← Chapters

အခန်း ၂၈၅၁

Vol. 226 Ch. 2851

အခန်း ၂၈၅၁

Vol. 226 Ch. 2851

အခန်း(၂၈၅၁)

အစေခံ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့ပြီး အမှိုက်ဧရိယာဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

အဆ ၁၀၀ စနစ်ကို ရရှိကတည်းကပင် ကျန်းချန်သည် ဤကဲ့သို့ မပြည့်စုံသည့် ရတနာများကြားတွင် ရတနာများ ရှာဖွေရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

ယခင်ကလည်း ကျန်းချန်သည် မပြည့်စုံသော ကျင့်စဥ်များနှင့် နည်းစနစ်များစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆ ၁၀၀ စနစ်၏ နားလည်သဘောပေါက်နိုင်စွမ်းဖြင့် ထိုမပြည့်စုံသော ကျင့်စဥ်များကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဖန်ယင်ရတနာခန်းမ၏ စတုတ္ထထပ်တွင် ထားရှိသည့် မပြည့်စုံသော ရတနာများသည်လည်း အလွန်ပင် ထူးခြားဆန်းပြားပြီး တလော့အဆင့်ထက်ပင် မြင့်မားသော ရတနာများ ဖြစ်နေနိုင်ခြေ ရှိသည်။

သူ့အနေဖြင့် ထိုအမှိုက်ဧရိယာ ထဲတွင် တစ်စုံတစ်ရာ ရှာဖွေကောင်း ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလော။

သူက အမှိုက်ဧရိယာသို့ ရောက်သောအခါ သေချာစွာ ဂရုတစိုက် စူးစမ်းရှာဖွေခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် ကံကောင်းပုံမရပေ။

အမှိုက်ဧရိယာအတွင်း တစ်ခဏမျှ စူးစမ်း ရှာဖွေခဲ့သော်လည်း မည်သည့်အရာမျှ ရှာမတွေ့ခဲ့ပေ။

သူထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် သူ၏ အကြည့်သည် ထောင့်တစ်နေရာရှိ မပြည့်စုံသော စာအုပ်ငယ်လေး တစ်အုပ်ဆီသို့ မတော်တဆ ကျရောက်သွားခဲ့သည်။

“အရှင်ထိုက်ယွမ်ရဲ့ လက်ရေးမူ”

တစ်ခဏမျှ အသေအချာ ‌လေ့လာကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် စာအုပ်ငယ်ပေါ်ရှိ မပီမသ မပြည့်မစုံ ဖြစ်နေသော လက်ရေးကို ဖတ်ရှု၍ ရသွားခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ထိုစာအုပ်ငယ်ကို လက်ညှိုးညွှန်ပြကာ နံဘေးရှိ အစေခံကို မေးလိုက်သည်။

“ဒါကိုဘယ်လိုရောင်းတာလဲ”

“အရှင်ထိုက်ယွမ် ဆိုတာက ဝိရောဓိနယ်မြေမှာ တစ်ချိန်က အလွန်ကျော်ကြားခဲ့တဲ့ ထိုက်ယီအင်မော်တယ် တစ်ပါးပါ.. ဒါက သူကိုယ်တိုင် ရေးထားတဲ့စာအုပ် ဖြစ်ပြီး ဒီထဲမှာ သူ့ရဲ့ ကျင့်ကြံမှု အတွေ့အကြုံတချို့ကို မှတ်တမ်းတင်ထားပါတယ်.. ဒါပေမဲ့ အခုတော့ မပြည့်စုံတော့ပါဘူး”

အစေခံက ရှင်းပြလိုက်ပြီးနောက်တွင် ပြုံး၍ ပြောလိုက်သည်။

“ဒီလက်ရေးမူ စာအုပ်ရဲ့ စျေးနှုန်းကို အင်မော်တယ်ကျောက်တုံး တစ်သိန်း သတ်မှတ်ထားပါတယ်”

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

အင်မော်တယ်အဆင့်ထက်ပင် မြင့်မားသော ထိုက်ယီအင်မော်တယ် တစ်ပါး ချန်ထားရစ်ခဲ့သည့် လက်ရေးမူ မှတ်စုတွင် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်မည့် အင်‌မော်တယ်စွမ်းအားကို နားလည်သဘောပေါက်သည့် အတွေ့အကြုံတချို့ ပါဝင်နေနိုင်၏။

အင်‌မော်တယ်ကျောက်တုံး တစ်သိန်း ဆိုသည်မှာ သာမန်တလော့အင်မော်တယ် ရတနာတစ်ခု၏ စျေးနှုန်း ဖြစ်ရာ အလွန်အမင်း စျေးမကြီးပေ။

ကျန်းချန်အတွက်မူ အင်မော်တယ်ကျောက်တုံး တစ်သိန်းဟူသော ပမာဏသည် ပြောပလောက်စရာ မဟုတ်၍ ထိုစာအုပ်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

“ဒီလက်ရေးမူစာအုပ်ကို ကျွန်တော်ဝယ်မယ်”

ကျန်းချန်က စကားများစွာ ပြောမနေတော့ဘဲ အင်မော်တယ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူကာ နံဘေးရှိ အစေခံထံ ကမ်းပေးလိုက်သည်။

အစေခံက ကျန်းချန် ထုတ်ပေးလိုက်သော အင်မော်တယ်ကျောက်တုံး တစ်သိန်းကို မြင်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့၏။

ဤလက်ရေးမူသည် အရှင်ထိုက်ယွမ် ချန်ထားရစ်ခဲ့သည့် လက်ရေးမူစာအုပ် ဖြစ်ပြီး အရှင်ထိုက်ယွမ်၏ ကျင့်ကြံမှုအတွေ့အကြုံ တချို့ ရှိနေသော်လည်း ပြည့်စုံမှု မရှိတော့ပေ။

ပြောရလျှင် ထိုစာအုပ်ကို ဤနေရာတွင် ထားရှိကတည်းကပင် ဧည့်သည်များစွာသည် အတော်လေး စိတ်ဝင်တစား ရှိခဲ့ကြသည်။

သို့သော်လည်း ထိုလက်ရေးမူစာအုပ်က ပြီးပြည့်စုံမှု မရှိမှန်း သိလိုက်ရသည့်အခါ သူတို့အားလုံး လက်လျှော့သွားခဲ့ကြ၏။

အကြောင်းရင်းမှာ ပြီးပြည့်စုံမှု မရှိသော လက်ရေးမူစာအုပ် တစ်အုပ်သည် မည်မျှ အသုံးဝင်မည်ကို မည်သူမျှ မသိနိုင်သောကြောင့်ပင်။

ထို့အပြင် စျေးနှုန်းကလည်း အင်မော်တယ်ကျောက်တုံး တစ်သိန်း ဖြစ်ရာ မနည်းလှပေ။

ရွှေအင်မော်တယ် အများစုအတွက်ပင် အင်မော်တယ်ကျောက်တုံးတစ်သိန်း ဟူသော ပမာဏမှာ အတော်လေး များပြားသောပမာဏ ဖြစ်ရာ မည်မျှ အသုံးဝင်မည်ကို အသေအချာမသိရသည့် မပြည့်စုံသော လက်ရေးမူစာအုပ် တစ်အုပ် အတွက် အင်မော်တယ်ကျောက်တုံး တစ်သိန်းကို မည်သူက အကုန်ခံပါမည်နည်း။

အစေခံတစ်ယောက်တည်းသာ မှင်တက်သွားခြင်း မဟုတ်ပေ။

စတုတ္ထထပ်ရှိ ဧည့်သည်များစွာ၏ အကြည့်များသည်ပင် ကျန်းချန် ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့ကြသည်။

အရှင်ထိုက်ယွမ်သည် ဝိရောဓိ နယ်မြေတွင် လူသိများကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထို့ကြောင့် သဘာဝကျစွာပင် ဤနေရာရှိ လူအများအပြားသည် အရှင်ထိုက်ယွမ်၏ လက်ရေးမူ စာအုပ်ကို စိတ်ဝင်တစား ရှိကြသော်လည်း မည်သူမျှ လွယ်လွယ်နှင့် မဝယ်ရဲကြပေ။

သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ ထိုလက်ရေးမူစာအုပ်ကို မဆိုင်းမတွပင် ဝယ်ယူလိုက်၏။

ဤအချိန်တွင် စတုတ္ထထပ်ရှိ လူအများအပြားသည် ကျန်းချန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့က လက်‌ရေးမူစာအုပ်ကို ဝယ်ယူရန် အင်မော်တယ်ကျောက်တုံး တစ်သိန်း မသုံးချင်သော်လည်း အရှင်ထိုက်ယွမ်၏ လက်ရေးမူစာအုပ် အပေါ်တွင် စိတ်မဝင်စားကြခြင်း မဟုတ်ပေ။

“လူကြီးမင်း ခဏလောက် စောင့်ပေးပါ”

အစေခံက တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ကျန်းချန်ကို တရိုတသေ ပြောလိုက်ပြီး တံဆိပ်ပြား တစ်ခုကို ချက်ချင်းဆိုသလို ထုတ်ယူ၍ ကောင်တာပေါ်ရှိ အကာအကွယ်အတားအဆီးကို ဖွင့်လှစ်လိုက်ပြီး လက်ရေးမူကို ကောင်တာထဲကနေ ထုတ်ယူ၍ ကျန်းချန်ထံ ပေးအပ်လိုက်သည်။

ဖန်ယင်ရတနာခန်းမ၏ ရတနာများကို ဧည့်သည်များ လွတ်လပ်စွာ ကြည့်ရှုနိုင်ရန် အတွက် ခန်းမထဲတွင် ထားရှိထားသော်လည်း အကာအကွယ် လုံးဝမရှိခြင်းတော့ မဟုတ်ပေ။

ရတနာများကို သိမ်းဆည်းထားသော ကောင်တာများကို ဖန်ယင်အင်မော်တယ် နန်းတော်သည် တလော့အင်မော်တယ်များပင် ချိုးဖျက်ရန် ခက်ခဲသည့် အတားအဆီး အစီအရင်များဖြင့် ကာကွယ်ထားခဲ့သည်။

လက်ရေးမူစာအုပ်ကို ဝယ်ယူပြီးနောက်တွင် ကျန်းချန်သည် ဖန်ယင်ရတနာခန်းမကနေ လှည့်ထွက်လာခဲ့၏။

ဖန်ယင်ရတနာခန်းမမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ရှောင်လုံအင်မော်တယ်မြို့တော်တွင် ကြာရှည်စွာ နေထိုင်ရန် အစီအစဥ် မရှိခဲ့ပေ။

သူက အင်မော်တယ်ကျောက်တုံး တစ်သိန်းဖြင့် ယခုလေးတင် ဝယ်ယူထားသော လက်ရေးမူ စာအုပ်ကို ဖတ်ရှုရင်း ခရီးဆက်လက် သွားလာရန် စီစဥ်ခဲ့သည်။

ယင်းအချိန်တွင် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူ၏ ပတ်ဝန်းကျင်က ရုတ်ခြည်းဆိုသလို ကျယ်ပြောသော အနီ‌ရောင် နယ်မြေကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အစောပိုင်းက ဆူညံနေသော လမ်းမများသည် လုံးဝ ပျောက်ကွယ်သွားခဲ့ကာ တစ်ခဏအတွင်း အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသည့်နှယ် ဖြစ်သွားခဲ့သည်။

“နေရာလွတ် အစီအရင်ပါလား”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

တစ်စုံတစ်ယောက်က နေရာလွတ် အစီအရင်ထဲသို့ သူ့ကို ဆွဲသွင်းကာ လက်တွေ့ကမ္ဘာမှ သီးခြားဆီ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ဤရုတ်တရက် အပြောင်းအလဲကြောင့် တုန်လှုပ်သွားခြင်း မရှိပေ။

သူက သူ့ရှေ့မှ ဟင်းလင်းပြင်ကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ဘယ်သူလဲ.. ရောက်နေမှတော့ ဘာလို့ အမှောင်ထဲမှာ ပုန်းနေမှာလဲ.. အခုချက်ချင်း ထွက်လာခဲ့ပါ”

ကျန်းချန်၏ စကားဆုံးသည်နှင့် သန်မာထွားကျိုင်းသော လူငယ်လေး တစ်ဦးသည် ဟင်းလင်းပြင်ကနေ ထွက်ပေါ်လာခဲ့သည်။

ထိုလူငယ်သည် အရည်အချင်းရှိပုံ ရပြီး ရွှေအင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

လူငယ်၏ အနောက်တွင် အစောင့်အရှောက် လေးယောက်လည်း လိုက်ပါလာကြသည်။

လေးယောက်စလုံးတွင် အားအနည်းဆုံးသူမှာ ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ထိုအထဲမှ အသန်မာဆုံး တစ်ယောက်ဆိုလျှင် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လင်းယန်ချင်းနှင့် နှိုင်းယှဥ်လျှင်ပင် မနိမ့်ကျပေ။

“မင်းတို့ ဘာလုပ်ချင်တာလဲ”

ကျန်းချန်က အေးအေးဆေးဆေးပင် မေးလိုက်သည်။

စင်စစ် သူက ဤသန်မာထွားကျိုင်းသော လူငယ်အုပ်စုနှင့် မစိမ်းပေ။

ဆိုရလျှင် အစောပိုင်းက စတုတ္ထထပ်တွင် ထိုလူများကို သူ သတိပြုမိခဲ့သည်။

သို့သော်လည်း သန်မာထွားကျိုင်းသော လူငယ်က သူ့အနောက်ကို လိုက်လာပြီး သူ့ကို တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။

“ငါ မင်းခုနက ဝယ်သွားတဲ့ အရှင်ထိုက်ယွမ်ရဲ့ လက်ရေးမူစာအုပ်ကို လိုချင်တယ်”

သန်မာထွားကျိုင်းသော လူငယ်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ မင်းအနေနဲ့ လိမ်လိမ်မာမာ ပေးအပ်မယ် ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဥ်းစားပေးမယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။

“ဒါပေမဲ့ ငါက မပေးဘူး ဆိုရင်ရော”

“ဒါဆိုရင်တော့ ဒီသခင်လေးက မင်းကို အရင်သတ်ပြီးမှ အရှင်ထိုက်ယွမ်ရဲ့ လက်ရေးမူစာအုပ်ကို ယူရတော့မှာပေါ့”

သန်မာထွားကျိုင်းသော လူငယ်၏ မျက်နှာက အေးစက်သွားခဲ့သည်။

သူ၏ နောက်မှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကလည်း ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ကြ၏။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။

“မင်းတို့လို ဘာမဟုတ်တဲ့ လူတစ်စုက ငါ့ကို သတ်ပြီး ရတနာလုယူဖို့ တွေးရဲတယ်.. မင်းတို့တွေ ဘယ်နေရာကနေ သတ္တိရလာသလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး”

စကားဆုံးသည်နှင့် ကျန်းချန်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုအခိုက်အတန့်တွင် သန်မာထွားကျိုင်းသော လူငယ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

သူက အခြေအနေ မဟန်မှန်း ခံစားလိုက်မိသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

“ဝုန်း..”

နေရာလွတ် အစီအရင်ဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးထဲတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ခန့်ညားသော တလော့အဆင့်အရှိန်အဝါက တိုးထွက်လာခဲ့ပြီး ဟင်းလင်းပြင် တစ်ခုလုံးကို တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့သည်။

ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် တလော့အင်မော်တယ်တစ်ပါး ကဲ့သို့ ဖြစ်နေခဲ့ပြီး အဆုံးမဲ့ ကြောက်မက်ဖွယ် အရှိန်အဝါများသည် သူ၏ ပတ်ဝန်းကျင်တွင် စုစည်းလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သန်မာထွားကျိုင်းသော လူငယ်နှင့် နောက်လိုက်နောက်ပါ အနည်းငယ်သည် ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါဖိအားကို လုံးဝခံနိုင်ရည် မရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြသည်။

အခန်း(၂၈၅၁)ပြီး၏။

All Chapters