အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) တရားဝင် ကြေညာချက်
စစ်သည်များအနေဖြင့် အရပ်သားများထံမှ ပစ္စည်းများကို လက်ခံခြင်းမပြုရန် စည်းကမ်းချက် ရှိသော် လည်း၊ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထိုစစ်သည်မှာ ယောင်ရန်၏ လက်ဆောင်ကို လက်ခံ ရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ပြင်းထန်သောအပူရှိန်ကြောင့် သောက်ရေအလုံအလောက်မရှိဘဲ အလုပ်လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
စစ်သည်အား ရေနှင့် ပဲတီစိမ်းချိုရည်ကို ပေးပြီးနောက်၊ ယောင်ရန်သည် တိုက်ခန်းအဆောက်အအုံ အတွင်းသို့ ပြန်လာခဲ့၏။ အပေါ်ထပ်သို့ မတက်မီ၊ သူမသည် အဖွားချွမ်နှင့် အဘိုးချွမ်တို့ကို အပြင်ဘက် တွင် အချိန်အကြာကြီး မနေရန် သတိပေးခဲ့သည်။
နေထိုင်သူများသည် သူမ ထွက်ခွာသွားသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်ကြတော့သည်။ ထို 'မိန်းမမိစ္ဆာ' နှင့် တစ်နေရာတည်းတွင် ရှိနေရခြင်းမှာ ရင်တထိတ်ထိတ် ဖြစ်နေရပေသည်။ သူမ မည် သည့်အချိန်တွင် ရူးသွပ်ကာ လူသတ်မည်ကို သူတို့ မသိနိုင်ကြပေ။
သူမ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ၊ ယောင်ရန်သည် လသာဆောင်တွင် ထိုင်ကာ၊ ရေခဲမုန့်စား ရင်း အောက်ထပ်တွင် အလုပ်သမားများ လုပ်ကိုင်နေကြသည်ကို စောင့်ကြည့်နေလိုက်သည်။
အလုပ်သမားများသည် ပထမဦးစွာ ရေတွင်းတူးရန်အတွက် ရေနုတ်မြောင်းများ သို့မဟုတ် အဆောက် အအုံများနှင့် ဝေးကွာသော မြေပြန့်နေရာတစ်ခုကို ရွေးချယ်လိုက်ကြ၏။ ထို့နောက် ကျွမ်းကျင်သူက ရေအရင်းအမြစ် တည်ရှိရာနေရာကို သတ်မှတ်ပေးပြီး၊ တူးဖော်ရေးကိရိယာများကို တပ်ဆင်ကာ အလုပ်သမားများကို မြေကြီး စတင် တူးစေခဲ့သည်။
စက်သုံးဆီအင်ဂျင်ဖြင့် မောင်းနှင်သော တူးဖော်စက်သည် အလုပ်လုပ်နေစဉ် ဆူညံသံများကို ကျယ် လောင်စွာ ထွက်ပေါ်လာလေ၏။ မြေဆီလွှာအပေါ်ယံလွှာကို ဖယ်ရှားပြီးနောက်၊ တူးဖော်စက် ပိုမိုထိ ရောက်စွာ လည်ပတ်နိုင်စေရန် ရေတွင်းထဲသို့ ရေများ ထည့်ပေးလိုက်ကြလေသည်။
ဤမျှ ပြင်းထန်သော အပူရှိန်အောက်တွင် ရေကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှပေသည်။ အလုပ်သမား များသည် တစ်နေ့လုံး တူးခဲ့ကြသော်လည်း၊ ရေလုံးဝ မတွေ့ရှိသဖြင့် အခြားနေရာတစ်ခုတွင် အသစ်ပြန် စခဲ့ကြရလေ၏။
သုံးရက်မြောက်သောနေ့တွင်၊ ရေတွင်းတွင်းထဲမှ အလုပ်သမားတစ်ဦးသည် ရုတ်တရက် အော်ဟစ်လိုက် လေသည်။ သူ၏ စိတ်လှုပ်ရှားနေသော အသံမှာ တွင်းထဲမှ ပဲ့တင်ထပ်ကာ အထင်းသား ကြားလိုက်ရ၏။
"တွေ့ပြီ...၊ ဒီနေရာမှာ ရေအရင်းအမြစ် ရှိတယ်...။”
သူ၏ စကားသံ ပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသောအခါ၊ လူတိုင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက် များဖြင့် ဝင်းပသွားကြ၏။ သူတို့သည် ရေမတွေ့ဘဲ နောက်ထပ်တစ်ရက် အချည်းနှီး အလုပ်လုပ်ရဦး မည်ဟု ထင်ထားခဲ့ကြသော်လည်း၊ မိုးကုပ်စက်ဝိုင်းထက်မှ နေမင်း စတင်ထွက်ပြူလာချိန်၌ပင်၊ ထို အလုပ်သမားသည် သူ၏ ခြေထောက်များ ရေစိုစွတ်လာသည်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။
အလုပ်သမားများက ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နေကြစဉ်၊ နေထိုင်သူများသည် ရေတွင်းထဲမှ ပထမဆုံး ရေပုံးကို ဆွဲတင်လာသည်ကို မြင်တွေ့လိုက်ရပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေတော့၏။
"ရေထွက်လာပြီ...၊ ငါတို့ နောက်ဆုံးတော့ ရေရပြီ...။”
"တော်သေးတာပေါ့...၊ အခုတော့ ရေငတ်ပြီး သေရမှာကို စိုးရိမ်စရာ မလိုတော့ဘူး...။”
"ကျွန်တော်တို့ကို အသက်ရှင်သန်ဖို့ အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”
ရေတွင်းထဲမှ ရေများ အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းမှာ မီတာတစ်ထောင်ကျော် နက်လှပေ သည်။ ၎င်းသည် ထိုတူးဖော်သူများ တူးဖူးသမျှထဲတွင် အနက်ဆုံး ရေတွင်းလည်း ဖြစ်သည်။
ရေအရင်းအမြစ်ကို တွေ့ရှိပြီးနောက်၊ သူတို့သည် ရေထွက်ပေါက်ကို ပိုမိုကျယ်ပြန့်စေရန် ဆက်လက် တူးဖော်ခဲ့ကြလေ၏။
ယခင်က သူတို့သည် ရေရရှိရန် မီတာလေးရာခန့်သာ တူးရန် လိုအပ်ခဲ့သော်လည်း၊ ယခုအခါတွင်မူ မီတာတစ်ထောင်ကျော်အထိ တူးခဲ့ရပြီး၊ ရေ၏ အရည်အသွေးမှာလည်း ယခင်ကဲ့သို့ ကောင်းမွန်ခြင်း မရှိပေ။
အလုပ်သမားများသည် နောက်ထပ် ငါးနာရီခန့် ဆက်လက်တူးဖော်ပြီးမှ ရပ်နားလိုက်ကြ၏။ မထွက်ခွာ မီ၊ အစိုးရဝန်ထမ်းများက နေထိုင်သူများကို ရေမှာ ရရှိရန် အလွန်ခက်ခဲလှသဖြင့် စနစ်တကျ ချွေတာသုံး စွဲရန်နှင့် အလဟဿ မဖြုန်းတီးရန် သတိပေးခဲ့ကြသည်။ စစ်သည်များနှင့် ရေတွင်းတူးအဖွဲ့ ထွက်ခွာ သွားပြီးနောက်၊ ကင်းလှည့်စစ်သည်များက ရေတွင်းကို ထိန်းချုပ်လိုက်ကြလေသည်။
စစ်သည်များက ထိုနယ်မြေမှ မြေကြီးများကို ဖယ်ရှားရှင်းလင်းနေကြစဉ်၊ တပ်ခွဲမှူးက အသံချဲ့စက်မှ တစ်ဆင့် ကြေညာလိုက်၏။
"ကျွန်တော်တို့ ဒီနေ့ညမှာ ရေစတင် ဖြန့်ဝေပေးပါ့မယ်...။ လူတစ်ဦးချင်းစီက ဦးရာလူစနစ်အတိုင်း နေ့စဉ် ရေပုံးတစ်ဝက်စီ ရရှိပါလိမ့်မယ်...။ တကယ်လို့ နောက်ကျလို့ ရေတွင်းထဲက ရေကုန်သွားခဲ့ရင် တော့၊ မနက်ဖြန်မှ ပြန်လာခဲ့ကြရပါမယ်...။”
၎င်းကို ကြားရသောအခါ၊ နေထိုင်သူများသည် ရေပုံးများကို ပြင်ဆင်ရန် အိမ်သို့ အလျင်အမြန် ပြန်သွား ကြ၏။ ညမရောက်မီအထိ ဆယ့်နှစ်နာရီကျော်ခန့် လိုအပ်နေသေးသော်လည်း၊ နေထိုင်သူများသည် ဗလာဖြစ်နေသော ရေပုံးများကို ကိုင်ဆောင်ကာ အောက်ထပ်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ယခုအခါ ဤရပ်ကွက်တွင် ရေအရင်းအမြစ် ရှိသွားပြီဖြစ်သဖြင့်၊ စစ်တပ်သည် ထိုနယ်မြေရှိ အသက်ရှင် ကျန်ရစ်သူများထံ ရေဖြန့်ဝေပေးခြင်းကို ရပ်တန့်လိုက်သည်။
လင်းယွမ်တိုက်ခန်းအဆောက်အအုံသည် ရေတွင်းရှိသော တစ်ခုတည်းသော ရပ်ကွက်ဖြစ်သဖြင့်၊ အခြားသော ရပ်ကွက်များမှ အသက်ရှင်ကျန်ရစ်သူများစွာသည် ရေသယ်ယူရန် ရောက်ရှိလာကြ၏။
နေထိုင်သူများနှင့် အသစ်ရောက်ရှိလာသူများအကြား ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက်၊ စစ်တပ် သည် လုံခြုံရေးတိုးမြှင့်ကာ ရေတွင်းကို စောင့်ကြပ်စေပြီး၊ လင်းယွမ်တိုက်ခန်းအဆောက်အအုံနှင့် ပတ်ဝန်းကျင် နယ်မြေများတွင် ကင်းလှည့်စောင့်ကြည့်မှုများကို တိုးမြှင့်လိုက်လေသည်။
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသောအခါ၊ ရေ၏ အရည်အသွေးမှာ တစ်ရက်ထက်တစ်ရက် ပိုမို ဆိုးရွားလာခဲ့လေသည်။ ယောင်ရန်သည် ကိုယ်တိုင် ရေသွားရောက်မယူသော်လည်း၊ လုံယုနှင့်အတူ ညဘက် လမ်းလျှောက်ထွက်စဉ် နေထိုင်သူများ၏ စကားပြောသံများကို ကြားခဲ့ရလေ၏။
ဝင်ပေါက်ဂိတ်ဝကို ဖြတ်သန်းသွားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပြောလိုက်လေ သည်။
"အင်း...၊ ရေအရည်အသွေးက ပိုဆိုးလာပြီ...။ မနေ့က ရေက အတော်လေး ကြည်လင်နေသေးပေမဲ့၊ ဒီနေ့တော့ တကယ့်ကို နောက်ကျိနေတာပဲ...။ ဒီရေတွင်းကတော့ ခန်းတော့မယ် ထင်တယ်...။”
အခြားသော နေထိုင်သူတစ်ဦးက သက်ပြင်းချလိုက်ရင်း စိုးရိမ်တကြီး ပြောလိုက်၏။
"တကယ်လို့ ဒီရေတွင်း ခန်းသွားရင်တော့၊ ငါတို့မှာ ရေရှိတော့မှာ မဟုတ်ဘူး...။ အဲ့ဒီအခါကျရင် ငါတို့ ဘာလုပ်ကြမလဲ...။”
ယောင်ရန်သည် သူတို့ကို ဖြတ်လျှောက်သွားစဉ်၊ စစ်သည်များက တစ်ဦးလျှင် ရေပုံးတစ်ဝက် ပေးဝေရာ မှ နှစ်လီတာသာ ပေးဝေတော့သည်ကို သတိပြုမိလိုက်၏။
အချို့သော နေထိုင်သူများက ကန့်ကွက်ခဲ့ကြသော်လည်း၊ စစ်သည်တစ်ဦးက တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။
"မလိုချင်ရင် ထွက်သွားလိုက်...။”
ထိုနေထိုင်သူသည် စစ်သည်၏ စကားကြောင့် ဆွံ့အသွားပြီး၊ တိတ်ဆိတ်စွာဖြင့်သာ လူတန်းစီ၍ လိမ္မာ စွာ စောင့်ဆိုင်းနေရတော့သည်။
တစ်ပတ်အကြာတွင်မူ၊ ရေတွင်းမှာ နောက်ဆုံး၌ အမှန်တကယ် ခန်းခြောက်သွားခဲ့လေသည်။
နေထိုင်သူများသည် ထိုသတင်းကို ကြားသောအခါ၊ ဗလာဖြစ်နေသော ရေပုံးများကို ကိုင်ဆောင်ကာ ငိုင်တိုင်တိုင်ဖြင့် အိမ်သို့ ပြန်လာခဲ့ကြရ၏။ တစ်ခုတည်းသော သတင်းကောင်းမှာ အပူချိန်မှာ တဖြည်း ဖြည်း လျော့ကျသွားပြီး၊ နောက်ဆုံးတွင် ခုနစ်ဆယ်ဆဲလ်စီးယပ်စ်၌သာ ရှိနေခြင်းပင် ဖြစ်သည်။
အပူချိန်မှာ ဖြည်းဖြည်းချင်း လျော့ကျလာသော်လည်း၊ ကျွင်းချန်မြို့အတွင်းရှိ မီးလောင်မှုများမှာ ဆက်လက် ပြင်းထန်ကာ ကူးစက်နေဆဲဖြစ်ပြီး၊ ပတ်ဝန်းကျင် အပူချိန်ကို ပြင်းထန်စွာ မြင့်တက်စေ သည်။
ပြင်းထန်သောအပူရှိန်ကြောင့် နေရာအနှံ့အပြားတွင် သူ့အလိုလို လောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွား ခဲ့လေ၏။ လင်းယွမ်တိုက်ခန်းအဆောက်အအုံနှင့် မလှမ်းမကမ်းရှိ မြင့်မားသောအဆောက်အအုံများမှာ ထူထဲလှသော မီးခိုးလုံးကြီးများဖြင့် ဖုံးလွှမ်းနေပြီး၊ လောင်ကျွမ်းနေသော အနံ့ဆိုးကြီးကို လမ်းအနည်း ငယ်အကွာမှပင် ရရှိနိုင်ပေသည်။
ကျွင်းချန်မြို့အပြင်ဘက်ရှိ စက်ရုံများမှ ဓာတုဗေဒမီးဖိုများ ပေါက်ကွဲကာ ကောင်းကင်ယံထက်သို့ မီးခိုး နက်ကြီးများ ပျံ့လွင့်သွားပြီး၊ ကောင်းကင်ကြီးမှာ တစ်ဖန် ပြာနှမ်းနောက်ကျိသော အရောင်သို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
လသာဆောင်တွင် ရပ်ရင်း၊ ယောင်ရန်သည် ကျွင်းချန်မြို့၏ နယ်မြေအသီးသီးတွင် မီးလောင်ကျွမ်းနေ သည်ကို စောင့်ကြည့်နေမိသည်။ သူမသည် အေးမြသော ဖရဲသီးဖျော်ရည်ကို တစ်ငုံ သောက်လိုက်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိလေ၏။
*မီးတွေသာ ဆက်လက် ကူးစက်နေမယ်ဆိုရင်တော့၊ ငါ ဒီနေရာကနေ ထွက်ခွာဖို့ လိုအပ်လိမ့်မယ်...။*
သူမ စဉ်းစားနေစဉ်အတွင်း၊ ရဟတ်ယာဉ်တစ်စီးသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံ၏ အပေါ်မှ ပျံသန်းသွားခဲ့၏။ ယောင်ရန်သည် အပေါ်သို့ လှမ်းကြည့်လိုက်ရာ ရဟတ်ယာဉ်တွင် တပ်ဆင်ထားသော အသံချဲ့စက်ကြီးမှတစ်ဆင့် ကြေညာချက်တစ်ခုကို ထပ်ခါတလဲလဲ ထုတ်လွှင့်နေသည်ကို မြင်တွေ့လိုက် ရလေသည်။
"အသက်ရှင်ကျန်ရစ်သူများ သတိပြုရန်...၊ အသက်ရှင်ကျန်ရစ်သူများ သတိပြုရန်...၊ အသက်ရှင် ကျန်ရစ်သူများ သတိပြုရန်...။”
"ကျွင်းချန်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ နှစ်ရာအကွာမှာ တရားဝင် အခြေစိုက်စခန်းတစ်ခုကို တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်...။ ဒီအခြေစိုက်စခန်းကို စစ်တပ်က တာဝန်ယူ စောင့်ကြပ်ပေးထား ပြီး၊ လူဦးရေ နှစ်သန်းအထိ ဆံ့နိုင်ပါတယ်...။ အသက်ရှင်ကျန်ရစ်သူများ အားလုံး အမြန်ဆုံး ကျွင်းချန် စစ်အခြေစိုက်စခန်းဆီသို့ ဦးတည်ရွေ့ပြောင်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်...။”