← Chapters

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ၉၇၅ - မင်းတို့အားလုံး ဒီကိုထွက်လာခဲ့ကြစမ်း

ရတနာရှာဖွေရေးနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် ရေနေသတ္တဝါများ နေထိုင်ရာ အဆုံးမဲ့သမုဒ္ဒရာကြီးတစ်ခုရှိ၏။ စကြဝဠာမဟာမိတ်အဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အစွမ်းထက်သော သက်ရှိများ ပေါ်ထွက်လာနိုင်ခြေမှာ သမုဒ္ဒရာပတ်ဝန်းကျင်များတွင် ပိုများပြားကြောင်း သိရသည်။

ဤသမုဒ္ဒရာ၏ အလယ်ဗဟိုတွင် ရတနာရှာဖွေသူသန်းပေါင်းများစွာ စုဝေးရာ ဧရာမသမုဒ္ဒရာခံတပ်ကြီးတစ်ခု တည်ရှိသည်။ အစွမ်းထက်လှသော ဆိုနာလက်နက်တစ်ခု၏ ကျေးဇူးကြောင့် ဤမြို့သည် ရက်စက်ကြမ်းကြုတ်သော သားရဲများ ကျက်စားရာ ပင်လယ်ပြင်အလယ်တွင် ရှင်သန်နိုင်ခြင်းပင်။

"ဖြောက်ဖြောက်"

မြို့အစွန်ရှိ ကမ်းရိုးတန်းပေါ်တွင် မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေပြီး လူငယ်အချို့သည် မီးပုံဘေးတွင်ထိုင်ကာ အမည်မသိရေနေသတ္တဝါတစ်ကောင်၏ အသားကို ကင်နေကြသည်။ သူတို့ဘေးတွင် မီတာ၈၀၀ကျော်ရှည်လျားသော သားရဲကြီးတစ်ကောင်၏ အလောင်းတစ်လောင်း ရှိနေချေသည်။

"အစ်ကို... ဒီတစ်ခေါက်သာ အစ်ကိုမရှိရင် ကျွန်တော်တို့ ဒီပင်လယ်ထဲမှာ သေကုန်လောက်ပြီ"

"ဟုတ်တယ်။ ကျွန်တော်တို့ အရင်က ရီထျန်းဂိုဏ်းသားတွေနဲ့ ပတ်သက်ပြီး အကြီးကြီးအထင်လွဲခဲ့တာ။ အခုတော့ အဲဒီလူတွေက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲလို့ ထင်တယ်။ အစ်ကိုက ကျွန်တော်တို့ကို ကယ်ရုံတင်မကဘူး။ စားသောက်ဖို့ပါ ဖိတ်သေးတယ်။ နောက်ကွယ်မှာ အတင်းအဖျင်းပြောတတ်တဲ့ အသုံးမကျတဲ့ကောင်တွေထက် အစ်ကိုက အများကြီးသာပါတယ်"

"ဝိုး... အဆင့်ခြောက်သက်ရှိတစ်ကောင်ရဲ့ အသားကို စားဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ တကယ်အရသာရှိတာပဲ"

"ဒီသတ္တဝါက ဧရာမခွန်းရဲ့ မျိုးကွဲတစ်ခု ဖြစ်နိုင်တယ်လို့ ငါထင်တယ်။ ပြီးတော့ ဧရာမခွန်းတွေက အဆင့်ရှစ်သက်ရှိတွေလေ"

"ဟားဟားဟား... အားလုံးပဲ အားနာမနေကြနဲ့။ ဗိုက်ဝတဲ့အထိ စားကြပါ။ ဒီခွန်းအကြောင်းပြောရရင် အရသာက တကယ်ကောင်းတာ။ တစ်ခါတုန်းက ငါတို့ဘော့စ်က ငါတို့အတွက် ခွန်းတစ်ကောင် ဖမ်းပေးဖူးတယ်။ အဲဒီအကောင်က အရမ်းကြီးလွန်းလို့ အိုးထဲတောင် မဆံ့ဘူး။ အဲဒါကို ငါတို့က ပေါင်းတယ်။ ကြော်တယ်။ ပြီးတော့ ချက်စားခဲ့ကြတာ... ပြီးခဲ့တဲ့တစ်ခေါက်က ရေဘဝဲနဲ့တူပြီး ဒီထက်ပိုကြီးတဲ့ သတ္တဝါတစ်ကောင်နဲ့ ငါတွေ့ခဲ့သေးတယ်။ အရသာက အရမ်းမိုက်တာ။ နောက်ရက်နည်းနည်းကြာရင် မင်းတို့မြည်းကြည့်လို့ရအောင် အဲဒီအကောင်တစ်ကောင်ဖမ်းဖို့ ငါခေါ်သွားမယ်"

ရုတ်တရက်ဆိုသလို ထိုလူငယ်၏ မျက်နှာအမူအရာမှာ ခဏမျှ အေးခဲသွားသည်။

"ဆင့်ခေါ်မိန့်လား"

ထိုလူငယ်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်ထံမှ အကြောင်းကြားစာတစ်ခုကို လက်ခံရရှိခဲ့သည်။ ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးတွင် စုရပ်တစ်ခုကို မှတ်သားပေးထားသည်။

"ကျောင်းအုပ်ကြီးက ငါတို့ကို စုဝေးဖို့ ခေါ်နေတာလား"

ဆင့်ခေါ်မိန့်၏ ပူးတွဲဖိုင်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"အဲဒါ ယန်လင်း မဟုတ်ဘူးလား။ တောက်... သူတို့က သက်သက်ပြဿနာရှာချင်နေတာပဲ"

ထိုလူငယ်၏ ကြီးမားလှသော အရှိန်အဝါကြောင့် အနီးအနားရှိ အခြားရတနာရှာဖွေသူများမှာ ရေခဲဂူထဲ ရောက်နေသလို ခံစားလိုက်ရသည်။ ဧရာမ ရေသတ္တဝါကြီးနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့စဉ်ကပင် သူသည် ဤမျှအထိရှိသော စွမ်းအားကို ထုတ်မသုံးခဲ့ပေ။

"အစ်ကို... ဘာဖြစ်လို့လဲ"

ရတနာရှာဖွေသူများက သတိထား၍ မေးလိုက်ကြသည်။

"လူတစ်ယောက်က ငါ့ညီအစ်ကိုတွေကို ထိပါးလိုက်လို့"

ထိုလူငယ်၏ မျက်နှာမှာ ခက်ထန်သွားချေသည်။

"တောင်းပန်ပါတယ်ကွာ။ ငါ မင်းတို့ကို ဒီအတိုင်းထားခဲ့ရတော့မယ်။ ငါ့မှာ အရေးတကြီးဖြေရှင်းစရာကိစ္စလေးတွေ ရှိနေလို့။ ရေဘဝဲကိုတော့ နောက်တစ်ခေါက်မှပဲ စားကြတာပေါ့"

လူငယ်၏ ကျောပြင်မှ စွမ်းအင်တောင်ပံများ ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

...

"တံခါးဖွင့်စမ်း။ မြို့ထဲမှာ ပုန်းနေရင် အဆင်ပြေမယ်လို့ မင်းတို့ ထင်နေတာလား။"

"မင်းတို့ သားလေးမွေးရင် စအိုပေါက်မပါဘဲ မွေးပါစေ။ ခေါက်ဆွဲခြောက်စားရင် အချိုမှုန့်ထုပ် မပါပါစေနဲ့။ ကွန်ဒုံးဝယ်ရင် အပေါက်တွေချည်းပဲ ပါပါစေ။ ပြီးတော့ ကလေးတွေ တစ်အိမ်လုံးအပြည့်မွေးပါစေလို့ ငါ ကျိန်တယ်"

"တံခါးဖွင့်စမ်း။ မြန်မြန်ဖွင့်"

အခြားမြို့တစ်မြို့၏ အပြင်ဘက်တွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ရူးသွပ်စွာ အော်ဟစ်ကျိန်ဆဲနေသော်လည်း တစ်မြို့လုံး၏ တံခါးများကို တင်းကျပ်စွာ ပိတ်ထားပြီး မြို့ရိုးပေါ်တွင်လည်း လူသူကင်းမဲ့ကာ သေဆုံးနေသော မြို့တစ်မြို့နှင့်ပင် တူနေလေသည်။

"မြို့အရှင်... ကျွန်တော်တို့ ဒီမြို့ထဲမှာပဲ အမြဲတမ်း ပုန်းနေကြတော့မှာလား"

"ဒီတော့ ဘာလုပ်ရမှာလဲ။ မြို့ရဲ့ ကာကွယ်ရေးစနစ်ကို အားကိုးမှပဲ ငါတို့ လုံခြုံနိုင်မှာလေ။ အပြင်ထွက်သွားရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ"

"ဟုတ်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကိုတိုက်ခိုက်ဖို့ လူအယောက်တစ်သိန်းပါတဲ့ အသေခံတပ်ဖွဲ့တစ်ခုကို ကျွန်တော်တို့ ဖွဲ့စည်းခဲ့သေးတယ်။ ဒါပေမဲ့ သူက တစ်ချက်တည်း ရိုက်ချလိုက်တာနဲ့ အကုန်လုံး သေကုန်တာပဲ။ ဒီလောက်ကြောက်စရာကောင်းတဲ့ အဆင့်ငါးသက်ရှိမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ သူ့စွမ်းအားက ထိပ်သီးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်းအယောက်၁၀၀စာရင်းထဲတောင် ဝင်နိုင်လောက်တယ်"

"ရီထျန်းဂိုဏ်းက လူတွေအားလုံးက မကောင်းဆိုးဝါးတွေချည်းပဲ"

"ဆင့်ခေါ်မိန့်လား"

အပြင်ဘက်တွင် ကျိန်ဆဲနေသော လူငယ်၏မျက်နှာကား ပြောင်းလဲသွားသည်။ သူသည် မြို့ကို နှမြောတသဖြင့် လှမ်းကြည့်လိုက်၏။

"မင်းတို့ ကံကောင်းသွားတယ်ပဲ မှတ်လိုက်"

"ဘာဖြစ်တာလဲ။ အသံမကြားရတော့ဘူး။ သူ ထွက်သွားပြီလား"

"မြို့အရှင်... သူ ထွက်သွားပြီ။ တကယ်ထွက်သွားပြီ"

"ကောင်းတယ်။ အဲဒီကပ်ဆိုးက နောက်ဆုံးတော့ ထွက်သွားပြီပဲ။ ဒီနေ့ကစပြီး ငါတို့ သုံးရက်သုံးညတိတိ အောင်ပွဲခံကြမယ်"

...

ရှီနိုမြို့။

ထိုမြို့မှာ ရှီလိုသကြဝဠာအင်ပါယာနှင့် နိုအာစကြဝဠာအင်ပါယာတို့မှ ရတနာရှာဖွေသူများ ပူးပေါင်းအုပ်ချုပ်သောကြောင့် ထိုနာမည်ကို ပေးထားခြင်းဖြစ်ပြီး ကျန်းမုန့်လောင် သိမ်းပိုက်ခဲ့သော ပထမဆုံးမြို့ထက် ဆယ်ဆမျှ ပိုကြီးမားသော ဧရာမမြို့ကြီးတစ်မြို့လည်း ဖြစ်သည်။

အထူးနည်းလမ်းအချို့မှတစ်ဆင့် သူတို့သည် သူတို့၏ သက်ဆိုင်ရာ မျိုးနွယ်စုများမှ ရတနာရှာဖွေသူများအားလုံးနီးပါးကို ဆင့်ခေါ်ထားသည်။ သူတို့၏ ကိုယ်ပိုင်စကြဝဠာအင်ပါယာများမှ လူပေါင်း ၁၅၀၀၀ကျော်မှာ ဤနေရာတွင် စုဝေးနေသဖြင့် ပြိုင်ဘက်ကင်းအင်အားတစ်ရပ်ကို ဖွဲ့စည်းထားသည်။

လတ်တလောတွင် ဤမြို့၏ အုပ်ချုပ်သူများမှာ အဆင့်ခြောက်သက်ရှိ ငါးယောက်ပင်။ သူတို့သည် ဤစကြဝဠာအင်ပါယာမှ ထူးချွန်သော ရတနာရှာဖွေသူများဖြစ်ကြပြီး စကြဝဠာသိုင်းပညာအသင်း၏ ထိပ်သီအဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း၁၀ယောက်စာရင်းဝင်များ ဖြစ်ကြသည်။

အထွတ်အထိပ်အဆင့်ငါးသက်ရှိများအနေနှင့်ပင် သူတို့သည် သာမန်အဆင့်ခြောက်အနိမ့်ပိုင်းသက်ရှိများကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိပြီး သူတို့၏ ဝှက်ဖဲအချို့ကို သုံးမည်ဆိုပါက အဆင့်ခြောက် အလယ်အလတ်သက်ရှိများကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။

အမှန်တကယ်တော့ သူတို့သည် ယခင်ကတည်းက အဆင့်ခြောက်သက်ရှိများအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဤရတနာရှာဖွေရေးတွင် ကြီးမားလှသော အရင်းအမြစ်များနှင့် ရတနာများကို ရယူနိုင်ရန်အတွက် သူတို့၏ မျိုးရိုးဗီဇအဆင့်ကို တမင်သက်သက် ဖိနှိပ်ထားခဲ့ကြခြင်းပင်။

ထိုငါးယောက်စလုံးက အခန်းတစ်ခန်းထဲတွင် စုဝေးနေကြပြီး သူတို့ခေါင်းပေါ်ရှိ ကံကြမ္မာမီးတောက်များမှာ အနီရောင်သို့ ပြောင်းနေချေသည်။ လူတစ်ယောက်၏ မီးတောက်မှာမူ ခရမ်းရောင်နှင့်ပင် နီးကပ်နေပြီဖြစ်၏။

"ရီထျန်းဂိုဏ်းက ကောင်ရော ဘယ်လိုနေလဲ"

အလယ်ခုံတွင် ထိုင်နေသော ရတနာရှာဖွေသူက မေးလိုက်သည်။ သူသည် မူလက နိုအာစကြဝဠာအင်ပါယာရှိ အဆင့်ခြောက်သက်ရှိများအောက်တွင် နံပါတ်တစ်အဖြစ် လူသိများပြီး ထိပ်သီးအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာ၌ ရပ်တည်နေသူလည်း ဖြစ်၏။ သူ့နာမည်မှာ ချီယာ ဖြစ်သည်။

"ဟမ့်.. သူ မြို့ရိုးပေါ်မှာ ချိတ်ဆွဲခံထားရတုန်းပဲ။ ရတနာရှာဖွေရေးနယ်မြေ မပိတ်မချင်း သူ့ကို ငါ ညှဉ်းပန်းနှိပ်စက်နေဦးမှာ"

"ငါတို့လုပ်တာ အရမ်းလွန်မနေဘူးလား။ သူတို့ဆီမှာ အဆင့်ကိုးသက်ရှိတွေ ရှိတယ်။ နောက်ပိုင်း သူတို့ ပြဿနာလာရှာရင် ဖြေရှင်းရလွယ်မှာမဟုတ်ဘူး"

"နိုအာစကြဝဠာအင်ပါယာမှာလည်း အဆင့်ကိုး သက်ရှိတွေ ရှိတာပဲ။ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။ ပြီးတော့ သူတို့နဲ့တွေ့တဲ့အခါ အရက်စက်ဆုံးနည်းလမ်းတွေသုံးဖို့ ငါတို့ဘုရင်က အမိန့်ထုတ်ထားတာလေ"

"ဒါပေမဲ့ ရီထျန်းဂိုဏ်းကလူ ဒီလောက်သန်မာမယ်လို့ ငါ မထင်ထားဘူး။ သူက ထိပ်သီးအဆင့်လေး သက်ရှိအဆင့်ပဲ ရှိသေးတာတောင် ကိုင်ယက်စ်နဲ့ သရေကျအောင် တိုက်နိုင်ခဲ့တယ်။ သူတို့က ဘယ်လိုမကောင်းဆိုးဝါးတွေလဲ"

"ဘုရင်ကြီးက ငါ့ကို အထူးအဆင့်ခြောက်သိုင်းလက်နက်တစ်ခု ပေးထားလို့ တော​်သေးတယ်။ မဟုတ်ရင် ငါလည်း သူ့ကို နိုင်မှာမဟုတ်ဘူး"

"ဒါပေမဲ့ ဒါက ပြဿနာရှိတဲ့ကိစ္စပဲ။ ရီထျန်းဂိုဏ်းက ဒီတစ်ခေါက် လူအယောက်လေးသောင်းတောင် လွှတ်ထားတာ။ သူတို့ ဒီအကြောင်းကိုသိသွားပြီး သူ့ကိုလာကယ်ရင် တော်တော်လေး ပြဿနာတက်နိုင်တယ်"

"ဟားဟားဟား... ဘာကြောက်စရာရှိလို့လဲ။ ဒီတစ်ခေါက် ငါတို့ မြို့ထဲမှာ ဘာတွေတွေ့ခဲ့လဲဆိုတာ မမေ့နဲ့လေ။ လူလေးသောင်းမကလို့ လေးသောင်းပဲဖြစ်ဖြစ် လေးသိန်းပဲဖြစ်ဖြစ် ဘာအရေးလဲ"

"ဟားဟားဟား"

...

မြို့အပြင်ဘက်တံခါးများကို ဖြတ်သန်းသွားတိုင်း ရတနာရှာဖွေသူများသည် မြို့ရိုးပေါ်တွင် ချိတ်ဆွဲခံထားရသော ပုံရိပ်ကို လှမ်းကြည့်တတ်ကြသည်။

ယခုအချိန်တွင် ယန်လင်းမှာ အလွန်အမင်း အားနည်းနေလေပြီ။ စကြဝဠာနေ့ရက် ဒါဇင်ပေါင်းများစွာ ကြာအောင် အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခံထားရသောကြောင့် နာကျင်မှုကိုပင် ထုံနေပြီဖြစ်၏။

သို့သော် လွန်ခဲ့သည့်ရက်များကတည်းက သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု တွယ်ကပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သူလည်း ဆင့်ခေါ်မိန့်ကို မြင်တွေ့ခဲ့ရပြီး ကျောင်းတော်၏ အခြားအဖွဲ့ဝင်များ အမြန်လာနေကြပြီဖြစ်ကြောင်း သိထားသောကြောင့်ပင်။

"ကြည့်စမ်း။ ဒီနေ့ ဘာလို့ ဒီလောက်စောစော မှောင်နေရတာလဲ"

မြို့ထဲသို့ဝင်ရန် ပြင်နေသော ရတနာရှာဖွေသူအချို့သည် အဝေးဆီသို့ လှမ်းကြည့်လိုက်လေရာ ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်မည်းနေသည်ကို တွေ့လိုက်ရ၏။ သို့သော် ညမိုးချုပ်ရန် စကြဝဠာနာရီ သုံးလေးနာရီခန့် လိုသေးသည်။

"ပျံသန်းနိုင်တဲ့ သားရဲအုပ်ကြီး လာနေတာများလား။ မြို့ထဲကို မြန်မြန်ဝင်ကြစို့။ အထဲမှာဆိုရင် လုံခြုံလိမ့်မယ်"

"မဟုတ်ဘူး။ ညဘက်ရောက်သွားတာလည်း မဟုတ်သလို သားရဲတွေနဲ့လည်း မတူဘူး။ သာမန်အမည်းရောင်ငှက်တွေပဲ။ အင်း... အရှေ့မှာ လူတစ်ယောက်ရှိနေသလိုပဲ"

အရိပ်ကြီးမှာ ဆက်လက်ကြီးမားလာပြီး နောက်ဆုံးတွင် သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထူးဆန်းသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးသည် မရေမတွက်နိုင်သော ကျီးကန်းများ ဝိုင်းရံလျက် ရှီနိုမြို့ဆီသို့ ရန်လိုစွာ ချီတက်လာခြင်းပင်။

"အထဲမှာရှိတဲ့ လူတွေအားလုံး ချက်ချင်းထွက်ခဲ့ကြစမ်း။ လက်နက်ချရင် ဘာအန္တရာယ်မှ မပေးဘူး"

*********************

All Chapters