← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈)

ကျားသားပေါက်လေးနှစ်ကောင်၏ ဟိန်းဟောက်သံကြောင့် ရွာလူကြီးသည် နားစည် ကွဲထွက်မည့်အလား ခံစားလိုက်ရလေသည်။ သူသည် ထိတ်လန့်တကြားဖြင့် အပြင်သို့ ပြေးထွက်ရန် ကြိုးပမ်းသော်လည်း ထိုကျားလေးနှစ်ကောင်မှာ သူ၏ ဘောင်းဘီစအား မြဲမြံစွာ ခဲထားကြ၏။ ရွာလူကြီးသည် ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ တုန်ယင်နေရရှာတော့သည်။

“ဝု... ဝု”

ထိုစဉ် ခွေးကြီးသည် ရွာလူကြီး၏ရှေ့တွင် ကာကွယ်ပေးသည့်အဟန်ဖြင့် ရပ်တန့်လိုက်ကာ အမွေးဖြူနှင့် အမွေးဝါတို့ကို မောင်းထုတ်ပေးလေသည်။ ကျားနှစ်ကောင်နှင့် ခွေးတစ်ကောင်တို့၏ ရင်ဆိုင်မှုသည် တစ်ခဏချင်း ဖြစ်ပေါ်လာလေ၏။ ရွာလူကြီးသည် ထိုမြင်ကွင်းကို ကြည့်ကာ အလွန် စိတ်လှုပ်ရှားသွား၍ ထိုသို့ပြောလိုက်လေသည်။

“လိမ္မာလိုက်တဲ့ကောင်လေး၊ နောက်ဆိုရင် ရွာထိပ်ကိုလာခဲ့၊ ငါ့အိမ်က အရိုးတွေကို မင်းအတွက်ပဲ အကုန်ချန်ထားပေးမယ်”

ခွေးကြီးသည် အမြီးအား တယမ်းယမ်းလုပ်ကာ ခေါင်းအား မော့ထားသော ဟန်ပန်အမူအရာသည် ထိုအရိုးအနည်းငယ်ကို ဂရုမစိုက်တော့သည့်အလား ထောင်လွှားလှပေသည်။ ထိုသည်မှာ စိတ်ကူးယဉ်မှုသက်သက် ဖြစ်၏။

ခွေးဆိုသည်မှာ အရိုးစားရသည်အား နှစ်သက်ကြသည်။ သို့သော် ယခုအချိန်တွင် ထိုအကြောင်းကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ခွေးကြီးသည် ကျားလေးနှစ်ကောင်အား ပိတ်ဆို့ထားစဉ် ရွာလူကြီးသည် နောက်ကိုပင် လှည့်မကြည့်တော့ဘဲ အိမ်အပြင်သို့ အပြေးအလွှား ထွက်ခွာသွားလေ၏၊။ ထိုနေရာတွင် သူ၏ဘဝ နိဂုံးမချုပ်‌ရေးကို အထူး စိုးရိမ်နေမိ၏။

သို့ရာတွင် ရွာလူကြီးသည် ခြံဝကိုပင် မ‌ရောက်လိုက် သူ၏ လည်ပင်းပေါ်သို့ လေးလံသော အရာတစ်ခု ရောက်ရှိလာ၍ သူ၏ ခါးကြီးသည် ချက်ချင်း ကိုင်းညွှတ်သွားရတော့၏။

“အို... ဒုက္ခပါပဲ၊ ဒါက ဘာကြီးလဲ၊ အား... မကုတ်နဲ့လေ”

သူ၏ လည်ပင်းပေါ်တွင် မည်သည့်အရာတက်ခွနေသည်အား မသိရသော်လည်း အပြင်းအထန် ကုတ်ခြစ်ခံနေရသည်မှာတော့ အမှန်ဖြစ်၏။ ရွာလူကြီးသည် နာကျင်လွန်းသဖြင့် ခြံဝန်းအတွင်း ခုန်ပေါက်နေရသော်လည်း သူ၏အပေါ်မှ အမွေးပွပွ အရာအား ခါမချနိုင်ခဲ့ချေ။

ထိုမျှအထိ ဒုက္ခရောက်မည်မှန်းသိလျှင် လင်းယန်ထံသို့ စာရွက်စာတမ်းများ လာရောက်ပေးအပ်ခြင်းအား ကိုယ်တိုင်လုပ်ဆောင်ခဲ့မည်မဟုတ်ပေ။ ယခု သူ့လည်ပင်းပေါ်သို့ ရောက်ရှိလာသော အရာမှာ မည်သည့်အရာနည်း။

“ရွာလူကြီး၊ ခင်ဗျား ဒီမှာ နတ်ကနေတာလား”

ပင်ပန်းလွန်းသဖြင့် ချွေးများ ရွဲနေသော ရန်အာဟူသည် ခြံဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာစဉ် ရွာလူကြီး တစ်ယောက် ခုန်ပေါက်နေသည်အား မြင်လိုက်ရသဖြင့် အံ့အားသင့်သွား၏။ ထိုမြင်ကွင်းသည် အလွန် ရယ်မောဖွယ် ကောင်းလှပေသည်။

လင်းယန်၏ နှုတ်ခမ်းအစုံ တုန်ယင်သွားကာ ထိုသို့မေးလိုက်လေသည်။

“သူ့လည်ပင်းပေါ်မှာ မျောက်တစ်ကောင် တက်ခွနေတာကို မင်းမမြင်ဘူးလား”

ရန်အာဟူသည် လက်ခုပ်တဖောက်ဖောက်တီးရင်း နားလည်သဘောပေါက်သွားဟန် ပြလေသည်။

“ဩော်... ဒါဆို ရွာလူကြီးက ဆပ်ကပ်လည်း ပြတတ်တာပေါ့”

လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ထုတ်လွှင့်နေဆဲဖြစ်သဖြင့် ထိုမြင်ကွင်းကို ကြည့်ရှုသူအားလုံး မြင်တွေ့သွားကြရတော့၏။

“ဟားဟား... ဒီလူကြီးက ရှီရွှေကျေးရွာမှာ ဆက်နေဖို့ အစီအစဉ် မရှိတော့ဘူးထင်တယ်”

“ဆပ်ကပ်ပြတာတဲ့လား၊ ရယ်ရလွန်းလို့ သေတော့မယ်”

“မင်းကတော့ တကယ် ပြောတတ်တယ်ဟေ့၊ နောက်လည်း အများကြီးပြောပေးပါဦး”

“ဒါနဲ့... ဒီမျောက်က မနေ့ညက ပေါ်လာတဲ့ ရွှေရောင်မျောက်ကြီး မဟုတ်ဘူးလား”

“သေချာကြည့်တော့လည်း ဟုတ်သလိုပဲ ၊ဒါပေမဲ့ သူ့ကျောပေါ်မှာ ဒဏ်ရာအသစ် ပါလာသလားလို့”

“မျောက်အိုကြီးက ဘာလို့ ထပ်ပြေးလာရတာလဲ”

“ဟုတ်ကောက Hostရဲ့အိမ်ကို တကယ် သဘောကျနေတာပဲ”

“ဘယ်သူမှ ထူးဆန်းတယ်လို့ မထင်ကြဘူးလား ၊ ရွှေရောင်မျောက်ဆိုတာ အုပ်စုနဲ့နေတဲ့ သတ္တဝါလေ ၊ ဒါပေမဲ့ ဒီမျောက်အိုကြီးက နှစ်ခါစလုံး တစ်ကောင်တည်း ပေါ်လာတာနော်”

“ဒါဆိုရင် သူ့အမျိုးအနွယ်တွေက သူ့ကိုဝိုင်းပယ်ထားကြတာများလား”

“အသက်ကြီးလို့ အနှိမ်ခံရတာလား မသိဘူး”

ကွန်မန့်များတွင် အမျိုးမျိုး ဝေဖန်ဆွေးနွေးနေကြသော်လည်း လင်းယန်သည် စိတ်မရှည်တော့သဖြင့် ရန်အာဟူ၏ ခေါင်းအား တစ်ချက် ပုတ်လိုက်ကာ ခိုင်းလိုက်လေသည်။

“ရွာလူကြီး၊ မျောက်နှောက်ယှက်တာ ခံနေရပြီ ၊ ပစ္စည်းတွေ အမြန်ချပြီး ကူညီလိုက်ဦး”

ရွာလူကြီးသည် လင်းယန်နှင့် ရန်အာဟူတို့အား မြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ဝမ်းသာသွားရှာတော့၏။

“မင်းတို့ လူဆိုးလေးတွေ နောက်ဆုံးတော့ ပြန်လာကြပြီပဲ ၊ မင်းတို့သာ ပြန်မလာရင် ငါ့ဘဝတော့ မတွေးဝံ့စရာပဲ”

ရန်အာဟူသည် အင်္ကျီလက်ကို လိပ်တင်ကာ ရွှေရောင်မျောက်ကြီးကို နောက်မှ ဖက်၍ ဆွဲယူသော်လည်း ထိုမျောက်ကြီးသည် ရွာလူကြီး၏ ဆံပင်အား မြဲမြံစွာ ဆွဲထားသဖြင့် လုံးဝ မခွာနိုင်ချေ။ ရွာလူကြီးသည် နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေရလေသည်။

“ထပ်မဆွဲနဲ့တော့ အာဟူလေးရယ်၊ ဒီမှာ ငါနာလို့သေတော့မယ်ဟ”

အခြေအနေ မဟန်သဖြင့် ရန်အာဟူသည် လက်လွှတ်လိုက်ရကာ ကျိန်ဆဲလေတော့သည်။

“ဒီမျောက်စုတ်ကတော့ ဘာလို့ အကြောင်းမရှိဘဲ လူကို တိုက်ခိုက်နေရတာလဲ၊ အမြန်လွှတ်စမ်း မလွှတ်ရင်တော့ အတွေ့ပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် အသက်ရှုရန်ပင် မေ့သွားလောက်တဲ့အထိ တအံ့တဩ ကြည့်နေကြလေသည်။

အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် မျောက်များသည် ပို၍ ဉာဏ်ရည်ထက်မြက်ကြသည်မှာ အမှန် ဖြစ်၏။ မျောက်များသည် လူသားတို့၏ ရိုးရှင်းသော အမိန့်ပေးသံများအား နားလည်နိုင်စွမ်း ရှိကြလေသည်။ သို့သော် ရန်အာဟူ၏ ခြိမ်းခြောက်မှုသည် အလွန် ပေါ့ပျက်လွန်းလှပေသည်။

မျှော်လင့်ထားသည့်အတိုင်း ဟုတ်ကော သည် ထိုစကားအား ကြားသောအခါ ပို၍ ဒေါသထွက်လာကာ ရွာလူကြီး၏ ခေါင်းကို အဆက်မပြတ် ရိုက်နှက်တော့၏။

“တော်ပြီ၊ တော်ပြီ၊ ရပ်လိုက်ကြပါတော့”

ရွာလူကြီးသည် စိတ်မကောင်းစွာဖြင့် ညည်းညူမိတော့၏။ သူကဲ့သို့သော သိက္ခာရှိသည့် ရွာလူကြီးတစ်ဦးသည် မျောက်တစ်ကောင်၏ နှိပ်စက်မှုကို ပြန်လည်မခုခံနိုင်ပဲ ခံနေရသည်မှာ ဝဋ်ကြွေးကြီးလှပေသည်။

လင်းယန်သည် မတတ်နိုင်သည့်အဆုံး ဗီရိုထဲမှ စပျစ်ဝိုင်အိုးငယ်လေးတစ်အိုးအား ထုတ်ယူလိုက်လေသည်။

“အိမ်လုပ် စပျစ်ဝိုင်တွေ အကုန်ကုန်သွားပြီ၊ဒါက နောက်ဆုံးကျန်တဲ့ အိုးလေးပဲ၊ ရွာလူကြီးကို လွှတ်ပေးမယ်ဆိုရင် ဒါကို မင်းကို တိုက်မယ်”

စပျစ်ဝိုင်အိုးအား ဖွင့်လိုက်သည်နှင့် သင်းပျံ့လှသော ရနံ့သည် ပျံ့နှံ့သွားတော့၏။ အရက်ကြိုက်သူတစ်ဦးဖြစ်သည့် ရွာလူကြီးသည် ခန္ဓာကိုယ်မှ နာကျင်မှုများကို ခေတ္တမျှ မေ့လျော့သွားရလေသည်။

“လိမ္မာလိုက်တဲ့ ကောင်လေး ငါ့ကွယ်ရာမှာ ဒီလောက်ကောင်းတဲ့အရာတွေကို သောက်နေတာလား”

မျောက်အိုကြီးသည် ရနံ့ကို ရှူရှိုက်လိုက်ရင်း သူ၏ လှုပ်ရှားမှုများအား ရပ်တန့်လိုက်၏။ သူ၏ ဝိုင်းစက်သော မျက်လုံးအစုံသည် လင်းယန်၏ လက်ထဲရှိ ဝိုင်အိုးကို စိုက်ကြည့်နေတော့သည်။ မနေ့က မြည်းစမ်းခဲ့ဖူးသော အရသာအား ပြန်လည်သတိရသွားသည့် ဟန်ပန်အမူအရာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်နေလေ၏။ ပါးစပ်မှလည်း တတွတ်တွတ် မြည်တမ်းနေလေသည်။

လင်းယန်၏ နှုတ်ခမ်းတွင် ပြုံးရိပ်တစ်ခု ထင်ဟပ်သွားကာ မျောက်အိုကြီးအား လာရောက်ယူရန် အချက်ပြလိုက်၏။ မနေ့က အရသာကို မမေ့သေးသော မျောက်အိုကြီးသည် ဘာမှမပြောဘဲ ရွာလူကြီးပေါ်မှ ခုန်ဆင်းလာလေသည်။

သူသည် ဝိုင်အိုးအား ပွေ့ပိုက်ကာ တစ်ငုံချင်း အရသာခံ၍ သောက်သုံးနေ၏။ ထိုမြင်ကွင်းအား ကြည့်၍ ရွှေရောင်မျောက်များသည်လည်း အရက်စွဲတတ်ကြသည်ဟု ရွာလူကြီး တစ်ဦးတည်း ရေရွတ်နေမိလေသည်။

မျောက်အိုကြီးသည် ဝိုင်အိုးကို တစ်စုံတစ်ဦးမှ လုယူရန်ပြေးလိုက်လာသည့်အလား ဝိုင်အားလုံးကို တစ်ခါတည်း သောက်ပစ်လိုက်၏။

သောက်ပြီးသောအခါတွင် အားမရသေးသည့်ဟန်ပန်ဖြင့် နှုတ်ခမ်းကို သပ်နေပြန်သည်။ လင်းယန်သည် ဆေးသေတ္တာအား အသာအယာ ထုတ်ယူကာ မျောက်အိုကြီး၏ ဒဏ်ရာကို ပိုးသတ်၍ ဆေးထည့်ပေးကာ ပတ်တီးစည်းပေးလိုက်လေ၏။

ကြည့်ရှုသူများသည် အံ့အားသင့်စွာဖြင့် ကြည့်နေကြရလေသည်။

“တကယ်ကို ကျွမ်းကျင်တာပဲ”

“နေဦး... ဒါက မနေ့ညက ဖြစ်ခဲ့တာနဲ့ မတူဘူးလား”

“ခဏလေး... ဒီမျောက်အိုကြီး ဘာလို့ Host ရဲ့ အိမ်ကို ထပ်လာရသလဲဆိုတာ ကျွန်တော် သိပြီထင်တယ်၊ မနေ့က ဝိုင်အရသာကို ပြန်တမ်းတနေလို့ ဖြစ်ရမယ်”

“မနေ့က စပျစ်ဝိုင်တစ်ငုံကြောင့်နဲ့ ဒီမျောက်အိုကြီးက လင်းယန်အပေါ် မှီခိုသွားတာပေါ့ ဟုတ်လား”

“ဒါကလွဲရင် တခြား ဘာရှိနိုင်ဦးမှာလဲ”

“ဒါပေမဲ့ ဟုတ်ကောက Host ရဲ့ လက်ထဲမှာဆိုရင် တကယ်ကို လိမ္မာနေတာပဲနော်”

“ဟဲဟဲ တောတောင်ရဲ့ ဘုရင်တောင် သူ့လက်ထဲမှာ ကြောင်ပေါက်လေးလို ဖြစ်နေတာ၊ မျောက်တစ်ကောင်ဆိုတာကတော့ ပြောနေစရာ လိုဦးမလား”

“ဒါနဲ့... ရွာလူကြီးကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလား”

မျောက်အိုကြီးသည် လင်းယန် ပတ်တီးစည်းပေးသည်အား ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ လင်းယန်သည် ခဏမျှ စဉ်းစားပြီးနောက် မေးမြန်းလိုက်လေသည်။

“ဒီဒဏ်ရာက မင်းတို့မျိုးနွယ်အချင်းချင်း ကုတ်ခြစ်ထားတဲ့ ပုံစံမျိုးပဲနော်”

All Chapters