှ မြင်ကွင်းသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်ကူးယဉ်နိုင်စွမ်း အကန့်အသတ်ကို စိန်ခေါ်နေသည့် မြင်ကွင်းတစ်ခုက သူ၏ရှေ့တွင် ကွင်းကွင်းကွက်ကွက် ပေါ်ထွက်လာတော့သည်။

‎

‎

‎သူ၏မျက်မှောက်ရှိ မြင်ကွင်းကြောင့် သူ၏ မျက်ဆန်များပင် ကျုံ့ဝင်သွားခဲ့ကာ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အံ့အားသင့်တုန်လှုပ်မှု အမူအရာတစ်ခုသာ သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။

‎

‎

‎ထိုမြင်ကွင်းမှ သူ့အား ပေးစွမ်းသော တုန်လှုပ်မှုသည် မီးခိုးရောင် အတားအဆီးရှေ့တွင် အလွှာလိုက် ပုံထပ်နေသော မရေမတွက်နိုင်သည့် အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းများကို သူ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကထက်ပင် များစွာ သာလွန်နေခဲ့သေးသည်။

‎

‎

‎ထိုအချိန်က ၎င်းသည် သူ့ဘဝတွင် မြင်ဖူးသမျှထဲမှ အထူးဆန်းဆုံးနှင့် အတုန်လှုပ်ဆုံး မြင်ကွင်းဖြစ်သည်ဟု ကုချန် အစက ထင်မှတ်ထားခဲ့၏။

‎

‎

‎သို့သော် ယခုအခါတွင်မူ ထိုအရာအားလုံး အသစ်ပြန်ဖြစ်သွားခဲ့ချေပြီ။

‎

‎

‎ယခု သူ၏မျက်စိရှိ မြင်ကွင်းနှင့် နှိုင်းယှဉ်လိုက်လျှင် မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ် အလောင်းများ ပုံထပ်နေသည့် မြင်ကွင်းမှာ ပြောပလောက်သည့် အရာမဟုတ်တော့ချေ။

‎

‎

‎ကုချန် တကယ်ပဲ ဘာကို မြင်တွေ့ခဲ့ရသနည်း။

‎

‎

‎သူ၏အကြည့်များ ရောက်ရှိနိုင်သမျှ နေရာအထိ မရေမတွက်နိုင်သော လက်တံများ၏ အထက်တွင် တာအိုသင်္ကေတများဖြင့် ဖုံးလွှမ်းနေသော ဧရာမလက်တံကြီးများ ရှိနေခဲ့သည်။ ထိုလက်တံကြီးများသည် အောက်ဘက်ရှိ မရေမတွက်နိုင်သော လက်တံလေးများ၏ အမြစ်များကဲ့သို့ဖြစ်ကာ ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်နေလေသည်။

‎

‎

‎ထို့အပြင် အဆုံးအစမရှိသော ကောင်းကင်ယံ အဆုံးမှနေ၍ မရေမတွက်နိုင်သော ရှေးဟောင်းကောင်းကင်တိုင်ကြီးများ ဆင်းသက်လာခဲ့ပြီး ထိုကောင်းကင်တိုင်များမှတစ်ဆင့် ထိုမရေမတွက်နိုင်သော လက်တံများ ထွက်ပေါ်လာကာ အမြစ်များကို ထိန်းချုပ်၍ အောက်ဘက်ရှိ အင်မော်တယ်ဧကရာဇ်အဆင့် အသွေးအသားများကို စုပ်ယူနေကြခြင်း ဖြစ်ပေသည်။

‎

‎

‎ကုချန်အား စကားပင်မဆိုနိုင်အောင် ပိုမိုတုန်လှုပ်သွားစေခဲ့သောအရာမှာ ဤအရာပင်ဖြစ်သည်။

‎

‎

‎ထိုရှေးဟောင်းကောင်းကင်တိုင်ကြီးများ၏ အဆုံးတွင် အလောင်းတစ်ခုပြီးတစ်ခု ဖောက်ထွင်းခံထားရဟန် ရှိနေခြင်းပင်တည်း။

‎

‎

‎ထိုအလောင်း တစ်ခုစီတိုင်းမှာ မဟာတာအိုတစ်ခုကဲ့သို့ဖြစ်ကာ အဆုံးစွန်သော ပြည့်စုံမှုများ၊ အမြင့်မြတ်ဆုံး စစ်မှန်မှုများပါဝင်သည့် လင်္ကာများဖြင့် ပြည့်နှက်နေခဲ့၏။ ထိုသို့သော အဆုံးစွန် စွမ်းအားကြီးမားလှသည့် စစ်မှန်သော လင်္ကာများသည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများကိုပင် ၎င်းတို့နှင့် ယှဉ်လျှင် သေးငယ်၍ အရေးမပါသော အရာတစ်ခုဟု ထင်မှတ်ရစေသည်။

‎

‎

‎သို့သော် ယခုအခိုက်အတန့်တွင် ထိုအလောင်းများအားလုံးသည် သူတို့၏ ရင်အုပ်များ ဖောက်ထွင်းခံထားရလေသည်။ ရှေးဟောင်း ကောင်းကင်တိုင်များမှ ၎င်းတို့ကို ဖောက်ထွင်းကာ ထိုအလောင်းများကို ကောင်းကင်တိုင်များပေါ်တွင် အရှင်လတ်လတ် သီကုံးထားလေသည်။

‎

‎

‎ခြေလက်များ တွဲလောင်းကျနေသော ထိုရှေးဟောင်းအလောင်းများသည် အောက်ဘက်သို့ အသက်မဲ့စွာ တွဲကျနေပြီး ၎င်းတို့၏ ဗလာဖြစ်ကာ သေဆုံးနေသော မျက်လုံးများနှင့် မျက်လုံးချင်းဆုံမိသော သက်ရှိအားလုံးကိုလည်း ပြိုင်ဘက်ကင်းသော ကျောချမ်းမှုမျိုး ခံစားရစေနိုင်ပေသည်။

‎

‎

‎ကောင်းကင်တိုင်များသည် ထူထပ်စွာ စုဝေးနေရာ ၎င်းတို့၏ အရေအတွက်ကိုမူ မသိနိုင်ချေ။

‎

‎

‎ကောင်းကင်တိုင်များအားလုံးသည် ကောင်းကင်ယံ၏ အဆုံးတွင် ပေါင်းဆုံသွားကြပြီး အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော နေရာဆီသို့ ဆန့်တန်းသွားကြ၏။

‎

‎

‎ထို့အပြင် ကောင်းကင်တိုင်များအားလုံးပေါ်တွင် အနည်းနှင့်အများဆိုသလို ရှေးဟောင်းအလောင်းအချို့ ဖောက်ထွင်းခံထားရလေသည်။ အချို့တွင် တစ်ခုတည်းသာရှိပြီး အချို့တွင်မူ သုံးခု၊ ငါးခု သို့မဟုတ် ထို့ထက်မကပင် ရှိနေကြသည်။

‎

‎

‎အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် မရေမတွက်နိုင်သော ကောင်းကင်တိုင်များ၌ ချိတ်ဆွဲခံထားရသည့် မရေမတွက်နိုင်သော အလောင်းများသည် ကောင်းကင်တွင် ခြေလက်များ တွဲလောင်းကျနေကြကာ ၎င်းတို့၏ ဗလာသက်သက် သေဆုံးနေသော မျက်လုံးများသည်လည်း နောက်မှရောက်လာသူအားလုံးကို အေးစက်စွာ စောင့်ကြည့်နေကြလေသည်။

‎

‎

‎" တာအိုအရှင်သခင်တွေ..... "

‎

‎

‎ကုချန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။ သူ၏ တီးတိုးရေရွတ်လိုက်သော စကားလုံးများက သူ့ကိုယ်သူပင် မယုံကြည်နိုင်အောင် ဖြစ်စေခဲ့သည်။

‎

‎

‎အကြောင်းမှာ ရှေးဟောင်းကောင်းကင်တိုင်များ၌ ဖောက်ထွင်းချိတ်ဆွဲခံထားရသော ထိုအလောင်းများသည် သူ အာရုံခံမိသည့်အရဆို ကောင်းကင်ဘုံအားလုံး၏ အမြင့်မြတ်ဆုံးသော တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ ဖြစ်နေသောကြောင့်ပင်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းအလောင်းများမှ ထုတ်လွှတ်လိုက်သော ချီတစ်မျှင်လေးသည်ပင်လျှင် အင်မော်တယ်ဧကရာဇ်တစ်ပါးကို ချေမှုန်းရန် လုံလောက်နေပြီး မီးခိုးရောင် အတားအဆီးရှေ့ရှိ အင်မော်တယ်ဧကရာဇ် အလောင်းများနှင့် နှိုင်းယှဉ်၍မရအောင်ပင် များစွာ သာလွန်နေသောကြောင့် ဖြစ်ပေသည်။

‎

‎

‎ထို့အပြင် ဤအလောင်းများ၏ တည်နေရာကလည်း ၎င်းတို့၏ အဆင့်အတန်းကို သက်သေပြနေဟန်ရှိသည်။

‎

‎

‎အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းများကို မီးခိုးရောင် အတားအဆီးရှေ့တွင်သာ ပေါ့ပေါ့တန်တန် စွန့်ပစ်ထား၍ စည်းကမ်းမဲ့စွာ ပုံထားကာ အချိန်အတန်ကြာပြီးနောက်တွင်မှ မရေမတွက်နိုင်သော လက်တံများ၏ စမ်းသပ်ခြင်းနှင့် စားသုံးခြင်းကို ခံကြရသည်။

‎

‎

‎သို့သော် ဤရှေးဟောင်းအလောင်းများကိုမူ လက်တံများ၏နောက်ကွယ်ရှိ ကောင်းကင်တိုင်များ၏ အဆုံးတွင် ဖောက်ထွင်းကာ ချိတ်ဆွဲထားလေသည်။ ၎င်းတို့နှစ်ခု၏ တည်နေရာများကို ကြည့်ခြင်းအားဖြင့် သူတို့၏ အဆင့်အတန်းများမှာ ကြီးမားသော ကွာခြားချက် ရှိနေလေသည်။

‎

‎

‎ဤရှေးဟောင်းအလောင်းများမှ ထွက်ပေါ်နေသော ချီအကြောင်းကို ပြောရန်ပင် မလိုတော့ချေ။ အလောင်းတစ်ခုစီတိုင်းသည် မဟာတာအိုတစ်ခု၏ ရုပ်လုံးပေါ်လာခြင်း ဖြစ်ဟန်ရှိပြီး တစ်ခုစီသည် တစ်ချိန်က အမြင့်မြတ်ဆုံးသော မဟာတာအိုတစ်ခုကို ကိုယ်စားပြုခဲ့ကြသည်။

‎

‎

‎ယခုအခါတွင်မူ တစ်ချိန်က မဟာတာအိုများကို ကိုယ်စားပြုခဲ့ကြသော ဤရှေးဟောင်း အထွတ်အထိပ် တည်ရှိမှုများသည် ဤနေရာတွင် တိတ်ဆိတ်စွာ ချိတ်ဆွဲခံထားရလေပြီ။

‎

‎

‎" တာအိုအရှင်သခင် ဒီလောက်တောင်များတာ... သူတို့တွေ ဘယ်လို သေသွားခဲ့ကြတာလဲ?! "

‎

‎

‎ကောင်းကင်တိုင်များပေါ်တွင် ဖောက်ထွင်းချိတ်ဆွဲခံထားရသော မရေမတွက်နိုင်သည့် တာအိုအရှင်သခင်များ၏ အလောင်းများကို ကြည့်ရင်း ကုချန်သည် သူ၏စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။

‎

‎

‎ယခင်က သစ်ပင်ငယ်လေးသည် တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ မည်မျှစွမ်းအားကြီးမားပြီး အမြင့်မြတ်ဆုံးဖြစ်ကြောင်း သူ့အား အကြိမ်ကြိမ် ပြောပြခဲ့ဖူး၏။ ကောင်းကင်ဘုံများ ပြောင်းလဲခြင်းနှင့် ခေတ်ကာလများ လည်ပတ်ခြင်းတို့ကပင် သူတို့ကို ထိခိုက်စေရန် ခဲယဉ်းလှသည်ဟု ဆိုခဲ့သည်။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် ကောင်းကင်ဘုံအားလုံးကို ကျော်လွန်ကာ အမှန်တကယ်ပင် ဖျက်ဆီး၍မရသော အမြင့်မြတ်ဆုံး တည်ရှိမှုများ ဖြစ်လာခဲ့ဟန်တူသည်။

‎

‎

‎သို့သော် ယခု ဤမြင်ကွင်းကို သူ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ တာအိုအရှင်သခင်အဆင့် တည်ရှိမှုများနှင့်ပတ်သက်၍ ကုချန်၏ အထင်အမြင်များအားလုံးသည် ရက်စက်စွာ ရိုက်ချိုးခံလိုက်ရတော့သည်။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုများက စွမ်းအားကြီးမားသည်ဆိုလျှင်ရော ဘာဖြစ်သနည်း။

‎

‎

‎၎င်းတို့သည် သင်္ဂြိုဟ်စရာ မြေနေရာပင်မရှိဘဲ ဤနေရာတွင် ပေါ့ပေါ့တန်တန် ချိတ်ဆွဲခံထားရဆဲပင် မဟုတ်လော။

‎

‎

‎အရေးအကြီးဆုံးမှာ ဤတာအိုအရှင်သခင်အဆင့် တည်ရှိမှုများ မည်သို့ သေဆုံးသွားခဲ့ကြသနည်း။

‎

‎

‎အပြင်ဘက်ရှိ အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းများကဲ့သို့ သေဆုံးပြီးမှ ဤနေရာသို့ ပို့ဆောင်ခံခဲ့ရခြင်းလော သို့မဟုတ် ဤနေရာသို့ ရောက်လာခြင်းကြောင့် ၎င်းတို့၏ နောက်ဆုံးသေဆုံးခြင်းနှင့် ရင်ဆိုင်ခဲ့ရခြင်းလော။

‎

‎

‎ကုချန်၏ စိတ်အစဉ်သည် လျင်မြန်စွာ ပြေးလွှားနေခဲ့၏။ သူ၏မျက်စိရှေ့ရှိ ဤမြင်ကွင်းက သူ့အား ပြိုင်ဘက်ကင်းသော တုန်လှုပ်မှုကို ယူဆောင်လာခဲ့လေသည်။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုများကို အမြင့်မြတ်ဆုံးဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသော်လည်း တာအိုအရှင်သခင်အဆင့် တည်ရှိမှုများပင်လျှင် ဤကဲ့သို့သော နေ့ရက်မျိုးနှင့် ကြုံတွေ့ရပြီး အမှိုက်များကဲ့သို့ ပေါ့ပေါ့တန်တန် ဖောက်ထွင်းချိတ်ဆွဲခံရကာ အေးချမ်းစွာ အနားမယူနိုင်ဖြစ်ရလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။

‎

‎

‎ထို့အပြင် ဤမရေမတွက်နိုင်သော ကောင်းကင်တိုင်များသည် တကယ်ပင် မည်သည့်အရာများဖြစ်သနည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်နေရာသို့ ဦးတည်သွားနေကြသနည်း။

‎

‎

‎ကုချန်သည် ကောင်းကင်ယံ၏အဆုံး အထက်ဆီသို့ မော့ကြည့်လိုက်လေသည်။

‎

‎

‎၎င်းသည် မရေမတွက်နိုင်သော ကောင်းကင်တိုင်များ၏ ပေါင်းဆုံရာနေရာဖြစ်သည်။ ကောင်းကင်ယံ၏ အဆုံးတွင် မရေမတွက်နိုင်သော ကောင်းကင်တိုင်များ ပေါင်းဆုံသွားကြပြီးနောက် အားလုံးသည် အမည်မသိ လျှို့ဝှက်ဆန်းကြယ်မှုထဲသို့ ပျောက်ကွယ်သွားကြလေသည်။

‎

‎

‎သို့သော် ၎င်းတို့အပြင် ကုချန်သည် အခြားအရာတစ်ခုကိုလည်း သဘောပေါက်သွားခဲ့၏။

‎

‎

‎၎င်းမှာ ရှောင်လင်ဧကရီမှ တာအိုတစ်သောင်း ပြည့်စုံခြင်းနေရာကို ရှာဖွေမည်ဟု ပြောခဲ့ခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။

‎

‎

‎တာအိုတစ်သောင်း ပြည့်စုံခြင်း၊ တာအိုတစ်သောင်း ပြည့်စုံခြင်း။ ကောင်းကင်တိုင်များပေါ်တွင် ချိတ်ဆွဲထားသော မရေမတွက်နိုင်သည့် တာအိုအရှင်သခင် အလောင်း တစ်ခုစီတိုင်းသည် တစ်ချိန်က ခမ်းနားကြီးကျယ်သော မဟာတာအိုတစ်ခုကို ကိုယ်စားပြုခဲ့ကြသည်။

‎

‎

‎ယခုအခါတွင် မရေမတွက်နိုင်သော တာအိုအရှင်သခင် အလောင်းများကို ဤနေရာတွင် ချိတ်ဆွဲထားရာ အလောင်းတစ်ခုစီသည် မဟာတာအိုတစ်ခုဖြစ်နေ၏။ မရေမတွက်နိုင်သော အလောင်းများ စုဝေးနေခြင်းကပင်လျှင် တာအိုတစ်သောင်း ပြည့်စုံခြင်းနေရာကို ဖြစ်တည်စေခြင်း မဟုတ်ပါလော။

‎

All Chapters