အခန်း (၁၀၁၅-၁၀၁၆)
Vol. 102 Ch. 1015-1016
အခန်း (၁၀၁၅) လင်းကွမ်နတ်ဘုရား၏ စွမ်းအား
လက်သီးတစ်ချက်ကြောင့် ကောင်းကင်ယံရှိ မြူခိုးတိမ်တိုက်များအားလုံး ပြိုကွဲပျက်စီးသွားခဲ့ရာ အစွမ်းထက်ကျွမ်းကျင်သူ အများအပြား၏ ချောင်းမြောင်းအကဲခတ်ခြင်းကို ဆွဲဆောင်မိသွားသည်။
သို့သော်လည်း လီယန်ချူသည် အသက်ရှူနှုန်းကို ဖုံးကွယ်ထားနိုင်သည့် အသက်ရှူအောင့်အတတ်နှင့် အမှောင် ဖုံးကွယ်ခြင်း အတတ်တို့ကို တတ်ကျွမ်းထားသဖြင့် လက်သီးတစ်ချက် တွန်းထုတ်ပြီးနောက် ယွမ်မုန့်ကျောက်ထဲသို့ ဆက်လက်၍ ရှာဖွေစူးစမ်းသွားရာ မည်သူမျှ သူ၏ ခြေရာလက်ရာကို ခြေရာခံ၍မရ ဖြစ်နေတော့သည်။
သူသည် ထူထပ်လှသော တောအုပ်တစ်ခုအနီးသို့ ရောက်ရှိလာခဲ့သည်။
ဤတောအုပ်ထဲရှိ ရှေးဟောင်းသစ်ပင်ကြီးများသည် မီတာအတော်ကြာ မြင့်မားလှပြီး စိမ်းလန်းစိုပြည်နေတော့သည်။
လီယန်ချူသည် ထိုတောအုပ်ထဲမှ မင်္ဂလာမရှိသော အရှိန်အဝါများကို မြင်တွေ့လိုက်ရသည်။
ဤအရှိန်အဝါသည် မိစ္ဆာမျိုးနွယ်များ၏ အရှိန်အဝါနှင့် မတူဘဲ ကမ္ဘာမြေကြီးက လက်မခံသော အရှိန်အဝါမျိုးဖြစ်ရာ တစ်ခြားကမ္ဘာမှ မိစ္ဆာမျိုးနွယ်များ၏ ခန္ဓာကိုယ်ပေါ်တွင်သာ ယခုကဲ့သို့သော အရှိန်အဝါမျိုး ရှိနေတတ်သည်။
လီယန်ချူ မျက်ခုံးအနည်းငယ်ကြုတ်လိုက်ပြီး ဤတောအုပ်ထဲသို့ ခြေလှမ်းလှမ်းဝင်ခဲ့သည်။
တောအုပ်ထဲရှိ အပင်များသည် ပုံမှန်အတိုင်းပင် ရှိနေပြီး မည်သည့်ပြောင်းလဲမှုမျှ ဖြစ်ပေါ်မနေပေ။
သူသည် မီတာရာချီ ဝင်ရောက်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင် ခွေလျက်ရှိနေသော ဧရာမ မြွေကြီးတစ်ကောင်ကို ရုတ်ချည်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ လူခေါင်းနှင့် မြွေခန္ဓာကိုယ် ရှိသော မြွေမိန်းမပျိုတစ်ကောင်ဖြစ်ပြီး မျက်နှာကျမှာ အလွန်နူးညံ့သိမ်မွေ့ကာ မျက်ဝန်းအစုံကိုမူ မှိတ်ထားသည်။
သူမ၏ ခန္ဓာကိုယ်သည် ထွားကျိုင်းလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်တွင် ခွေလျက်ရှိနေပြီး သစ်ပင်ပေါ်ရှိ နွယ်ပင်များသည် ထိုမြွေမိန်းမပျို၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေကြသည်။
သို့သော်လည်း အမျိုးသမီး၏ မျက်နှာတွင် မည်သည့်နာကျင်မှု အရိပ်အယောင်မျှ မရှိဘဲ ဤမြင်ကွင်းမှာ အလွန်တရာ ငြိမ်းချမ်းလှသည့်နှယ် ရှိနေတော့သည်။
ကိုအရာကို မြင်တွေ့ရချိန်တွင် လီယန်ချူ မျက်ခုံးကြုတ်လိုက်မိပြီး မျက်ဝန်းထဲတွင် ကျင့်စဉ်စွမ်းအားများ ထည့်သွင်းကာ ထိုမြွေမိန်းမပျိုကို ကြည့်ရှုလိုက်သည်။
ရုတ်ချည်းပင်...
ထိုနူးညံ့သိမ်မွေ့သော အမျိုးသမီးသည် မျက်ဝန်းများကို ချက်ချင်း ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် မျက်လုံးများမရှိဘဲ မြွေငယ်နှစ်ကောင် ခွေလျက် ထွက်ပေါ်လာပြီး မတ်တတ်ထရပ်လိုက်ကြတော့သည်။
ထိုမြင်ကွင်းက လူကို ကြက်သီးထသွားစေပြီး သူမသည် လီယန်ချူကို ကြည့်ကာ ဖြဲပြုံး ပြုံးလိုက်ပြီး စူးရှလှသော သွားနှစ်ချောင်းနှင့် တုန်ခါနေသော မြွေလျှာကို ထုတ်ပြလိုက်တော့သည်။
မူလက ငြိမ်းချမ်းနေသော မြွေမိန်းမပျိုသည် ယခုအခါ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ခံစားချက်ကို ပေးစွမ်းနေတော့သည်။
ချက်ချင်းပင် မြွေမိန်းမပျိုသည် ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး လျှပ်စီးပမာ အရှိန်အဟုန်ဖြင့် လီယန်ချူထံသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အမြစ်တွယ်နေသော သွေးစုပ်နွယ်ပင်များသည်လည်း မြွေငယ်များပမာ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာကြသည်။
လီယန်ချူသည် မီးတောက်ကို ချက်ချင်း မှုတ်ထုတ်လိုက်ရာ မီးတောက်သည် ထိုနွယ်ပင်များကို စက္ကန့်ပိုင်းအတွင်း ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်တော့သည်။
ထို့တင်မကသေးဘဲ ထိုမြွေမိန်းမပျိုသည်လည်း မီးတောက်ထဲတွင် ခွေလျက်ရှိနေပြီး စူးရှစွာ အော်ဟစ်လိုက်တော့သည်။
သူမ၏ အသံသည် အလွန်တရာ စူးရှလှသဖြင့် လီယန်ချူ၏ ဦးနှောက်ထဲတွင် မရေမတွက်နိုင်သော လူများ၏ အော်ဟစ်ညည်းတွားသံများကို ချက်ချင်း ကြားလိုက်ရသည်။
အမျိုးသား၊ အမျိုးသမီး၊ လူအို၊ လူငယ်မျိုးစုံ ပါဝင်နေပြီး မျှော်လင့်ချက်မဲ့ကာ နာကျင်ရသော ခံစားချက်များ ပျံ့လွင့်လာတော့သည်။
လီယန်ချူ မျက်ခုံးပင့်လိုက်သည်။
"မိစ္ဆာမျိုးနွယ်လည်း မဟုတ်ဘူး၊ ဒါက ဘာအကောင်လဲ"
မီးတောက်သည် မြွေမိန်းမပျိုကို လျင်မြန်စွာ ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်ပြီး ထိုခွေလျက်ရှိနေသော ရှေးဟောင်းသစ်ပင်ကြီးကိုလည်း လီယန်ချူက တိုက်ရိုက်ပင် ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်တော့သည်။
ကုသိုလ်မှတ် ခြောက်ထောင် ရရှိသည်။
"မဟာတာအိုတရားရဲ့ ခံစားသိရှိမှုပဲ"
လီယန်ချူ၏ အကြည့်သည် ရုတ်ချည်း ထက်မြက်လာပြီး ဤတောအုပ်ကို ထပ်မံကြည့်ရှုလိုက်ရာ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွတ်သွားတော့သည်။
"တစ်ခြားကမ္ဘာမှ မိစ္ဆာမျိုးနွယ်ပဲ"
ထို့နောက်တွင် ဤတောအုပ်ထဲတွင် ဧရာမ မီးတောက်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
တောအုပ်ထဲတွင် မီးလင်းသွားပြီးနောက် လျင်မြန်စွာပင် ငြိမ်းသတ်သွားကာ ထိုဆန်းကြယ်လှသော သတ္တဝါများသည် လီယန်ချူ၏ မီးတောက်အောက်တွင် ပြာအဖြစ်သို့ ပျက်စီးသွားကြရတော့သည်။
ထိုအချိန်တွင်...
အလွန်တရာ ပုံပျက်ပန်းပျက် ဖြစ်နေသော ကိုယ်ခန္ဓာချင်းတွဲနေသည့် လူတစ်ဦးသည် တစ်ဖက်တွင် နူးညံ့သိမ်မွေ့စွာ ပြုံးနေသော ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်နေပြီး အခြားတစ်ဖက်တွင်မူ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
တစ်ဦးက ရွှေရောင်ဆန်းကြယ် တုတ်ကောက်ကို ကိုင်ဆောင်ထားပြီး တစ်ဦးကမူ လူရိုးအလံကို ကိုင်ဆောင်ထားသည်။
အောက်ပိုင်းမှာမူ အရောင်အသွေး စုံလင်လှသော ဧရာမ ပင့်ကူကြီးတစ်ကောင် ဖြစ်ပေသည်။
ယခုကဲ့သို့ ပုံပျက်ပန်းပျက် ဆန်းကြယ်လှသော သတ္တဝါသည် မင်္ဂလာမရှိသော အရှိန်အဝါများကို ထုတ်ဖော်လျက် လီယန်ချူထံသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ထိုရဟန်းဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူဖြစ်စေ မျက်ဝန်းအစုံမှာမူ ဖြူဆွတ်နေကြသည်။
ဝုန်း... ဝုန်း...
ထိုပင့်ကူကြီးသည် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာရာ လီယန်ချူက လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သဖြင့် ပင့်ကူကြီး၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပြိုကွဲပျက်စီးသွားတော့သည်။
ထိုခွဲခွာ၍မရအောင် ပေါင်းစပ်နေသော ရဟန်းနှင့် မိစ္ဆာကျွမ်းကျင်သူတို့၏ အောက်ပိုင်းတွင် သွေးသားနှာမောင်းများ ထွက်ပေါ်လာသည်။
အစောပိုင်းက သူတို့သည် ဤပင့်ကူကြီးထဲတွင် အမြစ်တွယ်နေကြခြင်း ဖြစ်ပေသည်။
လီယန်ချူသည် တည်ငြိမ်သော မျက်နှာထားဖြင့် သုံးပါးကမ္ဘာမီးတောက်ကို ထပ်မံမှုတ်ထုတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုပုံပျက်ပန်းပျက် သတ္တဝါကို ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်တော့သည်။
"ကျိုးရွှမ်းက အဲဒီတုန်းက အလောင်းတစ်ခုကို တွေ့ပြီး ဝိဉာဉ်ညစ်ညမ်းသွားခဲ့လို့ တစ်ခြားကမ္ဘာက မိစ္ဆာမျိုးနွယ်အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်ခဲ့တာဆိုတော့ သေချာပေါက် ဒီတောအုပ်အနီးအနားမှာပဲ ဖြစ်ရမယ်"
လီယန်ချူ စိတ်ထဲမှ ဆင်ခြင်လိုက်သည်။
စကားဆုံးသည်နှင့် သူသည် လေပွေလှိုင်းပမာ အရှိန်အဟုန်ဖြင့် တောအုပ်နက်ရှိုင်းရာဆီသို့ ပြေးဝင်ခဲ့တော့သည်။
လမ်းခရီးတစ်လျှောက်တွင် တွေ့ရှိရသော ပုံပျက်ပန်းပျက် ဆန်းကြယ်လှသော သတ္တဝါများကိုမူ သူသည် လက်သီး၊ ခြေဖဝါးများဖြင့် တိုက်ရိုက်ပင် မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်လိုက်တော့သည်။
မည်မျှပင် အစွမ်းထက်လှသော သတ္တဝါဖြစ်ပါစေ သူ၏ ရှေ့မှောက်တွင်မူ လက်တစ်ချက်ပင် မခုခံနိုင်ကြပေ။
........................
ဝုန်း... ဝုန်း... ဝုန်း...
လူရိပ်နှစ်ခုသည် တစ်ချက်ချင်း တိုက်ခိုက်ပြီးနောက် လျင်မြန်စွာပင် နောက်သို့ ဆုတ်ခွာသွားကြသည်။
မျက်ခုံးနီ အရွယ်ငယ် အမျိုးသားတစ်ဦး၏ လက်ဖဝါးနှစ်ဖက်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး ရွှေနဂါးနှစ်ကောင်အသွင် ပြောင်းလဲကာ ရှေ့ရှိ လူရိပ်ထံသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ထိုလူရိပ်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်ဝန်းအစုံမှာ ဖြူဆွတ်နေကာ ခြေ၊ လက်များမရှိဘဲ ရဲရဲနီနေသော သွေးသားနှာမောင်းများသာ ရှိနေတော့သည်။
အမျိုးသမီးသည် သွေးသားနှာမောင်းနှစ်ဖက်ကို ရမ်းလိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် ရွှေနဂါးနှစ်ကောင်ကို ရိုက်ခွဲပစ်လိုက်တော့သည်။
မြေပြင်သည် ရုတ်ချည်း ပြိုကွဲပျက်စီးသွားပြီး ဖုန်မှုန့်များ ပျံ့လွင့်သွားကာ သူမသည် ထိုမျက်ခုံးနီ အမျိုးသားထံသို့ တိုက်ရိုက်ပင် တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
မျက်ခုံးနီ အမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထို့နောက်တွင် သူသည် လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လက်ဖဝါးအလယ်တွင် တောက်ပလှသော မီးမွှေးဖိုတစ်ခု ထွက်ပေါ်လာပြီး ၎င်းမီးမွှေးဖိုဘေးတွင် ဆန်းကြယ်သော အစီအရင်စာလုံးများ ပြည့်နှက်နေကာ ထူးဆန်းသော စွမ်းအားများ ကိန်းအောင်းနေတော့သည်။
သူ၏ လက်ဖဝါးရိုက်ချက်ကြောင့် အမျိုးသမီးသည် ချက်ချင်းပင် လွင့်ပျံသွားတော့သည်။
ဝုန်းကနဲ ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများအားလုံး ပျက်စီးသွားပြီး မိုင်အတော်ကြာ ဝေးကွာသော နေရာအထိ သန့်ရှင်းသွားတော့သည်။
ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အရှိန်အဝါများ ရှိနေသည့် အမျိုးသမီးသည် ယခုကဲ့သို့ ပြင်းထန်လှသော စွမ်းအားများအောက်တွင် သေဆုံးသွားခြင်းမရှိပေ။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မည်းနက်နေသော အမာရွတ်များ ရှိနေသော်လည်း အရှိန်အဝါမှာမူ အားကောင်းနေဆဲပင်။
သူမ၏ လက်မောင်းပေါ်ရှိ နှာမောင်းနှစ်ဖက်သည် ရုတ်ချည်း ရှည်လျားလာပြီး ထိုမျက်ခုံးနီ အမျိုးသားကို ပတ်ချာလည် ဝိုင်းချုပ်လိုက်တော့သည်။
မျက်ခုံးနီ အမျိုးသား မျက်ခုံးကျုတ်လိုက်မိပြီး လက်ဖဝါးဘေးတွင် ထက်မြက်လှသော ဓားအလင်းတန်းများ ထွက်ပေါ်လာကာ တောက်ပလှပေသည်။
ဒုန်း... ဒုန်း... ဒုန်း...
လက်ဖဝါးနှစ်ဖက်ဖြင့် ထိုနှာမောင်းကို ဖြတ်တောက်ပစ်သော်လည်း နှာမောင်းမှာ ပြတ်တောက်သွားခြင်းမရှိဘဲ လက်ဖဝါးနှစ်ဖက်သည်သာ အလွန်တရာ ပူပြင်းလာကာ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
မျက်ခုံးနီ အမျိုးသားသည် လေးနက်သော မျက်နှာထားဖြင့် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ နက်ရှိုင်းရာဆီသို့ ပြေးထွက်ခဲ့တော့သည်။
သို့သော်လည်း ဤအမျိုးသမီး၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသဖြင့် သူ၏ ရှေ့တွင် တိုက်ရိုက် ပိတ်ဆို့လိုက်ပြီး သူ့ကို အတင်းအဓမ္မ ဖက်တွဲလိုက်တော့သည်။
ရှူး... ရှူး... ရှူး... ရှူး... ရှူး...
မျက်ခုံးနီ အမျိုးသား၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်မီးခိုးများနှင့် စူးရှသော အသံများ ထွက်ပေါ်လာတော့သည်။
အမျိုးသမီးသည် နာကျင်သွားဟန်ဖြင့် လက်မောင်းကို လွှတ်လိုက်တော့သည်။
မျက်ခုံးနီ အမျိုးသားသည် အခွင့်အရေးကို အသုံးပြု၍ နောက်သို့ ဆုတ်ခွာလိုက်ရာ လက်ထဲတွင် ရဲရဲနီနေသော အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းမှာ ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်ဘဲ အစောပိုင်းက အလွန်တရာ ပူပြင်းလာသဖြင့် ထိုဆန်းကြယ်သော အမျိုးသမီးကို ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အမျိုးသား ထွက်ခွာသွားပြီးနောက် ထိုဆန်းကြယ်သော အမျိုးသမီးသည် တောအုပ်ထဲတွင် ဆက်လက်၍ လှည့်လည်နေတော့သည်။
အချိန်အတော်ကြာပြီးနောက် ခန့်ညားထည်ဝါလှသော တာအိုဆရာငယ်တစ်ဦးသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
လီယန်ချူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်ရာ ကွင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရပြီး ဤနေရာတွင် အားကောင်းလှသော မီးဒြပ်စင်ကျင့်စဉ်များ၏ အရှိန်အဝါများ ကျန်ရှိနေသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။
"တစ်စုံတစ်ယောက်က ဒီနေရာမှာ တိုက်ခိုက်ခဲ့တာပဲ"
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူရိပ်မည်းတစ်ခုသည် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာတော့သည်။
၎င်းမှာ ခြေ၊ လက်များအားလုံး နှာမောင်းအသွင် ပြောင်းလဲနေသော ဆန်းကြယ်သည့် အမျိုးသမီးပင် ဖြစ်ပေသည်။
အမျိုးသမီးသည် ဖြဲပြုံး ပြုံးလိုက်ပြီး စူးရှလှသော သွားများဖြင့် လီယန်ချူထံသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ဤအမျိုးသမီးသည် လီယန်ချူအနီးသို့ ရောက်ရှိလာချိန်တွင် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသည့်နှယ် မည်သည့်အသံမျှ မရှိပေ။
လီယန်ချူသည် တည်ငြိမ်သော မျက်နှာထားဖြင့် မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဝုန်း...
သူသည် လက်သီးတစ်ချက်ကို ပြင်းထန်စွာ တွန်းထုတ်လိုက်ရာ လက်သီးတစ်ချက်တည်းဖြင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်လိုက်တော့သည်။
ထိုသွေးသားနှာမောင်းများသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဘာမျှမရှိတော့ပေ။
မျက်ဝန်းဖြူဆွတ်နေသော ဆန်းကြယ်သည့် အမျိုးသမီးသည် အနည်းငယ် ကြောက်လန့်သွားဟန်ဖြင့် နေရာတွင် တစ်ချက်ကြောင်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ သွေးသားများသည် ရူးသွပ်စွာ လှုပ်ရှားလာကာ နှာမောင်းနှစ်ဖက် ပြန်လည်ပေါက်ဖွားရန် ပြင်ဆင်နေတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်သို့ ထွက်ပြေးရန် ပြင်လိုက်သည်။
"ပြေးချင်တာလား"
လီယန်ချူ အေးစက်စွာ ပြုံးလိုက်မိပြီး ဤတစ်ခြားကမ္ဘာမှ မိစ္ဆာမျိုးနွယ်သည် သူယခင်က တွေ့ခဲ့ရသော အကောင်များထက် များစွာ အစွမ်းထက်လှသဖြင့် သေချာပေါက် အမိဖမ်းရမည် ဖြစ်ပေသည်။
စကားဆုံးသည်နှင့် သူသည် လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကောင်းကင်ယံမှ ဧရာမ လက်ဝါးကြီးတစ်ခု ကျရောက်လာတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုတစ်ခြားကမ္ဘာမှ မိစ္ဆာမျိုးနွယ်ကို သွေးညှော်အဖြစ်သို့ ရိုက်ခြေပစ်လိုက်တော့သည်။
ပြင်းထန်လှသော စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်ကို တရွေ့ရွေ့ ပျက်စီးစေပြီး နောက်ဆုံးတွင် ထိုလက်ဝါးအောက်တွင် လုံးဝကွယ်ပျောက်သွားတော့သည်။
ကုသိုလ်မှတ် တစ်သိန်း ရရှိသည်။
လီယန်ချူ၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွတ်သွားပြီး နောက်ဆုံးတွင် အစွမ်းထက်လှသော တစ်ခြားကမ္ဘာမှ မိစ္ဆာမျိုးနွယ်တစ်ကောင်ကို တွေ့ရှိခဲ့ရပြီ ဖြစ်ပေသည်။
ဤတောအုပ်သည် အခြားလူများအတွက် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ပုံပျက်ပန်းပျက် သတ္တဝါများ ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သော်လည်း လီယန်ချူအတွက်မူ ရတနာသိုက်တစ်ခုပင် ဖြစ်တော့သည်။
"ဒီနေရာကို ရောက်ရင် ကုသိုလ်မှတ်တွေ မရတော့ဘူးလို့ ထင်ထားတာ၊ အခုကြည့်ရတာ ကောင်းကင်ဘုံက ငါ့အပေါ်ကို တကယ်ပဲ မျက်နှာသာပေးတာပဲ"
လီယန်ချူ ပြုံးလိုက်ပြီး ကိုယ်ဖော့အတတ်ကို အသုံးပြု၍ ထွက်ခွာခဲ့တော့သည်။
လမ်းခရီးတစ်လျှောက်တွင် သူသည် အရာအားလုံးကို ကြိတ်ခြေပစ်ခဲ့ပြီး နောက်ဆုံးတွင် တောအုပ်၏ နက်ရှိုင်းရာဆီသို့ ရောက်ရှိလာခဲ့သည်။
တောအုပ်နက်ရှိုင်းရာတွင် ငါးမီတာ၊ ခြောက်မီတာခန့် မြင့်မားလှသော အလောင်းတစ်ခု လဲလျောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းပမာ ဖြူဆွတ်နေကာ ဆန်းကြယ်သော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေတော့သည်။
လီယန်ချူ အနီးသို့ ရောက်ရှိသွားချိန်တွင် ဦးနှောက်ထဲ၌ ရှုပ်ထွေးလှသော အသံများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
၎င်းမှာ မရေမတွက်နိုင်သော လူများ၏ တရားဓမ္မ သီဆိုသံများပမာ ရှိသလို၊ ဆုတောင်းသံမျိုးစုံပမာလည်း ရှိသဖြင့် အလွန်တရာ ရှုပ်ထွေးလှပေသည်။
ထို့အပြင် ရှေ့ရှိ သစ်ပင်များသည်လည်း ပုံပျက်ပန်းပျက် ပြောင်းလဲလာကြတော့သည်။
၎င်းမှာ ဝိဉာဉ်ကို ညစ်ညမ်းစေနိုင်သော စွမ်းအားတစ်ခု ဖြစ်ပေသည်။
"ကျိုးရွှမ်း တွေ့ခဲ့တာက ဒီအလောင်းပဲ ဖြစ်ရမယ်"
လီယန်ချူ အကြည့်တစ်ချက် ဝေ့ဝဲလိုက်ရာ မျက်ခုံးနီ အမျိုးသားငယ်တစ်ဦးသည် နီရဲနေသော အမိန့်ပေးတံဆိပ်ပြားကို ကိုင်ဆောင်လျက် အသည်းအသန် ခုခံတွန်းလှန်နေသည်ကို တွေ့ရှိလိုက်ရပြီး သူ၏ မျက်နှာထားမှာ တစ်ခါတစ်ရံ ပုံမှန်ဖြစ်နေပြီး တစ်ခါတစ်ရံတွင်မူ ပုံပျက်ပန်းပျက် ဖြစ်နေကာ အလွန်တရာ နာကျင်နေတော့သည်။
"သူပဲ"
လီယန်ချူ သဘောပေါက်သွားပြီး ယခင်က မာန်ဟွန်းကမ္ဘာကြီးထဲတွင် ဤမျက်ခုံးနီ အမျိုးသားနှင့် ဆုံတွေ့ခဲ့ဖူးသည်ကို သတိရလိုက်သည်။
ထိုစဉ်က ဤမျက်ခုံးနီ အမျိုးသားသည် မီးတောက်ဘီလူးကြီးနှင့် တိုက်ခိုက်နေခဲ့ပြီး နောက်ဆုံးတွင် အောက်ခြေရှိ ရတနာများကို မိမိက အကုန်လုံး သိမ်းဆည်းခဲ့ခြင်း ဖြစ်ပေသည်။
လီယန်ချူသည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းကာ ဤအလောင်းထံသို့ ခြေလှမ်းလှမ်းသွားခဲ့သည်။
ရှေ့သို့ တိုးဝင်လေလေ ဉီးနှောက်ထဲရှိ ရှုပ်ထွေးလှသော အသံများမှာ ပိုမိုများပြားလာလေ ဖြစ်ပေသည်။
လီယန်ချူသည် စိတ်ကြည်လက်သော ကျောက်စိမ်းပြားကို လှုံ့ဆော်လိုက်ရာ ဆန်းကြယ်သော အလင်းတန်းများသည် ဝိဉာဉ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ထိုရှုပ်ထွေးလှသော အသံများကို ဖြတ်တောက်ပစ်လိုက်တော့သည်။
သူသည် အလောင်း၏ ရှေ့သို့ ရောက်ရှိသွားသည်။
ဤအလောင်းပေါ်ရှိ အရှိန်အဝါများသည် တောင်နှင့် သမုဒ္ဒရာပမာ အလွန်တရာ ပြင်းထန်လှပြီး အပြင်ဘက်သို့ အဆက်မပြတ် ထွက်ပေါ်နေကာ ၎င်းမှာ ဝိဉာဉ်ကို ညစ်ညမ်းစေသော စွမ်းအားတစ်ခု ဖြစ်ပေသည်။
လီယန်ချူ၏ ဝိဉာဉ်ထဲရှိ ခရမ်းရွှေရောင် အရှိန်အဝါများနှင့် မီးနတ်ဘုရား အစီအရင်စာလုံးများသည် ချက်ချင်းပင် တောက်ပလာပြီး ယခုကဲ့သို့သော ခြိမ်းခြောက်မှုကို ခံစားသိရှိလိုက်ကြသည်။
သို့သော်လည်း သူ သေချာစွာ မစစ်ဆေးရသေးမီမှာပင် ပတ်ဝန်းကျင်၌ ပြင်းထန်လှသော လေပြင်းလှိုင်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦးသည် ပုံရိပ်ထွက်ပေါ်လာပြီး သူ၏ မျက်ဝန်းအစုံမှာ တည်ကြည်လေးနက်လှကာ ခန့်ညားထည်ဝါလှပေသည်။
ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများသည်လည်း အလွန်တရာ ကြီးမားလှပြီး ထိုနေရာတွင် ရပ်နေရုံမျှဖြင့် မည်သူမျှ စိုက်မကြည့်ရဲသော ဖိအားများကို ထုတ်ဖော်နေတော့သည်။
၎င်းမှာ ရှေးယခင်က ဆန်းကြယ်လှသော တာအိုကျောင်းတော်ဟောင်းထဲတွင် တန်ခိုးစွမ်းအားများကို ထုတ်ဖော်ခဲ့သည့် နတ်ဘုရား ဖြစ်ပေသည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် လေးနက်သော မျက်နှာထားဖြင့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဘုရားရဲ့ အလောင်းကို မစော်ကားနဲ့၊ ဆုတ်ခွာသွားစမ်း"
သူ၏ လေသံမှာ အလွန်အေးဆေးလှသော်လည်း ငြင်းဆန်၍မရသော၊ သံသယဝင်၍မရသော ဖိအားမျိုးကို ပေးစွမ်းနေတော့သည်။
ရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့် လီယန်ချူသည် မိမိထံသို့ ကြီးမားလှသော ဖိအားများ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် ထုထည်ကြီးမားလှသော နတ်ဘုရားတောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသည့်နှယ် ရှိနေပြီး ကမ္ဘာမြေကြီးတစ်ခုလုံးက သူ့ကို ဖိနှိပ်နေသည့်နှယ် ရှိနေတော့သည်။
မျက်ခုံးနီ အမျိုးသားသည် မျက်နှာပျက်သွားပြီး သွေးတစ်ချက် အန်လိုက်ရကာ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများပင် ဂျွတ်ကနဲ မြည်ဟီးသွားတော့သည်။
သို့သော်လည်း သူ၏ မျက်ခုံးကြားတွင်မူ မာနတရားများ ရှိနေသဖြင့် နောက်သို့ ဆုတ်ခွာခြင်း မပြုပေ။
ဝတ်စုံနက်ဝတ် အမျိုးသား၏ အကြည့်သည် အေးစက်သွားပြီး ပါးစပ်မှ ဆန်းကြယ်သော အစီအရင်စာလုံးတစ်ခုကို ရွတ်ဆိုလိုက်သည်။
၎င်းမှာ အလွန်တရာ ရှုပ်ထွေးလှသော အသံတစ်ခုဖြစ်ပြီး လူသား၏ အသံဖြင့်ပင် ထုတ်ဖော်၍ မရနိုင်ပုံရသည်။
သို့သော်လည်း စကားဆုံးသည်နှင့် မျက်ခုံးနီ အမျိုးသား၏ ခန္ဓာကိုယ်သည် ရုတ်ချည်း ပြိုကွဲပျက်စီးသွားတော့သည်။
ထိုရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်သော အမိန့်ပေးတံဆိပ်ပြားသည် သူ၏ ဝိဉာဉ်ကို ကာကွယ်ထားပြီး ဤအမျိုးသားငယ်၏ မျက်ဝန်းထဲတွင်မူ ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သူသည် တစ်ခြားကမ္ဘာမှ ဧရာမ ဂိုဏ်းကြီးတစ်ခု၏ ပါရမီရှင်တစ်ဦးဖြစ်ရာ ဤနေရာတွင် ယခုကဲ့သို့သော သတ်ဖြတ်ခြင်း ဘေးဒုက္ခနှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ဤနေရာရှိ မင်္ဂလာမရှိသော အရှိန်အဝါများကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
အစောပိုင်းက ရှေးဟောင်းအသံကို နှိုးဆော်ပြီးနောက် ဤနတ်ဘုရားအလောင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုမျက်ခုံးနီ အမျိုးသား၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ရိုက်ခြေပစ်ခဲ့ခြင်း ဖြစ်ပေသည်။
မျက်ခုံးနီ အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက ထိုက်ရွှေနတ်ဘုရားဂိုဏ်းက လူပဲ၊ မင်း ငါ့ကို သတ်ရဲရင် သေချာပေါက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"
ဝတ်စုံနက်ဝတ် အမျိုးသား၏ အကြည့်သည် အေးစက်နေဆဲပင်။
"လူသားတွေရဲ့ ဂိုဏ်းတစ်ခုပဲ၊ ပြောပလောက်စရာ မရှိဘူး"
သူသည် ထပ်မံ၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
မျက်ခုံးနီ အမျိုးသား အလွန်တရာ ဒေါသထွက်သွားသည်။
"ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးက နတ်ဘုရားလောက ဆီကို တက်လှမ်းသွားခဲ့ပြီးပြီ၊ မင်း ငါ့ကို သတ်ရဲရင် ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံရမှာပဲ"
စကားဆုံးသည်နှင့် ထိုရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်သော အမိန့်ပေးတံဆိပ်ပြားပေါ်မှ အားကောင်းလှသော အရှိန်အဝါတစ်ခု ကျရောက်လာတော့သည်။
သူ၏ နောက်ကွယ်တွင် ဝေဝါးလှသော လူရိပ်တစ်ခု ထွက်ပေါ်လာပြီး မျက်နှာကိုမူ သေချာမမြင်ရပေ။
ဝတ်စုံနက်ဝတ် အမျိုးသား မျက်ခုံးပင့်လိုက်သည်။
"မူလက အမွေအနှစ်ရှိတဲ့ ဂိုဏ်းတစ်ခုပဲ"
သူသည် ယွမ်မုန့်ကျောက်ထဲတွင် ဤနတ်ဘုရားအလောင်းကို တွေ့ရှိခဲ့ရသဖြင့် အလွန်တရာ ဝမ်းမြောက်နေမိသည်။
လက်ရှိတွင် ခန္ဓာကိုယ်ကို လွတ်လပ်စွာ လဲလှယ်၍ မရသေးသော်လည်း ဤနတ်ဘုရားအလောင်းကို ပြန်လည်ယူဆောင်သွားနိုင်ပါက ဆန်းကြယ်သော ရတနာဆေးဝါးအဖြစ်သို့ သန့်စင်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် သူ၏ ကျင့်စဉ်အဆင့်သည် များစွာ တက်လှမ်းသွားမည်ဖြစ်ပြီး နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရှိလာမည် ဖြစ်ပေသည်။
ယခုအခါ သူသည် အလွန်တရာ စိတ်ကျေနပ်နေသဖြင့် ဤနေရာရှိ လူသားကျင့်ကြံသူများကို မျက်စိထဲပင် မထည့်တော့ပေ။
မျက်ခုံးနီ အမျိုးသား၏ နောက်ကွယ်ရှိ နတ်ဘုရားပုံရိပ်သည် မျက်နှာကို သေချာမမြင်ရသော်လည်း ထိုဝတ်စုံနက်ဝတ် အမျိုးသားကို သေချာစွာ စိုက်ကြည့်လိုက်ပြီးနောက် မျက်ခုံးနီ အမျိုးသားကို ဆွဲယူကာ အဝေးသို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
နတ်ဘုရားလောက သည် နတ်ဘုရားအဆင့်အတန်းထက် မနိမ့်ကျသော်လည်း ကောင်းကင်လူသားမျိုးနွယ်များသည် နတ်ဘုရားလောက အတွက် အလုပ်လုပ်ပေးနေကြခြင်း ဖြစ်သဖြင့် နောက်ကွယ်ရှိ ဆက်ဆံရေးမှာ အလွန်တရာ အားကောင်းလှပြီး တရားဝင်အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
သာမန်နတ်ဘုရားများသည် သူတို့ကို မဆော်ကားချင်ကြသလို၊ ဆော်ကားရဲခြင်းလည်း မရှိကြပေ။
ဝတ်စုံနက်ဝတ် အမျိုးသားသည်လည်း ထို့ကြောင့်ပင် လူသားကမ္ဘာတွင် အမွေအနှစ်ရှိသော ဂိုဏ်းကြီးအချို့အပေါ် မာနတရားများ ရှိနေခြင်းမရှိပေ။
သူသည် ခေါင်းလှည့်၍ ထိုတာအိုဆရာငယ်ကို တစ်ချက်ကြည့်လိုက်ရာ အနည်းငယ် ဆန်းကြယ်နေဟန်ဖြင့် မေးလိုက်သည်။
"ခန္ဓာကိုယ်ပေါ်က ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာပဲ၊ မင်းက ဘယ်သူလဲ"
ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
ယွမ်မုန့်ကျောက်၏ နက်ရှိုင်းရာတွင် နတ်ဘုရားအလောင်းကို ရှာဖွေတွေ့ရှိနိုင်သူများသည် အများအားဖြင့် ကံတရားအင်အားကြီးမားသူများ ဖြစ်ကြပေသည်။
အစောပိုင်းက သူသည် အလွန်တရာ စိတ်ကြီးဝင်နေသဖြင့် လက်တစ်ချက်တည်းဖြင့် ဂိုဏ်းကြီး၏ ပါရမီရှင်ကို ရိုက်ခြေပစ်ခဲ့သည်။
ယခုအခါ လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကို စစ်ဆေး၍မရသည်ကို မြင်တွေ့ရချိန်တွင်မူ သူ၏ စကားလုံးများသည် အနည်းငယ် သတိကြီးသွားတော့သည်။
လီယန်ချူ အေးစက်စွာ ပြုံးလိုက်မိသည်။
ဤနတ်ဘုရားသည် အလွန်တရာ မာနကြီးလှပုံရသော်လည်း လက်တွေ့တွင်မူ စိတ်ကူးစိတ်သန်းမျိုးစုံ ရှိနေသဖြင့် အမှန်ပင် ပျင်းစရာကောင်းလှပေသည်။
"နတ်ဘုရားဖြစ်ရင်လည်း နောက်ခံတွေ၊ စည်းမျဉ်းတွေကို ပြောနေရဦးမှာလား"
လီယန်ချူ၏ စိတ်ထဲတွင် ဤအတွေး ထွက်ပေါ်လာသဖြင့် အနည်းငယ် ရယ်ချင်သွားတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် အရှိန်အဝါ အားကောင်းလှပြီး ဆန်းကြယ်လှရာ လီယန်ချူက သူ့ကို ပြန်မပြောဘဲ အေးစက်စွာ ပြုံးနေသည်ကို မြင်တွေ့ရချိန်တွင် မျက်ခုံးကြုတ်လိုက်မိသည်။
"ငါ မင်းကို မေးနေတယ်၊ မင်းက ဘယ်သူလဲ"
ယခင်က လီယန်ချူသည် သူနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း တစ်ကြိမ်တွင် လူဘု၏ အဆင့်အတန်းကို အသုံးပြုခဲ့ပြီး တစ်ကြိမ်တွင်မူ ချောင်ချောင်၏ အဆင့်အတန်းကို အသုံးပြုခဲ့သဖြင့် နှစ်ကြိမ်စလုံးတွင် မူလခန္ဓာကိုယ်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ဤနတ်ဘုရားသည် သူ့ကို မမှတ်မိခြင်း ဖြစ်ပေသည်။
လီယန်ချူသည် နတ်ဘုရားကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ကျုပ်က ဝမ်ချွမ်ပါရမီရှင် ပါ ယင်ကျိုးက လာတာ"
သူသည် အဆင့်အတန်းတစ်ခုကို လျှောက်ပြောလိုက်ခြင်း ဖြစ်ပေသည်။
ဤနတ်ဘုရားသည် သေချာပေါက် ယင်ကျိုးနတ်ဘုရားကျွန်းကို သိရှိထားသဖြင့် လီယန်ချူကို ထပ်မံ၍ မနှိပ်စက်တော့ဘဲ မျက်ခုံးကိုသာ မသိမသာ ကြုတ်လိုက်မိသည်။
"ဝမ်ချွမ်ပါရမီရှင် ဟုတ်လား... ဒီနာမည်က အနည်းငယ် မာနကြီးလွန်းမနေဘူးလား"
ဝတ်စုံနက်ဝတ် အမျိုးသား၏ စိတ်ထဲတွင် ဤအတွေး ထွက်ပေါ်လာသော်လည်း ရန်သူများကို ထပ်မံ၍ မဖန်တီးတော့ပေ။
သူ၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်မှုများ ထွက်ပေါ်လာပြီး ဤနတ်ဘုရားအလောင်းကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီအလောင်းက ငါနဲ့ ရေစက်ရှိတယ် ၊ မင်း ဆုတ်ခွာသွားစမ်း၊ ဒါက မင်းတို့လို သာမန်လူသားတွေ စော်ကားလို့ရတဲ့အရာ မဟုတ်ဘူး"
သို့သော်လည်း လီယန်ချူ၏ ခန္ဓာကိုယ်မှာမူ မလှုပ်မယှက် ရှိနေဆဲပင်။
ဤနတ်ဘုရားသည် တန်ခိုးစွမ်းအားများကို ထုတ်ဖော်၍ ထိုအလောင်းကို ယူဆောင်ရန် ပြင်ဆင်လိုက်သော်လည်း လီယန်ချူ၏ အမူအရာကို မြင်တွေ့ရချိန်တွင်မူ မျက်ခုံးကြုတ်သွားတော့သည်။
"ငါ ပြောတာကို မင်းမကြားဘူးလား"
ယခုအခါ သူ၏ စိတ်ထဲတွင် စိတ်ရှည်မှုများ မရှိတော့ဘဲ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
လီယန်ချူသည် မျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့်လိုက်ပြီး ရုတ်ချည်း ပြုံးလိုက်သည်။
"ကျုပ်က မင်းကို မျက်နှာသာပေးလွန်းနေတာလား"
ဝတ်စုံနက်ဝတ် အမျိုးသား "........................"
နောက်တစ်စက္ကန့်တွင် လီယန်ချူသည် တိုက်ရိုက်ပင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
ရုတ်ချည်းပင် သွေးချီစွမ်းအင်များသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်လျက် လျှပ်စီးပမာ အရှိန်အဟုန်ဖြင့် တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား၏ အကြည့်သည် အေးစက်သွားပြီး လက်ကိုမြှောက်၍ ခုခံလိုက်တော့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများသည် အလွန်တရာ ပြင်းထန်ပြီး မာကျောလှသည်ကို သူ ရှာဖွေတွေ့ရှိလိုက်ရသည်။
ဝုန်း...
၎င်းတို့နှစ်ဦးကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးကြီးများသည် အပြင်ဘက်သို့ ဖြာထွက်သွားပြီး မိုင်ပေါင်းဆယ်ချီ ဝေးကွာသော နေရာအထိ ချက်ချင်း ပျံ့လွင့်သွားတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် လီယန်ချူ၏ တိုက်ခိုက်မှုကြောင့် ပေပေါင်းထောင်ချီ နောက်သို့ ဆုတ်ခွာသွားရပြီး ကောင်းကင်ယံတွင် ရပ်တန့်လိုက်ရသည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဤယွမ်မုန့်ကျောက်ထဲသို့ ရောက်ရှိလာချိန်တွင် ဤတစ်ကြိမ်၌ သူသည် ကြီးမားလှသော စွမ်းအားများကို သယ်ဆောင်လာခဲ့သဖြင့် မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
ယခင်က ကြာပန်းဖြူမယ်တော်သည် ကျင့်စဉ်အဆင့် ပြန်လည်မကောင်းမွန်သေးဘဲ ဆန်းကြယ်လှသော တာအိုကျောင်းတော်ဟောင်းထဲရှိ တားမြစ်ချက် စွမ်းအားမျိုးစုံကို အသုံးပြုခဲ့သော်လည်း သူ့ကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပေ။
ဆန်းကြယ်သော ရတနာကျမ်းစာကို အသုံးပြုခဲ့သော်လည်း သူမသည် သူ၏ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ရုံမျှသာ ရှိခဲ့သည်။
ထိုမျက်ခုံးနီ အမျိုးသားသည် တစ်ခြားကမ္ဘာမှ ဂိုဏ်းကြီး၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ကျင့်စဉ်အဆင့် အားကောင်းလှကာ လက်ထဲတွင် နတ်ဘုရား ပေးသနားထားသော အမိန့်ပေးတံဆိပ်ပြား ရှိနေသော်လည်း မိမိက စက္ကန့်ပိုင်းအတွင်းမှာပင် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကို သတ်ချင်ပါကလည်း စွမ်းအားအနည်းငယ်သာ စိုက်ထုတ်ရန် လိုအပ်ပေသည်။
သို့သော်လည်း ယခုအခါ ဤနေရာတွင် တာအိုဆရာငယ်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရပြီး တိုက်ခိုက်မှုတစ်ခုတည်းဖြင့် မိမိကို ပေပေါင်းထောင်ချီ နောက်သို့ ဆုတ်ခွာသွားစေခဲ့ရာ ဝတ်စုံနက်ဝတ် အမျိုးသား မည်သို့လျှင် အံ့ဩခြင်းမရှိဘဲ နေနိုင်ပါမည်နည်း။
နောက်တစ်စက္ကန့်တွင် သူ၏ လက်ဖဝါးနှစ်ဖက် လှန်လိုက်ရာ ကောင်းကင်ယံမှ ရွှေရောင်လက်ဝါးကြီးနှစ်ခု ကျရောက်လာပြီး အလွန်တရာ တောက်ပလှကာ မိုးကြိုးနှင့် မီးတောက်အရှိန်အဝါများ ကိန်းအောင်းနေတော့သည်။
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော လျှော်ဖြူပင် ခန္ဓာကိုယ်ထဲတွင် မိုးကြိုးကျင့်စဉ်တစ်ခု ကိန်းအောင်းနေသဖြင့် သူသည် မိုးကြိုးစွမ်းအားများကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေသည်။
"ဘာမှမသိတဲ့ ကောင်စုတ်၊ ငါ့ကို တိုက်ခိုက်ရဲတယ်လား"
ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန့်ညားလှသော အသံသည် ကောင်းကင်စွန်းမှ ထွက်ပေါ်လာပြီး လျှပ်စီးမိုးကြိုးပမာ ဟိန်းဟောက်နေတော့သည်။
"လက်ထဲတွင် ရွှေကျာ်းကို ကိုင်ဆောင်၍ ကမ္ဘာမြေကို လှည့်လည်သည်၊ ခန္ဓာကိုယ်တွင် ရွှေချပ်ဝတ်ကို ဝတ်ဆင်၍ အစွမ်းပြသည်"
"လင်းကွမ်နတ်ဘုရား ပင့်ဖိတ်ခြင်း အဆောင် ... ဖွင့်စမ်း"
လီယန်ချူ၏ စကားဆုံးသည်နှင့် မျက်ဝန်းအစုံမှ ခရမ်းရွှေရောင် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
နောက်တစ်စက္ကန့်တွင် တောက်ပလှသော ရွှေရောင်အလင်းတန်းထဲမှ ရွှေချပ်ဝတ်ဆင်ထားသော နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတော့သည်။
လက်ထဲတွင် ရွှေတုတ်ကို ကိုင်ဆောင်ထားပြီး အရှိန်အဝါမှာ အလွန်တရာ ကြီးမားလှကာ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ကျရောက်လာသည့်နှယ် ရှိနေတော့သည်။
နတ်ဘုရား ထုတ်ဖော်လိုက်သော တန်ခိုးစွမ်းအားသည် ထိုရွှေချပ်ဝတ်နတ်ဘုရား၏ ရိုက်ခတ်မှုကြောင့် ချက်ချင်းပင် ပြိုကွဲပျက်စီးသွားတော့သည်။
တန်ခိုးစွမ်းအား ပျက်စီးသွားသဖြင့် ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားရသည်။
"ဝမ်လင်းကွမ် ဟုတ်လား"
သူသည် ဤသန့်စင်လှသော နတ်ဘုရားအရှိန်အဝါကို ခံစားလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။
နောက်တစ်စက္ကန့်တွင် ထိုရွှေချပ်ဝတ်နတ်ဘုရားသည် ခြေလှမ်းကြီးများဖြင့် ပြေးဝင်လာပြီး လက်ထဲရှိ ရွှေတုတ်ကို ရမ်းလိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ခဏချင်းအတွင်းမှာပင် မြေပြင်များ တုန်ခါသွားပြီး တောင်နှင့် မြစ်များ ပြိုကွဲပျက်စီးသွားတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ကြောက်မက်ဖွယ်ကောင်းသော အသံကြီး ထွက်ပေါ်လာပြီး ဝတ်စုံနက်ဝတ် အမျိုးသား နှိုးဆော်လိုက်သော တန်ခိုးစွမ်းအားမျိုးစုံသည် ဤရွှေတုတ်အောက်တွင် မှုန့်မှုန့်ညက်ညက် ကြိတ်ခြေခြင်း ခံလိုက်ရတော့သည်။
ထို့အပြင် ထိုရွှေချပ်ဝတ်နတ်ဘုရား၏ လက်သီးတစ်ချက်သည် သူ၏ နဖူးထံသို့ တိုက်ရိုက်ပင် ကျရောက်လာပြီး တိုက်ခိုက်မှုများသည် လေပြင်းမုန်တိုင်းပမာ အလွန်တရာ မြန်ဆန်လှသဖြင့် ရှောင်လွှဲ၍ပင် မရနိုင်တော့ပေ။
ဝုန်း...
ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားပြီး တောင်ထိပ်တစ်ခုကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
သူသည် ဤယွမ်မုန့်ကျောက်ထဲသို့ ရောက်ရှိလာကတည်းက ပထမဆုံးအကြိမ်အဖြစ် ရိုက်ထုတ်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။
နောက်တစ်စက္ကန့်တွင် သူ၏ ပုံရိပ်သည် ပျက်စီးနေသော တောင်ထိပ်ထဲမှ ပြန်လည်ထွက်ပေါ်လာသည်။
လက်ကို အသာအယာ ရမ်းလိုက်ရာ လက်ဖဝါးအလယ်မှ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ပေပေါင်းရာချီ မြင့်မားကာ ထိုရွှေချပ်ဝတ်နတ်ဘုရားထံသို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ဤလေဆင်နှာမောင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းလှိုင်းများ ကိန်းအောင်းနေသဖြင့် ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်နိုင်ရုံမျှမက ဝိညာဉ်ကိုပါ မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်နိုင်စွမ်း ရှိပေသည်။
လီယန်ချူသည် ယခုအခါ ဝမ်လင်းကွမ်နတ်ဘုရား၏ စွမ်းအားကို ပင့်ဖိတ်ထားပြီး ထိုက်ျိီကျင့်စဉ်ကို တတ်ကျွမ်းပြီးနောက် နတ်ဘုရားပင့်ဖိတ်ခြင်းအတတ်ဖြင့် ဝမ်လင်းကွမ်နတ်ဘုရား၏ စွမ်းပကားကို ထပ်မံဖြည့်စွက်ထားသဖြင့် သူ၏ စွမ်းအားသည် ယခင်ကထက် များစွာ အားကောင်းလှပေသည်။
ဆန်းကြယ်လှသော ဟင်းလင်းပြင်ထဲမှ သန့်စင်လှသော နတ်ဘုရားစွမ်းအားများ အဆက်မပြတ် ကျရောက်လာတော့သည်။
လက်ထဲရှိ ရွှေတုတ်ကို ရမ်းလိုက်ရာ ထိုလေဆင်နှာမောင်းကြီးကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်ပြီး လေပြင်းလှိုင်းများသည် ပျံ့လွင့်သွားကာ ကောင်းကင်ယံတစ်ခုလုံးမှာ ကြည်လင်သန့်ရှင်းသွားတော့သည်။
အခန်း (၁၀၁၆) အတုမရှိ တစ်ကိုယ်တော်ဝင့်ဝါခြင်း
ဝတ်စုံနက်ဝတ် အမျိုးသားသည် ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ဓားချီမြစ်ပြင်ကြီးတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လွင့်ပျံလာခဲ့ပြီး ၎င်းထဲတွင် ထက်မြက်လှသော ရှေးဟောင်းဓားအစင်းစင်း ကိန်းအောင်းနေကာ ရွှေချပ်ဝတ်နတ်ဘုရားကို ထိုအထဲတွင် လွှမ်းခြုံပိတ်ဆို့လိုက်တော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ကြီးမားလှသော ခေါင်းလောင်းကြီးကို အဆက်မပြတ် တီးခတ်နေသကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံကြီးများ ဆက်တိုက်ထွက်ပေါ်လာပြီး ရွှေချပ်ဝတ်နတ်ဘုရားသည် လက်ထဲရှိ ရွှေတုတ်ကို ရမ်းလိုက်ကာ ထိုရှည်လျားလှသော ဓားများကို တစ်စင်းပြီးတစ်စင်း ရိုက်ခွဲပစ်လိုက်တော့သည်။
သို့သော်လည်း ဤဓားတာအို တန်ခိုးစွမ်းအားတစ်ခုချင်းစီမှာ အလွန်တရာ အာဏာစက်ပြင်းထန်လှပြီး ရေတွက်၍မရနိုင်သော ဓားချီများသည် အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာကြသဖြင့် အားလုံးကို ခုခံတွန်းလှန်ရန် ခက်ခဲလှပေသည်။
ထက်မြက်လှသော ရှေးဟောင်းဓားအတော်များများသည် ရွှေချပ်ဝတ်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာတော့သည်။
သို့သော်လည်း ထိုရှေးဟောင်းဓားများထဲတွင် မည်မျှပင် ထက်မြက်လှသော ဓားချီများ ကိန်းအောင်းနေပါစေ ရွှေချပ်ဝတ်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ချိန်တွင်မူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ တိုက်ရိုက်ပင် အကာအကွယ်ပေးခြင်း ခံလိုက်ရတော့သည်။
ဤအချက်က ဝတ်စုံနက်ဝတ် အမျိုးသားကိုပင် အနည်းငယ် အံ့ဩသွားစေတော့သည်။
သို့သော်လည်း တစ်ဖက်လူသည် ဝမ်လင်းကွမ်နတ်ဘုရား၏ စွမ်းပကားကို ငှားရမ်းထားခြင်းဖြစ်ပြီး နတ်ဘုရားပင့်ဖိတ်ခြင်းအတတ်ကို ယခုကဲ့သို့သော အဆင့်အတန်းအထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်သဖြင့် ထူးဆန်းသော အံ့ဖွယ်အချို့ ရှိနေခြင်းကိုလည်း နားလည်ပေးနိုင်ပေသည်။
သူသည် လေးနက်သော မျက်နှာထားဖြင့် ပါးစပ်မှ ရှေးဟောင်းအစီအရင်စာလုံးများကို တစ်လုံးပြီးတစ်လုံး ရွတ်ဆိုလိုက်တော့သည်။
မြေပြင်ပေါ်ရှိ ကောင်းကင်လူသားမျိုးနွယ်၏ အလောင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ရွှေချပ်ဝတ်နတ်ဘုရားထံသို့ တဟုန်ထိုး လွှမ်းမိုးသွားတော့သည်။
ရွှေချပ်ဝတ်နတ်ဘုရား၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ နတ်ဘုရားအလင်းတန်းများသည် များစွာ မှုန်မှိုင်းသွားခဲ့ရသည်။ ၎င်းသည် ရွှေချပ်ဝတ်နတ်ဘုရား၏ ကာကွယ်ရေးကို ဖျက်ဆီးနိုင်ခြင်းမရှိသော်လည်း ဤစွမ်းအားသည် နတ်ဘုရားလမ်းစဉ်၏ စွမ်းပကားကို သေချာပေါက် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။
"နတ်ဘုရားပင့်ဖိတ်တဲ့ နည်းလမ်းအချို့ကို တတ်ရုံနဲ့ ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြရဲတယ်ပေါ့"
ဝတ်စုံနက်ဝတ် အမျိုးသားက အေးစက်စွာ ပြုံးလိုက်သည်။
သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ ခန္ဓာကိုယ်မှာ ပေပေါင်းရာချီ မြင့်မားလာပြီး လေးနက်တည်ကြည်လှသော အသွင်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် တန်ခိုးစွမ်းအားမျိုးစုံကို စိတ်ကြိုက် ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။ ဥပဒေသခန္ဓာကို ထုတ်ဖော်လိုက်ပြီးနောက် ကောင်းကင်လူသားမျိုးနွယ်၏ အရှိန်အဝါသည် များစွာ ထုထည်ကြီးမားလာပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
သူ၏ မျက်နှာထက်တွင် သရော်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်သည် မူလကတည်းကပင် ထုထည်ကြီးမားလှရာ အောက်ကမ္ဘာတွင် တားမြစ်ချက်မျိုးစုံ ခံထားရသော်လည်း ဥပဒေသခန္ဓာ၏ ပမာဏကိုမူ သာမန်လူသားတစ်ယောက်အနေဖြင့် မည်သို့လျှင် မိမိနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်...
သူ၏ မျက်ဝန်းထဲ၌ အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
၎င်းမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပြီး ခြေဖဝါးအောက်တွင် မီးနဂါးကို နင်းထားကာ လက်ထဲတွင် ကျောက်ထျန်းတံဆိပ် ၊ မီးဘီး၊ မီးအိုး၊ မီးမြှား နှင့် မီးဓား ဟူသော အားကောင်းလှသည့် မီးဒြပ်စင်လက်နက်ငါးခုကို ကိုင်ဆောင်ထားသည်။
ဤရှေးဟောင်းနတ်ဘုရား ပုံရိပ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝတ်စုံနက်ဝတ် အမျိုးသား၏ အရှိန်အဝါမှာ စက္ကန့်ပိုင်းအတွင်း ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
"မီးနတ်ဘုရား "
ကောင်းကင်လူသားမျိုးနွယ်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားပြီး အစောပိုင်းက ဤတာအိုဆရာငယ်သည် မည်သည့်နောက်ခံအင်အား ရှိနေသည်ကို သူ သေချာမသိတော့ပေ။
သို့သော်လည်း မီးနတ်ဘုရားဟူသော ဤရှေးဟောင်းနတ်ဘုရားကိုမူ သူ သေချာပေါက် သိရှိထားပေသည်။
ခဏချင်းအတွင်းမှာပင် မရေမတွက်နိုင်သော မီးတောက်များက သူ့ကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်အပြည့် ရှိနေသော မီးပင်လယ်ကြီးထဲတွင် ထက်မြက်လှသော ဓားအလင်းတန်းများ ကိန်းအောင်းနေကာ မရေမတွက်နိုင်သော မီးကျီးကန်းငှက်များနှင့် မီးနဂါးများသည်လည်း လှည့်ပတ်လျက် ထိုဝတ်စုံနက်ဝတ် အမျိုးသားထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား၏ လက်ဖဝါးအလယ်တွင် ထိုက်ျိီပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်းကင်ယံသို့ ပျံတက်ကာ သူ၏ ရှေ့မှောက်၌ ရပ်တန့်လိုက်ပြီး ဤမီးဒြပ်စင် တန်ခိုးစွမ်းအားအားလုံးကို ထိုအထဲသို့ အကုန်လုံး စုပ်ယူပစ်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း မီးနတ်ဘုရားသည် နောက်တစ်စက္ကန့်တွင် ခြေလှမ်းကြီးများဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာပြီး လက်ထဲရှိ မီးဘီးနှင့် မီးဓားကို ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့သည်။
ဖုန်း...
ဝတ်စုံနက်ဝတ် အမျိုးသား၏ ရင်ဘတ်ပေါ်ရှိ ဝတ်စုံသည် ချက်ချင်းပင် စုတ်ပြဲပျက်စီးသွားပြီး နဖူးတည့်တည့်ကိုလည်း မီးဘီးဖြင့် ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသဖြင့် ဝုန်းကနဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
လီယန်ချူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် နင်းခြေလိုက်တော့သည်။
"ကောင်းကင်လူသားမျိုးနွယ် ဟုတ်လား၊ ငါက မင်းတို့လို ကောင်းကင်လူသားမျိုးနွယ်ကိုပဲ ရွေးရိုက်တာ"
နောက်တစ်စက္ကန့်တွင် မီးဓားသည် ပြင်းထန်စွာ ကျရောက်လာပြီး ထက်မြက်လှသော ဓားအလင်းတန်းတစ်ခုသည် ထိုဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ထံသို့ ဖြတ်တောက်လိုက်တော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား အလွန်တရာ ဒေါသထွက်သွားပြီး ထုထည်ကြီးမားလှသော စွမ်းအားများကို တိုက်ရိုက်ပင် ပေါက်ကွဲထုတ်ဖော်လိုက်ရာ မီးနတ်ဘုရားကို ဘေးသို့ လွင့်စင်သွားစေတော့သည်။
မီးဓားသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခြင်းမရှိသော်လည်း သူသည် မီးနတ်ဘုရား၏ ခြေဦးဖြင့် ခါးဘေးကို ပြင်းထန်စွာ ကန်ကျောက်ခြင်း ခံလိုက်ရသည်။
ဝုန်း... ဝုန်း... ဝုန်း...
ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်သည် တောင်ထိပ်တစ်ခုကို တိုက်ရိုက်ပင် ဝင်ဆောင့်ကာ မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်လိုက်တော့သည်။ သူသည် ချက်ချင်းပင် မတ်တတ်ပြန်ရပ်လိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသရိပ်များ ပြည့်နှက်နေတော့သည်။
နတ်ဘုရားလမ်းစဉ်၏ အာဏာစက်နှင့် ပတ်သက်၍ ပြောရလျှင် သူ၏ အရှိန်အဝါသည် ဝမ်လင်းကွမ်နတ်ဘုရားနှင့် မီးနတ်ဘုရားတို့၏ အရှိန်အဝါကို မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိပေ။
နောက်တစ်စက္ကန့်တွင် ရွှေချပ်ဝတ်နတ်ဘုရားသည် ရှေ့ရှိ ဓားချီမြစ်ပြင်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီး လက်ထဲရှိ ရွှေတုတ်ကို ကိုင်ဆောင်ကာ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာတော့သည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ပိုမို၍ ထုထည်ကြီးမားလာ ဖြစ်ပေသည်။
ရွှေချပ်ဝတ်နတ်ဘုရား၏ လက်ထဲရှိ ရွှေတုတ်သည် ပေပေါင်းရာချီ ကြီးမားလာပြီး ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့သည်။
ဘုန်း...
ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရပြန်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး ရှေ့မှောက်တွင် ထုထည်ကြီးမားလှသော မီးဘီးတစ်ခု ထွက်ပေါ်လာတော့သည်။
သူသည် ထိုမီးဘီးကို လက်ဖြင့် ဖမ်းဆွဲလိုက်ရာ ရှေးဟောင်းနတ်ဘုရားလေးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
မမျှော်လင့်ဘဲ ဆန့်ကျင်ဘက်မှ မီးနတ်ဘုရား ခန္ဓာသည်လည်း မြှားတစ်စင်းကို တင်လိုက်ပြီး 'မီးမြှား' သည် ရဲရဲနီနေသော မီးဥက္ကာပျံတစ်ခုအသွင် ပြောင်းလဲကာ အရှိန်အဟုန်ပြင်းစွာ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ဥက္ကာပျံနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး ဝုန်းကနဲ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ယွမ်မုန့်ကျောက်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
အစွမ်းထက် ကျွမ်းကျင်သူအများအပြားသည် ဤနေရာသို့ ဆက်တိုက် ကြည့်ရှုလိုက်ကြပြီး ဤနေရာထံသို့ အလျင်အမြန် ပျံသန်းလာကြတော့သည်။
ဤဥပဒေသခန္ဓာ သုံးခုမှာ အလွန်တရာ ထုထည်ကြီးမားလှပေသည်။ ဝတ်စုံနက်ဝတ် အမျိုးသားကိုမူ ပြောနေစရာမလိုဘဲ သူ၏ အစွမ်းထက်လှသော စွမ်းပကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သည်။
လက်ရှိတွင် ရုတ်ချည်း ထွက်ပေါ်လာသော ဤရွှေချပ်ဝတ်နတ်ဘုရားနှင့် မီးနဂါးကို နင်းထားသော မီးနတ်ဘုရားတို့က လူတိုင်းကို ပိုမို၍ တုန်လှုပ်သွားစေတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ယွမ်မုန့်ကျောက်ထဲမှာ ဘာလို့ ဒဏ္ဍာရီလာ နတ်ဘုရားတွေ တိုက်ပွဲဖြစ်နေရတာလဲ"
"အရှိန်အဝါတွေက အားကောင်းလိုက်တာ၊ နတ်ဘုရားလမ်းစဉ်ရဲ့ စွမ်းအားက အရမ်းကို လေးလံလွန်းတယ်၊ ကောင်းကင်ဘုံက နတ်ဘုရားတွေ ကိုယ်တိုင် ဆင်းသက်လာသလိုပဲ"
လူအများအပြားသည် အလွန်တရာ တုန်လှုပ်နေကြပြီး ဤထုထည်ကြီးမားလှသော ဥပဒေသခန္ဓာနှစ်ခုကို ကြည့်ကာ အလွန်အမင်း အံ့ဩနေကြတော့သည်။
လီယန်ချူသည် လက်ရှိတွင် နှစ်ပေါင်းနှစ်သောင်း သက်တမ်းရှိသော ကျင့်စဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသဖြင့် အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ကြီးမားလှသော နတ်ဘုရားစွမ်းအားများကို ငှားရမ်းနိုင်ခြင်း ဖြစ်ပေသည်။
ဝမ်လင်းကွမ်နတ်ဘုရား၏ သန့်စင်လှသော နတ်ဘုရားစွမ်းအားဖြစ်စေ၊ မီးနတ်ဘုရား၏ ကျင့်စဉ်စွမ်းအားဖြစ်စေ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထို့အပြင် သူသည် လက်ရှိ ကောင်းကင်ဘုံတွင် ဝမ်လင်းကွမ်နတ်ဘုရားနှင့် မီးနတ်ဘုရားတို့သည် မည်သည့်အဆင့်အတန်းတွင် ရှိနေသည်ကိုလည်း အနည်းငယ် သိချင်မိသည်။
ဆန်းကြယ်လှသော ဟင်းလင်းပြင်ထဲမှ နတ်ဘုရားစွမ်းအားများကို အဆက်မပြတ် ပင့်ဖိတ်နိုင်စွမ်း ရှိပေသည်။
ဤအစွမ်းထက်လှသော နတ်ဘုရားနှစ်ပါးသည် ပျက်စီးသွားခြင်း ရှိ၊ မရှိကို သူသေချာမသိသော်လည်း ဤနတ်ဘုရားစွမ်းအားများ ကျရောက်လာမှုမှာမူ အလွန်လျင်မြန်ပြီး ပြင်းထန်လှပေသည်။
၎င်းသည် သူယခင်က အသုံးပြုခဲ့ဖူးသော မည်သည့်နတ်ဘုရားပင့်ဖိတ်ခြင်း အဆောင်များထက်မဆို များစွာ သာလွန်လှပေသည်။
ဝတ်စုံနက်ဝတ် အမျိုးသား၏ လက်ဖဝါးအလယ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
ဤရွှေရောင်အလင်းတန်းသည် ဧရာမ ဓားကြီးတစ်လက်အသွင် ပြောင်းလဲသွားပြီး သူ၏ လက်ထဲတွင် ကိုင်ဆောင်လိုက်ရာ တစ်ကိုယ်လုံးရှိ အရှိန်အဝါများသည်လည်း ချက်ချင်းပင် ပြောင်းလဲသွားကာ လီယန်ချူထံသို့ ပြင်းထန်စွာ ဖြတ်တောက်လိုက်တော့သည်။
လီယန်ချူ၏ လက်ဖဝါးအလယ်မှ တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
"လက်ဖဝါးထဲမှာ မိုးကြိုးနတ်ဘုရားငါးရာ ကိန်းအောင်းနေပြီး၊ ရိုက်ထုတ်လိုက်ရင် မြေပြင်ကွဲအက်ပြီး ကောင်းကင်ကြီးပါ ပြိုကျပျက်စီးစေရမယ်။ မိစ္ဆာအပေါင်းနဲ့ ဆုံတွေ့ရင်တော့ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြာအဖြစ် ပြောင်းလဲစေရမယ်။ လက်ဖဝါးမိုးကြိုးကျင့်စဉ် ... ဖွင့်စမ်း"
သူ၏ စကားဆုံးသည်နှင့် သူ၏ လက်ဖဝါးထဲမှ တောက်ပလှသော မိုးကြိုးလျှပ်စီးတစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
မိုးကြိုးငါးပါး ထိပ်တိုက်ကျရောက်ခြင်း။
ကမ္ဘာမြေကြီးတစ်ခုလုံး ဖြူဆွတ်သွားပြီး ဝုန်း... ဝုန်း... ဝုန်း...
ဤတန်ခိုးစွမ်းအားသည် ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး လက်ထဲရှိ ရွှေရောင်ဓားကြီးကို စက္ကန့်ပိုင်းအတွင်း မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်လိုက်တော့သည်။
သို့သော်လည်း ယခုကဲ့သို့ အာဏာစက်ပြင်းထန်လှသော မိုးကြိုးကျင့်စဉ်ကို တိုက်ရိုက်ခုခံခဲ့သော်လည်း ဝတ်စုံနက်ဝတ် အမျိုးသားသည် မည်သည့်ဒဏ်ရာမျှ ရရှိခြင်းမရှိဘဲ ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။
"ငါက ကောင်းကင်လူသားမျိုးနွယ်ပဲ၊ မင်းက ငါ့ကို မိုးကြိုးကျင့်စဉ်နဲ့ ဒဏ်ရာရအောင် လုပ်ချင်တာလား၊ အဓိပ္ပာယ်မရှိလိုက်တာ"
စကားဆုံးသည်နှင့် သူသည် လက်ဖဝါးနှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ရာ လက်ဖဝါးနှစ်ဖက်ကြားတွင် ခရမ်းရောင် လင်းလက်နေသော စွမ်းအင်လုံးတစ်ခု ထွက်ပေါ်လာပြီး ၎င်းစွမ်းအင်လုံးဘေးတွင် မိုးကြိုးနှင့် မီးတောက်လျှပ်စီးများ ပြည့်နှက်နေတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မရေမတွက်နိုင်သော မိုးကြိုးများသည် သူ၏ လက်ဖဝါးထဲမှ မိုးကြိုးလုံးပေါ်သို့ ကျရောက်လာတော့သည်။
မိုးကြိုးတစ်စင်း ကျရောက်လာတိုင်း အရှိန်အဝါမှာ များစွာ ပိုမိုအားကောင်းလာ ဖြစ်ပေသည်။
သူဝိညာဉ်သိမ်းပိုက် ထားသော ဤခန္ဓာကိုယ်မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော လျှော်ဖြူပင်ဖြစ်ပြီး မိုးကြိုးပစ်ခြင်းကို ခံခဲ့ရဖူးသဖြင့် မိုးကြိုးကျင့်စဉ်များ ကိန်းအောင်းနေခြင်း ဖြစ်ပေသည်။
ဒါကြောင့် လက်ရှိတွင် မိုးကြိုးကျင့်စဉ်ကို အသုံးပြုလိုက်ရာ ယင်နှင့်ယန် ပေါင်းစပ်သွားပြီး စွမ်းအားမှာ အလွန်တရာ ကြီးမားလှပေသည်။
လီယန်ချူ၏ လက်ဖဝါးမိုးကြိုးတိုင်း ကျရောက်လာမှုများကို သူ၏ လက်ဖဝါးထဲမှ မိုးကြိုးလုံးက အကုန်လုံး စုပ်ယူပစ်လိုက်တော့သည်။
တန်ခိုးစွမ်းအား အသုံးပြုမှု၏ ဆန်းကြယ်မှုအပိုင်းတွင် ပြောရလျှင် ဤမြေပြင်နတ်ဘုရား အဆင့်ရှိသော ကောင်းကင်လူသားမျိုးနွယ်ကို ယွမ်မုန့်ကျောက်တစ်ခုလုံးတွင် မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း လီယန်ချူ၏ မျက်ဝန်းထဲမှ မိုးကြိုးအလင်းတန်းများ ထွက်ပေါ်လာပြီး အသံမှာ မိုးကြိုးပမာ ဟိန်းဟောက်သွားတော့သည်။
"မင်း ဘယ်လောက်တောင် စုပ်ယူနိုင်မလဲ ကြည့်ရသေးတာပေါ့"
စကားဆုံးသည်နှင့် သူသည် မိုးကြိုးငါးပါးအဆောင် တစ်ခုကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်တော့သည်။
ဤအဆောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကျင့်စဉ်များ၏ အရှိန်အဝါများ ကိန်းအောင်းနေတော့သည်။
"မိုးကြိုးငါးပါး သန့်စင်သော ယန်စွမ်းအင်၊ ကမ္ဘာမြေ၏ စည်းမျဉ်းတရား... သတ်စမ်း"
စကားဆုံးသည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတစ်ခု ကောင်းကင်ယံမှ ကျရောက်လာတော့သည်။
ဤမိုးကြိုးသည် အခြားဟင်းလင်းပြင်တစ်ခုမှ ထွက်ပေါ်လာသည့်နှယ် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ကမ္ဘာမြေကြီးတစ်ခုလုံး ဖြူဆွတ်သွားပြီး မိုးကြိုးအလင်းတန်းတစ်ခု ကျရောက်လာကာ ထိုမိုးကြိုးလုံးကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်သဖြင့် မိုးကြိုးလုံးသည် စက္ကန့်ပိုင်းအတွင်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ယခုအခါ ပေပေါင်းရာချီသော ခန္ဓာကို ထုတ်ဖော်ထားခြင်းဖြစ်ပြီး လက်မောင်းနှစ်ဖက်စလုံးမှာ ဝုန်းကနဲ ပေါက်ကွဲပျက်စီးသွားတော့သည်။
သူသည် လီယန်ချူကို အံ့ဩတုန်လှုပ်စွာ ကြည့်ရှုလိုက်ပြီး တစ်ဖက်လူသည် မိုးကြိုးကျင့်စဉ်အပေါ် ယခုကဲ့သို့သော အောင်မြင်မှုမျိုး ရှိနေသည်ကို သူနားမလည်နိုင် ဖြစ်နေတော့သည်။
လီယန်ချူသည် လက်ရှိတွင် မိုးကြိုးကျင့်စဉ်အပေါ် နားလည်မှု အလွန်မြင့်မားလှပြီး မိုးကြိုးငါးပါးကို ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ဤမိုးကြိုးငါးရပ်အဆောင်ကို လှုံ့ဆော်လိုက်ရာ ထွက်ပေါ်လာသော စွမ်းပကားမှာ များစွာ ပိုမိုအားကောင်းလှပေသည်။
သူသည် အဆောင်ထဲရှိ အာဏာစက်ပြင်းထန်လှသော မိုးကြိုးကျင့်စဉ်အားလုံးကို တိုက်ရိုက်ပင် ထုတ်လွှတ်ပစ်လိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မိုးကြိုးများ အဆက်မပြတ် ကျရောက်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများသည် တစ်စင်းပြီးတစ်စင်း ကျရောက်လာပြီး ဝတ်စုံနက်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်သဖြင့် သူ၏ ခန္ဓာမှာ ဝုန်းကနဲ ပြိုကွဲပျက်စီးသွားတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသား အလွန်တရာ အံ့ဩသွားတော့သည်။
ဤမိုးကြိုးကျင့်စဉ်မှာ အလွန်တရာ အာဏာစက်ပြင်းထန်လှသော်လည်း သူ၏ ခန္ဓာကိုယ်ဖြင့် ခုခံနိုင်စွမ်း ရှိရမည် ဖြစ်ပေသည်။
သို့သော်လည်း အစောပိုင်းက အခိုက်အတန့်တွင် သူ၏ အရှိန်အဝါများသည် ရုတ်ချည်း ရှုပ်ထွေးသွားခဲ့ရသဖြင့် ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားစေခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ဥပဒေသခန္ဓာ ပျက်စီးသွားရုံမျှမက သူ၏ ခန္ဓာကိုယ်မှာလည်း ယခုအခါ မီးကျွမ်းနေသော သစ်သားပမာ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
"ဒီတစ်ကြိမ်မှာလည်း ငါ ထပ်ပြီး ရှုံးနိမ့်ရဦးမှာလား"
သူ၏ စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုများ ထွက်ပေါ်လာတော့သည်။
ယခင်က မာန်ဟွန်းကမ္ဘာကြီးထဲသို့ သွားရောက်၍ ရွှေနဂါးကတ်ကြေး ကို လုယူခဲ့စဉ်ကလည်း ရှုံးနိမ့်ခဲ့ရဖူးသည်။
ယခုတစ်ကြိမ် အောက်ကမ္ဘာသို့ ထပ်မံဆင်းသက်လာချိန်တွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ရပြန်ရာ နောင်တစ်ချိန်တွင် ကမ္ဘာမြေတံတား ပြန်လည်ဆက်သွယ်သွားပါကလည်း မိမိအနေဖြင့် အောက်ကမ္ဘာသို့ ဆင်းသက်၍ အကျိုးအမြတ်များ ယူရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ယွမ်မုန့်ကျောက်ထဲတွင် မည်သူမျှ ယှဉ်နိုင်ခြင်းမရှိသော ဝတ်စုံနက်ဝတ် အမျိုးသားသည် ယခုအခါတွင်မူ ယခုကဲ့သို့ မှုန့်မှုန့်ညက်ညက် ကြိတ်ခြေခြင်း ခံလိုက်ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
"အရမ်းကို အာဏာစက်ပြင်းထန်တဲ့ မိုးကြိုးငါးပါးကျင့်စဉ်ပဲ၊ ဒါက ဘယ်သူထုတ်ဖော်လိုက်တာလဲ"
"ကောင်းကင်လူသားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကိုပါ ရိုက်ခွဲပစ်နိုင်တယ်၊ ယာယီခန္ဓာကိုယ် ဖြစ်နေရင်တောင် ဒီထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေက လူတွေ စိတ်ကူးလို့တောင် မရနိုင်ဘူး"
"ဒါက တကယ်ပဲ ပါရမီရှင်တွေ ပြိုင်ဆိုင်တဲ့ ခေတ်ကြီးပဲ၊ ယွမ်မုန့်ကျောက်ထဲမှာ အခုလို အစွမ်းထက်တဲ့ လူစွမ်းကောင်းကြီး ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး"
အစွမ်းထက် ကျွမ်းကျင်သူအများအပြားသည် အလွန်တရာ တုန်လှုပ်နေကြပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် ယခင်က ကြာပန်းဖြူမယ်တော်နှင့် တိုက်ခိုက်ခဲ့စဉ်က တန်ခိုးစွမ်းအားမျိုးစုံကို ထုတ်ဖော်ခဲ့သဖြင့် သူတို့ကို အလွန်တရာ တုန်လှုပ်စေခဲ့ဖူးသည်။
လက်ရှိတွင် သူသည် ယခုကဲ့သို့ မှုန့်မှုန့်ညက်ညက် ကြိတ်ခြေခြင်း ခံလိုက်ရသည်က လူတိုင်းကို ပိုမို၍ မယုံကြည်နိုင် ဖြစ်စေတော့သည်။
သို့သော်လည်း ဤဝတ်စုံနက်ဝတ် အမျိုးသား၏ မျက်ဝန်းထဲတွင်မူ ရုတ်ချည်းပင် ဝမ်းမြောက်ရိပ်များ ထွက်ပေါ်လာသည်။ ပုံမှန်ဆိုလျှင် သူသည် ယခုအခါ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဤတစ်ကြိမ် အောက်ကမ္ဘာသို့ ဆင်းသက်မှု ရှုံးနိမ့်ကြောင်းကိုသာ ကြေညာရမည် ဖြစ်ပေသည်။
သို့သော်လည်း ထိုတစ်ကြိမ်တွင် မမျှော်လင့်ဘဲ သူသည် ယွမ်မုန့်ကျောက်ထဲတွင် ယခင်က အောက်ကမ္ဘာသို့ ဆင်းသက်ခဲ့ဖူးသော ကောင်းကင်လူသားမျိုးနွယ်၏ အလောင်းကို ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပေသည်။
"ကောင်းကင်ဘုံက ငါ့ကို လမ်းစမပိတ်သေးဘူး၊ ဒီတစ်ကြိမ်မှာတော့ သေချာပေါက် နဂါးကိုးကောင်မီးလျှံအုပ်ဆောင်း ကို ပြန်ယူရမယ်၊ ဘယ်သူမှ ငါ့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့လို့မရစေရဘူး"
သူသည် ဤနှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော လျှော်ဖြူပင်ခန္ဓာကိုယ် ကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်ပြီး ဝိညာဉ်အမြုတေ သည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဤကောင်းကင်လူသားမျိုးနွယ်၏ အလောင်းထဲသို့ တိုက်ရိုက်ပင် တိုးဝင်သွားတော့သည်။
၎င်းမှာ စစ်မှန်သော ကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ဖြစ်ပြီး မည်သည့်တာအိုကျောင်းတော်ကမျှ ဖျက်ဆီး၍မရနိုင်ပေ။ သို့မဟုတ်ပါကလည်း ယခုကဲ့သို့ ရှည်လျားလှသော အချိန်အထိ ဤနေရာတွင် မည်သည့်ဒဏ်ရာမျှမရှိဘဲ ရှိနေနိုင်မည်မဟုတ်ပေ။
သူသည် ဝိညာဉ်သိမ်းပိုက်ခြင်းကို တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီးဖြစ်ရာ လက်ရှိတွင် ဤကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်နှင့် အတင်းအဓမ္မ ဆက်သွယ်လိုက်ခြင်းက သူ၏ ကျင့်စဉ်အဆင့်အပေါ် အနည်းငယ် သက်ရောက်မှု ရှိစေနိုင်ပြီး လုံးဝဥဿုံ ပေါင်းစပ်သွားနိုင်မည်မဟုတ်ပေ။
ထို့အပြင် ဤအလောင်းထဲတွင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသဖြင့် သူကိုယ်တိုင်လည်း လုံးဝဖိနှိပ်နိုင်စွမ်း ရှိ၊ မရှိကို မသေချာပေ။
သို့သော်လည်း လက်ရှိတွင် အခြေအနေ အလွန်အရေးကြီးနေသဖြင့် သူသည် များစွာ မစဉ်းစားနိုင်တော့ဘဲ ဤတစ်ကြိမ်တွင် ထပ်မံရှုံးနိမ့်ပါက နောင်တွင် အောက်ကမ္ဘာသို့ ဆင်းသက်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ဒါကြောင့် ထိုကောင်းကင်လူသားမျိုးနွယ်သည် အလောင်းထဲသို့ တိုးဝင်သွားပြီးနောက် တစ်ကိုယ်လုံး ချက်ချင်းပင် ပြန်လည်နိုးထလာတော့သည်။
ကောင်းကင်လူသားမျိုးနွယ်က ကောင်းကင်လူသားမျိုးနွယ်ကို ထိန်းချုပ်ခြင်း ဖြစ်သဖြင့် မည်သည့်အတားအဆီးမျှ ရှိမနေပေ။
ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လူသားမျိုးနွယ်၏ အလောင်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်တော့သည်။
ထိုကောင်းကင်လူသားမျိုးနွယ်၏ ရုပ်ရည်မှာ အလွန်တရာ ခန့်ညားလှပပြီး သာမန်လူသားများထက် များစွာ သာလွန်လှပေသည်။ သူ၏ အရှိန်အဝါမှာ သန့်စင်လှပြီး ရှည်လျားလှသော အချိန်အထိ သေဆုံးခဲ့သော်လည်း ယခုအခါ ပြန်လည်နိုးထလာချိန်တွင်မူ လူတိုင်းကို အတုမရှိ တစ်ကိုယ်တော်ဝင့်ဝါသော စတိုင်ကို ခံစားရစေဆဲပင်။
၎င်းမှာ စစ်မှန်သော ကောင်းကင်လူသားမျိုးနွယ်၏ ပုံစံ ဖြစ်ပေသည်။
သို့သော်လည်း သူ၏ ပတ်ဝန်းကျင်တွင်မူ ဆန်းကြယ်သော တရားဓမ္မ အရှိန်အဝါများ ရှိမနေဘဲ နတ်သမီးများ ပန်းကြဲခြင်း သို့မဟုတ် နတ်ဘုရားသီချင်းများ မြည်ဟီးနေခြင်းလည်း မရှိပေ။
အလွန်တရာ ပုံပျက်ပန်းပျက် ဖြစ်နေသော လှိုင်းတွန့်များသာ ရှိနေတော့သည်။
တစ်ချိန်တည်းမှာပင် တောအုပ်တစ်ခုလုံးမှာ လုံးဝပြန်လည်နိုးထလာခဲ့ပြီး ၎င်းထဲရှိ ဆန်းကြယ်လှသော သတ္တဝါများသည်လည်း ဟိန်းဟောက်နေကြတော့သည်။
ဤကောင်းကင်လူသားမျိုးနွယ်၏ အလောင်း ပြန်လည်နိုးထလာပြီးနောက် တောအုပ်ထဲရှိ ဆန်းကြယ်လှသော သတ္တဝါအားလုံး၏ ခန္ဓာကိုယ်သည် ရေလှိုင်းပမာ တုန်ခါသွားခဲ့ပြီး လုံးဝပျက်စီးသွားခဲ့ရတော့သည်။
သို့သော်လည်း ထို့နောက်တွင် ဤကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ပိုမို၍ ထုထည်ကြီးမားလှပေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် စိတ်ထဲမှ အလွန်တရာ ထိတ်လန့်သွားကြပြီး ဦးနှောက်ထဲမှပင် ကြက်သီးထသွားကြရတော့သည်။
ထိုကောင်းကင်လူသားမျိုးနွယ်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ဦးနှောက်ထဲတွင် ရှုပ်ထွေးလှသော အသံများ ထွက်ပေါ်လာပြီး လူအများအပြား စကားပြောနေသကဲ့သို့ ရှိနေတော့သည်။
"မကောင်းဘူး။ ဒါက မင်္ဂလာမရှိတဲ့ အကောင်ပဲ၊ မြန်မြန်ဆုတ်ခွာကြ"
လူအများအပြားသည် စိတ်ထဲမှ အလွန်တရာ ထိတ်လန့်သွားကြပြီး အဝေးသို့ အသည်းအသန် ပြေးထွက်ခဲ့ကြကာ တန်ခိုးစွမ်းအားမျိုးစုံကို ထုတ်ဖော်၍ ခုခံလိုက်ကြသည်။ သို့သော်လည်း ဦးနှောက်ထဲရှိ ထိုရှုပ်ထွေးလှသော အသံများကိုမူ လုံးဝဖျက်ဆီးပစ်၍ မရနိုင် ဖြစ်နေတော့သည်။
၎င်းမှာ အဝေးကနေ တစ်ချက်ကြည့်ရုံမျှသာ ရှိသေးခြင်း ဖြစ်ပေသည်။
လူတိုင်း စိတ်ထဲမှ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။
ထိုကောင်းကင်လူသားမျိုးနွယ်၏ အလောင်းသည် ဖြည်းညှင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
" နတ်ဘုရားစွမ်းအားအချို့ကို အားကိုးပြီး ကောင်းကင်လူသားမျိုးနွယ်နဲ့ ကြားက ကွာဟချက်ကို လျှော့ချနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား၊ အဓိပ္ပာယ်မရှိလိုက်တာ။ ပုရွက်ဆိတ်လို သာမန်လူသားတွေပဲ"
သူ၏ အသံမှာ အလွန်တရာ ထုထည်ကြီးမားလှသော်လည်း တခြားသူများ၏ နားထဲသို့ ရောက်ရှိချိန်တွင်မူ အလွန်တရာ စူးရှလှပေသည်။
ဤခံစားချက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆွဲဆန့်နေကြပြီး လူတိုင်း၏ ဦးနှောက်ထဲတွင် ပြင်းထန်လှသော လှိုင်းလုံးများကို ဖြစ်ပေါ်စေတော့သည်။
ဤအချက်တစ်ခုတည်းနှင့်ပင် ဤကောင်းကင်လူသားမျိုးနွယ်၏ အလောင်းသည် ယွမ်မုန့်ကျောက်ထဲမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ကြောင်း သက်သေပြနေတော့သည်။
ယွမ်မုန့်ကျောက်၏ မြေပုံသည် အလွန်တရာ ကျယ်ပြောလှပြီး အစွမ်းထက်လှသော တည်ရှိမှုများ နေထိုင်သည့် နေရာအများအပြား ရှိပေသည်။
လက်ရှိတွင် ဓား၊ လှံ၊ ကန်၊ စင် စသည့် လက်နက်အကျိုးအပဲ့များ ပြည့်နှက်နေသည့် နေရာတစ်ခုထဲတွင် နဂါးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော ဧရာမ ဘီလူးကြီးတစ်ကောင်သည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး အဝေးသို့ ကြည့်ရှုလိုက်သည်။
"ပြန်ပြီး နိုးထလာတာလား"
သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ထွက်ပေါ်လာသည်။
ဝုန်း... ဝုန်း... ဝုန်း...
သူသည် ခြေလှမ်းလှမ်းလိုက်ပြီး အပြင်ဘက်သို့ ရုန်းထွက်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း ယခင်က သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ငရဲတောင် သို့ ဆင်းသက်ခဲ့စဉ်က ဤနေရာရှိ တားမြစ်ချက်များ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရဖူးသည်။
ယခုတစ်ကြိမ်တွင် သူသည် မိမိ၏ နယ်မြေထဲမှ လုံးဝထွက်ခွာ၍မရ ဖြစ်နေပြီး ရွှံ့နွံထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေသည့်နှယ် ရှိနေတော့သည်။
.........
နက်ရှိုင်းလှသော တောင်တန်းတစ်ခုထဲတွင် ပုဆိန်ဖြင့် ခုတ်ဖြတ်ထားသည့်နှယ် ရှိနေသော ကွဲအက်ကြောင်းတစ်ခု ရှိပြီး ၎င်းကွဲအက်ကြောင်းထဲတွင် မျက်လုံးခြောက်လုံး ရှိသော ဧရာမ လိပ်ကြီးတစ်ကောင် ရှိနေသည်။
မျက်လုံးခြောက်လုံး လိပ်ကြီး၏ သွေးချီစွမ်းအင်မှာ ပင်လယ်ပမာ ထုထည်ကြီးမားလှပြီး ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါမှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်။ လက်ရှိတွင် သူသည်လည်း ဤထူးဆန်းလှသော အရှိန်အဝါကို ခံစားသိရှိလိုက်ရသဖြင့် မျက်လုံးခြောက်လုံးထဲမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ရုန်းထွက်ရန် ပြင်ဆင်လိုက်တော့သည်။
ထို့တင်မကသေးဘဲ ယွမ်မုန့်ကျောက်ထဲရှိ ရှေးဟောင်းအစွမ်းထက် တည်ရှိမှုအများအပြားသည်လည်း ဆက်တိုက် တုန်လှုပ်သွားကြရတော့သည်။
အရာအားလုံး၏ အရင်းအမြစ်မှာမူ ယခုအခါ ပြန်လည်နိုးထလာသော ထိုကောင်းကင်လူသားမျိုးနွယ်၏ အလောင်းပင် ဖြစ်ပေသည်။
လက်ရှိတွင် ရှေးဟောင်းနတ်ဘုရားဖြစ်သော မီးနတ်ဘုရား ဥပဒေသခန္ဓာနှင့် တစ်ကိုယ်လုံး တောက်ပလှပြီး အရှိန်အဝါ အားကောင်းလှသော ရွှေချက်ဝတ်နတ်ဘုရားတို့သည် ဤကောင်းကင်လူသားမျိုးနွယ်နှင့် ထိပ်တိုက်ရင်ဆိုင်နေကြတော့သည်။
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်မှ ကျင့်စဉ်စွမ်းအားများသည် အလွန်လျင်မြန်စွာ ကုန်ဆုံးနေပြီး ဝိညာဉ်အမြုတေထဲရှိ ထိုအလင်းတန်းသည်လည်း ပြင်းထန်စွာ တုန်ခါနေတော့သည်။
ခရမ်းရွှေရောင် အရှိန်အဝါ၊ မီးနတ်ဘုရား အမိန့်တော် နှင့် ကိုယ်ခံပညာစိတ်ဆန္ဒတို့သည် ဆက်တိုက် တောက်ပလာခဲ့ပြီး ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခုခံတွန်းလှန်နေကြတော့သည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင် မည်သည့်ထိတ်လန့်မှုမျှ မရှိဘဲ အလွန်တရာ တည်ငြိမ်လှပြီး မျက်ဝန်းထဲတွင်မူ ရူးသွပ်လှသော တိုက်ပွဲဝင်စိတ်ဆန္ဒများပင် ထွက်ပေါ်နေတော့သည်။
"အလောင်းတစ်ခုပဲလေ၊ မင်းက ဘာတွေ ဖန်တီးနိုင်ဦးမှာလဲ"
လီယန်ချူ၏ အေးစက်လှသော ရယ်မောသံကြီး ထွက်ပေါ်လာပြီး ယွမ်မုန့်ကျောက်တစ်ခုလုံးတွင် ဟိန်းဟောက်သွားတော့သည်။
လူတိုင်း စိတ်ထဲမှ တုန်လှုပ်သွားကြသည်။ ဤဆန်းကြယ်လှသော ကျွမ်းကျင်သူကြီးသည် ကောင်းကင်လူသားမျိုးနွယ်ကို လုံးဝမျက်စိထဲပင် မထည့်ထားခြင်း ဖြစ်ပေသည်။
မိစ္ဆာဘုရင်၏ အလွန်တရာ လှပသော မျက်နှာထက်တွင် အံ့ဩရိပ်များ ထွက်ပေါ်လာပြီး ထိုရေလှိုင်းပမာ ရှိသော မျက်ဝန်းအစုံထဲတွင်လည်း လှိုင်းလုံးများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ဒီအသံက... အရမ်းကို ရင်းနှီးနေတယ်"
သူမတွင် သဘာဝပါရမီ တန်ခိုးစွမ်းအား ရှိသဖြင့် အရှိန်အဝါနှင့် အသံအပေါ် အလွန်တရာ အကဲဆတ်လှပေသည်။ လက်ရှိတွင် သူမ၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
"ဒါက အဲဒီ တာအိုဆရာငယ်လား"
သူမ၏ စိတ်ထဲရှိ ဤကြောက်မက်ဖွယ်ကောင်းသော အတွေးကို သက်သေပြရန်အတွက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အဖြူရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်စွန်းဆီသို့ ပြေးထွက်ခဲ့တော့သည်။
သူမသည် အနီးသို့ ချဉ်းကပ်၍ ဤမြင်ကွင်းကြီးမှာ ထိုတာအိုဆရာငယ်ကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်၊ မဟုတ်ကို သေချာစွာ စစ်ဆေးချင်မိသည်။
ကောင်းကင်လူသားမျိုးနွယ်၏ အလောင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေပြီး ပတ်ဝန်းကျင်၌ မင်္ဂလာမရှိသော အရှိန်အဝါများသည် အပြင်ဘက်သို့ အဆက်မပြတ် ပြန့်နှံ့နေတော့သည်။
ရှေးဟောင်းသစ်ပင်ကြီးအားလုံးသည် ရူးသွပ်စွာ ရှည်လျားလာကြပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပေပေါင်းရာချီ မြင့်မားလာကာ ကောင်းကင်ယံသို့ ပြေးဝင်လာကြတော့သည်။ ၎င်းမှာ ဧရာမ မြွေကြီးများပမာ ရှိနေတော့သည်။
လီယန်ချူသည် ဧရာမ ခေါင်းလောင်းကြီးတစ်ခုကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
ဝိညာဉ်ခြောက်ခြား ခေါင်းလောင်း
ဒုန်း... ဟူသော အသံကြီးနှင့်အတူ။
ကမ္ဘာမြေကြီးတစ်ခုလုံး ကြည်လင်သန့်ရှင်းသွားပြီး ထိုမင်္ဂလာမရှိသော အရှိန်အဝါများသည် ဝုန်းကနဲ ပြိုကွဲပျက်စီးသွားကာ ရူးသွပ်စွာ ရှည်လျားလာသော သစ်ပင်ကြီးများသည်လည်း လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်သွားတော့သည်။
ထို့တင်မကသေးဘဲ ကောင်းကင်လူသားမျိုးနွယ်၏ လွှမ်းမိုးခြင်းကို ခံထားရသော ဤဆန်းကြယ်လှသော နယ်မြေတစ်ခုလုံးမှာလည်း ယခုအခါ လုံးဝပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်သွားတော့သည်။
နှစ်ပေါင်းနှစ်သောင်း သက်တမ်းရှိသော ကျင့်စဉ်စွမ်းအားများဖြင့် ခေါင်းလောင်းကို လှုံ့ဆော်လိုက်သော်လည်း ခေါင်းလောင်း၏ စွမ်းအားအချို့ကိုသာ ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေသည်။
ဝေဝါးလှသော လူရိပ်တစ်ခုသည် ထိုကောင်းကင်လူသားမျိုးနွယ်၏ အလောင်းပေါ်မှ ထွက်ပေါ်လာပြီး စွမ်းအားတစ်ခုခုကြောင့် အပြင်ဘက်သို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည့်နှယ် ရှိနေတော့သည်။
သို့သော်လည်း မကြာမီမှာပင် သူသည် ကောင်းကင်လူသားမျိုးနွယ်၏ အလောင်းထဲသို့ ထပ်မံ၍ ပြန်လည်ဝင်ရောက်သွားပြန်သည်။
သူ၏ အကြည့်ထဲတွင် အလွန်တရာ အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားပြီး ကောင်းကင်ယံရှိ ထိုနတ်ဘုရားခေါင်းလောင်းကြီးကို ကြည့်ရှုလိုက်သည်။
"ဝိညာဉ်ခြောက်ခြားခေါင်းလောင်း "
လက်ရှိတွင် ခေါင်းလောင်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်နေတော့သည်။
လှုံ့ဆော်လိုက်ပြီးနောက် ၎င်းထဲတွင် အလွန်တရာ အစွမ်းထက်လှသော စွမ်းပကားများ ကိန်းအောင်းနေတော့သည်။
ဒုန်း...
နောက်ထပ် ကြီးမားလှသော အသံကြီး ထွက်ပေါ်လာပြန်သည်။
ထိုကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ထဲရှိ ဝေဝါးလှသော လူရိပ်သည် နောက်သို့ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဤခန္ဓာကိုယ်ထဲမှ လုံးဝထွက်ခွာလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထို့အပြင် ခန္ဓာကိုယ်ပေါ်ရှိ မင်္ဂလာမရှိသော အရှိန်အဝါအားလုံးသည်လည်း ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ခြင်း ခံလိုက်ရသဖြင့် အပြင်ဘက်သို့ လုံးဝထုတ်ဖော်၍ မရနိုင်တော့ပေ။
ထိုကောင်းကင်လူသားမျိုးနွယ်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာတော့သည်။
ဤတာအိုဆရာငယ်သည် အစွမ်းထက်လှသော ဥပဒေသခန္ဓာနှစ်ခုကို ထိန်းချုပ်ထားရခြင်းဖြစ်ပြီး ၎င်းတို့မှာ ငှားရမ်းထားသော နတ်ဘုရားစွမ်းအားများ ဖြစ်သော်လည်း မိမိ၏ ကျင့်စဉ်စွမ်းအား ကုန်ဆုံးမှုမှာမူ အလွန်တရာ ပြင်းထန်လှပေသည်။ ၎င်းအပြင် အစွမ်းထက်လှသော နတ်ဘုရားရတနာတစ်ခုကိုပါ ထပ်မံလှုံ့ဆော်နေသေးသည်။
"ဒီလူက တကယ်ပဲ မြေပြင်နတ်ဘုရားအဆင့်လား"
"သူ့ရဲ့ ကျင့်စဉ်စွမ်းအားတွေက ဘာလို့ ဒီလောက်တောင် ထုထည်ကြီးမားနေရတာလဲ"
သူ၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားတော့သည်။
ယခင်က လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကို သူ သေချာစွာ စစ်ဆေးနိုင်ခြင်းမရှိသော်လည်း သေချာပေါက် မြေပြင်နတ်ဘုရားအဆင့်သို့ မရောက်သေးသည်မှာမူ သေချာလှပေသည်။
တကယ်လို့ မြေပြင်နတ်ဘုရားအဆင့်ဆိုလျှင် သူ သေချာပေါက် ခံစားသိရှိနိုင်ရမည် ဖြစ်ပေသည်။
သို့သော်လည်း မြေပြင်နတ်ဘုရားအဆင့်သို့ မရောက်သေးသော လူငယ်ကျင့်ကြံသူတစ်ယောက်က သူ့ကို ယခုကဲ့သို့သော အခြေအနေအထိ ဖိအားပေးနိုင်စွမ်း ရှိနေသဖြင့် ဤကောင်းကင်လူသားမျိုးနွယ် မည်သို့လျှင် အံ့ဩခြင်းမရှိဘဲ နေနိုင်ပါမည်နည်း။
နောက်တစ်စက္ကန့်တွင် လီယန်ချူသည် လက်ကို ရမ်းလိုက်ပြီး ကောင်းကင်ဖဲကြိုး ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်ရာ ပေပေါင်းရာချီ ရှည်လျားလှသော အနီရောင်ကြိုးကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် တုတ်နှောင်ပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် တရစပ် လှည့်ပတ်နေသော မီးတောက်များ ထွက်ပေါ်လာပြီး အာဏာစက်ပြင်းထန်လှသော စစ်မှန်သော မီးတောက်များသည် ကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကျွမ်းပစ်လိုက်တော့သည်။
"ကောင်းကင်ဖဲကြိုး "
ကောင်းကင်လူသားမျိုးနွယ်၏ အသံမှာ အောတောတော ဖြစ်သွားခဲ့ပြီး သူသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေတော့သည်။ ယခုကဲ့သို့ အစွမ်းထက်လှသော နတ်ဘုရားရတနာမျိုးကို ဤလူက ဘာဖြစ်လို့ နှစ်ခုတောင် ပိုင်ဆိုင်ထားရသနည်း။
ကောင်းကင်ဖဲကြိုး သည် သူ့ကို တိုက်ရိုက်ပင် တုတ်နှောင်ထားသဖြင့် လုံးဝလှုပ်ရှား၍မရ ဖြစ်နေတော့သည်။
သူသည် မည်သည့်တန်ခိုးစွမ်းအားကိုမဆို ထုတ်ဖော်ပါစေ ကောင်းကင်ဖဲကြိုးနီ၏ တုတ်နှောင်မှုကိုမူ ဖျက်ဆီးပစ်နိုင်ခြင်းမရှိပေ။
ထို့အပြင် ဤနတ်ဘုရားမီးတောက်သည် ကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်ခြင်းမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သေချာပေါက် သန့်စင်ခြင်းကို ခံရမည် ဖြစ်ပေသည်။
လက်ရှိတွင် သူသည် ၎င်းထဲမှ အလွန်တရာ ပြင်းထန်လှသော နာကျင်မှုများကို ခံစားနေရပြီ ဖြစ်ပေသည်။
သူ ဤကမ္ဘာမြေသို့ ဆင်းသက်လာခဲ့ကတည်းက ယခုကဲ့သို့သော ဘေးဒုက္ခမျိုးနှင့် တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးပေ။
ကောင်းကင်ဖဲကြိုးနီ၏ နတ်ဘုရားမီးတောက်သည် မိုင်ပေါင်းဆယ်ချီ ဝေးကွာသော နေရာအထိ စက္ကန့်ပိုင်းအတွင်း လွှမ်းခြုံသွားခဲ့ပြီး ဤနေရာသို့ မည်သူမျှ မချဉ်းကပ်ရဲကြတော့ပေ။
လီယန်ချူသည် ကောင်းကင်ဖဲကြိုးနီကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ဤကောင်းကင်လူသားမျိုးနွယ်ကို ဤနေရာတွင် တိုက်ရိုက်ပင် လောင်ကျွမ်းသတ်ဖြတ်ရန် ပြင်ဆင်လိုက်တော့သည်။
မီးနတ်ဘုရား ဥပဒေသခန္ဓာသည်လည်း တန်ခိုးစွမ်းအားမျိုးစုံကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်ပြီး ကောင်းကင်ပတ်ကြိုးနီ၏ စွမ်းပကားကို ထပ်မံဖြည့်စွက်ပေးလိုက်တော့သည်။
ကောင်းကင်ဖဲကြိုးနီထံမှ အလင်းတန်းများ ပိုမိုတောက်ပလာခဲ့ပြီး မီးနတ်ဘုရားဟူသော ဤရှေးဟောင်းနတ်ဘုရား၏ လက်ထဲတွင် ကိုင်ဆောင်လိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် ပိုမို၍ တင်းကျပ်သွားတော့သည်။
ဂျွတ်... ဂျွတ်...
ဤကောင်းကင်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်ထဲမှ အသံများ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
ကောင်းကင်လူသားမျိုးနွယ်၏ စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှပြီး ယခုကဲ့သို့သော အခြေအနေမျိုးတွင်ပင် လုံးဝပျက်စီးသွားခြင်းမရှိပေ။
ဤကောင်းကင်လူသားမျိုးနွယ်သည် တန်ခိုးစွမ်းအားများကို လှုံ့ဆော်လိုက်ရာ မျက်ဝန်းအစုံထဲမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အလွှာလွှာကို ဖြတ်သန်းကာ တိမ်ပင်လယ်ကြီး၏ အထက်သို့ ကျရောက်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်သည် အခိုက်အတန့်အတွင်း ကြီးမားလာပြီး နောက်တစ်ကြိမ်တွင်မူ ပြန်လည်သေးငယ်သွားပြန်သည်။ ဤအပြောင်းအလဲ တန်ခိုးစွမ်းအားကို အသုံးပြု၍ ကွဲအက်ကြောင်းတစ်ခုကို ဖန်တီးလိုက်ပြီး ကောင်းကင်ဖဲကြိုးနီ၏ တုတ်နှောင်မှုထဲကနေ ရုန်းထွက်လွတ်မြောက်သွားတော့သည်။
"ကံကောင်းတာက ကောင်းကင်ဖဲကြိုးနီက သတ်ဖြတ်ခြင်း နတ်ဘုရားရတနာ မဟုတ်လို့ပဲ"
ကောင်းကင်လူသားမျိုးနွယ်က စိတ်ထဲမှ ဆင်ခြင်လိုက်သည်။
သို့သော်လည်း...
လက်ရှိတွင် ယွမ်မုန့်ကျောက်ထဲမှ ပြင်းထန်လှသော တုန်ခါမှုတစ်ခု ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
မီးလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ကောင်းကင်ဖဲကြိုးနီနှင့် အပြန်အလှန် ပဲ့တင်ထပ်နေသည့်နှယ် ရှိနေတော့သည်။
ဤမီးလင်းတန်းထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားများ ကိန်းအောင်းနေသဖြင့် ယွမ်မုန့်ကျောက်ထဲရှိ ကျင့်ကြံသူတိုင်း ခံစားမိပြီးနောက် စိတ်ထဲမှ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင် ဖြစ်နေကြတော့သည်။
ထိုကောင်းကင်လူသားမျိုးနွယ်သည်လည်း ခြွင်းချက်မရှိပေ။
၎င်းမှာ ရွှေဝါရောင် အုပ်ဆောင်းကြီးတစ်ခုဖြစ်ပြီး ၎င်းအပေါ်တွင် မီးနဂါးကိုးကောင်ကို ထုဆစ်ထားကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမီးတောက်များ ကိန်းအောင်းနေတော့သည်။
လက်ရှိတွင် ကောင်းကင်ယံ၌ ထွက်ပေါ်လာပြီး ကောင်းကင်ပတ်ကြိုးနီနှင့် အပြန်အလှန် ပဲ့တင်ထပ်နေတော့သည်။
"နဂါးကိုးကောင်မီးလျှံအုပ်ဆောင်း "
လက်ရှိတွင် ထိုနတ်ဘုရားရတနာကို မြင်တွေ့ရချိန်တွင်မူ ဤကောင်းကင်လူသားမျိုးနွယ်၏ စိတ်ထဲ၌ မကောင်းသော အငွေ့အသက်များ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။