← Chapters

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ၉၆၄ - ဒါဆိုရင်လည်း ခွန်အားသုံးပြီး တိုက်ပွဲကို ဖျန်ဖြေရတော့မှာပေါ့

"ယာဂါမီတာအိချိလား"

အဖွဲ့နှစ်ဖွဲ့စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့နှစ်ဖွဲ့စလုံး ထိုနာမည်ကို တစ်ခါမှ မကြားဖူးသည်မှာ ထင်ရှားပေသည်။

"သူက စကြဝဠာသားရဲတစ်ကောင်ကို သူ့အတွက် တိုက်ခိုက်ပေးဖို့ အမိန့်ပေးနိုင်တယ်ဆိုတော့ သူက သားရဲထိန်း​ကျောင်းမျိုးနွယ်စုကပဲ ဖြစ်ရမယ်။ သူတို့က သွားရှုပ်လို့ရတဲ့လူတွေ မဟုတ်ဘူး"

သားရဲထိန်းကျောင်းမျိုးနွယ်စုသည် စကြဝဠာသားရဲများကို ယဉ်ပါးစေနိုင်သော သူတို့၏ မွေးရာပါပါရမီကြောင့် စကြဝဠာတစ်ခွင်တွင် ကျော်ကြားလေသည်။ စကြဝဠာသားရဲများမှာ လူသားသိုင်းပညာရှင်များထက် အဆပေါင်းများစွာ ပိုသန်မာလေ့ရှိသောကြောင့် သားရဲထိန်းကျောင်းမျိုးနွယ်စုရှိ လူတိုင်းမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့ပြင် သူတို့၏ သက်ရှိအဆင့် တိုးတက်လာသည်နှင့်အမျှ သူတို့ ယဉ်ပါးစေနိုင်သော သားရဲအရေအတွက်လည်း တိုးလာသည်ဟု ဆိုကြ၏။

တစ်ခါက သားရဲထိန်းကျောင်းမျိုးနွယ်စုမှ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ဦးသည် အမည်မသိနည်းလမ်းများဖြင့် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိသားရဲရာပေါင်းများစွာကို သူ့အတွက် တိုက်ခိုက်ပေးရန် အောင်မြင်စွာ အမိန့်ပေးခဲ့ဖူးသည်။ ထိုသားရဲမှာ တိုက်ပွဲတွင် တစ်ယောက်မှ ခြေရာလက်ရာပင် မကျန်အောင် ချေမှုန်းပစ်နိုင်စွမ်းရှိသည်။

ကံကောင်းထောက်မစွာဖြင့် စကြဝဠာထဲ၌ သားရဲထိန်းကျောင်းမျိုးနွယ်စု၏ လူဦးရေမှာ အလွန်နည်းပါးပြီး လူနည်းစုသာ ရှိ၏။ သို့မဟုတ်ပါက ဤမျိုးနွယ်စုသည် စကြဝဠာမျိုးနွယ်စုများ၏ မျှခြေကိုပင် ဖျက်ဆီးပစ်နိုင်သည်။

"သူ့သားရဲက အဆင့်လေးအထွတ်အထိပ်သက်ရှိအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ အဲဒီမီးလုံးရဲ့ စွမ်းအားက သာမန်အဆင့်ငါးအထွတ်အထိပ်ထက်တောင် သာနိုင်တယ်။ ဒါက ဘယ်လိုသတ္တဝါမျိုးလဲ"

"ငါလည်း မသိဘူး။ ဒေတာဘေ့စ်ထဲမှာ ဒီမျိုးစိတ်နဲ့ပတ်သက်တဲ့ အချက်အလက် ဘာတစ်ခုမှ ရှာမတွေ့ဘူး။ ဒါက စကြဝဠာသားရဲ မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းမတင်ရသေးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ထားတာ ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ တစ်ခုသေချာတာက ဒါဟာ အရမ်းအဆင့်မြင့်တဲ့ သွေးဆက်ခံမှုရှိတဲ့ စကြဝဠာသားရဲတစ်ကောင် ဖြစ်ပုံပဲ။ ဒီလူက ထူးဆန်းတယ်ဟေ့။ အားလုံးပဲ သတိထားကြ"

တိုင်ရန်နိုဆောရပ်စ်ထံမှ ထွက်ပေါ်လာသော အံ့ဖွယ်မီးတောက်ကြောင့် သူတို့ အလွန်ထိတ်လန့်သွားသည်။ အကယ်၍ ထိုမီးလုံးသာ သူတို့ထဲရှိ တစ်ယောက်ယောက်ကို ထိမှန်ပါက မည်သူမှ ဒဏ်ရာမရဘဲ နေနိုင်မည်ဟု အာမမခံနိုင်ပေ။

"လေးစားအပ်တဲ့ သားရဲထိန်းကျောင်းမျိုးနွယ်စုက မိတ်ဆွေခင်ဗျာ.. ခင်ဗျားကလည်း သူတို့ရဲ့ ပစ္စည်းတွေကို စိတ်ဝင်စားနေတာလား"

နောက်မှရောက်လာသော အဖွဲ့၏ ခေါင်းဆောင်က ဤလူနှင့်သားရဲပေါင်းစပ်မှုကို အလွန်အမင်း သတိထားနေဟန်ဖြင့် ကျန်းမုန့်လောင်အား မေးလိုက်သည်။

"တကယ်လို့ ခင်ဗျား အခုချက်ချင်းထွက်သွားပြီး ဒီကိစ္စမှာ ဝင်မစွက်ဖက်ဘူးဆိုရင် နောင်တစ်ချိန် ပိုင်ကျယ်မျိုးနွယ်စုကို လာရောက်လည်ပတ်တဲ့အခါ ခင်ဗျားကို ကျွန်တော်တို့ရဲ့ အလေးစားဆုံး ဧည့်သည်တော်အဖြစ် သတ်မှတ်ပေးပါ့မယ်"

"ယောင်ခယ်.. ငါတို့က သူ့ကို အဲဒီလောက်အထိ သတိထားနေဖို့ လိုလို့လား"

ပိုင်ကျယ်မျိုးနွယ်စုမှ အခြားရတနာရှာဖွေသူတစ်ယောက်က မယုံကြည်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့ ထောက်လှမ်းရေးကိရိယာအရတော့ သူက သာမန်အဆင့်ငါးအခြေခံသက်ရှိလေးပါ"

"ပါးစပ်ပိတ်ထား"

ခေါင်းဆောင်ဖြစ်သူက အမိန့်ပေးလိုက်သည်။

"ငါတို့အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြတာကို မြင်ရက်နဲ့ သူတစ်ယောက်တည်း လာရဲတယ်ဆိုကတည်းက သတ္တိက သာမန်မဟုတ်ဘူး။ သူ့စွမ်းရည်အစစ်က အပေါ်ယံမြင်ရသလောက်ပဲဆိုရင်တော့ သူ ရူးနေလို့ပဲ ဖြစ်ရမယ်"

"မမေ့နဲ့.. ရီထျန်းဂိုဏ်းက လူတွေအားလုံးက အဆင့်ငါးအခြေခံ ဒါမှမဟုတ် အဆင့်လေး အထွတ်အထိပ် မျိုးရိုးဗီဇသက်ရှိအဆင့်မှာပဲ ရှိကြတာဆိုပေမဲ့ သူတို့ထဲက ဘယ်သူမှ သာမန်လူတွေ မဟုတ်ကြဘူး"

ဤစကားကြောင့် လူတိုင်း၏ ကျောပြင်ထက်တွင် ချက်ချင်းဆိုသလို ချွေးရွှဲသွားသည်။

ဤရတနာရှာဖွေရေးနယ်မြေထဲတွင် တစ်စုံတစ်ယောက်၏ သက်ရှိအဆင့်ကိုသာ အင်အား၏ တစ်ခုတည်းသော စံနှုန်းအဖြစ် သတ်မှတ်မည်ဆိုပါက သေမင်းက ခပ်မြန်မြန်ရောက်လာပေလိမ့်မည်။

သူတို့သည် မကြာသေးခင်က ရတနာရှာဖွေသူများ၏ စုရပ်တစ်ခုကို ဖြတ်သန်းခဲ့ကြသည်။ ထိုနေရာကား တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ရန် ထိုရတနာရှာဖွေသူများကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်၏။ သူတို့ထဲတွင် အဆင့်ခြောက် သို့မဟုတ် ထိုထက်မြင့်သော သားရဲများကိုပင် ဟန့်တားနိုင်သည့် အထူးစွမ်းရည်ပိုင်ရှင်အချို့ ရှိသည်။ ထိုစုရပ်တွင် ရတနာရှာဖွေသူ အယောက်နှစ်သိန်းခန့် ရှိပေသည်။

ဤသည်မှာ အတော်အတန် အားကောင်းသော အင်အားစုတစ်ခုဟု ယူဆရပြီး အနည်းဆုံးတော့ သားရဲဒီရေလှိုင်းကြီးအပြီးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိကြသည်။

အစက ထိုစုရပ်သို့ ဝင်ပူးပေါင်းရန် ရည်ရွယ်ထားသော်လည်း ရောက်သွားသောအခါ ရတနာရှာဖွေသူ အယောက်နှစ်သိန်းခန့်၏ ဦးခေါင်းပေါ်တွင် အစိမ်းရောင်အလင်းများ တောက်ပနေသည်ကို တွေ့လိုက်ရ၏။

သူတို့ခမျာ ပိုင်ဆိုင်သမျှငွေအားလုံး လုယက်ခံရရုံသာမက ရတနာရှာဖွေရေးနယ်မြေတွင် ရှာတွေ့ခဲ့သမျှပါ အပြောင်သိမ်းခံလိုက်ရသဖြင့် ဆင်းရဲသားရပ်ကွက်တစ်ခုထဲသို့ ရောက်သွားသလို ခံစားခဲ့ရသည်။

စုံစမ်းမေးမြန်းကြည့်သောအခါ မကြာသေးခင်က ရီထျန်းဂိုဏ်းမှ ရတနာရှာဖွေသူတစ်ယောက် ထိုနေရာသို့ ဖြတ်သန်းသွားခဲ့ကြောင်း သိလိုက်ရသည်။

သူသည် သူ့ကိုယ်သူ ကနေဒါလျှပ်စစ်ငါးရှဉ့် ဝူချန်းဟု သမုတ်ပြီး အဆင့်လေးအထွတ်အထိပ်သက်ရှိအဆင့်တွင် ရှိသော်လည်း ပုံမှန်အားဖြင့် အဆင့်ရှစ်သက်ရှိများသာ ရရှိနိုင်သော မိုးကြိုးနှင့် လျှပ်စီးနိယာမများကို နားလည်သဘောပေါက်ထားလေသည်။ သူ့လှုပ်ရှားမှုများနှင့် စကားလုံးများကပင် လျှပ်စီးများကို တောက်ပစေနိုင်စွမ်းရှိ၏။

လူတိုင်းက သူပြောခဲ့သည့် စကားတစ်ခွန်းကိုသာ မှတ်မိကြသည်။

"ငါ့လျှပ်စီးကြောင်းက အားပြင်းတယ်။ မင်းတို့ တောင့်ခံထားနိုင်ဖို့တော့ လိုလိမ့်မယ်"

မကြာခင်မှာပင် မိုးကြိုးနဂါးတစ်ကောင် ကောင်းကင်ယံမှ ဆင်းသက်လာပြီးနောက် ပြင်းထန်လှသော သူ့လျှပ်စီးကြောင်းက မည်သည့်လျှပ်စီးကိုမဆို ကျော်လွန်နေချေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အယောက်နှစ်သိန်းစလုံး ခုခံနိုင်စွမ်း ကင်းမဲ့သွားသည်။

ထို့နောက် သူသည် ထိုလူတစ်သိုက် ရတနာရှာဖွေရေးနယ်မြေ၌ ရရှိထားသမျှ ရတနာအားလုံးကို လုယက်ခဲ့ပြီး စကြဝဠာဘဏ်ရှိ သူတို့၏ အကောင့်များအားလုံးကိုပါ အကုန်ထုတ်ပေးရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။ သူတို့၏ ဦးခေါင်းပေါ်တွင် အစိမ်းရောင် အလင်းများသာ ကျန်ရစ်ခဲ့ပြီး သူကတော့ ခရမ်းရင့်ရောင်ကံကြမ္မာမီးလျှံများနှင့်အတူ ရက်ပ်ရွတ်လျက် ထွက်ခွာသွားသည်။

ဝူချန်းက သူတို့ကို ဘာကြောင့် တိုက်ခိုက်ခဲ့သလဲဟု ထိုစုဝေးနေသူများအား မေးကြည့်သောအခါ ထိုလူများမှာ အကြောင်သားဖြစ်နေဆဲပင်။

"အဲဒီအချိန်တုန်းက ဝူချန်းက စုရပ်ကို လျှောက်လာပြီး ဘယ်သူ့မှာ ဖရီးစတိုင်ရှိလဲလို့ မေးတယ်။ ဘယ်သူမှ ပြန်မဖြေကြတော့ သူ ဒေါသထွက်သွားတာပဲ"

ယနေ့ထိတိုင်အောင် ဖရီးစတိုင်ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း သူတို့ စဉ်းစား၍ မရကြသေးပေ။

သို့သော် လူတိုင်း သင်ခန်းစာတစ်ခု ရသွားသည်။ ဘယ်သူ့ကိုမှ အထင်မသေးမိစေရန်ပင်။

"ပစ္စည်းတွေလား။ ဘာပစ္စည်းတွေလဲ"

ကျန်းမုန့်လောင်က အနှောင့်အယှက်ကို ခံစားမိ၍ ရောက်လာခဲ့ခြင်းဖြစ်ပြီး နတ်သူငယ်မျိုးနွယ်စုများ ဘယ်ပစ္စည်းကို ရထားသလဲဆိုသည်ကို မသိပါချေ။ အကယ်၍ သူ သိလျှင်ပင် အဆင့်ခြောက်သိုင်းလက်နက်တစ်ခုက သူ့အတွက် အဆင့်ငါးစွမ်းအင်သလင်းကျောက် အတုံးအနည်းငယ်ထက် ပိုတန်ဖိုးရှိမည်မဟုတ်ပေ။

"ခင်ဗျားက သူတို့ရထားတဲ့ ရတနာတွေအတွက် လာခဲ့တာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ရိုးသားဖြူစင်ဟန်ဖြင့် ပြောလိုက်သည်။

"ငါက စကြဝဠာငြိမ်းချမ်းရေးထိန်းသိမ်းမှု အဖွဲ့အစည်းကပါ။ ဒီမှာ တိုက်ခိုက်နေကြတာကိုမြင်လို့ လာခဲ့တာပါ"

"စကြဝဠာငြိမ်းချမ်းရေးထိန်းသိမ်းမှု အဖွဲ့အစည်းလား"

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ စကြဝဠာထဲတွင် ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးရှိကြောင်း သူတို့ တစ်ခါမှမကြားဖူးခဲ့ပေ။

"မကြားဖူးရင်လည်း ထားလိုက်ပါတော့"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"မင်းတို့နှစ်ဖွဲ့ကို ကြည့်ပါဦး။ ဒဏ်ရာရနေတဲ့ လူတစ်စုကို အနိုင်ကျင့်နေကြတာ တကယ်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲ။ သူများဒုက္ခရောက်နေတာကို ဒီလိုမျိုး အခွင့်ကောင်းယူရက်တယ်လား။ မင်းတို့အစား ငါတောင် ရှက်လာပြီ။ မင်းတို့ အမြန်ဆုံးထွက်သွားတာ ပိုကောင်းလိမ့်မယ်။ ရတနာတွေ ရချင်ရင် ကိုယ့်စွမ်းရည်ကိုပဲ အားကိုးရတယ်။ သူများဆီက လုယက်တာက သူရဲကောင်းမဆန်ဘူး"

"ငါတို့ကို ဆုံးမရအောင် မင်းကိုယ်မင်း ဘယ်သူများ ထင်နေတာလဲ"

"ဟုတ်တယ်.. မင်းအတွက် ပြောရတာတော့ လွယ်တာပေါ့။ ဒါပေမဲ့ ဒါက အဆင့်ခြောက် သိုင်းလက်နက်လေ။ မင်းလည်း ဒါကို သိမ်းပိုက်ချင်နေတာ အသိသာကြီးပါ။ ဟုတ်တယ်မလား"

"ဒါပေမဲ့ ငါတို့က အရင်တွေ့တာလေ။ ဦးရာလူစနစ်ဆိုတဲ့ စည်းကမ်းကို မင်း နားလည်လား"

"ဟွန့်.. မင်းက ဦးရာလူစနစ်ဆိုတာကို နားလည်သလိုလိုနဲ့ ပြောနေတယ်ပေါ့လေ။ ငါတို့က သူတို့ကို လမ်းဆုံးတဲ့အထိ ချောင်ပိတ်ဖမ်းထားတာ။ အခုကျမှ မင်းက ငါတို့ကို လှည့်စားချင်နေတယ်ပေါ့။ ရယ်ချင်စရာကောင်းလိုက်တာ"

အစတုန်းက အပြင်လူကို ဆန့်ကျင်ရန် ညီညွတ်နေခဲ့ကြသော်လည်း အငြင်းပွားဖွယ်ရာ စကားအနည်းငယ်ကို ပြောဆိုပြီးနောက် လေထုက ပြန်လည်တင်းမာလာသည်။

"အစ်ကို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပစ်မှတ်က ကျွန်တော်တို့ပါ။ အစ်ကို ဒီပြဿနာထဲကို ဝင်ပါစရာမလိုပါဘူး"

မွေးရာပါကြင်နာတတ်သော နတ်သူငယ်မျိုးနွယ်စုများက သူတို့အတွက် ကိုယ်ကျိုးစွန့်နေသော ကျန်းမုန့်လောင်ကြောင့် ရင်ထဲ ထိရှသွားကြသော်လည်း သူ့ကို အန္တရာယ်မကြုံစေချင်သောကြောင့် ထွက်သွားရန် တိုက်တွန်းလိုက်သည်။

"ရပါတယ်.. ငါ့ကိုယုံပါ။ ငါက ပရော်ဖက်ရှင်နယ်ပါ"

ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းပြ၍ သူတို့ကို စိတ်အေးစေရန် ပြောလိုက်သည်။

"ဟေး.. အရမ်းတင်းမာမနေကြပါနဲ့။ ငါတို့အားလုံးက လူငယ်တွေပဲလေ။ အေးအေးဆေးဆေးထိုင်ပြီး ဆွေးနွေးလို့ မရဘူးလား"

ကျန်းမုန့်လောင်က လေးလေးနက်နက် ပြောလိုက်သည်။

"ရန်ငြိုးတွေကို စွန့်လွှတ်ပြီး သဟဇာတဖြစ်မှုကိုပဲ လက်ခံလိုက်ကြပါ။ ဘေးဖယ်ထားလို့ မရနိုင်တဲ့အရာဆိုတာ မရှိပါဘူး။ လောကီပစ္စည်းတွေဆိုတာလည်း မမြဲဘူး။ မွေးလာတုန်းကလည်း ပါမလာသလို သေသွားရင်လည်း ယူသွားလို့မရပါဘူး..."

"သတိထား"

နတ်သူငယ်မျိုးနွယ်စုရှိ လူက သတိပေးလိုက်သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ တိုင်ရန်နိုဆောရပ်စ်၏ ပခုံးပေါ်ရှိ ကျန်းမုန့်လောင်ထံသို့ အလင်းတန်းအမြောက်တစ်လက်က ချိန်ရွယ်ထားပြီးဖြစ်၏။ ထိုကဲ့သို့သော စွမ်းအားမှာ အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ကိုပင် အပြင်းအထန် ထိခိုက်စေနိုင်သည်။ သူတို့၏အမြင်တွင်မူ ကျန်းမုန့်လောင် မသေလျှင်ပင် အရေပြားတစ်လွှာ စုတ်ပြဲသွားရလောက်သည်အထိ ဒဏ်ရာရသွားမည်မှာ သေချာပေသည်။

"ဘုန်း"

စူးရှရှအသံတစ်သံ ထွက်ပေါ်လာပြီးနောက် အလင်းတန်းအမြောက်မှာ အင်အားတစ်ရပ်ဖြင့် ကာကွယ်ခံလိုက်ရသောကြောင့် ရုတ်တရက်ဆိုသလို အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

"အဲဒါ ဘာကြီးလဲ"

လူတိုင်းက ကျန်းမုန့်လောင်၏ လက်ထဲရှိ အနီရောင်နှင့် အပြာရောင်စက်ကွင်းများ ပါဝင်သော အဝိုင်းပုံစံဒိုင်းကာကို ငေးကြည့်လိုက်ကြသည်။

"ဒါကလည်း အဆင့်ခြောက်သိုင်းလက်နက်များလား"

သူတို့၏ မျက်လုံးထဲတွင် လောဘရမ္မက်များ တောက်ပလာချေသည်။

"တောက်"

ကျန်းမုန့်လောင် ဒိုင်းကာကို ပြန်သိမ်းလိုက်သည်။

"ငါက ကျိုးကြောင်းရှိရှိ ပြောပြဖို့ ကြိုးစားနေတာကို မင်းတို့က ကြားဝင်ဖျန်ဖြေပေးတဲ့လူကိုတောင် တိုက်ခိုက်တယ်ပေါ့လေ။ ဒီလိုဆိုမှတော့ ငါလည်း ခွန်အားသုံးပြီး ဖျန်ဖြေပေးရတော့မှာပေါ့"

***********************

All Chapters