← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄)

အရှက်မရှိသူ

ဝူလျန် အတွေးနက်နေသည်ကို မြင်သောအခါ စစ်သည်သည် တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"ဗိုလ်ကြီး...၊ ဘာညွှန်ကြားစရာများ ရှိပါသေးသလဲခင်ဗျာ...။”

ဝူလျန်သည် အတွေးများထဲမှ ရုန်းထွက်လာပြီး ပြောလိုက်၏။

"ပြန်ကြစို့...။”

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး...။”

အမိန့်ရသည်နှင့် စစ်သည်များသည် အလျင်အမြန်ပင် ထရပ်ကားပေါ်သို့ တက်လိုက်ကြလေသည်။

မထွက်ခွာမီ ဝူလျန်သည် ရေတိုင်ကီများ ဘေးရှိ ပြိုကျပျက်စီးနေသော နံရံတစ်ခုပေါ်တွင် ကျောက်ခဲ တစ်လုံးဖြင့် စာတိုတစ်ကြောင်းလေ ရေးသားလိုက်၏။ သူ ရေးသားပြီးသောအခါ ကျောက်ခဲကို ဘေးသို့ ပစ်ချ လိုက်ပြီး ခပ်ပြုံးပြုံး လုပ်လိုက်လေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် ပုန်းနေသော နေရာမှ ထွက်လာခဲ့ကြသည်။ သူတို့သည် ရေတိုင်ကီများကို စစ်ဆေးရန် အနောက်ဘက် နယ်မြေသို့ သွားခဲ့ကြရာ ထိုနေရာသို့ ရောက် သောအခါ နံရံပေါ်၌ ရေးသားထားသော စာကို တွေ့လိုက်ရ၏။

[ကျေးဇူးပြုပြီး ဒီရေတိုင်ကီတွေကို ရေပြန်ဖြည့်ပေးပါ။ ကျွန်တော်တို့ မနက်ဖြန်ည ဒီလိုအချိန်မှပဲ ရေ လာ သယ်ပါ့မယ်။ စစ်တပ်ကို လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။]

ထိုစာကို မြင်သောအခါ လုံယုသည် မျက်လုံးကို အပေါ်သို့ ပင့်တင်လိုက်ရင်း ပြောလိုက်လေသည်။

"အရှက်မရှိလိုက်တာ...။”

ယောင်ရန်သည် တခစ်ခစ် ရယ်မောကာ ခေါင်းငြိမ့်ပြလိုက်လေ၏။

"သူကတော့ တကယ်ပဲ အရှက်မရှိတာပဲ...။”

ရေတိုင်ကီများကို ရောစပ်ထားသော ရေကန်ရေဖြင့် ပြန်လည် ဖြည့်တင်းပြီးနောက် ယောင်ရန်သည် ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ကာ ဝူလျန်အတွက် ပြန်စာတစ်စောင် ရေးခဲ့လေသည်။ သူမသည် လက်များကို ဖုန်ခါရင်း လုံယုကို ပြုံးပြကာ ပြောလိုက်လေတော့၏။

"အိမ်ပြန်ကြစို့...။”

လုံယုသည် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူတို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံဆီသို့ ပြန်လာခဲ့ကြလေသည်။

သုံးနာရီခန့် ကြာပြီးနောက် ဝူလျန်သည် သူ၏ အဖွဲ့သားများ၊ ရေသယ်ယာဉ်များနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ နံရံပေါ်ရှိ အသစ် ရေးသားထားသော ပြန်စာကို တွေ့လိုက်ရသောအခါ သူက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"ရေတင်ကားတွေကို ရေဖြည့်လိုက်ကြ...။”

သူက အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ ဗိုလ်ကြီး...။”

သူ၏ ယခင် ရေးသားခဲ့သော စာတိုအောက်တွင် တိုတောင်းသော ပြန်စာတစ်စောင်ကို တွေ့မြင်နိုင်ပေ သည်။

[ကူညီရတာ ဝမ်းသာပါတယ်....။]

စစ်သည်များသည် ရေတိုင်ကီများထဲမှ ရေများကို သယ်ယူပြီးနောက် စစ်စခန်းသို့ ပြန်လာခဲ့ကြလေ သည်။ အခြားသူများသည် သူတို့က ရေအပြည့် ဖြည့်ထားသော ရေသယ်ယာဉ် သုံးစီးဖြင့် ပြန်ရောက် လာသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ဝင်းပသွားကြတော့သည်။

ဝူလျန်သည် စစ်သည်များထံ ရေများ ဖြန့်ဝေပေးရန် အလုပ်ရှုပ်နေစဉ်တွင် ယောင်ရန်နှင့် လုံယုတို့သည် အိမ်သို့ ပြန်ရောက်လာခဲ့ကြလေသည်။ ယောင်ရန်၏ နေရာလွတ်အတွင်း အတူတကွ အစားအစာ သုံး ဆောင်ပြီးနောက် လုံယုသည် သူ၏ တိုက်ခန်းသို့ ပြန်သွားခဲ့၏။

သူမ၏ နေရာလွတ်ထဲ၌ ရေချိုးပြီးနောက် ယောင်ရန်သည် ထွက်လာခဲ့ပြီး စိုက်ပျိုးခန်းအဖြစ် အသုံးပြု ထားသော ဧည့်ခန်းသို့ သွားခဲ့လေ၏။ သူမသည် ပထမဦးစွာ နေရောင်ကြည်စွမ်းအင်သုံး မီးလုံးတစ်လုံး ကို ထုတ်ယူကာ အခန်းကို လင်းနေစေရန် ဖွင့်လိုက်ပြီးနောက် နေရာလွတ်ထဲမှ ရှည်လျားသော စိုက်ပျိုး ရေးအိုး ဆယ်လုံးကို ထုတ်ယူလိုက်လေသည်။

ယောင်ရန်သည် ယခင်က စစ်တပ်သို့ ဆေးဘက်ဝင်အပင်များစွာ လှူဒါန်းခဲ့ဖူးသဖြင့် သူမ၏ လက်ကျန် များကို ပြန်လည် ဖြည့်တင်းရန် ထပ်မံ စိုက်ပျိုးရန် လိုအပ်နေသည်။ သူမသည် စိုက်ပျိုးရေးအိုးများထဲသို့ သူမ၏ စိုက်ပျိုးရေးမြေမှ မြေဆီလွှာအမည်းများကို ဖြည့်တင်းကာ မျိုးစေ့များကို စိုက်ပျိုးလိုက်လေ၏။

ဆေးဘက်ဝင်အပင် မျိုးစေ့များကို စိုက်ပျိုးပြီးနောက် သူမသည် အခန်း၏ အလယ်တွင် ပလတ်စတစ် ပုံးအကြီးတစ်ပုံးကို ချထားလိုက်လေသည်။

ထို့နောက် သူမသည် အိတ်ဆောင် လေအေးပေးစက် သုံးလုံးကို ထုတ်ယူကာ ၎င်းတို့၏ ရေထည့်သည့် ကွန်တိန်နာများထဲသို့ ရေနှင့် ရေခဲများ ဖြည့်ပြီး ဖွင့်လိုက်၏။ အေးမြသော လေများ တိုက်ခတ်လာသည် နှင့်အမျှ အခန်းတွင်း အပူချိန်မှာ အလျင်အမြန်ပင် ကျဆင်းသွားတော့သည်။

ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း ယောင်ရန်သည် သူမ၏ ရေစွမ်းအင်ကို အသုံးပြု၍ ရေကို စတင် ဖန်တီးနေ ခဲ့လေသည်။ အပြင်ဘက်တွင် အပူချိန် မြင့်မားနေသောကြောင့် လေထုထဲရှိ ရေမှုန်ရေမွှားများမှာ ကျဲပါး လှသဖြင့် ရေဖန်တီးရန်အတွက် သူမအနေဖြင့် စွမ်းအင်များ ပိုမို အသုံးပြုရပေသည်။

သူမသည် လက်တစ်ဖက်ဖြင့် ရေပုံးထဲသို့ သန့်ရှင်းသော ရေများကို ဖြည့်သွင်းပြီး အခြားလက်တစ်ဖက် ဖြင့် ထိုရေများကို သူမ၏ နေရာလွတ်ထဲသို့ တိုက်ရိုက် ရွှေ့ပြောင်းလိုက်လေ၏။ ဤနည်းလမ်းကို အသုံး ပြုကာ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲရှိ အလွတ်ဖြစ်နေသော ရေတိုင်ကီများကို ဖြည်းဖြည်း ချင်း ဖြည့်တင်းလိုက်လေသည်။

နှစ်နာရီခန့် ကြာပြီးနောက် သူမသည် ရေတိုင်ကီ နှစ်လုံးကို ဖြည့်တင်းပြီးစီးခဲ့ကာ သူမ၏ ရေစွမ်းအင် လည်း ကုန်ဆုံးသွားခဲ့လေတော့၏။ ထို့နောက် ယောင်ရန်သည် မတ်တပ်ရပ်လိုက်ပြီး ဆေးဘက်ဝင် အပင်များ လျင်မြန်စွာ ကြီးထွားလာစေရန် သူမ၏ သစ်စွမ်းအင်ကို အသုံးပြုလိုက်လေသည်။

စိမ်းစိုသော စွမ်းအင်များက မျိုးစေ့များကို ရစ်ပတ်သွားသည်နှင့်အမျှ ၎င်းတို့သည် သူမ၏ မျက်စိရှေ့၌ ပင် သိသိသာသာ ကြီးထွားလာကြလေသည်။ သူမသည် သူမ၏ သစ်စွမ်းအင် မကုန်ဆုံးမီ ဆေးဘက်ဝင် အပင်များကို နှစ်ကြိမ်တိုင်တိုင် ရိတ်သိမ်းလိုက်လေသည်။

ယောင်ရန်သည် ရေကန်ရေတစ်ခွက်ကို ထုတ်ယူကာ သောက်လိုက်ပြီး မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်း နေလိုက်လေ၏။ သူမ၏ သစ်စွမ်းအင်နှင့် ရေစွမ်းအင်များ ပြန်လည် ပြည့်ဝလာသောအခါ သူမသည် ရေတိုင်ကီများကို ဖြည့်တင်းခြင်းနှင့် ဆေးဘက်ဝင်အပင်များ စိုက်ပျိုးခြင်းဖြင့် သူမ၏ ကျင့်ကြံခြင်းကို ပြန်လည် စတင်တော့သည်။

နောက်တစ်နေ့တွင် သူတို့သည် စွန့်ပစ်ထားသော နယ်မြေရှိ ရေတိုင်ကီများကို ရေဖြည့်ရန် သွားရောက် ခဲ့ကြရာ မနေ့ညက သူတို့ ထွက်ခွာသွားပြီးနောက် ဝူလျန်သည် ရေများကို လာရောက် ထပ်မံ သယ်ယူ သွားခဲ့သည်ကို တွေ့ရှိခဲ့ရလေသည်။

ယောင်ရန်နှင့် လုံယုတို့သည် ခဏမျှ ဆွေးနွေးလိုက်ကြပြီးနောက် ဝူလျန် ဒုတိယအကြိမ် လာသယ်ယူ ပြီးမှသာ ရေတိုင်ကီများကို ရေပြန်ဖြည့်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

ဆယ်ရက်ဆက်တိုက် ယောင်ရန်နှင့် လုံယုတို့သည် စွန့်ပစ်ထားသော နယ်မြေသို့ သွားရောက်ကာ ညစဉ် ရေတိုင်ကီများကို သုံးကြိမ်တိုင်တိုင် ရေဖြည့်ပေးခဲ့ကြလေသည်။ ညတိုင်း အိမ်သို့ ပြန်ရောက်ပြီးနောက် ယောင်ရန်သည် သူမ၏ ရေစွမ်းအင်နှင့် သစ်စွမ်းအင်များကို မိုးလင်းသည့်အထိ လေ့ကျင့်ပြီးမှသာ အိပ်စက်လေ့ရှိပေသည်။

တစ်ဆယ့်တစ်ရက်မြောက်သော နေ့တွင် နေဝင်ပြီးနောက် ရှောင်ယန်သည် သူတို့ထံသို့ လာရောက်လည် ပတ်ခဲ့လေသည်။

ရှောင်ယန်သည် သူတို့ ဆင်းလာသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။

"မင်္ဂလာညချမ်းပါ အစ်မယောင်...၊ အစ်ကိုလုံ...၊ အစ်ကိုယွမ်က ခင်ဗျားတို့ လိုချင်တဲ့အရာ အဆင်သင့် ဖြစ်ပြီလို့ ပြောခိုင်းလိုက်ပါတယ်...။”

၎င်းကို ကြားရသောအခါ ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ပြန်လည် ဖြေလိုက်လေ၏။

"လမ်းပြပေးပါဦး...။”

ရှောင်ယန်၏ လမ်းပြမှုဖြင့် သူတို့သည် အနီးနားရှိ လူနေရပ်ကွက်တစ်ခုဆီသို့ လျှောက်လှမ်းခဲ့ကြလေ သည်။ ဤရပ်ကွက်မှာ ယခင်က ချမ်းသာသော မိသားစုများ သို့မဟုတ် သြဇာအာဏာရှိသော လူများသာ နေထိုင်နိုင်သည့် အဆင့်မြင့် လူနေရပ်ကွက်တစ်ခု ဖြစ်သည်ကို ယောင်ရန် သတိပြုမိလိုက်၏။

ရှောင်ယန်သည် ယောင်ရန်နှင့် လုံယုတို့ကို လှည့်ကြည့်ကာ ရှင်းပြလေသည်။

"ကျွန်တော်တို့ သူဌေးက ဒီရပ်ကွက်ထဲက ဗီလာအချို့ကို ရဖို့အတွက် ရင်းမြစ်တွေ အများကြီး အသုံးပြု ခဲ့ရတာ... ။ အခုတော့ ကျွန်တော်တို့ ညီအစ်ကို အများစုက သူဌေးနဲ့ အစ်ကိုယွမ်တို့နဲ့အတူ ဒီနေရာမှာပဲ နေထိုင်ကြပါတယ်...။ ဒီနေရာရဲ့ လုံခြုံရေးကလည်း တော်တော်လေး ကောင်းမွန်ပါတယ်...။”

သူက အသံကို နှိမ့်ကာ ထပ်လောင်း ပြောကြားလိုက်လေ၏။

"အစ်ကိုယွမ်က စစ်တပ်က အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်...၊ ဒီရပ်ကွက်ကလည်း စီမံကိန်း နယ်မြေထဲမှာ ပါဝင်နေတာလေ...။ ကာကွယ်ရေးတံတိုင်း ဆောက်ပြီးတဲ့ အခါ ကျွန်တော်တို့က ပိုက်ဆံပေးစရာ မလိုဘဲ အခြေစိုက်စခန်းအတွင်းမှာ အလိုလို နေထိုင်နိုင်အောင် အခြေစိုက်စခန်းနဲ့ နီးနီးကပ်ကပ် နေထိုင်သင့်တယ်လို့လည်း သူက ပြောခဲ့သေးတယ်...။”

ရှောင်ယန် ပြောသည်ကို ကြားလိုက်ရသောအခါ လုံယုနှင့် ယောင်ရန်တို့သည် လင်းယိ၏ အမြော်အမြင် ကြီးမားမှုကို အထင်ကြီးသွားကြပေ၏။ အမှန်စင်စစ် အောင်မြင်သော လူများသည် အခြားသူများထက် အခွင့်အလမ်းများကို ကြိုတင် ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိကြပေသည်။

ဗီလာ၏ ဝင်ပေါက်သို့ ရောက်သောအခါ ကင်းစောင့်နေသော စစ်သည်များက သူတို့ကို တားဆီးလိုက် ကြလေသည်။

ရှောင်ယန်သည် ကတ်ပြားတစ်ခုကို ထုတ်ယူကာ စစ်သည်ထံ ကမ်းပေးရင်း ပြောလိုက်လေသည်။

"ကျွန်တော် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေနဲ့အတူ ဒီနေရာမှာ နေတာပါ...။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့် အစ်ကိုရဲ့ ဧည့်သည်တွေပါ...။”

စစ်သည်သည် ထိုကတ်ပြားကို ခဏမျှ စစ်ဆေးပြီးနောက် ရှောင်ယန်ထံ ပြန်လည် ပေးအပ်လိုက်၏။ ထို့နောက် သံတံခါးကို ဖွင့်ပေးကာ သူတို့ကို အတွင်းသို့ ဝင်ခွင့်ပြုလိုက်လေသည်။

All Chapters