← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁)

“လွှင့်တဲ့သူက ဒီအတိုင်းကြီး အေးအေးဆေးဆေးလှဲနေတာလား”

“ဒီနေ့ တောဝက်ဘုရင်ကို လာရှာတာဆို၊ အခုလိုလှဲနေရုံနဲ့ ဘယ်လိုလုပ် ရှာတွေ့မှာလဲ”

“သစ်ငုတ်တိုမှာ ယုန်စောင့်သလိုမျိုး ဝက်ကိုစောင့်နေတာလား”

“တောဝက်ဘုရင်က အဲဒီလောက်အထိတော့ မအပါဘူး”

“တောဝက်ဘုရင်က တကယ်အတာပါ၊ အနံ့ရတာနဲ့ ချက်ချင်း ရောက်လာမှာ အသေအချာပဲ”

“ဘယ်လောက်တောင် ကြာအောင် စောင့်ရဦးမှာလဲ”

“သခင်လေး မင်း၊ ဝူအန်းကို တောင်းပန်ဖို့ လိုသေးတယ်နော်”

လင်းယန်သည် မြက်ပင်တစ်ပင်အား ပါးစပ်တွင် ကိုက်ကာ အေးအေးလူလူ လှဲလျောင်းနေသည်။ တောင်တောတောင်စွန်း၏ လေထုသည် သန့်ရှင်းလတ်ဆတ်လှ၍ ငှက်သံလေးများသည်လည်း တစ်ချက်တစ်ချက် ပျံ့လွင့်လာတတ်၏။ ပတ်ဝန်းကျင်၌ ပေါက်ရောက်နေသော မှိုကလေးများသည်လည်း မြင်ရသူအပေါင်းအား စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။

“ဘာတွေ လောနေကြတာလဲ”

တောဝက်ဘုရင်သည် သားကောင်ဖြစ်လာမည်အား သူ အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ လင်းယန်သည် မြေပြင်ပေါ်တွင် မျက်လုံးမှေးကာ လဲလျောင်းနေရင်း အိပ်ပျော်သွားသည်။

“လွှင့်တဲ့သူ အိပ်ပျော်သွားတာလား၊ တောဝက်ဘုရင် ရုတ်တရက် ပေါ်လာပြီး သူ့ကို နင်းသတ်သွားမှာ မကြောက်ဘူးလား”

“အမလေး.. သူကတော့ တကယ့်ကို သတ္တိခဲပဲ”

“ငါ့မှာတော့ ပြောစရာ စကားတောင် မရှိတော့ဘူး”

“ဒီ Live ကို ပထမဆုံးအကြိမ် လာကြည့်တာ၊ ဒီလူက အမြဲတမ်း ဒီလိုပဲ သတ္တိကောင်းနေတာလား”

“လူသစ်လေး ရောက်ပါပြီ၊ ‘တောဝက်ဘုရင်က ဘယ်မှာလဲ’ ခေါင်းစဉ်ကို ကြည့်ပြီး လာခဲ့တာ၊ ဒီထဲမှာ တောဝက်ဘုရင်ကို တွေ့ရမယ် ဆိုလို့”

“လွှင့်တဲ့သူက ကြွားနေတာလား၊ ဘယ်မှာလဲ တောဝက်ဘုရင်”

“လူသစ်တွေ မလောပါနဲ့ဦး၊ ငါတို့လည်း စောင့်နေတာပဲ၊ ခဏနေရင် ရောက်လာမှာပါ”

“ငါ့မှာတော့ သူ့အစား ချွေးစေးတွေတောင် ပြန်နေပြီ”

“ဘာတွေ စိုးရိမ်နေကြတာလဲ၊ ငါ့အထင်တော့ တောဝက်ဘုရင်က လုံးဝ လာရဲမှာ မဟုတ်ဘူး၊ မနေ့က လွှင့်တဲ့သူက တောဝက်ဘုရင်ကို တူနဲ့ ထုလိုက်တာ မေ့နေကြပြီလား”

“ဟုတ်သားပဲ၊ သူက ငါမြင်ဖူးသမျှထဲမှာ သတ္တိအရှိဆုံးနဲ့ အကြမ်းဆုံးလူပဲ”

ပတ်ဝန်းကျင်မှ တရှပ်ရှပ်အသံများအား ကြားလိုက်ရသဖြင့် လင်းယန် မျက်လုံးပွင့်လာသည်။

“ဟော... ဟိုမှာ အဖြူရောင်လေးက ဘာလဲ”

“အပေါ်ကလူ မျက်စိမှားနေတာ ဖြစ်မှာပါ၊ ဘယ်မှာလဲ အဖြူရောင်”

“တောဝက်ဘုရင် ပေါ်လာပြီလား”

“ဟာ... မဖြစ်နိုင်တာ၊ လင်းယန် တောဝက်ဘုရင်ကို တကယ်ကြီး ဖမ်းနိုင်တော့မှာလား”

“ဒါကတော့ တကယ့်ကို အံ့ဩစရာပဲ”

“မင်းတို့ကသာ တောဝက်ဘုရင် ပေါ်လာပြီ ပြောနေတာ၊ ငါတော့ ဘာမှ မမြင်ရသေးဘူး၊ ငါတို့ ကြည့်နေတာ Live တစ်ခုတည်း ဟုတ်ရဲ့လား”

“ဘာတွေ စိတ်လှုပ်ရှားနေကြတာလဲ၊ အဲဒါ တောဝက်ဘုရင် မဟုတ်ဘူး၊ အပြေးလေး ဖြတ်သွားတဲ့ တောယုန်လေးတစ်ကောင်ပဲ ရှိသေးတယ်”

“တောက်.. ငါ ဒီ Live ထဲမှာ နှစ်နာရီ၊ သုံးနာရီလောက် ထိုင်စောင့်နေတာ၊ အလုပ်က စာရွက်စာတမ်းတွေတောင် မပြင်ရသေးဘူး၊ ဒဏ္ဍာရီထဲက တောဝက်ဘုရင်ကို ကိုယ်တိုင်မြင်ချင်လို့၊ အခုတော့ တောဝက်ဘုရင်ကို မတွေ့ရဘဲ တောယုန်တစ်ကောင်ပဲ ထွက်လာတယ် ဟုတ်လား”

“ယုန်ကို မကြည့်ချင်ဘူး၊ တောဝက်ဘုရင်ကိုပဲ မြင်ချင်တာ”

“မအော်ကြပါနဲ့ဦး၊ ဘယ်သူကရော မမြင်ချင်ဘဲ နေမှာလဲ”

လင်းယန် ထထိုင်လိုက်သောအခါ မနီးမဝေးရှိ သစ်ရွက်ခြောက်များနောက်တွင် ပုန်းနေသော တောယုန်ကလေးအား ချက်ချင်း မြင်လိုက်ရ၏။ တောဝက်ဘုရင်သည် ရောက်မလာ၍ တောယုန်တစ်ကောင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်မျိုး မဖြစ်သင့်ပေ။

တောဝက်ဘုရင်၏ သဘာဝအရ ထိုမွှေးရနံ့အား ရရှိပြီးနောက်တွင် မည်သို့မျှ တွန်းလှန်နိုင်လိမ့်မည် မဟုတ်လော။ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်၊ တောဝက်ဘုရင်သည် ထိုအနီးအနားတွင် မရှိခြင်းဖြစ်၏။ ထို့ကြောင့် ထိုရနံ့အား မရရှိနိုင်ခြင်း ဖြစ်ပေမည်။

အကယ်၍ ထိုသို့ဆိုလျှင် လင်းယန်၏ စိတ်ထဲ၌ အနည်းငယ် လေးလံသွားရသည်။ ညွှန်ကြားရေးမှူး လီ တို့ဘက်မှ လုပ်ငန်းစဉ်များအား စတင်ရန် လိုအပ်နေပြီ ထင်သည်။

အကြောင်းအရာမှာ ထိုတောဝက်ကြီး ယခု ဘယ်ရောက်နေသည်အား မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်၏။ အကယ်၍ ၎င်းသည် အနီးအနားရှိ တောင်ပေါ်အပန်းဖြေစခန်းများမှ လူများကို ရုတ်တရက် တိုက်ခိုက်လာပါမည်ဆိုလျှင် အခြေအနေသည် မဟန်နိုင်တော့ပေ။

အချိန်ကို ကြည့်လိုက်သောအခါ တောင်ပေါ်တွင် ရှိနေသည်မှာ သုံးနာရီနီးပါး ရှိသွားပြီဖြစ်ပြီး ဝက်စာများမှာလည်း အေးစက်နေပြီဖြစ်သည်။

“ထူးခြားချက်မရှိရင်တော့ အစီအစဥ်ပြောင်းရတော့မယ်၊ အင်း သုံးနာရီနီးပါးကြာသွားတာတောင် တောဝက်ဘုရင်က အရိပ်အယောင်တောင် မပြဘူးဆိုတော့ အနီးအနားမှာ မရှိလောက်ဘူး၊ ဘယ်နေရာမှာ ရှိမလဲဆိုတာကတော့ ပြောရခက်ပါတယ်၊ ဒါကြောင့် အခု တောင်ပေါ်က ဆင်းပြီး ဒီကိစ္စကို ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေဆီပဲ လွှဲပေးရတော့မယ်”

လင်းယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခန့်မှန်းချက် မှားသွားပေပြီ။ ထိုတောဝက်ဘုရင်သည် နတ်များ ဝင်စားနေသလော။ သူသည် ထောင်ချောက်မှန်း သိနေပါလော။

တောဝက်ဘုရင်၏ ဉာဏ်ရည်သည် မည်သည့်အချိန်တုန်းက ထိုမျှ မြင့်မားသွားရသနည်း။

သူသည် တောဝက်ဘုရင်ကြောင့် အရှက်ရသွားသည်အား မြင်ရသော ကြည့်ရှုသူများမှာ တဟားဟားဖြင့် ရယ်မောနေကြတော့သည်။

“လွှင့်တဲ့သူက ယုံကြည်မှု အပြည့်နဲ့ တောင်ပေါ်တက်သွားပြီး အခုတော့ အားငယ်စိတ်ပျက်စွာနဲ့ ပြန်ဆင်းလာရပြီ”

“သခင်လေး.. စိတ်မပျက်ပါနဲ့ဦး၊ တောဝက်ဘုရင်ကို ဆွဲဆောင်ဖို့ မအောင်မြင်ပေမယ့် သုံးနာရီလောက်တော့ အချိန်ဖြုန်းနိုင်ခဲ့တာပဲ”

“ဟာဟားဟား.. မင်းတို့တွေကတော့ တကယ့်ကို ရွဲ့တတ်လိုက်တာ”

လင်းယန်သည် အနေရခက်သည့် အမူအရာ မပြဘဲ ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်သည်။

“အမှားတစ်ခုဆိုတာ ဘာမှမဟုတ်ပါဘူး၊ ဒါက ငါ့အနေနဲ့ ဒီလိုအလုပ်မျိုးနဲ့ မကိုက်ညီဘူးဆိုတာကို ပြလိုက်တာပဲ၊ ဘာပဲဖြစ်ဖြစ် ငါက ကျွမ်းကျင်ပညာရှင်မှ မဟုတ်တာ”

ထိုစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းခေါ်ဆိုမှု ဝင်လာသည်။

“ရှောင်ယန်.. မင်း ဘယ်မှာလဲ၊ မြန်မြန် ပြန်လာခဲ့ဦး၊ အဲဒီ တောဝက်ဘုရင်က မင်းရဲ့အိမ်ထဲကို ထပ်ပြီး ပြေးဝင်နေပြန်ပြီ”

လင်းယန်သည် မရယ်နိုင်တော့ပေ။သူသည် တောင်ပေါ်တွင် တစ်ဝက်တစ်ပျက်နှင့် အချိန်အတော်ကြာအောင် ထိုင်စောင့်နေခဲ့သော်လည်း သူ၏ အိမ်မှာမူ အနုစီးခံလိုက်ရပြီ ဖြစ်သည်။

All Chapters