အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇)
၎င်းသည် ဝက်စာဖြစ်ကြောင်း သိရှိသွားပြီးနောက်တွင် ယန်အားဟူသည် ဒေါသတကြီးဖြင့်ပင် ထိုအစာများကို ပန်းကန်လုံးအပြည့် ခပ်ယူစားသောက်လေတော့သည်။
ရန်အာဟူသည် ဗိုက်ကားအောင် စားသောက်ပြီးနောက် အားပါးတရ လေတက်ကာ ဝမ်းဗိုက်ကို ပွတ်သပ်နေကြ၏။
"သိပ်စားကောင်းတာပဲဗျာ"
သူသည် ဖန်သားပြင်ရှေ့ရှိ ကြည့်ရှုသူ ပရိသတ်များကို ငေးမောကြည့်နေမိသည်။
လွန်ခဲ့သော စက္ကန့်ပိုင်းက လင်းယန်ကို ဒေါသတကြီး စွပ်စွဲခဲ့ကြသည်ကို သူတို့အားလုံး လုံးဝမေ့လျော့သွားကြသည်။
"နေပါဦး... ဒီဝက်စာက တကယ်ပဲ အဲ့ဒီလောက်တောင် စားကောင်းလို့လား"
"ဒါကို ဝက်စာလို့ မခေါ်ကြပါနဲ့တော့ဗျာ၊ ဒါက တကယ့်ကို ချိုမြိန်ပြီး အရသာရှိတဲ့ ပြောင်းဖူးဆန်ပြုတ်ကြီးပါ"
"တောက်... ငါတစ်လ ခြောက်ထောင်ရတာတောင် ဝက်စားသလောက် ကောင်းကောင်းမစားရဘူး"
"ရောင့်ရဲစမ်းပါကွာ၊ မင်းက ခြောက်ထောင်တောင် ရသေးတယ်၊ ငါတို့လို သုံးထောင်ပဲရတဲ့လူတွေက နေ့တိုင်း အသင့်စားခေါက်ဆွဲပဲ စားနေရတာ"
"အခုခေတ်က အခြေအနေတွေ ပြောင်းသွားပြီလေ၊ အခုဆို အသားထက် ဟင်းသီးဟင်းရွက်က ပိုဈေးကြီးနေပြီ၊ အထူးသဖြင့် အော်ဂဲနစ်လို့ နာမည်တပ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဆိုရင် ဈေးက ပိုလို့တောင် မြင့်သေးတယ်"
"ဝါး... အစ်ကိုလင်းရာ၊ ကျွန်တော် မှားသွားပါတယ်၊ ခုနက ဆဲမိတာကို ခွင့်လွှတ်ပါဗျာ၊ ကျွန်တော့်ကိုလည်း တစ်လုတ်လောက် ကျွေးပါဦး"
"ဟေ့လူ... မင်းက အစားတစ်လုတ်အတွက်နဲ့ ဒီလောက်တောင် သိက္ခာမဲ့ရသလားဗျ"
"ကျွန်တော်တော့ သူ့ဘဝကို ရုတ်တရက် အားကျမိသွားပြီ၊ အေးအေးဆေးဆေးနဲ့ အလုပ်လည်း ရှိတယ်၊ ကျွန်တော့်မှာတော့ နေ့တိုင်း အစောကြီးထွက်၊ ညမိုးချုပ်မှ ပြန်ရတာ၊ ပိုက်ဆံလည်း သိပ်မစုမိသလို ကျန်းမာရေးလည်း ဆိုးဆိုးဝါးဝါး ပါပဲဗျာ"
"ဒီအစီအစဥ်ကို ကျေးလက်ဒေသမှာ ရိုက်ကူးတာကတော့ အတွေးကောင်းတယ်လို့ ပြောရမယ်"
"ဟုတ်တယ်၊ အိမ်ပြန်ပြီး တောင်ယာပဲ လုပ်ချင်စိတ် ပေါက်သွားတယ်"
"ဒါကြောင့်လည်း လီပိုင်က 'အရှေ့ဘက် ခြံစည်းရိုးနားမှာ ဂန္ဓမာပန်းတွေ ခူးရင်း၊ တောင်ဘက်တောင်တန်းတွေကို အေးအေးလူလူ ငေးကြည့်နေတယ်' လို့ ရေးနိုင်ခဲ့တာပေါ့"
"မင်းလို စာမတတ်ပေမတတ်ကတော့ကွာ၊ ဒါက ဝမ့်ဝေ့ရေးခဲ့တာလေ"
ထိုအခါ ထောင်ယွမ်မင်က ဆိုလိုက်၏။
"ဒါဆို ဘယ်သူကများ ငါ့ဘက်က ပြောပေးဦးမှာလဲ"
လင်းယန်သည် မိမိအတွက် ခေါက်ဆွဲတစ်ပွဲချက်ပြုတ်လိုက်ရာ ထိုခေါက်ဆွဲ၏ မွှေးပျံ့သော ရနံ့ကြောင့် ရန်အာဟူသည် မနေနိုင်တော့ဘဲ အနည်းငယ် ခပ်ယူစားသုံးလေသည်။
"မင်း ငါ့ဆီမှာ အလုပ်လုပ်ဖို့ နေခဲ့ပြီဆိုတော့ ငါ မင်းကို လစာမပေးဘဲ မနေပါဘူး"
"တစ်လ ငါးထောင်ဆိုရင်ကော ဘယ်လိုလဲ၊ စားစရိတ်နဲ့ နေစရိတ် ငြိမ်းပေါ့"
လင်းယန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထပ်ပေါင်းပြောကြားလိုက်သည်။
"အလုပ်လုပ်တာ သုံးလပြည့်ရင် လစာတိုးပေးမယ်၊ တစ်နှစ်ပြည့်ရင်တော့ နှစ်ကုန်ဆုကြေးပါ ပေးမယ်၊ တစ်ခုခုလိုအပ်ရင်လည်း ခွင့်ယူလို့ရပါတယ်"
ခေါက်ဆွဲကို ခေါင်းမဖော်တမ်း စားနေသော ရန်အာဟူသည် ထိုစကားကို ကြားလိုက်ရသောအခါ အားရပါးရ တစ်ချက်မျိုချလိုက်ပြီး လင်းယန်ကို မျက်လုံးများ အရောင်တောက်လျက် ကြည့်လိုက်လေသည်။
"လင်းယန်... မဟုတ်ဘူး၊ သခင် လင်း"
"ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပဲ"
ရန်အာဟူသည် မျက်ရည်များပင် ဝဲလာသည်။
သူသည် ပြင်ပလောကတွင် အလုပ်အကိုင် ရှာဖွေခဲ့ဖူးသော်လည်း မြို့ကြီးများရှိ လုပ်ခလစာမှာ အလွန်တရာ နည်းပါးလှ၏။
စားစရိတ်နှင့် နေစရိတ် မပါဝင်ဘဲ တစ်လလျှင် ယွမ်လေးငါးထောင်ခန့်သာ ရရှိတတ်သည်။
အိမ်ငှားခ ပေးပြီးပါက မိမိစားသောက်ရန်ပင် မနည်းချွေတာနေရသဖြင့် ငွေစုရန်မှာ အိပ်မက်မျှသာ ဖြစ်လေသည်။
ထို့ပြင် အလုပ်ရှင်၏ ဒေါသကို သည်းခံရသည့်အပြင် ဖောက်သည်များကိုလည်း မျက်နှာချိုသွေး ပေါင်းသင်းရသေးသည်။
တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက်များ၏ ဖယ်ကြဉ်ခြင်းကိုလည်း ခံရတတ်သေး၏။
ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့်သာ ယန်အားဟူသည် မိမိ၏ ဇာတိရပ်ရွာသို့ ပြန်လာပြီး လမ်းသရဲလေးသဖွယ် နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခုကို ရရှိလိမ့်မည်ဖြစ်ကြောင်း သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
အွန်လိုင်းအသုံးပြုသူများမှာလည်း အံ့အားသင့်ကုန်ကြကာ ငြိမ်သက်သွားကြလေသည်။
"တစ်လ ငါးထောင်၊ စားရိတ်ငြိမ်း နေရိတ်ငြိမ်း ဟုတ်လား၊ ငါ နားကြားမမှားပါဘူးနော်"
"မဟုတ်ဘူးလေ၊ သုံးလပြည့်ရင် လစာတိုးပေးမယ်လို့ ပြောတာ မကြားလိုက်ဘူးလား၊ ငါ ဒီကုမ္ပဏီမှာ လုပ်တာ သုံးနှစ်ရှိပြီ၊ လစာတစ်ပြားမှ မတိုးသေးဘူး"
"ဘေကျင်းကို ရောက်နေတဲ့သူတွေတော့ မျက်ရည်ကျကုန်ပြီ၊ အစ်ကိုကြီး... လူအင်အား ထပ်လိုသေးလားဗျာ၊ ကျွန်တော် အစေခံလိုမျိုး လာလုပ်ပေးလို့ ရမလား"
"ခွင့်လည်း လိုသလောက် ယူလို့ရတယ်တဲ့လား၊ အဲ့ဒီလောက် ကောင်းတဲ့အလုပ်ရှင်မျိုး ဘယ်မှာ သွားရှာရမလဲ"
"စားရိတ်ငြိမ်း၊ နေရိတ်ငြိမ်းနဲ့ တစ်လ ငါးထောင်ရမယ့်အလုပ် ဆိုတာ ငါ့ရဲ့ အိပ်မက်ထဲက အလုပ်ပဲ"
"အရေးကြီးဆုံးက ရုံးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်နေရတာမျိုး မရှိဘူးလေ။ ပြီးတော့ တိရစ္ဆာန်တွေနဲ့ပဲ နေရတာဆိုတော့ ကတောက်ကဆဖြစ်မှာစိတ်ပူစရာလည်း မလိုဘူး"
"ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော် တကယ်သွားချင်နေပြီ"
"အစ်ကိုအားဟူရေ... အဲ့ဒီအလုပ်ကို ကျွန်တော့်ကို ပြန်ရောင်းပါလား၊ နှစ်သောင်း ပေးပါ့မယ်"
"ဟားဟား... အပေါ်ကလူကတော့ ကြမ်းတယ်ဟေ့"
"ကျွန်တော်က တခြားရည်ရွယ်ချက် မရှိပါဘူး၊ ကျေးလက်ဘဝကိုပဲ သဘောကျလို့ပါ"
"ကျွန်တော်လည်း ဝယ်ချင်တယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကုမ္ပဏီမှာ နေ့တိုင်း အချိန်ပိုဆင်းရတာကို ငြီးငွေ့လှပြီ"
"ငါ ရှန်ဟိုင်းမှာ တစ်လ တစ်သောင်းခွဲရပေမဲ့ ဘာလို့ သူ့ရဲ့ ငါးထောင်လောက် တန်ဖိုးမရှိသလို ခံစားနေရတာလဲ"
"ဒါက ပုံမှန်ပါပဲ၊ ရှန်ဟိုင်းမှာက စားစရိတ်နဲ့ အိမ်လခက ဈေးကြီးတာကိုး၊ အဲ့ဒါတွေ နှုတ်လိုက်ရင် မင်းဆီမှာ ငါးထောင်တောင် ကျန်ချင်မှကျန်မှာ၊ ပြီးတော့ စားရတာကလည်း သူ့လောက် ကောင်းမှာ မဟုတ်ဘူး"
"ရှန်ဟိုင်းမှာ အလုပ်လုပ်နေတဲ့ သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြောရရင်တော့ အပေါ်ကလူ ပြောတာ တကယ့်ကို မှန်တယ်"
"ဒီအလုပ်ကို ဘယ်လိုရနိုင်မလဲ"
"အေးလေ... သူက နည်းနည်း အေးစက်စက်နိုင်တာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ အလုပ်သမားအပေါ်တော့ မညှာမတာ မလုပ်ဘူးပဲ"
"ဝက်တွေကိုတောင် ဒီလောက်ကျွေးတာ၊ သူ့ဆီမှာ အလုပ်လုပ်ရင် ဘယ်လောက်တောင် ဝလာမလဲ မသိဘူး"
"ကျွန်တော့်ကိုလည်း တစ်ချက်လောက် ကြည့်ပေးပါဦး၊ ကျွန်တော်လည်း ကျေးလက်ကပါပဲ၊ လယ်ယာအလုပ် မှန်သမျှ အကုန်ကျွမ်းကျင်ပါတယ်"
"ကျန်းထျန်း၊ အသက် ၃၂ နှစ်၊ တိရစ္ဆာန်ရုံမှာ အလုပ်လုပ်သက် ၇ နှစ်ရှိပါပြီ၊ လုပ်ငန်းအတွေ့အကြုံ အများကြီး ရှိပါတယ်"
"တောက်... အပေါ်ကလူကတော့ လွန်ပြီဗျာ"
"ဘယ်သူမှ ဒီအလုပ်ကို ငါ့ဆီက လုဖို့ မကြိုးစားနဲ့"
"နေပါဦး... ခုနကတင် သူ့ကို သွေးအေးတဲ့လူ၊ ရက်စက်တဲ့လူလို့ ပြောနေကြတာ မဟုတ်ဘူးလား"
"လျှောက်မပြောနဲ့လေ… ဒါက ကျွန်တော်တို့ရဲ့ ချစ်လှစွာသော CEO လင်းပါဗျာ၊ အဲ့ဒီလို ဘယ်ပြောပါ့မလဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ လျှောက်မပြောနဲ့တော့"
"သတိထားနော်၊ အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်"
ဤအဖြစ်အပျက်၏ ဇာတ်လိုက်ဖြစ်သော ရန်အာဟူမှာမူ ထိုနေရာတွင်ပင် လင်းယန်ကို ဒူးထောက်ဦးချချင်စိတ် ပေါက်သွားလေတော့သည်။
"အဲ့ဒီလောက်ထိ မလိုပါဘူး၊ အမြန်စားစမ်းပါ၊ ဗိုက်ဝပြီဆိုရင် ဒီနေ့ နေ့လယ် ငါးစာသွားရိတ်ရမယ်"
"ဟိုဘက်က ကန်ထဲက ငါးတွေကို အစာမကျွေးတာ နှစ်ရက်ရှိပြီ"
"ဒီရက်ပိုင်း မင်းအလုပ်က မနက်ပိုင်း နွားကျောင်းရမယ်၊ ညနေပိုင်းကျရင် စပျစ်သီးခူးရမယ်"
ယန်အားဟူသည် ခေါင်းကို အကြိမ်ကြိမ် ညိတ်လျက် အားတက်သရော ဖြေကြားလိုက်၏။
"တာဝန်ကျေပွန်စေရပါ့မယ်"
*တင်တောင်*
ထိုစဉ် သူ့ဖုန်းအတွင်းသို့ မက်ဆေ့ချ်အသစ်တစ်ခု ရောက်ရှိလာလေသတည်း။