← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

253

အခန်းထဲတွင် ကျန်ရစ်ခဲ့သော လက်ထောက်ဖြစ်သူမှာ စောင့်ရင်းစောင့်ရင်းနှင့် မနက်စာများပင် အကုန်အေးစက်သွားသော်လည်း ရွှင်းကောနှင့် အခြားဗီဒီယိုရိုက်ကူးရေး လက်ထောက်တို့မှာ ပြန်မလာကြသေးပေ။ ဘာတွေဖြစ်နေတာလဲ။ သူတို့ ဘယ်ရောက်နေကြတာလဲ။ ဗီဒီယိုအနည်းငယ်ရိုက်ဖို့ ရေကူးကန်သွားမယ်လို့ပဲ ပြောသွားတာမဟုတ်လား။ တစ်ခုခုများ ဖြစ်လို့လား။ လက်ထောက်မှာ ရွှင်းကောထံသို့ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဖုန်းခေါ်သော်လည်း တစ်ကြိမ်မှ ဆက်သွယ်၍မရခဲ့ပေ။ ရွှင်းကော တည်းခိုခန်းသို့ပြန်ရောက်လာချိန်တွင် နေ့လယ်စာစားချိန်ပင်ကျော်နေပြီဖြစ်ပြီး သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်၍မရနိုင်ဘဲဖြစ်နေသည်။

"ပစ္စည်းတွေ သိမ်းလို့ပြီးပြီလား၊ ကဲ သွားကြစို့"

အခန်းထဲမှာတင် မနက်စာထဲမှ ဆန်ပြုတ်ကို တစ်ယောက်တည်းကုန်အောင်သောက်ထားသည့် လက်ထောက်မှာ မှင်တက်သွားကာမေးလိုက်သည်။

"ဘယ်သွားမှာလဲ"

ရွှင်းကော ပစ္စည်းသိမ်းရန် အပေါ်ထပ်သို့ တက်သွားရင်းပြောလိုက်သည်။

"အခန်းပြောင်းမလို့လေ၊ President Suiteက အခုပဲ Check-outလုပ်ရတော့မှာ၊ အဲဒါကြောင့် ငါ အခန်းအသစ်ထပ်ဘိုကင်တင်လိုက်ပြီ"

လက်ထောက်မှာ အခြေအနေကို ချက်ချင်းလိုက်မမီသေးပေ။

"ဟင် ဒီနေ့ ပြန်ကြမှာမဟုတ်ဘူးလား"

ဒီည Live လွှင့်ရမှာမဟုတ်လား။ အလုပ်ကိုအရမ်းချစ်တဲ့ ရွှင်းကော အလုပ်မလုပ်တော့ဘူးလား။ ရွှင်းကောအသံမှာ အပေါ်ထပ်မှ ပျံ့လွင့်လာသည်။

"မပြန်တော့ဘူး၊ နှစ်ရက်လောက် အပန်းဖြေခရီးထွက်တယ်လို့ပဲ သဘောထားလိုက်တော့၊ ဒီည Live ကိုတော့ ပုံမှန်အတိုင်းပဲလွှင့်မယ်၊ ရိုက်ထားတဲ့ဗီဒီယိုတွေကို တည်းဖြတ်ရင်း ပရိသတ်တွေနဲ့ စကားပြောရုံပဲပေါ့"

ထိုအခါမှ လက်ထောက်မှာ ရွှင်းကောနှင့်အတူလိုက်သွားခဲ့သော ဗီဒီယိုလက်ထောက်ဘက်သို့လှည့်ကာ မေးလိုက်သည်။

"ဘာတွေဖြစ်ခဲ့လို့လဲ"

ဗီဒီယိုလက်ထောက်မှာ လျှို့ဝှက်ချက်တစ်ခုလို ဟန်လုပ်ရင်းပြောလိုက်သည်။

"ဟေး ဒီမှာနောက်ထပ်နှစ်ရက်လောက် ထပ်နေရတာ မဆိုးပါဘူးကွာ၊ ငါပြောပြမယ်၊ ငါ အခုပဲအလွတ်ကူးနည်းအတွက် ခြေထောက်ခတ်နည်းသင်လာခဲ့တယ် ဟဲဟဲဟဲ"

ထိုလက်ထောက်မှာ အနည်းငယ် အသိစိတ်ရှိသေးသဖြင့် အမှန်အတိုင်း ဖွင့်ပြောလိုက်သည်။

"မင်း ပျင်းနေရင် ဒီနေ့ နေ့လယ် ငါတို့နဲ့အတူ ရေကူးလိုက်ခဲ့လို့ရတယ်"

ရလဒ်အနေဖြင့် သူတို့သုံးယောက်စလုံး ရေကူးခြင်းတွင် အလွန်အမင်းနစ်မျောသွားကြသဖြင့် ထိုညတွင် Live လွှင့်ရမည်ကိုပင် မေ့လုနီးပါးဖြစ်သွားကြသည်။

"ဆောရီး ဆောရီး ငါးမိနစ်လောက် နောက်ကျသွားတယ်"

ရေကူးကန်မှ တက်လာကာစဖြစ်သဖြင့် ကိုယ်ပေါ်တွင် ရေစက်လက်ဖြင့်ဖြစ်နေသော ရွှင်းကောသည် ယာယီ Liveလွှင့်ခန်းတွင် အပြေးအလွှားထိုင်လိုက်သည်။

"ဒီနေ့ ကျွန်တော် တည်းခိုခန်းမှာပဲရှိနေသေးလို့ Live ရဲ့နောက်ခံကတော့ နည်းနည်း ရိုးရှင်းနေလိမ့်မယ်၊ ဒီညတော့ အားလုံးနဲ့ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ သည်းခံပြီး ကြည့်ပေးကြပါဦး"

ရွှင်းကော သူ့ကွန်ပျူတာကိုဖွင့်လိုက်ပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း တည်းခိုခန်းတွင် သူရိုက်ကူးခဲ့သော ဗီဒီယိုမှတ်တမ်းအမျိုးမျိုးကို ပရိသတ်များအား ပြသလိုက်သည်။ သူသည် ဗီဒီယိုများကို ရွေးချယ်ရင်းအပြင်မှာ ပရိသတ်များနှင့် တွေ့ဆုံပွဲတုန်းကဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားစရာ အကြောင်းအရာများကို ပြောပြနေလေသည်။ Live ကြည့်နေသော ပရိသတ်များမှာ ဗီဒီယိုကိုကြည့်ရင်း အားကျနေကြသည်။

"ဝါး ဒီဟိုတယ်က တကယ်ကောင်းတာပဲ၊ အများကြီး ပြင်ဆင်ပေးထားတာနော်၊ ဝန်ဆောင်မှုပေးတဲ့ အမူအရာကလည်း တကယ်ကိုကောင်းတာ၊ အဲဒီဗီနိုင်းပိုစတာကိုမြင်တော့ ကျွန်တော် တော်တော်ရယ်လိုက်ရတယ်"

"ဘယ်သူနားလည်နိုင်မလဲ၊ ဒီပရိသတ်တွေ့ဆုံပွဲရဲ့အငွေ့အသက်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ ဟိုတယ်က PVC ဘုတ်တွေနဲ့ လက်မှတ်ထိုးမယ့်နံရံတွေပါ ပြင်ပေးထားလိမ့်မယ်လို့မထင်ထားဘူး၊ ရွှင်းကောရဲ့ရိုက်ချက်တွေကလည်း တကယ်စိတ်ဝင်စားဖို့ကောင်းတယ်၊ လူစုလူဝေးလေးတစ်ခုကို ရုပ်ရှင်ထူးချွန်ဆုပေးပွဲက ကော်‌ဇော်နီလျှောက်လမ်းလိုမျိုးဖြစ်အောင် လုပ်ပေးထားတာပဲ"

"နှမြောစရာကြီး၊ အဲဒီနေ့က ကျွန်တော် ဝေခွဲမရဖြစ်နေတာနဲ့ ညနေမှပဲစဉ်းစားတော့မယ်လို့ အောက်မေ့ထားတာ၊ ပရိသတ်တွေ့ဆုံပွဲနေရာတွေက နာရီဝက်တောင်မပြည့်ခင်မှာ အကုန်ဘိုကင်ပြည့်သွားလိမ့်မယ်လို့ မထင်ထားဘူး၊ နောက်တစ်ခါ ဒီလိုပွဲရှိရင်တော့ အပြေးသွားရမယ်"

ရွှင်းကောမှာ ဆရာကြီးကျိပိုင်၏ ဖျော်ဖြေပွဲအကြောင်း ပြောလိုက်သည့်အခါ Live ကြည့်ရှုသူဦးရေမှာ ရုတ်တရက် မြင့်တက်လာသည်။ ရွှင်းကောသည် ဟဲယဲ့တည်းခိုခန်းသို့လာရခြင်း၏ အဓိကရည်ရွယ်ချက်ကို အားလုံး မှတ်မိနေကြဆဲဖြစ်သည်။ ဆရာကြီးကျိပိုင်၏ ပြိုင်စံရှားလှသော ကုချင်းတီးခတ်မှု စွမ်းရည်အကြောင်းကို ရွှင်းကောမှာ မနားတမ်းပြောနေသည်ကိုကြည့်ပြီး မရောက်ဖူးသော ပရိသတ်အချို့မှာမူ အနည်းငယ် သံသယဖြစ်လာကာ Live ထဲတွင် ဝေဖန်ဆွေးနွေးလာကြသည်။

"တကယ်ကြီးလား၊ ဒီဆရာကြီးကျိပိုင်က တကယ်ပဲ အဲဒီလောက်အထိ ချီးကျူးစရာကောင်းလို့လား၊ ဗီဒီယိုမှတ်တမ်းလည်းမရှိတော့ ကျွန်တော်ထင်တာကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ် ပိုပြောနေသလိုပဲ"

ရွှင်းကောမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူ့ရင်ဘတ်ကိုပုတ်ကာ သူပြောသည်မှာ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်သည်။

"တကယ်ပါဆို၊ ညီအစ်ကိုတို့ရာ ဆရာကြီးကျိပိုင်ကတော့ ဒါပဲ "

ရွှင်းကော လက်မထောင်ပြလိုက်သည်။

"အဲဒီနေ့က အပြင်မှာလာတွေ့တဲ့ ပရိသတ်တွေ ဘယ်မှာလဲ၊ မြန်မြန်ထွက်လာပြီး ငါ့အတွက် သက်သေခံပေးကြပါဦး "

Live ထဲမှ လူအများအပြားသံသယဝင်နေကြသည်ကိုမြင်သောအခါ ရွှင်းကော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ပရိသတ်များကို ကွန်မန့်ပေးရန် အသည်းအသန် ခေါ်လိုက်တော့သည်။ တွေ့ဆုံပွဲတက်ရောက်ခဲ့သော ပရိသတ်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။

"လက်ထောင်တယ်၊ ကျွန်မ အဲဒီမှာရှိခဲ့ပါတယ်၊ ဆရာကြီးကျိပိုင်ရဲ့သီချင်းတွေက တကယ်ကောင်းတာ၊ ဖျော်ဖြေပွဲ ပြီးတာနဲ့ လူအတော်များများက ဆရာကြီးကျိပိုင်ကို လူကိုယ်တိုင် နောက်တစ်ခါ ထပ်နားထောင်ချင်လို့ နောက်နေ့အတွက် အခန်းတွေကို ချက်ချင်း ထပ်ဘိုကင်တင်လိုက်ကြတာ"

"ကျွန်တော် ကျိန်ပြောရဲပါတယ်၊ ဆရာကြီးကျိပိုင်ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုက တည်းခိုခန်းကတင်ထားတဲ့ ဗီဒီယိုအတိုင်းပဲ၊ အသံပြင်ထားတာ လုံးဝမရှိဘူး၊ ကျွန်တော် လိမ်ပြောတာဆိုရင် ဒီဘဝမှာ ဘယ်တော့မှမချမ်းသာပါစေနဲ့"

"သတင်းပို့ပါတယ်၊ အားလုံးပဲ ပါကျောက်ရဲ့ဗီဒီယိုကို သွားကြည့်လို့ရပါတယ် "

ရွှင်းကော ကွန်မန့်ကဏ္ဍကိုစိုက်ကြည့်ရင်း ပရိသတ်များနှင့် စကားပြောနေစဉ်မှာ ဤကွန်မန့်ကိုတွေ့လိုက်ရသည်။ ပါကျောက်မှာ ပရိသတ်တွေ့ဆုံပွဲ၏ ဆက်သွယ်ရေးတာဝန်ခံဖြစ်သည်ကို သူ မှတ်မိနေသဖြင့် လင့်ခ်ကိုနှိပ်ပြီး ဝင်ကြည့်လိုက်၏။ ပရိသတ်များ ဒီပွဲကို ဘယ်လိုမြင်ကြသလဲဆိုသည်ကို သူလည်း စူးစမ်းချင်နေသည်။ ပါကျောက်မှာ ဖုန်းဖြင့်သာရိုက်ကူးထားခြင်းဖြစ်ပြီး ဆန်းပြားသည့် ကင်မရာလှုပ်ရှားမှုများ ဒါမှမဟုတ် ခမ်းနားသည့် တည်းဖြတ်မှုများ မပါဝင်သော်လည်း သူ မြင်တွေ့ရသည်များကို ပထမလူ ရှုထောင့်မှရိုက်ကူးထားသဖြင့် အလွန်ပင် စီးမျောခံစားရစေသည်။ ဖျော်ဖြေပွဲမှာတော့ ပါကျောက်၏ဗီဒီယိုတွင် အဓိက အစိတ်အပိုင်းဖြစ်သည်။

ဗီဒီယိုထဲတွင် သူသည် ဆရာကြီးကျိပိုင်ကို ကောင်းကင်အထိရောက်အောင် ချီးကျူးထားပြီး ပြိုင်ဘက်ကင်းဖြစ်ကြောင်းပြောနေသည်။ ပါကျောက်၏ ဘေးတွင်ရှိသောရွှင်းမီနှင့် (၁.၉၂) မီတာလူတို့မှာလည်း ရံဖန်ရံခါ အော်ဟစ်အားပေးနေကြ၏။ ရွှင်းကော၏နားစည်များမှာ ကွဲထွက်လုနီးပါးဖြစ်သွားသော်လည်း ဗီဒီယိုထဲမှ ပါကျောက်၏စိတ်လှုပ်ရှားမှုများမှာ သူ့ကို ဖျော်ဖြေပွဲပြီးဆုံးသွားသည့် ထိုနေ့ကမြင်ကွင်းထဲသို့ ပြန်လည်ရောက်ရှိသွားစေသည်။ ဂီတထဲတွင် နစ်မျောနေရသည့် ထိုခံစားချက်မှာ တကယ်ကိုအံ့သြဖို့ကောင်းလှသည်။

"ဝါး အားလုံးက တကယ်စိတ်လှုပ်ရှားနေကြတာပဲ၊ ဖျော်ဖြေပွဲမှာ လူတွေလည်း အများကြီးပဲ၊ ဆရာကြီးကျိပိုင်ရဲ့တိုက်ရိုက်ဖျော်ဖြေမှုက တကယ်ကို ကောင်းမှာပဲလို့ ကျွန်တော် အခုယုံသွားပြီ၊ တည်းခိုခန်းကတင်ထားတဲ့ သီချင်းဗီဒီယိုကိုနားထောင်ရုံနဲ့တင် တစ်ကိုယ်လုံး ကြက်သီးတွေထသွားတာ၊ တကယ်လို့ လူကိုယ်တိုင်သာ နားထောင်ရမယ်ဆိုရင် ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းမလဲဆိုတာ ကျွန်တော် စိတ်တောင်မကူးရဲဘူး"

"ဟားဟား မင်းစိတ်မကူးနိုင်ပေမဲ့ ငါကတော့ စိတ်ကူးနိုင်တယ်၊ ငါ ဟဲယဲ့တည်းခိုခန်းမှာ အခန်းဘိုကင်တင်လိုက်ပြီ ဟဲဟဲ "

"မင်းက တော်တော်မြန်တာပဲ၊ ငါအခုပဲ စစ်ကြည့်လိုက်တာ ဟဲယဲ့တည်းခိုခန်းရဲ့ ပိတ်ရက်တွေက ဘိုကင်တွေအကုန်ပြည့်နေပြီ၊ ဟွန့် ဒါပေမဲ့ ငါ့မှာနှစ်စဉ်ခွင့် ရှိသေးတယ်၊ အဲဒါကြောင့် တနင်္လာနေ့ကနေစပြီး အခန်းဘိုကင်တင်လိုက်ပြီ "

ဆရာကြီးကျိပိုင်၏ဆွဲဆောင်မှုကြောင့် လူများ ပိုပိုပြီးစိတ်ဝင်စားလာကြသည်ကို မြင်ရသောအခါ ရွှင်းကောသည် စိတ်လှုပ်ရှားမှုနှင့်အတူ အောင်မြင်မှု ခံစားချက်ကိုပါရရှိလိုက်သည်။ သူ တန်ဖိုးထားရသည့်အိုင်ဒေါကို လူအများ ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။ သို့သော်လည်း ဆရာကြီးကျိပိုင်သည် မကြာမီတွင် သူ့တစ်ယောက်တည်းအတွက်သာ မဟုတ်တော့ဘူးဟုသိလိုက်ရသဖြင့် အနည်းငယ်တော့ ဝမ်းနည်းမိသည်။ နောက်တစ်ခါ ဟဲယဲ့တည်းခိုခန်းမှာ အခန်းထပ်ဘိုကင်တင်နိုင်ပြီး ဆရာကြီးကျိပိုင်နှင့် ထပ်တွေ့နိုင်ပါ့မလားလို့လည်း သူတွေးမိနေသည်။ ရွှင်းကော ဗီဒီယိုကိုဆက်ပြီး ဆွဲကြည့်လိုက်သည်။ ဗီဒီယိုထဲတွင် ပါကျောက်သည် စားပွဲတွင်အငမ်းမရစားသောက်နေသည်ကို ရိုက်ကူးထား၏။

"ဟင် ပင်လယ်စာက အဲဒီလောက်တောင် အရသာရှိလို့လား၊ ငါ ဘာလို့ လုံးဝ သတိမထားမိပါလိမ့်"

ဗီဒီယိုထဲတွင် ပါကျောက်နှင့် ရွှင်းမီတို့ ပျော်ပျော်ပါးပါးစားနေကြတာကိုမြင်တော့ ရွှင်းကောမှာ အနည်းငယ် ပျာယာခတ်သွားသည်။ ဘေးနားရှိ လက်ထောက်မှာ တိုးတိုးလေးဝင်ပြောလိုက်၏။

"အာ အစ်ကို အဲဒီနေ့ကမစားခဲ့ဘူးလား၊ အားလုံးက အဲဒီနေ့ကစားစရာတွေ တကယ်ကောင်းတယ်လို့ ပြောကြတာလေ"

ရွှင်းကောမှာ သူသတိမေ့နေသလားဟုပင် ထင်သွားမိသည်။ ဘာလို့ သူတစ်ယောက်တည်းသာ ထိုနေ့ညစာကို ဘာမှမမှတ်မိတာပါလိမ့်။ ရွှင်းကော ထိုနေ့က အမှတ်တရများကို အသည်းအသန် ပြန်ဖော်ကြည့်သည်။ လူပေါင်း (၁၀၀)ကျော်အတွက် စားသောက်ဖွယ်ရာတွေကို စီစဉ်ပေးရခြင်းမှာ မလွယ်ကူပေ။ ရွှင်းကောသည် ဟင်းပွဲများချသည့်အရှိန်ကို အမြဲညှိပေးနေရပြီး အနည်းငယ်သာမြည်းစမ်းနိုင်ခဲ့သည်။ ထို့နောက် ပရိသတ်တိုင်းကို လိုက်လံနှုတ်ဆက်ပြီး သောက်စရာများဖြင့် တည်ခင်းဧည့်ခံပေးနေခဲ့ရသည်။

"ဘုရားရေ မထူးဆန်းတော့ပါဘူး၊ အဲဒီနေ့က ပရိသတ်တွေ ငါ့ကိုသိပ်အာရုံမစိုက်ကြဘူးဆိုတာ သူတို့က ငါ့ကို မပြောဘဲအရသာရှိတဲ့ စားစရာတွေကိုပဲစားနေကြလို့ကိုး"

ရွှင်းကော တွေးလေလေ ပိုပြီး ဝမ်းနည်းလေလေ ဖြစ်လာသည်။ ပိုပြီး ဝမ်းနည်းစရာကောင်းသည့်အပိုင်းမှာ နောက်မှာလာ၏။ ပါကျောက်၊ ရွှင်းမီနှင့် (၁.၉၂) မီတာရှိ လူကြီးတို့သည် အလှအပနှင့် ခန္ဓာကိုယ်မွမ်းမံခြင်းစင်တာသို့ သွားရောက်ပြီးနောက် မျက်နှာလေးများ ဝင်းပလာသည်ကိုမြင်ရသောအခါ ရွှင်းကောမှာ လုံးဝကိုမနာလိုဖြစ်သွားတော့သည်။ ဘာတွေဖြစ်နေတာလဲ။ ပရိသတ်တွေက ငါ့ထက်တောင်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို ဘာလို့ ရောက်နေကြတာလဲ။ Live ထဲမှ ပရိသတ်များလည်း ရွှင်းကောမနာလိုဖြစ်နေသည်ကို သတိထားမိသွားကြပြီး မှတ်ချက်ထဲမှာ လှောင်ပြောင်လာကြတော့သည်။ သို့သော် ရွှင်းကောလည်း အရှုံးမပေးပေ။

"ဟွန့် ငါလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယိုတွေရိုက်ထားသေးတယ်"

သူသည် President Suiteတွင် ရိုက်ကူးခဲ့သော ဗီဒီယိုများကိုထုတ်ပြလိုက်သည်။ ၎င်းမှာ အဆင်ပြေပါသေးသည်။ အကြောင်းမှာ President Suite ၏ဈေးနှုန်းမှာ အလွန်ကြီးလှသဖြင့် သာမန်လူများ၏ဘဝနှင့် အနည်းငယ် ဝေးကွာနေသေးသောကြောင့်ပင်။ သို့သော်လည်း နောက်ဗီဒီယိုအပိုင်းလေးကိုပြလိုက်သည့်အခါတွင်မူ တစ်ကမ္ဘာလုံးက Live ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ဘာပြောလိုက်တယ် ဒါကရေကူးနည်းပြလား "

"ဒါက Weibo ပေါ်မှာ သူတို့ရဲ့မပြင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ချောပါတယ်လို့ အမြဲကြွားနေကြတဲ့ ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့ အနုပညာရှင်တွေထက် အများကြီး ပိုချောတာပဲ၊ ဘုရားရေ ဒါက တကယ့်ကိုအလှတရားနဲ့ တိုက်ခိုက်ခံလိုက်ရသလိုပဲ"

ရှောင်ချန်း၏ချောမောလှပသည့် ရုပ်ရည်ကြောင့် အရှုံးပေးလိုက်ရသည့် ရုပ်ရည်မက်မောသူများအပြင် အသိတရား အနည်းငယ်ကျန်ရှိနေသေးသည့် ပရိသတ်များလည်းရှိသေးသည်။

"အခမဲ့ ရေကူးသင်တန်းလား၊ ဒါက ဘယ်လိုမျိုး နတ်ဘုရားဆန်တဲ့ ဝန်ဆောင်မှုလဲ၊ ကျွန်တော် အခုလေးတင် Gym cardကို ပိုက်ဆံဖြည့်လိုက်တာ၊ ရေကူးသင်တန်းတစ်ချိန်ကို ယွမ် (၃၀၀)ပေးရတာလေ၊ တကယ် နှမြောစရာပဲ ဘုရားရေ"

"ကျွန်တော်က နိုင်ငံတော်အဆင့် (၂) အားကစားသမားနဲ့ ရေကူးကျောင်းသားတစ်ယောက်ပါ၊ ဒီနည်းပြချန်းရဲ့ရေကူးပုံစံက တကယ်ကိုစံနှုန်းမီပါတယ်၊ လှုပ်ရှားမှုတိုင်းက ပြည့်စုံတယ်၊ အထူးသဖြင့် သူ့အသက်ရှူနှုန်း ထိန်းညှိပုံက တကယ်ကိုကောင်းတယ်"

Live ထဲမှ ပရိသတ်များအားလုံးမှာ ရွှင်းကောကို ဗီဒီယိုထပ်ပြဖို့ မျှော်လင့်နေကြသော်လည်း ရွှင်းကောမှာတော့ အငြိုးကြီးသူဖြစ်သည်။ ပရိသတ်များ သူ့ကိုလှောင်ပြောင်ခဲ့သည်ကို သူ မှတ်မိနေသေး၏။

"ကြည့်ချင်ကြတာလား၊ မရှိတော့ဘူးနော် ဗီဒီယိုကိုတည်းဖြတ်ပြီးမှပဲ သွားကြည့်ကြတော့၊ မင်းတို့အကုန်လုံး မေ့နေကြပြီမဟုတ်လား၊ ငါ အခုထိ တည်းခိုခန်းမှာ ရှိနေသေးတာလေ၊ ခဏနေရင် ငါအနှိပ်သွားခံမယ် ပြီးရင် မနက်ဖြန်မနက်ကျ ရေသွားကူးမယ်၊ တည်းခိုခန်းရဲ့ အရမ်းအရသာရှိတဲ့ မနက်စာကို မြည်းစမ်းမယ်၊ ပြီးရင် နေ့လယ်စာအတွက် ပင်လယ်စာတွေမှာစားဦးမှာ၊ ဟားဟား တစ်ခုကျန်သွားသေးတယ် ဆရာကြီးကျိပိုင်ရဲ့သီးသန့်အခန်းလက်မှတ်ကို ဘယ်သူရခဲ့လဲသိလား ငါပဲလေ"

ရွှင်းကောမှာ အလွန်ပင်ဘဝင်မြင့်နေပြီး ပရိသတ်များ စိတ်မထိန်းနိုင်ဖြစ်နေသည်ကိုကြည့်ကာ သဘောကျနေလေသည်။ သူ ဂုဏ်ယူဝင့်ကြွားပြီးနောက် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သူ့လက်ထောက်နှစ်ဦးမှာ သူ့ကိုမကျေမနပ်ဖြစ်နေသောအကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သွားပြီ

ရွှင်းကောမှာ ချွေးစေးများထွက်လာတော့သည်။

'ဆရာကြီးကျိပိုင်ရဲ့ သီးသန့်အခန်းလက်မှတ်ရထားတယ်ဆိုတာကို သူ ဘာလို့ ပါးစပ်ကနေ လွှတ်ခနဲပြောမိသွားတာလဲ သွားပါပြီ’

254

ရွှင်းကောသည် ဆရာကြီးကျိပိုင်အတွက် သူရရှိထားသော အထူးသီးသန့်ခန်းလက်မှတ်ကို ထုတ်ကြွားပြီးသည်နှင့် တစ်ပြိုင်နက် သူ့Live လွှင့်မှုကို ချက်ချင်းပိတ်ပစ်လိုက်ရာ Live ထဲမှ ပရိသတ်များမှာ မှင်တက်ကျန်ရစ်ခဲ့ကြသည်။ ရွှင်းကောမှာ ဤမျှအထိ အစွမ်းကုန်ကြွားလုံးထုတ်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ပရိသတ်များအားလုံးမှာ ရွှင်းကောကို နှုတ်မှ တဖွဖွဆဲဆိုနေကြသော်လည်း စိတ်ထဲတွင်မူ သူ့ဗီဒီယိုအသစ်ကို တိတ်တဆိတ် မျှော်လင့်နေကြသည်။ အတော်များများမှာ သန်းခေါင်ယံအချိန်အထိ ဖုန်းကို Refreshလုပ်ရင်း စောင့်နေကြရာ နောက်ဆုံးတွင်တော့ ရွှင်းကော၏ဗီဒီယိုအသစ်ထွက်ပေါ်လာခဲ့သည်။

ရွှင်းကောဗီဒီယိုအသစ်တွင် ယခုတစ်ခေါက် ပရိသတ်တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်များကို သေသေချာချာ မှတ်တမ်းတင်ထားသည်။ သက်တောင့်သက်သာရှိသော အခန်းများ၊ ပေါကြွယ်ဝလှသော လှုပ်ရှားမှုများ၊ လျှို့ဝှက်ဆန်းပြားသော ဖျော်ဖြေပွဲ၊ အံ့သြမှင်တက်ဖွယ်ကောင်းသော ရေကူးနည်းပြ၊ ထို့အပြင် လူပေါင်း (၆၀) ခန့်စုရုံးကာ ကပွဲခန်းမထဲတွင် ကခုန်နိုင်သည့် President Suite၊ ဟဲယဲ့တည်းခိုခန်းနှင့် ပတ်သက်သမျှ အရာအားလုံးသည် အလွန်ပင် စိတ်ဝင်စားစရာကောင်းပြီး ဆန်းသစ်နေလေ၏။ ရွှင်းကောဗီဒီယိုထွက်လာသည်နှင့်တစ်ပြိုင်နက် ဝက်ဘ်ဆိုက်၏ ရေပန်းစားနေသော ခေါင်းစဉ်ထဲသို့ လျင်မြန်စွာရောက်ရှိသွားပြီး ကြည့်ရှုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ကြည့်ရှုသူများသည် ဗီဒီယိုကို တစ်ခါနှိပ်ကြည့်ပြီးသည်နှင့် မျက်တောင်မခတ်တမ်း ငေးမောသွားကြရာ ဗီဒီယို၏ကြည့်ရှုသူထိန်းသိမ်းနိုင်မှုနှုန်းမှာ အံ့အားသင့်ဖွယ် (၉၆) ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ဤကဲ့သို့ ကောင်းမွန်သော တုံ့ပြန်မှုများရရှိသဖြင့် ဝက်ဘ်ဆိုက်ဘက်မှလည်း ရွှင်းကောဗီဒီယိုကို လူကြည့်ပိုများစေရန် တွန်းအားပေးရန် ဝမ်းမြောက်ဝမ်းသာ ဆောင်ရွက်ပေးခဲ့ရာ ကောင်းမွန်သော လည်ပတ်မှုတစ်ခုဖြစ်ပေါ်လာသည်။ ရွှင်းကောဗီဒီယိုသည် နေ့စဉ်ဇယားများ၏ ထိပ်ဆုံးသို့ လျင်မြန်စွာ တက်လှမ်းသွားခဲ့သည်။ ပါကျောက်ဗီဒီယိုပင်လျှင် အာရုံစိုက်မှု အတော်များများရရှိခဲ့၏။ လူအတော်များများမှာ ရွှင်းကောဗီဒီယိုကိုကြည့်ပြီးနောက် အားမရကြသဖြင့် အလားတူ ဗီဒီယိုမျိုးကို လိုက်လံရှာဖွေကြရာမှ ပါကျောက်၏ဗီဒီယိုကို တွေ့ရှိသွားကြခြင်းဖြစ်သည်။ အပြင်မှာတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အခြားသော ပရိသတ်များတင်ထားသည့် ဗီဒီယိုများမှာလည်း တဖြည်းဖြည်းမြင့်တက်လာပြီး ဟဲယဲ့တည်းခိုခန်းအပေါ် လူတိုင်း၏စူးစမ်းလိုစိတ်နှင့် နှစ်သက်မြတ်နိုးမှုကို ပြသနေကြသည်။ ရွှင်းကော၏ဗီဒီယိုထဲမှ အစိတ်အပိုင်းအတော်များများကို ပြန်လည်တည်းဖြတ်ကာမျှဝေကြသဖြင့် ပျံ့နှံ့မှုမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ Weibo ပေါ်တွင် တစ်စုံတစ်ယောက်မှာ 'ခန့်ညားတဲ့ သူစိမ်းများစာမျက်နှာ' တွင် ပို့စ်တစ်ခုတင်လိုက်သည်။

"မေးပါရစေ၊ ရေကူးကန်ဘေးက ဒီရှောင်ကောကောက ဘယ်သူလဲဆိုတာ သိတဲ့သူရှိလား၊ ဘုရားရေ သူကအရမ်းချောတာပဲ၊ ကျွန်မရဲ့နှလုံးသားကို ထိမှန်သွားပြီ"

ထိုပို့စ်နှင့်အတူပါလာသော ဓာတ်ပုံမှာ အကြိမ်ကြိမ်မျှဝေထားသဖြင့် ဝါးတားတားဖြစ်နေသည်။ ကွန်မန့်များတွင် လင့်ခ်တစ်ခုကို ချက်ချင်းလာချပေးကြ၏။

"မူရင်းက တင်ဆက်သူရွှင်းကောတင်ထားတဲ့ဗီဒီယိုပါ"

"ဟင် ဘာလို့ ဒီတစ်ခါပြန်ဖြေတဲ့သူတွေ ဒီလောက်မြန်နေရတာလဲ၊ ဒီ‌ရှောင်ကောကောက နာမည်ကြီးလို့လား"

"HD ပုံကြည့်လေ ဟားဟား ဒီနေ့လူတိုင်းဆီကို ဒီရှောင်ကောကောရဲ့ပုံတွေ ရောက်နေကြတာလား၊ ကျွန်မဆိုရင် သူ့နဲ့ပတ်သက်တဲ့ Editတွေတောင် အများကြီးတွေ့နေပြီ"

"ဟုတ်တယ်၊ အစကတော့ ကျွန်မလည်း သူ့ကိုအိုင်ဒေါတစ်ယောက်ယောက်လို့ ထင်နေတာ၊ တကယ်ကြီး သူစိမ်းတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ အရမ်းချောတာပဲ ဒါနဲ့ဒီရှောင်ကောကောမှာအကောင့်ရှိလား၊ ကျွန်မ သူ့ကို Followလုပ်ချင်လို့"

"သူ့မှာ အကောင့်မရှိဘူး၊ ဒါပေမဲ့ @ဟဲယဲ့တည်းခိုခန်းအကောင့်ကိုတော့ စောင့်ကြည့်ထားလို့ရတယ်၊ ကျွန်မထင်တာတော့ ဒီတရားဝင် Weiboအကောင့်ကတော့ အသိမ်းပိုက်ခံလိုက်ရပြီထင်တယ်၊ ပုံတောင်းတဲ့သူတွေချည်းပဲ"

"ဒီတည်းခိုခန်းက တော်တော်ရယ်ရတာပဲ၊ သူတို့က ရေကူးကန်ပုံကိုတင်လိုက်တယ်၊ လူတွေအများကြီးက ပုံတောင်းနေတာကိုမြင်တော့ နောက်ထပ်ပုံတစ်ပုံ ထပ်တင်ပေးပြန်တယ်၊ ဒါပေမဲ့ ဘယ်သူက ရေကူးကန်ပုံကိုမြင်ချင်လို့လဲ၊ လူတွေမြင်ချင်တာက ရေကူးကန်ဘေးက ရှောင်ကောကောကိုလေ "

"ဘယ်သူနားလည်နိုင်မလဲ သူငယ်ချင်းတို့ရေ၊ ငါက အနုပညာရှင်တွေကိုလည်း အားမပေးသလို Coupleတွေ Shipတာလည်း စိတ်မဝင်စားတဲ့သူပါ၊ ဒါပေမဲ့ ဒီနေ့မှာတင် ဒီရှောင်‌ကောကောအကြောင်းအညွှန်းတွေ ခဏခဏတွေ့နေရတယ်၊ Fanfic တွေတောင် ရှိနေပြီ၊ တကယ်ကို မယုံနိုင်စရာပဲ"

"အပေါ်ကလူရေ ပုံတွေပို့ပေးပါဦး၊ Fsnfics တွေပါပို့ပေးနော်"

ရွှင်းကော တည်းခိုခန်းသို့ရောက်ရှိလာကတည်းက ဟဲယဲ့တည်းခိုခန်း၏မားကတ်တင်းဒါရိုက်တာဖြစ်သူ ရှောင်ယင်းသည် သူ့ကိုအထူးအာရုံစိုက်ထားခဲ့သည်။ ရွှင်းကော Live လွှင့်ခြင်းနှင့် ဗီဒီယိုတင်ခြင်းတို့ပြုလုပ်ပြီးနောက် ရှောင်ယင်းသည် ၎င်းတို့ကိုချက်ချင်း ကြည့်ရှုခဲ့၏။ ရွှင်းကောဗီဒီယိုထဲတွင် တည်းခိုခန်းကို ဝေဖန်ပုတ်ခတ်မှု တစ်စုံတစ်ရာမပါရှိကြောင်း အတည်ပြုပြီးမှသာ သူမ၏တင်းမာနေသော အာရုံကြောများမှာ လျော့ပါးသွားတော့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့၏ကြိုးစားအားထုတ်မှုများမှာ သိသာထင်ရှားစွာပင် ထိရောက်မှုရှိခဲ့သည်။ ယခုအခါ ဟဲယဲ့တည်းခိုခန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံနေရပြီး အခန်းဘိုကင်နှုန်းများမှာလည်း လျင်မြန်စွာမြင့်တက်လာသည်။ လှုပ်ရှားမှုမရှိဘဲ အချိန်အတော်ကြာ ရပ်နေခဲ့သော တည်းခိုခန်း၏တရားဝင်အကောင့်မှာပင် Followerအရေအတွက်များမှာ အဟုန်အရှိန်ဖြင့် တိုးပွားလာခဲ့သည်။

အစပိုင်းတွင် ရှောင်ယင်းမှာ Follower အသစ်များသည် ရွှင်းကော၏ဗီဒီယိုမှတစ်ဆင့်ရောက်ရှိလာကြသူများဖြစ်ပြီး ဟဲယဲ့တည်းခိုခန်း၏ အသွင်အပြင်အစစ်အမှန်ကိုမြင်ချင်၍ Follow လုပ်ကြသည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့် သူမသည် ဟဲယဲ့တည်းခိုခန်း၏ ပုံရိပ်အစစ်အမှန် အတော်များများကို တင်ပေးခဲ့သော်လည်း မမျှော်လင့်ဘဲ ထိုပုံများ၏ လူကြည့်နှုန်းမှာ အေးစက်နေဆဲပင်။ ဆရာကြီးကျိပိုင်၏ ဗီဒီယိုကိုပြန်လည်မျှဝေသည့် ပို့စ်နှင့် ရေကူးကန်ပုံတစ်ပုံတည်းသာ လူတိုင်း၏အာရုံစိုက်မှုကို ရရှိခဲ့သည်။ ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားစွာဖြင့် ရေကူးကန်ပုံနောက်တစ်ပုံကို ထပ်တင်လိုက်၏။ သို့သော် သေချာစစ်ဆေးကြည့်လိုက်သည့်အခါတွင်မူ ဘာလို့လူတိုင်းက ပုံတွေပဲ တောင်းနေကြတာလဲ။ ဘယ်လိုပုံမျိုးကို တောင်းနေကြတာလဲ။

ရှောင်ယင်းမှာ ကွန်မန့်များကိုကြည့်ရင်း ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။ လူတိုင်း၏အာရုံစိုက်မှုမှာ ဟဲယဲ့တည်းခိုခန်းပေါ်တွင်မဟုတ်ဘဲ တည်းခိုခန်း၏ ရေကူးနည်းပြအသစ် ရှောင်ချန်းပေါ်တွင်သာဖြစ်နေကြောင်း သိလိုက်ရသည်။ ဆက်သွယ်မှုမရှိသည်မှာကြာပြီဖြစ်သော ရှောင်ယင်း၏ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းများပင်လျှင် ရှောင်ချန်း၏ ဓာတ်ပုံကို သူမထံပေးပို့လာကြပြီး ဟဲယဲ့တည်းခိုခန်းမှာ တကယ်ပဲ ဤကဲ့သို့သောလူရှိပါသလား ရှောင်ချန်း၏မပြင်ထားသောမျက်နှာမှာတကယ်ပဲ ဒီပုံအတိုင်းလားဆိုသည်ကို စုံစမ်းမေးမြန်းလာကြ၏။ အတော်ကို ကောင်းပါပေသည်။ ဟဲယဲ့တည်းခိုခန်းမှာ နာမည်မကြီးဘဲ ရှောင်ချန်းမှာ နာမည်ကြီးသွားလေပြီ။ သို့သော်လည်း ဘာဖြစ်သနည်း။ ရှောင်ယင်းသည် သူမအင်္ကျီလက်များကို လိပ်တင်လိုက်သည်။ အာရုံစိုက်မှုသာရရှိနေသရွေ့ လူတိုင်း၏စိတ်ထဲတွင် ဟဲယဲ့တည်းခိုခန်းကို မှတ်မိသွားအောင် လုပ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ချက်အပြည့်ရှိနေသည်။

All Chapters