← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆)

"တောကြက်တစ်ကောင်ပါလား"

"ဒါဆို မင်းတို့နှစ်ကောင်က ခြံထဲမှာမနေဘဲ ကိုယ့်ဘာသာကိုယ် အပြင်ထွက်ပြီး အမဲလိုက်နေကြတာပေါ့လေ"

လင်းရန်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

ထိုအမူအရာကြောင့် အမွှေးဖြူနှင့် အမွှေးဖြူဝါတို့မှာ အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရလေသည်။

၎င်းတို့သည် တောကြက်ကို မြေပြင်ပေါ်သို့ ချထားကာ ခေါင်းများကို ငုံ့ထားကြပြီး လင်းရန်၏မျက်လုံးများကိုပင် မကြည့်ဝံ့ကြတော့ပေ။

ခဏတာမျှ ရှိနေခဲ့သော ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အရိပ်အယောင်များနှင့် မိမိကိုယ်မိမိ ကျေနပ်အားရနေသည့် ပုံစံများမှာ အဘယ်အရပ်သို့ လွင့်စင်သွားခဲ့ပြီနည်း။

လင်းရန်သည် သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ကာ ဆိုလိုက်သည်။

"ဒီညစာအတွက် ငါတို့ ဒီတောကြက်နှစ်ကောင်ကိုပဲ ချက်စားကြတာပေါ့"

ထို့နောက် သူသည် အမွှေးဖြူနှင့် အမွှေးဖြူဝါတို့၏ ခေါင်းများကို ပွတ်သပ်ပေးရင်း ချော့မော့ပြောဆိုလေသည်။

"မင်းတို့က ငယ်သေးတော့ အမဲလိုက်နိုင်တဲ့ စွမ်းရည် မရှိသေးဘူး၊ တောင်ပေါ်မှာ ဘေးအန္တရာယ်တွေ အမျိုးမျိုးရှိတယ်၊ တကယ်လို့ မင်းတို့ ထိခိုက်ဒဏ်ရာရသွားရင် မင်းတို့အမေကြီးကို ငါဘယ်လို ရှင်းပြရမလဲ"

ထိုကျားကလေးနှစ်ကောင်မှာ ကျားမကြီးက လင်းယန်ထံတွင် လာရောက်အပ်နှံထားခြင်း ဖြစ်သည်။ အထက်လူကြီးများကလည်း စောင့်ကြည့်နေကြရာ တစုံတရာ အမှားအယွင်းဖြစ်ပွားပါက တာဝန်ယူ ရှင်းလင်းနိုင်ရန် လမ်းစရှိတော့မည်မဟုတ်ပေ။

"ဝေါင်း... ဝေါင်း"

ထိုကျားကလေးနှစ်ကောင်မှာ လင်းရန်၏စကားများကို နားလည်ပုံရပြီး သူ့အား တိုးဝှေ့ကပ်ချွဲနေကြလေသည်။

လင်းရန်က ရယ်မောလျက် ကတိတောင်းလိုက်သည်။

"ကဲ... ကဲ... တော်ပြီ၊ နောက်ဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်ထွက်ပြီး အမဲမလိုက်ရဘူးနော်"

ခွင့်လွှတ်မှု ရရှိသွားသည်နှင့် အမွှေးဝါသည် လင်းရန်၏ ခြေဖဝါးနားတွင် လှည့်ပတ်ကာ ခြေထောက်များကို လျက်နေ၍ အမွှေးဖြူလေးမှာမူ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ချစ်စဖွယ် အမူအရာများဖြင့် ကလေးဆိုး ဆိုးနေလေသည်။

"ခဏနေရင် မင်းတို့အတွက် နို့မှုန့်ဖျော်ပေးမယ်၊ တကယ်လို့ တောင်ပေါ်တက်ချင်တယ်ဆိုရင်တော့ မနက်ဖြန်ကျမှ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"

သူသည် ကျားသစ်ကလေးများကို တစ်ခါမျှ မမွေးဖူးသော်လည်း ငယ်စဉ်က အဖိုးနှင့်အတူ နေထိုင်စဉ်တွင် ကြောင်တစ်ကောင် မွေးဖူးခဲ့သည်။

ကြောင်မျိုးနွယ်ဝင် သတ္တဝါအားလုံးမှာ သဘာဝချင်း တူညီကြလိမ့်မည်ဖြစ်ကြောင်း သူက ယူဆထား၏။

၎င်းတို့သည် အိမ်ထဲတွင်သာ အောင်းနေရသည်ကို နှစ်သက်ကြသူများ မဟုတ်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က စပျစ်သီးများ ဆွတ်ခူးနေရသဖြင့် အလုပ်ရှုပ်နေကာ ထိုကျားကလေးနှစ်ကောင်ကို ဂရုမစိုက်နိုင်ဘဲ ပစ်ထားမိခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။

လင်ယန်အနေဖြင့် တောင်ပေါ်သို့ တက်ရန် ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်းမှာ ယနေ့ တွေ့ရှိခဲ့ရသော တောဝက်ကြီးကြောင့်လည်း ပါဝင်သည်။

ထိုရွာတွင် တောဝက်များကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ရွာသူရွာသားများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်စေရန်အတွက် သူက တောင်ပေါ်သို့ တက်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

တောဝက်ဘုရင်ပင် တောင်ပေါ်မှ ဆင်းလာခဲ့ပြီဆိုလျှင် နောင်တွင် တောဝက်အုပ်စုကြီးများ ဆင်းလာနိုင်သည်။

ထို့ကြောင့် သူသည် အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားမှသာ အထက်လူကြီးများထံသို့ တင်ပြနိုင်မည် ဖြစ်သည်။

ရွာသားများ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန် စဉ်းစားရင်း လင်းရန်သည် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်လေသည်။

"ဘာ... ရွာထဲမှာ တောဝက်ဘုရင်ကြီး ပေါ်လာတယ် ဟုတ်လား၊ ဟုတ်ပါတယ်၊ သူ့ရဲ့ ပုံပန်းသဏ္ဌာန်အရ ဆိုရင် ပေါင် ၅၀၀ ကျော်လောက် ရှိနိုင်ပါတယ်၊ ဒါဟာ တောဝက်ဘုရင်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး"

ညွှန်ကြားရေးမှူး ဦးလီသည် နားထောင်နေရင်း ထိတ်လန့်တုန်လှုပ်သွားရ၏။

ဝက်ဆိုသဖြင့် ကျားများကဲ့သို့ ခွန်အားမကြီးမားဟု အထင်မသေးသင့်ပေ။

တောဝက်ဘုရင်တစ်ကောင်၏ ဖျက်ဆီးနိုင်စွမ်းမှာ မည်သည့်ကျားနှင့်မဆို ယှဉ်နိုင်လေသည်။ ထို့ကြောင့် လင်းရန်က ၎င်းအကြောင်းကို ပြောပြသောအခါ ညွှန်ကြားရေးမှူးမှာ ချက်ချင်းပင် အလေးအနက် ထားတော့သည်။

"ငါ အခုချက်ချင်းပဲ လူတွေကို လွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်မယ်၊ အဲဒီ တောဝက်ဘုရင်ကို ဖမ်းဆီးနိုင်ဖို့ ဒါမှမဟုတ် ဘေးကင်းတဲ့ နေရာကို မောင်းထုတ်နိုင်ဖို့ ကြိုးစားရမှာပဲ"

ညွှန်ကြားရေးမှူး ဦးလီထံမှ အကြောင်းပြန်ကြားချက်ကို ရရှိပြီးနောက်တွင်မှ လင်းယန်သည် စိတ်သက်သာရာ ရသွားလေသည်။

တကယ်တမ်း လင်းယန်သည် တောဝက်ဘုရင် ထွက်ပြေးစဉ်ကပင် ဟန့်တားနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း တောဝက်ဘုရင်ကို သတ်ဖြတ်ရန် ဆန္ဒမရှိခဲ့ပေ။

တောတောင်များ၏ ဂေဟစနစ်သည် ထိုတောတောင်၌ကျက်စားလျက်ရှိသော သတ္တဝါမျိုးနွယ် အားလုံးပေါ်တွင် မှီခိုနေသည်။ တောဝက်ဘုရင်မှာ ဤတောတောင်များတွင်သာ မွေးဖွားကြီးပြင်းခဲ့ခြင်း ဖြစ်ရာ ၎င်းအား အဆင်အခြင်မဲ့ သတ်ဖြတ်လိုက်ခြင်းသည် တောင်တန်းအသွယ်သွယ်၏ ဂေဟစနစ်ကို ပျက်စီးစေရုံသာ ရှိလိမ့်မည်။

ထို့ကြောင့် ဘေးကင်းရာသို့ မောင်းထုတ်နိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အထက်မှ ညွှန်ကြားချက်များကို စောင့်ကြည့်ရမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ အဓိကတာဝန်မှာ ‘လယ်တောအိမ်’ ကျေးလက်အပန်းဖြေစခန်း လုပ်ငန်းကို စတင်လည်ပတ်ရန် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုလုပ်ငန်းမှာ ယခုအခါ အမြတ်အစွန်းများ ရရှိနေပြီ ဖြစ်သည်။ သူရောင်းချလိုက်သော ဝိုင်များမှ ယွမ်တစ်သောင်းနီးပါး ရရှိခဲ့လေသည်။

လင်းရန်သည် သီချင်းလေးတစ်ညည်းညည်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်တမ်းတင်အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

ထိုအခါတွင်မှ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရတော့သည်။

အဘယ်ကြောင့် ပစ္စည်းပြန်အပ်သည့် အမှာစာများ ဤမျှလောက် များပြားနေရသနည်း။

ဤလူများက သူ့ကို ပြောင်လှောင်ကျီစယ်နေကြခြင်းလော။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူများစွာမှာ လှိမ့်ဝင်လာကြလေသည်။

ဝင်ရောက်လာသူအများစုမှာ သူ့အား ဆဲဆိုကဲ့ရဲ့ရန် လာကြသူများသာ ဖြစ်သည်။

"မင်းက ဘယ်လိုသတ္တိနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေရသေးတာလဲ"

"မင်းကိုကြည့်ရတာ ရွံဖို့ကောင်းလိုက်တာ၊ ဒါကြောင့်ပဲ မင်းဆီက ဝိုင်သုံးပုလင်းတောင် မှာထားမိတာ၊ အခုချက်ချင်း ငွေပြန်အမ်းပေး"

"ဒီအစီအစဉ်ထဲကနေ ထွက်သွားစမ်း"

"လင်းရန်... ထွက်သွားလိုက်တော့"

"မင်း ဘာလို့ သေမသွားရတာလဲ"

"တစ်ဖက်လူ သေတော့မယ့်အရေးကို ဘေးကနေ ထိုင်ကြည့်နေတဲ့လူ၊ လောဘတွေ တက်ပြီး မျက်စိကွယ်နေတာပဲ ဖြစ်မှာပါ"

"ရွံစရာကောင်းတဲ့ လူစားမျိုးပဲ"

"မင်းရဲ့ နောက်ကွယ်က ငွေရှင်ကြေးရှင်က ဘယ်သူလဲ၊ ဒီတစ်ခါရော မင်းရဲ့ပုံရိပ်ကို ဘယ်လိုများ ပြန်ကောင်းအောင် လုပ်ဦးမလို့လဲ"

"အို... မင်းက တိုက်ရိုက်လွှင့်နေတာပဲလား၊ ကျားသစ်ကလေးနှစ်ကောင်ကိုရော ပြန်ခေါ်လာခဲ့ရဲ့လား"

"ကျားသစ်ကလေးတွေမပါရင် မင်းရဲ့ထုတ်လွှင့်မှုက စိတ်ဝင်စားစရာ မကောင်းဘူး"

"မင်းနောက်ကွယ်က လူတွေက တကယ်ပဲ ငွေသုံးနိုင်တာပဲ၊ အမျိုးသားအဆင့် ကာကွယ်ထားတဲ့ သတ္တဝါတွေကိုတောင် မင်းကို ထောက်ပံ့ဖို့ ငှားပေးထားတယ်ပေါ့"

"အမှန်အတိုင်းပြောရရင် ငါလည်း သိချင်မိတယ်၊ အမျိုးသားအဆင့် ကာကွယ်ထားတဲ့ သတ္တဝါတွေကို ငှားဖို့ဆိုရင် ငွေဘယ်လောက်တောင် ကုန်မလဲဆိုတာလေ"

လင်းရန်သည် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအချိန်က ဝမ်တာ့လီနှင့် အခြားသူများက ဖြစ်ရပ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်မည်ဟု ချက်ချင်း ရိပ်မိလိုက်သည်။

သူသည် လူအုပ်ကြီး၏ ကဲ့ရဲ့ရှုံ့ချမှုများကို လျစ်လျူရှုလိုက်ကာ ဖုန်းကိုသာ စနစ်တကျ နေရာချထားလိုက်လေသည်။

ထို့နောက် ခြံဝင်းအတွင်းရှိ နွားတင်းကုပ်ကို ပြုပြင်ရန် စတင်လေတော့သည်။ ကျားသစ်ကလေးနှစ်ကောင်မှာလည်း သူ့အနီးအနားတွင် ခွန်အားအပြည့်ဖြင့် ခုန်ပေါက်ပြေးလွှားနေကြသည်။

ကြည့်ရှုနေသူများသည် ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ ပိုမို၍ ဒေါသထွက်လာကြလေသည်။ ထို့တင်မကဘဲ ရှန်ချန်းသစ်တောဦးစီးဌာန ကိုလည်း လူမှုကွန်ရက်ပေါ်တွင် တရစပ် အကြောင်းကြား နေကြတော့သည်။

၎င်းဌာနသည် လင်းယန်နှင့် ပူးပေါင်းကြံစည်နေသည်ဟု လူများက ယုံကြည်နေကြခြင်း ဖြစ်သည်။

ဤရုတ်ရုတ်သဲသဲ ဖြစ်ရပ်များမှာ ရှန်ချန်းသစ်တောဦးစီးဌာနထံသို့ ပျံ့နှံ့ရောက်ရှိသွားလေသည်။

ညွှန်ကြားရေးမှူး လီသည် ထိုသတင်းကို ကြားရသောအခါ ဆိုလိုက်၏။

"ဒါဟာ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေပဲ"

ညွှန်ကြားရေးမှူး လီသည် စားပွဲကို လက်ဖြင့် အရှိန်အဟုန်ဖြင့် ရိုက်လိုက်လေကာဆို၏။

"ဒီကောလာဟလကို ဘယ်သူက စပြီး ဖြန့်တာလဲ"

အတွင်းရေးမှူးချုပ်က သတိထားကာ တင်ပြလိုက်၏။

"ဒါဟာ တခြားပြိုင်ပွဲဝင် လေးယောက်ဆီကနေ လာတာပါ၊ လင်းရန်ရဲ့ နောက်ကွယ်မှာ ငွေရှင်ကြေးရှင်တွေက ကြိုးကိုင်နေတာလို့ သူတို့က အခိုင်အမာ ပြောနေကြပါတယ်၊ ညွှန်ကြားရေးမှူး... ကျွန်တော်တို့ ဒီကိစ္စမှာ ဝင်ပါသင့်သလား"

ညွှန်ကြားရေးမှူး လီသည် ဒေါသဖြစ်နေသော်လည်း လက်ကာပြလိုက်ကာ ဆိုလိုက်၏။

"ဒီကိစ္စကို လင်းယန်လေး ကိုယ်တိုင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"

လင်းယန်၏ ဖြေရှင်းနည်းမှာ လျစ်လျူရှုခြင်းပင် ဖြစ်လေသည်။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များတွင် သူ့အား ဆဲဆိုနေကြသည်ကို မသိကျိုးကျွံပြုထား၏။

"မိသားစုဝင်တို့ရေ... ကျွန်တော်တို့ ဒီနွားတင်းကုပ်ကို နောက်ဆုံးတော့ ပြုပြင်လို့ ပြီးသွားပါပြီ၊ 'လယ်တောအိမ်' လုပ်ငန်းအတွက် အဖွဲ့ဝင်သစ် သုံးဦးတောင် ရခဲ့တယ်လေ၊ အခုတော့ ကျွန်တော်တို့ နေ့လယ်စာ စချက်ကြတော့မယ်၊ ဒါတွေကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ထားတဲ့ လတ်ဆတ်တဲ့ ပြောင်းဖူးစေ့တွေပါ၊ ဒီနေ့ ဘာချက်မလဲဆိုတာ ခန့်မှန်းကြည့်ကြပါဦး"

စပျစ်သီးများကို ရေဆေးနေသော ရန်အာဟူသည် ဟင်းနံ့ကို ရရှိသည်နှင့် တပြိုင်နက် ရောက်ရှိလာတော့သည်။

"နေ့လယ်စာက ဆန်ပြုတ်လား၊ အသားဟင်းလေး ဘာလေးရော မရနိုင်ဘူးလား"

ရန်အာဟူ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။

အိုးထဲမှ ဆန်ပြုတ်မှာ အလွန်ပင် စားချင်စဖွယ် ကောင်းနေသော်လည်း သူသည် အသားကြိုက်သူဖြစ်သဖြင့် အသားကိုသာစားလိုလှပေသည်။

"ပြောင်းဖူးဆန်ပြုတ်က အစာအိမ်အတွက် အရမ်းကောင်းတယ်"

လင်းရန်သည် အေးအေးလူလူ ဆိုလိုက်သည်။

ရန်အာဟူသည် တိုးတိုးလေး ရေရွတ်လေသည်။

"ဒါပေမဲ့ ငါတို့က အနပ်တိုင်းကို ဆန်ပြုတ်ပဲ သောက်နေလို့ မဖြစ်ဘူး မဟုတ်လား"

လင်းရန်သည် သူ့အား ကြည့်လိုက်ကာ မေးလိုက်သည်။

"သူတို့ ဘာစားစား မင်းနဲ့ ဘာဆိုင်လို့လဲ”

“လူတွေက ဒါကိုပဲ စားချင်ကြတာလေ၊ ထားလိုက်ပါတော့... ငါ အရင်ဆုံး တစ်ပန်းကန်လောက် သောက်ကြည့်ဦးမယ်"

ရန်အာဟူသည် အလုပ်ကို အချိန်အတော်ကြာ လုပ်ကိုင်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်းနေကာ ဟင်းရည်တစ်ပန်းကန် အပြည့်ကို ချက်ချင်းပင် ခတ်ယူလိုက်လေသည်။

"မင်းက ဝက်တွေနဲ့ အစာလုစားရတာကို တော်တော်သဘောကျပုံရတယ်"

လင်းရန်သည် ရန်အာဟူကို မဲ့ကာပြောလိုက်သည်။

ရန်အာဟူသည် ဟင်းရည်ကို တစ်ငုံသောက်လိုက်စဉ် ထိုစကားကို ကြားလိုက်ရသဖြင့် ပန်းကန်ထဲသို့ပင် ပြန်လည် ထွေးထုတ်လိုက်ရတော့သည်။

"ဒါက ဝက်စာ ပြန်ဖြစ်သွားပြန်ပြီလား"

All Chapters