← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

255

"ဖုန်းထဲမှာ ပြောနေတာကိုရော နားထောင်နေရဲ့လား၊ ဟမ်"

ဖုန်း၏အခြားတစ်ဖက်မှ ထွက်ပေါ်လာသောအသံမှာ ရုတ်တရက် မြင့်တက်လာပြီး ဒေါသနှင့် သံသယများ ရောပြွမ်းနေလေသည်။ ဆိုဖာပေါ်တွင် ခွေခွေလေးထိုင်ကာ ဖုန်းကိုအာရုံစိုက်ရင်း Live တစ်ခုကိုကြည့်ပြီး တစ်ယောက်တည်း တဟီးဟီးရယ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုဒေါသတကြီး အော်ဟစ်သံကြောင့် တွန့်ခနဲဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှာ အလိုအလျောက်တုံ့ပြန်မှုအဖြစ် ဝမ်းဗိုက်ကြွက်သားများ ချက်ချင်း တင်းမာသွားပြီး ဆိုဖာပေါ်တွင် မတ်မတ်ထိုင်ကာပြောလိုက်သည်။

"နားထောင်နေပါတယ် နားထောင်နေပါတယ် မိန်းမရယ်၊ မင်းပြောတာတွေ အကုန်လုံးကို ကိုယ်မှတ်မိပါတယ်"

ဖုန်းတစ်ဖက်မှ လင်းရှောင်ယုသည် မအူမလည်ဖြစ်နေသော သူမခင်ပွန်းကို ဖိအားပေးလိုက်သည်။

"ဒါဆိုရင် ခုနက ကျွန်မပြောတာတွေကို ပြန်ပြောပြ"

ရွှီကွမ်းချန်သည် Liveဗီဒီယို၏အသံကို ခိုး၍လျှော့လိုက်ပြီး မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အာမခံချက်သာ ပေးနေတော့သည်။

"မိန်းမ မင်း တကယ်စိတ်ချလက်ချသွားပါ၊ ငါ ကလေးတွေကို သေသေချာချာ ဂရုစိုက်ပေးထားပါ့မယ်၊ မင်းပြန်လာတဲ့အချိန်ကျရင် ကလေးနှစ်ယောက်လုံး တက်တက်ကြွကြွနဲ့ ကျန်းကျန်းမာမာရှိနေစေရမယ်"

လင်းရှောင်ယုသည် ကလေးနှစ်ယောက်နှင့်အတူ ခင်ပွန်းဖြစ်သူကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရမည်အား အမှန်တကယ် စိတ်မချနိုင်ပေ။ ရုံးဖွင့်ရက်များတွင်မူ ပြဿနာမရှိပေ။ ကလေးနှစ်ယောက်လုံး ကျောင်းသွားကြပြီး ညနေပိုင်းတွင် သူမမှ သူတို့အိမ်စာများကို ကြည့်ပေးရုံသာ ဖြစ်သည်။ သို့သော် စနေ၊ တနင်္ဂနွေများတွင်မူ ကလေးများမှာ တစ်နေ့လုံးအိမ်မှာရှိနေသဖြင့် မိဘများမှအနီးကပ် ကြီးကြပ်ပေးရန် လိုအပ်၏။ ရွှီကွမ်းချန်တွင်မူ ယခင်ကလုပ်ခဲ့သည့် အကျင့်ပျက် မှတ်တမ်းဆိုးများ အများကြီးရှိခဲ့ဖူးသည်။ တစ်ခါက သူသည် ကလေးများကို KFCတစ်ပတ်လုံး ပတ်ကျွေးခဲ့ဖူးသည်။ စနေ၊ တနင်္ဂနွေများတွင်လည်း အိမ်စာစစ်ရန် မေ့လျော့နေတတ်ပြီး ကလေးများ ဘာပြောပြောခွင့်ပြုပေးကာ သူတို့နှင့်အတူ ဂိမ်းကစားခြင်း၊ ဖုန်းကြည့်ခြင်းတို့ကို မူဝါဒမရှိဘဲလုပ်တတ်သူဖြစ်၏။

ရွှီကွမ်းချန်နှင့် လင်းရှောင်ယုတို့တွင် ကလေးနှစ်ယောက်ရှိသည်။ သားကြီး လင်းဟန်မော့မှာ ယခုအခါ မူလတန်း ပဉ္စမတန်းတွင် တက်ရောက်နေပြီး သမီးငယ် လင်းယွဲရှီမှာ တတိယတန်းတွင် ဖြစ်၏။ မူလက ကလေးများသည် စနေ၊ တနင်္ဂနွေများတွင် ပြင်ပကျူရှင်သင်တန်းများတက်ခဲ့ရသော်လည်း Double Reduction မူဝါဒထွက်လာပြီးနောက် ထိုကျူရှင်သင်တန်းများမှာ ပျောက်ကွယ်သွားခြင်း သို့မဟုတ် ပို၍လျှို့ဝှက်သော နေရာများသို့ ပြောင်းရွှေ့သွားကြပြီး ဈေးနှုန်းများလည်း သိသိသာသာမြင့်တက်လာခဲ့သည်။ တစ်နာရီကျူရှင်ခမှာ မူလယွမ် (၂၀၀) မှ (၃၀၀) ၊ (၄၀၀) အထိ မြင့်တက်သွားသည်။ ကလေးနှစ်ယောက်ကိုလည်း ခွဲခြား၍မရပေ။ ကျူရှင်ထားလျှင် နှစ်ယောက်လုံးကိုထားရမည် ဖြစ်သည်။ တစ်ပတ်လျှင် ဘာသာရပ်တစ်ခုတည်းအတွက်ပင် ယွမ် (၇၀၀)၊ (၈၀၀) ခန့် ကုန်ကျမည်ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် ဈေးကြီးလွန်းလှ၏။

ရွှီကွမ်းချန်နှင့် လင်းရှောင်ယုတို့သည် သူတို့၏ စုဆောင်းငွေများကို အကုန်ထုတ်ကာ ကလေးများအတွက် အဓိက အလယ်တန်းကျောင်းသို့ တိုက်ရိုက်ဝင်ခွင့်ရမည့် ကျောင်းဝင်းအနီးရှိ အိမ် ကို ဝယ်ယူခဲ့ကြပြီးဖြစ်သဖြင့် သူတို့အနေဖြင့် အစွမ်းကုန်ကြိုးစားပေးခဲ့ပြီဟု ခံစားရသည်။ ထို့ကြောင့် သူတို့သည် ကလေးများကို ကျူရှင်တက်ရန် ထပ်မံတိုက်တွန်းခြင်းမပြုတော့ဘဲ ကျူရှင်များကို ရပ်နားလိုက်ကြ၏။ ကျူရှင်သင်တန်းများသည် ဈေးကြီးသော်လည်း မိဘများကိုမူ အမှန်တကယ် သက်သာစေသည်။ ကလေးများကို ကျူရှင်သို့ ပို့ထားသရွေ့ ဘာမှ စိတ်ပူစရာမလိုတော့ပေ။ ယခု ကျူရှင်များ ရပ်နားလိုက်သောအခါ စနေ၊ တနင်္ဂနွေများတွင် ကလေးနှစ်ယောက်ကို ဘယ်ခေါ်သွားရမည် ဘာလုပ်ခိုင်းရမည်နည်းဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်လာတော့သည်။ ယခု သူမအလုပ်ကိစ္စဖြင့် ခရီးထွက်ရမည်ဖြစ်ရာ အိမ်တွင် ရွှီကွမ်းချန်နှင့် ကလေးနှစ်ယောက်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ လင်းရှောင်ယုသည် ရှုပ်ထွေးနေမည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေမိပြီး တနင်္ဂနွေနေ့ညမှ အိမ်ပြန်ရောက်ကာ အမှိုက်ပုံကြီးကို လိုက်ရှင်းနေရမည့် အဖြစ်မျိုးကို လုံးဝမလိုလားပေ။

"မိန်းမရယ် မင်း တကယ်စိတ်ချလိုက်ပါ၊ ဒီတစ်ခါတော့ ငါ ကလေးတွေအတွက် အစီအစဉ်တွေကို အသေးစိတ် ဆွဲထားပြီးသားပါ"

ရွှီကွမ်းချန် သူ့ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် အာမခံချက်ပေးလိုက်သည်။ လင်းရှောင်ယု မည်မျှပင် စိတ်ပူနေပါစေ သူမ ဘာမှမတတ်နိုင်ပေ။ သူမ အပြင်သို့ရောက်နေသဖြင့် အိမ်အထိ လက်လှမ်းမမီနိုင်သောကြောင့် ကလေးများ၏ဖခင်ကိုသာ အားကိုးရတော့မည်။

"ကောင်းပြီလေ၊ သေချာဂရုစိုက်ဖို့တော့ မမေ့နဲ့ဦး၊ ကျွန်မ အချိန်မရွေး ရုတ်တရက် ဖုန်းဆက်စစ်မှာနော် သိတယ်မလား"

လင်းရှောင်ယု ထပ်လောင်းမှာကြားလိုက်သည်။ သူ့မိန်းမ စကားပြောပြီးသွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ရွှီကွမ်းချန်သည် ဗီဒီယို၏အသံကို ခိုး၍ပြန်မြှင့်လိုက်သည်။ အိုး ဒီဗီဒီယိုက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ စနေနေ့တွင် ရွှီကွမ်းချန်သည် သူ့ကလေးနှစ်ယောက်ကြောင့် အိပ်ရာမှနိုးလာခဲ့သည်။

"ဖေဖေ၊ ဒီနေ့ သားတို့ကိုအပြင်ခေါ်သွားမယ်လို့ ပြောထားတယ်မဟုတ်လား၊ ဘာလို့ အခုထိအိပ်ရာမထသေးတာလဲ"

သားကြီး လင်းဟန်မော့မှာ သူ့ဖခင် အိပ်ရာထရန် တိုက်တွန်းသည့်အနေဖြင့် စောင်ကို ဆွဲလှန်လိုက်သည်။ သမီးငယ် လင်းယွဲရှီမှာလည်း အိပ်ရာပေါ်သို့ ခုန်တက်ကာ သူမဖခင်၏လက်မောင်းကို နင်းလိုက်ပြီး ပြောလိုက်၏။

"ဟုတ်တယ် ဟုတ်တယ်၊ ဘာလို့ အခုထိမထသေးတာလဲ၊ (၁၁) နာရီတောင်ထိုးနေပြီ"

ရွှီကွမ်းချန်သည် မျက်လုံးများကို မှေးကြည့်ကာ အလွန်အမင်းပင်ပန်းနွမ်းနယ်နေပြီး စကားပင်မပြောနိုင်တော့ပေ။

"အဖေတို့ နေ့လယ်ကျမှသွားကြမယ်လို့ သဘောတူထားတယ် မဟုတ်လား၊ မင်းတို့နှစ်ယောက်လုံး ဒီမနက် အိမ်စာအရင်လုပ်ထားကြပါလို့ မှာထားတယ်လေ၊ ဘယ်လိုလဲ အိမ်စာတွေပြီးကြပြီလား"

အိမ်စာ လုံးဝမပြီးသေးပါ။ ဒီနေ့ အိမ်မှာ မေမေ မရှိသဖြင့် ပုံမှန်အတိုင်း ဆူပူနေသည့် အသံများလည်းမရှိပေ။ ကလေးနှစ်ယောက်လုံးသည် အိမ်မက်ကမ္ဘာထဲတွင် နစ်မျောနေကြပြီး ဤရှားပါးလှသော အေးချမ်းမှုကို ခံစားနေကြခြင်းဖြစ်သည်။ အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားရာ (၁၀)နာရီခန့်တွင် ကလေးများ၏ဗိုက်မှာ ဆန္ဒပြလာကြသည်။ ဗိုက်ထဲမှမြည်သံများမှာ အခန်း၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူတို့သည် အိပ်ရာပေါ်တွင် လူးလှိမ့်နေကြပြီး နောက်ဆုံးတွင် ဆာလောင်မှုကြောင့် နွေးထွေးသော စောင်ထဲမှ တွားသွားကာထွက်လာခဲ့ကြသည်။

ကလေးနှစ်ယောက်လုံးသည် အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကိုပွတ်ကာ လေးလံသော ခြေလှမ်းများဖြင့် စားပွဲဆီသို့ လျှောက်သွားကြသည်။ အိမ်စာစာအုပ်များကို စားပွဲပေါ်တွင်ဖြန့်ထားသော်လည်း စာကြောင်းများပြည့်နှက်နေသည်ကို မြင်ရုံနှင့်တင် သူတို့ခေါင်းခဲသွားကြ၏။ သူတို့သည် ဘောပင်များကို ကောက်ကိုင်ကာ လွတ်နေသောနေရာအချို့တွင် စာလုံးအနည်းငယ်ကိုဖြစ်သလို ဖြည့်စွက်လိုက်ပြီးနောက် အိမ်စာစာအုပ်များကို အလျင်အမြန်ပိတ်ပစ်လိုက်ကြတော့သည်။ သားကြီး လင်းဟန်မော့မှာ သူ့ညီမလေးကို ဂရုစိုက်ရန် သတိရသေး၏။ သူသည် ဗီဒိုထဲမှ ဘီစကစ်မုန့်ထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး ကလေးနှစ်ယောက်လုံး ဗိုက်ခေတ္တဖြည့်ရန် မုန့်စားလိုက်ကြသည်။ ထို့နောက် ခဏတာကစားကြပြီးနောက် နာရီဝက်ခန့်ကြာသောအခါ ထပ်မံ မအောင့်နိုင်တော့ဘဲ ဖခင်ဖြစ်သူကိုလာရောက် နှောင့်ယှက်ခြင်းဖြစ်သည်။

ကလေးနှစ်ယောက်လုံး ပြန်မဖြေသည်ကိုမြင်ရုံနှင့် ရွှီကွမ်းချန်သည် အဖြေကို သိပြီးသားဖြစ်သော်လည်း အများကြီး မဆူတော့ပေ။ နောက်ဆုံးတော့ ဒါပိတ်ရက်ဖြစ်သည်။ သူကိုယ်တိုင်သာဆိုလျှင်လည်း အိပ်ရာမှ ထနိုင်မည်မဟုတ်ပေ။ မနေ့ညက သူသည် မိမိနှစ်သက်သော တင်ဆက်သူ၏ဗီဒီယိုများကို ညဉ့်နက်သည်အထိ ကြည့်ခဲ့သဖြင့် အိပ်ရာမှ လုံးဝမထချင်သေးပေ။

"ကောင်းပြီ ကောင်းပြီ၊ အခုပဲ ထတော့မယ်၊ နေ့လယ်စာစားပြီးမှ သွားကြမယ်၊ အရင်ဆုံး ဘာစားမလဲဆိုတာ စဉ်းစားကြဦး"

ရွှီကွမ်းချန်၏အသံတွင် မတတ်သာမှုနှင့် ပင်ပန်းမှုများ ရောယှက်နေသည်။ သူသည် မိမိ၏ပျင်းရိစိတ်ကို တိုက်ထုတ်ရင်း အိပ်ရာပေါ်တွင် အတော်ကြာအောင် ရုန်းကန်နေရပြီးနောက် နောက်ဆုံးတွင် ခက်ခက်ခဲခဲထလိုက်နိုင်တော့၏။ သမီးငယ် လင်းယွဲရှီမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ ဘာလို့ နေ့လယ်အထိထပ်စောင့်နေရဦးမှာလဲ။ သူမ အပြင်ထွက်ကစားချင်ဇောဖြင့် စိတ်လှုပ်ရှားနေပြီး အဖေဖြစ်သူမှာ သူတို့ကို ဘယ်ခေါ်သွားမည်အား သိချင်နေသည်။

"အော် ဟုတ်သားပဲ၊ မင်းတို့အမေက အပြင်စာတွေ မှာမစားရဘူးလို့ မှာထားတယ်၊ ဒါကြောင့် အဖေပဲ တစ်ခုခုလွယ်လွယ်ကူကူ ချက်ပေးမယ်"

ရွှီကွမ်းချန် သူ့ဘာသာတတွတ်တွတ် ပြောရင်း ရေခဲသေတ္တာဆီသို့ စိတ်မပါလက်မပါ လျှောက်သွားလိုက်သည်။ လင်းဟန်မော့နှင့် လင်းယွဲရှီတို့သည် ထမင်းစားပွဲတွင်ထိုင်နေကြ၏။ ဖခင်ဖြစ်သူ၏စကားကို ကြားလိုက်ရသည့်အခါ သူတို့နှစ်ယောက်လုံးမျက်နှာမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြသည်။

'ဘုရားရေ၊ အဖေ့လက်ရာက တကယ်ကို ဆိုးရွားတာလေ'

မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် တူညီသော ကြောက်ရွံ့မှုများကို မြင်နေရသည်။

'သူတို့ မေမေ့ကိုလွမ်းလှပါပြီ ဝါးးးးး’

256

သူတို့ ပစ္စည်းများထုပ်ပိုးပြီး ကားပေါ်သို့ တက်လိုက်သည့်အချိန်တွင် နေ့လယ် (၁) နာရီပင် ထိုးနေပြီဖြစ်သည်။ သမီးငယ်လေး လင်းယွဲ့ရှီမှာ အနည်းငယ်မပျော်မရွှင်ဖြစ်နေပြီး သူမ၏ကျောပိုးအိတ်ကြိုးကို လိမ်နေ၏။ အခုနေ့လယ်တစ်နာရီရှိပြီဆိုတော့ ဘာတွေကစားလို့ရဦးမှာလဲ။ ပြီးတော့ ဘာလို့အပြင်ထွက်ကစားတာကို အိမ်စာတွေပါ ယူလာခိုင်းရတာလဲ။

"ဟင်း"

လင်းယွဲ့ရှီသည် ကားနောက်ခန်းတွင်မှီချလိုက်ပြီး သူမကံကြမ္မာကို လက်လျှော့လိုက်သည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကားလေးသည် ကွေ့ကောက်နေသောလမ်းတစ်လျှောက် ဖြည်းညှင်းစွာ မောင်းနှင်နေ၏။ ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်းများသည် ရုပ်ရှင်ပြကွက်များသကဲ့သို့ ဖြည်းဖြည်းချင်းဖြတ်ကျော်နေပြီး ကား၏အနည်းငယ် တုန်ခါမှုနှင့် အင်ဂျင်သံတိုးတိုးလေးမှာလည်း လိုက်ပါလာသည်။ လင်းယွဲ့ရှီသည် ကားထိုင်ခုံကိုမှီထားရင်း မျက်ခွံများမှာ ပိုမိုလေးလံလာသည်။ ကားလှုပ်ခါမှုနှင့်အတူ သူမခန္ဓာကိုယ်မှာလည်း အသာအယာယိမ်းနွဲ့နေပြီး အိပ်ပျော်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူမ အိပ်စက်ခြင်းထဲသို့ လုံးလုံးလျားလျား ကျရောက်တော့မည့်အချိန်တွင် ကားလေးမှာ ဖြည်းဖြည်းချင်းရပ်တန့်သွား၏။ နောက်ဆုံးတော့ ဦးတည်ရာနေရာသို့ရောက်ရှိခဲ့လေပြီ။ လင်းယွဲ့ရှီ၏အိပ်ချင်စိတ်များမှာ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ထိုင်ခုံခါးပတ်ကို အမြန်ဖြုတ်လိုက်ပြီး စပရင်ဖြင့်ပစ်ထုတ်လိုက်သကဲ့သို့ ကားတံခါးကို တွန်းဖွင့်လိုက်သည်။

"ဒုံး"

အသံနှင့်အတူ ကားတံခါးမှာ အားဖြင့် ပွင့်သွားသည်။ သူမသည် အမြန်နှုန်းဖြင့် ပြေးထွက်လာသော အမြောက်ဆန်လေးတစ်ခုကဲ့သို့ ကားနောက်ခန်းထဲမှ ဝုန်းခနဲခုန်ထွက်လာပြီး မထိန်းနိုင်မသိမ်းနိုင်သော အားမာန်ဖြင့်အော်လိုက်၏။

"သမီးတို့ ဘယ်ရောက်နေတာလဲ"

သူမ တိရစ္ဆာန်ရုံကိုသွားပြီး ပန်ဒါလေးတွေကိုကြည့်ချင်ဝာာမျိုး ဒါမှမဟုတ် ကစားကွင်းသွားချင်တာဖြစ်သည်။ သို့သော်သူမရှေ့မှဤအဆောက်အအုံကြီးမှာ ဘာကြီးလဲ ကုန်တိုက်လား။ အင်း တကယ်လို့ ကုန်တိုက်ထဲမှာ အရုပ်တွေရောင်းရင်တော့ သူမသဘောကျမှာပါ။ သားကြီး လင်းဟန်မော့မှာတော့ ညီမဖြစ်သူ၏ကျောပိုးအိတ်ကို သယ်ပြီး ကားပေါ်မှ ဆင်းလာသည်။ သူ၏စူးရှသော မျက်လုံးများမှာ ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်၏။

"ဟိုတယ်လား၊ အဖေ သားတို့ကယုံမြစ်ကနေ အပြင်ထွက်လာတာလား၊ ဘာလို့ ဟိုတယ်မှာတည်းတာလဲ"

ရွှီကွမ်းချန်သည် အနည်းငယ်ဂုဏ်ယူဝင့်ကြွားနေသည်။

"မဟုတ်ပါဘူး အဖေတို့ ယုံမြစ်ထဲမှာပဲ ရှိနေသေးတာ၊ ဟဲဟဲ ဒီနေရာက တကယ့်နေရာကောင်းကွ၊ လူအတော်များများ ဒီကိုလာဖို့တောင် စဉ်းစားမိကြမှာမဟုတ်ဘူး၊ လာကြ အဖေ မင်းတို့ကို အထဲခေါ်သွားမယ်"

ရွှီကွမ်းချန် လက်ဝှေ့ယမ်းလိုက်သည်။ သူ အစီအစဉ်တွေအကုန်ဆွဲထားပြီးသားဖြစ်ရာ ကလေးနှစ်ယောက်ကို ဖျော်ဖြေပွဲခန်းမသို့ အရင်ဆုံးခေါ်သွားလိုက်၏။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့ ဖျော်ဖြေပွဲခန်းမထဲသို့ခြေချလိုက်သည့် မိနစ်ပိုင်းမှာတင် ထိုနေရာ၏ လေးနက်တိတ်ဆိတ်သော လေထုကို သူတို့သဘောမကျကြပေ။ ကလေးနှစ်ယောက်မှာ မာကျောသော ထိုင်ခုံများပေါ်တွင်ထိုင်နေကြပြီး စိတ်မရှည်သလို ဖြစ်နေကြသည်။ သူတို့သည် ဟိုကြည့်ဒီကြည့်လုပ်ကာ လူးလွန့်နေကြပြီး စတင်တော့မည့်ဖျော်ဖြေပွဲကို လုံးဝစိတ်မဝင်စားသည့်ပုံပင်။ သူတို့လက်လေးများမှာ ထိုင်ခုံကို အမှတ်မထင်ခေါက်နေကြသလို ခြေထောက်လေးများမှာလည်း ကြမ်းပြင်ကို အသာကန်နေကြကာ ဖခင်ဖြစ်သူကို အိမ်ပြန်ဖို့ တိုက်တွန်းချင်နေကြ၏။

သို့သော်လည်း ပထမဆုံးကုချင်းသံ ထွက်ပေါ်လာသည့်အခါတွင်မူ ဖျော်ဖြေပွဲခန်းမတစ်ခုလုံးမှာ ပြုစားခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ထိုအခိုက်အတန့်တွင် အချိန်များမှာ ရပ်တန့်သွားခဲ့သည်။ ကလေးနှစ်ယောက်၏ လှုပ်ရှားမှုများမှာ ရုတ်တရက်ရပ်တန့်သွားပြီး စင်ပေါ်မှ ကုချင်းသံစဥ်ဆီသို့ သူတို့အကြည့်များရောက်သွားသည်။ ဆရာကြီးကျိပိုင်သည် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်ပေါ်တွင်ထွက်ပေါ်လာ၏။ သူ့အသွင်အပြင်မှာ နတ်သားတစ်ပါးကဲ့သို့ လောကပြင်ပမှ ရောက်ရှိလာသူတစ်ဦးနှင့် တူလှသည်။ ၎င်းမှာ ဒဏ္ဍာရီပုံပြင်များကို နှစ်သက်သောကလေးများအတွက် အလွန်ပင် ဆွဲဆောင်မှုရှိလှ၏။

ဆရာကြီးကျိပိုင်၏တူရိယာကြိုးများ တုန်ခါသွားပြီး တေးဂီတသံစဉ်များမှာ စိမ့်စမ်းရေများကဲ့သို့ စီးဆင်းလာသောအခါ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့မှာ လှပသောတေးဂီတထဲတွင် နစ်မျောသွားကြတော့သည်။ သူတို့ခန္ဓာကိုယ်များမှာ မငြိမ်မသက်လှုပ်ရှားနေခြင်းကို ရပ်ပစ်လိုက်ပြီး တိတ်တဆိတ်ထိုင်ကာ ဂီတကမ္ဘာထဲသို့ အပြည့်အဝ စိတ်ရောက်သွားကြ၏။ အစောပိုင်းက စိတ်မရှည်ဖြစ်ခဲ့သည်များကိုလည်း သူတို့ နှစ်ယောက်လုံး လုံးဝ မေ့လျော့သွားကြသည်။ နောက်ဆုံးအသံ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ဖျော်ဖြေပွဲပြီးဆုံးသွားသည့်တိုင်အောင် ကလေးနှစ်ယောက်မှာ ဂီတ၏ခံစားမှုအရသာထဲတွင် နစ်မျောနေဆဲဖြစ်ပြီး အချိန်အတော်ကြာအောင် ရုန်းမထွက်နိုင်ဘဲရှိနေကြသည်။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် ဂီတအပေါ်တွင် ပြင်းပြသော စိတ်ဝင်စားမှုများဖြစ်ပေါ်လာခဲ့သည်။ ဖျော်ဖြေပွဲများမှာ ဤမျှအထိ စိတ်ဝင်စားစရာကောင်းနိုင်သည်ကို သူတို့ပထမဆုံးအကြိမ် သိရှိခဲ့ကြခြင်းဖြစ်၏။

"အဖေ နောက်ထပ်ရှိသေးလားဟင်၊ သမီး ထပ်နားထောင်ချင်သေးတယ်"

လင်းယွဲ့ရှီမှာ ရွှီကွမ်းချန်ကိုဖက်တွယ်ကာ မေးလိုက်သည်။ ရွှီကွမ်းချန်ကိုယ်တိုင်လည်း အားမရသလိုခံစားနေရ၏။ ဆရာကြီးကျိပိုင်၏တီးခတ်မှုမှာ တကယ်ကို ထူးခြားပြောင်မြောက်လွန်းလှသည်။ သူသည် သမီးဖြစ်သူကို ချီလိုက်ပြီး ပြောလိုက်သည်။

"ဖျော်ဖြေပွဲကတော့ မရှိတော့ဘူး၊ ဒါပေမဲ့ မင်းတို့ သေချာပေါက် သဘောကျမယ့် ပိုပြီးပျော်စရာကောင်းတာ တစ်ခုရှိသေးတယ်"

ရွှီကွမ်းချန်သည် ကလေးနှစ်ယောက်၏ လက်ကိုဆွဲကာ မီနာ၏ရက်ကန်းစတူဒီယိုထဲသို့ ဝင်သွားလိုက်သည်။ စတူဒီယို၏ နံရံများပေါ်တွင် အရောင်အသွေးစုံလင်လှသော ရက်ကန်းထည်များ ချိတ်ဆွဲထား၏။ အရောင်အသွေးများကို စိတ်ဝင်စားတတ်သော လင်းဟန်မော့မှာ နံရံပေါ်မှ ရက်ကန်းထည်များကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများမှာ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေသည်။ သူသည် ရက်ကန်းရက်ခြင်း အတွေ့အကြုံသစ်အတွက် အလွန်ပင် မျှော်လင့်နေ၏။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် အလွန်ပင်ဝီရိယရှိရှိ သင်ယူကြသည်။ သူတို့လက်လေးများမှာ ဆရာမ၏လှုပ်ရှားမှုများကို အစဉ်မပြတ် လိုက်တုပနေကြသည်။ ဆရာမမီနာ၏ လမ်းညွှန်မှုအောက်တွင် ကလေးနှစ်ယောက်မှာ ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်ကြ၏။ တစ်ယောက်မှ အပ်ချည်သွင်းရန် တာဝန်ယူပြီး ကျန်တစ်ယောက်မှာ ချည်ထိုးလုပ်ရန် တာဝန်ယူသည်။ သူတို့၏ လှုပ်ရှားမှုများသည် အနည်းငယ်စနစ်မကျသော်လည်း အလွန်ပင်လေးနက်ပြီး ထက်သန်မှုရှိလှသည်။

ရွှီကွမ်းချန်မှာ ဘေးမှရပ်ကြည့်နေရင်း သူ့အကြည့်များမှာ ကလေးများကြားတွင် ဟိုဘက်ဒီဘက် ကူးလူးနေသည်။ သူတို့အလုပ်များ တဆင့်ပြီးတဆင့် ပြီးမြောက်အောင် လုပ်ဆောင်နေကြသည်ကိုကြည့်ရင်း သူ့နှလုံးသားထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။ သူသည် ဖုန်းကိုထုတ်လိုက်ပြီး ကလေးများ၏ အာရုံစူးစိုက်နေသော အမူအရာများနှင့် သူတို့လက်ထဲတွင် တဖြည်းဖြည်းပုံပေါ်လာသော ရက်ကန်းထည်များကို မှတ်တမ်းတင်ထားလိုက်သည်။ လည်စည်းတစ်ခုကို ရက်လုပ်ပြီးနောက်တွင်မူ ညစာစားချိန်သို့ရောက်ရှိလာသည်။ ကလေးနှစ်ယောက်မှာ စားပွဲပေါ်မှ ပင်လယ်စာဟင်းသုံးမျိုးကို ကြည့်ကာ အနည်းငယ်စိတ်ပျက်သွားကြ၏။ လင်းယွဲ့ရှီသည် သူမနှာခေါင်းကို ရှုံ့လိုက်သည်။ သူမသည် ပင်လယ်စာဆိုလျှင်မခံနိုင်အောင် ညှီစော်နံသည်ဟု အမြဲခံစားရတတ်၏။ သူမ နှုတ်ခမ်းလေးကိုစူလိုက်ပြီး မပျော်မရွှင် ပြောလိုက်သည်။

"ဖေဖေ၊ သမီးက ကြက်တောင်ပံကြော်ပဲ စားချင်တာ၊ ငါးတွေ မစားချင်ဘူး"

သူမကမ္ဘာလေးထဲတွင် ကြက်တောင်ပံကြော်၏ ကြွပ်ရွသောအရသာနှင့် ဆွဲဆောင်မှုရှိသော ရွှေဝါရောင်မှာ ဤညှီစော်နံသော ပင်လယ်စာဟင်းများထက် ပို၍ဆွဲဆောင်မှုရှိနေသည်။ လင်းဟန်မော့မှာ ညီမဖြစ်သူကဲ့သို့ ပင်လယ်စာကို လုံးဝငြင်းပယ်သည်မဟုတ်သော်လည်း သူ့တွင်လည်း ကိုယ်ပိုင် အကြံအစည်လေးရှိနေ၏။ ငါးစားလျှင် အရိုးတွေကို သေသေချာချာဖယ်ထုတ်နေရမည်။ ပုစွန်စားလျှင်လည်း အခွံတွေကို တကူးတကခွာနေရမည်ဖြစ်ရာ သူ အလုပ်ရှုပ်သည်ဟု ခံစားနေရခြင်းဖြစ်သည်။ သူ အားစိုက်စရာမလိုဘဲ တိုက်ရိုက်ဝါးစားနိုင်သည့် အစားအစာများကိုသာ ပိုနှစ်သက်၏။ ထို့ကြောင့် မျှော်လင့်ချက်လေးဖြင့် သူ့ဖခင်ကို ပြောလိုက်သည်။

"သားက ဝက်သားနီချက်စားချင်တာ"

ဝက်သားနီချက်မှာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ နူးညံ့ပြီး စေးပိုင်နေတဲ့ အသားတုံးကြီးကို တစ်ကိုက် ကိုက်လိုက်ရုံနဲ့တင် အားစိုက်စရာမလိုဘဲ အရသာရှိတဲ့ အစားအစာရဲ့ ပျော်ရွှင်မှုကို ခံစားနိုင်တာလေ။ ရွှီကွမ်းချန်သည် နူးညံ့သောလေသံဖြင့် သူတို့ကို အစားအစာအသစ်များကို မြည်းစမ်းကြည့်ရန် တိုက်တွန်းလိုက်သည်။

"ဒီပင်လယ်စာက တခြားဟာတွေနဲ့မတူဘူး၊ အရမ်း အရမ်းကိုအရသာရှိတာ"

သူ့အသံတွင် ဆွဲဆောင်မှုရှိသော လေသံများ ပါဝင်နေသည်။

"မင်းတို့ မြည်းကြည့်လိုက်ရင် ဒါက ကြက်တောင်ပံကြော်တွေ၊ ဝက်သားနီချက်တွေထက် အများကြီးပိုအရသာရှိတာကို သိသွားလိမ့်မယ်"

လင်းယွဲ့ရှီနှင့် လင်းဟန်မော့တို့သည် သူတို့ဖခင်၏ယုံကြည်မှုရှိသော အမူအရာကိုကြည့်ကာ ဆွဲဆောင်မှုရှိသော စကားများကို နားထောင်ပြီးနောက် သူတို့ငြင်းဆန်မှုများမှာ တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သတ္တိကိုမွေးကာ တူကိုကိုင်လိုက်ကြ၏။ ထို့နောက် ငါးသားအဖတ်လေး တစ်ဖတ်ကို ဂရုတစိုက်ညှပ်လိုက်ကြသည်။

'နူးညံ့လိုက်တာ အရသာရှိလိုက်တာ'

ငါးအသားပါးစပ်ထဲ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကလေးနှစ်ယောက်၏မျက်လုံးများမှာ ချက်ချင်း ကျယ်သွားပြီး သူတို့မျက်နှာပေါ်တွင် အံ့သြသော အမူအရာများထွက်ပေါ်လာသည်။ ငါး၏နူးညံ့လှသော အထိအတွေ့နှင့် အရသာမှာ သူတို့မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့၏။ ရွှီကွမ်းချန် နောက်ထပ် တစ်ခွန်းမှထပ်ပြောရန် မလိုတော့ဘဲ သူတို့သည် ပင်လယ်စာစားပွဲကြီးကို အားပါးတရစတင်သုံးဆောင်ကြတော့သည်။ ညစာ စားပြီးသွားသည့်အခါ ထမင်းစားပွဲပေါ်မှ ရယ်မောသံများမှာ တဖြည်းဖြည်းတိတ်ဆိတ်သွားပြီး လင်းယွဲ့ရှီနှင့် လင်းဟန်မော့တို့၏ မျက်နှာပေါ်တွင် မခွဲချင်မခွာချင်သော အမူအရာများ ပေါ်လာ၏။ သူတို့ ထင်ထားသည်မှာ သူတို့ဖခင်ရွှီကွမ်းချန်သည် ကောင်းမွန်သောညစာကို သုံးဆောင်ပြီးနောက် အိမ်စာကိစ္စကို ခေတ္တမေ့လျော့သွားပြီး သူတို့ကို လွတ်လပ်စွာ ဆက်လက်ကစားခွင့်ပေးလိမ့်မည်ဟုဖြစ်သည်။ သို့သော်လည်း ရွှီကွမ်းချန်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စိတ်ပျက်စရာကောင်းသော စကားကို ပြောလိုက်သည်။

"ဝဝလင်လင် စားသောက်ပြီးပြီဆိုတော့ ဝက်ကလေးတို့ရေ၊ ကိုယ့်အခန်းကိုယ်ပြန်ပြီး အိမ်စာတွေစလုပ်ကြတော့"

ကလေးနှစ်ယောက်၏ နှာခေါင်းများမှာ အလိုအလျောက်ရှုံ့သွားကြသည်။ လင်းယွဲ့ရှီမျက်နှာလေးမှာ ငြင်းဆန်မှုများဖြင့် ပြည့်နှက်နေပြီး သူမမျက်လုံးများတွင် တောင်းပန်တိုးလျှိုးသော အမူအရာဖြင့် ဂျီကျလိုက်သည်။

"အဖေ၊ သမီးတို့ ခဏလောက် ထပ်ကစားလို့ မရဘူးလားဟင်၊ ခဏလေးပဲလေ"

လင်းဟန်မော့မှာတော့ မတတ်သာသော အမူအရာရှိနေသည်။ သူသည် ငါးတန်းကျောင်းသားဖြစ်ရာ အိမ်စာဆိုသည့် တာဝန်ဝတ္တရားမှ မလွတ်ကင်းနိုင်မှန်း သူသိသော်လည်း လွတ်လပ်သော အချိန်များကိုမူ ဆက်လက်တောင့်တနေဆဲဖြစ်၏။ ကလေးနှစ်ယောက်၏ လှုပ်ရှားမှုများမှာ အနည်းငယ်နှေးကွေးသွားသည်။ သူတို့သည် ထမင်းစားပွဲတွင် အချိန်ဆွဲရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။ ရွှီကွမ်းချန်သည် သူတို့လှည့်ကွက်များကို တစ်ချက်တည်းနှင့် သိမြင်လိုက်၏။ သူ ကလေးများ၏ပုခုံးကို အသာအယာပုတ်ကာ အားပေးလိုက်သည်။

"တကယ်လို့ မင်းတို့ ည (၇) နာရီမတိုင်ခင် အိမ်စာရဲ့ တစ်ဝက်ကိုပြီးအောင်လုပ်နိုင်ရင် ဖေဖေ မင်းတို့ကို ထပ်ခေါ်သွားပြီး ကစားပေးမယ်"

ကလေးနှစ်ယောက်၏မျက်လုံးများမှာ တောက်ပသွားကြသည်။ လင်းယွဲ့ရှီ ဈေးဆစ်လိုက်၏။

"ဒါဆိုရင် အဖေ သမီးကို အိမ်စာကူလုပ်ပေးရမယ်နော် ဟုတ်ပြီလား၊ ဒီနေ့ သင်္ချာအိမ်စာက အရမ်းခက်တာ "

"ဒီတစ်ခါ အင်္ဂလိပ်စာအိမ်စာက စာလုံးပေါင်းနဲ့ အမှားပြင်တာတွေလုပ်ရမှာ"

လင်းဟန်မော့မှာလည်း ဖခင်ဖြစ်သူကို ကြည့်ကာပြောလိုက်သည်။ ရွှီကွမ်းချန်၏အမူအရာမှာ ပုံမှန်နှင့်မတူဘဲ ကွဲပြားနေ၏။ အရင်တုန်းက အိမ်စာကူလုပ်ပေးရလျှင် သူသည် မျက်မှောင်ကြုတ်နေတတ်ပြီး မတတ်သာသည့်အပြင် စိုးရိမ်ပူပန်နေတတ်သည်။ သို့သော် ဒီနေ့တွင်မူ သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းပြားသောအပြုံးတစ်ခုဖြင့် တောက်ပနေသည်။

"ပြဿနာမရှိဘူး”

All Chapters