← Chapters

အခန်း ၉၆၈

Vol. 65 Ch. 968

အခန်း ၉၆၈

Vol. 65 Ch. 968

အခန်း ၉၆၈ - သောက်ကျိုးနည်း... ငါ့ပိုက်ဆံတွေ ပြန်ပေး

မြို့လယ်ခေါင်တွင် အလွန်ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခု ရှိ၏။ မြို့တော်ကို အဆင့်မြင့်နည်းပညာများဖြင့် မောင်းနှင်ထားသော်လည်း စက်ယန္တရားဆန်သော အငွေ့အသက်ကို မြင်တွေ့ရရန် ခဲယဉ်းလှသည်။ ဤစံအိမ်ကြီးသည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုနှယ် လှပပြီး အေးချမ်းလှသည်။

အခမ်းနားဆုံး အဆောက်အအုံတစ်ခုထဲတွင် လူငယ်တစ်ဦးသည် အမျိုးသမီးရတနာရှာဖွေသူအများအပြားနှင့် ဖော်ပြရန်ခက်ခဲသော ကိစ္စရပ်များကို လုပ်ဆောင်နေသည်။ အချို့က ချစ်စရာကောင်းပြီး အချို့ကမူ ဆွဲဆောင်မှုရှိကာ ညို့ဓာတ်ပြင်းကြသည်။ ဤနယ်ပယ်၏ အသုံးအနှုန်းများအရ လိုလီလေးများ၊ ရင့်ကျက်သောအမျိုးသမီးများ သို့မဟုတ် ဘုရင်မစတိုင်ဖြစ်စေ စိတ်ကူးကြည့်၍ရသမျှ အကုန်ရှိနေချေသည်။

တကယ်တော့ ဤရတနာရှာဖွေရေးကမ္ဘာတွင် ယခုလိုကိစ္စများက အလွန်အဖြစ်များသည်။ အားနည်းသူများက အားကြီးသူများကို မှီခိုကြရပြီး လုပ်အားဖြစ်စေ ခန္ဓာကိုယ်ဖြစ်စေ ရောင်းချကြရသည်။ ဘယ်လိုလူမျိုးပင်ဖြစ်စေ အသက်ရှင်သန်ချင်လျှင် နည်းလမ်းတစ်ခုခု အမြဲရှာတွေ့နိုင်သည်။

ထိုလူငယ်၏ ခေါင်းပေါ်ရှိ ကံကြမ္မာမီးတောက်မှာ လိမ္မော်ရောင်မှ အနီရောင်သို့ စတင်ပြောင်းလဲနေပြီဖြစ်ပြီး ထိုအမျိုးသမီးရတနာရှာဖွေသူများ၏ ခေါင်းပေါ်ရှိ မီးတောက်များကလည်း လိမ္မော်ရောင်သန်းနေသည်။

လိမ္မော်ရောင်ကံကြမ္မာမီးတောက်များကို အထင်မသေးလေနှင့်။ ထိုအရာကား ဤရတနာရှာဖွေရေးနယ်မြေအတွင်းရှိ ရတနာရှာဖွေသူ ၆၀ရာခိုင်နှုန်းကျော်ကိုပင် အနိုင်ယူရန် လုံလောက်နေပြီဖြစ်၏။ မည်သို့ပင်ဖြစ်စေ ရတနာရှာဖွေမှုက ယခုမှ စတင်ရုံသာ ရှိသေးသည်။ အသက်ရှင်သန်ရန် နေရာတစ်ခု အခိုင်အမာ ရထားခြင်းကပင် အလွန်ကောင်းမွန်လှပြီဖြစ်ရာ မည်သူကများ ကြီးကြီးမားမား ရိတ်သိမ်းရဖို့ မျှော်လင့်ရဲမည်နည်း။

ယခင်အတွေ့အကြုံများအရ ရတနာရှာဖွေရေးနယ်မြေနှင့် ရင်းနှီးကျွမ်းဝင်လာသည့် နောက်ပိုင်းအဆင့်များရောက်မှသာ မျိုးနွယ်စုများ သို့မဟုတ် အဖွဲ့အစည်းအသီးသီး၏ အင်အားကြီးမားသော အစုအဖွဲ့များ ပေါ်ပေါက်လာလေ့ရှိသည်။ ထိုအချိန်ရောက်မှသာ အဆင့်မြင့်ကံကြမ္မာမီးတောက်များ အစုလိုက်အပုံလိုက် ပေါ်ပေါက်လာခြင်းပင်။

သူ အထွတ်အထိပ်သို့ ရောက်ခါနီးအချိန်မှာပင် မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားစေသော ပြင်းထန်လှသည့် အချက်ပေးသံကြီး ပဲ့တင်ထပ်သွားလေသည်။

ထို့ပြင် ဉာဏ်ရည်တုစနစ်က မြို့ဝင်ပေါက်အားလုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်းနှင့် ကာကွယ်ရေးစနစ်များကို အမြင့်ဆုံးစွမ်းအင်ဖြင့် အသက်သွင်းထားကြောင်း သူ့ကို သတင်းပို့လာသည်။

ပန်းထွက်တော့မည့် အရည်များပင် ပေါက်ကွဲထွက်ခါနီးအချိန်၌ ထိုအသံကြောင့် လန့်ပြီး ပြန်ဝင်သွားရသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ထိုလူငယ်သည် ခုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။

"မင်းတို့အားလုံး အရင်ထွက်သွားကြ။ ငါကတိပေးထားတဲ့ ကာလအပိုင်းအခြားအတွက် စီစဉ်ပေးမယ်"

အမျိုးသမီးရတနာရှာဖွေသူများလည်း သူတို့၏ အဝတ်အစားများကို ယူ၍ အခန်းထဲက ထွက်သွားစဉ် သူ့ကို ကျေးဇူးတင်စကား တဖွဖွဆိုသွားကြသည်။ သို့သော် လှည့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ယောက်နှင့်တစ်ယောက် အကဲခတ်ပြီး ပြိုင်တူရေရွတ်လိုက်ကြသည်။

"တကယ်အသုံးမကျတဲ့ကောင်ပဲ"

...

ခဏအကြာတွင် အဆင့်ငါးထိပ်သီးသက်ရှိတစ်ဦး ဝင်ရောက်လာသည်။ သူ့အမူအရာက အလွန်ရိုသေလေးစားဟန် ရှိသော်လည်း မျက်နှာပေါ်ရှိ သေးငယ်သော အမူအရာလေးတချို့က သူ့အရှေ့ရှိ လူကို တကယ်တမ်းတွင် မလေးစားကြောင်း ဖော်ပြနေသည်။

ထိုလူငယ်၏ နာမည်မှာ ယူကတ်စ်ဖြစ်ပြီး အလွန်အင်အားကြီးမားသော အဆင့်ငါးထိပ်သီးမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်၏။ ထိုမျိုးနွယ်စု၏ အရှင်သခင်သည် အဆင့်ရှစ်ထိပ်သီးသက်ရှိပင်။

ဤတစ်ကြိမ်တွင် သူတို့၏ စကြဝဠာအင်ပါယာသည် စုစုပေါင်းနေရာ၁၂၀၀ရရှိခဲ့သည်။ သူသည် ဤမျိုးနွယ်စု၏ အရှင်သခင်က အလွန်အရေးပေးသော အဖိုးတန် သားတော်တစ်ပါး ဖြစ်သောကြောင့် သဘာဝကျကျပင် တန်ဖိုးရှိသော ဤနေရာတစ်ခုကို ရရှိခဲ့ခြင်းဖြစ်၏။ အခြားသော ရတနာရှာဖွေသူများမှာမူ သူ့လက်အောက်ခံများနှင့် အစေခံများ ဖြစ်သွားကြသည်။

အဆင့်ငါးထိပ်သီးသက်ရှိတစ်ဦးအနေနှင့် ယူကတ်စ်၏ သိုင်းပညာအောင်မြင်မှုများမှာ သာမန်မျှသာ။ သူသည် ဤလူ အယောက်၁၂၀၀ထဲတွင် အောက်ဆုံးအဆင့်၌ပင် ရှိနေပြီး မည်သူ့ထံကမှလည်း လေးစားမှု သို့မဟုတ် ယုံကြည်မှုကို မရရှိသလောက်ပင်။

သို့သော် ရွေးချယ်စရာ မရှိပါချေ။ သူသည် ဖခင်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ ရတနာတိုက် မပွင့်ခင်ကပင် ယူကတ်စ်၏အဖေသည် အကြီးမားဆုံးသော သူ့အဆက်အသွယ်များကို အသုံးပြုပြီး စကြဝဠာမဟာမိတ် လေလံအဖွဲ့အစည်းတစ်ခုထံမှ စွမ်းအင်ဆေးလုံးတစ်လုံးကို မူလဈေးထက် အဆပေါင်းများစွာပေး၍ ဝယ်ယူခဲ့သည်။

ရတနာရှာဖွေရေးနယ်မြေများမှာ အဆင့်ခြောက်သက်ရှိများကို ဝင်ရောက်ခွင့် မပြုသော်လည်း စွမ်းအင်ဆေးလုံးကို ယူဆောင်သွားပြီး အထဲရောက်မှ အဆင့်တက်လှမ်းခြင်းကိုမူ ကန့်သတ်ထားခြင်း မရှိပေ။

ရတနာတိုက်ထဲသို့ ဝင်ရောက်သည်နှင့် သူသည် စွမ်းအင်ဆေးလုံးကို မျိုချလိုက်ပြီးနောက် အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက် ဖြစ်လာခဲ့သည်။

အဆင့်တက်ပြီးသည်နှင့် တစ်ချိန်က သူ့ကို အထင်သေးခဲ့သော ရတနာရှာဖွေသူများအားလုံးကို ချက်ချင်း ပညာပေးခဲ့သည်။ သူ့ပါရမီက သာမန်သာ ဖြစ်သော်လည်း အဆင့်ငါးထိပ်သီးသက်ရှိနှင့် အဆင့်ခြောက်အခြေခံသက်ရှိကြားရှိ ကြီးမားသော ကွာဟချက်ကို လုံးဝ ကျော်လွှားနိုင်မည် မဟုတ်ပေ။

"ဘာလို့ အချက်ပေးသံ မြည်တာလဲ။ အန္တရာယ်မရှိရင် မြို့ကိုမပိတ်ဖို့ ငါ ပြောထားတယ် မဟုတ်လား"

ယူကတ်စ်က အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်သည်။

"သားရဲဒီရေလှိုင်း ပြန်လာတာများလား"

"မဟုတ်ပါဘူး... သားရဲဒီရေလှိုင်း မဟုတ်ပါဘူး။ ရီထျန်ဂိုဏ်းက လူတွေ ရောက်လာလို့ပါ"

"ဘာ။ ရီထျန်ဂိုဏ်းက လူတွေ ဟုတ်လား"

ယူကတ်စ်၏ လက်များ တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ ခပ်ဖွဖွနာကျင်မှုကိုပင် အလိုလို ခံစားလိုက်ရသည်။

အဆင့်ခြောက်သက်ရှိသို့ တက်လှမ်းပြီးနောက် သူ့နားရှိ နောက်လိုက်ရာပေါင်းများစွာက သူ့ကို ဤရတနာရှာဖွေမှု၏ ဇာတ်လိုက်ကြီးသဖွယ် ဆက်ဆံလာကြသောအခါ ယူကတ်စ်လည်း သူ့ကိုယ်သူ ဤရတနာရှာဖွေရေးခရီးစဉ်၏ အဓိကဇာတ်ဆောင်အဖြစ် မြင်လာခဲ့သည်။

သာမန်ဆိုလျှင် ပါရမီရှင်အနည်းငယ် ပေါင်း၍ ရင်ဆိုင်ရမည့် အဆင့်ငါးထိပ်သီးသားရဲတစ်ကောင်ကို သူက လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ အခြားရတနာရှာဖွေသူများကလည်း ထင်ပေါ်လှသော သူ့အရှိန်အဝါကို ခံစားမိပြီး အဝေးကပင် ရှောင်ရှားခဲ့ကြသည်။

ထို့ပြင် ယူကတ်စ်တွင် လူသိများသော ပြစ်ချက်တစ်ခုရှိ၏။ ထိုအရာကား သူသည် မိန်းမလိုက်စားသူဖြစ်နေခြင်းပင်။ သူသည် မျိုးနွယ်စုအသီးသီးမှ အမျိုးသမီးများနှင့် ဇီဝကမ္မအရ ဆက်ဆံရခြင်းကို နှစ်သက်သည်။ သူတို့သည် လူသားနှင့် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီး ဖြစ်နေသရွေ့ လူတိုင်းနီးပါးကို လက်ခံသည်။ လူနှင့် မတူလေလေ သူ့အတွက် ပိုစိတ်လှုပ်ရှားစရာ ကောင်းလေလေပင်။

နောက်ပိုင်းတွင် သူတို့သည် နတ်သူငယ်မျိုးနွယ်စုဝင် တစ်စုနှင့် ဆုံတွေ့ခဲ့သည်။ သူ အသက်ရှင်လာသည့် တစ်လျှောက်လုံး နတ်သူငယ်အမျိုးသမီးများနှင့် ရင်းနှီးကျွမ်းဝင်ခွင့် မရခဲ့ဖူးချေ။ ကြီးမားလှသော စွမ်းအားများကြောင့် ဖြစ်ပေါ်လာသည့် သူ့အတွင်းစိတ်မာနက ဤနတ်သူငယ်မျိုးနွယ်စုဝင်များကို ထိပါးရန် တွန်းအားပေးခဲ့သည်။

နတ်သူငယ်မျိုးနွယ်စုဝင်များမှာ လူတစ်ဒါဇင်ခန့်သာ ရှိလေရာ သူတို့ကို မည်သို့ ယှဉ်နိုင်မည်နည်း။ ယူကတ်စ်ကိုယ်တိုင် လှုပ်ရှားစရာပင် မလိုဘဲ သူ့လက်အောက်ခံ ရတနာရှာဖွေသူများက ထိုနတ်သူငယ်များကို ဝိုင်းထားလိုက်ကြသည်။

ဤကဲ့သို့သော ကိစ္စမျိုးကို သူ အလွန်ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၏။ သူ့စကြဝဠာအင်ပါယာတွင်လည်း ထိုသို့သော ကိစ္စမျိုးများကို မကြာခဏ လုပ်လေ့ရှိသည်။ သို့သော် ဘုရင်ဖြစ်သော ဖခင်ရှိနေသဖြင့် မည်သူကမှ သူ့ကို အရေးမယူရဲကြပေ။

အခြားသူများက သူ့အတွက် ကင်းစောင့်ပေးနေစဉ် သူက လုပ်ငန်းစတင်ရန် စီစဉ်နေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် မိန်းကလေးတစ်ယောက် ပေါ်လာခဲ့သည်။

သူ(မ)သည် "ရီထျန်း"ဟူသော စာလုံးနှစ်လုံး ပါရှိသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ရတနာရှာဖွေမှု မစတင်ခင်က ရီထျန်ဂိုဏ်းမှ လူများသည် ဤသို့ဝတ်ဆင်လေ့ရှိကြောင်း အခြားလူများ ပြောသည့်စကားကို သူ ကြားထားသောကြောင့် သူ(မ) မည်သည့်နေရာက လာကြောင်း ချက်ချင်း သိလိုက်သည်။

သို့သော် အခြားသူများက ရီထျန်းဂိုဏ်းက လူများကို ကြောက်ရွံ့ကြသော်လည်း သူကတော့ မကြောက်ခဲ့ပေ။ ရီထျန်းဂိုဏ်းရှိ ရတနာရှာဖွေသူများ၏ ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည်များ၊ အဆင့်လေး ထိပ်သီးတစ်ယောက်က အဆင့်ငါးထိပ်သီးသက်ရှိထောင်ပေါင်းများစွာကို လိုက်လံတိုက်ခိုက်ခဲ့ကြောင်း အခြားရတနာရှာဖွေသူများ ပြောသည်ကို သူ ရံဖန်ရံခါ ကြားရသော်လည်း သူကိုယ်တိုင်မှာ အဆင့်ခြောက်သက်ရှိဖြစ်နေသဖြင့် မကြောက်ရွံ့ခဲ့ခြင်းပင်။

ထို့ပြင် ဤမိန်းကလေးသည် ပြိုင်ဘက်ကင်းအောင် လှပပြီး ယခင်က မျိုးနွယ်စုအသီးသီးမှ မြင်ဖူးခဲ့သော အခြားဘယ်အမျိုးသမီးနှင့်မှ မတူပေ။ နတ်သူငယ်မိန်းကလေးများပင် သူ(မ)နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မှေးမှိန်သွားသည်။

သို့သော် သူ့ရှေ့တွင် ရောက်နေသူမှာ မည်သူဖြစ်ကြောင်း ယူကတ်စ် လုံးဝမသိခဲ့ပေ။

ချန်ပင်းယွီဆိုသည်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော် တစ်ခုလုံး၏ စီနီယာအစ်မကြီးပင်။ ကျန်းမုန့်လောင်ကလွဲ၍ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ မည်သူ့ကိုမဆို သူ(မ)က အနိုင်ယူနိုင်သည်။

တစ်ဖက်သတ်တိုက်ပွဲ ဖြစ်လာသင့်သည့်အရာက ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည်ကို မည်သူမှ မမျှော်လင့်ထားပေ။ အဆင့်ငါးထိပ်သီးသက်ရှိသာ ရှိသေးသော ချန်ပင်းယွီသည် အဆင့်ခြောက်သက်ရှိဖြစ်သော ယူကတ်စ်နှင့် သရေကျသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့ပြင် ချန်ပင်းယွီမှာ လက်နက်မပါဘဲ တိုက်ခိုက်ခြင်းပင်။

နောက်ပိုင်းတွင် စိတ်မရှည်တော့သော ချန်ပင်းယွီသည် သူ(မ)၏ လက်နက်ကို ထုတ်ယူလိုက်သည်။ ထိုဓားမှာ မိုင်တစ်ထောင်အထိ အေးခဲသွားစေနိုင်သည်။ ယူကတ်စ်ခမျာ အတောင့်သားဖြစ်သွားပြီး မလှုပ်ရှားနိုင်တော့ပါဘဲ သူ့"ညီလေး"ကို အဆင့်ခြောက်သိုင်းလက်နက်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ဖျက်ဆီးခံရသည့် မြင်ကွင်းကို အသာငေးကြည့်နေခဲ့ရသည်။

ချန်ပင်းယွီသည် ထိုနတ်သူငယ်မိန်းကလေးများနှင့်အတူ ထွက်ခွာသွားပြီးနောက် ယူကတ်စ်လည်း "ကိုယ်လက်အင်္ဂါ ပြန်လည်မွေးဖွားခြင်း"ကို ရရှိရန် သူ့မှာရှိသမျှ အရာအားလုံးကို အသုံးပြုခဲ့ရသည်။ သို့သော် အသစ်ပြန်ထွက်လာသော အရာသည် မူလအရာလောက် မကောင်းပါချေ။ ပိုသေးငယ်ကာ အားနည်းပြီး ပျော့ပျောင်းသည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

ဤတိုက်ပွဲသည် သူ့အတွက် "ရီထျန်းဂိုဏ်း" ဟူသော စကားလုံးနှင့်ပတ်သက်ပြီး အရိပ်မည်းကြီးတစ်ခု ကျန်ရစ်စေခဲ့သည်။ သူ ဤမြို့ကို ရရှိပြီးနောက်တွင်ပင် ရီထျန်းဂိုဏ်းမှ မည်သူမဆို ပေါ်လာပါက အမြင့်ဆုံးသတိပေးချက်ကို ချက်ချင်း အသက်သွင်းရန် အမိန့်ပေးထားခဲ့သည်။

"ရိထျန်ဂိုဏ်းကလူ ဘယ်မှာလဲ"

ယူကတ်စ်က စိုးရိမ်တကြီး မေးလိုက်သည်။

"သူ ထွက်သွားပြီလား။ ယောကျ်ားလား မိန်းမလား"

"ရိထျန်းဂိုဏ်းက ယောကျ်ားလေးပါ။ သူ မြို့ပြင်မှာ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့ဘက်က သူ့ကို အထဲပေးဝင်ဖို့ မျှော်လင့်နေပါတယ်"

"လက်နက်တွေအကုန်လုံးကို အသက်သွင်းလိုက်။ သူ့ကို သတ်ပစ်"

ယူကတ်စ်၏ မျက်နှာထက်တွင် ကြမ်းကြုတ်သော အမူအရာများ ပေါ်ထွက်လာသည်။

...

"ဟေး... ဘာတွေဖြစ်နေတာလဲ။ ငါ ပိုက်ဆံပေးပြီးပြီလေ။ ဧည့်သည်တစ်ယောက်ကို ဒီလိုမျိုးဆက်ဆံလို့ရမလား"

"သောက်ကျိုးနည်း... ငါ့ပိုက်ဆံတွေ ပြန်ပေး"

**********************

All Chapters