← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅)

ရေရောင်းချခြင်း

သူတို့သည် သံတံခါးကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ ယောင်ရန်သည် နောက်သို့ လှည့်ကြည့်လိုက် ရာ စစ်သည်က သံတံခါးကို ပြန်လည် ပိတ်နေသည်ကို မြင်လိုက်ရလေသည်။

ရှောင်ယန်သည် သူမ၏ အကြည့်ကို သတိပြုမိသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"ဒီနေရာမှာ နေတဲ့သူတွေအားလုံးက စစ်တပ်ကို ရိက္ခာတွေ လှူဒါန်းထားကြတာ...။ အခြေစိုက်စခန်း ဆောက်ပြီးတဲ့အခါ ဒီနေရာက ကန့်သတ်နယ်မြေ ဖြစ်လာလိမ့်မယ်လို့ သတင်းတွေ ထွက်နေတယ်...၊ လူအများစုက ဒီနေရာကို ပြောင်းရွှေ့ချင်ကြပေမဲ့ စစ်တပ်ကတော့ ရိက္ခာ အလုံအလောက် လှူဒါန်းပြီးမှ သာ နေထိုင်ခွင့်ပြုမယ်လို့ ပြောထားတယ်...။”

ယောင်ရန်သည် ရှောင်ယန်၏ စကားများကို စဉ်းစားကြည့်ရင်း၊ စစ်တပ်သည် ချမ်းသာပြီး သြဇာ အာဏာရှိသော မိသားစုများထံမှ ထောက်ခံမှုကို ရယူရန် ရည်ရွယ်ထားကြောင်း သဘောပေါက်သွား၏။ စစ်တပ်သည် ရိက္ခာများကို တိုက်ရိုက် တောင်းခံရန် မဖြစ်နိုင်သဖြင့်၊ နောင်တွင် အခြေစိုက်စခန်းအတွင်း ပါဝင်သွားမည့် ဗီလာများနှင့် အိမ်များကို သွယ်ဝိုက်သောနည်းဖြင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်ချေသည်။

ရွှီချီဖန်သည် ဗဟိုအစိုးရထံမှ အမှန်တကယ် ခွဲထွက်လိုပါက၊ သူ၏ထံ၌ ရိက္ခာ၊ စစ်အင်အားနှင့် နိုင်ငံရေး သြဇာလွှမ်းမိုးမှုတို့ ရှိရန် လိုအပ်ပေသည်။ ထိုကဲ့သို့သော ချမ်းသာပြီး သြဇာအာဏာရှိသူများကို ရိက္ခာ နှင့် ထောက်ခံမှုများနှင့် အလဲအလှယ်ပြုလုပ်ကာ အကာအကွယ်နှင့် အခွင့်ထူးများ ပေးအပ်ခြင်းမှာ သူ၏ အလွန် ထက်မြက်လှသော ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်တော့သည်။

မိနစ်နှစ်ဆယ်ကျော်ခန့် လျှောက်လှမ်းပြီးနောက်၊ ရှောင်ယန်သည် ခန်းခြောက်နေသော လူလုပ်ကန် တစ်ခု အနီးရှိ ဗီလာငါးလုံးကို ညွှန်ပြကာ ပြောလိုက်လေ၏။

"ဒီဗီလာငါးလုံးက အခု ကျွန်တော်တို့ သူဌေးပိုင်တာ...၊ အစ်ကိုယွမ်က ပဉ္စမမြောက် ဗီလာထဲမှာ ခင်ဗျား တို့ကို စောင့်နေပါတယ်...။”

ယောင်ရန်က ခေါင်းငြိမ့်ပြကာ သူတို့သည် ပဉ္စမမြောက် ဗီလာဆီသို့ လျှောက်သွားခဲ့ကြလေ၏။ သူတို့ ချဉ်းကပ်လာသောအခါ အရှေ့ဘက် ဝင်းအတွင်းရှိ အလုပ်သမားများသည် သူတို့ကို စူးစမ်းချင်စိတ်၊ စိတ်ဝင်စားစိတ်များဖြင့် ကြည့်လိုက်ကြလေသည်။

အလုပ်သမားတစ်ဦးက မေးလိုက်လေသည်။

"ရှောင်ယန်...၊ သူတို့က ဘယ်သူတွေလဲ...။”

ရှောင်ယန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ပြန်လည် ဖြေလိုက်လေ၏။

"သူတို့နှစ်ယောက်က ကျွန်တော်တို့ သူဌေးနဲ့ အစ်ကိုယွမ်တို့ရဲ့ အရေးကြီးတဲ့ ဧည့်သည်တော်တွေ လေ...။”

၎င်းကို ကြားလိုက်ရသောအခါ ထိုလူသည် စိတ်ပျက်သွားသော မျက်နှာပေးဖြင့် သူ၏အလုပ်ကို ပြန် လည် လုပ်ဆောင်နေလေတော့သည်။

၎င်းကို သတိပြုမိသွားသဖြင့် ရှောင်ယန်က နှာခေါင်းရှုံ့လိုက်ပြီး၊ ယောင်ရန်နှင့် လုံယုကို အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"အစ်မယောင်... ၊ အစ်ကိုလုံ...၊ တကယ်လို့ တစ်ယောက်ယောက်က ခင်ဗျားတို့ကို နှောင့်ယှက်ရင် ကျွန်တော့်ကို ပြောပါ...။ ဒီနေရာမှာ အခြားသူတွေအပေါ် အခွင့်ကောင်းယူချင်တဲ့လူတွေ အများကြီး ရှိတယ်...။ ကျွန်တော် သူတို့ကို ဖြေရှင်းပေးပါ့မယ်...။”

ယောင်ရန်မှာ ထိုကဲ့သို့သော လူစားမျိုးနှင့် ယဉ်ပါးနေပြီဖြစ်သဖြင့် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ...။”

သူတို့သည် အရှေ့ဘက် တံခါးဝသို့ ရောက်သောအခါ ရှောင်ယန်က ပြောလိုက်လေ၏။

"အစ်မယောင်...၊ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ဒီနေရာအထိပဲ လိုက်ပို့ပေးနိုင်တော့မယ်...။”

"ကျေးဇူးတင်ပါတယ်...။”

ယောင်ရန်နှင့် လုံယုတို့ ဗီလာအတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ရှောင်ယန်သည် တံခါးကို ပိတ်ကာ သူ၏ အလုပ်များကို လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့လေတော့သည်။

ဗီလာအတွင်း၌၊ ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် ပရိဘောဂ အနည်းငယ်သာ ရှိသဖြင့် အတွင်းပိုင်းမှာ အလွန်ပင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို ယောင်ရန် သတိပြုမိလိုက်၏။ ဆိုဖာပေါ်တွင် ထိုင်နေ သော ယွမ်ရီဟွေးသည် သူတို့နှစ်ဦးကို မြင်သောအခါ မတ်တပ်ရပ်၍ ပြုံးပြလိုက်လေသည်။

"အစ်မယောင်...၊ အစ်ကိုလုံ...၊ ရောက်လာကြပြီပဲ...။ ကျေးဇူးပြုပြီး ထိုင်ကြပါဦး...။”

ယောင်ရန်သည် နောက်ပိုင်းတွင် စွန့်ပစ်ထားသော နယ်မြေရှိ ဗလာဖြစ်နေသော ရေတိုင်ကီ ငါးလုံးကို အစားထိုးရန် လိုအပ်နေသေးသဖြင့် ပြန်ဖြေလိုက်၏။

"ကျေးဇူးတင်ပါတယ်... ၊ဒါပေမဲ့ ကျွန်မ ရှေးဟောင်းပစ္စည်းတွေကို အရင် ကြည့်ချင်ပါတယ်...။”

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ၊

"သေချာတာပေါ့...၊ ကျွန်တော် ရှေးဟောင်းပစ္စည်းတွေကို ပြင်ဆင်ထားပြီးသားပါ...။ ကျွန်တော့်နောက် ကို လိုက်ခဲ့ပါဦး...။”

သူသည် သူတို့ကို အနောက်ဘက်ဝင်းရှိ မြေအောက် ဝိုင်သိုလှောင်ခန်းဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့လေ ၏။ သူသည် ဝိုင်သိုလှောင်ခန်းတံခါးကို ဖွင့်ပေးရင်း ပြောလိုက်လေသည်။

"အရင်ဝင်ပါဦး...။”

လှေကားထစ်များအတိုင်း ဆင်းသွားစဉ်၊ ယောင်ရန်သည် အိတ်မျိုးစုံနှင့် သေတ္တာမျိုးစုံ ဖြည့်ထားသော စင်များဖြင့် ပြည့်နှက်နေသည့် ကျယ်ဝန်းသော မြေအောက်ခန်းကို မြင်တွေ့လိုက်ရ၏။

ယွမ်ရီဟွေးသည် စင်တစ်ခုပေါ်မှ သေတ္တာအချို့ကို ယူကာ အနီးနားရှိ စားပွဲပေါ်တွင် တင်လိုက်၏။ ၎င်း တို့ကို ဖွင့်ပေးရင်း သူက ပြောလိုက်လေသည်။

"အစ်မယောင်... ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး...။”

သေတ္တာထဲရှိ ပစ္စည်းကို မြင်လိုက်ရသောအခါ ယောင်ရန်၏ မျက်ဝန်းများ ပြူးကျယ်သွားရ၏။ သူမ သည် ယွမ်ရီဟွေးကို ကြည့်ကာ ချီးကျူးလိုက်လေသည်။

"ဒီအရွယ်အစားရှိတဲ့ တောင်ပိုင်းထွက် ညမီးတောက်ပုလဲတစ်လုံးကို ရှင် တကယ် ရှာတွေ့ခဲ့တာပဲ... ။ အစ်ကိုယွမ်က တကယ့်ကို စွမ်းဆောင်နိုင်ရည် ရှိတာပဲ...။”

"ကျွန်တော် ကံကောင်းသွားလို့ပါ...။”

ယွမ်ရီဟွေးက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်လေသည်။

ယောင်ရန်သည် ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော ထိုပုလဲကို ကိုင်မြှောက်ကြည့် ပြီး စစ်မှန်ကြောင်း အတည်ပြုပြီးနောက်၊ အခြားသေတ္တာထဲရှိ အိုးတစ်လုံးကို စစ်ဆေးရန် ၎င်းကို ပြန် ချထားလိုက်၏။

ထိုအိုးမှာ အလွန်အမင်း တန်ဖိုးကြီးမားခြင်း မရှိသော်လည်း၊ ရှေးခေတ်မင်းဆက်တစ်ခုမှ ရှေးဟောင်း အနုပညာလက်ရာတစ်ခု ဖြစ်ပေသည်။

နောက်ဆုံးသေတ္တာထဲတွင်မူ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ပန်းချီကားတစ်ချပ် ပါဝင်သော်လည်း၊ ဝါကျင်ကျင် ဖြစ်နေသော စက္ကူသားက ၎င်း၏ သက်တမ်းရင့်မှုကို ဖော်ပြနေပေသည်။

ရှေးဟောင်းပစ္စည်းများကို စစ်ဆေးပြီးနောက်၊ ယောင်ရန်က မေးလိုက်၏။

"ရှင့်ဆီမှာ အခြားပစ္စည်းတွေ ရှိသေးလား...။”

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ သူ၏ ဝယ်ယူသူများထံမှ ရရှိထားသော ရှေးဟောင်းပစ္စည်း အားလုံးကို ထုတ်ယူရန် သူ၏လူများကို အချက်ပြလိုက်လေသည်။

ယောင်ရန်သည် အရာအားလုံးကို စစ်ဆေးရန် တစ်နာရီနီးပါး အချိန်ပေးခဲ့ပြီး အတုပြုလုပ်ထားသော ပစ္စည်းငါးခုကို ခွဲခြားသိရှိခဲ့၏။ သူမသည် ၎င်းတို့ကို ဘေးသို့ ဖယ်ထုတ်လိုက်ရင်း ပြောလိုက်လေသည်။

"ဒီပစ္စည်းငါးခုကလွဲလို့ ကျန်တဲ့ဟာအားလုံးကို ကျွန်မ ယူမယ်...။”

သူမ၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ၊ ယွမ်ရီဟွေးသည် အတုဖြစ်နေသော ရှေးဟောင်းပစ္စည်း ငါးခု ကို ကြည့်ကာ မေးလိုက်၏။

"အစ်မယောင်...၊ ဒီရှေးဟောင်းပစ္စည်း ငါးခုက သက်တမ်း သုံးထောင်ကျော် ရှိနေတာနော်...။ ခင်ဗျား တကယ်ပဲ မလိုချင်ဘူးလား...။”

"ဒါတွေက အတုတွေမို့လို့ပါ...။”

ယောင်ရန်က တည်ငြိမ်စွာပင် ပြန်လည် ဖြေလိုက်၏။

သူ၏ မှားယွင်းမှုကို သိရှိသွားသောအခါ ယွမ်ရီဟွေးသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ သူသည် ယောင်ရန်ကို အားနာစွာ ကြည့်ရင်း ပြောလိုက်လေသည်။

"တောင်းပန်ပါတယ် အစ်မယောင်...၊ ကျွန်တော့်ဘက်က ပေါ့ဆသွားတာပါ...။”

"ကိစ္စမရှိပါဘူး...။”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ထပ်လောင်း ပြောကြားလိုက်လေသည်။

"ဒီရှေးဟောင်းပစ္စည်းတွေအတွက် သန့်ရှင်းတဲ့ ရေ လီတာတစ်သောင်း ပေးနိုင်ပါတယ်...။”

ရေ လီတာတစ်သောင်းဟူသော ပမာဏမှာ များပြားလှသည်ဟု ထင်ရသော်လည်း၊ ၎င်းမှာ ရက်အနည်း ငယ်သာ ခံပေလိမ့်မည်။

ယွမ်ရီဟွေးသည် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။

"အစ်မယောင်... ၊ နည်းနည်းလောက် ပိုပေးလို့ မရဘူးလား...။ ဒီရှေးဟောင်းပစ္စည်းတွေက အရင်တစ် ခေါက်ထက် ပိုပြီး သက်တမ်းရင့်သလို ပိုလည်း တန်ဖိုးရှိတယ်လေ...၊ ရေ လီတာ သုံးသောင်းဆိုရင်တော့ တော်တော်လေး မျှတတဲ့ အလဲအလှယ် ဖြစ်မှာပါ...။”

ခဏမျှ စဉ်းစားပြီးနောက်၊ ယောင်ရန်က ပြန် ဖြေလိုက်လေသည်။

"အလွန်ဆုံး ရေ လီတာ နှစ်သောင်းပဲ ပေးနိုင်မယ်...။”

အလျင်အမြန်ပင် တွက်ချက်ကြည့်ပြီးနောက်၊ ယွမ်ရီဟွေးသည် နောက်ဆုံးတွင် သဘောတူလိုက်လေ ၏။

"သဘောတူပါတယ်...။”

ယောင်ရန်က ပြုံးလိုက်ရင်း

"ကျွန်မဆီမှာ ရေသယ်တဲ့ကား မရှိဘူး...၊ ရှင်ကပဲ ကားတစ်စီး ပြင်ဆင်ပေးဖို့ လိုလိမ့်မယ်..။ ကျွန်မက တော့ ဆယ်ရက်တိတိ ညတိုင်း အဲ့ကားထဲကို ရေဖြည့်ပြီး ပို့ပေးမယ်...။ ဒါပေမဲ့ ရှေးဟောင်းပစ္စည်းတွေ ကိုတော့ ဒီနေ့ပဲ တစ်ခါတည်း ယူသွားမယ်နော်...။”

ယွမ်ရီဟွေးက သဘောတူလိုက်ပြီး သူ၏လူများကို ရှေးဟောင်းပစ္စည်းများ ထုပ်ပိုးကာ ထရပ်ကားငယ် တစ်စီးပေါ်သို့ တင်ရန် ညွှန်ကြားလိုက်လေသည်။

"ကောင်းပါပြီ...။”

နာရီဝက်ခန့် ကြာပြီးနောက်၊ သူတို့သည် ဗီလာရပ်ကွက်မှ ထွက်ခွာခဲ့ကြရာ လုံယုက ရေသယ်ယူပို့ဆောင် ရေးယာဉ်ကို မောင်းနှင်ပြီး ယောင်ရန်က ထရပ်ကားငယ်ကို မောင်းနှင်ခဲ့၏။

သူတို့သည် ဗီလာရပ်ကွက်မှ စွန့်ပစ်ထားသော စက်ရုံနယ်မြေဆီသို့ တိုက်ရိုက် မောင်းနှင်ခဲ့ကြလေသည်။

ယောင်ရန်သည် ထရပ်ကားကို ရပ်တန့်လိုက်ပြီးနောက် ကားနောက်ခန်းကို ဖွင့်လိုက်၏။ သူမသည် သူမ ၏ လက်ကို ဝေ့ယမ်းလိုက်ရာ သေတ္တာအားလုံးမှာ သူမ၏ နေရာလွတ်ထဲသို့ ကူးပြောင်းသွားတော့လေ သည်။

လုံယုက ရေသယ်ယူပို့ဆောင်ရေးယာဉ်ကို ကောင်းမွန်စွာ ရပ်တန့်လိုက်ပြီးနောက်၊ ယောင်ရန်သည် ယာဉ်၏ဘေးရှိ လှေကားထစ်ငယ်လေးအတိုင်း တက်သွားကာ အဖုံးကို ဖွင့်လိုက်ပြီးနောက် သူမ၏ ရေစွမ်းအင်ကို အသုံးပြု၍ ရေဖြည့်လိုက်လေသည်။

တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရေတိုင်ကီမှာ အပြည့် ဖြစ်သွားခဲ့၏။

သူမသည် ရေဖြည့်ပြီးစီးသွားသောအခါ အဖုံးကို တင်းကျပ်စွာ ပိတ်လိုက်ပြီး အောက်သို့ ဆင်းလာခဲ့လေ သည်။

All Chapters