← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) ရေတွင်းတူးခြင်း

ယောင်ရန်သည် သူမ၏ထံ၌ ရိက္ခာများစွာ အလျှံပယ်ရှိနေသဖြင့်၊ နောင်တွင် အိမ်တစ်လုံးကို ကိုယ်တိုင် ဆောက်လုပ်နေမည့်အစား တိုက်ရိုက် ဝယ်ယူရန်သာ စီစဉ်ထားခြင်းဖြစ်လေ၏။

ထိုသို့ပြုလုပ်ခြင်းက သူမကိုယ်တိုင် အိမ်ဆောက်ရမည့် အလုပ်ရှုပ်ခြင်းမှ သက်သာစေမည် ဖြစ်သည်။

ရှီရွှမ်းနှင့် အခြားသူများသည် ၎င်းကို ကြားလိုက်ရသောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"ကောင်းပြီ…၊ ဒါဆိုရင် ကျွန်တော်တို့ပဲ ပစ္စည်းတွေ သွားရှာကြတော့မယ်...။ တကယ်လို့ မင်း နောက်ပိုင်း မှ ပစ္စည်းတွေ လိုချင်တယ်ဆိုရင်တော့၊ အခြား ရိက္ခာတွေနဲ့ ကျွန်တော်တို့ဆီမှာ ပြန်လဲလို့ရတာပေါ့...။”

သူ၏ အကြံပြုချက်မှာ ယောင်ရန် အလိုရှိသောအရာနှင့် အတိအကျ ထပ်တူကျနေသဖြင့်၊ သူမက သဘောတူလိုက်လေ၏။

"ကောင်းပြီလေ...။”

ရှီရွှမ်းနှင့် အခြားသူများသည် ဆောက်လုပ်ရေးပစ္စည်းများကို မည်သည့်နေရာတွင် စုဆောင်းရမည်ကို ဆက်လက် ဆွေးနွေးရန် လိုအပ်နေသေးသဖြင့်၊ ယောင်ရန်သည် လုံယုနှင့်အတူ အရင်ဆုံး ထွက်ခွာခဲ့ကြ လေသည်။

တံခါးကို မပိတ်မီ၊ လုံယုက မေးမြန်းလိုက်၏။

"မင်း နောက်ကျရင် အခြေစိုက်စခန်းထဲမှာ အိမ်တစ်လုံး ဝယ်ဖို့ စီစဉ်နေတာလား...။”

ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြန်လည် ဖြေလိုက်၏။

"အင်း...၊ အိမ်တစ်လုံး ဆောက်ဖို့က ရိက္ခာအများကြီး အကုန်အကျမရှိပေမဲ့၊ အချိန်နဲ့ အင်အား တော် တော်လေး ကုန်တယ်လေ...။ ကျွန်မရဲ့ နေရာလွတ်ထဲမှာ အစားအစာတွေ စိုက်ပျိုးနိုင်တာမို့လို့၊ နောက် ပိုင်းကျမှ အိမ်တစ်လုံးကို အလွယ်တကူ ဝယ်လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်...။”

"ဒါ့အပြင် တကယ်လို့ ကျွန်မတို့က ရှီရွှမ်းတို့နဲ့အတူ သွားမယ်ဆိုရင်၊ ပစ္စည်းတွေကို သိုလှောင်ဖို့ နေရာ ရှာရဦးမယ်၊ ပြီးတော့ ဒါတွေကို စောင့်ကြပ်ဖို့အတွက်လည်း အားစိုက်ထုတ်ရဦးမယ်...။ တကယ်လို့ ကျွန်မတို့အနေနဲ့ အိမ်တစ်လုံး အမှန်တကယ် ဆောက်ဖို့ လိုလာခဲ့ရင်တောင်၊ ကျွန်မဆီမှာ ရပ်ကွက် တစ် ခုလုံး ဆောက်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေ ရှိပြီးသားပါ...။ ဒါကြောင့် ဒီလောက်အထိ အလုပ်ရှုပ်ခံရ တာက မတန်ဘူးလေ...။”

လုံယုက သေချာ စဉ်းစားကြည့်ပြီးနောက် ပြောလိုက်လေ၏။

"ကောင်းပါပြီ...၊ မင်းရဲ့ စကားအတိုင်းပဲ နာခံပါ့မယ်...။”

နောက်တစ်နေ့တွင်၊ ယောင်ရန်သည် စောစော နိုးလာခဲ့လေသည်။ ကုတင်ဘေးရှိ စားပွဲပုပေါ်မှ နှိုးစက် နာရီကို ကြည့်လိုက်ရာ နံနက် ခုနစ်နာရီသာ ရှိသေးသည်ကို တွေ့ရ၏။

ထို့နောက် သူမသည် ရေချိုးရန်နှင့် ရိုးရှင်းသော မနက်စာ သုံးဆောင်ရန် သူမ၏ နေရာလွတ်ထဲသို့ ဝင်ရောက်ခဲ့လေသည်။

ပြင်းထန်လှသော အပူချိန်ကြောင့် စားချင်စိတ် မရှိသဖြင့်၊ ယောင်ရန်သည် ချဉ်စပ်အေးခေါက်ဆွဲ တစ်ပန်းကန်ကိုသာ စားသုံးပြီး လိမ္မော်ရည်တစ်ခွက် သောက်လိုက်လေသည်။

မနက်စာ စားပြီးနောက်၊ ယောင်ရန်သည် အပူချိန်ထိန်း အဝတ်အစားနှင့် နွေရာသီဝတ်စုံအပေါ်မှ အပူ ဒဏ်ခံ အဝတ်အစားကို ထပ်မံ ဝတ်ဆင်လိုက်၏။ သူမသည် အရေပြားနှင့် မျက်နှာ ပေါ်တွင် နေလောင် ကာခရင်မ်များကို လိမ်းကျံပြီးနောက် နေရာလွတ်ထဲမှ ထွက်လာခဲ့လေသည်။

ယောင်ရန်သည် သူမ၏ အိပ်ခန်းထဲသို့ ပြန်လည် ရောက်ရှိလာပြီးနောက် စိုက်ပျိုးခန်းသို့ သွားခဲ့၏။

သူမသည် စစ်စခန်းသို့ ရေပို့ဆောင်ပေးခြင်း မရှိတော့ဘဲ၊ ယွမ်ရီဟွေးနှင့် အလဲအလှယ်လုပ်ငန်း ပြီးဆုံး သွားခဲ့သော်လည်း၊ နေ့စဉ်မပြတ် ကျင့်ကြံလေ့ကျင့်နေဆဲဖြစ်ကာ၊ ရေ၊ ဆေးဘက်ဝင်အပင်များနှင့် အစားအစာများကို တတ်နိုင်သမျှ ပိုမိုစုဆောင်းရန် ကြိုးစားနေဆဲ ဖြစ်သည်။

ဧည့်ခန်းရှိ အပူချိန်တိုင်းကိရိယာကို ယောင်ရန် ဖြတ်သန်းသွားစဉ် တစ်ချက်ကြည့်လိုက်၏။ သူမ အံ့အား သင့်သွားရသည်မှာ၊ တစ်ညတည်းအတွင်း အပူချိန်မှာ (၂) ဒီဂရီဆဲလ်စီးယပ်စ်ခန့် ကျဆင်းသွားပြီး (၈၈) ဒီဂရီဆဲလ်စီးယပ်စ်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

သူမ စိုက်ပျိုးခန်းသို့ မသွားမီ၊ အပြင်ဘက်မှ ယာဉ်များ မောင်းနှင်လာသံကို ကြားလိုက်ရ၏။ သူမသည် စူးစမ်းချင်စိတ်ဖြင့် လသာဆောင်သို့ သွားကာ၊ နေရောင်ခြည်ကို ကာကွယ်ထားသော ထူထဲသည့် ကန့် လန့်ကာကို အနည်းငယ် ဟ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ယောင်ရန်၏ စွမ်းအားများမှာ အဆင့်နှစ်နှင့် အဆင့်သုံးသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့်၊ သူမ၏ အာရုံငါးပါး မှာလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ယခုအခါ သူမသည် မှန်ပြောင်းမပါဘဲ အောက် ထပ်တွင် ဘာဖြစ်နေသည်ကို မြင်တွေ့နိုင်ပေသည်။

မှန်ပြောင်းဖြင့် ကြည့်သကဲ့သို့ အလွန်အမင်း မကြည်လင်သော်လည်း၊ အောက်ဘက်မှ မြင်ကွင်းကို ခွဲခြား သိမြင်ရန် လုံလောက်လှပေသည်။

လင်းယွမ်တိုက်ခန်းအဆောက်အအုံ၏ အလယ်ဗဟိုရှိ ကွင်းပြင်ကျယ်တွင် စစ်သုံးထရပ်ကားတစ်စီး ရပ်တန့်ထား၏။ ယောင်ရန်သည် စစ်သည်များ ကားပေါ်မှ ဆင်းလာကြသည်ကို မြင်လိုက်ရပြီး၊ ၎င်းတို့ ၏နောက်တွင် အပူဒဏ်ခံအဝတ်အစားအောက်မှ ယူနီဖောင်းဝတ်ဆင်ထားသော လူများ လိုက်ပါလာကြ လေသည်။

ယောင်ရန်သည် ခဏမျှ စောင့်ကြည့်နေပြီးနောက်၊ စစ်တပ်က လင်းယွမ်တိုက်ခန်းအဆောက်အအုံဝန်း အတွင်း၌ ရေတွင်းတူးရန် လူများ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိသွားလေ၏။

စစ်သည်များသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံတွင် ကင်းလှည့်နေဆဲဖြစ်သဖြင့်၊ စစ်တပ်အနေ ဖြင့် နေ့စဉ် ရိက္ခာနှင့် ရေများကို လာရောက်ပို့ဆောင်ပေးနေရပေသည်။

ဆွေးနွေးတိုင်ပင်ပြီးနောက်၊ သူတို့သည် ရေသယ်ယူရာတွင် စက်သုံးဆီ ကုန်ကျမှုကို သက်သာစေရန် ဤနေရာ၌ပင် ရေတွင်းတစ်တွင်း တူးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပေသည်။ စစ်တပ်သည် တစ်ပတ်လျှင် တစ်ကြိမ်သာ ရိက္ခာလာရောက်ပို့ဆောင်ရန် လိုအပ်တော့မည်ဖြစ်သဖြင့် စက်သုံးဆီအမြောက်အမြား သက်သာစေမည် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများသည် အပြင်ဘက်မှ အသံများကို ကြားရသောအခါ၊ ဘာဖြစ်နေသည်ကို ကြည့်ရန် လသာဆောင်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြ၏။

ရေတွင်းတူးသမားများ စတင်အလုပ်လုပ်ကြသည်နှင့်အမျှ၊ များစွာသော အသက်ရှင်ကျန်ရစ်သူများမှာ စုပြုံကြည့်ရှုနေကြတော့သည်။

ယောင်ရန်သည်လည်း လသာဆောင်တွင် ရပ်ကာ၊ ပြင်းထန်သော နေပူရှိန်အောက်တွင် သူတို့ အလုပ် လုပ်နေကြသည်ကို စောင့်ကြည့်နေမိသည်။ အကယ်၍ အပူဒဏ်ခံ အဝတ်အစားများ မရှိပါက၊ စစ်သည် များနှင့် အလုပ်သမားများမှာ အပူလျှပ်ခြင်း သို့မဟုတ် နေလောင်အဆိပ်သင့်ခြင်းတို့ကို ခံစားရပြီးဖြစ် ပေလိမ့်မည်။

အလုပ်စတင်လုပ်ဆောင်ပြီး ဆယ်မိနစ်မျှသာ ရှိသေးသော်လည်း၊ သူတို့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသည်ကို မြင်သောအခါ၊ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ သောက်ရေသန့်ဗူး ဆယ်ဗူးကို ထုတ်ယူကာ ပလတ်စတစ်အိတ်အမည်းတစ်အိတ်အတွင်း ထည့်လိုက်လေ၏။ ထို့နောက် နှာခေါင်းစည်း တပ်ဆင်ကာ၊ ထီးတစ်ချောင်း ဆောင်း၍ သူမ၏ တိုက်ခန်းမှ ထွက်လာခဲ့လေသည်။

တံခါးကို ပိတ်ပြီးနောက်၊ သူမသည် စင်ကြံအဆုံးရှိ ပြတင်းပေါက်အနီးမှ ရေခဲသေတ္တာဆီသို့ သွားကာ၊ ပဲတီစိမ်းချိုရည်အချို့ကို ထုတ်ယူ၍ ပလတ်စတစ်အိတ်ထဲသို့ ထည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။

လှေကားအတိုင်း ဆင်းလာစဉ်၊ အဖွားချွမ်နှင့် အဘိုးချွမ်တို့သည်လည်း ရေတွင်းတူးနေသည်ကို ကြည့်ရှု ရန် အောက်ထပ်သို့ ဆင်းလာကြသည်ကို ယောင်ရန် မြင်လိုက်ရလေသည်။

သူမသည် သက်ကြီးရွယ်အိုမောင်နှံကို ပြုံးပြရင်း နှုတ်ဆက်လိုက်လေသည်။

"မင်္ဂလာနံနက်ခင်းပါ အဖွားချွမ်၊ အဘိုးချွမ်...၊ အဘိုးတို့လည်း ရေတွင်းတူးတာကို သွားကြည့်ကြမလို့ လား...။”

အဖွားချွမ်က ခေါင်းငြိမ့်ပြကာ သူမကို မေးလိုက်၏။

"သမီးတစ်ယောက်တည်း ထွက်လာတာလား...။”

ယောင်ရန်က သက်ကြီးရွယ်အိုမောင်နှံနှင့်အတူ လှေကားထစ်များအတိုင်း ဆင်းသွားရင်း ပြန်လည် ဖြေလိုက်လေ၏။

"ဟုတ်ကဲ့...၊ သမီးရဲ့ သူငယ်ချင်းတွေက အိပ်နေကြတုန်းမို့လို့၊ မနှိုးတော့တာပါ...။”

သူတို့ မြေညီထပ်သို့ ရောက်သောအခါ၊ အဆောက်အအုံ၏ ဝင်ပေါက်တွင် လူအများအပြား စုပြုံရောက် ရှိနေကြပြီ ဖြစ်လေသည်။

ယောင်ရန် လာသည်ကို မြင်သောအခါ၊ အဆောက်အအုံ (၃) မှ နေထိုင်သူများသည် သူမ ဖြတ်သန်းသွား နိုင်ရန် ဘေးသို့ ဖယ်ပေးကြ၏။ သူမသည် သူတို့ကို တိုက်ရိုက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့သော်လည်း၊ ယခင်က သူမသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ခဲ့ပုံကို သူတို့ အမှတ်ရနေကြဆဲ ဖြစ်သည်။

ဤရပ်ကွက်အတွင်းရှိ လူတိုင်းသည် မည်သူ့ကိုမဆို ရန်စနိုင်သော်လည်း၊ အဆောက်အအုံ (၃) ၏ အထပ် (၂၀) တွင် နေထိုင်သော လူများကိုမူ လုံးဝ မပြစ်မှားဝံ့ကြပေ။

ယောင်ရန်သည် ပိန်လှီပြီး ညစ်ပတ်ပေရေနေသော နေထိုင်သူများကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ အဖွားချွမ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အဖွား...၊ သမီး စစ်သည်တွေနဲ့ စကားသွားပြောလိုက်ဦးမယ်...။ အဖွားတို့ကတော့ တိုက်ထဲမှာပဲ နေပြီး အပြင်မထွက်ပါနဲ့ဦး...။”

နေရောင်ခြည်က မည်မျှအပြီး ဘေးအန္တရာယ်ကြီးမားသည်ကို သိရှိသဖြင့်၊ အဖွားချွမ်က သဘောတူ လိုက်၏။

"ကောင်းပြီလေ...။”

အဖွားချွမ်နှင့် စကားပြောပြီးနောက်၊ ယောင်ရန်သည် သူမ၏ ထီးအမည်းကို ဖွင့်ကာ အနီးဆုံးရှိနေသော စစ်သည်တစ်ဦးထံသို့ လျှောက်သွားခဲ့၏။

သူမ ထီးဆောင်းလျက် လာသည်ကို မြင်သောအခါ၊ စစ်သည်က ပြောလိုက်လေသည်။

"ညီမ... ၊ အပြင်မှာ အရမ်း အန္တရာယ်များတယ်...၊ ကျေးဇူးပြုပြီး အထဲပြန်ဝင်ပါဦး...။”

ယောင်ရန်သည် ပလတ်စတစ်အိတ်ကို သူ့ထံ ကမ်းပေးရင်း ပြောလိုက်၏။

"ဒီအိတ်ကို အခြားသူတွေနဲ့ မျှဝေလိုက်ပါဦး...၊ အပြင်မှာ အရမ်းပူလွန်းတယ်၊ ဒီလို ရာသီဥတုမျိုးမှာ အလုပ်လုပ်ရတာ မလွယ်ကူပါဘူး...။”

စစ်သည်သည် အံ့အားသင့်သွားသော်လည်း၊ ပလတ်စတစ်အိတ်ကို လက်ခံလိုက်ရင်း ပြန်လည် ဖြေလိုက်၏။

"ကျေးဇူးတင်ပါတယ် ညီမ...။”

All Chapters