အခန်း ၄၁၃
Vol. 42 Ch. 413
အခန်း ။ ၄၁၃
"ကန့်သတ်ချက်ရှိတဲ့ စွမ်းရည်တစ်ခုလား"
ရွှီရန် အံ့ဩသွားသည်။
ကျူးယွီဟန်းက "ကျွန်မရဲ့ အသက်စွမ်းအင်ကို လောင်ကျွမ်းပြီး အနာဂတ်ကာလက ကျွန်မရဲ့ ပုံစံကို ခေါ်ယူနိုင်ပါတယ်။ ဘယ်လောက်အထိ အချိန်ပေးနိုင်လဲဆိုတာအပေါ် မူတည်ပါတယ်" ဟု ရှင်းပြသည်။
ရွှီရန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီတစ်ခါလည်း အသက်စွမ်းအင်ကို သုံးရမှာလား။ ဒါကို ခဏဘေးဖယ်ထားလိုက်ပါဦး" ဟု ပြောသည်။
ကျူးယွီဟန်း၏ ပါရမီမှာ ထူးခြားလွန်းသဖြင့် အသက်ကို လောင်ကျွမ်းပြီး တိုက်ခိုက်စွမ်းအား ရယူခြင်းမျိုးကို ရွှီရန် မလုပ်စေချင်ပေ။
ကျူးယွီဟန်းက ဆက်ပြောသည်။
"ဟုတ်ကဲ့ ဒီစွမ်းရည်က ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာနဲ့အမျှ ပေးဆပ်ရမယ့် တန်ဖိုးကလည်း လျော့နည်းသွားမှာပါ။ တစ်နေ့ကျရင် အသက်ကို လောင်ကျွမ်းစရာ မလိုဘဲ အနာဂတ်က ကျွန်မကို ခေါ်ယူနိုင်မှာပါ"
ရွှီရန်က ခေါင်းငြိမ့်ပြသည်။
"အရာရာကို ရပ်တန့်စေခြင်းနဲ့ အချိန်ရွှေ့ပြောင်းခြင်း စွမ်းအားတွေက တိုးတက်လာတာဆိုတော့ ဒီစွမ်းရည်ကိုတော့ ခဏထားလိုက်ပါဦး"
"ဟုတ်ကဲ့"
"နောက်ပြီးတော့ ကျွန်မရဲ့ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း ၁.၇ သန်းအထိ ရောက်သွားပါပြီ"
ကျူးယွီဟန်း ပြောပြီးသည်နှင့် ကျားမလေးက "ကျွန်မအလှည့် ကျွန်မအလှည့်" ဟု ဝင်ပြောသည်။
ရွှီရန်က ရယ်မောရင်း "ကောင်းပါပြီ မင်းအလှည့်ပါ" ဟု ပြောသည်။
"ကျွန်မရဲ့ ရွှေရောင်မျှော်စင်လေးက ရွှေရောင်မျှော်စင်ကြီး ဖြစ်သွားပြီ"
သူမ ပြောလိုက်သည်နှင့် တောက်ပနေသော ရွှေရောင်မျှော်စင်ကြီးတစ်ခု ပေါ်လာခဲ့သည်။
"ကျွန်မရဲ့ ရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးကလည်း အရင်ကထက် ငါးဆအထိ ပိုကျယ်သွားပြီ"
ကျားမလေး၏ အာကာသစွမ်းရည်မှာ အကွာအဝေးအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ခြင်းဖြစ်ပြီး အခုလို အကွာအဝေး ပိုကျယ်သွားခြင်းက သူမ၏ တိုက်ခိုက်ပုံကို ပိုမိုသွက်လက်
စေသည်။
တန်ချီချီ၊ ကွမ်ရှင်း၊ နင်ရွှမ်းတို့၏ ပံ့ပိုးမှုနှင့် ကျူးယွီဟန်း၏ ထိန်းချုပ်မှုတို့နှင့် ပေါင်းစပ်လိုက်လျှင် သူတို့ငါးဦးမှာ နတ်ဘုရားအဆင့် သတ္တဝါများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ရွှီရန်က ခေါင်းငြိမ့်ကာ "ဒီတစ်ခေါက် တိုးတက်မှုတွေက မဆိုးပါဘူး။ မင်းတို့ငါးယောက်တောင်မှ နတ်ဘုရားအဆင့်ကို စတင်ရောက်ရှိနေတဲ့ သတ္တဝါတွေကို သတ်နိုင်တဲ့အထိ ဖြစ်သွားပြီပဲ" ဟု ချီးကျူးသည်။
"အစ်ကိုကြီး... ခေါင်းဆောင်ရော ဘယ်လိုဖြစ်သွားလဲ"
ကျားမလေးက မေးသည်။
ရွှီရန်က လက်ကို ဝှေ့ယမ်းကာ "ငါ့ရဲ့ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ခုနစ်သန်းအထိ ရောက်သွားပြီ။ တစ်ကိုယ်လုံးရဲ့ တိုက်ခိုက်စွမ်းအား ဆယ်ဆလောက် တိုးလာတာပေါ့" ဟု ပြောသည်။
ရွှီရန်၏ စကားကြောင့် အံ့ဖွယ်စစ်သည်စုဝင်များမှာ တုန်လှုပ်သွားကြသည်။ သူတို့၏ စွမ်းရည်များမှာ အသစ်ဖြစ်လာသော်လည်း ရွှီရန်၏ တိုးတက်မှုလောက် မများပေ။
"အစ်ကိုကြီးက အရင်တုန်းက သွေးစွမ်းအင် ၂၅ သန်းရှိတုန်းကတောင် နတ်ဘုရားနတ်ဆိုးတွေကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တာ။ အခု ဆယ်ဆလောက် ထပ်တိုးလာတာဆိုတော့ လူတွေ ဘယ်လိုနေရတော့မှာလဲ"
ကျားမလေးက အော်ပြောသည်။
ရွှီရန်သည် နတ်ဘုရားနတ်ဆိုး လေးဦးကို တိုက်ခိုက်ခဲ့စဉ်ကပင် သူ၏ စွမ်းအားမှာ အလွန်ကြောက်ခမန်းလိမ့်မည် ဖြစ်ကြောင်း သူတို့ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
"မင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတိုင်း မင်းတို့ကို ကာကွယ်ပေးနိုင်ဖို့အတွက် ငါက သန်မာနေရမှာပေါ့"
ရွှီရန် ပြောပြီးနောက် ဘေးတွင် ကြည့်ရှုနေသော ကျူးရွီက "မင်းတို့ရဲ့ ပါရမီတွေကို မြင်ရတာတောင် ငါ တကယ်ကို အံ့ဩမိပါတယ် မင်းတို့ တစ်ယောက်ချင်းစီရဲ့ ပါရမီတွေက ရှေးခေတ်ကာလမှာဆိုရင်တောင် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တဲ့သူတွေချည်းပဲ" ဟု ပြောလိုက်သည်။
ကျူးရွီသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပါရမီရှင်များကို အများအပြား မြင်ဖူးသော်လည်း အံ့ဖွယ်စစ်သည်စုဝင်များ၏ ပါရမီကိုမူ အလွန်မြင့်မားစွာ သတ်မှတ်ထားသည်။
"ကဲ... ဒီလျှို့ဝှက်နယ်ပယ်ထဲက အကြီးမားဆုံး အခွင့်အရေးကို မင်းတို့ ရသွားပြီ။ နယ်မြေတစ်ခုစီမှာ အသန်မာဆုံး ဝိညာဉ်ဆေးဝါးတွေကို မင်းတို့ စုပ်ယူနိုင်ခဲ့ပြီ"
ရွှီရန်က "ဒါဆိုရင်တော့ ကျွန်တော်တို့ လျှို့ဝှက်နယ်ပယ်ထဲက ထွက်သွားတော့မယ်။ အပြင်ဘက်မှာ အန္တရာယ်ကြီးတဲ့ ရန်သူတွေ ရှိနေသေးတယ်" ဟု ပြောသည်။
"ကောင်းပြီ"
စကားအဆုံးတွင် အနီရောင်မီးတောက်များ ပေါ်လာပြီး သူတို့ကို လျှို့ဝှက်နယ်ပယ်ထဲမှ ခေါ်ထုတ်သွားခဲ့သည်။ လျှို့ဝှက်နယ်ပယ် အပြင်ဘက်တွင် စောင့်နေသော ယဲ့ဖျင်မှာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်အငွေ့အသက်ကို ခံစားလိုက်ရသည်။
မီးတောက်များ ပျောက်ကွယ်သွားသောအခါ အံ့ဖွယ်စစ်သည်စုမှာ သူတို့ရှေ့တွင် ပေါ်လာသည်။
"အရမ်းမြန်မြန် ပြန်ရောက်လာတာပဲ" ယဲ့ဖျင် အံ့ဩသွားသည်။
ရွှီရန်က "ဒီတစ်ခေါက် လျှို့ဝှက်နယ်ပယ်ထဲမှာ အန္တရာယ် မရှိပါဘူး။ ကျင့်ကြံသူတွေအတွက် အကျိုးအများကြီး ရှိပါတယ်" ဟု ရှင်းပြသည်။
ထို့နောက် ရွှီရန်က လျှို့ဝှက်နယ်ပယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ဝိညာဉ်ဆေးဝါးကြီး သုံးမျိုးအကြောင်းကို ချန်လှပ်ကာ ယဲ့ဖျင်အား ရှင်းပြသည်။
နားထောင်ပြီးနောက် ယဲ့ဖျင်မှာ ယုံနိုင်ဖွယ်မရှိအောင်ပင် အံ့ဩသွားပြီးနောက် အံ့ဖွယ်စစ်သည်စုကို စူးစမ်းကြည့်ရှုကာ ခေါင်းခါလိုက်သည်။
"မင်းတို့တွေက တကယ်ကို... အထင်ကြီးဖို့ ကောင်းလွန်းတယ်"
သူတို့ လျှို့ဝှက်နယ်ပယ်ထဲ မဝင်ခင်တုန်းက ယဲ့ဖျင်သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံနိုင်သော်လည်း ယခုမူ အာရုံခံ၍ မရတော့ပေ။
ဆိုလိုသည်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ယဲ့ဖျင်ထက် ပိုမိုမြင့်မားသွားပြီဖြစ်သည်။
"ကဲ... နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းကို အရင်ပြန်ကြပါ။ ကျောင်းအုပ်ကြီး စောင့်နေလိမ့်မယ်"
"ဟုတ်ကဲ့"
...
နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်း။
ကျောင်းအုပ်ကြီးသည် မှော်မှန်ဘီလူး စစ်သည်စုကို တောအုပ်ထဲသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်တွင် ရွှီရန်တို့အဖွဲ့ ပြန်ရောက်လာသည်။
"ဒီတစ်ခေါက် တကယ်မြန်တာပဲ"
ကျောင်းအုပ်ကြီး အံ့ဩသွားသည်။
ရွှီရန်က "ဒီတစ်ခေါက် လျှို့ဝှက်နယ်ပယ်မှာ အန္တရာယ် မရှိပါဘူး" ဟု ဖြေသည်။
ရွှီရန်က မှော်မှန်ဘီလူး စစ်သည်စုကို ခေါ်ဆောင်လာသော ချင်ရီဟိုကို တွေ့လိုက်ရသည်။
"အန္တရာယ်မရှိပေမဲ့ ဘာမှ မရဘဲ ပြန်လာရဖို့ အခွင့်အရေးလည်း ရှိပါတယ်"
ကျောင်းအုပ်ကြီး နားမလည် ဖြစ်သွားသည်။ ရွှီရန်က ဝိညာဉ်ဆေးဝါးအကြောင်းနှင့် အံ့ဖွယ်စစ်သည်စု၏ ပြောင်းလဲမှုများ၊ သူတို့၏ ထူးခြားသော စွမ်းအားများအကြောင်းကို ရှင်းပြသည်။ မှော်မှန်ဘီလူး စစ်သည်စုမှာ စိတ်ဝင်တစား နားထောင်နေကြသည်။
တစ်ဖက်တွင် လီယန်သည် ရွှီရန်ကို အမြဲတမ်း စောင့်ကြည့်နေပြီး သူ၏ အာရုံခံမှုဖြင့် အံ့ဖွယ်စစ်သည်စုကို စူးစမ်းသည်။
"မဖြစ်နိုင်တာ"
လီယန် အံ့ဩတကြီး အော်လိုက်သည်။
"ဘာဖြစ်တာလဲ"
နတ်ဘုရားနတ်ဆိုး တားဆီးရေးအဖွဲ့ ခေါင်းဆောင်က မေးသည်။
"အရင်က ရွှီရန်အဖွဲ့ရဲ့ သွေးစွမ်းအင်က ငါတို့နဲ့ အတူတူပဲ ရှိတာ။ အခု ငါ အာရုံခံကြည့်တာ ဘယ်လောက်ရှိလဲဆိုတာတောင် မခွဲခြားနိုင်တော့ဘူး။ သူတို့တွေရဲ့ သွေးစွမ်းအင်က ငါတို့ထက် ပိုများနေတာပဲ။ သူတို့က ၁၂ နှစ်ပဲ ရှိသေးတာလေ"
လီယန်က ရွှီရန်ထံ ချဉ်းကပ်လာပြီး "မင်းတို့ရဲ့ စွမ်းအားတွေ ထပ်တိုးလာတာလား" ဟု မေးသည်။
ရွှီရန်က "ဦးလေးလီ... တာဝေးမှ မတွေ့တာ ကြာပြီနော်" ဟု နှုတ်ဆက်သည်။
လီယန်က "ရိုးရိုးသားသားပဲ ပြောစမ်းပါ။ မင်းတို့ရဲ့ လက်ရှိစွမ်းအားကို ပြောပြပါဦး။ ငါတို့လို အပြင်ဘက် စစ်မြေပြင်က လူတွေလည်း သိရအောင်ပေါ့" ဟု ပြောလိုက်သည်။
ရွှီရန်က "ဦးလေးလီ... သေချာလို့လား။ ဦးလေးရဲ့ နှလုံးသားက ဒါကို ခံနိုင်ရည်ရှိပါ့မလား" ဟု မေးသည်။
လီယန်က "ဆက်ပြောစမ်းပါ" ဟု ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ အဖွဲ့မှာ ကျွန်တော့်ကို ဖယ်လိုက်ရင် အားလုံးရဲ့ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ၁.၇ သန်းအထိ ရောက်သွားပါပြီ။ သူတို့ငါးယောက် ပေါင်းလိုက်ရင် နတ်ဘုရားအဆင့် သတ္တဝါတွေကိုတောင် တိုက်ခိုက်နိုင်ပြီး သတ်ပစ်နိုင်တဲ့အထိ စွမ်းအား ရှိပါတယ်"
ဤစကားကို ကြားပြီးနောက်တွင် ရှိနေသူအားလုံးမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။ ၁.၇ သန်း ဆိုသည်ကပင် များလှပြီ ဖြစ်သော်လည်း နတ်ဘုရားအဆင့်ကို တိုက်ခိုက်နိုင်သည်မှာ ပို၍ပင် အံ့ဩစရာ ကောင်းသည်။
ယခုလက်ရှိ လူသားများတွင် ရွှီရန် တစ်ဦးတည်းသာ နတ်ဘုရားအဆင့်ကို တိုက်ခိုက်နိုင်ပြီး အခြားသော စစ်သည်စုများမှာမူ အဖွဲ့လိုက် ပူးပေါင်းမှသာ တိုက်ခိုက်နိုင်ကြသည်။
ယခုမူ အံ့ဖွယ်စစ်သည်စုဝင်များမှာ ပူးပေါင်းပါက နတ်ဘုရားအဆင့် သတ္တဝါများကို တိုက်ခိုက်နိုင်သည်ဟူသော သတင်းမှာ စစ်သည်စုအားလုံးကို တုန်လှုပ်သွားစေသည်။
လီယန်က "တ... တကယ်လား" ဟု မယုံနိုင်စွာ မေးသည်။
ကျားမလေးက "ဦးလေးလီ... သမီး တစ်ခါမှ လိမ်မပြောဖူးပါဘူး" ဟု ယုံကြည်ချက်ရှိရှိ ဖြေသည်။
လီယန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး "ကောင်းပြီ ဒါက တကယ်ကို ကောင်းမွန်တဲ့ သတင်းပဲ" ဟု ပြောလိုက်သည်။