← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆ လူသားလမ်းစဉ်၏ ဘိုးဘေး သွားရာလမ်း…

ဝေထျန်းရှုံးသည် လီချင်းချိုး၏ စကားများကြောင့် အတိုင်းအတာတစ်ခုအထိ နားဝင်သွားခဲ့သော်လည်း ကိုယ်ပိုင်အမြင်များကို လက်လွှတ်ခဲ့ခြင်း မရှိချေ။

“မင်းပြောတာ မှန်ချင်မှန်လိမ့်မယ်... ဒါပေမဲ့ ဝိညာဉ်အမြစ် ပါရမီချင်း ကွာခြားချက်တွေကတော့ အစစ်အမှန် ရှိနေတာပဲလေ... ဝိညာဉ်အမြစ် စမ်းသပ်မှုကိုတော့ ချန်လှပ်ထားလို့ မရဘူး... ဒါဟာ ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို စုစည်းဖို့အတွက်တင် မဟုတ်ဘဲ တပည့်တွေ ကျင့်ကြံတဲ့အခါမှာလည်း ပိုပြီးတော့ အဆင်ပြေစေနိုင်တယ်... ကိုယ်ပိုင်ဂုဏ်သတ္တိတွေကို သိရှိထားမှသာ တိကျတဲ့ ကျင့်ကြံမှုတွေကို လုပ်ဆောင်နိုင်မှာ... ကိုယ့်ရဲ့ ဝိညာဉ်အမြစ် ဂုဏ်သတ္တိတွေနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တွေနဲ့ မန္တန်တွေကို ကျင့်ကြံရတာက ပိုပြီးတော့ လွယ်ကူလိမ့်မယ်...”

ဝေထျန်းရှုံးက လေးနက်တည်ကြည်စွာဖြင့် စကားဆိုလိုက်ရာ ထိုစကားလုံးများက လီချင်းချိုးကို ပြန်လည် မငြင်းဆန်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

လီချင်းချိုးက …

“ဒါဆိုရင် ငါတို့တွေ တပည့်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ မူလချီစွမ်းအင်တွေ ပေါ်ထွက်လာပြီးတဲ့ အချိန်ကျမှပဲ ဝိညာဉ်အမြစ် စမ်းသပ်မှုကို လုပ်ကြရင်ရော… စောစောစီးစီး လုပ်လိုက်ရင် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေ ထိခိုက်သွားမှာ စိုးရိမ်လို့ပါ... ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်ရင် ငါက သူတို့ရဲ့ အကျင့်စာရိတ္တကို ပိုပြီးတော့ ဂရုစိုက်တယ်..”

သူတို့ထံ၌ မူလချီစွမ်းအင်များ ရှိနေခဲ့ပြီဖြစ်ရာ ဝိညာဉ်အမြစ် ပါရမီ မည်မျှပင် ဆိုးရွားပါစေဦးတော့ တပည့်များက ကျင့်ကြံခြင်း လမ်းစဉ်အပေါ် လွယ်လွယ်နှင့် လက်လျှော့ကြမည်မဟုတ်ချေ။

အသက်ရှည်ခြင်းနှင့် မသေမျိုးအဖြစ် တက်လှမ်းခြင်း ဟူသည်မှာ လောကီလူသားအများစု အိပ်မက်မက်ကြရသော အရာများ ဖြစ်ကြသည်မဟုတ်ပါလား။

ဝေထျန်းရှုံးက လီချင်းချိုးကို လေးနက်စွာ တစ်ချက်ကြည့်ရှုလိုက်ပြီး….

“မင်းက တကယ်ကို ကြင်နာတတ်တဲ့ နှလုံးသား ရှိတာပဲ...”

လီချင်းချိုးက တဟက်ဟက် ရယ်မောလိုက်ရင်း… “ဒါကို ချီးမွမ်းစကားလို့ပဲ သတ်မှတ်လိုက်ပါ့မယ်...” ဟု ဆိုလေသည်။

ဝေထျန်းရှုံးက ဆက်လက်၍ မငြင်းခုံတော့ချေ။ အစစ်အမှန်မူ သူသည် ရင်ထဲမှ ရှိသည့်အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ငရဲဘုံပင်လယ်ပြင်အတွင်း၌ ဤသို့သော ဂိုဏ်းချုပ်မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

ချင်းရှောင်ဂိုဏ်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့စဉ်အတွင်း လီချင်းချိုး ဟန်ဆောင်နေခြင်းမဟုတ်ဘဲ သူ ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်နေသူ ဖြစ်ကြောင်း ယုံကြည်ထားခဲ့ပြီ ဖြစ်သည်။

“ဒါနဲ့... မင်းကော ဟွမ်ယွမ်ကျမ်းစာကို ပြောင်းပြီး ကျင့်ကြံကြည့်ချင်လား... ဖြစ်နိုင်တာက မင်းရဲ့ ဒဏ်ရာတွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် သက်သာစေနိုင်သလို ကောင်းကင်နေမင်းနယ်ပယ်ဆီကိုလည်း ပိုပြီးတော့ စောစောစီးစီး ပြန်ရောက်သွားနိုင်တာပဲလေ...” ဟု လီချင်းချိုးက အကြံပြုလိုက်သည်။

ဝေထျန်းရှုံး ငြင်းပယ်လိုသော်လည်း ဂိုဏ်းအတွင်း၌ ဟွမ်ယွမ်ကျမ်းစာနှင့် ပတ်သက်သော ချီးမွမ်းပြောဆိုသံများကို ရုတ်ခြည်း ပြန်လည်တွေးတောမိသွားခဲ့သည်။

တကယ်တမ်းတွင် သူ့ထံ၌လည်း ထိုဟွမ်ယွမ်ကျမ်းစာ၏ ဆန်းကြယ်မှုများကို သိရှိလိုသော စိတ်ကူးများ ရှိနေခဲ့ဖူးသည်။

သူ ဝေခွဲမရ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် လီချင်းချိုးက…

“သေသေချာချာ စဉ်းစားလိုက်ပါဦး... အကယ်၍ မင်း ကျင့်ကြံချင်တယ်ဆိုရင် ငါ့ဆီကို အချိန်မရွေး လာနိုင်ပါတယ်...”

ချင်းရှောင်ဂိုဏ်းအတွင်း၌ တပည့်အရေအတွက် စဉ်ဆက်မပြတ် တိုးပွားလာနေခဲ့သော်လည်း ဟွမ်ယွမ်ကျမ်းစာကို လက်ဆင့်ကမ်းသင်ကြားပေးမည့် ကိစ္စရပ်ကိုမူ လီချင်းချိုးကိုယ်တိုင်ကသာ အတည်ပြုရခြင်း ဖြစ်သည်။ ထို့ကြောင့် လီချင်းချိုးက အခါအားလျော်စွာ အတွင်းစည်းတပည့်များ၏ စာရင်းကို သေသေချာချာ စစ်ဆေးလေ့ရှိသည်။

ဟွမ်ယွမ်ကျမ်းစာက ဂိုဏ်းအတွက် အလွန်ပင် အရေးကြီးလှသဖြင့် လီချင်းချိုးအနေဖြင့် ပေါ့ဆ၍ မရပေ။

သူသည် ယခုအခါတွင် ဟွမ်ယွမ်ကျမ်းစာ ပြင်ပသို့ ပေါက်ကြားမသွားစေရန်အတွက် မည်သို့သော တားဆီးမှုမျိုးကို ပြုလုပ်ရမည်နည်းဟူသောအချက်ကိုပင် စဉ်းစားနေခဲ့ပြီ။

အဆင့်အလိုက် လက်ဆင့်ကမ်း သင်ကြားပေးခြင်းက အခြားသူများ မိမိကိုကျော်တက်မသွားစေရန်အတွက်သာ တားဆီးနိုင်ခြင်းဖြစ်ပြီး ဂိုဏ်းပြင်ပသို့ ပေါက်ကြားသွားနိုင်မည့် အလားအလာများကို လုံးဝ တားဆီးနိုင်ခြင်း မရှိပေ။

ဝေထျန်းရှုံးက ခေါင်းညိတ်ပြလိုက်ပြီး…

“ကောင်းကင်ပြင်ဆင်ရေးမဟာအစီအရင်ရဲ့ အစီအစဉ်ကိုတော့ အတည်ပြုပြီးစီးသွားခဲ့ပြီ... ငါတို့တွေ ရင်းမြစ်ပစ္စည်းတွေပဲ ပြင်ဆင်ဖို့ လိုဝောာ့မယ်... ငါ စူးစမ်းလေ့လာမိသလောက်ဆိုရင် တပည့်တွေရဲ့ အစီအရင်ပိုင်းဆိုင်ရာ အခြေခံဗဟုသုတတွေ အင်မတန် အားနည်းနေသေးတာမို့ အစီအရင်တွေကို လေ့ကျင့်တဲ့အခါ ခက်ခဲနေကြတယ်... ဒါကြောင့် ငါ အစီအရင်သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ စဉ်းစားထားတယ်... မင်းဘက်ကနေ အမိန့်ပေးဖို့ လိုအပ်သလို သင်တန်းကျောင်းရဲ့ နေရာကိုလည်း ပိုမိုကြီးမားကျယ်ပြန့်အောင် တည်ဆောက်ပေးထားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်... ငါ အရင်ဆုံး တပည့်တစ်စုကို ကိုယ်တိုင် သင်ကြားပေးလိုက်ပြီးတာနဲ့ သူတို့တွေကနေတစ်ဆင့် အခြားတပည့်တွေကို ဆက်လက် သင်ကြားပေးနိုင်လိမ့်မယ်... မင်း အရင်က ဖွင့်လှစ်ခဲ့ဖူးတဲ့ မန္တန်သင်တန်းကျောင်းလိုမျိုးပေါ့...”

ထိုစိတ်ကူးစိတ်သန်းများမှာ လီချင်းချိုး၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်၏။ ချင်းရှောင်ဂိုဏ်းသည် တပည့်များအား အခြေခံမန္တန်များ အခြေခံဆေးဖော်စပ်နည်းများနှင့် မှော်ပစ္စည်းသွန်းလုပ်နည်းများကို အခမဲ့ သင်ကြားပေးနိုင်ရန်အတွက် သင်တန်းကျောင်းများစွာကို ဖွင့်လှစ်ပေးထားခဲ့ဖူးသည်။ ၎င်းမှာ ကြီးမားလှသော လူအင်အားနှင့် ရင်းမြစ်များကို အသုံးပြုရသော်လည်း ရလဒ်များကတော့ များစွာ ထူးခြားလှပေသည်။

ဝေထျန်းရှုံး၏ အမြင်အရဆိုလျှင် ချင်းရှောင်ဂိုဏ်းလို ဂိုဏ်းအသစ်တစ်ခုအနေဖြင့် ဤသို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို ပြုလုပ်ရန် လိုအပ်လှပေသည်။ မဟုတ်ပါက ခိုင်မာလှသော ကျင့်ကြံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ရန် ခက်ခဲလိမ့်မည်။

လီချင်းချိုးက ပြုံးလိုက်ရင်း….

“မင်းကိုယ်တိုင် အချိန်တွေ ပုံအောပေးဖို့ လိုလားနေမှတော့ ငါကလည်း မင်းကို သေချာပေါက် ပံ့ပိုးပေးရမှာပေါ့... ဒီကိစ္စကို ငါ ဒီညပဲ ချက်ချင်း စီစဉ်ပေးလိုက်ပါ့မယ်...”

ဝေထျန်းရှုံးအနေနှင့် လီချင်းချိုး၏ ပြတ်သားပြီး ထိရောက်လှသော အလုပ်လုပ်ပုံကို များစွာ သဘောကျလှပေသည်။ အတိတ်တုန်းက ရှန်ယွမ်ဂိုဏ်းအတွင်း၌ဆိုလျှင် ဤသို့သော ကိစ္စရပ်မျိုး ရှိလာပါက ကာလကြာမြင့်စွာ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက် ချလေ့ရှိကြပြီး ဆုံးဖြတ်ချက် ချပြီးစီးသွားခဲ့သည့်တိုင်အောင် အင်အားစုအသီးသီးကြားမှ ညှိနှိုင်းမှုများက ပိုမို၍ အချိန်ကုန်လွန်စေခဲ့ဖူးသည်။

ချင်းရှောင်ဂိုဏ်းအတွင်း၌မူ လီချင်းချိုးက အခြားသော ခန်းမသခင်များနှင့် ဆွေးနွေးလေ့ရှိသည်ဟု ထင်ရသော်လည်း သူ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ပြီးစီးသွားခဲ့ပြီဆိုပါက မည်သူ့၏ သဘောထားကိုမှ ထပ်မံ၍ မေးမြန်းနေရန်မလိုဘဲ ချက်ချင်းပင် သွားရောက်အကောင်အထည်ဖော်ရခြင်းဖြစ်ကာ မည်သူမျှ ပေါ့ဆဝံ့ခြင်း မရှိကြချေ။

လူအများစု ကောင်းစွာ သိရှိထားကြသည်မှာ ဂိုဏ်းချုပ်က လူသားများအပေါ် သိမ်မွေ့နူးညံ့စွာ ဆက်ဆံတတ်သူဖြစ်သော်လည်း အကယ်၍ လီချင်းချိုးသာ အမှန်တကယ် ဒေါသထွက်လာခဲ့မည်ဆိုပါ ချွင်းချက်မရှိမညှာမတာ သုတ်သင်ပစ်လိမ့်မည်ဟူသောအချက် ဖြစ်ပေသည်။ ထို့အပြင် ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ဖူးသော လူသားအရေအတွက် များပြားလွန်းသဖြင့် မည်သူကများ လီချင်းချိုး၏ဒေါသကို ရင်ဆိုင်ဝံ့မည်နည်း။

ထို့နောက်တွင်မူ လီချင်းချိုးက ကောင်းကင်နေမင်းနယ်ပယ်၏ ​ဓမ္မပုံရိပ်နှင့် ပတ်သက်သော ကိစ္စရပ်များကို ဆက်လက်၍ မေးမြန်းလိုက်ရာ ဝေထျန်းရှုံးသည်လည်း မည်သို့မျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ကိုယ်ပိုင်​ဓမ္မပုံရိပ်ကို မည်သို့ ဖန်တီးခဲ့ဖူးကြောင်း သေသေချာချာ ရှင်းပြပေးခဲ့သည်။

​ဓမ္မပုံရိပ်ဟူသည်မှာ ကောင်းကင်နှင့်မြေကြီးကြား၌ ဆက်နွှယ်မှုများကို တည်ဆောက်ရန် လိုအပ်သော်လည်း စိတ်ကူးပုံဖော်ရမည့်အရာမှာ ကောင်းကင်နှင့်မြေကြီးမဟုတ်ဘဲ မိမိ၏ စစ်မှန်သော ကိုယ်ပိုင်ဖြစ်တည်မှုသာ ဖြစ်ပေသည်။ ကောင်းကင်နှင့်မြေကြီး၏ ခွန်အားများဖြင့် မိမိ၏ စစ်မှန်သော ဖြစ်တည်မှုကို သွန်းလုပ်၍ဝိညာဉ်ထက်၌ ပေါ်ထွက်လာစေခြင်းကသာ ​ဓမ္မပုံရိပ် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

​ဓမ္မပုံရိပ် ပြီးပြည့်စုံစွာ ဖြစ်ပေါ်လာခဲ့ပြီဆိုပါက ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ တစ်စုံတစ်ခုသော နတ်ဘုရားစွမ်းပကားများကို ပိုင်ဆိုင်ရမည် ဖြစ်သည်။ ​ဓမ္မပုံရိပ်ကို ဗဟိုပြုလျက် ကိုယ်ပိုင်နယ်ပယ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်၏။ ထိုနယ်ပယ်အတွင်း၌မူ ​ဓမ္မပုံရိပ်သည်သာ အရှင်သခင် ဖြစ်ပေသည်။

ထို့ကြောင့် ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးကို ယွမ်လီ အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ဝေထျန်းရှုံး ပြောဆိုခဲ့ဖူးခြင်းပင်။

​ဓမ္မပုံရိပ်နယ်ပယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ယွမ်လီသည် သတ်ဖြတ်ခြင်းကို ခံရမည့် သိုးသူငယ်တစ်ကောင်အလား ရှိနေပေလိမ့်မည်။ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် ယွမ်လီကို အသိစိတ် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိသဖြင့် ယွမ်လီ၌ကြီးမားလှသော ခွန်အားများ ရှိနေသည့်တိုင်အောင် မည်သည့်အရာကိုမှ ထိမှန်အောင် တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းအပြင် ​ဓမ္မပုံရိပ်၏ နတ်ဘုရားစွမ်းပကားများဖြင့် ယွမ်လီကို တိုက်ရိုက် ဖိနှိပ်ပစ်နိုင်စွမ်း ရှိပေသည်။

ဝေထျန်းရှုံး၏ ရှင်းပြချက်များ ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင်မှ လီချင်းချိုး လမ်းကြောင်းတစ်ခုကို ရရှိသွားခဲ့လေသည်။

သို့သော်လည်း ယန်ရွှမ်၏ စိတ်ကူးစိတ်သန်းက ပိုမို၍ ကောင်းမွန်သည်ဟု ခံစားမိနေရဆဲပင်။

ယန်ရွှမ်သည် မိမိကိုယ်မိမိ ကောင်းကင်နှင့်မြေကြီးကြား၌ ထားရှိလိုက်ပြီးနောက် မိမိ ပါဝင်နေခဲ့သော ကောင်းကင်နှင့်မြေကြီးကို ပြန်လည်၍ စောင့်ကြည့်လေ့ရှိခြင်း ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ပေါ်ထွက်လာမည့် စစ်မှန်သော ကိုယ်ပိုင်ဖြစ်တည်မှုဟူသည်မှာ ဝေထျန်းရှုံး ပြောပြခဲ့ဖူးသော ​ဓမ္မပုံရိပ်ထက် များစွာ ပိုမို၍ ခမ်းနားထည်ဝါပေလိမ့်မည်။

‘ဖြစ်နိုင်တာက ယန်ရွှမ်က ​ဓမ္မပုံရိပ်အတွက် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးခဲ့ဖူးလို့ သူ့ကို လူသားလမ်းစဉ်ရဲ့ ဘိုးဘေးလို့ခေါ်ကြမှာလား...’

လီချင်းချိုး၏ ရင်ထဲ၌ အတွေးတစ်ခု ရုတ်ခြည်း ဖြတ်ပြေးသွားခဲ့ပြီး သူ တွေးတောလေလေ ၎င်းမှာ ပိုမို၍ ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားရလေလေပင်။

လူသားလောကဟူသည်မှာ ဤကိုးပြည်ထောင်နယ်မြေတစ်ခုတည်း မဟုတ်ချေ။ အတိတ်တုန်းက လောကကြီးအတွင်း၌ ကျင့်ကြံရေးဂိုဏ်းများ ရှိမနေခဲ့ဖူးသဖြင့် ယန်ရွှမ်က ကျင့်ကြံခြင်းလမ်းစဉ်များကို ရှာဖွေတွေ့ရှိခဲ့ဖူးသောကြောင့်သာ လူသားလမ်းစဉ်၏ ဘိုးဘေးဟု အခေါ်ခံရခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ဖူးသည်။ ယခု ပြန်လည်တွေးတောမိသည့် အခါတွင်မူ မိမိ၏ အတွေးများ များစွာ သေးသိမ်လွန်းနေခဲ့ကြောင်း သဘောပေါက်သွားခဲ့လေပြီ။

အကယ်၍ လူသားလောကအတွင်း၌ ကျင့်ကြံရေးတာအိုမျိုးဆက်များစွာ ရှိနေခဲ့သည့်တိုင်အောင် ယန်ရွှမ်က တာအိုဘိုးဘေးတစ်ဦး ဖြစ်လာနိုင်ခဲ့သည်ဆိုပါက သူသည် သေချာပေါက် ပိုမိုဆန်းသစ်ပြီး ပိုမိုအစွမ်းထက်လှသော ကျင့်ကြံရေးလမ်းစဉ်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ရမည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုပါက လီချင်းချိုးအနေဖြင့် ယန်ရွှမ်အပေါ် ရှုမြင်ချက်များကို ပိုမို၍ မြင့်တင်ရမည် ဖြစ်သည်။

လီချင်းချိုးနှင့် ဝေထျန်းရှုံးတို့ ​ဓမ္မပုံရိပ်နှင့် ပတ်သက်သော ကိစ္စရပ်များကို တစ်နာရီခန့်ကြာအောင် ပြောဆိုခဲ့ကြသည်။ ဝေထျန်းရှုံး ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းတွင်လည်း ဤကိစ္စကိုသာဆက်လက်၍ တွေးတောနေခဲ့သည်။

ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါမှသာ ကျန်းယွီချွန်း ၊ လီတုန်းယွဲ့၊ ကျူးယန် စရှိသော ခန်းမသခင်များ လင်းရှောင်ဝင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။

လီချင်းချိုးက သူတို့အားလုံးကို ခေါ်ဆိုလိုက်ပြီး အစီအရင်သင်တန်းကျောင်း တည်ဆောက်ရေးကိစ္စရပ်များကို အတည်ပြုရန် ပြင်ဆင်လိုက်တော့သည်။

လီတုန်းယွဲ့၏ စကားသံကို ကြားသိလိုက်ရသည့် ထိုခဏ၌မှသာ သူ့အတွေးများ အစစ်အမှန်လောကအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“စတုတ္ထညီမလေး... ယန်ရွှမ်က အတော်လေးကိုပါရမီရှိတယ်.. နောင်အနာဂတ်ကျရင် သူ ရရှိမယ့် အရင်းအမြစ်တွေကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ပေးလိုက်ပါ ဒါမှသာ သူလည်း ယွမ်လီ၊ ကျောက်ကျိန်းနဲ့ ယွင်ချိုင်တို့လို တူညီတဲ့ အဆင့်အတန်းမျိုး ခံစားခွင့်ရမှာ..”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေရာ၌ မထိုင်ရသေးသော ခန်းမသခင်များအားလုံးမှာ လုံးဝ မှင်တက်သွားကြရသည်။သူတို့တွေ ဂိုဏ်းအတွင်း လတ်တလော ထွက်ပေါ်နေခဲ့သော ကောလာဟလများကို ပြန်လည်တွေးတောမိသွားကြသဖြင့် သူတို့၏ မျက်နှာထက်၌ ဆန်းကြယ်လှသော အမူအရာများ ဖြစ်ပေါ်သွားခဲ့လေသည်။

ယန်ရွှမ်သည် ဒုတိယအကြိမ်မြောက် ဓမ္မညီလာခံ၏ ထိပ်ဆုံး လူဆယ်ဦးစာရင်းဝင် တပည့်တစ်ဦး ဖြစ်သော်လည်း သူ့ရဲ့ စွမ်းဆောင်ချက်များမှာ ယွမ်လီနှင့် အခြားနှစ်ဦးတို့၏ အောက်၌ များစွာ ကွာဟချက်များ ရှိနေသေးသည်မဟုတ်ပါလား။

သို့သော်လည်း သူတို့ ငြင်းပယ်ရန် မဝံ့ရဲကြချေ။လီချင်းချိုးထံတွင် ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးရန်အတွက် အခွင့်အာဏာ ရှိပေသည်။ ထို့အပြင် လီချင်းချိုး၏ အမြင်နှင့် တပည့်များကို မြေတောင်မြှောက်ပေးနိုင်စွမ်းမှာ အလွန်ပင် အကျိုးသက်ရောက်မှုရှိသဖြင့် အကယ်၍ ယန်ရွှမ်သာ နောင်တွင် ကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်သွားခဲ့မည်ဆိုပါက တားဆီးခဲ့သူ အရှက်ရသွားရမည် မဟုတ်ပါလား။

ဖေဖော်ဝါရီလ တစ်လလုံးမှာ ဓမ္မညီလာခံအတွက် စာရင်းပေးသွင်းရမည့် အဆင့် ဖြစ်ပေသည်။ တတိယအကြိမ်မြောက် ဓမ္မညီလာခံကြီးမှာ အတိတ်ကထက် များစွာ ပိုမို၍ စည်ကားသိုက်မြိုက်နေခဲ့ပြီ ဖြစ်ရာ ၎င်းမှာ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်တွက်ချက်ထားခဲ့ကြသည့်အတိုင်းပင် ဖြစ်၏။

ဓမ္မညီလာခံ စတင်ခြင်းမပြုရသေးမီ အချိန်မှာပင် တပည့်များ၏ တိုက်ခိုက်လိုသော စိတ်အားထက်သန်မှုများ မကြုံစဖူးလောက်အောင် မြင့်မားလာနေခဲ့ပြီဖြစ်သဖြင့် တောင်ထွတ်တစ်ခုချင်းစီတိုင်းရှိ သိုင်းပညာစင်မြင့်များပေါ်၌ လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့လေသည်။

အလုပ်မရှိကြသော တပည့်ငယ်များမှာလည်း မည်သူကများ နံရံပါတ်တစ် ရာထူးကို ရရှိသွားမည်နည်းဟူသောအချက်အပေါ် စတင်၍ ဆွေးနွေးလာခဲ့ကြပြီ ဖြစ်သည်။ ထောက်ခံမှုအများဆုံး ရရှိထားခဲ့သော ဟူယန်အပြင် လီရှို့ကျန်း၊ လီရှို့မင်၊ ပိုင်ယွီထျန်း ၊ယန်တောက်ကျုံး၊ ပိုင်ယန်ဘိုးဘေး ၊ရှောင်ဝူချင်းနှင့် အခြားသောသူများ၏ အမည်များကိုလည်း တစ်ဦးပြီးတစ်ဦး ထည့်သွင်းပြောဆိုလာခဲ့ကြသည်။

ပိုင်ယန်ဘိုးဘေးသည် ယခုအခါ အသက် ခုနစ်ဆယ့်ခုနစ်နှစ် ရှိနေခဲ့ပြီ ဖြစ်သော်လည်း ထူးချွန်လှသော ကျင့်ကြံရေးပါရမီနှင့် ထူးချွန်လှသော နားလည်နိုင်စွမ်းတို့ကြောင့် ပိုင်ယွီထျန်းနှင့် ကျင့်ကြံမှုအဆင့်တူညီနေခဲ့ပြီး သူတို့နှစ်ဦးစလုံး နှစ်သစ်ကူးပွဲတော်အပြီးမှာပင် မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြပြီဖြစ်သည်။

ယန်တောက်ကျုံးသည်လည်း ဤတစ်ကြိမ် ဓမ္မညီလာခံအတွင်း၌ ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်၏။ သူသည် သိုင်းပညာကိုသာ ကျင့်ကြံထားသူ ဖြစ်သော်လည်း အစစ်အမှန်ခွန်အားအလွန်ပင် ပြင်းထန်လှပေရာ မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ တပည့်တစ်ဦးကိုပင် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ဖူးပြီ ဖြစ်သည်။

ရှောင်ဝူချင်းမှာမူ ဂိုဏ်း၏ အထွေထွေကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့ရသဖြင့် ကျင့်ကြံမှုပိုင်း၌ ညီနောင်နှစ်ဦး၏ နောက်ကွယ်၌ ကျန်ရစ်ခဲ့ရပြီး အခုထိ မူလအားဖြည့်နယ်ပယ် နဝမအဆင့်၌သာ ပိတ်မိနေခဲ့သည်။ သူသည်လည်း ဤပွဲတော်ကြီးအတွင်း ပျော်ရွှင်မှုကို ခံစားနိုင်ရန်အတွက်သာ စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးမှုပေါင်းစုံ ပြုလုပ်ပြီးနောက်တွင် တပည့်များက ဟူယန်အနေဖြင့် ဤတစ်ကြိမ် ဓမ္မညီလာခံ၏ နံပါတ်တစ် ရာထူးကို ရရှိနိုင်ရန် သေချာမှု မရှိတော့ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ကြလေသည်။

လီချင်းချိုးများစွာ သဘောကျလှသော အမှောင်ခန်းမမှ ပါရမီရှင် ရှဲ့ရှု သည်လည်း စာရင်းပေးသွင်းထားခဲ့ပြီ ဖြစ်သည်။ရှဲ့ရှု၏ပုံရိပ်ယောင်မန္တန်များက ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျွမ်းကျင်သူများကိုပင် လှည့်စားနိုင်စွမ်း ရှိသော်လည်း သူသည် ဂိုဏ်းအတွင်း ကျော်ကြားမှု ကြီးမားလှခြင်း မရှိသေးသဖြင့် လီချင်းချိုးတစ်ဦးတည်းကသာ သူ့အပေါ် မျှော်လင့်ချက် ထားရှိနေခြင်း ဖြစ်သည်။

လီချင်းချိုးသည် တတိယအကြိမ်မြောက် ဓမ္မညီလာခံ၏ ပြိုင်ဆိုင်မှုအရှိန်မှာ မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိ ကျွမ်းကျင်သူများကြား ပြိုင်ဆိုင်မှုအဖြစ်သို့ တိုက်ရိုက်ပင် မြင့်မားလာခဲ့ပြီ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းမှာ ဒုတိယအကြိမ်မြောက် ဓမ္မညီလာခံထက် များစွာ ပိုမိုပြင်းထန်လှသည်ဖြစ်ရာ ပထမဆုံးအကြိမ် ဓမ္မညီလာခံတုန်းကဆိုလျှင် ရွှီနင်းကသာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်မျှဖြင့် နံပါတ်တစ် ရာထူးကို ရရှိသွားခဲ့ဖူးသည်မဟုတ်ပါလား။

ယခုတစ်ကြိမ်တွင်မူ ဟူယန်အနေဖြင့် နံပါတ်တစ် ရာထူးကို ရရှိနိုင်ရန်အတွက် မလွယ်ကူလှပေ။

လီချင်းချိုး ဤတစ်ကြိမ် ဓမ္မညီလာခံ၏ ရလဒ်အပေါ် များစွာ မျှော်လင့်တောင့်တမိနေခဲ့ပြီ ဖြစ်သည်။ ဟူယန်အနေဖြင့် ဖိအားများကို ကြံ့ကြံ့ခံ၍ နံပါတ်တစ် ရာထူးကို ရရှိနိုင်ရန် ကြိုးစားနိုင်ပါမည်လားဟူသောအချက်နှင့် မိမိ၏ အရှိန်အဝါနှင့် အရင်းအမြစ်များနှင့် ထိုက်တန်သော စွမ်းဆောင်ရည်များကို ပြသနိုင်ပါမည်လားဟူသောအချက်ကို စောင့်ကြည့်ချင်နေသည်။

မတ်လအစောပိုင်းတွင် ဓမ္မညီလာခံ၏ ပဏာမအဆင့် ပြိုင်ပွဲများ စတင်ခဲ့ပြီဖြစ်ရာ အားလုံးကို တောင်ခြေရှိ ရှီးမြစ် ဘေးဘက်၌ ကျင်းပစေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ဓမ္မညီလာခံ စင်မြင့် ပေါင်း တစ်ဆယ့်ရှစ်ခုကို ကြိုတင် တည်ဆောက်ပေးထားခဲ့သဖြင့် ချင်းရှောင်တောင်ထက်၌ ရပ်တည်နေသည့်တိုင်အောင် အောက်ခြေမှ ထွက်ပေါ်လာသော ဆူညံသံများကို အထင်အရှား ကြားသိနိုင်ပေသည်။

ချင်းရှောင်ဂိုဏ်းအတွင်း၌ ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည့် ထိုအချိန်အတောအတွင်း တာ့ရှားမင်းဆက်၏ အန်းရွှမ်မြို့အတွင်းရှိ ရှန်ယွဲ့၏ စိတ်ခံစားချက်မှာ အလွန်ပင် ဆိုးရွားနေခဲ့ရရှာသည်။

သူသည် ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး ခမောက်တစ်ခုကို ဆောင်းထား၍ သည်းထန်စွာ ကျဆင်းနေခဲ့သော မိုးသက်မုန်တိုင်းကြီး၏ အောက်၌ ယင်အိမ်တော်၏ မဟာတံခါးကြီး ရှေ့မှောက်တွင် မတ်တတ်ရပ်နေခဲ့သည်။

ယင်အိမ်တော်မှာ ယခုအခါ ပြိုလဲပျက်စီးနေခဲ့ပြီဖြစ်ကာ အိမ်တော်ဆိုင်းဘုတ်ထက်၌ပင် ပင့်ကူအိမ်များစွာ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်၏။

အကြောင်းမူကား အန်းရွှမ်မြို့သည် ဆန်းကြယ်လှသော မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသဖြင့် ဆုံးရှုံးမှုများ ကြီးမားလှပေသောကြောင့်ပင်။ မြို့တွင်းရှိ လူဦးရေ၏ ထက်ဝက်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီ ဖြစ်သလို ကုန်သည်များမှာလည်း လာရောက်ရန် မဝံ့ရဲကြတော့သဖြင့် မြို့တစ်ခုလုံး ဆိတ်သုဉ်းခြောက်ကပ်နေခဲ့သည်။

ယခင်က စည်ကားလှဖူးသော ယင်အိမ်တော်မှာလည်း ယခုအခါ လုံးဝ ဆိတ်သုဉ်းခြောက်ကပ်သွားခဲ့ရလေပြီ။

ရှန်ယွဲ့ အိမ်တော်အတွင်းသို့ ဝင်ရောက်ကာ သေသေချာချာ ရှာဖွေကြည့်ရှုခဲ့ပြီးပြီ ဖြစ်သလို ယင်အိမ်တော်၌ မည်သည့်အရာ ဖြစ်ပွားခဲ့ဖူးကြောင်းကိုလည်း ပြင်ပလူအချို့အား စုံစမ်းမေးမြန်းခဲ့ပြီးချေပြီ။

သူ မဟာတံခါးကြီး၏ ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယင်အိမ်တော် ဆိုင်းဘုတ်ကို စိုက်ကြည့်ရင်း ရင်ထဲမှ တွက်ချက်နေမိတော့၏။

‘ဖြစ်နိုင်တာက... ငါ့ရဲ့ တာဝန် ရှုံးနိမ့်သွားခဲ့ပြီလား...’

ရှန်ယွဲ့အနေဖြင့် ဤသို့သော ရလဒ်မျိုးကို လက်ခံရန် ခက်ခဲလှပေသည်။

သူသည် မြို့အတွင်းသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ မိမိ မြင်တွေ့ခဲ့ရဖူးသမျှနှင့် ကြားသိခဲ့ရဖူးသမျှ အရာအားလုံးကို သေသေချာချာ ပြန်လည်တွေးတောလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။

မိစ္ဆာကျင့်ကြံသူများ အန်းရွှမ်မြို့ကို လာရောက်တိုက်ခိုက်ခဲ့ကြခြင်းဟူသည်မှာ သေချာပေါက် ရည်ရွယ်ချက်တစ်ခုခု ရှိနေခဲ့ကြမည် ဖြစ်သည်။ သူ ယခင်က ယင်အိမ်တော်အတွင်း၌ မန္တန်များ အသုံးပြုထားခဲ့ဖူးသော ခြေရာလက်ရာအချို့ကို ရှာဖွေတွေ့ရှိခဲ့ဖူးသဖြင့် ထိုအဓိပ္ပာယ်မှာ ထိုမိစ္ဆာကျင့်ကြံသူများက ယင်အိမ်တော်ဆီသို့ ဦးတည်၍ လာရောက်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယင်အိမ်တော်က ကျော်ကြားလှသော နန်းတွင်းအထက်တန်းလွှာမိသားစု မဟုတ်ဘဲ အသင့်အတင့် ချမ်းသာကြွယ်ဝလှသော အထက်တန်းလွှာမိသားစုမျှသာ ရှိသေးသဖြင့် ကျင့်ကြံသူများ၏ မျက်စိထဲတွင်မူ သူတို့သည် လောကီလူသားများမျှသာ ရှိသေးသည်မဟုတ်ပါလား။

လောကီလူသားများကို ကိုင်တွယ်ရန်အတွက် ဤမျှအထိ ကြီးမားကျယ်ပြန့်လှသော လှုပ်ရှားမှုကြီးကို လုပ်ဆောင်ရန် လိုအပ်ပါသလား။

‘ဖြစ်နိုင်တာက... သူတို့တွေလည်း ယင်ကျင်းရှင်းဆီကိုဦးတည်ပြီး လာခဲ့ကြတာလား...’

ဤသို့သော သံသယ ဖြစ်ပေါ်လာခဲ့သည့် အခိုက်အတန့်မှာပင် သူ့မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့လေသည်။

အကယ်၍ သူတို့သာ ယင်ကျင်းရှင်းနောက်သို့ လိုက်လံနေခဲ့ကြခြင်း ဖြစ်မည်ဆိုပါက ဖြစ်နိုင်သည်မှာ ထိုကလေးငယ်မှာ အသက်ရှင်နေနိုင်ပြီး ထိုမိစ္ဆာကျင့်ကြံသူများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုသာ ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

တာ့ရှားမင်းဆက်အတွင်းရှိ မိစ္ဆာကျင့်ကြံသူများ…..

၎င်းတို့သည် ယခုအတောအတွင်း မိမိအား အမြဲတမ်း လိုက်လံဖမ်းဆီးနေခဲ့ကြဖူးသော ဝမ့်ယင်းဂိုဏ်းနှင့် ဆက်နွှယ်မှုများ ရှိနေနိုင်ပါသလား….

ရှန်ယွဲ့သည် ဝမ့်ယင်းဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းကို ကာလကြာမြင့်စွာ ခံခဲ့ဖူးပြီး အသက်ဘေးအန္တရာယ်ပေါင်းစုံမှလည်း သီသီလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်သည်။တာဝန်အတွက်ကြောင့်သာ အစွမ်းကုန် ပုန်းကွယ်နေခဲ့ခြင်းဖြစ်ပြီး သူ့ကိုယ်ပေါ်၌လည်း ယခုအချိန်အထိ ဒဏ်ရာအချို့ ရှိနေဆဲပင်။

ဤအခိုက်အတန့်တွင်မူ စိတ်ကူးကို ပြောင်းလဲပစ်လိုက်ပြီး ဝမ့်ယင်းဂိုဏ်းကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်လေပြီ။

ထိုအတွေး ရှိလာခဲ့ပြီးနောက် ရှန်ယွဲ့တယောက် သည်းထန်စွာ ကျဆင်းနေခဲ့သော မိုးသည်းထန်မှုကြီးအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့သည်။

မိုးရေစက်များ သူ့ကိုယ်ပေါ်သို့ ကျရောက်နေခဲ့ကြသော်လည်း သူ့ရဲ့ ပုံရိပ်ကို မည်သို့မျှ လှုပ်ခါစေနိုင်ခြင်းမရှိဘဲ သူ လျှောက်လှမ်းလိုက်သော ခြေလှမ်းတိုင်းမှာ ခိုင်မာပြတ်သားပြီး အစွမ်းထက်နေလေတော့သညါ။

ထိုအချိန်မှာပင် အခြားတစ်ဖက်ရှိ အနောက်ဘက် အန္တရာယ်နယ်မြေအတွင်း၌…

ကျန်းကျောက်ရှားတယောက်တည်း မြူထူများကြားမှ ရှေ့ဆီသို့ ဆက်လက်၍ ချီတက်နေခဲ့သည်။ သူသည် ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ခါးထက်၌ ချင်းရှောင်ဓားနှင့် သိုလှောင်အိတ်တစ်ခုကို ချိတ်ဆွဲထားသည်။ သူ့ဘေးတစ်ဖက်တစ်ချက်၌ မိစ္ဆာအရိပ်များ ဝေဝါးနေခဲ့ကြသည့်တိုင်အောင် သူသည် မည်သို့သော လှုပ်ခတ်မှုကိုမှ မပြသဘဲ အကြည့်များကို ရှေ့ဆီသို့သာ စူးစိုက်ထားလိုက်တော့သည်။

ဒီနေရာက ဘယ်တော့မှ အဆုံးသတ်မှာလဲ….

ကျန်းကျောက်ရှား ရင်ထဲမှ တိတ်တဆိတ် တွေးတောနေမိ၏။ သူသည် ယခုအချိန်အထိ ရှန်ယွဲ့၏ တည်နေရာခြေရာလက်ရာများကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသဖြင့် ထိုအဘိုးကြီးတစ်ယောက်တည်း အပြင်၌ သေဆုံးသွားခဲ့ပြီလားဟူသောအချက်အပေါ် အနည်းငယ် စိုးရိမ်ပူပန်မှုများ စတင်၍ ဖြစ်ပေါ်လာပြီဖြစ်သည်။

“ကျုပ် ခင်ဗျားကို အပြတ်အသတ် အနိုင်မရသေးဘူး…ဒါ့‌ကြောင့် ခင်ဗျားသေလို့ မရဘူး...”

All Chapters