← Chapters

အခန်း (၈၆-၈၇)

Vol. 8 Ch. 86-87

အခန်း (၈၆-၈၇)

Vol. 8 Ch. 86-87

အခန်း (၈၆) - အထူးဇွန်ဘီ သုံးကောင်

"ကျွန်တော်တို့ ဘယ်သူမှ လာတာ မတွေ့မိဘူး။ အနားပတ်ပတ်လည်က ဇွန်ဘီတွေ ထွက်သွားတာကို မြင်တော့မှပဲ အပြင်ထွက်ရဲကြတာ... လမ်းမှာတင် ကျွန်တော်တို့ထဲက သုံးယောက် သေသွားခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ စခန်းကို ရောက်လာခဲ့ပါပြီဗျာ၊ အီးဟီးဟီး ဟီးဟီး.."

အောက်ထပ် ဧည့်ခန်းမအတွင်း၌ ဖြူဖျော့ပြီး ပိန်လှီနေသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောပြနေ၏။

"အရင်ဆုံး မင်းတို့ကို စားစရာ တစ်ခုခုကျွေးဖို့ ခေါ်သွားပေးမယ်"

ဝန်ထမ်းက ၎င်းတို့ကို လှမ်းခေါ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ"

အသက်ရှင်ကျန်ရစ်သူ လေးဦးစလုံးက ချက်ချင်းပင် နောက်မှ ကတုန်ကယင် လိုက်ပါသွားကြ၏။

၎င်းတို့ ထွက်ခွာသွားပြီးနောက် ဝေကျန့်ကော်က မျက်မှောင်ကုတ်လိုက်သည်။

"ဆုန့်အိုကြီးက လူတွေကို ခေါ်ပြီး သူတို့ကို ကယ်တင်ဖို့ သွားခဲ့တာ။ ဒါပေမဲ့ သူတို့က ဆုန့်အိုကြီး ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးလို့ ပြောနေကြတယ်။ ဒီလူတွေကို ကြည့်ရတာ လိမ်ပြောနေပုံလည်း မပေါ်ဘူး။ လမ်းမှားသွားတာလား။ ဒါမှမဟုတ် တစ်ခုခုဖြစ်ပြီး ပိတ်မိနေတာလား"

ရန်ကျဲ၏ အမူအရာမှာလည်း မကောင်းပေ။

"ကျွန်တော်တို့... အဆိုးဆုံးအတွက် ပြင်ဆင်ထားရလိမ့်မယ်"

အားလုံး တိတ်ဆိတ်သွားကြသည်။

လူတိုင်းသည် အစောပိုင်းက စွမ်းရည်ရှင်ဝမ်ထောင် ပါဝင်လာမှုကြောင့် အလွန် ဝမ်းမြောက်နေခဲ့ကြသော်လည်း ဆုန့်ကျင့်ဟုန်ထံတွင် ပြဿနာတစ်ခုခု ဖြစ်ပွားနေသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲမှ ပျော်ရွှင်မှုများသည် ချက်ချင်းပင် လွင့်ပျယ်သွားရ၏။

"ဆုန့်အိုကြီး၊ မင်းဘာမှ ဖြစ်လို့မရဘူးနော်..."

ဖုန်းမင်းအန်၏ မျက်နှာမှာ ညှိုးငယ်နေပြီး သူက ဆုန့်ကျင့်ဟုန်နှင့် ဆက်ဆံရေး အကောင်းဆုံး ဖြစ်သဖြင့် ပို၍စိတ်ပူနေပုံရသည်။

ဝေကျန့်ကော်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ကဲ... နောက်ထပ် တစ်ရက်လောက် ထပ်စောင့်ကြည့်ရအောင်။ တကယ်လို့ သတင်း ဘာမှ မရသေးရင် စစ်ဆေးဖို့ လူလွှတ်ရမယ်... လောလောဆယ်တော့ ဝမ်ထောင်ရဲ့ ကိစ္စရပ်တွေကို အရင် စီစဉ်လိုက်ကြရအောင်"

"ကောင်းပါပြီ"

---

နောက်တစ်နေ့တွင် စခန်းအတွင်းရှိ လူတိုင်းသည် အကြောင်းကြားစာ တစ်စောင်ကို ရရှိခဲ့ကြသည်။

ရွှေကျဲစခန်းကော်မတီသည် ဝမ်ထောင် အမည်ရှိသော ကော်မတီဝင်အသစ်တစ်ဦးကို ထပ်မံ ဖြည့်စွက်လိုက်ပြီ ဖြစ်ပြီး မွန်းလွဲပိုင်းတွင် လူတိုင်းနှင့် မိတ်ဆက်ပေးရန်အတွက် အထွေထွေအစည်းအဝေးတစ်ခု ကျင်းပမည် ဖြစ်ကြောင်း ပါရှိ၏။

လူအများစုမှာ ဝမ်ထောင်အကြောင်းကို သိပ် မသိကြသဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။ သို့သော် အချို့ကမူ တော်တော်လေး အံ့ဩသွားကြ၏။ ဝမ်ထောင်က စခန်းကို ရောက်ရှိလာသည်မှာ မကြာသေးသည် မဟုတ်ပါလား။ ထို့ပြင် သူက ကော်မတီဝင်တစ်ဦး ချက်ချင်း ဖြစ်လာခဲ့၏။

သဘာဝအတိုင်း ၎င်းတို့ မည်မျှပင် ဝေခွဲမရ ဖြစ်နေပါစေ၊ ဤအရာမှာ ၎င်းတို့ ဆုံးဖြတ်နိုင်သော အရာ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် တွေ့ဆုံသည့်အခါ အရှက်မရစေရန်အတွက် ဤကော်မတီဝင်အသစ်ကို သိရှိထားရန်သာ လိုအပ်သည်။

မွန်းလွဲပိုင်းတွင် ဘက်စုံသုံးအဆောက်အအုံ၏ ပြင်ပရှိ ရင်ပြင်ပေါ်၌ အစောင့်တာဝန် ကျနေသူများ သို့မဟုတ် မစ်ရှင်များဖြင့် အပြင်ထွက်နေသူများမှလွဲ၍ စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အားလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ရန်ကျဲက လူတိုင်းကို စိတ်ဓာတ်မြှင့်တင်ပေးသည့် မိန့်ခွန်းအချို့ ပြောကြားပြီးနောက် ဝမ်ထောင်သည် စင်မြင့်ပေါ်သို့ တက်ရောက်ကာ ကိုယ်ထင်ပြလိုက်၏။

ဝမ်ထောင်၏ ကြံ့ခိုင်တောင့်တင်းလှသော ခန္ဓာကိုယ်ဖြင့် ထိုနေရာတွင် ရပ်နေသည်ကို မြင်ရရုံနှင့်ပင် သူ၏ ထည်ဝါမှုမှာ အခြား ကော်မတီဝင်အားလုံး ပေါင်းစပ်ထားသည်ထက်ပင် သာလွန်နေကြောင်း ပြောရပေမည်။

အထူးသဖြင့် ဝမ်ထောင်၏ ကော်မတီဝင်အသစ်ဟူသော အဆင့်အတန်းကြောင့် အမျိုးသမီး အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား၏ မျက်ဝန်းများမှာ လျှပ်စစ်မီးသီးများကဲ့သို့ တောက်ပနေကြတော့၏။

စင်မြင့်အောက်တွင် ဟော့ကျိယီသည် ဝမ်းမြောက်နေသလို စိုးရိမ်ပူပန်မှုလည်း ဖြစ်နေရသည်။ ဝမ်းမြောက်ရသည်မှာ သူမ၏ ခန့်မှန်းချက် မှန်ကန်ခဲ့ပြီး ဤဝမ်ထောင်တွင် ကြီးမားသော အလားအလာများ အမှန်တကယ် ရှိနေခြင်းကြောင့် ဖြစ်၏။ စိုးရိမ်ရသည်မှာ သူမသည် ယခင်က သူ့ကို စကားပြောဆိုနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသော်လည်း ယခု အချိန်တိုအတွင်းမှာပင် သူ့ထံသို့ ထပ်မံ ချဉ်းကပ်ရန် မဖြစ်နိုင်တော့သကဲ့သို့ ခံစားရခြင်းကြောင့် ဖြစ်သည်။

ဤအရာက သူမကို အလွန် ပူပန်စေပြီး သူမသည် ဝမ်ထောင်၏ အရှိန်အဝါကို အားကိုးချင်လှသော်လည်း ၎င်းတို့ကြားရှိ အဆင့်အတန်း ကွာဟချက်မှာ ပို၍ ပို၍ ကြီးမားလာခဲ့လေပြီ။

ဟန်ရွှေက စင်မြင့်ပေါ်ရှိ ဝမ်ထောင်ကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားသော်လည်း လုံးဝကြီးတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဝမ်ထောင် မည်မျှ အစွမ်းထက်ကြောင်း မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

သူက စွမ်းရည်ရှင်တစ်ဦးလည်း ဖြစ်သဖြင့် ကော်မတီဝင် ဖြစ်လာခြင်းမှာ ဆန်းကြယ်သော အရာ မဟုတ်ပေ။ သူမသည် သူ့အတွက် ဝမ်းသာပေးလိုက်၏။

သူမ၏ ဘေးတွင် ဆန်းဝေကွမ်သည် အားကျစိတ်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ဝမ်ထောင်ကို စိုက်ကြည့်နေသည်။

"မိန်းမ မင်း ငါ့အတွက် အရာရှိရာထူးတစ်ခုခု တကယ်ပဲ ရှာမပေးနိုင်ဘူးလား။ မင်းက ဝန်ကြီးတစ်ယောက်ပဲဥစ္စာ..."

ဆန်းဝေကွမ်က အနည်းငယ် မကျေမနပ်ဖြင့် မေးလိုက်၏။

ယောက်ျားဖြစ်သူ၏ စကားကိုကြားရသောအခါ ဟန်ရွှေက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဝေကွမ်၊ ဒါက အေးချမ်းတဲ့ကာလ မဟုတ်တော့ဘူး။ ငါတို့ စခန်းမှာ စုစုပေါင်း လူဘယ်လောက် ရှိလို့လဲ။ ငါ့ရဲ့ ဝန်ကြီးဆိုတဲ့ ဘွဲ့အမည်က နားထောင်လို့ ကောင်းပေမဲ့ အမှန်တော့ ငါ့ရဲ့အောက်မှာ လူနှစ်ယောက်ပဲ ရှိတာ။ ဒါ့အပြင် ငါတို့ စခန်းက ရာထူးတွေက 'တစ်နေရာလျှင်တစ်ယောက်ကျစီ' ပဲ ရှိကြတာ။ ငါ့မှာ နင့်အတွက် ရာထူးတစ်ခု စီစဉ်ပေးနိုင်တဲ့ စွမ်းအား မရှိသလို မလုပ်လည်း မလုပ်နိုင်ဘူး။ နင်လည်း ရိုးရိုးသားသားပဲ အလုပ်လုပ်စမ်းပါ။ နင့်ကို အပြင်ထွက်ခိုင်းနေတာလည်း မဟုတ်ဘူး၊ စခန်းထဲမှာ အလုပ်လုပ်ရုံနဲ့တင် စားစရာ ရနေတာပဲ မဟုတ်ဘူးလား။ ဒါက မကောင်းဘူးလား"

"အေးပါ"

ဤစကားများကိုသာ ထပ်မံ ကြားရပြန်သဖြင့် ဆန်းဝေကွမ်သည် နားငြီးလှပြီ ဖြစ်သည်။

သူသည် ဟန်ရွှေ ပြောင်းလဲသွားပြီဟု ခံစားရ၏။ ရွှေကျဲစခန်းသို့ ရောက်ရှိလာပြီး ဖျန်ဖြေရေးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကတည်းက ဟန်ရွှေသည် သူ ယခင်က သိခဲ့ဖူးသော ဟန်ရွှေ မဟုတ်တော့ပေ။

ယခင်က ဟန်ရွှေသည် အလွန် ပြတ်သားသူ ဖြစ်သော်လည်း ကိစ္စရပ်အများစုတွင် သူ့ကို ဦးစားပေးလေ့ရှိပြီး ယခုကဲ့သို့ တိုက်ရိုက် ငြင်းပယ်ခြင်းမျိုး မရှိခဲ့ဖူးပေ။

ဆန်းဝေကွမ်သည် ဟန်ရွှေ၏ အထက်လူကြီးဟောင်း နာမည်မှာ ဆုန့်ကျင့်ဟုန် ဖြစ်ကြောင်း သူကောင်းစွာ မှတ်မိနေပြီး ဤစခန်းတွင်လည်း ဆုန့်ကျင့်ဟုန် အမည်ရှိသော ကော်မတီဝင်တစ်ဦး ရှိနေသည်။ ဒါက သေချာပေါက် လူတစ်ဦးတည်း ဖြစ်ရမည်။

အကယ်၍ ဤဆုန့်ကျင့်ဟုန် မရှိပါက ဟန်ရွှေအနေဖြင့် ဝန်ကြီးတစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ သူမသည် သူမ၏ အဆက်အသွယ်များကို အသုံးပြုနိုင်ပါလျှင်နှင့် သူ့အတွက်လည်း ရာထူးတစ်ခုခု အဘယ့်ကြောင့် မတောင်းပေးနိုင်ရသနည်း။

ဆန်းဝေကွမ်သည် ဟန်ရွှေကို ကြည့်လိုက်ပြီးနောက် သူမ၏ ဘေးရှိ အိုရင်းရင်းကို ကြည့်လိုက်ရာ ရုတ်တရက် ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သူမက ငါနဲ့ အိုရင်းရင်းတို့ရဲ့ ဆက်ဆံရေးကို သိသွားတာများလား..."

ဆန်းဝေကွမ်၏ အမူအရာမှာ အရုပ်ဆိုးသွား၏။ သူသည် အိုရင်းရင်းနှင့် ဆက်ဆံရေးကို လုံးဝ မပြတ်တောက်နိုင်ပေ။

အသွင်အပြင်နှင့် စွမ်းရည် နှစ်ခုစလုံးတွင် ဟန်ရွှေသည် အိုရင်းရင်းထက် များစွာ သာလွန်သဖြင့် ဆန်းဝေကွမ်အနေဖြင့် ဟန်ရွှေကို ပို၍ သဘောကျသင့်သည်မှာ ယုတ္တိတန်သော်လည်း...

အိုရင်းရင်း၏ နှုတ်ထွက်စကားများက အလွန် ချိုသာလွန်းလှသည်။

သူသည် ဟန်ရွှေနှင့်အတူ ရှိနေချိန်တွင် နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ အမြဲ ခံစားရပြီး ဟန်ရွှေသည် သူ့ကို ချီးမွမ်းစကားများ ဘယ်သောအခါမှ မပြောခဲ့ဖူးပေ။

သို့သော် အိုရင်းရင်းနာကတော့ မတူညီပေ။ သူမသည် သူ့ကို ရှုထောင့်ပေါင်းစုံမှ အမြဲတမ်း ချီးမွမ်းပေးနိုင်ပြီး သူကိုယ်တိုင်ပင် မိမိ၌ ဤမျှများပြားသော အားသာချက်များ ရှိနေကြောင်း မသိခဲ့ရပေ။

အိုရင်းရင်းထံတွင် သူသည် အမျိုးသားတစ်ဦးအနေဖြင့် သူ၏ ယုံကြည်မှုကို ပြန်လည် ရရှိခဲ့ခြင်း ဖြစ်၏။

သူနှင့် အိုရင်းရင်းတို့၏ ဆက်ဆံရေးမှာ ရုပ်ပိုင်းဆိုင်ရာထက် ကျော်လွန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များသည် လုံးဝ ပေါင်းစပ်ခဲ့သည်ဟု ဆိုရမည်။

သူနှင့် အိုရင်းရင်းတို့သည် ဘာမှမလုပ်ဘဲ အတူတကွ ထိုင်ရင်း သူမ ပြောပြသော စကားများကို နားထောင်နေရုံနှင့်ပင် သူသည် အလွန် သက်တောင့်သက်သာ ရှိမှုကို ခံစားရသည်။

ဒါက ဟန်ရွှေထံမှ ဘယ်သောအခါမှ မရရှိနိုင်သော ခံစားချက်မျိုး ဖြစ်၏။

ထို့ပြင် သူ သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အိုရင်းရင်းသာ သူ၏ နားတွင် ရှိနေပေးခဲ့ပြီး ဟန်ရွှေကမူ ပျော်ရွှင်အေးဆေးရန် စခန်းသို့ စောစီးစွာ ရောက်ရှိနေခဲ့ခြင်း မဟုတ်ပါလော... ထို့ကြောင့် သူသည် အိုရင်းရင်းနှင့် လုံးဝ မခွဲခွာနိုင်ပေ။

သို့သော် သူ၏ ကိုယ်ပိုင် အခြေအနေကိုလည်း သူ သိထား၏။ သူသည် စခန်းတွင် သေးငယ်သော အရာရှိရာထူးပင် မရှိသဖြင့် မိမိကိုယ်ကိုယ်ပင် သေချာ မမွေးမြူနိုင်ရာ အခြားလူကို စောင့်ရှောက်ရန် နည်းလမ်း မရှိပေ။

ထို့ကြောင့် သူသည် အိုရင်းရင်းကို စောင့်ရှောက်နိုင်စွမ်း ရှိစေရန်အတွက် ဟန်ရွှေက သူ့အား ပိုမို ကောင်းမွန်သော အလုပ်တစ်ခု စီစဉ်ပေးရန် လိုလားနေခြင်း ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် ဟန်ရွှေက တင်းမာစွာ ငြင်းပယ်ခဲ့၏.။ ဒါက သူမသည် သူ့ကို အိုရင်းရင်းနှင့် အတူ မရှိစေချင်ခြင်းကို ပြသနေခြင်း ဖြစ်သည်။

ဆန်းဝေကွမ် ပို၍ တွေးမိလေ ပို၍ ဒေါသထွက်လာလေ ဖြစ်ပြီး ဟန်ရွှေအပေါ် ထားရှိသော သူ၏ အကြည့်များတွင် မကျေနပ်မှုများ ပြည့်နှက်နေတော့သည်။ ဟန်ရွှေမှာမူ စင်မြင့်ပေါ်ရှိ ဝမ်ထောင်ကို ကြည့်ရှုနေသဖြင့် ဆန်းဝေကွမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမပြုမိပေ။ သို့သော် ဆန်းဝေကွမ်ကို စောင့်ကြည့်နေသော အိုရင်းရင်းကမူ သတိပြုမိသွားခဲ့သည်။

သူမသည် ဆန်းဝေကွမ်၏ အင်္ကျီလက်စကို လျင်မြန်စွာ ဆွဲလိုက်၏။ ၎င်းတို့နှစ်ဦးသည် ဟန်ရွှေနှင့် ဝေးရာသို့ တိတ်တဆိတ် ရွှေ့ဆိုင်းသွားခဲ့ကြပြီးနောက် အိုရင်းရင်းက သူ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုဆန်း၊ အစ်မဟန်ကို အပြစ်မတင်ပါနဲ့။ သူလည်း မလွယ်ကူပါဘူး။ သူက အစ်ကို့ကို မကူညီချင်တာ မဟုတ်ဘဲ နည်းလမ်း မရှိတာ တကယ် ဖြစ်နိုင်ပါတယ်... ကျွန်မတို့ ရိုးရိုးသားသားပဲ အလုပ်လုပ်ကြရင်ကော။ ဘာပဲဖြစ်ဖြစ် အစ်ကို့မှာ အစ်မဟန် ရှိနေတော့ စားစရာနဲ့ သောက်စရာ လိုအပ်မှာ မဟုတ်ပါဘူး။ ကျွန်မကတော့... ဘာပဲဖြစ်ဖြစ် ငတ်သေမှာ မဟုတ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

ဤသို့ ပြောရင်း အိုရင်းရင်းသည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ဆန်းဝေကွမ်ကို ကြည့်လိုက်၏။

"အစ်ကိုဆန်း၊ ကျွန်မတို့... နောက်ထပ် မဆက်သွယ်ကြတော့ရအောင်။ မဟုတ်ရင် အစ်မဟန် သိသွားရင် စိတ်ဆိုးပါလိမ့်မယ်..."

ဆန်းဝေကွမ် အမုန်းဆုံးအရာမှာ အိုရင်းရင်း၏ သနားစဖွယ် အမူအရာ ဖြစ်ပြီး ၎င်းက သူ၏ ကာကွယ်လိုစိတ်ကို အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲစေသည်။ အကယ်၍ သူသာ အသိတရား အနည်းငယ် ကျန်ရှိမနေပါက အိုရင်းရင်းကို သူ၏ ရင်ခွင်ထဲသို့ လှမ်းဆွဲပွေ့ဖက်မိသည်မှာ ကြာပြီ ဖြစ်၏။

ဒါက ဟန်ရွှေထံမှ ဘယ်သောအခါမှ မခံစားဖူးသော အရာမျိုး ဖြစ်သည်။ အမှန်တော့ သူ၏ မှတ်ဉာဏ်ထဲတွင် ဟန်ရွှေ ငိုသည်ကို တစ်ကြိမ်မျှ မမြင်ဖူးပေ။

"စိတ်မပူပါနဲ့။ ငါ မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး။ ဟန်ရွှေက ငါ့ကို မကူညီရင်တောင် ငါ့မှာ နည်းလမ်း ရှိပါတယ်"

ဆန်းဝေကွမ်က အိုရင်းရင်း၏ နားနားတွင် တိုးတိုးလေး ကတိပေးလိုက်၏။

"အစ်ကိုဆန်း၊ အစ်ကိုက... တကယ်ကို ယောကျာ်းပီသလွန်းပါတယ်"

အိုရင်းရင်း၏ မျက်ဝန်းများတွင် ကြယ်ပွင့်လေးများ လင်းလက်သွားကြသည်။

ဆန်းဝေကွမ်သည် ချက်ချင်းပင် မိမိကိုယ်ကိုယ် ပို၍ မြင့်မြတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက အိုရင်းရင်းကို "ခေတ္တစောင့်ပါ" ဟူသော အမူအရာ ပြုလုပ်လိုက်ပြီးနောက် ဟန်ရွှေ၏ ဘေးသို့ ကပ်ကာ မသိမသာ မေးလိုက်သည်။

"မိန်းမ.. မင်း ငါတို့ရဲ့ ဒီကော်မတီဝင်ဝမ်နဲ့ အလွန် ရင်းနှီးတာလား"

ဟန်ရွှေက ခေါင်းလှည့်ကြည့်ပြီး အနည်းငယ် အံ့ဩတကြီး ပြောလိုက်၏။

"ငါ နင်ကို အရင်က ပြောပြဖူးတယ် မဟုတ်လား။ သူက လမ်းမှာ ငါ့ကို ကယ်တင်ခဲ့တာ၊ ငါ့ရဲ့ ကယ်တင်ရှင်ပေါ့။ ငါတို့ရဲ့ ဆက်ဆံရေးကတော့ သူငယ်ချင်းတွေပါပဲ..."

"ဪ... ငါ့ရဲ့ မှတ်ဉာဏ်ကို ကြည့်စမ်း၊ မေ့သွားတာပဲ"

ဆန်းဝေကွမ်က သူ၏ နဖူးကို ရိုက်လိုက်ပြီးနောက် ထပ်မံ ပြောလိုက်သည်။

"ဒါဆိုရင် ဒီလိုလုပ်ရအောင်။ နောက်မှ ငါ တစ်ခုခုယူပြီး သူ့ကို သွားပြီး ကျေးဇူးတင်လိုက်မယ်လေ။ ဘာပဲဖြစ်ဖြစ် ငါတို့က မိသားစုဝင်တွေပဲဥစ္စာ။ သူက မင်းရဲ့ အသက်ကို ကယ်တင်ခဲ့တာဆိုတော့ ငါက ကျေးဇူးတင်ကြောင်း ပြသသင့်တယ် မဟုတ်လား"

ဤအရာကို ကြားရသောအခါ ဟန်ရွှေက တုံ့ဆိုင်းသွားခဲ့သည်။

သူမသည် ဝမ်ထောင်ကို ပြန်လည် ပေးဆပ်မည်ဟု အမှန်တကယ် ပြောဆိုခဲ့ဖူးသည်။ သို့သော် မည်သို့ ပြန်လည် ပေးဆပ်ရမည်ကို သူမ မဆုံးဖြတ်ရသေးပေ။ အမှန်တော့ ဝမ်ထောင်သည် ယခုအခါ ကော်မတီဝင်တစ်ဦး ဖြစ်နေသဖြင့် မည်သည့်အရာမျှ လိုအပ်ပုံ မပေါ်ပေ... သို့သော် ဆန်းဝေကွမ်တွင် ဤကဲ့သို့သော စိတ်ကူး ရှိနေသဖြင့် ၎င်းက ကောင်းမွန်သောအရာ ဖြစ်၏။ ဆန်းဝေကွမ်ကို အရင်ဆုံး သွားရောက် ကျေးဇူးတင်ခိုင်းခြင်းကလည်း အဆင်ပြေပါသည်။

ထို့ကြောင့် ဟန်ရွှေက ပြောလိုက်၏။

"ကောင်းပြီလေ၊ နင်ပဲ ဆုံးဖြတ်လိုက်ပါ"

"ကောင်းတာပေါ့။ ဒါပေမဲ့... ငါ့ရဲ့ လက်ထဲမှာ ပစ္စည်း ဘာမှ သိပ်မရှိဘူး ဖြစ်နေတာ..."

ဆန်းဝေကွမ်၏ မျက်နှာမှာ အနည်းငယ် အနေခက်နေပုံ ရသည်။

"..."

ဟန်ရွှေက သူ့ကို အကူအညီမဲ့စွာဖြင့် မျက်စောင်းထိုးလိုက်ပြီးနောက် သူမ၏ အိတ်ကပ်ထဲမှ ရိက္ခာကူပွန်အချို့ကို ထုတ်ပေးလိုက်၏။

"ငါ့မှာလည်း လောလောဆယ် အများကြီး မရှိသေးဘူး၊ ဒါတွေပဲ ရှိတာ..."

"ဒါဆိုရင် ရပါပြီ"

ဆန်းဝေကွမ်၏ မျက်ဝန်းများ လင်းလက်သွားပြီး ၎င်းတို့ကို လျင်မြန်စွာ ယူလိုက်သည်။

ဟန်ရွှေက ခေါင်းခါရင်း သတိပေးလိုက်၏။

"မသင့်တော်တဲ့ စကားတွေကို လျှောက်မပြောနဲ့ဦး။ ဘာပဲဖြစ်ဖြစ် သူက အခု ကော်မတီဝင်တစ်ယောက် ဖြစ်နေပြီ..."

"ဒါကို စိတ်မပူပါနဲ့၊ ငါ ဘာလုပ်ရမလဲ သိပါတယ်။ ငါက ငါ့မိန်းမရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ရိုးရိုးသားသား သွားပြီး ကျေးဇူးတင်ရုံပါပဲ"

"ဒါဆိုရင်လည်း ပြီးတာပဲ"

---

ဝမ်ထောင်သည် စင်မြင့်ပေါ်တွင် ကိုယ်ထင်ပြပြီး ရန်ကျဲ ပြင်ဆင်ပေးထားသော ဇာတ်ညွှန်းတိုအတိုင်း စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကို စိတ်ဓာတ်မြှင့်တင်ပေးသည့် စကားအချို့ ပြောကြားကာ အောက်သို့ ဆင်းလာခဲ့သည်။

မိမိကိုယ်ကိုယ် အာဏာမက်မောသူတစ်ဦးအဖြစ် မယူဆသော်လည်း စင်မြင့်ပေါ်တွင် ရပ်နေရင်း အောက်ခြေရှိ လူအုပ်ကြီး၏ ရိုသေလေးစားသော အကြည့်များကို ခံယူရခြင်းက တော်တော်လေး ကောင်းမွန်သော ခံစားချက် ဖြစ်ကြောင်းကိုတော့ သူ ဝန်ခံရပေမည်။

အစည်းအဝေးက သိပ်မကြာဘဲ ပြီးဆုံးသွားခဲ့၏ ။ ထို့နောက် ဝမ်ထောင်လည်း စတင် လှုပ်ရှားတော့သည်။

ယခု သူသည် ကော်မတီဝင်တစ်ဦး ဖြစ်လာပြီ ဖြစ်သဖြင့် အခြားလူများနှင့်အတူ ဆရာ၊ ဆရာမများအဆောင်တွင် ဆက်လက် နေထိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။

ဝမ်ထောင်သည် နှစ်ထပ်တိုက်ငယ်တစ်ခုအတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ဤနေရာမှာ ရွှေကျဲတက္ကသိုလ်က ကျောင်းအုပ်ကြီးများအတွက် ပြင်ဆင်ပေးထားသော နေရာ ဖြစ်၏။ နှစ်ထပ်တိုက်အငယ်လေးများ စုစုပေါင်း ဆယ်လုံး ရှိပြီး တစ်လုံးစီတွင် ကားဂိုဒေါင်နှင့် ဥယျာဉ်တစ်ခုစီ ပါရှိသည်။

လောလောဆယ်တွင် ကော်မတီဝင်တိုင်း၌ ကိုယ်ပိုင် အဆောက်အအုံတစ်ခုစီ ရှိကြသည်။ ဝမ်ထောင်၏ အဆောက်အအုံ အပါအဝင် လောလောဆယ် လွတ်နေသော အဆောက်အအုံ နှစ်လုံး ရှိသေး၏။

ဝမ်ထောင်တွင် ဆရာ၊ ဆရာမများအဆောင်၌ နေစဥ်က ပစ္စည်းအများကြီး မရှိပေ။ ရှိသည့်အရာများကလည်း အများအားဖြင့် စားစရာများ ဖြစ်ကြသဖြင့် သူသည် ကားတစ်ခေါက်တည်းဖြင့် ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ခဲ့သည်။

ဝမ်ထောင်သည် အဆောက်အအုံ ၈ တွင် နေထိုင်သည်။ နေ့စဉ်သုံးပစ္စည်းများ အားလုံး အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူ ချက်ချင်း ဝင်ရောက် နေထိုင်လိုက်ရုံပင်။ ဝမ်ထောင်သည် ဂျီးများတတ်သူ မဟုတ်ပါ၊ လေနှင့်မိုးဒဏ်ကို ကာကွယ်နိုင်မည့် နေရာတစ်ခု ရှိနေသရွေ့ အဆင်ပြေပါသည်။

"ငါ့မှာ အိပ်ရာနွေးပေးမယ့်လူပဲ လိုတော့တာ..."

ဝမ်ထောင်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ ယခုအခါ သူသည် ရွှေကျဲစခန်းတွင် ခိုင်မာသော ခြေကုပ်တစ်ခု ရရှိထားပြီ ဖြစ်ရာ သူ၏မရီးကို ခေါ်ဆောင်လာရန် အချိန်ကျရောက်ပြီ ဖြစ်၏။ ထို့ပြင် သူသည် ညဘက်တွင် သူ၏ သွေးပမာဏ (HP) ကိုလည်း... ပြန်လည် ဖြည့်တင်းလိုသေးသည်။

"အိပ်ယာလည်းနွေး သွေးလည်းဖြည့်ပေါ့ "

...........

ဟန်ရွှေသည် အနည်းငယ် မောပန်းနွမ်းနယ်စွာဖြင့် သူမ၏ တိုက်ခန်းအခန်းသို့ ပြန်ရောက်လာခဲ့သည်။

ဆန်းဝေကွမ်မှာမူ ရှိမနေပေ၊ သူ ဝမ်ထောင်ကို သွားရှာနေခြင်း ဟုတ်မဟုတ်ကိုတော့ သူမ မသိရပေ။

သူမသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏ နာကျင်နေသော လည်ပင်းကို နှိပ်နယ်ရင်း အနည်းငယ် အကူအညီမဲ့စွာ ခံစားလိုက်ရသည်။

ဖျန်ဖြေရေးဌာနရှိ ဤအလုပ်မှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ပို၍ ဒုက္ခများလှသည်။ စခန်းတွင် လူငါးရာကျော် ရှိနေသဖြင့် ပဋိပက္ခများသည်နေ့တိုင်းလိုလို ဖြစ်ပွားနေ၏။ ပဋိပက္ခ ဖြစ်ပွားရာ နေရာတိုင်းတွင် သူမ ရှိနေရမည် ဖြစ်သည်။

တစ်ခါတရံတွင် သူမ တွေးမိ၏။ယခုလို ကမ္ဘာပျက်ကပ် ရောက်နေပြီး အသက်ရှင်ရန်ပင်အနိုင်နိုင်ရုန်းကန်နေရသောအချိန်မျိုးမှာပင် လူတွေက ဤကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်များအပေါ် ဘာလို့ ငြင်းခုံနေကြဆဲ ဖြစ်သည်ကို တကယ်ပဲ နားမလည်နိုင်တော့ပေ။

နောက်ဆုံးတွင် သူမသည် ထိုအကြောင်းရင်းကို ဆိုးဆိုးရွားရွား ကောက်ချက်ချလိုက်၏။ ၎င်းတို့၏ အလုပ်က ပေါ့ပါးလွန်းနေသေးခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့ကို လုပ်စရာ အလုပ်များ ပိုမို ပေးအပ်သင့်သည် ဟု ဖြစ်၏။

ပင်ပန်းသည့်အခါ ညည်းတွားမိသည်က တစ်ကဏ္ဍ ဖြစ်သော်လည်း အလုပ်ကိုမူ ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။ သို့သော် သူမသည် အလုပ်ပြောင်းရန် စတင် စဉ်းစားနေမိပြီ ဖြစ်၏။

"ဟူး... နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တောင့်ခံကြည့်ရအောင်... ဝေကွမ်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ"

ဟန်ရွှေက ခေါင်းခါလိုက်ပြီးနောက် ရေချိုးရန် ပြင်လိုက်သည် ။ ၄င်းက သူမ၏ အထူးအခွင့်အရေးများထဲမှ တစ်ခု ဖြစ်ပြီး သူမအနေဖြင့် ရေအသုံးပြုခကို ပေးဆောင်ရန် မလိုပေ။

သူမ ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းနေချိန်၌ ဆန်းဝေကွမ်သည် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။

ဆန်းဝေကွမ် အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဟန်ရွှေက သူ့ကို သဘာဝအလျောက် လှမ်းဖက်ရန် ကြိုးစားလိုက်သော်လည်း တွန်းထုတ်ခြင်း ခံလိုက်ရ၏။

"ငါ ပင်ပန်းနေပြီ၊ အိပ်ကြစို့"

"..."

ညအမှောင်အတွင်း၌ ဟန်ရွှေ၏ မျက်နှာမှာ နီမြန်းသွားခဲ့သည်။ သူမသည် မည်သည့်အရာမျှ လုပ်ဆောင်လိုခြင်း မဟုတ်ပါ ။ စိတ်နှင့်ကိုယ် အနည်းငယ်ပင်ပန်းနေသဖြင့် အိပ်မပျော်ခင်လေးမှာ တစ်ခုခုကို ရိုးရိုးသားသား ဖက်ထားလိုခြင်းသာ ဖြစ်၏။ သို့သော် ဆန်းဝေကွမ်ကမူ သူမသည် တစ်ခုခုကို အတင်းအကျပ် ဆွဲယူနေသကဲ့သို့ စက်ဆုပ်ရွံရှာသော အမူအရာမျိုးဖြင့် တုန့်ပြန်ခဲ့သည်။

ဟွန့်...

ဟန်ရွှေက နှာမှုတ်လိုက်ပြီးနောက် ဆန်းဝေကွမ်နှင့် ဝေးရာသို့ ခေါင်းလှည့်ကာ ကျောခိုင်းလိုက်တော့သည်။

မကြာမီ ဆန်းဝေကွမ်၏ သာယာသော ဟောက်သံက ဆက်တိုက် ထွက်ပေါ်လာ၏။

သို့သော် ဟန်ရွှေမှာမူ အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမသည် ဆန်းဝေကွမ်အတွက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရသည်။ ယခု သူ ပြန်ရောက်လာသည်ကို မြင်တွေ့ရသောအခါမှသာ သူမ စိတ်အေးသွားရတော့၏။ ထို့ကြောင့် သူမသည် စိတ်အပန်းဖြေလိုသော်လည်း ဆန်းဝေကွမ်တွင် ဤကဲ့သို့သော ရည်ရွယ်ချက် လုံးဝ မရှိသည်မှာ ထင်ရှားပြီး ဟန်ရွှေကလည်း အတင်းအကျပ် တွယ်ကပ်တတ်သော အမျိုးသမီးမျိုး မဟုတ်ပေ... ။

သို့သော် ....

သူမ၏ စိတ်ကူးများ ခေတ္တမျှ လွင့်ပျံသွားပြီးနောက် ဟန်ရွှေ၏ မျက်နှာမှာ နီမြန်းလာခဲ့ပြီး သူမ၏သွယ်လျသော လက်လေးကို အင်္ကျီအတွင်းသို့ လှမ်းသွင်းလိုက်တော့၏...။

သူမသည်လည်း အသွေးအသားနှင့် မဟုတ်ပါလား ။

ဆန်းဝေကွမ်ဟူသော သကောင့်သားကတော့ တခေါခေါဖြင့် ဟောက်ကာ အိပ်နေလေတော့သည်။

.........

နံနက်ပိုင်းတွင် ဝမ်ထောင်သည် နံနက်စာ စားသုံးပြီးနောက် လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်သည်။ ၄င်းကို ရန်ကျဲက လက်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် အစောင့်တစ်ဦးက တံခါးအပြင်ဘက်မှ ရုတ်တရက် အစီရင်ခံလာသည်။

ကော်မတီဝင်များ နေထိုင်ရာ နေရာတွင် ၂၄ နာရီပတ်လုံး အစောင့်များ ချထားပြီး ကော်မတီဝင်မဟုတ်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဝင်ရောက်ရန် လျှောက်ထားရမည် ဖြစ်သည်။ ဆန်းဝေကွမ် အမည်ရှိသော အမျိုးသားတစ်ဦးက သူ့ကို တွေ့ဆုံရန် တောင်းဆိုထားကြောင်း အစောင့်က ဝမ်ထောင်ကို ပြောပြ၏။

ဝမ်ထောင်သည် နုည်းနည်းတော့ အံ့ဩသွားသည်။ သူက ဘာလို့ ဒီကို လာရှာတာလဲ။

ဆန်းဝေကွမ်အကြောင်း ပြောရလျှင် ဝမ်ထောင်သည် ဟန်ရွှေကို သတိပေးရန် စဉ်းစားနေခဲ့သော်လည်း မကြာသေးမီက ကိစ္စရပ်များစွာ ရှိနေသဖြင့် သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ပဲ သူမကို သတိပေးဖို့ နည်းလမ်း ရှာရမယ်..."

ဝမ်ထောင်က စိတ်ထဲတွင် တွေးလိုက်ပြီးနောက် အစောင့်ကို ပြန်ပြောလိုက်၏။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"

မကြာမီ ဆန်းဝေကွမ်သည် ရိုသေလေးစားသော အမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။

"မင်္ဂလာပါ၊ ကော်မတီဝင်ဝမ်။ ကျွန်တော်က ဟန်ရွှေရဲ့ ခင်ပွန်း၊ ဆန်းဝေကွမ်ပါ..."

ဆန်းဝေကွမ်က မိမိကိုယ်ကိုယ် လျင်မြန်စွာ မိတ်ဆက်လိုက်၏။ သူနှင့် ဝမ်ထောင်တို့ ယခင်က တွေ့ဆုံခဲ့ဖူးသော်လည်း လူကြီးလူကောင်းများသည် မေ့လျော့တတ်ကြသဖြင့် ထပ်မံမိတ်ဆက်ပေးခြင်းက အမှားမရှိနိုင်ပါ။

"အင်း... ဒါနဲ့ ခုက ဘာအတွက်လဲ"

"ဒီလိုပါ၊ အစ်ကိုက ကျွန်တော့်ဇနီးရဲ့ အသက်ကို ကယ်တင်ခဲ့တယ် မဟုတ်လား။ ကျွန်တော့်မှာ အခြား ကျေးဇူးတင်စရာ ပစ္စည်း ဘာမှ သိပ်မရှိလို့ပါ..."

ပြောဆိုရင်း ဆန်းဝေကွမ်သည် ရိက္ခာကူပွန်အထပ်လိုက်ကို ထုတ်ကာ ကမ်းပေးလိုက်၏။

"..."

ဝမ်ထောင်သည် အနည်းငယ် ဆွံ့အသွားရသည်။

ဆန်းဝေကွမ်က လက်ဆောင်လာပေးတာ ဟုတ်လား။ ဒီကောင် တကယ်ပဲ ရွေးချယ်တတ်တာပဲ။ရိက္ခာကူပွန်တွေ ပေးမယ့်အစား အခြားတစ်ခုခု ပေးတာက ပိုပြီး ကောင်းဦးမယ်။

အဘယ်ကြောင့်ဆိုသော် ရိက္ခာကူပွန် စနစ်ကို ကော်မတီက ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့က စာမျက်နှာပေါ်တွင် ရိက္ခာကူပွန် အရေအတွက် ကန့်သတ်ထားပြီး ကော်မတီဝင်များပင် အသုံးပြုမှု ကန့်သတ်ချက် ရှိသည်ဟု ပြောထားသော်လည်း ၎င်းက အခြားသူများအတွက်သာဖြစ်။ ကော်မတီဝင်များက အကန့်အသတ်ဖြင့်နေထိုင်နေကြသည်ဟု လူမိုက်များသာ အမှန်တကယ် ယုံကြည်ကြပေလိမ့်မည်။ ရိက္ခာကူပွန်များအကြောင်း ပြောရလျှင် ဝမ်ထောင်အနေဖြင့် ယခုအခါ သူ အလိုရှိသလောက် ရရှိနိုင်သည် မဟုတ်ပါလား။ထို့အပြင် ကော်မတီဝင်များသည် စားသောက်ရန်အတွက် ရိက္ခာကူပွန်များပင် မလိုအပ်ပေ...

"ဒါက အသေးအဖွဲ ကိစ္စလေးပါ၊ ယဉ်ကျေးနေဖို့ မလိုပါဘူး"

ဝမ်ထောင်က ရိက္ခာကူပွန်များကို ပြန်လည် တွန်းထုတ်လိုက်၏။ အကယ်၍ အခြား ကော်မတီဝင်များသာ ဝမ်ထောင်က ရိက္ခာကူပွန်ကို လက်ဆောင်အဖြစ် လက်ခံရရှိကြောင်း သိသွားပါက သူသည် တစ်နေ့လုံး လှောင်ပြောင်ခံရနိုင်ချေ ရှိသည်။

"..."

ဆန်းဝေကွမ်သည်လည်း အနည်းငယ် မှင်သက်သွားရ၏။

မည်သည့်အရာမဆို ပေးရင် အဆင်ပြေတယ်လို့ မပြောဖူးဘူးလား။ သူ၏ လက်ထဲတွင် လောလောဆယ် ပစ္စည်း အများကြီး မရှိသည်ကို ဝမ်ထောင် သေချာပေါက် နားလည်နိုင်လောက်၏။ ဤလက်ဆောင်ကို ပေးခြင်းမှာ အဓိကအားဖြင့် အမူအရာတစ်ခု ပြသခြင်း ဖြစ်ပြီး သူသည် ဝမ်ထောင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုခြင်း ဖြစ်သည်။

သို့သော် ဝမ်ထောင်က တိုက်ရိုက် ငြင်းပယ်လိုက်သဖြင့် ၎င်းက အလွန်နေရခက်သွားစေ၏။

"ဒါ- ဒါပေမဲ့ ကျွန်တော်တို့ ကျေးဇူး မဆပ်ရသေးဘူး ဖြစ်နေလို့ပါ..."

ဆန်းဝေကွမ်သည် ဒီအတိုင်းလက်လျှော့ရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။

ဝမ်ထောင်က တိုက်ရိုက် ပြောလိုက်၏။

"ဟန်ရွှေက သူ့ဘာသာ ပြန်ပေးဆပ်မယ်လို့ ပြောထားပြီးသားမို့လို့ မင်း ဒီကိစ္စကို စိုးရိမ်နေဖို့ မလိုပါဘူး"

သူက ပြုံးလျက် ပြောလိုက်သည်။

"ဗျာ... သူမကလား."

ဆန်းဝေကွမ်က အနည်းငယ် အံ့ဩသွားသည်။

ဟန်ရွှေက ထိုသို့ ပြောခဲ့ပြီးပြီတံ့လား။

ဒါဆိုရင် သူက ငါ့ကို ဒီကို လာဖို့ ဘာလို့ သဘောတူခဲ့သေးတာလဲ။ ပြီးတော့ သူ့လက်ထဲမှာလည်း ပစ္စည်း ဘာမှ မရှိပါဘူး။ သူက ဘယ်လို ပြန်လည် ပေးဆပ်ဖို့ စီစဉ်ထားတာလဲ။

ဆန်းဝေကွမ်၏ မျက်ဝန်းများ လှုပ်ခတ်သွားခဲ့သည်။

"ကောင်းပါပြီ၊ အခြား ကိစ္စမရှိရင်တော့ မင်း အရင် ပြန်လိုက်ပါဦး"

ဝမ်ထောင်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။

ဆန်းဝေကွမ်လည်း ထွက်ခွာသွားခဲ့သည်။ သူသည် မူလက ဝမ်ထောင်ထံမှ ရာထူးတစ်ခုခု ရရှိနိုင်မလား ကြည့်ရှုလိုသော်လည်း ဤလူက လက်ဆောင်ကိုပင် လက်မခံခဲ့ပေ။

သို့သော် ဆန်းဝေကွန်းက လက်မလျှော့သေးပါ။ သူသည် ဤစခန်းတွင် ကြီးမားသော အလားအလာများ ရှိနေကြောင်း ခံစားမိသည်။ အကယ်၍ သူသာ ယခု အရာရှိရာထူးတစ်ခုခုကို အမြန် မရယူနိုင်ပါက နောင်တွင် စခန်း ပိုမို ကြီးမားလာသောအခါ ပို၍ ခက်ခဲလိမ့်မည် ဖြစ်၏။

အခြား ကော်မတီဝင်များကို သူ မသိရှိသဖြင့် ဝမ်ထောင်ထံမှတစ်ဆင့် အောင်မြင်မှု ရရှိရန် အခြား နည်းလမ်းတစ်ခုကို သူ စဉ်းစားရပေတော့မည်။

ဆန်းဝေကွမ်မှာ ဝမ်ထောင်အတွက် သေးငယ်သော အပိုင်းအစတစ်ခုသာ ဖြစ်ပြီး သူက ၎င်းကို အများကြီး ဂရုမစိုက်ပေ။

ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ရာ ယနေ့လည်း မိုးထပ်ရွာနေပြန်သည်။ အပြင်ထွက်ရန် ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်၏။

သို့သော်လည်း မိုးက ရွာလိုက်၊ စဲလိုက် ဖြစ်နေသည်မှာ ဘယ်နှစ်ရက် ရှိသွားပြီလဲ...

"ဒီနေ့တော့ တင်ယွီချင်ကို သွားခေါ်ရမယ်"

ဝမ်ထောင်သည် သူမကို မစွန့်ပစ်ဘူးဟု ကတိပေးထားပြီး ဖြစ်ရာ သူ၏ ကတိအတိုင်း တည်ရမည် ဖြစ်သည်။ သူသည် အမြဲတမ်း ကတိတည်သော ယောကျာ်းတစ်ဦး ဖြစ်ပြီး ၎င်းက တင်ယွီချင်၏ ခန္ဓာကိုယ်ကို မက်မောခြင်းကြောင့် လုံးဝ မဟုတ်ပါ။

သို့သော် မသွားမီ ဝမ်ထောင်သည် ဟန်ရွှေကို သတိပေးရန် သတိရလိုက်၏။သူမက ရိုးသားလွန်းသဖြင့် သူမသိသလို ရပ်ကြည့်မနေချင်ပေ။

ဝမ်ထောင်သည် အရင်းအမြစ်ဌာနသို့ သွားကာ လုပ်ငန်းသုံးဖုန်းတစ်လုံး ယူလိုက်ပြီး ရေပေးဝေရေးစက်ရုံတွင် သူ ရိုက်ကူးခဲ့သော "ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့ ပူးပေါင်းပြီး အခြား အသက်ရှင်ကျန်ရစ်သူများကို အကွက်ဆင်ခဲ့ကြသည့်" ဗီဒီယိုကို ဘလူးတုသ် အသုံးပြု၍ လွှဲပြောင်းလိုက်သည်။

ထို့နောက် သူသည် ဟန်ရွှေ၏ လုပ်ငန်းခွင်နေရာသို့ သွားခဲ့၏။ ထိုနေရာတွင် စုစုပေါင်း လူသုံးဦးသာ ရှိပြီး ၎င်းတို့သည် မကြာခဏ အပြင်ထွက်လေ့ရှိကြသဖြင့် လောလောဆယ် မည်သူမျှ ရှိမနေပေ။ ဝမ်ထောင်သည် ဖုန်းကို ဟန်ရွှေ၏ လုပ်ငန်းခွင်နေရာရှိ အံဆွဲထဲသို့ ထည့်လိုက်သည်။

ဖုန်းမှာ လော့ခ်ချမထားပေ။ ဟန်ရွှေ ချက်ချင်း မြင်တွေ့နိုင်စေရန် သေချာစေရန်အတွက် ဝမ်ထောင်သည် ထိုဗီဒီယိုကို တိုက်ရိုက်နောက်ခံပုံအဖြစ်ပင် သတ်မှတ်ပေးခဲ့၏။ သူမ ဖုန်းကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းကို မြင်တွေ့ရမည် ဖြစ်သည်။

အားလုံးကို စီစဉ်ပြီးနောက် ဝမ်ထောင်သည် သူ၏ ပံ့ပိုးမှုနှင့် ကျော်ကြားမှုများကို ဖုံးကွယ်ရင်း ထွက်ခွာလာခဲ့တော့သည်။

အပြင်ဘက်ရှိ မိုးမှာ အရမ်းမသည်းထန်လှသဖြင့် လမ်းမများပေါ်တွင် ရေဝပ်ခြင်းမျိုးတော့ သိပ်မဖြစ်ပါ။ သို့သော်လည်း မိုးစက်များ၏ တဖွဲဖွဲကျသံများမှာ တော်တော်လေး ကျယ်လောင်နေသဖြင့် အပြင်ထွက်ရန်အတွက် အလွန် သင့်တော်နေလေသည်။

ဝမ်ထောင်သည် ကားကို သတိထားကာ အကွာအဝေးတစ်ခုအထိ မောင်းနှင်ပြီးနောက် အထူးဇွန်ဘီ နှစ်ကောင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။

"သွေးဆာသူတစ်ကောင်နဲ့ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီတစ်ကောင်... သူတို့ နှစ်ယောက်စလုံး အတူတူ ရှိနေတော့ ဒါက နည်းနည်း ဒုက္ခများလိမ့်မယ်..."

ယခုအကြိမ်တွင် သွေးဆာသူမှာ ကွန်ကရစ်တူကို ကိုင်ဆောင်ထားခြင်း မဟုတ်ဘဲ ​လမ်းမီးတိုင်ကြီးတစ်ခုကို ကိုင်ဆောင်ထားသည်။ လက်နက်မှလွဲ၍ ၎င်းသည် ယခင်က သွေးဆာသူနှင့် အလွန် ဆင်တူသဖြင့် ၎င်းတို့က ဇွန်ဘီအမျိုးအစားတူ ဖြစ်ရမည်။

ဤသွေးဆာသူတွင် သွေးပမာဏ (HP) ၂၀၀၀ ရှိသော်လည်း သူကိုယ်တိုင်မှာလည်း ယခုအခါ သွေးပမာဏ ၁၀၀၀ ကျော်နေပြီ ဖြစ်ရာ သူက မကြောက်ရွံ့ပေ။

သို့သော် သွေးဆာသူ၏ ဘေးတွင် အူကလီစာများ ပေါ်နေသော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီတစ်ကောင် ရှိနေပြီး ၎င်းတွင် သွေးပမာဏ (HP) ၁၀၀၀ ရှိ၏။

ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီသည် အခြား ဇွန်ဘီများကို ဆွဲဆောင်နိုင်ချေ အလွန် များပြားသည်။ ၎င်းတို့နှစ်ဦး ခွဲထွက်မသွားပါက ဝမ်ထောင်အနေဖြင့် သွေးဆာသူကို တစ်ယောက်တည်း ကိုင်တွယ်ရန် နည်းလမ်း မရှိပေ။

ဝမ်ထောင်သည် မိုးထဲရေထဲတွင် ခေတ္တမျှ စောင့်ဆိုင်းခဲ့သော်လည်း ကောင်းမွန်သော အခွင့်အရေးတော့ မရခဲ့ပါ။

နောက်ဆုံးတွင် သူသည် လောလောဆယ် လက်လျှော့ရန် ဆုံးဖြတ်လိုက်ပြီး ထိုနေရာကို တော့ သေသေချာချာ မှတ်သားထားလိုက်၏။

"အရင် ပြန်သွားပြီးမှ ဘယ်လို ကိုင်တွယ်ရမလဲ တွေးတာပေါ့..."

ဝမ်ထောင်သည် အနည်းငယ် လမ်းလွှဲကာ မောင်းနှင်ပြီးနောက် ဟက်ပီးနက်စ် လူနေရပ်ကွက်ထဲသို့ မောင်းနှင်သွားခဲ့သည်။

လမ်းတွင် ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ဖွင့်ကာ တင်ယွီချင်ကို ဆက်သွယ်လိုက်၏။

တင်ယွီချင်၏ ဝေါ်ကီတော်ကီမှာ အမြဲတမ်း ပွင့်နေခဲ့ခြင်း ဖြစ်သည်။ ဝမ်ထောင်က သူမကို လာခေါ်တော့မည် ဖြစ်ကြောင်း ကြားရသောအခါ သူမသည် ချက်ချင်းပင် ဝမ်းသာမျက်ရည် ကျရပြီး အိမ်တွင် သူ့ကို လိမ္မာပါးနပ်စွာ စောင့်ဆိုင်းနေမည် ဖြစ်ကြောင်း ပြောရှာသည်။

အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် ဝမ်ထောင်သည် လူနေရပ်ကွက်ကို လှမ်းမြင်လိုက်ရ၏။ သို့သော် သူ၏ မျက်မှောင်များ ကုတ်သွားခဲ့ရသည်။

"ဒီနေ့က ဘယ်လို နေ့မျိုးလဲ။ အထူးဇွန်ဘီနောက်တစ်ကောင်နဲ့ ထပ်တိုးပြန်ပြီ..."

လူနေရပ်ကွက်၏ အပြင်ဘကခတွင် အရပ်မမြင့်သော်လည်း ကြွက်သားများအလွန်သန်မာကာ ရင်ဘတ်ဗလာဖြင့် အသားအရည် မည်းနက်နေသော ဇွန်ဘီတစ်ကောင်သည် တဖြည်းဖြည်း လှုပ်ရှားနေသည်။ အကယ်၍ သေချာ မသိပါက ၎င်းကို လူမည်းတစ်ယောက်ဟုပင် မှားယွင်းထင်မှတ်မိနိုင်ချေ ရှိ၏။

၎င်း၏ သွေးပမာဏ (HP) မှာမူ ဝမ်ထောင် ယခုအချိန်အထိ မြင်ဖူးသမျှထဲတွင် အများဆုံး ဖြစ်နေသည်။

【 ၃၀၀၀/၃၀၀၀ 】လား။

..........

အခန်း ၈၇ - ခေါင်းမာဇွန်ဘီ

၎င်းသည် အမျိုးအစားသစ် အထူးဇွန်ဘီတစ်ကောင် ဖြစ်သော်လည်း ဤကောင်ကို မြင်သည့်အခါ ဝမ်ထောင်သည် အနည်းငယ်မျှပင် မထိတ်လန့်ဘဲ အားရပါးရ လက်ရည်စမ်းချင်စိတ်သာ ပြင်းပြနေ၏။

အကြောင်းမူကား ဤဇွန်ဘီအမျိုးအစားကို စစ်တပ်မှ ပေးအပ်ထားသော ဇွန်ဘီရုပ်ပြလက်စွဲစာအုပ်ထဲတွင် ဖော်ပြထားသောကြောင့် ဖြစ်သည်။ ၎င်းကို ခေါင်းမာဇွန်ဘီဟု ခေါ်ပြီး ခုခံမှု အလွန်မြင့်မားသော်လည်း လှုပ်ရှားမှု နှေးကွေးကာ တိုက်ခိုက်မှုစွမ်းအား အလွန်နည်း၏။ ၎င်းသည် ဂိမ်းဆော့သည့်အခါ အဆင့်မြှင့်အမှတ်များအားလုံးကို ခုခံမှုထဲသို့သာ ပုံအောထည့်ထားသည့် လူတစ်ယောက်နှင့် အလားသဏ္ဌာန်တူ၏။

အကယ်၍ ပတ်ဝန်းကျင်၌ ဇွန်ဘီများစွာ ရှိနေပါက ဤကောင်မျိုးကို ရင်ဆိုင်ရသည်မှာ အနည်းငယ် လက်ဝင်မည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တိုက်ခန်းဝန်းအဝင်ဝ၌ ဇွန်ဘီ အရေအတွက် အနည်းငယ်သာ ရှိ၏။ ၎င်း၏ ခုခံမှု မည်မျှပင် မြင့်မားနေပါစေ ဝမ်ထောင်သည် ၎င်းအား သေသည်အထိ ချေမှုန်းနိုင်မည်သာ ။

ဝမ်ထောင်သည် ကားကို ရပ်တန့်လိုက်ပြီးနောက် တင်ယွီချင်ထံသို့ ဆက်သွယ်လိုက်၏။

"ဝမ်ထောင်၊ မင်း... မင်း ပြန်ရောက်ပြီလား"

"မရီး၊ ကျွန်တော် အောက်ထပ် ရောက်နေပြီ။ အောက်မှာ ဇွန်ဘီတချို့ ရှိနေလို့ အရင် ရှင်းလိုက်ဦးမယ်။ အပြင်ကို ထွက်မလာနဲ့ဦးနော်"

"ကောင်းပါပြီ၊ သတိထားဦးနော်... မင်းကို စောင့်နေမယ်"

ဝေါ်ကီတော်ကီကို ပိတ်လိုက်ပြီးနောက် ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ မိုးထဲရေထဲသို့ လှမ်းဝင်ခဲ့လေသည်။

"ဂီး.. ဂစ်ဂစ်.."

မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ဇွန်ဘီများ၏ အာရုံခံစားမှုသည် သိသိသာသာနှေးကွေး​နေ၏။ ဝမ်ထောင်သည် သာမန်ဇွန်ဘီတစ်ကောင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားချိန်မှသာ ထိုဇွန်ဘီက ခေါင်းမော့လာသည်။

"ဘာကြည့်တာလဲ..ရော့"

"ခွပ်.."

【 -၅၀၀ 】

【 ၀ / ၅၀၀ 】

မီးသတ်ပုဆိန်သည် ဇွန်ဘီ၏ ဦးခေါင်းခွံကို တစ်ချက်တည်းဖြင့် ဒုကနဲ ပွင့်ထွက်သွားစေကာ အသက်ပျောက်သွားတော့သည်။

【 ရရှိသည့်ပစ္စည်း - ကြိုး * ၁ 】

ဝမ်ထောင်သည် ရပ်တန့်မနေဘဲ အခြားသာမန်ဇွန်ဘီများဆီသို့ ဆက်လျှောက်သွား၏။

အထူးဇွန်ဘီအသစ်နှင့် မတိုက်ခိုက်မီ ဘေးပတ်ဝန်းကျင်ရှိ သာမန်အကောင်များကို အရင်ဆုံး ရှင်းလင်းပစ်ရန် အမှန်တကယ် လိုအပ်သည်။

ဇွန်ဘီ စုစုပေါင်းက ခြောက်ကောင်သာ ရှိသဖြင့် ၎င်းတို့အားလုံးကို လျင်မြန်စွာပင် ရှင်းလင်းလိုက်၏။

ထိုအခါမှသာ ခေါင်းမာဇွန်ဘီသည် ဝမ်ထောင်ကို နောက်ကျလှစွာ သတိပြုမိလေသည်။

"ဂီး.. ဂီး..အွတ်အွတ်အွတ်.."

ဇွန်ဘီက အသံမျိုးစုံအော်ရင်း ဝမ်ထောင်ထံသို့ လျှောက်လာသော်လည်း လှုပ်ရှားမှုအရှိန်မှာ အလွန်နှေးကွေးပြီး ခန္ဓာကိုယ်မှာ သစ်သားရုပ်သေးရုပ်ကဲ့သို့ တောင့်တင်းနေ၏။

ဝမ်ထောင် ၄င်း၏အနားသို့ တိုးသွားပြီး ဦးခေါင်းခွံကို ပုဆိန်ဖြင့် လွှဲခုတ်ထည့်လိုက်သည်။

ဒုန်း။

【 -၂၃ 】

【 ၂၉၇၇ / ၃၀၀၀ 】

"ဟင်"

ဤကိန်းဂဏန်းကို မြင်လိုက်ရသောအခါ ဝမ်ထောင် အနည်းငယ် ကြောင်အမ်းသွား၏။

ပုဆိန်က မပြတ်တော့နေလို့လား။

သို့သော် တုံးသောအရာနှင့် ရိုက်မိလျှင်ပင် သွေးပမာဏ သူ၏ခွန်အားကြောင့် ယခုလောက်လေးသာ လျော့ကျသွားစရာ အကြောင်းမရှိပေ။

ဝမ်ထောင်သည် မယုံကြည်နိုင်သဖြင့် ပုဆိန်ဖြင့် ထပ်မံ လွှဲခုတ်ပြန်သည်။

【 -၂၄ 】

【 ၂၉၅၃ / ၃၀၀၀ 】

【 -၂၂ 】

【 ၂၉၃၁ / ၃၀၀၀ 】

"..."

ဝမ်ထောင် အတည်ပြုလိုက်နိုင်သည်မှာ ဤခေါင်းမာဇွန်ဘီ၏ ခုခံမှုသည် အမှန်တကယ်ပင် မြင့်မားလွန်းလှပြီး ယုတ္တိမရှိလောက်အောင်ပင် ဖြစ်နေ၏။

သူ၏ လက်ရှိခွန်အား၊ မီးသတ်ပုဆိန်နှင့် အရှိန်ပြင်းညာဘက်လက်မောင်းတို့ ပေါင်းစပ်ထားသော်လည်း တစ်ချက်ခုတ်လျှင် ထိခိုက်မှုပမာဏ နှစ်ဆယ်ကျော်သာ ရှိသည်။ ၎င်း၏ သွေးပမာဏ ၃၀၀၀ နှင့် နှိုင်းယှဉ်ပါက သူသည် ၎င်း၏ ခုခံမှုကို မဖောက်ဖျက်နိုင်သလောက်ပင် ဖြစ်နေပြီး အမှန်တကယ်လည်း အနာတရမဖြစ်စေခဲ့ပေ။ ခေါင်းမာဇွန်ဘီ၏ ဦးခေါင်းခွံပေါ်တွင် ဒဏ်ရာဟူ၍ မရှိဘဲ အဖြူရောင်အစင်းကြောင်း အချို့သာ ထင်ကျန်ရစ်သည်။

"ဝူး..."

ခေါင်းမာဇွန်ဘီက ဝမ်ထောင်ထံသို့ လက်မောင်းကို လွှဲယမ်းကာကုတ်လိုက်သော်လည်း ဝမ်ထောင်က အသာလေး ရှောင်တိမ်းလိုက်၏။

ခေါင်းမာဇွန်ဘီ၏ တိုက်ခိုက်မှုစွမ်းအားသည် အတော်အတန် အားနည်းသော်လည်း ဝမ်ထောင်သည် အစမ်းသပ်ခံရန် စိတ်ကူးမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီများ၏ တိုက်ခိုက်မှုတွင် ဗိုင်းရပ်စ်ပါဝင်နေသဖြင့် မလိုအပ်ဘဲနှင့် အန္တရာယ်မကစားခြင်းက အကောင်းဆုံး ဖြစ်သည်။

သို့သော် ဤခေါင်းမာဇွန်ဘီသည် လှုပ်ရှားမှုရော တိုက်ခိုက်မှုပါ နှေးကွေးလွန်းသဖြင့် ဝမ်ထောင်သည် တရားသဖြင့် တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ချေ။

သူသည် ဘယ်ဘက်လက်ဖြင့် ခါးတွင်ချိတ်ထားသော အခြားပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်၏။ လက်နှစ်ဖက်စလုံးတွင် မီးသတ်ပုဆိန်တစ်လက်စီ ကိုင်ဆောင်ကာ ခေါင်းမာဇွန်ဘီ၏ ခေါင်းကို အရူးအမူး ဆက်တိုက် ထုခုတ်တော့သည်။

【 -၂၅ 】

【 -၁၂ 】

【 -၂၃ 】

【 -၁၁ 】

【 -၂၄ 】

【 -၁၃ 】

"..."

သူ၏ ဘယ်ဘက်လက် ခွန်အားသည် ညာဘက်လက်ထက် သဘာဝအတိုင်း အားနည်းသည့်အပြင် ဘယ်ဘက်လက်တွင် အရှိန်ပြင်းလက်မောင်းအကာ မရှိသဖြင့် ထိခိုက်မှုပမာဏသည် ညာဘက်လက်၏ တစ်ဝက်သာ ရှိသည်။ ဇွန်ဘီ၏ သွေးပမာဏ ၂၀၀၀ ကျော်နှင့် ယှဉ်လျှင် ၎င်းသည် အနည်းငယ်စီလျော့နည်းစေသောထိခိုက်မှုမျှသာ ဖြစ်၏။

သို့သော် ထိုသို့ အနည်းငယ်စီ လျော့နည်းစေခြင်းကပင် ဇွန်ဘီကို အသက်ပျောက်စေနိုင်သည်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ခေါင်းမာဇွန်ဘီ၏ တိုက်ခိုက်မှုများသည် ပြင်းထန်မှုမရှိသည့်အပြင် တိုက်ခိုက်မှုအရှိန်ပါ နှေးကွေးသဖြင့် ရှောင်တိမ်းရန် လွယ်ကူလှသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း နှောင့်ယှက်မည့် အခြားဇွန်ဘီများ မရှိသဖြင့် ဝမ်ထောင်သည် အားကုန်ထုတ်ကာ မသေမချင်းခုတ်နိုင်၏။

သူက မီးလောင်ဗုံးပုလင်းကို သုံးရန် စဉ်းစားခဲ့သော်လည်း အပြင်တွင် မိုးသည်းထန်စွာ ရွာနေသဖြင့် အာနိသင် သိပ်မရှိနိုင်သည့်အပြင် ကားဆီသို့ ပြန်သွားယူရမည် ဖြစ်သောကြောင့် မသုံးနေတော့ပေ။

သို့သော် သူ၏ တုန်ခါလှိုင်းစွမ်းရည်ကို စမ်းသပ်ကြည့်ရာ စိတ်ကျေနပ်စရာ ရလဒ်တစ်ခု ထွက်ပေါ်လာ၏။ တုန်ခါလှိုင်းသည် ခေါင်းမာဇွန်ဘီကို ထိခိုက်မှုပမာဏ သုံးဆယ်မှ လေးဆယ်အထိ ပေးနိုင်လေသည်။

၎င်းသည် ပုဆိန်နှစ်လက်ပေါင်းစပ်ထားသော ထိခိုက်မှုပမာဏထက်ပင် မြင့်မားနေသေး၏။ သို့သော် ဝမ်ထောင်၏ စွမ်းအင်ပမာဏမှာ အကန့်အသတ် ရှိသဖြင့် လောလောဆယ်တွင် ဤမျှအကုန်အကျခံရန် မလိုအပ်သေးပေ။ မိမိကိုယ်ပေါ်၌ စွမ်းအင်ပမာဏကို တတ်နိုင်သမျှ ပိုမိုထိန်းသိမ်းထားခြင်းက ပို၍ ဘေးကင်းလုံခြုံမှု ရှိစေသည်။

ဝမ်ထောင်သည် ခေါင်းမာဇွန်ဘီ၏ လည်ပင်းကိုလည်း ခုတ်ကြည့်ခဲ့သော်လည်း ၎င်း၏ လည်ပင်းသည် ခေါင်းကဲ့သို့ပင် မာကျောလှ၏။ တစ်ကိုယ်လုံးသည် ကျောက်ခဲကဲ့သို့ မာကျောနေသဖြင့် မည်သည့်နေရာကိုပင် ခုတ်ခုတ် ခေါင်းကို ခုတ်သည်နှင့် ထူးမခြားနားလှပေ။

နောက်ဆုံးတွင် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် ဆက်တိုက် ခုတ်ပြီးနောက် ပုဆိန်နှစ်လက်စလုံးသည် ဇွပ်ခနဲ အသံနှင့်အတူ ခေါင်းမာဇွန်ဘီ၏ ဦးခေါင်းခွံအတွင်းသို့ စိုက်ဝင်သွားတော့သည်။

【 -၅၃ 】

【 ၀ / ၃၀၀၀ 】

"ဟူး.."

ဝမ်ထောင် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။ ဤခေါင်းမာဇွန်ဘီသည် သူ ယခုအထိ ကြုံတွေ့ခဲ့ရသမျှတွင် သွေးပမာဏ အများဆုံးနှင့် သတ်ရန် အခက်ခဲဆုံး ဇွန်ဘီ ဖြစ်သော်လည်း အန္တရာယ်အနည်းဆုံးကောင်လည်း ဖြစ်သည်။ သူအတွက် သာမန်ဇွန်ဘီထက်ပင် အန္တရာယ်နည်းပါးသေး၏။

ဝမ်ထောင်သည် မိမိ၏ သွေးပမာဏကို စစ်ဆေးကြည့်ရာ ၆၀ တိုးလာပြီး အမြင့်ဆုံးအတိုင်းအတာမှာ 【 ၁၁၀၀ / ၁၁၀၀ 】 သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူသည် ခေါင်းမာဇွန်ဘီထံမှ ကျလာသော ပါဆယ်ထုပ်ကို သိမ်းဆည်းလိုက်၏။ ၎င်းကို ချက်ချင်း မဖွင့်ကြည့်သေးဘဲ ဇွန်ဘီ၏ အနီဖျော့ရောင်အမြုတေကို လျင်မြန်စွာ ကောက်ယူလိုက်သည်။ ထိုအမြုတေအတွင်း၌ မည်းနက်နေသော လူရုပ်ပုံရိပ်လေးတစ်ခု ရှိနေ၏။

【 အဆင့် ၁ အမြုတေ - ကြေးနီအရေပြားနှင့် သံမဏိအရိုးများ 】

【 အရည်အသွေး - ထူးချွန် (၈၀%) 】

【 သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - အရေပြား မည်းနက်သွားခြင်း၊ ခန္ဓာကိုယ် တောင့်တင်းသွားခြင်း) 】

【 ကြေးနီအရေပြားနှင့် သံမဏိအရိုးများ - ကြာမြင့်ချိန်တစ်ခုအတွင်း၌ တစ်ကိုယ်လုံး၏ ခုခံမှု မြင့်တက်လာပြီး မာကျောမှု တိုးပွားစေသည် 】

"ဟင်၊ ကြာမြင့်ချိန်အခြေပြုစွမ်းရည်လား"

ဝမ်ထောင်သည် ဤကဲ့သို့သော ဇွန်ဘီအမြုတေမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပြီး ဤစွမ်းရည်သည် သူနှင့် အလွန်ကိုက်ညီသည်ဟုလည်း ခံစားလိုက်ရသည်။ သို့သော် ဤမာကျောမှု တိုးပွားခြင်းက လူပီသတဲ့ မာကျောမှုမျိုး ဟုတ်မဟုတ်တော့ မသိရပေ။

ထိုအကြောင်းကို စဉ်းစားရင်း ဝမ်ထောင်သည် တိုက်ခန်းဝန်းတံခါးကို အမြန်သွားဖွင့်ကာ ကားကို အဆောက်အဦး ၄ ရှေ့ရှိ မိုးကာအောက်သို့ မောင်းနှင်ခဲ့၏။ သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် အဆောက်အဦးတံခါး ပွင့်လာသည်ကို တွေ့လိုက်ရသည်။

မိတ်ကပ်ပါးပါးလေးလိမ်းခြယ်ထားပြီး အနက်ရောင် တင်ပါးကျပ်စကပ်၊ အသားရောင် ခြေအိတ်ရှည်နှင့် အနီရောင်အောက်ခံပါသော အနက်ရောင် ဒေါက်ဖိနပ် မြင့်မြင့်ကို စီးထားသည့် တင်ယွီချင်သည် ဝမ်ထောင်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေ၏။

ဝမ်ထောင်၏ အကြည့်သည် တင်ယွီချင်၏ လှပသောခန္ဓာကိုယ်ပေါ်တွင် ခဏမျှ ရပ်တန့်သွားသည်။

ပြောရလျှင် တင်ယွီချင်သည် သူ့အကြိုက်ကို ကောင်းကောင်းသိပြီး သူ ဘာကို ကြည့်ချင်သည်ဆိုသည်ကို အတိအကျ နားလည်လှ၏။

ရွှေကျဲစခန်းတွင် အမျိုးသမီးများစွာ ရှိသော်လည်း ၎င်းတို့အားလုံးသည် ဖရိုဖရဲ ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝဝလင်လင် စားသောက်ရရေးက ပထမဦးစားပေး ဖြစ်နေသောကြောင့် ဖြစ်၏။ နာမည်ကြီးလူပုဂ္ဂိုလ်ဖြစ်သည့် ဟော့ကျိယီပင်လျှင် ပြင်ဆင်ခြယ်သရန် အချိန်မရှိဘဲ ကျေးတောသူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ဟန်ရွှေတစ်ယောက်သာ အနည်းငယ် ကြည့်ကောင်းပြီး ရဲတပ်ဖွဲ့ဝတ်စုံနှင့် ရဲရင့်ဖျတ်လတ်သော အသွင်အပြင်ရှိသဖြင့် ၎င်းက တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေခြင်း ဖြစ်သည်။

သို့သော် ဝမ်ထောင်သည် တင်ယွီချင်ကဲ့သို့ မိန်းမဆန်သော အလှတရားရှိသူကို ပိုမိုနှစ်သက်၏။

"နင် ဘေးကင်းတာ မြင်မှပဲ... ငါ အောက်ကို ဆင်းလာခဲ့တာ"

တင်ယွီချင်သည် ဝမ်ထောင်က သူမအား စကားနားမထောင်ဟု အပြစ်တင်မည်ကို စိုးရိမ်သဖြင့် ပျာပျာသလဲ ရှင်းပြလိုက်သည်။

ဝမ်ထောင်က စကားမပြောဘဲ မိမိ၏ နှာခေါင်းစည်းနှင့် လက်အိတ်များကို ချွတ်လိုက်ပြီးနောက် အနားသို့ လျှောက်သွားကာ တင်ယွီချင်၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်၏။

"မရီး၊ ဒီရက်ပိုင်းအတွင်း နေကောင်းရဲ့လား"

"နေကောင်းပါတယ်၊ ဒါပေမဲ့... နင့်ကို လွမ်းနေတာ"

တင်ယွီချင်သည် ဝမ်ထောင်၏ လက်ဖဝါးကို သူမ၏ ပါးပြင်ဖြင့် အသာအယာ ပွတ်သပ်လိုက်ပြီး သူမ၏ အကြည့်များတွင် စွဲလန်းနှစ်သက်မှုများ ပြည့်နှက်နေသည်။

ဝမ်ထောင်သည် ညင်သာစွာ ပြုံးလိုက်ပြီး တင်ယွီချင်၏ နှုတ်ခမ်းနီဆိုးထားသော နှုတ်ခမ်းအစုံကို နမ်းရှိုက်လိုက်ကာ သူမ၏ ခါးကို ဖက်၍ အပေါ်ထပ်သို့ တက်ခဲ့ကြ၏။

"အိမ်ပြန်ရအောင်"

"အင်း"

ဝမ်ထောင် အပြင်ထွက်နေသည့် ငါးရက်တာ ကာလအတွင်း အိမ်၌ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသော်လည်း သိုလှောင်ထားသော ရေများမှာမူ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အစားအသောက်များစွာ ကျန်ရှိနေသေး၏။ အကြောင်းမူကား တင်ယွီချင်တစ်ယောက်တည်း၏ စားနိုင်စွမ်းက မများလှသောကြောင့် ဖြစ်သည်။

တင်ယွီချင်သည် ဝမ်ထောင်၏ အသုံးအဆောင်ပစ္စည်းများကို ချွတ်ပေးပြီးနောက် ချက်ချင်းပင် သူ့ကို နောက်မှ တင်းနေအောင် သိုင်းဖက်ထားလိုက်၏။

ဝမ်ထောင်က ပြန်လာခဲ့မည်ဟု ပြောခဲ့သည့်အပြင် ဝေါ်ကီတော်ကီဖြင့်လည်း ဆက်သွယ်ခဲ့သော်လည်း သူ့ကို မျက်စိရှေ့တွင် မမြင်ရသည့်အခါ သူမ အလွန်စိုးရိမ်ခဲ့ရသည်။ ဝမ်ထောင်၏ စိတ်ထဲတွင် သူမအတွက် နေရာတစ်ခု ရှိမရှိ သို့မဟုတ် သူမအား ကစားစရာသက်သက်အဖြစ် သဘောထားခြင်း ရှိမရှိ သူမ မသေချာခဲ့ချေ။ ယခု သူ့ကို မြင်လိုက်ရမှသာ သူမ စိတ်အေးသွားနိုင်တော့သည်။

ဝမ်ထောင်သည် ကိုယ်ကို လှည့်၍ တင်ယွီချင်ကို ကြည့်ကာ ပြောလိုက်၏။

"မရီး၊ ကျွန်တော် မရှိတဲ့အချိန်မှာ ကျွန်တော့်ကို လွမ်းနေလား"

"လွမ်းတာပေါ့"

တင်ယွီချင်သည် မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း တုံ့ဆိုင်းမနေဘဲ ပြန်ပြောလိုက်သည်။ အဓိကမှာ ဝမ်ထောင်က သူမအား "မရီး" ဟု ဆက်တိုက် ခေါ်နေခြင်းကြောင့် သူမ၏ စိတ်ထဲတွင် ထူးဆန်းသော အရှက်တရားတစ်ခု ဖြစ်ပေါ်နေရခြင်း ဖြစ်၏။

"ဘယ်လောက်တောင် လွမ်းလဲ"

ဝမ်ထောင်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"အများကြီး၊ အများကြီးပဲ"

ဝမ်ထောင် အနည်းငယ် အံ့ဩသွား၏။ သူ၏ အမြင်တွင် တင်ယွီချင်သည် အတော်အတန် အစဉ်အလာကြီးသူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူမသည် ခြေအိတ်ရှည်ကိုသာ ဝတ်ဆင်လေ့ရှိ၏။ သို့သော် ယခုအခါ သူမသည် အတွင်းခံဘောင်းဘီပင် ဝတ်ဆင်မထားချေ။

တင်ယွီချင်သည် အရည်လဲ့နေသော မျက်ဝန်းများဖြင့် ဝမ်ထောင်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဒါက နင်အတွက် အဆင်ပြေအောင်လို့ပါ..."

"မရီးက အရမ်းလိမ်မာတာပဲ "

"အင်း.."

ဝမ်ထောင်သည် တင်ယွီချင်ကို ဆွဲကပ်လိုက်ပြီး သူမ၏ အနက်ရောင် တင်ပါးကျပ်စကပ်အောက်မှ ပေါင်တံသွယ်သွယ်လေးများကို အသာအယာ ပွတ်သပ်လိုက်သည်။ တင်ယွီချင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး

သူမ၏ အသက်ရှူသံများမှာလည်း အခန်းတွင်းရှိ လေထုကို ပို၍ တင်းမာစေသည်။

ဝမ်ထောင်က သူမ၏ ဆံပင်များကို နောက်သို့ သိမ်းလိုက်ပြီးနောက် နားရွက်ဖျားကို ဖိကိုက်လိုက်သည့်အခါ တင်ယွီချင်၏

နှုတ်ခမ်းဖျားမှ တိုးညင်းသည့် ညည်းသံတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ပျောက်ကွယ်သွားပြီး အနမ်းများသည်လည်း ပို၍ ပြင်းထန်လာကာ တစ်ယောက်၏ အရသာကို တစ်ယောက်က

မက်မက်မောမော စုပ်ယူနေကြသည်။

တင်ယွီချင်သည် ဝမ်ထောင်၏ ကျောပြင်ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး

သူမ၏ နုညံသောအသားဆိုင်များမှာလည်း ဝမ်ထောင်၏ ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ဖိကပ်နေသည်။ ဝမ်ထောင်သည်

သူမ၏ နှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီးနောက် လည်တိုင်တလျှောက် နမ်းရှိုက်ကာ ပိုမိုတက်ကြွလာသည့်အခါ

တင်ယွီချင်မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဝမ်ထောင်၏ ပုခုံးပေါ်တွင် ခေါင်းကို မှီ၍ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ရ၏။

အခန်းအတွင်းတွင် မိုးသံများ ပိုမိုပြင်းထန်လာသကဲ့သို့ သူတို့နှစ်ဦး၏

လှုပ်ရှားမှုများမှာလည်း ရပ်တန့်ခြင်းမရှိဘဲ ပိုမိုနက်ရှိုင်းသည့် အချစ်စွမ်းအင်များထဲသို့ နစ်မြုပ်သွားကြသည်။

ဝမ်ထောင်၏ လက်များမှာ သူမ၏ ခန္ဓာကိုယ်အနှံ့ကို အလိုရှိသလို ပိုင်စိုးပိုင်နင်း ပြုလုပ်နေပြီး၊ တင်ယွီချင်၏ တုန့်ပြန်မှုများမှာလည်း ပို၍ ရဲတင်းလာသည်။

အနမ်းကြမ်းကြမိးများ၊ တင်းကျပ်သော

ဖက်တွယ်မှုများနှင့်အတူ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်မှာ ပေါင်းစပ်သွားပြီး အပြင်ဘက်ကမ္ဘာကို မေ့လျော့သွားသည်အထိ စိတ်ခံစားမှုများက အမြင့်ဆုံးသို့ ရောက်ရှိသွားကြသည်။

အခန်းအတွင်းရှိ တိတ်ဆိတ်မှုမှာ သူတို့၏ညည်းညူသံများဖြင့် ပြည့်နှက်သွားပြီး၊ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ထားသည့် ခံစားချက်မှာ မီးတောက်များထက်ပင် ပိုမိုပူလောင်ပြင်းထန်လာတော့မည့် အလားပင်။

..........

သုံးနာရီခန့်ကြာပြီးနောက် ဝမ်ထောင်က ဆေးလိပ်တစ်လိပ်ထုတ်ယူကာ စိတ်အေးချမ်သာစွာ သောက်လိုက်၏။ အမှန်တကယ်တော့ သူက ဆေးလိပ်သောက်တတ်သူ မဟုတ်ပါ ။ သ်ု့သော်လည်း ထိုခံစားချက်မျိုးကို လိုချင်ရုံမျှသာ ဖြစ်သည်။

တင်ယွီချင်သည် ဝမ်ထောင်၏ ရင်ခွင်ထဲသို့ ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ တိုးဝှေ့ဖက်ထားပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားချင်သကဲ့သို့ ရှိနေ၏။

"မရီး၊ မရီးက ဒီလောက်တောင် ကပ်တွယ်တတ်မှန်း အရင်က သတိမထားမိဘူး"

ဝမ်ထောင်သည် တင်ယွီချင်၏ ပါးပြင်ပေါ်တွင် ကပ်နေသော ဆံစများကို သပ်တင်ပေးရင်း ကျီစယ်လိုက်သည်။

တင်ယွီချင် အနည်းငယ် ရှက်သွေးဖြန်းသွားသော်လည်း ဝမ်ထောင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ငါ... ငါ ကြောက်လို့ပါ..."

ဖြောင်း...

ဝမ်ထောင်သည် သူမ၏ အိစက်နုညံ့သော တင်ပါးကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်လိုက်ပြီး ထပ်မံ မေးလိုက်သည်။

"ကျွန်တော် ဒီမှာ ရှိနေတာပဲ၊ မရီးက ဘာကို ကြောက်နေသေးတာလဲ"

"နင် ငါ့ကို ထားခဲ့မှာ ကြောက်တာ..."

တင်ယွီချင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ဝမ်ထောင်က မည်သည့်ကတိမှ မပေးဘဲ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော့်ကို 'ယောက်ျား' လို့ တစ်ချက်လောက် ခေါ်ကြည့်ဦး"

"ယောကျာ်း.."

"မရီးက တကယ့်ကို လိမ္မာတာပဲ"

"နင် ငါ့ကို မရီးလို့ မခေါ်လို့ မရဘူးလား"

တင်ယွီချင်၏ မျက်နှာလေးက ရဲခနဲ ဖြစ်သွားသည်။ ဝမ်ထောင်က သူမအား မရီးဟု ခေါ်သည့်အချိန်တိုင်း၊ အထူးသဖြင့် ၎င်းတို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေချိန်တွင် သူမ အမှန်တကယ်ပင် မခံစားနိုင်ချေ။

"ငါတို့ အခေါ်အဝေါ်ကို ခွဲထားတာပေါ့။ မရီးက ကျွန်တော့်ကို ယောကျာ်းလို့ခေါ်၊ ကျွန်တော်က မရီးလို့ခေါ်မယ်။ ဒါက တရားမျှတပါတယ်"

".နင်က တကယ့်ကို လူဆိုးပဲ"

တင်ယွီချင်သည် ဝမ်ထောင်၏ ရင်ဘတ်ပေါ်သို့ မှီကာ သူ၏ ပုခုံးကို ကိုက်လိုက်၏။ အမှန်တော့ သူမသည် သူ့ကို အပြင်းအထန် မကိုက်ရက်ဘဲ ကြောင်လေးတစ်ကောင်ကဲ့သို့ လျက်ပေးနေခြင်းသာ ဖြစ်သည်။

ဝမ်ထောင်သည် တင်ယွီချင်၏ ဆံပင်များကို ကြောင်လေးတစ်ကောင်ကို သပ်ပေးသကဲ့သို့ ညင်သာစွာ ပွတ်သပ်ပေးနေသော်လည်း သူ၏ အတွေးများမှာမူ ဟင်းလင်းပြင်ကျောပိုးအိတ်ဆီသို့ ရောက်ရှိနေ၏။

သူသည် ခုနက သတ်ခဲ့သော ခေါင်းမာဇွန်ဘီထံမှ ကျလာသည့် တိုက်ပွဲရပစ္စည်းများကို မစစ်ဆေးရသေးချေ။ အိမ်ပြန်ရောက်မှ စစ်ဆေးရန် စိတ်ကူးခဲ့သော်လည်း တင်ယွီချင်နှင့် အချီများစွာ နွှဲလိုက်သဖြင့် အချိန်ကြန့်ကြာသွားခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကြည့်လျှင်လည်း နောက်မကျသေးပါ။

ဇွန်ဘီအမြုတေ မပါဘဲ ခေါင်းမာဇွန်ဘီသည် ပစ္စည်း စုစုပေါင်း သုံးခု ချပေးခဲ့သည်။

၎င်းတို့မှာ 【 ခုခံအားဆေးရည် (အသေး) * ၂ 】၊ 【 ခုခံအားဆေးရည် (အသေး) ပုံစံငယ် * ၁ 】 နှင့် 【 ခေါင်းမာဇွန်ဘီချပ်ဝတ်ပုံကြမ်း * ၁ 】 တို့ ဖြစ်ကြ၏။

အောက်တွင် အသေးစိတ် ဖော်ပြချက်များ ရှိနေသည်။

【 ခုခံအားဆေးရည် (အသေး) - ထိုးနှံပြီးနောက် ခုခံမှု မြင့်တက်လာမည်။ ကြာမြင့်ချိန် - ၁ မိနစ်။ နောက်တစ်ကြိမ်သုံးရန် စောင့်ဆိုင်းချိန် - ၁၂ နာရီ။ 】

ဤပစ္စည်းသည် ခွန်အားဆေးရည်နှင့် အလားသဏ္ဌာန်တူပုံရသည်။ အကယ်၍ လူတစ်ယောက်သည် ခွန်အားဆေးရည်နှင့် ခုခံအားဆေးရည် နှစ်ခုစလုံးကို တစ်ပြိုင်နက် ထိုးနှံလိုက်ပါက တိုက်ခိုက်မှုစွမ်းအား မြင့်မားပြီး ခုခံမှုလည်း အားကောင်းသွားမည် မဟုတ်ပါလား။

သို့သော် ခွန်အားဆေးရည်နှင့် ခုခံအားဆေးရည် နှစ်ခုစလုံးသည် ၁ မိနစ်သာ ကြာမြင့်ခြင်းက အနည်းငယ် နှမြောစရာ ကောင်းလှသည်။ ကြာမြင့်ချိန် ပိုမိုရှည်ကြာပါက ပို၍ ကောင်းမွန်ပေလိမ့်မည် ။

【 ခုခံအားဆေးရည် (အသေး) ပုံစံငယ် - လေ့လာပြီးပါက တစ်ကြိမ်လျှင် ခုခံအားဆေးရည် (အသေး) ငါးလုံး လက်မှုပြုလုပ်နိုင်သည်။ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ - ခုခံအားမှို ၁ ခု၊ ဇွန်ဘီအမြုတေ ၁ ခု၊ ရေသန့် ၁၀၀ မီလီလီတာ၊ ကီလိုကယ်လိုရီအစားအစာ ၁၀။ 】

ဤပုံစံငယ်သည်လည်း ခွန်အားဆေးရည်ပုံစံငယ်နှင့် ဆင်တူပြီး "ခွန်အားမှို" အစား "ခုခံအားမှို" သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ ထိုမှိုများ မည်သည့်နေရာတွင် ရှိသည်ကိုမူ သူ မသိချေ။ ဝမ်ထောင် ခန့်မှန်းကြည့်ရသလောက် ထိုမှိုများသည် မြို့ပြင်တွင် ရှိနေနိုင်ခြေ အလွန်များသည်။ သို့သော် လောလောဆယ်တွင် သူ မြို့ပြင်သို့ သွားရန် မဖြစ်နိုင်သေးပေ။ ၎င်းက အလွန်အန္တရာယ်များလှသည်။

ဤဆေးရည်ပုံစံငယ် နှစ်ခုသည် ယခင်က ရရှိခဲ့သော အရှိန်ပြင်းညာဘက်လက်မောင်းပုံစံငယ်နှင့် အစားအစာဖိသိပ်စက်ပုံစံငယ်တို့နှင့် ကွဲပြားခြားနား၏။

ဆေးရည်ပုံစံငယ်များကို ကုန်ကြမ်းပစ္စည်းများ မရှိလျှင်ပင် တိုက်ရိုက် လေ့လာမှတ်သားနိုင်သည်သာ ဖြစ်သည်။ လေ့လာပြီးသည်နှင့် စွမ်းရည်တစ်ခုကို တတ်မြောက်သွားသကဲ့သို့ ဖြစ်၏။ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ ရှာဖွေတွေ့ရှိခဲ့သော အချက်ဖြစ်သော်လည်း အစပိုင်းတွင် သူ အလွန်အကျွံ အာရုံမစိုက်မိခဲ့ချေ။

ထို့ကြောင့် ယခုအခါ သူသည် 【 ခုခံအားဆေးရည် (အသေး) 】 လက်မှုပြုလုပ်နည်းကို တတ်မြောက်သွားပြီ ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများ ရှိနေသရွေ့ ၎င်းတို့ကို တိုက်ရိုက် ပြုလုပ်နိုင်မည် ဖြစ်၏။

ထို့နောက် သူသည် စိတ်ကူးလိုက်ရုံဖြင့် 【 ခုခံအားဆေးရည် (အသေး) 】 ပြုလုပ်နည်းကို ချက်ချင်းပင် လေ့လာမှတ်သားလိုက်သည်။ ယခုအခါ သူသည် ဆေးရည်ပြုလုပ်နည်း နှစ်ခုကို တတ်မြောက်သွားပြီ ဖြစ်သော်လည်း ကံဆိုးစွာပင် ကုန်ကြမ်းပစ္စည်းများ မရှိသေးချေ... အရှိန်ပြင်းညာဘက်လက်မောင်းနှင့် အစားအစာဖိသိပ်စက်ပုံစံငယ်တို့သည် သုံးစွဲပြီးသည်နှင့် ပျောက်ကွယ်သွားသည့် အမျိုးအစား ဖြစ်သည်။ ပုံစံငယ်တစ်ခုစီသည် ပစ္စည်းတစ်ခုသာ ထုတ်လုပ်နိုင်၏။ တစ်နည်းအားဖြင့် ပစ္စည်းပြုလုပ်ပြီးသည်နှင့် ပုံစံငယ်သည် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ခေါင်းမာဇွန်ဘီထံမှ ကျလာသော တတိယမြောက် ပစ္စည်းသည်လည်း ဤအမျိုးအစားတွင် ပါဝင်လေသည် -

【 ခေါင်းမာဇွန်ဘီချပ်ဝတ်ပုံကြမ်း - နှစ်ဖက်ပါရင်ဘတ်အကာတစ်ခုကို လက်မှုပြုလုပ်နိုင်သည်။ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ - သံအပိုင်းအစများ ၂ ခု၊ သံမဏိနန်းကြိုးများ ၂ ခု၊ ဝက်အူများ ၂ ခု၊ ကြိုးများ ၂ ခု၊ သံမှိုများ ၂ ခု၊ ရာဘာ ၂ ခု၊ ပလတ်စတစ် ၂ ခု၊ ကေဘယ်ကြိုးများ ၂ ခု၊ အီလက်ထရောနစ်အစိတ်အပိုင်းများ ၂ ခု၊ ဘက်ထရီများ ၂ ခု။ 】

【 ခေါင်းမာဇွန်ဘီချပ်ဝတ် - မာကျောသော အသားရှိပြီး ဓားနှင့် လှံများကို ကာကွယ်နိုင်သည်။ ကြံ့ခိုင်မှု +၂၀၊ ခုခံမှု +၂၀။ 】

ဝမ်ထောင်သည် ဤချပ်ဝတ်ပုံကြမ်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများသည် ယခင်က အရှိန်ပြင်းညာဘက်လက်မောင်းနှင့် ဆင်တူသည်ဟု ခံစားရပြီး ဖော်ပြချက်သည်ပင် ဆင်တူနေ၏။ သို့သော် ဂုဏ်သတ္တိများမှာမူ အရှိန်ပြင်းညာဘက်လက်မောင်းထက် နှစ်ဆ မြင့်မားနေသည်။

ဝမ်ထောင်သည် မိမိ၏ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းရှိ ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ ယခင်က ဇွန်ဘီအုပ်စုတစ်စုကို သတ်ခဲ့သဖြင့် ယခုအခါ ကုန်ကြမ်းပစ္စည်းများ ကွက်တိ ရှိနေပြီ ဖြစ်သည်။

သူ စိတ်ကူးလိုက်သည်နှင့် ခေါင်းမာဇွန်ဘီချပ်ဝတ်ပုံကြမ်းသည် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးနှင့်အတူ သူ၏ လက်ထဲတွင် ပေါ်လာတော့၏။

"လက်မှုပြုလုပ်နိုင်သော" ဟူသည့် စာတန်းသည်လည်း "ခေါင်းမာဇွန်ဘီချပ်ဝတ်ပုံကြမ်း" ပေါ်တွင် ပေါ်လာသည်။

ပြုလုပ်မှုကို အတည်ပြုသည်။

ကုန်ကြမ်းပစ္စည်းများအားလုံးသည် ချက်ချင်းပင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ပုံကြမ်းအတွင်းသို့ စီးဝင်သွား၏။ အလင်းတစ်ချက် လင်းလက်သွားပြီးနောက် အရောင်မှိန်မှိန် အနက်ရောင် နှစ်ဖက်ပါ ရင်ဘတ်အကာတစ်ခုသည် ဝမ်ထောင်၏ လက်ထဲ၌ ပေါ်လာလေသည်။

"ဟင်၊ ဒါက ဘာလဲ"

ဝမ်ထောင်ပေါ်တွင် လဲလျောင်းနေသော တင်ယွီချင်သည် ရုတ်တရက် အလင်းတစ်ချက် လင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ထောင်သည် မည်းနက်နေသော ချပ်ဝတ်တစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။

"ပစ္စည်းကောင်းပေါ့"

ဝမ်ထောင်သည် တင်ယွီချင်ကို ပုတ်ကာ ထခိုင်းလိုက်ပြီးနောက် ထိုချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။

အရှိန်ပြင်းညာဘက်လက်မောင်းကဲ့သို့ပင် ဤချပ်ဝတ်သည်လည်း စိတ်ကြိုက် ချိန်ညှိနိုင်၏။ ဝမ်ထောင်သည် ၎င်းကို အနည်းငယ် ချိန်ညှိလိုက်ရာ သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ကွက်တိ ဖြစ်သွားသည်။

ချပ်ဝတ်၏ အသားသည် လက်မောင်းအကာနှင့် အနည်းငယ် ကွဲပြားပြီး ၎င်းသည် ထိုမျှလောက် မမာကျောဘဲ အတိုင်းအတာတစ်ခုအထိ ကွေးညွတ်နိုင်စွမ်း ရှိ၏။ ၎င်းကို ဝတ်ဆင်ပြီးနောက် သူ၏ လှုပ်ရှားမှုများကို အလွန်အကျွံ အဟန့်အတား ဖြစ်စေမည် မဟုတ်ပေ။

"မဆိုးဘူး၊ တကယ် မဆိုးဘူး"

ဝမ်ထောင်သည် ဤပစ္စည်းကို အလွန်စိတ်ကျေနပ်မှု ရှိသည်။

၎င်း၏ ခုခံမှုစွမ်းအားကိုမူ စမ်းသပ်ရန်မလိုဘဲ ကျည်ကာအင်္ကျီထက် သာလွန်ကောင်းမွန်မည်မှာ သေချာလှ၏။

ဤခေါင်းမာဇွန်ဘီချပ်ဝတ်သည် နောင်တွင် သူ၏ ပုံမှန်အသုံးဆောင်ပစ္စည်း ဖြစ်လာပေတော့မည်။ သူ ဝတ်ဆင်ထားသော ကျည်ကာအင်္ကျီကိုမူ ဝမ်ထောင်သည် တင်ယွီချင်ထံသို့ တိုက်ရိုက် ပေးအပ်လိုက်၏။

"နောက်မှ ဒီကျည်ကာအင်္ကျီကို ဝတ်ထားလိုက်"

အကယ်၍ ဝမ်ထောင်သာ နှစ်ထပ် ဝတ်ဆင်ထားပါက လှုပ်ရှားမှုကို အလွန်အကျွံ အဟန့်အတား ဖြစ်စေလိမ့်မည်။ ၎င်းကို တင်ယွီချင်အား ပေးထားခြင်းက ပို၍ သင့်တော်သည်။

"ကောင်းပါပြီ"

တင်ယွီချင်သည် ၎င်းကို ဝမ်းသာအားရ သိမ်းဆည်းလိုက်၏။

"ငါ ရေချိုးတော့မယ်။ မရီး၊ လာပြီး ငါ့ကျောကို ဂျီးတွန်းပေးဦး"

ဝမ်ထောင်သည် ချပ်ဝတ်ကို ချွတ်လိုက်ပြီးနောက် ရေချိုးခန်းဆီသို့ လျှောက်လှမ်းသွားသည်။

"အော်၊ ကောင်းပါပြီ"

တင်ယွီချင်သည်လည်း ပျာပျာသလဲ နောက်ကလိုက်သွား၏... ရေချိုးပြီးနောက် ၎င်းတို့နှစ်ဦးသည် အစားအစာအချို့ကို စားသောက်ကြပြီး ပစ္စည်းများကို စတင် ထုပ်ပိုးကြတော့သည်။ ဝမ်ထောင်သည် မနက်ဖြန်မနက်စောစော ထွက်ခွာရန် စိတ်ကူးထားသဖြင့် ကြိုတင်၍ ထုပ်ပိုးထားရခြင်း ဖြစ်၏။

"ပစ္စည်းတွေက တော်တော်များတာပဲ..."

သပ်ရပ်စွာ စီစဉ်ထားသော ပစ္စည်းစာရင်းကို ကြည့်ရင်း ဝမ်ထောင် အနည်းငယ် ခေါင်းခဲသွားရသည်။

ကမ္ဘာပျက်ကပ်အတွင်း၌ အိမ်ခြံမြေနှင့် ဘဏ္ဍာရေးကဲ့သို့သော အရာများစွာသည် တန်ဖိုးမရှိတော့ချေ။ သို့သော် ထပ်မံ ထုတ်လုပ်၍ မရနိုင်တော့သော အရာများစွာလည်း ရှိနေသေးသဖြင့် ဝမ်ထောင် လောလောဆယ် မလိုအပ်သော်လည်း ၎င်းတို့သည် တန်ဖိုးရှိနေဆဲ ဖြစ်သည်။

ဤအရာများအားလုံးသည် ပင်ပန်းကြီးစွာဖြင့် စုဆောင်းထားရသော ပစ္စည်းများ ဖြစ်သဖြင့် သူ စွန့်ပစ်ရန် အနည်းငယ် နှမြောနေမိ၏။ သို့သော် ပစ္စည်းများ ဤမျှလောက် များပြားနေသဖြင့် သူ၏ ကားတစ်စီးတည်းနှင့် ဆံ့မည် မဟုတ်ချေ... စဉ်းစားပြီးနောက် ဝမ်ထောင်သည် ပစ်ကပ်ထရပ်ကားကိုပါ မောင်းနှင်သွားရန် ဆုံးဖြတ်လိုက်သည်။ ယာဉ်နှစ်စီးဆိုလျှင် ပစ္စည်းအားလုံးကို ဆံ့နိုင်လောက်ပြီ ဖြစ်၏။

ပစ်ကပ်ထရပ်ကား၏ ဆူညံသံနှင့် ပတ်သက်၍မူ အမှန်တော့ အဆင်ပြေလောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပြင်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သူ သတိထားမောင်းနှင်ပါက မည်သည့်ပြဿနာမျှ ရှိလာနိုင်စရာ အကြောင်းမရှိပေ။ ရွှေကျဲစခန်းရှိ အချို့လူများသည်လည်း အပြင်ထွက်သည့်အခါ လောင်စာသုံးယာဉ်များကို မောင်းနှင်ကြသည်သာ ။

သူသည် ရွေးချယ်စိစစ်ကာ ညဉ့်မှောင်ချိန်အထိ ထုပ်ပိုးလိုက်ရာ နောက်ဆုံးတွင် ယာဉ်နှစ်စီးစလုံး၌ ပစ္စည်းများ ပြည့်နှက်သွားတော့သည်။

"ထွက်ခွာတော့မယ်ဆိုမှ ရုတ်တရက် အနည်းငယ် တွယ်တာစိတ် ဝင်လာသလိုပဲ..."

ဝမ်ထောင်သည် ပြတင်းပေါက်အပြင်ဘက်မှ ရွာသွန်းနေသော မိုးကို ကြည့်ရင်း အနည်းငယ် ခံစားမိသွားမိ၏။

တင်ယွီချင်သည် ဝမ်ထောင်ကို စကားတစ်ခွန်းမျှမဆိုဘဲ မှီနေသည်။ သူမ၏ စိတ်ထဲတွင်မူ တွယ်တာစိတ် အနည်းငယ်မျှ မရှိဘဲ ဝမ်ထောင်နှင့်အတူ အမြန်ဆုံး ထွက်ခွာကာ ဘဝသစ်တစ်ခုကို စတင်ချင်စိတ်သာ ရှိနေ၏။

"ဒါပေမဲ့ ဒီအိမ်က လောလောဆယ်အထိတော့ အတော်လေးဘေးကင်းသေးတယ်။ ဒီအတိုင်း ထားခဲ့ရင် နှမြောစရာပဲ... ဒီနေရာကို နည်းနည်ူ ပြုပြင်ပြီး ယာရီဘေးကင်းလုံခြုံရေးအိမ်အဖြစ် ပြောင်းလဲလိုက်ရင် ကောင်းမလား"

အဘယ်ကြောင့်ဆိုသော် ဟက်ပီးနပ်စ်လူနေရပ်ကွက်သည် ကမ္ဘာပျက်ကပ် စတင်ကတည်းက ဝမ်ထောင် တစ်လခန့် အသက်ရှင်ကျန်ရစ်ခဲ့သော နေရာ ဖြစ်သည်။ ဤအတိုင်း စွန့်ပစ်ခဲ့ပါက နှမြောစရာ ကောင်းလှ၏။ ရွှေကျဲစခန်းမှ လူများသည်လည်း စခန်း၏ အပြင်ဘက်တွင် ယာယီဘေးကင်းလုံခြုံရေးအိမ်များကို တည်ဆောက်လေ့ရှိကြသည်။ အကယ်၍ ၎င်းတို့ အန္တရာယ်နှင့် ကြုံတွေ့ရလျှင် သို့မဟုတ် ညအိပ်တည်းခိုရန် လိုအပ်လျှင် ထိုဘေးကင်းလုံခြုံရာအိမ်များသို့ သွားရောက်နိုင်သဖြင့် မရင်းနှီးသော နေရာတစ်ခုသို့ သွားရသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သည်။

တွေးမိသည်နှင့် သူ ချက်ချင်း လုပ်တော့သည်။ ဝမ်ထောင်သည် တင်ယွီချင်ကို ဆွဲခေါ်ကာ ဤယာယီဘေးကင်းလုံခြုံရေးအိမ်ကို မည်သို့ ပြုပြင်မွမ်းမံရမည်ကို တိုင်ပင်တော့၏။

ဤနေရာတွင် မည်သူမျှ နေထိုင်တော့မည် မဟုတ်သဖြင့် ဝမ်ထောင်သည် ဇွန်ဘီများ ဝင်ရောက်လာခြင်းကို တားဆီးရမည့်အပြင် အခြားအသက်ရှင်ကျန်ရစ်သူများ လာရောက်သိမ်းပိုက်ခြင်းကိုလည်း ကာကွယ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒါက သူ၏ ကိုယ်ပိုင်အိမ် ဖြစ်သဖြင့် သူသည် အခြားသူများကို မျှဝေပေးရလောက်အောင် သဘောထားမကြီးနိုင်ပေ။

ခဏမျှ တိုင်ပင်ပြီးနောက် ဝမ်ထောင်သည် အဆောက်အဦး ၄ တစ်ခုလုံးကို ယာယီဘေးကင်းလုံခြုံရာအိမ်အဖြစ် ပြောင်းလဲပစ်ရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ တိုက်ခန်းဝန်းတစ်ခုလုံး၏ ဧရိယာသည် သူ၏အတွက် ကျယ်ဝန်းလွန်းသဖြင့် သူ စွမ်းအင် အကုန်အကျမခံနိုင်သလို မလိုအပ်လဲ မလိုအပ်ချေ။ ထို့ပြင် တိုက်ခန်းဝန်း၏ တံတိုင်းများသည် နံရံများကို တွားတက်နိုင်သော ရူးသွပ်ဇွန်ဘီများကို မတားဆီးနိုင်ချေ။

ဝမ်ထောင်သည် မူလက နောက်နေ့မနက်တွင် ထွက်ခွာရန် စိတ်ကူးထားသော်လည်း ဤယာယီဘေးကင်းလုံခြုံရာအိမ်ကို တည်ဆောက်ရန်အတွက် နောက်ထပ်တစ်ရက် အချိန်ဆွဲလိုက်ရသည်။

တစ်နေ့တာလုံး အချိန်ယူခဲ့ရပြီးနောက် နောက်ဆုံးတွင် ယာယီဘေးကင်းလုံခြုံရေးအိမ်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့၏။

အဆောက်အဦး ၄ ရှိ ပြတင်းပေါက်အားလုံးနီးပါးကို အတွင်းဘက်မှ ပိတ်ဆို့လိုက်သော်လည်း ပြတင်းပေါက်နှစ်ခုကိုမူ မပိတ်ဘဲ ချန်ထားခဲ့သည်။ သို့သော် ၎င်းတို့သည်လည်း ပိတ်ဆို့ထားသကဲ့သို့ ထင်မှတ်ရ၏။ ၎င်းသည် ဝမ်ထောင် မိမိကိုယ်ကိုယ်အတွက် ချန်ထားခဲ့သော တံခါးဖြစ်ပြီး အဝင်အထွက် ပြုလုပ်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထမထပ်ရှိ အဆောက်အဦးအဝင်ဝတံခါးကို ဝမ်ထောင်က အတွင်းဘက်မှ လုံးဝ ပိတ်ဆို့ထားပြီးဖြစ်သောကြောင့် ဖြစ်၏။

သူသည် သော့ဖွင့်တတ်သဖြင့် အခြားသူများလည်း ဖွင့်နိုင်လောက်၏။သို့သော် တံခါးကို သေချာပိတ်ဆို့ထားလိုက်လျှင်တော့ မည်မျှပင် နည်းပညာကောင်းမွန်ပါစေ ဖွင့်နိုင်မည် မဟုတ်တော့ပါ။

ထို့နောက် အမိုးပေါ်ဝရန်တာကို ဖြေရှင်းရန်ရှိနေသေး၏။ သူသည် ဝရန်တာ၏ ဘေးပတ်ပတ်လည်တွင် သံပီပါများနှင့် အခြားပစ္စည်းအချို့ကို ချထားခဲ့ပြီး သစ်သားအချို့ကိုလည်း ဝရန်တာပေါ်၌ ချန်ထားခဲ့သည်။ အကယ်၍ ရူးသွပ်ဇွန်ဘီများ နံရံကို တွားတက်လာပါက မီးရှို့၍ ၎င်းတို့ကို ပြန်လည်မောင်းထုတ်နိုင်ရန် ဖြစ်၏။

အိမ်ထဲတွင်မူ တန်ဖိုး သိပ်မရှိသော်လည်း စွန့်ပစ်ရန် နှမြောစရာကောင်းသော ရိက္ခာနှင့်ပစ္စည်းအချို့ကို ချန်ထားခဲ့လေသည်...။

တတိယမြောက်နေ့ မွန်းတည့်ချိန်တွင်တော့ အားလုံးပြီးသွားခဲ့၏။

"မရီး...သွားကြစို့၊ ထွက်ခွာမယ်"

.........

All Chapters