အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇)
ကွာခြားမှုကြီး
သူတို့သုံးဦးကို ကြည့်ရသည်မှာ မိသားစုအရင်းအချာများနှင့် ပို၍ တူလာသည်။ လေထုတစ်ခုလုံးမှာလည်း အလွန်ပင် နွေးထွေးပျူငှာလှသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း ကုရှီချန်းနှင့် ယဲ့ယီတို့ကို သဘောတူလွန်း၍ စုံတွဲအဖြစ် ဝန်းရံအားပေးကြသူများ တဖြည်းဖြည်း များပြားလာတော့သည်။
“ဒီလူနှစ်ယောက် ကွာရှင်းတော့မယ်လို့ ဘယ်သူက ပြောတာလဲ။ သူတို့တွေကို ကြည့်ရတာ အရမ်းကို ချိုမြိန်နေတာပဲ၊ ကွာရှင်းဖို့ဆိုတာ ဝေးပါသေးတယ်”
“ဒါက တမင် စီစဉ်ထားတာများလား၊၊ ဘယ်လိုဖြစ်ပြီး ထမင်းဘူးက တစ်ဘူးတည်း ကွက်တိကျန်နေရတာလဲ”
“ဒါက တကယ်ကို အားပေးရကျိုးနပ်တဲ့ စုံတွဲပဲ၊ ဥက္ကဌကုကတော့ တကယ့်ကို ကစားကွက်ကျွမ်းတာပဲ”
“ကုစဲ့လေးက တကယ်ကို သိတတ်လွန်းတယ်။ သူ့အဖေနဲ့အမေကိုတောင် ဘယ်လိုဂရုစိုက်ရမလဲ သိနေပြီ။ အား... တကယ်ကို ချစ်ဖို့ကောင်းလိုက်တာ”
တစ်ဖက်ရှိ လန်ရွှယ်တို့အုပ်စုတွင်မူ စားသောက်နေစဉ်အတွင်း ချန်ဟောင်ယု ရုတ်တရက် သောင်းကျန်းမှုများ စတင်ပြုလုပ်လာတော့သည်။
“ဒါကြီး မစားချင်ပါဘူး”
ထိုသို့ အော်ဟစ်ကာ လန်ရွှယ်ကမ်းပေးသော ထမင်းဘူးကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်၏။
ထို့နောက် ချန်ဟောင်ယုသည် ချန်ထျန်မင်း၏ အဝတ်အစားများကို ဆွဲရမ်းကာ တိုင်ပြောလေတော့သည်။
“ဖေဖေ၊ ဒီလိုအရာတွေကို ဘယ်လိုလုပ် စားလို့ရမှာလဲ။ ညစ်ပတ်တာတွေစားရင် ဖျားလိမ့်မယ်လို့ ဘွားဘွားက ပြောထားတယ်လေ”
လန်ရွှယ် စကားဖြတ်ပြောလိုက်၏။
“ဟောင်ယု လျှောက်မပြောနဲ့လေ။ ဒီအစားအစာတွေက သန့်ပါတယ်”
လန်ရွှယ်သည် ထိုသို့ပြောရင်း ဘေးပတ်ဝန်းကျင်ရှိ ရိုက်ကူးရေးအဖွဲ့သားများကို ခိုးကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် လူတိုင်း၏ မျက်နှာအမူအရာမှာ မကောင်းလှပေ။
စားစရာ မလုံလောက်ခြင်းကပင် ဆိုးရွားနေပြီဖြစ်သော်လည်း အစားအသောက်များ မသန့်ရှင်းကြောင်း ချန်ဟောင်ယု ထပ်မံပြောဆိုလိုက်ခြင်းမှာ ထိုဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ခဲ့သည့် သူတို့အတွက် အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
ရှေးစကားအရ စားဖိုမှူးနှင့်အတူ စားသောက်လျှင် စားဖိုမှူးက အရင်မြည်းကြည့်ရမည်ဖြစ်ပြီး အကယ်၍ စားဖိုမှူးကိုယ်တိုင် မစားလျှင် မည်သူမျှလည်း မစားသင့်ပေ။
ချန်ဟောင်ယု၏ အပြုအမူမှာ သူတို့ကို ပါးရိုက်လိုက်သကဲ့သို့ပင်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် အင်တာနက်အသုံးပြုသူများကလည်း မကျေမနပ် ဖြစ်နေကြသည်။
“ဒီသခင်လေးက အခု ဘာတွေသောင်းကျန်းနေပြန်တာလဲ။ မစားချင်ရင်လည်း အစားအသောက်ကို လွှင့်မပစ်နဲ့လေ”
“တခြားလူတွေအားလုံး စားနေကြတာပဲ၊၊ မသန့်ရှင်းဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ ပြီးတော့ ဒါက သူတို့ဘာသာသူတို့ ချက်ထားတဲ့ ထမင်းပဲလေ”
“ပထမအပိုင်းတုန်းက ချန်ဟောင်ယုက ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တာ၊၊ အခုကြည့်ရတာ အဲဒီပထမအပိုင်းက တမင်ဟန်ဆောင်ပြီး သရုပ်ဆောင်ထားတာပဲ”
“တကယ်တော့ ချန်ဟောင်ယု ဒီလိုပြောတာ မဆန်းပါဘူး။ သူက ချမ်းသာတဲ့မိသားစုကဆိုတော့ စားနေကျ အစားအသောက်တွေက ဒီထက် ပိုကောင်းမှာပေါ့”
“အပေါ်ကလူ ရူးနေတာလား၊၊ ဒါက အစီအစဉ်ရိုက်ကူးနေတာလေ၊၊ သူ့အိမ်မဟုတ်ဘူး။ ပြီးတော့ ကုစဲ့လေးတောင် မြိန်ရည်ယှက်ရည် စားနေတာပဲ။ နှစ်ယောက်လုံးက သူဌေးသားတွေပဲလေ။ ဘာလို့ ကုစဲ့ကျတော့ ဂျီမကြတာလဲ”
“ဒီလို ကလေးဆိုးမျိုးကို ဗိုက်ဆာအောင် ပစ်ထားလိုက်တာ အကောင်းဆုံးပဲ”
ချန်ထျန်မင်းသည်လည်း ချန်ဟောင်ယု ပြောဆိုလိုက်သည်မှာ အလွန်ပင် မသင့်လျော်ကြောင်း သိလေ၏။ သူကိုယ်တိုင်လည်း ဤအစားအစာများမှာ မသန့်ရှင်းဟု ခံစားနေရသော်လည်း သူတို့သည် အစီအစဉ်တစ်ခုကို ရိုက်ကူးနေသည် မဟုတ်လော။
ချန်ထျန်မင်းသည် ချန်ဟောင်ယုကို ခပ်ထန်စွာ အမိန့်ပေးလိုက်၏။
“ဒီဟင်းသီးဟင်းရွက်တွေကို ငါတို့ကိုယ်တိုင် ဝယ်လာတာပဲ။ ဘယ်လိုလုပ် မသန့်ရှင်းဘဲ နေမှာလဲ၊၊ သွား... ထမင်းဘူးကို သွားကောက်လိုက်စမ်း”
ချန်ထျန်မင်း သူ့ကို ထမင်းဘူး ပြန်ကောက်ခိုင်းနေသဖြင့် ချန်ဟောင်ယုမှာ ပို၍ပင် မကျေမနပ် ဖြစ်သွားလေ၏။
“မြေကြီးပေါ် ကျသွားပြီလေ”
ထမင်းဘူးမှာ မြေပေါ်ကျသွားသော်လည်း အဖုံးပိတ်ထားသဖြင့် အမှန်တကယ်တွင် မညစ်ပတ်သေးပေ။ သို့သော် ချန်ဟောင်ယုသည် ထိုအရာကို ရွံရှာနေ၏။
“သား မကောက်ဘူး။ မြေကြီးပေါ်ကဟာကို ကောက်စားတဲ့သူတွေက သူတောင်းစားတွေပဲ။ သားက သူတောင်းစားမှမဟုတ်တာ၊ မကောက်နိုင်ဘူး”
လန်ရွှယ် ပြုံးကာ ဖျောင်းဖျ၏။
“မြေပေါ်ကျရုံလေးပါ၊ မညစ်ပတ်ပါဘူး။ ပြီးတော့ ဒါက သူတောင်းစား ဖြစ်တာနဲ့ မဆိုင်ဘူး၊၊ ဒါကို အစားအသောက် အလဟသ မဖြစ်အောင်လုပ်တယ်လို့ ခေါ်တယ်”
ချန်ဟောင်ယုသည် ထမင်းဘူးရှိရာသို့ လျှောက်သွား၏။လူတိုင်းက သူပြန်ကောက်တော့မည်ဟု ထင်မှတ်နေစဉ်မှာပင် ၎င်းကို ခြေထောက်ဖြင့် တိုက်ရိုက် နင်းခြေပစ်လိုက်တော့သည်။
ထို့နောက် သူသည် လန်ရွှယ်ကို အလွန်ပင် မောက်မာစွာ ကြည့်လိုက်၏။
“အခုတော့ ညစ်ပတ်သွားပြီ”
ရိုက်ကူးရေးအဖွဲ့သားအားလုံး မျက်မှောင်ကြုတ်သွားကြသည်။ အကယ်၍ ဤအရာကို ထုတ်လွှင့်ပြသလိုက်ပါက ချန်ဟောင်ယုမှာ ဝေဖန်မှုဒဏ်ကြောင့် သေသွားနိုင်သည်။
ချန်ဟောင်ယုသည် ထမင်းဘူးကို နင်းခြေတော့မည့်အချိန်တွင် ကင်မရာသမားက ကင်မရာကို အခြားဘက်သို့ လွှဲလိုက်၏။ သူ့လုပ်ရပ်ကို မမြင်ရသော်လည်း အသံကိုမူ မှတ်တမ်းတင်မိသွားသည်။
အင်တာနက်အသုံးပြုသူများက ချန်ဟောင်ယုကို တစ်ဦးပြီးတစ်ဦး ရှုတ်ချလာကြတော့သည်။
“ကင်မရာသမားက ဘာလုပ်နေတာလဲ၊ ဘာလို့ ကင်မရာကို လွှဲလိုက်တာလဲ။ ကင်မရာမှာ မမြင်ရရုံနဲ့ သူဘာလုပ်ခဲ့လဲဆိုတာ ငါတို့ မသိဘူးလို့ မထင်နဲ့”
“အစားအသောက် ဖြုန်းပစ်တာက အရှက်မရှိဆုံးပဲ။ သူ့ကို ဘာမှမကျွေးသင့်ဘူး”
“သူ အဲဒီထမင်းဘူးကို ခြေထောက်နဲ့ နင်းလိုက်တာ သေချာတယ်။ ဘယ်လိုလုပ် အဲဒီလို လုပ်ရက်တာလဲ။ မစားချင်ရင်လည်း မဖြုန်းပစ်နဲ့လေ”
“ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အစားအသောက် ဖြုန်းတီးတာ။ ဒါက သူဌေးကြီးတွေရဲ့ ဆုံးမမှုလား”
“ငါ ချန်ဟောင်ယု ကို ပိုပိုပြီး မုန်းလာပြီ။ နေ့တိုင်းလိုလို ငါ့ ရွှယ်အာလေး ဒီကလေးရဲ့ နှိပ်စက်မှုကို ဘယ်လောက်ခံနေရလဲဆိုတာ စဉ်းစားလို့တောင် မရဘူး။ ဒီသခင်လေးက ပြုစုရလွယ်မဲ့ပုံ မပေါ်ဘူး”
“ရိုက်ကူးရေးအဖွဲ့က ဒီသခင်လေးဘက်က ကာကွယ်ပေးနေတာလား၊။ဘာထူးမှာလဲ ကြည့်နေတဲ့လူတွေက ငတုံးတွေ မဟုတ်ဘူး။ ဒါသာ တိုက်ရိုက်ထုတ်လွှင့်မှု မဟုတ်ခဲ့ရင် ဒီမြင်ကွင်းကို ငါတို့ မြင်လိုက်ရမှာ မဟုတ်ဘူး”
လန်ရွှယ်သည် ချန်ဟောင်ယုကို အလွန်ပင် ဝမ်းနည်းကြေကွဲစွာ ကြည့်လျက် ပြော၏။
“ဟောင်ယု ဘယ်လိုဖြစ်ပြီး အစားအသောက်တွေကို ဖြုန်းတီးပစ်ရတာလဲ။ တောင်သူဦးကြီးတွေက ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်ခဲ့ရလဲဆိုတာ သိရဲ့လား။ မင်းလုပ်တာ တကယ်ကို မှားနေပြီ”
ချန်ဟောင်ယုကမူ လန်ရွှယ်၏ စကားကို လုံးဝဂရုမစိုက်ပေ။ သူသည် ချန်ထျန်မင်းကိုသာ ဆွဲရမ်းပြီး ဂျီကျနေ၏။
“ဖေဖေ၊ သား ကြက်ကြော်စားချင်တယ်၊ သားကို ကြက်ကြော်ကျွေးမယ် မလားဟင်”
ချန်ထျန်မင်းလည်း သိလိုက်သည်။ ချန်ဟောင်ယု၏ ဤဖြုန်းတီးတတ်သော အပြုအမူကြောင့် အင်တာနက်အသုံးပြုသူများ၏ ရှုတ်ချမှုကို ခံရမည့်အပြင် သူ၏ ဆုံးမသွန်သင်မှုအပေါ်တွင်လည်း မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
ချန်ဟောင်ယုသည် အိမ်တွင် မည်မျှပင် ဂျီကျပါစေ သူ့အနေဖြင့် လျစ်လျူရှုထားနိုင်သော်လည်း လူပုံအလယ်တွင် သူ၏ ဂုဏ်သိက္ခာရှိသေး၏။
“ဘာတွေကို စားမှာလဲ။ မင်း ခုနကတင် ထမင်းဘူးကို ဖြုန်းတီးပစ်ခဲ့တာ မဟုတ်ဘူးလား။ ဆင်းရဲဒုက္ခဆိုတာကို ဘာမှန်းတောင် မသိဘူးမလား။ ဒီနေ့ မင်းအတွက် နေ့လယ်စာ မရှိဘူး”
ချန်ထျန်မင်း ပြတ်သားစွာ ပြောလိုက်သည်။
ချန်ဟောင်ယုသည် သူ နေ့လယ်စာ မစားရတော့ကြောင်း ကြားလိုက်ရသဖြင့် အော်ဟစ်၍ ငိုကြွေးလေတော့သည်။ တစ်မနက်လုံး အလုပ်ရှုပ်ထားကြသဖြင့် ကလေးများသာမက လူကြီးများပါ ဗိုက်ဆာနေကြသည် ဖြစ်ရာ ဤအခြေအနေကို သူ မည်သို့မျှ လက်မခံနိုင်ပေ။
လန်ရွှယ်သည် ချန်ထျန်မင်းကို ကြည့်ကာ ညင်သာစွာ ဖျောင်းဖျပေးလေ၏။
“ဟောင်ယု အစားအသောက်တွေကို ဖြုန်းပစ်တာ သူမှားပေမဲ့လည်း သူက ကလေးပဲရှိသေးတာလေ။ နေ့လယ်စာ မစားဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ”
“သူထိုက်နဲ့သူ့ကံပဲ၊ သူ့ဝေစုကို ဘယ်သူက လွှင့်ပစ်ခိုင်းလို့လဲ”
ချန်ထျန်မင်းက ခက်ထန်စွာ ဆိုသော်လည်း လန်ရွှယ်ကမူ သူသည် ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း နားလည်၏။
သို့သော် အစားအသောက်မှာ မူလကတည်းက မလုံလောက်ခဲ့ပေ။ လူတစ်ဦးစီအတွက် ထမင်းတစ်ဘူးသာ ရရှိခဲ့သည်။ ယခု ချန်ဟောင်ယုက သူ၏ဝေစုကို လွှင့်ပစ်လိုက်ပြီဖြစ်သဖြင့် တစ်ယောက်ယောက်က အငတ်ခံရတော့မည် ဖြစ်သည်။
“ဟောင်ယုကို ကျွန်မဝေစု ပေးလိုက်မယ်”
လန်ရွှယ်က အလိုက်တသိ ပြောလိုက်သည်။
လန်ရွှယ်က သူမ အစားအစာကို ချန်ဟောင်ယုအား ပေးမည်ဟု ကြားလိုက်ရသဖြင့် သွမ့်ဟွေကျိုမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေ၏။ သူ၏ နတ်သမီးလေး အငတ်ခံရမည့်အဖြစ်ကို သူ မည်သို့ကြည့်ရက်မည်နည်း။
သွမ့်ဟွေကျိုသည် သွမ့်ကျားကျားလက်ထဲမှ ထမင်းဘူးကို ညွှန်ပြကာ စေခိုင်းလိုက်၏။
“ကျားကျား၊ မင်းရဲ့ထမင်းဘူးကို ဟောင်ယုကို ပေးလိုက်။မင်းနဲ့မေမေနဲ့က တစ်ဘူးကို ခွဲစားလို့ရတာပဲ။ ပြီးတော့ မင်းမေမေက ဝနေတာဆိုတော့ နည်းနည်းလျော့စားလဲ ဘာမှမဖြစ်ပါဘူး”
သွမ့်ကျားကျားသည် ထမင်းဘူးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း နန်ချင်ဝမ်က ထမင်းဘူးကို ယူလိုက်သည်။
နန်ချင်ဝမ်သည် သူ့စကားကို နားထောင်ပြီး ချန်ဟောင်ယုအား ထမင်းဘူး ပေးလိမ့်မည်ဟု သွမ့်ဟွေကျို ထင်မှတ်ထားသော်လည်း ၊ နန်ချင်ဝမ်သည် ထမင်းဘူးကိုဖွင့်ကာ သွမ့်ကျားကျားကို ကျွေးလိုက်သည်။
နန်ချင်ဝမ်သည် သူ့စကားကို အဖက်မလုပ်ဘဲ လျစ်လျူရှုထားသည်ကို တွေ့သောအခါ သွမ့်ဟွေကျိုမှာ အလွန်ပင် ဒေါသထွက်သွား၏။
“မင်း ဘာလို့ ဒီလောက် ကပ်စေးနှဲရတာလဲ၊ ဟောင်ယု ဗိုက်ဆာနေတာကို ကြည့်ရက်လို့လား။ မင်းမှာ ကရုဏာတရား လုံးဝမရှိဘူးပဲ”
သွမ့်ဟွေကျို က အော်ဟစ်လိုက်၏။
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို လေထဲက အမှုန်အမွှားတစ်ခုကဲ့သို့ သဘောထားကာ ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ဆက်စားနေသည်။
သွမ့်ဟွေကျိုက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပဲ လန်ရွှယ်က ပြုံးပြုံးလေး ဆိုလိုက်၏။
“ရပါတယ်၊ ကျွန်မ နည်းနည်း လျော့စားတာ ဘာမှမဖြစ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မလည်း အခုတလော ဝိတ်ချနေတာနဲ့ အတော်ပဲ”
နောက်ဆုံးတွင် ချန်ဟောင်ယုသည် လန်ရွှယ်၏ ထမင်းဘူးကို မစားခဲ့ပေ။ ချန်ထျန်မင်းသည် ချန်ဟောင်ယု နေမကောင်းသဖြင့် ဆေးခန်းသွားရမည်ဟု အကြောင်းပြကာ ရိုက်ကူးရေးမှ ထွက်ခွာသွားခဲ့သည်။
သို့သော် ကြည့်ရှုသူများသည် တုံးအသူများ မဟုတ်ပေ။ ဤသည်မှာ အပြင်တွင် သွားရောက် စားသောက်ရန်အတွက် အကြောင်းပြချက်သာဖြစ်ကြောင်း သိသာပေသည်။
ထမင်းဘူး မလုံလောက်သည့် အခြေအနေချင်း တူညီသော်လည်း ယဲ့ယီတို့ဘက်တွင် နွေးထွေးမှုများ ရှိနေပြီး ဤဘက်တွင်မူ လှည့်ကွက်များသာ ရှိနေခဲ့၏။
ယဲ့ယီတို့ အခြေအနေများကို ကြိုတင်စီစဉ်ထားသည်ဟု သံသယရှိခဲ့သူများမှာလည်း ယခုအခါ လုံးဝ နှုတ်ဆိတ်သွားကြတော့သည်။

အခန်း (၇၈)
ကွာရှင်းဖို့ အလိုမရှိဘူး
ထင်ထားသည့် အတိုင်းပင်။ ချန်ထျန်မင်းသည် ချန်ဟောင်ယုနှင့်အတူ ပြန်ရောက်လာချိန်တွင် ချန်ဟောင်ယုမှာ ပြုံးဖြီးနေပြီး အလွန်ပင် ပျော်ရွှင်နေသည့်ပုံပေါက်နေ၏။
သူ့ဗိုက်လေးမှာလည်း ပူထွက်နေသဖြင့် တစ်ချက်ကြည့်ရုံနှင့်ပင် ဝအောင်စားလာခဲ့ကြောင်း သိသာလှပေသည်။
[ငါဘာမှ မပြောချင်တော့ဘူး။ သူတို့တွေ အပြင်မှာ သီးသန့်သွားစားလာတာ သိသာလွန်းတယ်]
[ဒီလိုမျိုး အခွင့်ထူးပေးနေတာက ဘာအဓိပ္ပာယ်လဲ။ မိန်းကလေးဖြစ်တဲ့ သွမ့်ကျားကျားတောင် ထမင်းဘူးကို အေးအေးဆေးဆေး စားနေတာပဲ၊ သခင်လေးချန်က မစားနိုင်ဘူးပေါ့]
[ဒီသခင်လေးကို တကယ် စိတ်ကုန်လှပြီ။ ဆင်းရဲဒုက္ခကို မခံနိုင်ရင် အိမ်မှာပဲနေလေ။ ဘာလို့ ဖျော်ဖြေရေးအစီအစဉ် လာရိုက်နေတာလဲ]
[ဒီအစီအစဉ်ကတောင် အခွင့်ထူးပေးတာကို လက်ခံပေးနေတာလား၊ သူတို့တွေ တကယ်ကို တရားမျှတအောင် မယှဉ်ပြိုင်နိုင်ကြဘူးပဲ]
ချန်ဟောင်ယုသည် ချန်ထျန်မင်း၏ သတိပေးမှုကြောင့် ကင်မရာရှေ့တွင် အလွန်ပင် လိမ်မာယဉ်ကျေးစွာ နေပြနေ၏။
သို့သော် ကံမကောင်းစွာပင် အင်တာနက်အသုံးပြုသူများသည် သူ့အပေါ် ယုံကြည်မှု မရှိကြတော့ပေ။
ချန်ဟောင်ယုသည် သွမ့်ကျားကျားအနားသို့ တမင်တကာ ချဉ်းကပ်သွားပြီး မောက်မာစွာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ငါ ခုနက ကြက်ကြော်သွားစားလာတာ”
သွမ့်ကျားကျားသည် သူ့ကို အဖက်မလုပ်လိုသဖြင့် နန်ချင်ဝမ်၏ နောက်ကွယ်သို့ ပြေးဝင်ကာ ပုန်းရှောင်နေလိုက်သည်။
သူမသည် ချန်ဟောင်ယုနှင့် စကားပြောမိတိုင်း ဖခင်ဖြစ်သူ အဘယ့်ကြောင့် အမြဲတမ်း ဒေါသထွက်နေရသည်ကို နားမလည်သော်လည်း မသိစိတ်က ချန်ဟောင်ယုကို ရှောင်ရှားရန် သင်ယူထားသည်။
နန်ချင်ဝမ်သည် သွမ့်ကျားကျား၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း သူမ သမီးလေးအတွက် ပို၍ပင် သနားမိလာတော့သည်။
နေ့လယ်စာ စားပြီးနောက်တွင် ရိုက်ကူးရေးအဖွဲ့က အသေးစား အစီအစဉ်တစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်။ ယင်းမှာ မှတ်ချက်ကဏ္ဍတွင် အင်တာနက်အသုံးပြုသူများ၏ မေးခွန်းများကို ဧည့်သည်များ ထိုနေရာတွင်ပင် တိုက်ရိုက်ပြန်လည်ဖြေကြားပေးရန် ဖြစ်သည်။
အစပိုင်းတွင် အင်တာနက်အသုံးပြုသူများ၏ မေးခွန်းများမှာ သာမန်မေးခွန်းများသာ ဖြစ် သော်လည်း နောက်ပိုင်းတွင်မူ ရဲတင်းပြတ်သားလာတော့သည်။
[မင်းသားကြီးသွမ့်ကို မေးပါရစေ၊ ဘာကြောင့် ရှင့်ဇနီးကို ရုတ်တရက် ကွာရှင်းလိုက်ရတာလဲ]
ဤမေးခွန်းကို ဖတ်ကြားလိုက်သည်နှင့် နန်ချင်ဝမ်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး သွမ့်ကျားကျားကို တင်းကြပ်စွာ ဖက်ထားမိသည်။
သွမ့်ဟွေကျိုကမူ အရေးမစိုက်သော အမူအရာဖြင့် ဖြေကြားလိုက်သည်။
“ဒါကတော့ ဒီတိုင်း စိတ်ချင်းမတိုက်ဆိုင်လို့ပါပဲ”
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တည်ဆောက်ခဲ့သည့် သံယောဇဉ်များကို စိတ်ချင်းမတိုက်ဆိုင်ခြင်းဟူသော စကားတစ်ခွန်းတည်းဖြင့် ပေါ့ပေါ့ပါးပါးပင် ဖြေရှင်းလိုက်၏။
နန်ချင်ဝမ်သည် သူမအတိတ်က ကြိုးစားအားထုတ်မှုများမှာ အမှန်တကယ်ပင် အချည်းနှီးဖြစ်ခဲ့ရကြောင်း ခံစားလိုက်ရ၏။
အကယ်၍သာ အချိန်ကို နောက်ပြန်လှည့်နိုင်မည်ဆိုပါက သူမသည် သွမ့်ဟွေကျိုနှင့် မည်သည့်အခါမျှ မသိကျွမ်းလိုတော့ပေ။
ကင်မရာ မမြင်နိုင်သော နေရာတစ်ခုတွင် လန်ရွှယ်သည် နန်ချင်ဝမ်အား ယောကျ်ားတစ်ယောက်၏ စိတ်ကိုပင် ဖမ်းစားနိုင်ခဲ့ခြင်း မရှိသည့်အပေါ် တိတ်တဆိတ် လှောင်ပြောင်နေသော်လည်း နောက်တစ်ခဏတွင်မူ သူမကိုယ်တိုင် မနေနိုင်တော့ပဲ ရယ်မိလေသည်။
[ဥက္ကဌချန်ရဲ့ ဘဝမှာ အချစ်ရဆုံး အမျိုးသမီးက ဘယ်သူလဲ]
လန်ရွှယ်မှာ ထိတ်လန့်သွားပြီး ချန်ထျန်မင်းကို မျက်စိမှိတ်ပြကာ အချက်ပေးနေတော့သည်။
အကယ်၍ ချန်ထျန်မင်းက အင်တာနက်ပရိသတ်များစွာ၏ ရှေ့တွင် သူအချစ်ရဆုံး အမျိုးသမီးမှာ သူမ မဟုတ်ကြောင်း ပြောလိုက်ပါက သူမသည် အင်တာနက်တစ်ခွင်လုံး၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။
သို့သော် ချန်ထျန်မင်းမှာ လန်ရွှယ်၏ ခံစားချက်ကို လုံးဝဂရုမစိုက်ဘဲ သူ့ဇနီးဟောင်းကိုသာ စတင်တမ်းတနေတော့၏။
“ကျွန်တော့်ဘဝမှာ အချစ်ရဆုံး အမျိုးသမီးကတော့ ဟောင်ယု အမေပါပဲ”
ချန်ထျန်မင်း ပြောဆိုနေသည့် ဟောင်ယု အမေ ဆိုသည်မှာ လန်ရွှယ်မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့သည့် ဇနီးဟောင်း လျိုယီရန်ကို ဆိုလိုခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။
လန်ရွှယ်၏ မျက်နှာမှာ မည်းမှောင်သွားသော်လည်း ချန်ထျန်မင်းကမူ သူ့ဘာသာသူ ဆက်ပြောနေလေ၏။
“ယီရန်က ကျွန်တော့်ဘဝတစ်လျှောက် တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အနူးညံ့ဆုံး အမျိုးသမီးပါ။ ကျွန်တော့်နှလုံးသားထဲမှာ သူက မြင့်မြတ်ပြီး လက်လှမ်းမမီနိုင်တဲ့ နှင်းကြာပန်းလေး တစ်ပွင့်လိုပါပဲ။ ဝမ်းနည်းစရာကောင်းတာက သူ ကျွန်တော့်ကို အရင်ထားရစ်ခဲ့တာပါပဲ။ တကယ်လို့ နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း သူနဲ့ပဲ ဆက်ပြီး ရေစက်ဆုံချင်ပါသေးတယ်”
ချန်ထျန်မင်း ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီတိုင်းသည် လန်ရွှယ်၏ မျက်နှာအမူအရာကို ပို၍ ကြည့်ရဆိုးသွားစေသည်။ အင်တာနက်ပရိသတ်များစွာ၏ ရှေ့မှောက်တွင် နောက်ဘဝတွင်လည်း လျိုယီရန်နှင့်သာ ရေစက်ဆုံလိုသည်ဟု ပြောဆိုလိုက်သဖြင့် သူမမှာ ဘာဖြစ်သွားမည်နည်း။
စပ်စုလိုစိတ် ပြင်းပြနေသော အင်တာနက်ပရိသတ်အချို့က လျိုယီရန်၏ ဓာတ်ပုံများကို စတင်ရှာဖွေလေတော့၏။ သူတို့ ရှာဖွေတွေ့ရှိသွားချိန်တွင် အလွန်ပင် အံ့အားသင့်သွားကြရသည်။
လန်ရွှယ်၏ ရုပ်ရည်မှာ လျိုယီရန်နှင့် ဆင်တူရုံသာမက သူတို့၏ စရိုက်လက္ခဏာမှာလည်း ထပ်တူကျနေလေ၏။
ယခုအခါ အင်တာနက်ပရိသတ်များသည် ကြီးမားလှသော အတင်းအဖျင်း သတင်းတစ်ခုကို တွေ့ရှိသွားကြလေပြီ။
#သူဌေးကြီးမိသားစုမှအစားထိုးခံ #လန်ရွှယ်သည် အစားထိုးသက်သက်သာ ဖြစ်သည် #သူဌေးကြီးမိသားစုများ၏ မသိသေးသောလျှို့ဝှက်ချက်များ ဟူသော ခေါင်းစဉ်များမှာ လူမှုကွန်ရက်၏ ရေပန်းအစားဆုံး စာရင်းသို့ တဖြည်းဖြည်း တက်လှမ်းလာတော့သည်။
အင်တာနက်အသုံးပြုသူများသည် လန်ရွှယ်အပေါ် အကြောင်းပြချက်မရှိဘဲ သနားစိတ်များ ဝင်လာကြတော့၏။ သူဌေးကြီးမိသားစုထဲသို့ ခက်ခက်ခဲခဲ ဝင်ရောက်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမမှာ အစားထိုးခံတစ်ဦးသာ ဖြစ်နေသည်။
အစားထိုးခံဖြစ်ရသည့်အပြင် အခြားသူ၏ သားကို ကူညီပြုစုပေးနေရပြီး ကိုယ်ပိုင်ရင်သွေး မရနိုင်ခြင်းတို့ကြောင့် သူမသည် အလွန်ပင် သနားစရာကောင်းနေတော့၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ ချန်ထျန်မင်း မကွယ်လွန်ခင် လန်ရွှယ်အတွက် ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ချန်မထားခဲ့ပါက သို့မဟုတ် ချန်ဟောင်ယုက သူမအပေါ် မသိတတ်ခဲ့ပါက လန်ရွှယ်၏ နောက်ဆုံးလက်ကျန်ဘဝတွင် မည်သည့်အရာကိုမျှ ရရှိသွားလိမ့်မည် မဟုတ်ပေ။
သို့သော် လူတိုင်း သူမကို သနားနေကြသည်တော့ မဟုတ်ပေ။ လူအများအပြားက သူမ သူဌေးကြီးမိသားစုထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်းအပေါ် မနာလိုဖြစ်နေကြဆဲပင်။
‘အစားထိုးခံဖြစ်နေရင်ရော ဘာဖြစ်လဲ၊ အနည်းဆုံးတော့ နာမည်ကြီးပြီး ပိုက်ဆံကို ရေလိုသုံးလို့ရတာပဲ’
လန်ရွှယ်သည် ချန်ထျန်မင်းတစ်ယောက် ထိုမေးခွန်းကို ဖြေကြားပြီးကတည်းက သူမ မျက်နှာထားကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အမူအရာမှာ သိပ်မကောင်းလှပေ။
သူမ၏ နှလုံးသားထဲရှိ ဒေါသများကို မည်သို့မျှ ဖိနှိပ်ထား၍ မရနိုင်တော့ပေ။ ကိုယ်ပိုင်ရင်သွေး မရနိုင်သည့်အပြင် ယခုကဲ့သို့ ပရိသတ်များစွာ၏ ရှေ့တွင် ချန်ထျန်မင်း၏ စကားကြောင့် သူမ မျက်နှာပျက်ခဲ့ရချေပြီ။
ချန်ထျန်မင်းသည် သစ္စာရှိသော ယောကျ်ားတစ်ဦး၏ ပုံရိပ်ကို တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်လိမ့်မည်။ သို့သော် သူမ ခံစားချက်ကိုတော့ လုံးဝ ထည့်မတွက်ခဲ့ပေ။
ချန်ထျန်မင်း၏ နှလုံးသားထဲတွင် သူ၏ လရောင်ဖြူ လေး ဖြစ်သော ဇနီးဟောင်း ရှိနေဆဲဖြစ်သည်ကို သူမ သိ၏။ အိမ်တွင် ဖြစ်ပါက ကိစ္စမရှိသော်လည်း ယခုမူ သူသည် သူမနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းပင် မရှိတော့ပေ။
လန်ရွှယ်သည် ချန်ထျန်မင်း၏ ဘေးရှိ ချန်ဟောင်ယုကို ကြည့်ကာ သူမ မျက်ဝန်းများမှာ မှောင်မိုက်သွားသည်။
‘တကယ်လို့ ဟိုကောင်မရဲ့ သားက အနာဂတ်မှာ ကုမ္ပဏီကို ဆက်ခံခဲ့ရင် ချန်မိသားစုတစ်ခုလုံးမှာ ငါ့နေရာက ဘာဖြစ်သွားမှာလဲ’
အခြားတစ်ဖက်တွင်မူ ယဲ့ယီတို့အဖွဲ့သည်လည်း အင်တာနက်ပရိသတ်များ၏ မေးခွန်းများကို ဖြေကြားနေကြ၏။ပထမဆုံးမေးခွန်းမှာ မန်ရှင်းအတွက် ဖြစ်သည်။
[ရှင်းရှင်း၊ ငါတို့ရဲ့ ကျစ်ထုံလေးအတွက် ဖေဖေတစ်ယောက် ရှာပေးဖို့ ဘယ်တော့လောက် စီစဉ်ထားလဲ]
မန်ရှင်း ပြုံးလျက် ပြန်ဖြေလိုက်၏။
“အဲဒါကတော့ အလျင်မလိုပါဘူး။ ကျွန်မ သင့်တော်တဲ့သူ မတွေ့သေးလို့ပါ။ ဒါပေမဲ့ သင့်တော်တဲ့သူ ရှိရင် ပြောပြကြပါဦး၊ အဲဒီအခါကျရင် ကျွန်မ သွားပြီး ဖမ်းခေါ်လာခဲ့ပါ့မယ်”
အမှန်တကယ်တွင် မန်ရှင်းနောက်သို့ လိုက်ပိုးနေသူများစွာ ရှိသော်လည်း သူမသည် သူတို့ကို အထင်ကြီးခြင်း မရှိပေ။ အထူးသဖြင့် ကြယ်ပွင့်မိသားစုအစီအစဉ်တွင် ပါဝင်ခဲ့ပြီး ကုရှီချန်းနှင့် ချန်ထျန်မင်းတို့ကို မြင်တွေ့ခဲ့ရပြီးနောက်တွင် သူမသည် သူဌေးမိသားစုထဲသို့ ဝင်ရောက်ရန်သာ သန္နိဋ္ဌာန်ချထားတော့သည်။
သို့သော် သူဌေးမိသားစုထဲသို့ ဝင်ရောက်ရန်မှာ မလွယ်ကူနိုင်ပေ။ လူအများစုမှာ ကစားရုံသာ ကစားကြခြင်း ဖြစ်သည်။ သူဌေးမိသားစုများသည် လူမှုရေးအဆင့်အတန်းကို အလေးထားကြသည့်အပြင် သူမမှာ ကလေးတစ်ယောက်လည်း ပါလာသေး၏။ မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။
ဒုတိယမေးခွန်းမှာ ယဲ့ယီအတွက် ဖြစ်သည်။
[မေးပါရစေ၊ မင်းသမီးရဲ့ ရုပ်ရှင်နဲ့ လန်ရွှယ်ရဲ့ ရုပ်ရှင် ထွက်လာတဲ့အခါ ဘယ်ကားက ရုံဝင်ငွေ ပိုကောင်းမယ်လို့ ထင်လဲ]
ဤမေးခွန်းမှာ တမင်တကာ ပြဿနာရှာရန် မေးမြန်းခြင်း ဖြစ်သည်။ အကယ်၍ ယဲ့ယီက သူမ ရုပ်ရှင်က ပိုကောင်းလိမ့်မည်ဟု ဖြေပါက မောက်မာသည်ဟု လှောင်ပြောင်ခံရမည်ဖြစ်ပြီး လန်ရွှယ်၏ ရုပ်ရှင်က ပိုကောင်းလိမ့်မည်ဟု ဖြေပါကလည်း တိုက်ပွဲမစရသေးခင် အရှုံးပေးခြင်း ဖြစ်သဖြင့် ရိုက်ကူးရေးအဖွဲ့ကို မျက်နှာပျက်စေလိမ့်မည်။
ယဲ့ယီ ယခင်ဘဝက ထိုကဲ့သို့သော မေးခွန်းပေါင်းများစွာကို ဖြေကြားခဲ့ဖူးသဖြင့် အမှားအယွင်းမရှိအောင် မည်သို့ဖြေရမည်ကို အလိုလို သိရှိနေသည်။
“ဒါကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ဒါပေမဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်မက ကျွန်မရဲ့ ရုပ်ရှင်ကိုပဲ ရွေးချယ်မှာပါ။ တခြားကြောင့် မဟုတ်ဘဲ ရိုက်ကူးရေးအဖွဲ့သား အားလုံးအပေါ် ယုံကြည်မှုရှိလို့ပါ။ ကျွန်မရဲ့ ဒီဆန္ဒ ပြည့်ဝနိုင်မလား ဆိုတာကတော့ ပရိသတ်တွေအပေါ်မှာပဲ မူတည်ပါတယ်”
ယဲ့ယီက ဖြေကြားလိုက်၏။
ယဲ့ယီ စကားကြောင့် ဝေဖန်တိုက်ခိုက်လိုသူများမှာလည်း ကြံဖန်ပြောဆိုစရာ မရှိတော့ပေ။
ထို့နောက်တွင် နောက်ထပ် မေးခွန်းအချို့ကို ဆက်လက်ဖြေကြားကြပြီး နောက်ဆုံးမေးခွန်းကို နှိုက်ယူလိုက်သောအခါ ရိုက်ကူးရေးဝန်ထမ်းများမှာ ဒါရိုက်တာကို တုံ့ဆိုင်းစွာ ကြည့်လိုက်ကြသည်။
‘ဒီမေးခွန်းကို တကယ်ပဲ မေးလို့ရပါ့မလား ‘
ဒါရိုက်တာသည်လည်း ဝေခွဲမရ ဖြစ်နေ၏။သို့သော် ဤမေးခွန်းကြောင့် ရရှိလာမည့် လူပြောများမှုကို စဉ်းစားကာ အံကြိတ်ပြီး အမိန့်ပေးလိုက်သည်။
“မေးလိုက်”
[ဥက္ကဌကုနဲ့ ယဲ့ယီတို့ ကွာရှင်းတော့မယ်ဆိုတာ ကောလာဟလတွေလား တကယ်ပဲလား]
ဤမေးခွန်းကို မေးလိုက်သောအခါ ထိုနေရာရှိ လေထုမှာ ချက်ချင်းပင် အေးစက်လာကာ နေရခက်သွားတော့၏။
ယဲ့ယီသည် ထိုမေးခွန်းကို မည်သို့ ဖုံးဖိဖြေကြားရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ကုရှီချန်းကတည်ကြည်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ဒါက သတင်း အမှားပါ။ ကျွန်တော့်မှာ ကွာရှင်းဖို့ အစီအစဉ် လုံးဝမရှိပါဘူး”
ယဲ့ယီသည် ကုရှီချန်းကို ကြည့်ကာ ယခုသူပြောလိုက်သည်မှာ အခြေအနေအရ ဖုံးဖိပြောဆိုခြင်းလား သို့မဟုတ် သူ၏ စိတ်ရင်းအမှန်လားဆိုသည်ကို သိချင်စိတ် ဖြစ်ပေါ်လာ၏။
သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က သူမကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးဖြစ်သဖြင့် ကုရှီချန်းအနေဖြင့် ဇွတ်အတင်း လုပ်နေဦးမည်ဟု သူမ မထင်ပေ။ ထို့အပြင် သူသည် သူမအပေါ်တွင် ချစ်ခင်မြတ်နိုးစိတ် မရှိပေ။ ကွာရှင်းရန် အလိုမရှိခြင်းမှာလည်း ကုစဲ့ကြောင့်သာ ဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်မိသည်။