အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂)
မမျှော်လင့်ဘဲ ဆုံတွေ့ခြင်း
"အား... အစ်မယောင်၊ အစ်ကိုလုံ...၊ ကျွန်တော်ပါ...။ ယွမ်ရီဟွေးပါ...။"
မျက်နှာနှင့် လည်ပင်းမှ ပြင်းထန်သော နာကျင်မှုကို အံတုရင်း ယွမ်ရီဟွေးက အော်ဟစ်လိုက်လေသည်။
ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ယောင်ရန်နှင့် လုံယုတို့သည် သူ့ကို လွှတ်ပေးလိုက်ကြလေ၏။ သူသည် နာကျင်နေသော လက်မောင်းကို ပွတ်သပ်ရင်း၊ လည်ပင်းနောက်ဘက်မှ သွေးများကို သုတ်ကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေလေခဲ့ပေသည်။
ယောင်ရန် မှတ်မိသရွေ့ ယွမ်ရီဟွေးသည် အမြဲတမ်း သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်လေ့ ရှိပြီး သပ်ရပ်သော ဆံပင်ပုံစံ ရှိသူ ဖြစ်သည်။
ခြေဆုံးခေါင်းဆုံး ညစ်ပတ်ပေရေနေသော အဝတ်အစားများဖြင့် ရစ်ပတ်ထားသည့် လူကို ကြည့်ရင်း ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးလိုက်လေသည်။
"ရှင် တကယ်ပဲ ယွမ်ရီဟွေးလား...။"
ယွမ်ရီဟွေးသည် သူ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသော အဝတ်စကို ဆွဲချလိုက်ပြီး ပြောလိုက်လေ ၏။
"အစ်အစ်မယောင်....၊ ကျွန်တော်ပါ...။"
လုံယုသည် သူ၏မျက်နှာကို မြင်သောအခါ စစ်သုံး ဓားမြှောင်ကို ပြန်သိမ်းလိုက်ပြီး ယွမ်ရီဟွေးကို သတိ ပေးလိုက်လေသည်။
"အစ်ကိုယွမ်...၊ လူတစ်ယောက်ကို နောက်ကနေ မထိတွေ့သင့်ဘူး...။ ကျွန်တော်တို့ အချိန်မီ မရပ်တန့် နိုင်ခဲ့ရင် အသက်ဆုံးရှုံးသွားနိုင်တယ်...။"
ယွမ်ရီဟွေးသည် သူ၏လက်မောင်းကို ပွတ်သပ်ရင်း နာကျင်စွာ မျက်နှာရှုံ့မဲ့သွား၏။ သူသည် သူတို့ နှစ်ဦးကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောလိုက်လေသည်။
"အစ်အစ်မယောင်...၊ အစ်ကိုလုံ...၊ ကျွန်တော်တို့ ခဏလောက် စကားပြောလို့ ရမလား...။"
ယောင်ရန်နှင့် လုံယုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ယွမ်ရီဟွေးကို ခေါင်းငြိမ့်ပြ လိုက်ကြ၏။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါဦး....။"
ယွမ်ရီဟွေးက သူတို့ကို ကုန်သွယ်ရေးဗဟိုဌာနအတွင်းသို့ ဦးဆောင်ခေါ်သွားရင်း ပြောလိုက်လေသည်။
ရေဘေး လျော့ပါးသွားကတည်းက ကုန်သွယ်ရေးဗဟိုဌာနသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ယခင်က စစ်တပ် သည် အပေါ်ဆုံး ငါးလွှာကိုသာ ကုန်သွယ်ရေးနယ်မြေအဖြစ် အသုံးပြုခဲ့သော်လည်း ယခုအခါ အောက်ထပ်များကိုလည်း အသက်ရှင်ကျန်ရစ်သူများထံ ငှားရမ်းထားခဲ့လေသည်။
အကြီးဆုံး မှောင်ခိုဈေးကွက် ကုန်သည်များထဲမှ တစ်ဦးဖြစ်သော လင်းယိသည် တတိယထပ်၏ ထက် ဝက်ခန့်ကို ငှားရမ်းကာ ကိုယ်ပိုင် ကုန်သွယ်ရေးဗဟိုဌာနတစ်ခုကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ယွမ်ရီဟွေးသည် သူတို့ကို အနောက်ဘက်ရှိ ရုံးခန်းတစ်ခုဆီသို့ လမ်းပြခေါ်ဆောင်သွားစဉ်၊ ယောင်ရန် သည် ဆိုင်ခန်းများတွင် ရောင်းချနေသော ပစ္စည်းများကို ကြည့်လိုက်ရာ လင်းယိ၏ လုပ်ငန်းမှာ အရာ အားလုံးနီးပါးကို လွှမ်းခြုံထားသည်ကို တွေ့ရှိခဲ့ရပေသည်။
ထိုပစ္စည်းများတွင် အစားအစာနှင့် ရေကဲ့သို့သော အသုံးအများဆုံး လူကြိုက်များသည့် ပစ္စည်းများမှစ၍ အလှကုန်နှင့် လက်ဝတ်ရတနာကဲ့သို့သော ရှားပါးပြီး ဈေးကြီးသော ပစ္စည်းများအထိ ပါဝင်ပေသည်။
ဆိုင်ခန်းဝန်ထမ်းများသည် ယွမ်ရီဟွေးကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ခဲံကြ လေသည်။
"အစ်ကိုယွမ်...။”
ယွမ်ရီဟွေးက သူတို့ကို ခေါင်းငြိမ့်ပြကာ ရုံးခန်းတံခါးကို ဖွင့်လိုက်၏။ ထို့နောက် ယောင်ရန်နှင့် လုံယုတို့ ကို အရင်ဝင်စေပြီးနောက် အပြင်ဘက်ရှိ လူတစ်ဦးကို ညွှန်ကြားလိုက်လေသည်။
"ဧည့်သည်တွေအတွက် ရေနှစ်ခွက် ယူလာပေးပါဦး...။"
ရေသည် မည်မျှ တန်ဖိုးရှိသည်ကို လူတိုင်း သိကြပြီး ယွမ်ရီဟွေးက သူ၏ ဧည့်သည်များကို ရေဖြင့် ဧည့်ခံခြင်းက ထိုဧည့်သည်နှစ်ဦး မည်မျှ အရေးကြီးကြောင်းကို ဖော်ပြနေပေသည်။
"ဟုတ်ကဲ့... အစ်ကိုယွမ်....။”
ထိုလူက အလျင်အမြန်ပင် ရေသွားယူရင်း ပြန်ဖြေလိုက်လေသည်။
တံခါးကို ပိတ်ပြီးနောက် ယွမ်ရီဟွေးသည် ဧည့်သည်များ၏ ရှေ့ရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်လေ၏။
လုံယုသည် သူ့ကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုယွမ်...၊ ကျွန်တော်တို့နဲ့ ဘာအကြောင်း ဆွေးနွေးချင်လို့လဲ...။"
ယွမ်ရီဟွေးသည် ချက်ချင်း ပြန်မဖြေဘဲ ရေလာပို့မည့်သူကို စောင့်ဆိုင်းနေလိုက်သည်။ မကြာမီတွင် ထိုလူသည် ရေသုံးခွက်ကို ယူဆောင်၍ ပြန်လည်ရောက်ရှိလာ၏။ ရေခွက်များကို သူတို့ရှေ့၌ ချပေးပြီး နောက် ထွက်ခွာသွားခဲ့လေသည်။
ယွမ်ရီဟွေးသည် ယောင်ရန်နှင့် လုံယုတို့ကို ရေသောက်ရန် လက်ဟန်ပြရင်း မေးလိုက်လေ၏။
"ခင်ဗျားတို့နှစ်ယောက်လုံး သန့်ရှင်းသပ်ရပ်နေတာပဲ...၊ ရေရနိုင်မယ့် နည်းလမ်း ရှိလို့လား...။"
ယောင်ရန်သည် ဖန်ခွက်ထဲရှိ ရေကို တစ်ချက်ကြည့်လိုက်ရာ သေးငယ်သော အနည်အချို့ကို သတိပြုမိ သွားခဲ့လေ၏။ ဤရေမှာ စစ်တပ်မှ ဖြန့်ဝေပေးသော ရေသာ ဖြစ်ချေသည်။ သူမသည် ရေကို မသောက် ဘဲ ယွမ်ရီဟွေးကို ကြည့်လိုက်လေသည်။
"အစ်ကိုယွမ်က မျက်စိ တော်တော် စူးရှတာပဲ...၊ ကျွန်မတို့ မျက်နှာတွေကို ဖုံးအုပ်ထားတာတောင် ဘယ် လိုလုပ် မှတ်မိတာလဲ...။"
သူမက ပြုံးရင်း ပြောလိုက်လေသည်။
ယွမ်ရီဟွေးသည် ခပ်တိုးတိုး ရယ်မောကာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ သိလာတာ လအနည်းငယ် ရှိပြီလေ...။ ဒါကြောင့် မှတ်မိတာ မဆန်းပါဘူး...၊ ဒါ့အပြင် ခင်ဗျားတို့လို အဝတ်အစားမျိုး ဝတ်တဲ့လူလည်း သိပ်မရှိဘူးလေ...။"
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူသည် အရေးကြီးဆုံးအချက်ကို စတင်မေးမြန်းလိုက်လေသည်။
"အစ်မယောင်...၊ အစ်ကိုလုံ...၊ ခင်ဗျားတို့ဆီမှာ ရောင်းဖို့ ရေအပို ရှိမလား...။"
ယောင်ရန်သည် သူ၏မေးခွန်းကြောင့် အံ့သြမသွားခဲ့ပေ။ သူမက ခေါင်းငြိမ့်ပြရင်း ပြောလိုက်၏။
"ကျွန်မဆီမှာ သန့်ရှင်းတဲ့ ရေရနိုင်မယ့် လမ်းကြောင်း ရှိတာတော့ အမှန်ပဲ...၊ ဒါပေမယ့်လည်း ရှင်က အလဲအလှယ်အနေနဲ့ ဘာပြန်ပေးနိုင်မှာလဲ...။"
သူမ၏ စကားကို ကြားသောအခါ ယွမ်ရီဟွေး၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်လေသည်။
"အစ်မယောင်က ဘာလိုချင်လို့လဲ...။"
သူမသည် လုံယု၏ ရိက္ခာများကို လွှဲပြောင်းရယူပြီးနောက် အသစ်ရရှိထားသော စားသောက်ကုန်များနှင့် ဆေးဘက်ဝင် အပင်များကို သိုလှောင်ရန် နေရာလွတ် မလုံလောက်တော့ပေ။ ယောင်ရန်၏ နေရာလွတ် ကို ပိုမိုမြှင့်တင်ရန် လိုအပ်နေသေးသဖြင့် သူမသည် ထိုသို့ ပြုလုပ်ရန် အလွန် စိတ်အားထက်သန်နေခဲ့ပေ သည်။
"ပုံမှန်အတိုင်းပဲလေ...၊ ရှင်က ကျွန်မကို ရှေးဟောင်းပစ္စည်းတွေ ပေး...၊ ကျွန်မက ရှင့်ကို ရေပေးမယ်... ။ ရေပမာဏကတော့ ရှင့်ရဲ့ ရှေးဟောင်းပစ္စည်း တန်ဖိုးပေါ်မှာ မူတည်လိမ့်မယ်...။"
သူမက ပြုံးကာ ပြောလိုက်လေသည်။
သူမသည် ရှေးဟောင်းပစ္စည်းများကို ပိုမိုလိုချင်နေကြောင်း ကြားလိုက်ရသဖြင့် ယွမ်ရီဟွေးသည် သူ၏ စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမိပြန်လေသည်။
"အစ်မယောင်က ဘာဖြစ်လို့ ရှေးဟောင်းပစ္စည်းတွေကို ဒီလောက်အထိ အများအပြား စုဆောင်းနေရ တာလဲ...။"
"အစ်ကိုယွမ်...၊ မေးခွန်းတွေ အများကြီး မမေးတာ အကောင်းဆုံးပဲ...၊ စူးစမ်းချင်စိတ် လွန်ကဲရင် ဘေး ဒုက္ခ ရောက်တတ်တယ်ဆိုတာ မသိဘူးလား....။"
ယောင်ရန်သည် ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်လေ၏။
ယွမ်ရီဟွေးသည် သူမ၏ အကြည့်နှင့် ဆုံမိသောအခါ တုန်လှုပ်သွားရ၏။ သူမ၏ မျက်ဝန်းများသည်၏ တည်ငြိမ်နေသော်လည်း ထိုမျက်ဝန်းများကို စိုက်ကြည့်မိသောအခါ သူ အနည်းငယ် သတိမထားမိပါက နောက်တစ်စက္ကန့်တွင် အသက်ဆုံးရှုံးသွားနိုင်သည်ဟု ခံစားလိုက်ရလေသည်။ သူသည် သူ၏ ကြောက်ရွံ့ မှုကို မျိုသိပ်ရင်း၊ ချောင်းတစ်ချက် ခပ်ဖွဖွ ဆိုးကာ ရေကို တစ်ငုံခန့် သောက်လိုက်လေသည်။
ထို့နောက် သူက မေးလိုက်လေ၏။
"အစ်မယောင်ဆီမှာ စမ်းသပ်ကြည့်ဖို့ နမူနာ ရှိလား...။ ဈေးနှုန်း မပြောခင် ရေရဲ့ အရည်အသွေးကို ကျွန်တော် အရင် စစ်ဆေးကြည့်ဖို့ လိုပါတယ်...။"
ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်ကာ ရေကန်ရေ အနည်းငယ် ရောစပ်ထားသော ပလတ်စ တစ်ဗူးတစ်ဗူးကို ထုတ်ယူလိုက်ပြီး သူတို့နှစ်ဦးကြားရှိ စားပွဲပုလေးပေါ်တွင် တင်လိုက်လေသည်။
ဗူးထဲရှိ ကြည်လင်နေသော ရေကို မြင်သောအခါ ယွမ်ရီဟွေးသည် ပိုမိုနီးကပ်စွာ စစ်ဆေးရန် လက်လှမ်း လိုက်လေ၏။ ထိုရေသည် မည်သည့် အညစ်အကြေးမျှ မရှိဘဲ အလွန်ပင် ကြည်လင်ပြတ်သားလှပေ သည်။ ဗူးထဲရှိ ရေနှင့် ခွက်ထဲရှိ ရေကို နှိုင်းယှဉ်ကြည့်ပြီးနောက် ယွမ်ရီဟွေးသည် သူ သောက်နေသော ရေမှာ မိလ္လာရေကဲ့သို့ ဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
သေချာစွာ စစ်ဆေးပြီးနောက် သူသည် ရေဗူးကို စားပွဲပုပေါ်သို့ ပြန်တင်လိုက်ပြီး ယောင်ရန်ကို ကြည့် လိုက်လေသည်။ သူက တည်ငြိမ်စွာ မေးလိုက်၏။
"အစ်မယောင်...၊ တစ်ရက်ကို ရေတိုင်ကီ နှစ်လုံးလောက် ဖြည့်ဆည်းပေးနိုင်မလား....။"
သူမ၏ ရေစွမ်းအင်မှာ အဆင့်နှစ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ယောင်ရန်သည် တစ် ရက်လျှင် ရေတိုင်ကီ နှစ်လုံး ဖြည့်ဆည်းပေးရန် မခက်ခဲလှပေ။ သို့သော်လည်း သူမသည် စစ်စခန်းသို့ လည်း ရေပေးဝေလိုသောကြောင့် သူ့အား ထိုမျှအထိ အများအပြား ပေးရန် အစီအစဉ် မရှိပေ။
ခဏမျှ စဉ်းစားပြီးနောက် သူမက ပြန်လည် ဖြေလိုက်လေသည်။
"အစ်ကိုယွမ်...၊ ရေ ဘယ်လောက် ရှားပါးတယ်ဆိုတာ ရှင်လည်း သိတာပဲ...။ တစ်ရက်ကို နှစ်တိုင်ကီ တောင်းတာက တော်တော်များလွန်းပါတယ်...။"
ယွမ်ရီဟွေးသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်လေ၏။
"ဒီလိုဆိုရင် အစ်မယောင် ကျွန်တော့်ကို ဘယ်လောက်အထိ ပေးနိုင်မလဲ...။"