← Chapters

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄ - ရီထျန်းဂိုဏ်းက လူတွေကို ထိရဲရင်ထိကြည့်

"ဝုန်း"

ရက်စက်ကြမ်းကြုတ်သော သားရဲများမှာ ရေတံခွန်တစ်ခုအလား မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသော်လည်း ကာကွယ်ရေးစနစ်ကို အပြည့်အဝဖွင့်ထားသောကြောင့် တစ်မြို့လုံးမှာ ထိုက်တောင်ကြီးအလား ခိုင်မာတည်ငြိမ်နေခဲ့သည်။

သားရဲအုပ်စုကြီးထဲတွင် အရိပ်စစ်သည်တော်များ၏ ပုံရိပ်များကို တစ်ချိန်လုံးမြင်နေရပြီး သူတို့သည် သားရဲများကြားရှိ အဆင့်မြင့်ခေါင်းဆောင်များကို လိုက်လံသတ်ဖြတ်နေကြသည်။

"မစ္စတာကျန်း... ဒါတွေအကုန်လုံးက ခင်ဗျားကျေးဇူးတွေပါ။ ကျွန်တော်တို့မြို့မှာရှိတဲ့ ရတနာရှာ​ဖွေသူ သန်းသုံးဆယ်ကျော်ကိုယ်စား ကျေးဇူးတင်စကား ဆိုပါရစေ။ ဒီပမာဏက ဒီနေ့အတွက် ကျွန်တော်တို့ရဲ့ တည်းခိုခတွေ လုံလောက်မယ် ထင်ပါတယ်"

ရတနာရှာဖွေသူတစ်ဦးက ကျန်းမုန့်လောင်၏ အကောင့်ထဲသို့ စကြဝဠာဒင်္ဂါး နှစ်ထရီလီယံခန့် လွှဲပေးလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ အားလုံးက ငါ့ကို မြို့အရှင်အဖြစ် ထောက်ခံပေးထားမှတော့ ဒါက ငါ့တာဝန်ပဲလေ။ သေချာတာကတော့ ကုန်ကျစရိတ်တွေ အများကြီးရှိနေသေးတော့ ဒီပိုက်ဆံကို ငါ ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်"

စကြဝဠာဒင်္ဂါးနှစ်ထရီလီယံဆိုသည်မှာ သိပ်မများသော်လည်း ဘာမှမရသည်ထက်စာလျှင်တော့ ကောင်းပါသေးသည်။

"အစ်ကိုကျန်း.. ခင်ဗျားနဲ့တွေ့ရတာက ဒီမြို့မှာရှိတဲ့ ရတနာရှာဖွေသူတွေအတွက်တော့ တကယ့်ကောင်းချီးတစ်ခုပါပဲ"

ဘလိတ်နှင့် အခြားသူများမှာ ကျန်းမုန့်လောင်၏ ဆွဲဆောင်မှုအောက်တွင် လုံးလုံးလျားလျား ကျရှုံးသွားကြသည်။

"အစ်ကိုကြီးကျန်း... ဒီနေ့ကစပြီး ရီထျန်းဂိုဏ်းအပေါ် လူတွေရဲ့အထင်လွဲမှားမှုတွေ အများကြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံးက အစ်ကိုကြီးရဲ့ ကျေးဇူးတွေပါ"

"ငါ့ကို မြှောက်မနေကြပါနဲ့။ မဟုတ်ရင် ငါ ဘဝင်မြင့်သွားလိမ့်မယ်"

"ထွီ အရှက်မရှိတဲ့လူယုတ်မာ"

ကောထန်က တံတွေးထွေးကာ ညည်းတွားလိုက်သည်။

"ဒီလူတွေက တကယ့်ကို ခွန်အားပဲရှိပြီး ဦးနှောက်မရှိကြဘူး။ လှည့်စားရတာ အရမ်းလွယ်တာပဲ"

အခြားသူများ မသိကြသော်လည်း ကောထန်ကတော့ ဤသားရဲလှိုင်းကြီးမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ကောင်းကောင်းသိသည်။

ကျန်းမုန့်လောင် ဤမြို့ကို စတင်တိုက်ခိုက်ခဲ့ကတည်းက အရာအားလုံးကို စီစဉ်ထားခဲ့ခြင်းဖြစ်၏။ သူသည် အရိပ်စစ်သည်တော်တစ်ယောက်ကို လျှို့ဝှက်စေလွှတ်၍ သားရဲလှိုင်းကြီး၏ အကိုင်းအခက်ငယ်တစ်ခုကို ဆွဲဆောင်စေခဲ့ပြီး မြို့တွင်း၌ အရင်းအမြစ်များ ကုန်ခမ်းကာ မျှော်လင့်ချက်မဲ့လုနီးပါး အခြေအနေသို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

"ဒါကို မဟာဗျူဟာမြောက် လှည့်စားခြင်းလို့ ခေါ်တယ်။ အားလုံးက ငါ့ကို ဘယ်လောက်တောင် လေးစားနေကြလဲ ကြည့်စမ်းပါဦး"

ကျန်းမုန့်လောင်က အရှက်မရှိသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"ကျောင်းအုပ်ကြီလောက် အရှက်မရှိတဲ့လူကို တစ်ခါမှ မမြင်ဖူးသေးဘူး"

ကျန်းမုန့်လောင်သည် အရိပ်စစ်သည်တော် ရာပေါင်းများစွာကို ဆင့်ခေါ်ပြီး အမိန့်ပေးလေတော့သည်။

"မင်းတို့တွေက မြို့ရဲ့ နေ့စဉ်လည်ပတ်ရေးကို တာဝန်ယူရမယ်"

"မင်းတို့တွေက မြို့တံခါးဝမှာ ဆိုင်းဘုတ်တစ်ခုလုပ်။ 'ရီထျန်းဟိုတယ်ခွဲ နံပါတ်တ'လို့ ရေးလိုက်"

"မင်းတို့အဖွဲ့က စွန့်ပစ်ထားတဲ့ ဟိုနေရာကို ရှင်းလင်းပြီး ငါ့အတွက် အစားအသောက်တန်းတစ်ခု ဖွင့်ပေး"

ဝင်ကြေးနှင့် တည်းခိုခများနှင့် ပတ်သက်၍ ကျန်းမုန့်လောင်တွင် စျေးတက်ရန် အစီအစဉ်မရှိသော်လည်း အစားအသောက်တန်းရှိ အစားအစာများကတော့ သူ့သဘောသာ။ မည်သို့ပင်ဖြစ်စေ ဤအစားအစာများ၏ မှော်ဆန်သောအာနိသင်များကို မည်သူမှ ခုခံနိုင်မည်မဟုတ်ဟု သူယုံကြည်ထားသည်။

အရာအားလုံးမှာ သူ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ အစပိုင်းတွင် စကြဝဠာဒင်္ဂါး ဘီလီယံဆယ်ဂဏန်းမှ ရာဂဏန်းအထိ တန်ဖိုးရှိသော မတန်တဆ အစားအသောက်စျေးနှုန်းများကို မြင်သောအခါ လူတိုင်းက ကျန်းမုန့်လောင်အား အပေါ်ယံသာ ဟန်ဆောင်ကောင်းသော လူလိမ်ဟု ကျိန်ဆဲခဲ့ကြသည်။ သူ့အစားအစာကို တစ်လုတ်စားရမည့်အစား ငတ်သေခံလိုက်မည်ဟုပင် ပြောဆိုခဲ့ကြသည်။

သို့သော် ပါမောက္ခဝမ်ကျင်းဇီ၏ "အမှန်တရားသည်သာ အမြဲမှန်ကန်သည်"ဟူသော နိယာမမှာ လွဲချော်သွားခြင်း မရှိခဲ့ပေ။ နှောင့်နှေးကောင်း နှောင့်နှေးနိုင်သော်လည်း မလွဲမသွေ ဖြစ်လာမည့်အရာပင်။

ပထမဆုံး သတ္တိခဲတစ်ယောက် စမ်းစားကြည့်ပြီးနောက်တွင်မူ အစားအသောက်တန်း၏ စီးပွားရေးမှာ အထူးစည်ကားလာသည်။ ဟိုတယ်နံပါတ်၁ထက် နှစ်ဆပိုများသော စျေးနှုန်းများကို မြင်လိုက်ရသူများအတွက်ပင် ထိုစျေးနှုန်းများမှာ ယုံနိုင်စရာမရှိလောက်အောင် ဈေးပေါလေဟန်ပင်။

...

"ဟေး... ဘလိတ် မင်းတို့ ပြန်လာပြီလား"

ကျန်းမုန့်လောင်၏ သူငယ်ချင်းများဖြစ်သည့်အားလျော်စွာ ဘလိတ်နှင့် သူ့အဖွဲ့သည် အခမဲ့ဗီအိုင်ပီတည်းခိုခွင့်ကိုသာမက အစားအသောက်တန်းရှိ အစားအစာအားလုံးကိုလည်း ၉၀ရာခိုင်နှုန်းလျှော့စျေးဖြင့် ရရှိခဲ့ကြသည်။ ဤအရာမှာ သူတို့၏ စွမ်းအားများကို အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာစေပြီး သားရဲရှာဖွေရန်အတွက် ပိုဝေးသော နေရာများအထိ သွားရောက်နိုင်ခဲ့သည်။

ဤတစ်ခေါက်တွင် သူတို့သည် တစ်ပတ်ကျော်ကြာ ထွက်ခွာသွားခဲ့ခြင်းပင်။ ကျန်းမုန့်လောင်ကမူ သူတို့အနေနှင့် အင်အားကြီးမားသော သားရဲများ သို့မဟုတ် ပြိုင်ဘက်ရတနာရှာဖွေသူများနှင့် တွေ့ဆုံပြီး အသတ်ခံလိုက်ရပြီလားဟုပင် စိုးရိမ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ။ မင်းတို့တွေက ဘာလို့ ဒီလောက်တောင် မျက်နှာပျက်နေရတာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ပြဿနာကြုံခဲ့လို့လား။ ငါ့အကူအညီ လိုသေးလား"

"အစ်ကိုကျန်း... ကျွန်တော်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် အမဲလိုက်တဲ့အချိန်မှာ တခြားမြို့က ရတနာရှာဖွေသူတချို့နဲ့ တွေ့တော့ အစ်ကို့ရဲ့ ရီထျန်းဂိုဏ်းအကြောင်း ကြားခဲ့ရတယ်"

"သောက်ကျိုးနည်း... ငါ ဒီလောက်ကြိုးစားပြီး တည်ဆောက်ထားတဲ့ ပုံရိပ်ကို ဖျက်ဆီးမယ့် လူရမ်းကားလေးတွေတော့ မဖြစ်ပါစေနဲ့"

ကျန်းမုန့်လောင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ရီထျန်းဂိုဏ်းဝင်များအား သူတို့၏ မူဝါဒများနှင့် ရည်မှန်းချက်များမှာ အောက်တန်းကျသည်ဟု ထင်ရသော်လည်း အခြေခံစည်းမျဉ်းတစ်ခုဖြစ်သည့် "မျက်နှာပြောင်တိုက်နေသော်လည်း အပေါ်ယံတွင်တော့ လေးစားခံရအောင်နေရန်" သူသတိပေးထားခဲ့သည်။

"ဘလိတ်... တခြားလူတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့။ ငါ့ရဲ့ ရီထျန်းဂိုဏ်းဝင်တွေအားလုံးက ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတွေချည်းပဲ။ ငါတို့က လိမ်ညာခံရမှာကို မစိုးရိမ်ဘဲ အဘွားအိုတွေကို လမ်းဖြတ်ကူးပေးတတ်တယ်။ ငါတို့ရဲ့ အရည်အချင်းတွေကို မနာလိုဖြစ်ပြီး ကောလာဟလတွေ ဖြန့်နေတဲ့လူတွေက အမြဲတမ်းရှိစမြဲပဲလေ။ မင်း..."

"ကျွန်တော်တို့ကြားခဲ့ရတာ အဲဒါမဟုတ်ဘူး"

ဘလိတ်က သက်ပြင်းချလိုက်သည်။

"အစ်ကို့ရဲ့ ရီထျန်းဂိုဏ်းထဲက လူတစ်ယောက် အဖမ်းခံထားရတယ်လို့ ကြားခဲ့တာ"

ကျန်းမုန့်လောင် ခဏမျှ ကြက်သေသေသွားသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများနှင့် ပတ်သက်၍ သူသိထားသလောက်ဆိုလျှင် သူတို့သည် ထိပ်သီးအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးရှိလူများကို မယှဉ်နိုင်လျှင်ပင် လွတ်အောင်တော့ ထွက်ပြေးနိုင်စွမ်း ရှိကြသည်။ ဘယ်လိုလုပ်ပြီး အဖမ်းခံရနိုင်မှာလဲ။

"တစ်ဖက်လူတွေက အစ်ကို့အပေါ် ရန်ငြိုးရှိနေတဲ့ပုံပဲ။ သူတို့က အစ်ကို့လူကိုသတ်ပြီး ရတနာရှာဖွေရေးနယ်မြေထဲကနေ ထွက်သွားရအောင် လုပ်တာမဟုတ်ဘူးလို့ ကြားတယ်။ အဲဒီအစား သူ့ကို မြို့ထဲမှာ ရက်ရက်စက်စက် ကြိုးတုပ်ပြီး အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်နေကြတာတဲ့။ ဒါက အစ်ကိုသိထားသင့်တယ်လို့ ခံစားရလို့ ကျွန်တော်တို့ အမြန်ပြန်လာခဲ့တာ"

"မင်း ဘာပြောလိုက်တယ်"

"ဒါက ကျွန်တော်ရလာခဲ့တဲ့ ရုပ်သံဖိုင်တွေပဲ"

ဘလိတ်လည်း ကျန်းမုန့်လောင်ထံသို့ ဖိုင်တစ်ခုပေးပို့လိုက်သည်။

"အစ်ကိုကိုယ်တိုင်ပဲ ကြည့်လိုက်တော့"

"ယန်လင်းလား"

သွေးသံရဲရဲဖြစ်နေသော ပုံရိပ်ကို ကျန်းမုန့်လောင် ချက်ချင်း မှတ်မိလိုက်သည်။ သူသည် ယန်မျိုးရိုးရှိသော ရှေးဟောင်းသိုင်းပညာရှင်မိသားစုမှ လူငယ်တစ်ဦးဖြစ်၏။ သူ့တွင် အတော်အသင့်ကောင်းမွန်သော ပါရမီရှိ၏။ အရေးအကြီးဆုံးမှာ သူသည် အထူးတလည် ဟန်ရေးပြ၍ ကြွားလုံးထုတ်ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်၏။ သူနှင့် သူ့လို အခြားလူနှစ်ယောက်အား ထူးရှယ်နတ်ဘုရားကျောင်းတော်၏ 'ကြွားလုံးဘုရင်သုံးဦး'ဟုပင် လူသိများကြသည်။

သူ့ခန္ဓာကိုယ်အား တစ်စုံတစ်ခုဖြင့် ထိုးဖောက်ကာ မြို့ရိုးပေါ်တွင် သံမှိုရိုက်ခံထားရပြီး သူ့ခြေလက်များမှာလည်း သွေးသံတရဲရဲဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေသည်။ သူ့အောက်ရှိ မြေပြင်ပေါ်သို့ စီးကျနေသော သွေးများမှာ အမည်းရောင်ပင် ပြောင်းနေလေပြီ။

ဝေဝါးနေသော ပုံရိပ်ထဲတွင် သူ အလွန်အမင်း နာကျင်ခံစားနေရသည်ကို ကျန်းမုန့်လောင် မြင်နေရသည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများမှာလည်း အဆက်မပြတ် တုန်လှုပ်နေသည်။

ပြင်းထန်လှသော ဒဏ်ရာများမှာ သွေးထွက်လွန်မှု တစ်ခုတည်းနှင့်ပင် အသက်အန္တရာယ် ရှိနိုင်သော်လည်း အဆင့်လေးသက်ရှိတစ်ဦး၏ အားကောင်းလှသော သက်စောင့်စွမ်းအင်ကြောင့် သွေးပြန်ထုတ်လုပ်သည့် အမြန်နှုန်းနှင့် သွေးထွက်သည့် အမြန်နှုန်းမှာ ညီမျှနေသဖြင့် သူ့ကို မသေအောင် တားဆီးပေးထားသည်။

သို့သော် သူ့ဒဏ်ရာများ အနည်းငယ် သက်သာလာတိုင်း တစ်စုံတစ်ယောက်က သူ့ကို ချက်ချင်းပြန်လည်ညှဉ်းပန်းနှိပ်စက်ကာ နာကျင်မှုဝေဒနာကို အဆက်မပြတ် ခံစားရအောင် လုပ်ဆောင်နေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်၏ သွေးများ ဆောင့်တက်သွားတော့သည်။

ယခင်က သူသည် လူများကို မြို့တံခါးရှေ့တွင် ဆွဲကြိုးချခဲ့ဖူးသော်လည်း အဝတ်အစားများကို ချွတ်ရုံမျှသာဖြစ်ပြီး ဤကဲ့သို့လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကိုတော့ မလုပ်ခဲ့ပေ။

ရတနာရှာဖွေရေးနယ်မြေတွင် သေဆုံးသွားလျှင် ပြင်ပကမ္ဘာသို့ ပြန်ရောက်သွားမည်ဖြစ်သော်လည်း ဤနယ်မြေသည် ပုံရိပ်ယောင်သက်သက် မဟုတ်ကြောင်း နားလည်ထားရန် အရေးကြီးပေသည်။ နာကျင်မှုအားလုံးကို ၁၀၀ရာခိုင်နှုန်း အပြည့်အဝ ခံစားရမည်သာ။

ကျန်းမုန့်လောင်မှာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

"သူ အဖမ်းခံထားရတာ ဘယ်လောက်ကြာပြီလဲ မင်းတို့သိလား"

"စကြဝဠာနေ့ရက်နဲ့ဆိုရင် ရက်ပေါင်းလေးငါးဆယ်လောက် ရှိလောက်ပြီ"

"စကြဝဠာနေ့ရက်နဲ့ ရက်လေးငါးဆယ်တောင်"

ထိုရက်များအတွင်း ယန်လင်း မည်ကဲ့သို့သော နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရမလဲဟု ကျန်းမုန့်လောင် တွေးကြည့်ရန်ပင် ခက်ခဲလှသည်။ ယခုမူ ကျန်းမုန့်လောင်၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

သူ လူသတ်ချင်နေပြီ။

"အဲဒီမြို့ရဲ့တည်နေရာကို မင်းတို့ သိလား"

"ကျွန်တော် ကိုဩဒိနိတ်တွေ ရခဲ့ပြီးပြီ။ အစ်ကို့ဆီ ပို့ပေးမယ်"

ဘလိတ်က ကျန်းမုန့်လောင်အား တားဆီးရန် မကြိုးစားတော့ပေ။ အဘယ်ကြောင့်ဆိုသော် တားဆီးလည်း အချည်းနှီးသာဖြစ်မည်ကို သူသိထားသောကြောင့်ပင်။

"ကျေးဇူးပဲ။ ငါ မင်းကို ကျေးဇူးကြွေးတစ်ကြိမ်တင်သွားပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကောထန်... ထူးရှယ်နတ်ဘုရားကျောင်းတော်က လူတွေအားလုံးကို စုဝေးလို့ရမယ့် နည်းလမ်းရှိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ရှိပါတယ်"

ကောထန်က ပြန်ဖြေသည်။

"ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေအားလုံးက ကျောင်းတော်နဲ့ ချိတ်ဆက်ထားပါတယ်။ ခင်ဗျားက ကျောင်းအုပ်ကြီးဖြစ်တဲ့အတွက် ဆင့်ခေါ်မိန့်ထုတ်လို့ရတယ်။ သူတို့တွေ ဒီနယ်မြေထဲမှာ ရှိနေသရွေ့ ကျောင်းအုပ်ကြီးရဲ့ခေါ်သံကို အာရုံခံနိုင်ကြလိမ့်မယ်"

"ကောင်းတယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ဆင့်ခေါ်မိန့်ထုတ်ဖို့ ငါ့ကို ကူညီပေး။ ရီထျန်းဂိုဏ်းဝင်တွေအားလုံး စုဝေးကြ။ ငါတို့ရီထျန်းဂိုဏ်းကို ရန်စရဲတဲ့လူတွေကို ယန်လင်းခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက် ပြန်ပေးဆပ်ခိုင်းရမယ်"

**********************

All Chapters