← Chapters

အခန်း (၄၆၆-၄၆၇)

Vol. 44 Ch. 466-467

အခန်း (၄၆၆-၄၆၇)

Vol. 44 Ch. 466-467

အခန်း ၄၆၆ - တောင်းပန်ပါတယ်၊ ငါ ပြန်ရောက်လာပြန်ပြီ

"တစ်လပဲ ရှိသေးတာ။ သူက ဘယ်လိုလုပ် ဒီလောက်မြန်မြန် အားကောင်းလာရတာလဲ"

တစ္ဆေဇူက သံသယဝင်နေသော လေသံဖြင့် ဒေါသတကြီး ရေရွတ်လေသည်။

ယန်နတ်ဘုရားအရှင်သခင် တစ်ဦးအတွက် တစ်လတာအချိန်ဆိုသည်မှာ အသက်ရှူကြိမ်အနည်းငယ် သို့မဟုတ် မျက်စိတစ်မှိတ်အချိန်မျှသာ ရှိသေး၏။ သို့သော်လည်း သူတို့ကို လူသားဧကရာဇ်ခန်းမတမန်တော်သည် သူတို့ကို ယှဉ်ပြိုင်နိုင်လောက်သည်အထိ ရုတ်တရက် သန်မာလာခဲ့သည်။ ပို၍ဆိုးသည်မှာ သူ၏ စိတ်ကြိုက် ပျောက်ကွယ်သွားနိုင်သော ဆန်းကြယ်သည့် စွမ်းရည်ကြောင့် သူတို့က ဘာမှမတတ်နိုင်ဘဲ ခံစစ်တွင်သာ နေရပြီး သူ့ကို စိတ်ကြိုက် တိုက်ခိုက်ခွင့် ပေးထားရသကဲ့သို့ ဖြစ်နေခြင်းပင်။

"ဒီတမန်တော်က မင်းတို့နဲ့ ဘာရန်ငြိုးရှိလို့လဲ။ တစ္ဆေတစ်သောင်းတံခွန်နဲ့ လူသားဧကရာဇ်တံခွန်က တစ်ခုခု ဆက်စပ်နေလို့လား"

ထိုက်ဟွမ်နန်းတော်မှတမန်တော်က နားမလည်သလိုကြည့်ရင်း မေးသည်။

တစ္ဆေဇူ၏မျက်နှာက သိသိသာသာရှုံ့မဲ့သွားလေ၏။

"အဓိပ္ပာယ်မရှိတာ။ သူက လိမ်ညာနေတာ။ ဝိညာဉ်တစ်သောင်းတံခွန်က ငါတို့ရဲ့ မွေးရာပါကောင်းကင်ရတနာပဲ။ ဒါက တခြားလူနဲ့ ဘယ်လိုလုပ် ဆက်စပ်နိုင်မှာလဲ"

တစ္ဆေစိုးမိုးကောင်းကင်ရှိ ကျင့်ကြံသူတိုင်းတွင် မွေးရာပါလက်နက်တစ်ခုစီ ရှိကြပြီး ထိုလက်နက်သည် အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်လက်နက်၊ နတ်ဘုရားလက်နက်နှင့် နောက်ဆုံးတွင် ကောင်းကင်ရတနာအဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့၏လက်နက်မှာ ဝိညာဉ်တစ်သောင်းတံခွန် ဖြစ်သည်။ တံခွန်က အသက်ဝိညာဉ်များကို ဝါးမြိုလေလေ ပို၍ သန်မာလာလေလေ ဖြစ်ပြီး တစ္ဆေစိုးမိုးကောင်းကင် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ပို၍ တိုးပွားစေ၏။

သို့သော် ကွေ့ယွမ်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရေရွတ်လိုက်သည်။

" တစ္ဆေတစ်သောင်းတံခွန်က တကယ်ပဲ သူနဲ့ဆက်စပ်နေတာလား"

တစ္ဆေဇူ၏မျက်နှာ မည်းမှောင်သွားလေသည်။

တစ္ဆေစိုးမိုးကောင်းကင်၏ တံခွန်သခင် ထိန်းချုပ်ထားသော ဖန်ဆင်းရှင်အဆင့်တိုက်ခိုက်ရေးရတနာ ဖြစ်သည့် တစ္ဆေတစ်သောင်းတံခွန် ရှိနေ၏။ တခြားသော တစ္ဆေစိုးမိုးကောင်းကင် ကျင့်ကြံသူများ ပြုလုပ်ထားသည့် ဝိညာဉ်တစ်သောင်းတံခွန်များ အားလုံးသည် ထိုအရာကို အခြေခံထားခြင်း ဖြစ်သည်။ သို့သော်လည်း တစ္ဆေတစ်သောင်းတံခွန်၏ မူလအစမှာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပြီး ယခင်က အထွဋ်အထိပ်တည်ရှိမှု တစ်ဦးပိုင်ဆိုင်ခဲ့သည်ဟုသာ သိရလေသည်။

ထိုအထွဋ်အထိပ်တည်ရှိမှုသည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပြီး တစ္ဆေတစ်သောင်းတံခွန်မှာလည်း လတံခွန်သခင်၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

တမန်တော်က ထိုအထွဋ်အထိပ်၏ မျိုးဆက်ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေခြင်းလား။

ရောက်ရှိနေသော မဟာမူလသဘောတရားအရှင်သခင်သုံးပါးစလုံး တိတ်ဆိတ်သွားကြ၏။ တံခွန်သခင်နှင့် ပတ်သက်သည့် ကိစ္စရပ်များသည် သူတို့ ဆွေးနွေးရမည့်အရာ မဟုတ်ပေ။

"သူက ဘယ်သူပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဝိညာဉ်တစ်သောင်းတံခွန်ကို လိုချင်နေတာက တစ္ဆေစိုးမိုးကောင်းကင်ရဲ့ ရန်သူပဲ။ သူ့ကို ရှင်းပစ်ရမယ်"

တစ္ဆေဇူက ဒေါသတကြီးမှတ်ချက်ချလိုက်၏။သူ့ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုလည်း ဝင်ရောက်လာသည်။ ယခု တွေ့ဆုံမှုအရ တစ္ဆေစိုးမိုးကောင်းကင်သည် လူသားဧကရာဇ်ခန်းမတမန်တော်ကို မတားဆီးနိုင်ကြောင်း သူ သိလိုက်ရသည်။

"ငါတို့ သတိထားရမယ်။ သူ့ကို သာမန် မျိုးကွဲယန်နတ်ဘုရား တစ်ယောက်လို သဘောမထားသင့်တော့ဘူး"

မဟာမူလသဘောတရားအဆင့်အရှင်သခင်များထဲမှ တစ်ဦးကလည်း အကြံပြုလေသည်။

အစပိုင်းတွင် သူတို့က ထိုတမန်တော်ကို ခြိမ်းခြောက်မှုတစ်ခုဟု မထင်ခဲ့ကြချေ။ မူလသဘောတရားအဆင့် တစ်ဦးက သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့ထဲမှ မဟာမူလသဘောတရားအဆင့်များသာ သူ့ကို ရင်ဆိုင်နိုင်ပြီး တစ္ဆေစိုးမိုးကောင်းကင်မှ တခြားသော ယန်နတ်ဘုရားများမှာမူ ထိတွေ့ရုံမျှဖြင့် ကြေမွသွားကြရ၏။

ထိုအချိန်တွင် ကွေ့ယွမ်က တိုက်ဟွမ်နန်းတော်မှတမန်တော်ကို စိုက်ကြည့်လိုက်သည်။

"အရှင်၊ ဒီတမန်တော်က အနီးအနားမှာ အမြဲတမ်း ပုန်းအောင်းနေပြီး နတ်ဆိုးချောက်နက်ကို တိုက်ခိုက်မယ့် ငါတို့ရဲ့ အစီအစဉ်ကို အကြီးအကျယ် နှောင့်ယှက်နေတယ်"

ကွေ့ယွမ်က အားကိုးရာမဲ့စွာ ပြောလေသည်။

တိုက်ဟွမ်နန်းတော်၏ ပံ့ပိုးမှုကြောင့်သာ ဤတိုက်ပွဲကို စတင်နိုင်ခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက တစ္ဆေစိုးမိုးကောင်းကင်သည် နတ်ဆိုးချောက်နက်ကို ရန်စရဲမည် မဟုတ်ပေ။ အထူးသဖြင့် သူတို့ဘက်တွင် ဓားနက်ရှိနေသောကြောင့်ပင်။ အကယ်၍ ဓားနက်သာ မဟာမူလသဘောတရားနယ်ပယ်သို့ ရောက်ရှိသွားပါက တစ္ဆေစိုးမိုးကောင်းကင်သည် ဒုက္ခရောက်ပေလိမ့်မည်။

"ဒီတမန်တော်က တိုက်ဟွမ်နန်းတော်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးနေတာကြောင့် သေရမယ်"

တမန်တော်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေလျက် အေးစက်စွာ ပြောလိုက်၏။

ဓားနက်ကို ဖယ်ရှားရန် အစီအစဉ်မှာ အစစအရာရာ ပြီးပြည့်စုံနေခဲ့သော်လည်း ထိုတမန်တော် ရုတ်တရက် ပေါ်လာခြင်းကြောင့် သူတို့၏ ကြိုးပမ်းမှုများ ပျက်ပြားသွားခဲ့ရသည်။

"လင်းယာအသွင်ပြောင်းလဲခြင်း စတင်တဲ့အခါ သူ သေရလိမ့်မယ်။ သူ့ရဲ့ စစ်မှန်ဝိညာဉ်ပါ ဖျက်ဆီးခံရမှာ ဖြစ်ပြီး တစ်ခုတည်သောခန်းမထဲကို ဝင်ခွင့်တောင် ရမှာမဟုတ်ဘူး"

တိုက်ဟွမ်နန်းတော်မှတမန်တော်က ရဲရဲဝံ့ဝံ့ ကြေညာလေသည်။

တစ္ဆေစိုးမိုးကောင်းကင်မှ မဟာမူလသဘောတရားအရှင်သခင်သုံးပါးစလုံး စိတ်သက်သာရာရစွာ အသက်ရှူလိုက်နိုင်ကြ၏။ တိုက်ဟွမ်နန်းတော်၏ ပံ့ပိုးမှုကို စိတ်ချလိုက်ရသဖြင့် သူတို့ ပို၍ တည်ငြိမ်သွားကြသည်။ အထွဋ်အထိပ် တစ်ဦးက လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်နေသရွေ့ ထိုတမန်တော် မည်မျှပင် သန်မာစေကာမူ သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

"သူ့ကို လောလောဆယ် သောင်းကျန်းခွင့် ပေးထားလိုက်ဦးမယ်"

တစ္ဆေဇူက အေးစက်စွာ ပြောသည်။

လင်းယာအသွင်ပြောင်းလဲခြင်းက မကြာမီ စတင်တော့မည် ဖြစ်သဖြင့် ထိုတမန်တော်အတွက် အချိန် သိပ်မကျန်တော့ပေ။

သို့သော်လည်း ထိုစကား ပြောပြီးပြီးချင်းမှာပင် တစ္ဆေဇူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် တောင့်တင်းသွားရ၏။

"ဒီကောင် ဘယ်လောက်တောင် ရဲတင်းနေတာလဲ" ။ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး နေရာမှဝုန်းခနဲ့ ထလိုက်သည်။

ကျန်သော မဟာမူလသဘောတရားအရှင်သခင်နှစ်ဦးစလုံးမှာလည်း မျက်လုံးများ ပြူးကျယ်သွားကြပြီး တည်ငြိမ်လှသော သူတို့၏ နှလုံးသားများပင် တုန်လှုပ်သွားရ၏။

သွေးနီရောင်မြူခိုးများသည် တစ္ဆေတံခါးတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး သေခြင်းတရားအရှိန်အဝါများက လူတို့၏ အရိုးထဲအထိ စိမ့်ဝင်သွားမတတ် ပြင်းထန်လှလေသည်။ ကြယ်တာရာနယ်မြေတွင် ကြယ်တစ်ပွင့်သည် ရုတ်တရက် တောက်ပလာပြီးနောက် ကြေမွပျက်စီးသွား၏။ ထို့နောက် နောက်ထပ် ကြယ်တစ်ပွင့်လည်း ထိုနည်းအတိုင်း ပျက်စီးသွားပြန်သည်။

ထိုအချိန်တွင် အေးစက်ပြီး ရှတတဖြစ်နေသော အသံတစ်ခု တစ္ဆေတံခါးတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

"တောင်းပန်ပါတယ်၊ ငါ ပြန်ရောက်လာပြန်ပြီ"

"ငါ ပြန်လာတာ ကံကောင်းလို့ပေါ့။ မဟုတ်ရင် ငါ့ကွယ်ရာမှာ အတင်းပြောနေတာတွေကို ငါ ဘယ်လိုလုပ် ကြားရမှာလဲ"

"ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ကို ခိုးယူရဲတဲ့အပြင် ငါ့ကိုပါ မဟုတ်မမှန် စွပ်စွဲရဲတယ်ပေါ့။ တကယ်ကို ခွင့်မလွှတ်နိုင်စရာပဲ"

သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် မိစ္ဆာသွေးဓားကို ကိုင်ဆောင်လျက် မြင့်မားစွာ မတ်တပ်ရပ်နေ၏။ သွေးအလိမ်းလိမ်းဖြင့် သူသည် သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ အေးစက်လှသော အကြည့်များကြောင့် ရောက်ရှိနေသော တစ္ဆေစိုးမိုးကောင်းကင် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြရသည်။

မကြာသေးမီက တစ္ဆေတံခါးသည် ပြင်းထန်သော တိုက်ပွဲကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး သူတို့ ထိတ်လန့်မှုမှ အပြည့်အဝ မလွတ်မြောက်သေးမီမှာပင် သူ ရောက်ရှိလာပြန်ပြီ ဖြစ်၏။

ထို့အပြင် သူသည် ရောက်သည်နှင့် ယန်နတ်ဘုရားအရှင်သခင် နှစ်ဦးကို ထပ်မံ သတ်ဖြတ်လိုက်ပြန်သည်။

ယန်နတ်ဘုရားများမှာ ဂေါ်ဖီထုပ်များကဲ့သို့ ပေါများလှသည် မဟုတ်ပေ။ ကျင့်ကြံသူအချို့မှာ သူတို့ဘဝတွင် ယန်နတ်ဘုရားတစ်ပါးကိုပင် တစ်ခါမျှ မမြင်ဖူးကြသော်လည်း ယခုအခါတွင်မူ သူတို့ ရှေ့မှောက်၌ တစ်ဦးပြီးတစ်ဦး လဲပြိုသွားသည်ကို စောင့်ကြည့်နေရ၏။

"မင်း..."

တစ္ဆေဇူမှာ စကားပင် မဆိုနိုင်တော့ပေ။

ကျန်ရှိနေသော ယန်နတ်ဘုရားအရှင်သခင်များသည် အရပ်ရပ်သို့ ထွက်ပြေးပုန်းအောင်းနေကြပြီး သန်မာသူများကသာ ကျိယွမ်ကို စိုက်ကြည့်နေကြလေသည်။

တိုက်ဟွမ်နန်းတော်မှတမန်တော်က မျက်လုံးများ လက်ခနဲ ဖြစ်သွားလျက် ပြောလိုက်၏။

"တမန်တော်၊ ငါတို့ တစ္ဆေစိုးမိုးကောင်းကင် ခေါင်းဆောင်တွေနဲ့အတူ ထိုင်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ အချိန်ခဏလောက် ပေးမလား"

သူသည် အချိန်ဆွဲရန် ကြိုးစားနေခြင်း ဖြစ်ပြီး လင်းယာအသွင်ပြောင်းလဲခြင်း ရောက်ရှိလာသည်အထိ ထိုတမန်တော်ကို ထိန်းထားနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ငါက မင်းကို ဘာလို့ မျက်နှာသာပေးရမှာလဲ။ ဘာလဲ၊ မင်းက ဝူရန်ဇုလား၊ ဒါမှမဟုတ် အက်ဒီပန်လား"

ကျိယွမ်က တိုက်ဟွမ်နန်းတော်မှတမန်တော်ကို အထင်အမြင်သေးစွာ ကြည့်ရင်း ပြောလိုက်၏။

"မင်းက ငါ့အကြောင်းကို အဆိုးဆုံး ပြောခဲ့တဲ့လူပဲ။ ငါက ရန်ငြိုးထားတတ်တဲ့လူ ဆိုတာ မင်းသိလား။ ဒါကြောင့် မင်းလည်း ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ကို ခိုးတဲ့ သူခိုးတွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိတယ်"

တိုက်ဟွမ်နန်းတော်မှတမန်တော်၏ မျက်နှာမှာ နီမြန်းသွားပြီးနောက် ဖြူဖျော့သွားကာ မယုံကြည်နိုင်ဘဲ မေးလေသည်။

"ငါ ဘယ်သူလဲ၊ ငါ့နောက်ကွယ်မှာ ဘယ်လို အာဏာရှိလဲဆိုတာ မင်း သိရဲ့လား"

"မင်းက ငါ့ကို သေစေချင်နေတာပဲ။ ငါက မင်းရဲ့ အာဏာကို ဘာလို့ ဂရုစိုက်ရမှာလဲ"

ကျိယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ပြောလိုက်၏။

ထိုတမန်တော်သည် အသိဉာဏ် နည်းပါးလွန်းသည်ဟု သူ ထင်မြင်မိသည်။ သူ၏ ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော လူမျိုးများကို အများအပြား တွေ့ခဲ့ဖူးလေသည်။

တမန်တော်သည် ကျိယွမ်၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားမိသဖြင့် ထိတ်လန့်သွားသော်လည်း ရဲတင်းစွာပြန်ပြောလိုက်၏။

"လင်းယာအသွင်ပြောင်းလဲခြင်းက မကြာခင် စတင်တော့မှာ။ မင်း အပိုအလုပ်တွေ မလုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဆဌမကောင်းကင်ဘုံမှာ မင်း နေစရာနေရာ ရှိမှာမဟုတ်ဘူး"

ထိုတမန်တော်၏ မာနမှာ သူ၏ နောက်ခံအာဏာပေါ်တွင် အခြေခံနေခြင်း ဖြစ်သည်။

"ငါ အကြံတစ်ခု ပေးရမလား"

ကျိယွမ်က ပြုံးရင်း မေးလိုက်၏။

"ဒီည မင်း တစ္ဆေအပြစ်(တစ္ဆေဇူ)နဲ့ တစ္ဆေအမြစ်(ကွေ့ယွမ်)တို့ရဲ့ အခန်းထဲမှာပဲ တူတူအိပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင်... မင်း သိတဲ့အတိုင်းပဲ"

ကျိယွမ်၏လေသံထဲတွင် ခြိမ်းခြောက်မှုတစ်ခု သိသိသာသာပါဝင်နေ၏။

တစ္ဆေဇူနှင့် ကွေ့ယွမ်တို့သည် ဒေါသကြောင့် မျက်နှာများ နီမြန်းသွားကြပြီး ကျိယွမ်ကို ချက်ချင်း တိုက်ခိုက်လိုက်ကြလေသည်။

တိုက်ဟွမ်နန်းတော်မှတမန်တော်၏ မျက်နှာမှာလည်း နီလိုက်ဖြူလိုက် ဖြစ်နေ၏။ သူသည် ကျိယွမ်၏ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ရှေ့သို့ ထွက်မိခြင်းအတွက် နောင်တရနေမိသည်။

"ပြောမနေနဲ့ တိုက်.."

မဟာမူလသဘောတရားအရှင်သခင်သုံးပါးစလုံး တိုက်ခိုက်လိုက်ကြ၏။

ကျိယွမ်က သူတို့၏တိုက်ကွက်များကို ကြည့်ကာ တောက်ပစွာပြုံးရင်း ပြောလေသည်။

"ငါ့ရဲ့ စွမ်းအားတွေကို နောက်တစ်ခါအတွက် ချန်ထားရဦးမယ်။ ဒါကြောင့် ငါ့ရဲ့ ချစ်လှစွာသော မျှော်လင့်ခြင်းလမင်းများကို ဒီမှာပဲ ထားခဲ့တော့မယ်။ နှုတ်ဆက်ပါတယ်"

သူ၏ မျှော်လင့်ခြင်းလမင်းများထဲတွင် အချို့မှာ တခြားလူများထက် ပို၍ တောက်ပကြ၏။ မဟာမူလသဘောတရားအရှင်သခင်များကတော့ အတောက်ပဆုံး ဖြစ်ကြသည်။

ထို့နောက် ကျိယွမ်သည် တွန့်ဆုတ်မနေဘဲ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"အား..."

တစ္ဆေဇူက ဒေါသတကြီး အော်ဟစ်လိုက်၏။

ယန်နတ်ဘုရားအရှင်သခင်များ အားလုံးကတော့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြကုန်သည်။

အထူးသဖြင့် ကောင်းကင်ဘုံနေရာယူအဆင့် ကျင့်ကြံသူများသည် အလွန် ထိတ်လန့်နေကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်နတ်ဘုရား သုံးဦး သေဆုံးသွားသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ အကယ်၍ လွန်ခဲ့သော တစ်လက အဖြစ်အပျက်ကိုပါ ထည့်သွင်းရေတွက်လျှင် ထိုအရေအတွက်မှာ ခုနစ်ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

တစ္ဆေစိုးမိုးကောင်းကင်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်။

"တစ္ဆေဇူ၊ တစ္ဆေတံခါးမှာ ဟာကွက်တွေ အများကြီး ရှိနေပြီ။ ငါတို့ ဒီမှာ ဆက်နေရင် ကပ်ဘေးနဲ့ ကြုံရလိမ့်မယ်..."

သူတို့သည် တစ္ဆေစိုးမိုးကောင်းကင်သို့ ပြန်သွားချင်ကြပြီး တစ္ဆေတံခါးမှ ထွက်ခွာချင်ကြသည်။ ထိုတမန်တော်က မည်သည့်အချိန်တွင် ပြန်လည် တိုက်ခိုက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

အမှန်တကယ်တွင် ယခုချက်ချင်းကြီး ရုတ်တရက် ပြန်ပေါ်လာလျှင်ပင် မည်သူမျှ အံ့သြကြမည် မဟုတ်ပေ။ သူသည် ယခင်ကလည်း အသက်ရှူကြိမ်အနည်းအတွင်းမှာပင် နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် တိုက်ခိုက်ခဲ့ဖူးသည်။

စိုးရိမ်ပူပန်နေကြသော ယန်နတ်ဘုရားအရှင်သခင်များသည် ပတ်ဝန်ကျင်ကို အမြဲမပြတ် စောင့်ကြည့်နေကြရ၏။

"ဒီမှာ ဆက်နေတာက သိပ် အန္တရာယ်များတယ်"

"ငါတို့က နတ်ဆိုးချောက်နက်ကို ရင်ဆိုင်ဖို့ လာခဲ့တာ။ ဒါပေမဲ့ အခုတော့ အများကြီး ဆုံးရှုံးသွားရပြီ"

သူတို့၏ ရေရွတ်သံများ ပိုမိုကျယ်လောင်လာပြီး ဆုတ်ခွာလိုသော အရိပ်အယောင်များ ပြသလာကြသည်။

တစ္ဆေဇူ၏ မျက်နှာ မည်းမှောင်သွားသော်လည်း သူတို့ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိတော့ပေ။

သူ မည်သို့ လုပ်နိုင်မည်နည်း။ သူကိုယ်တိုင်ပင် ထိုတမန်တော်ကို မသတ်နိုင်ဘဲ ရှိနေ၏။

သူတို့ ဘာလုပ်သင့်သနည်း။ အုပ်စုဖွဲ့၍ ကျင့်ကြံပြီး အမြဲမပြတ် စောင့်ကြည့်နေရမည်လား။

ထိုအချိန်တွင် ကျယ်ပြောပြီး ဆန်းကြယ်သော အသံတစ်ခု ယန်နတ်ဘုရားအရှင်သခင်များ အားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။

"တစ္ဆေတစ်သောင်းတံခွန်ရဲ့ အရိပ်က တစ္ဆေတံခါးကို လွှမ်းခြုံထားလိမ့်မယ်။ အားလုံး စိတ်အေးအေးထားကြပါ"

ထိုအသံကို ကြားလိုက်ရသောအခါ ရောက်ရှိနေသော ယန်နတ်ဘုရားများ အားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

"ကျေးဇူးတင်ပါတယ်၊ တံခွန်သခင်"

ထိုအသံမှာ တစ္ဆေစိုးမိုးကောင်းကင်၏ ဒေါက်တိုင်ဖြစ်သော တံခွန်သခင်ကိုယ်တိုင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ယခုအခါတွင်မူ တံခွန်သခင်သည် တစ္ဆေတစ်သောင်းတံခွန်၏ အရိပ်ဖြင့် တစ္ဆေတံခါးကို ဖုံးလွှမ်းကာ ကာကွယ်ပေးထားမည် ဖြစ်သဖြင့် ထိုတမန်တော်၏ တိုက်ခိုက်မှုများကို စိုးရိမ်စရာ မလိုတော့ပေ။

တံခွန်သခင်၏ အသံ ပျောက်ကွယ်သွားပြီးနောက် မကြာမီမှာပင် ကြီးမားလှသော တစ္ဆေတစ်သောင်းတံခွန်ကြီး ပေါ်လာပြီး ကြယ်စင်များကို လွှမ်းခြုံနိုင်လောက်သည်အထိ တစ္ဆေတံခါးတစ်လျှောက် ကျယ်ပြန့်စွာ တည်ရှိနေ၏။ ထိုကြီးမားလှသော တံခွန်ကြီးအတွင်း၌ ကြောက်မက်ဖွယ်ဝိညာဉ်များသည် အရပ်ရပ်ကို စောင့်ကြည့်လျက် တစ္ဆေတံခါးကို ကာကွယ်ပေးထားကြလေသည်။

၄င်းကို မြင်လိုက်ရသောအခါ ယန်နတ်ဘုရားအရှင်သခင်များသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

"တစ္ဆေတစ်သောင်းတံခွန် ရှိနေတာကြောင့် လူသားဧကရာဇ်ခန်းမတမန်တော် ဘယ်လိုမှ ဝင်လာလို့ ရမှာမဟုတ်ဘူး"

"တကယ်လို့ သူ ဝင်လာရင်တောင် သတိပေးစနစ်က ငါတို့ကို အသိပေးမှာ ဖြစ်လို့ ကြောက်စရာ မလိုပါဘူး"

"ဒါပေမဲ့ ဒါက ရေရှည်အဖြေတော့ မဟုတ်ဘူး"

အခြား ယန်နတ်ဘုရားအရှင်သခင် တစ်ဦးက သက်ပြင်းချရင်း ပြောသည်။

ထိုတမန်တော် လွတ်မြောက်နေသရွေ့ သူတို့ အပြည့်အဝ စိတ်ချနိုင်မည် မဟုတ်ပေ။ သူ၏ လှုပ်ရှားမှုများက ခန့်မှန်းရ ခက်လွန်းလှပြီး မည်သည့်အချိန်တွင်မဆို ပေါ်လာနိုင်ကာ သူတို့ကို အလစ်အငိုက် တိုက်ခိုက်နိုင်စရာ ရှိသည်။ အကယ်၍ မူလသဘောတရားအဆင့်သို့ မရောက်သေးပါက ထိုတမန်တော်က သူတို့ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်လေသည်။

"သိပ်မကြောက်ကြနဲ့။ လူသားဧကရာဇ်ခန်းမတမန်တော် သောင်းကျန်းနိုင်မယ့် အချိန်က သိပ်မကျန်တော့ပါဘူး"

တိုက်ဟွမ်နန်းတော်မှတမန်တော်က မောက်မာသော လေသံဖြင့် အာမခံလိုက်၏။

သူ၏စကားကို ကြားလိုက်ရသောအခါ ယန်နတ်ဘုရားအရှင်သခင်များ ပို၍ စိတ်အေးသွားကြသည်။

"တိုက်ဟွမ်နန်းတော် ရှိနေတာကြောင့် တမန်တော်က စိုးရိမ်စရာ မရှိပါဘူး"

"လင်းယာအသွင်ပြောင်းလဲခြင်း စတင်တဲ့နေ့က တမန်တော် သေဆုံးမယ့်နေ့ပဲ"

ယန်နတ်ဘုရားအရှင်သခင်များသည် တိုက်ဟွမ်နန်းတော်မှတမန်တော်ကို ချီးမွမ်းခန်းဖွင့်ကြသဖြင့် သူ၏ မာနကို ပို၍ ကြီးထွားစေခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် သူတို့၏ ဆွေးနွေးမှုများ ပြီးဆုံးသွားကာ ယန်နတ်ဘုရားအရှင်သခင်များသည် မိမိတို့၏ နယ်မြေများသို့ ပြန်သွားကြလေသည်။

တစ္ဆေဇူနှင့် ကွေ့ယွမ်တို့လည်း ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။

ထိုစဉ် တိုက်ဟွမ်နန်းတော်မှတမန်တော်သည် ဧကရာဇ်တမန်တော်၏ စကားကို သတိရသွားပြီး အရိုးထဲအထိ စိမ့်အောင် ကျောချမ်းသွားရသည်။

" မင်းတို့နှစ်ယောက်... ဒီည ဒီမှာပဲ နေပြီး... စစ်တုရင်ကစားကြမလား"

အမှန်တကယ်တွင် သူသည် အလွန်ထိတ်လန့်နေပြီး တစ်ယောက်တည်း မနေရဲပေ။

တစ္ဆေတစ်သောင်းတံခွန်က ကာကွယ်ပေးထားသော်လည်း သူ သတိထားကြီးကြီးထားရန်လိုသည်။

...............

အခြားတစ်ဖက်တွင်မူ ဝေးကွာသော နေရာတစ်ခု၌ ကျိယွမ်သည် တစ္ဆေတံခါးဘက်သို့ ကြည့်ကာ စိတ်ပျက်နေသော မျက်နှာဖြင့် ရှိနေ၏။

"တော်တော် ရှက်ဖို့ကောင်းတာပဲ။ ဖန်ဆင်းရှင်အဆင့်တိုက်ခိုက်ရေးရတနာကို အကာအကွယ်အနေနဲ့ သုံးနေတယ်ဆိုတော့ ငါ ဘယ်လိုလုပ် ဝင်ရမှာလဲ"

သူက ကဲ့ရဲ့လိုက်သည်။

သူ ဝင်ရောက်နိုင်သေးသော်လည်း ယခုအချိန်တွင် ဝင်ရောက်ပါက သူ၏ တည်ရှိမှုကို သူတို့ ချက်ချင်း သိရှိသွားကြပေလိမ့်မည်။

သူတို့ သိသွားပါက သူ၏ အလစ်အငိုက် တိုက်ခိုက်မှုများက ထိရောက်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုယန်နတ်ဘုရားအရှင်သခင်များ၏ ထွက်ပြေးနိုင်သော အရှိန်သည် သူနှင့် တူညီနေသောကြောင့် ဖြစ်၏။

သူ ကြားဖူးသည့် တိုက်ခိုက်ရေးဝိညာဉ်တိုက်ကြီး ဟုခေါ်သော ကုန်းမြေတွင်မူ သာမန် တိုက်ခိုက်ရေးသမား တစ်ဦးကို ဧကရာဇ် တစ်ဦးက လိုက်လံ ဖမ်းဆီးပါက ဧကရာဇ်၏ မြင်းက မမြန်သရွေ့ ထိုတိုက်ခိုက်ရေးသမားသည် ကြောက်စရာ မလိုကြောင်း သိရသည်။

တစ္ဆေတစ်သောင်းတံခွန်ကို ကြည့်ရင်း ကျိယွမ်၏ မျက်ဝန်းထဲတွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်လာ၏။

ထိုတံခွန်၏ အကြောင်းအရာကို သူ၏ စိတ်ထဲတွင် ဖော်ပြချက် ပေါ်လာလေသည်။

[ တစ္ဆေတစ်သောင်းတံခွန်၊ ဝိညာဉ်ပေါင်းများစွာဖြင့် ပြုလုပ်ထားသော အရိပ် ဖြစ်ပြီး ဝိညာဉ်တိုက်ခိုက်မှုများတွင် အလွန် ကျွမ်းကျင်သည်။ အချို့သော အခြေအနေများအောက်တွင် မဟာမူလသဘောတရားအဆင့် တစ်ဦးကိုပင် ပိတ်လှောင်ထားနိုင်သည်။ ]

ကျိယွမ် သက်ပြင်းချလိုက်၏။

"သူ့ရဲ့ အားနည်းချက်ကို ဘာလို့ ပြမပေးရတာလဲ"

သူ၏ မျက်လုံးများသည် သူ ကြည့်လိုက်သော အရာတစ်ခု၏ အချက်အလက်အသစ်ကို ဖော်ပြပေးနိုင်စရာ ရှိသည်။ တစ်ခါတစ်ရံတွင် အားနည်းချက်များ သို့မဟုတ် အရေးကြီးသော အချက်အလက်များကိုပါ ပြသပေးတတ်၏။

သို့သော် ယနေ့တွင်မူ တစ္ဆေတစ်သောင်းတံခွန်နှင့် ပတ်သက်သော အချက်အလက်များက သူ့အတွက် အသုံးမဝင်ပေ။ အကယ်၍ အားနည်းချက်ကို ပြသပေးခဲ့လျှင် သူသည် ထိုတံခွန်ကို ကျော်ဖြတ်ပြီး ရာဇဝတ်ကောင်များကို သတ်ဖြတ်ကာ လူသားဧကရာဇ်တံခွန်ကို ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ထိုသို့ တွေးရင်း သူသည် အသစ်ရရှိထားသော ဝိညာဉ်တစ်သောင်းတံခွန်ကို မြေပြင်ပေါ်တွင် တင်လိုက်ပြီး ပို၍ တရားမျှတသော ရည်ရွယ်ချက်အတွက် ပြောင်းလဲရန် စတင်လိုက်လေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ကျိယွမ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

"တစ္ဆေတစ်သောင်းတံခွန်ရဲ့ နောက်ထပ် ဆယ်ပုံတစ်ပုံနဲ့ ဆိုရင်တော့ ဒါက နောက်ဆုံးမှာ ပုံစံပေါ်လာပြီ"

ပြီးခဲ့သည့်အကြိမ်က သူသည် တစ္ဆေဇူထံမှ အတော်များများ သိမ်းပိုက်နိုင်ခဲ့သည်။

လတ်တလော ရရှိထားသော အရာများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ လူသားဧကရာဇ်တံခွန်သည် သိသိသာသာ ကြီးထွားလာခဲ့၏။

ယခုအခါ ၎င်း၏ စွမ်းအားမှာ အဆင့်နိမ့်ဖန်ဆင်းရှင်ရတနာများနှင့် တူညီနေပြီ ဖြစ်သည်။

"မဆိုးပါဘူး။ မှောင်မိုက်ပြီး စက်ဆုပ်စရာကောင်းတဲ့ တစ္ဆေတစ်သောင်းတံခွန်ထက်တော့ အများကြီး ပိုကောင်းတယ်"

ကျိယွမ်သည် လူသားဧကရာဇ်တံခွန်ကို မြှောက်ကိုင်လိုက်ရာ တောက်ပသော အရှိန်အဝါများ ဖြာထွက်နေသည်ကို ခံစားလိုက်ရ၏။

ထိုစဉ် သူ၏ လက်ထဲမှ တံခွန်သည် တစ္ဆေတစ်သောင်းတံခွန်ကို ကြည့်ကာ ဟောင်နေသော ခွေးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး လေထဲတွင်တလူလူဖြစ်ကာ ကျိယွမ်၏ လက်ထဲမှ ရုန်းထွက်၍ ထိုအရာကို ဝါးမြိုလိုနေသကဲ့သို့ ဖြစ်နေသည်။

တံခွန်၏ သခင်အနေဖြင့် ကျိယွမ်သည် ထိုတံခွန်ကို ဝါးမြိုလိုသော ပြင်းထန်သည့် ဆန္ဒကို ခံစားမိလေသည်။

ကျိယွမ်၏ မျက်လုံးများ လင်းခနဲ ဖြစ်သွား၏။

"တော်တော် ရဲရင့်တာပဲ။ ငါ့ရဲ့ လူသားဧကရာဇ်တံခွန် ဖြစ်ရကျိုးနပ်ပါတယ်။"

"ဒီရတနာက သူ့သခင်နဲ့ တူတာပဲ။ ငါက တကယ်ကို ထူးခြားတာ ဖြစ်ရမယ်"

"သူက ငါ့ရဲ့ အရည်အချင်းတွေကိုတောင် ဆက်ခံထားတာပဲ"

"ကဲ၊ အခု မင်းကို တာဝန်တစ်ခု ပေးမယ်။ တစ္ဆေတစ်သောင်းတံခွန်ကို သွားပြီး ဝါးမြိုလိုက်စမ်း"

ထို့နောက် ကျိယွမ်သည် သူ၏ လက်ကို လွှတ်လိုက်၏ ။ တံခွန်၏ စွမ်းရည်ကို သူက ဟန့်တားထားသကဲ့သို့ ဖြစ်နေပုံရသည် ။ သူသာမဟန့်တားထားပါက ၎င်းသည် တစ္ဆေတစ်သောင်းတံခွန်ကို လွတ်လပ်စွာ ဝါးမြိုနိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း သူ လက်လွှတ်လိုက်သည်နှင့် လူသားဧကရာဇ်တံခွန်၏ ပြင်းထန်သော ဆန္ဒများ ပျောက်ကွယ်သွားသည်။ ၎င်း၏ အဝတ်စများမှာလည်း တွဲလောင်းကျသွားပြီး မကြာသေးမီက ပြသခဲ့သော ပြင်းထန်သည့် စိတ်ဓာတ်များ မရှိတော့ဘဲ သက်မဲ့အရာတစ်ခုကဲ့သို့ ဖြစ်သွား၏။

၄င်းကို မြင်လိုက်ရသောအခါ ကျိယွမ် စကားပင် မဆိုနိုင်တော့ပေ။

"ဒီလောက်တောင် ကြောက်ရလား"

"မင်းက ငါ့ရဲ့ သတ္တိကို ဘာလို့ ဆက်ခံမထားတာလဲ"

ကျိယွမ်က စိတ်ထဲတွင် ကျိန်ဆဲရင်း လူသားဧကရာဇ်တံခွန်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

သူသည် ထိုအရာကို လူတောသူတောထဲတွင် သူ့ကို အရှက်ခွဲခွင့် ပေးမည် မဟုတ်ပေ။

တော်ကြာ ဟောင်ပဲဟောင်တတ်တဲ့ ခွေးအလံလို လူတွေဝိုင်းပြောနေဦးမယ် ။

...

နတ်ဆိုးတောင်ကြားအတွင်း၌ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် မှိုတစ်ပွင့်ကို စားရင်း စိတ်ပျက်နေသော မျက်နှာဖြင့် ရှိနေ၏။

"ဒီနေ့တော့ ကြယ်တွေကြွေတာကို ငါ မြင်ရမှာ မဟုတ်တော့ဘူး ထင်တယ်"

အနီးအနားတွင် ရှိနေသော တခြား ပါရမီရှင်များသည် လတ်တလော အဖြစ်အပျက်များကြောင့် ထိတ်လန့်နေကြဆဲ ဖြစ်သည်။

"လူသားဧကရာဇ်ခန်းမရဲ့ တမန်တော်က... ကြောက်စရာကောင်းတယ် ။ တားဆီးလို့မရဘူး။ တစ္ဆေတံခါးကို ဘာအတားအဆီးမှ မရှိသလို ဖြတ်သန်းသွားတာပဲ"

"တစ်ရက်တည်းနဲ့ သူ ကြယ်အများကြီးကို ဖျက်ဆီးပစ်ခဲ့တာ။ ဒါက တကယ်ကို ကြောက်စရာကောင်းတယ်"

"ဟူး... နတ်ဆိုးချောက်နက်မှာ ဒီလို အရည်အချင်းမျိုး ရှိတဲ့လူ ရှိပါ့မလား"

ပါရမီရှင်များသည် သူတို့၏ အမြင်များကို မျှဝေနေကြ၏။

သူတို့သည် တစ္ဆေစိုးမိုးကောင်းကင်နှင့် အချိန်အတော်ကြာအောင် ရင်ဆိုင်ခဲ့ကြသော်လည်း ယန်နတ်ဘုရားတစ်ပါးကိုမျှ မသတ်နိုင်ခဲ့ကြချေ။ သို့သော် ထိုတမန်တော် ရောက်ရှိလာပြီးနောက် ယန်နတ်ဘုရားများကို ဂေါ်ဖီထုပ်များကဲ့သို့ အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့သည်။

ထိုမြင်ကွင်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

"သူငယ်ချင်းတို့၊ သူ့အကြောင်းကို သိပ်ပြီး ချီးမွမ်းမနေကြနဲ့ဦး"

အနီးအနားတွင် ရပ်နေသော အန်းရွှန်းလုက သတိပေးလိုက်၏။

"ဘာလို့လဲ။ ငါတို့က သူ့ကို မဟုတ်မမှန် ပြောနေတာ မဟုတ်ပါဘူး၊ ချီးမွမ်းနေတာပဲဥစ္စာ။ ဒါက သူ့ကို စိတ်ဆိုးစေမှာလား"

တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။

"ဟွန့်။ ငါတို့ထဲက ဘယ်သူမှ ဒီအရှင်သခင်ကို မတွေ့ဖူးကြဘူး။ သူ့ရဲ့ စိတ်နေသဘောထားကို ဘယ်သူသိမှာလဲ။ ငါတို့က သူ့ကို သရော်နေတာလို့ သူ ထင်သွားရင် ဘယ်လိုလုပ်မလဲ"

အန်းရွှန်းလုက ပြန်ပြောလိုက်၏။

တခြား ပါရမီရှင်များကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။

သန်မာသူများ၏ ဆန်းကြယ်သော လမ်းစဉ်များသည် နားလည်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ခန့်ညားထိတ်လန့်စေတတ်၏။

"မှန်ပါတယ်။ သူ့ရဲ့ ကြီးမြတ်မှုအကြောင်း ဆွေးနွေးတာကို ရှောင်ကြဉ်ကြရအောင်"

အုပ်စုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ယန်နတ်ဘုရားများသည် ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်လှသဖြင့် လူသားဧကရာဇ်ခန်းမတမန်တော်က မည်သည့်အချိန်တွင် ပြန်လည် ပေါ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

သူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း သံသယများမှာ အဆုံးမရှိ ဖြစ်နေ၏။

"လင်းယာအသွင်ပြောင်းလဲခြင်းတောင် မစသေးဘူး၊ ဒီလို ဆန်းကြယ်တဲ့ လူတွေ ပေါ်လာပြီ။ တကယ် စတင်တဲ့အခါကျရင် ပုန်းအောင်းနေတဲ့ သန်မာသူတွေ ဘယ်လောက်တောင် ပေါ်လာဦးမလဲ မသိဘူး"

ရေခဲဓားက အေးစက်ပြီး တည်ငြိမ်သော လေသံဖြင့် ရေရွတ်လိုက်၏။

" ပြောရရင်တော့၊ အရင်က ကြီးမြတ်ခဲ့တဲ့ 'နေမင်းဆယ်စင်း' အရှင်သခင် ဘယ်ရောက်နေလဲဆိုတာ ငါ စိတ်ဝင်စားတယ်"

သူကိုယ်တိုင်လည်း ယန်နတ်ဘုရားအရှင်သခင် နယ်ပယ်သို့ ရောက်ရှိထားသဖြင့် ရေခဲဓားသည် ယခင်ကထက် ပို၍ တည်ငြိမ်နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် သတိထား၍ နေလေလေ၊ တိုက်ဟွမ်နန်းတော်က ကောင်းကင်ဘုံကို စစ်ဆေးသည့်အခါ သူ ပို၍ အထင်ကြီးစရာ ကောင်းလေလေ ဖြစ်မည် ဖြစ်သောကြောင့် ဖြစ်၏။

ထို့နောက် စီးဆင်းနေသော ကြယ်စင်မြစ်ကဲ့သို့ သူ့ကို လှောင်ပြောင်ခဲ့ကြဖူးသူများသည်...

"ငါက နေမင်းဆယ်စင်းအရှင်သခင်ကို စိတ်မဝင်စားဘူး။ နင့ကိုပဲ စိတ်ဝင်စားတာ"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ရေခဲဓားကို ကြည့်ရင်း ကြားဖြတ်ပြောလိုက်၏။

"နင် ယန်နတ်ဘုရားနယ်ပယ်ကို ရောက်တဲ့အခါ ယန်နတ်ဘုရားရဲ့ 'ဥ' က သာမန်ဥနဲ့ ဘယ်လိုကွာလဲဆိုတာကို ငါ ကြည့်ချင်လို့"

ရေခဲဓား၏ နှုတ်ခမ်းများ တွန့်သွားပြီး စကားပင် မဆိုနိုင်တော့ပေ။

သူသည် သူ၏ ကြယ်တာရာပုံရိပ်ရောင်ကို ဖုံးကွယ်ရန်သာ ဆက်လက် ကြိုးစားရန် ဆုံးဖြတ်လိုက်၏။

မဟုတ်ပါက သူသည် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ လှောင်ပြောင်မှုကို နှစ်ပေါင်း ရာချီ၍ ခံရပေလိမ့်မည်။

"အား... မင်းတို့ကို တကယ် အားကျမိပါတယ်။ မင်းတို့က စိတ်အေးလက်အေး နေနိုင်ကြပေမဲ့ ငါကတော့ အမြဲတမ်း ထိတ်လန့်မှုတွေနဲ့ ကျင့်ကြံနေရတယ်"

မောပန်းနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ကျိယွမ် ပေါ်လာပြီး သူ၏ မျက်နှာတွင် မောပန်းနေသော အရိပ်အယောင်များ ရှိနေ၏။

တစ္ဆေတံခါးသို့ သွားရောက်၍ ယန်နတ်ဘုရားများကို သတ်ဖြတ်ခြင်းမှာ လွယ်ကူပုံရသော်လည်း အမှန်တကယ်တွင် သူသည် ကြိုးတန်းပေါ်တွင် ကခုန်နေသော သာမန်လူသားတစ်ဦးကဲ့သို့ အမြဲတမ်း သတိထားနေရခြင်း ဖြစ်ပြီး အမှားတစ်ခုခု ရှိပါက ပျက်စီးခြင်းသို့ ရောက်သွားနိုင်၏။

"သွေးဝတ်စုံ၊ နင်ပြန်လာပြီပဲ"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွား၏။

အန်းရွှန်းလုက ကျိယွမ်ကို စောင်းငဲ့ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။

"စီနီယာအစ်ကို၊ မင်း ပန်းပွင့်လမင်းဆန်းကြယ်နယ်မြေမှာ တိုက်ခိုက်ခဲ့တုန်းက သူ့ကို တွေ့ခဲ့လား။ သူက ဘယ်လိုပုံစံလဲ"

ပါရမီရှင်များထဲမှ တစ်ဦးက မနေနိုင်စွာ မေးလိုက်၏။

"ငါ့မျက်နှာကို ကြည့်လိုက်၊ ပြီးတော့ သူ့ကို သွေးချပ်ဝတ်တန်ဆာနဲ့ စိတ်ကူးကြည့်လိုက်၊ အဲဒါ သူပဲ"

ကျိယွမ်က သာမန်ကာလျှံကာ ပြောလိုက်သည်။

"ဟမ်"

ထိုပါရမီရှင်မှာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်နေမိ၏။

အန်းရွှန်းလုက ရေရွတ်လိုက်သည်။

"ဆိုလိုက နင်က သူ့ကို လူအတစ်ယောက်လို စိတ်ကူးကြည့်တာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်..."

"ပြောရရင် စီနီယာအစိကိုဓားနက်ကမှ စိတ်ကူးကြည့်ဖို့ ပိုကောင်းတဲ့လူ မဟုတ်ဘူးလား"

ခရမ်းရောင်ကံကြမ္မာရှောင်လုက ရန်ဖြစ်ရန် ပြင်လိုက်သော်လည်း ကျိယွမ်က သူမ မစတင်မီ သူမ၏ လက်စကို လှမ်းဆွဲလိုက်၏။

"ရှောင်လု..ငါ နင့်ရဲ့ အကူအညီတစ်ခု လိုချင်လို့"

ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာရှောင်လုထံသို့ အရေးကြီးသော ကိစ္စတစ်ခုအတွက် အကူအညီတောင်းရန်လာခဲ့ခြင်း ဖြစ်သည်။

"ဘာကိစ္စလဲ"

သူမက ပါးပြင်လေးများ ရဲခနဲ ဖြစ်သွားလျက် မေး၏။

မကြာသေမီးက သူမသည် သူ့ကို "အဖေ" ဟု နောက်ပြောင်၍ ခေါ်ခဲ့ဖူးပြီး ငြင်းပယ်ခံခဲ့ရသည်ကို သတိရမိသည်။

သူမက သူ့ကို ကျွန်မ နောက်နေတာပါ။ ဘယ်သူ့ကိုမှ မပြောပါနဲ့" ဟု ပြောချင်နေမိ၏။

"လာပါ၊ ပိုပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခု သွားရအောင်"

ကျိယွမ်က ခရမ်းရောင်ကံကြမ္မာရှောင်လုကို ဆွဲခေါ်သွားရင်း ပြောလိုက်၏။

သူတို့၏ စကားပြောသံကို တခြားလူများ ကြားသွားမည်ကို သူ မလိုလားသဖြင့် ဘေးကင်းသော နေရာတစ်ခုကိုသွားရန် လိုအပ်သည်။

အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦးသည် ကျိယွမ်၏ ကိုယ်ပိုင်ဂူထဲသို့ ဝင်လာခဲ့ကြ၏။

"နင် သိလား... အချိန်တွေ ပိုမြန်မြန် ကုန်ဆုံးပြီး တစ္ဆေတံခါးမှာ ရှိတဲ့ တစ္ဆေတစ်သောင်းတံခွန်ကို လှမ်းမြင်နိုင်တဲ့ ဆန်းကြယ်တဲ့ နေရာမျိုး ဘယ်မှာရှိလဲ"

သူမကို စိုက်ကြည့်ရင်း သူက တိုးတိုးလေး မေးလိုက်သည်။

"ဟမ်"

ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ စိတ်ရှုပ်ထွေးသွားပြီး သူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ ရှိနေ၏။

၎င်းက သူမအတွက် ထူးဆန်းနေသော်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကျွန်မကို နှစ်နာရီ အချိန်ပေး... မဟုတ်ဘူး၊ တစ်နာရီပဲ၊ ရှင့်အတွက် အဖြေ ရှာပေးမယ်"

သူမ စုံစမ်းရပေလိမ့်မည်။

"ကျေးဇူးပဲ"

ကျိယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွား၏။

သူသည် ထိုကဲ့သို့သော နေရာကို အရေးကြီးသော အကြောင်းပြချက်ကြောင့် ရှာဖွေနေခြင်း ဖြစ်သည်။

သူ၏ မျက်လုံးများသည် တစ္ဆေတစ်သောင်းတံခွန်ကို ကြည့်သည့်အခါတိုင်း လျှို့ဝှက်ချက်များကို ဖော်ပြပေးနိုင်သော်လည်း တစ်ရက်လျှင် သဲလွန်စက တစ်ခုတည်းသာ မြင်ရခြင်းမှာ နှေးကွေးလွန်းလှသည်။

အကယ်၍ အချိန် ပိုမြန်မြန် စီးဆင်းသော နေရာတစ်ခု ရှိနေပါက ပို၍ ကောင်းပေလိမ့်မည်။

ထိုနည်းဖြင့် ဆဌမကောင်းကင်ဘုံတွင် တစ်ရက်သာ ကုန်ဆုံးသော်လည်း ထိုဆန်းကြယ်နယ်မြေတွင်မူ တစ်နှစ်တာအချိန် ကုန်ဆုံးသွားမည် ဖြစ်သဖြင့် သူသည် တစ္ဆေတစ်သောင်းတံခွန်ကို ၃၆၅ ကြိမ်တိုင်တိုင် စစ်ဆေးနိုင်မည် ဖြစ်ပြီး အချက်အလက်များစွာကို စုဆောင်းနိုင်မည် ဖြစ်သည်။

ထိုအခါ သူသည် တစ္ဆေတစ်သောင်းတံခွန်၏ အားနည်းချက်ကို ရှာဖွေနိုင်ပေလိမ့်မည်။

ပြီးတော့ ဘေးကင်းသော နေရာတစ်ခု ရရှိပါက သူသည် မူလသဘောတရားတံခါးကို အသုံးပြု၍ သူ၏ စိတ်ဝိညာဥ်များကို အခြားစကြဝဠာတစ်ခုတွင် မူလသဘောတရား၏ နိယာမများကို စုပ်ယူစေနိုင်မည် ဖြစ်ပြီး သူ၏ စွမ်းအားကိုလည်း တိုးတက်စေမည် ဖြစ်သည်။

ထိုအချိန်တွင် နတ်ဆိုးတောင်ကြား၌ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ဝေးကွာသော နေရာသို့ ကြည့်ရင်း သူ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေ၏။

"ဘယ်သူက... ဓားနက်ကို လုပ်ကြံဖို့ ကြံစည်နေတာလဲ"

ပြီးခဲ့သည့်အကြိမ်က ဓားနက်သည် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး မူလမိစ္ဆာသွေးထဲမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ယူဆောင်လာသော ခြိမ်းခြောက်မှုမှာ ခရမ်းရောင်ကံကြမ္မာဘိုးဘေးအတွက် အလွန် ပြင်းထန်လှ၏။ နတ်ဆိုးချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော မမြင်ရသည့် လက်တစ်ဖက်က အရိပ်ထဲတွင် မကောင်းသောအရာတစ်ခုကို ကြိုးကိုင်နေသကဲ့သို့ ခံစားရသည်။

လူသားဧကရာဇ်ခန်းမတမန်တော်ကြောင့် တစ္ဆေတံခါးတွင် ဖြစ်ပွားခဲ့သော လတ်တလော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း အကြောင်းကို သိလိုက်ရသည့်အခါ ထိုစိုးရိမ်မှုမှာ ပို၍ ပြင်းထန်လာခဲ့သည်။

လင်းယာအသွင်ပြောင်းလဲခြင်းပင် မစတင်ရသေးသော်လည်း ယန်နတ်ဘုရားများစွာ သေဆုံးခဲ့ရပြီ ဖြစ်၏။ အမှန်တကယ် စတင်သည့်အခါတွင်မူ မည်မျှပင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာမည်နည်း။ ထိုအရာမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်တော့ချေ။

စိုးရိမ်မှုများဖြင့် သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးတောင်ကြား၏ အစွန်းသို့ ရောက်ရှိသွားလေသည်။

သူသည် ထိုနေရာတွင် ရပ်နေပြီး လူတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ မသိနိုင်သော နေရာသို့ စိုက်ကြည့်နေ၏။

အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် တိုးညင်းသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး ထိုပဲ့တင်သံအတွင်း၌ ဝေးကွာသော နေရာမှ နဂါးဖြူတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကိုယ်ကို မတ်လိုက်ပြီး ထိုအသံထွက်ပေါ်လာရာ အရပ်သို့ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်၏။

"နဂါးဖြူချောက်နက်အရှင်သခင်ကို ကြိုဆိုပါတယ်"

"အင်း... ဘိုးဘေးငယ်။ မတွေ့ရတာ ကြာပြီပဲ။ နင်က အရင်ကထက် ပိုပြီး ကြည့်ကောင်းလာတာပဲ။ နင့်ရဲ့ သခင်ထက်တော့ အများကြီး ပိုပြီး သဘောကောင်းပုံရတယ်"

အမျိုးသမီးပုံရိပ်တစ်ခုသည် ဆန်းကြယ်သော စွမ်းအင်များနှင့်အတူ ပေါ်လာလေသည်။ မြင့်မားပြီး ကျော့ရှင်းလှသော သူမ၏ နဖူးတွင် ထင်ရှားလှသော နဂါးချိုနှစ်ချောင်း ရှိနေ၏။ သို့သော်လည်း အထူးခြားဆုံးမှာ သူမ၏ မျက်လုံးများကို ဖုံးအုပ်ထားသော အဝတ်နက်ပင် ဖြစ်သည်။ ထိုအဝတ်ကို ဖယ်ရှားလိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာနိုင်သည်ဟု ဆိုကြသဖြင့် ၎င်းကို သူမအနေနှင့် ဖယ်ရှားခဲသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ထိုအမျိုးသမီးကို ရိုသေစွာ ဦးညွှတ်လိုက်၏။

လင်းယာအသွင်ပြောင်းလဲခြင်းက နီးကပ်လာပြီ ဖြစ်သဖြင့် ကောင်းကင်ဘုံအသီးီး၏ သန်မာသူများက ပြင်ဆင်နေကြဆဲတွင် အဓိကအုပ်စုများ၏ ခေါင်းဆောင်များသည် တံခါးပိတ် ဆွေးနွေးနေကြပြီ ဖြစ်သည်။ မကြာသေးမီက နဂါးဖြူချောက်နက်အရှင်သခင်သည် နတ်ဆိုးချောက်နက်၏ ချောက်နက်အရှင်သခင်နှင့် တွေ့ဆုံခဲ့၏။ ရရှိထားဖူးသော မျက်နှာသာပေးမှုတစ်ခုကို အသုံးပြု၍ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၏ အဘိုးသည် သူမနှင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

"အရှင်သခင်၊ အဆင်ပြေမယ်ဆိုရင် ငါ့ရဲ့ ဂူထဲကို လာပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်"

သူက ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။

"မလိုပါဘူး၊ ဘိုးဘေးငယ်။ ငါက လော့ကောင်းကင်ဘုံကို သွားပြီး သူတို့ရဲ့ အကြီးအကဲနဲ့ တွေ့ရဦးမှာ။ အချိန် သိပ်မရတာမို့ နင်လိုချင်တာကို တိုက်ရိုက်ပဲ ပြောပါ"

သူမ၏ လေသံမှာ ပြတ်သားပြီး အချိန်ဆွဲမနေပေ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးလည်း တွန့်ဆုတ်မနေတော့ဘဲ ပြောလိုက်၏။

"ငါ ရိုသေစွာ တောင်းဆိုချင်တာက... မင်း သွေးဝတ်စုံရဲ့ အစောင့်အရှောက် ဖြစ်ပေးဖို့ပါပဲ"

သူသည် ဦးခေါင်းကို ညွှတ်လိုက်ပြီး သူ၏ အမူအရာမှာ ရိုးသားလှသည်။

ထိုသို့ ပြောရင်း သူသည် အက်ကွဲနေသော မျက်နှာပြင်မှ ဆန်းကြယ်သော စွမ်းအင်များ ဖြာထွက်နေဆဲ ဖြစ်သည့် တစ်ဝက်ပျက်စီးနေသောဖန်ဆင်းရှင်အဆင့်ရတနာ တစ်ခုကို ထုတ်ပြလိုက်၏။

နဂါးဖြူချောက်နက်အရှင်သခင်၏ မျက်လုံးများသည် ထိုအရာပေါ်သို့ ကျရောက်သွားပြီး စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာလေသည်။

ဒါက သာမန်ရတနာ မဟုတ်ပေ။

ယခင် လင်းယာအသွင်ပြောင်းလဲခြင်းတုန်းက နတ်ဆိုးချောက်နက်၏ ချောက်နက်အရှင်သခင်တွင် ဖန်ဆင်းရှင်အဆင့် တိုက်ခိုက်ရေးလက်နက် မရှိသေးချေ။ ထိုအချိန်က ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် နတ်ဆိုးချောက်နက်တွင် အလားအလာအကောင်းဆုံး ယန်နတ်ဘုရား ဖြစ်ခဲ့ပြီး သူ၏ လက်နက်မှာ ဖန်ဆင်းရှင်အဆင့် ဖျက်ဆီးရေးရတနာ ဖြစ်လာနိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော်လည်း သူနှင့် ချောက်နက်အရှင်သခင်တို့ကြားမှ ပဋိပက္ခအချို့ကြောင့် ထိုလက်နက်မှာ ကြေမွပျက်စီးခဲ့ရပြီး ယခုအခါတွင်မူ ထိုအက်ကွဲနေသော အပိုင်းအစကိုသာ ပိုင်ဆိုင်ထားတော့ခြင်း ဖြစ်၏။

ပျက်စီးနေသော်လည်း ဤရှေးဟောင်းအကြွင်းအကျန်ပစ္စည်းသည် သာမန် ဖန်ဆင်းရှင်အဆင့်ရတနာများ၏ စွမ်းအားကိုများစွာ ကျော်လွန်နေဆဲ ဖြစ်သည်။

ယခုအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် နဂါးဖြူချောက်နက်အရှင်သခင်အနေဖြင့် သွေးဝတ်စုံကို ကာကွယ်ပေးရန် သဘောတူလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤအက်ကွဲနေသော ရတနာကို ပေးအပ်နေခြင်း ဖြစ်၏။

သူသည် နတ်ဆိုးချောက်နက်အတွင်း၌ ကြီးထွားလာသော ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် သွေးဝတ်စုံ၏ အသက်ရှင်သန်မှုအတွက် စိုးရိမ်နေရခြင်း ဖြစ်သည်။ သူ၏ ဘေးကင်းမှုအတွက် နဂါးဖြူချောက်နက်အရှင်သခင်ကဲ့သို့သော လူတစ်ဦး၏ အကူအညီကို သူ လိုအပ်နေသည်။

သို့သော် သူက အစောင့်အရှောက်အဖြစ် တောင်းဆိုနေခြင်း ဖြစ်ပြီး သခင်အဖြစ် တောင်းဆိုနေခြင်း မဟုတ်ပေ။

"ဒါက စိတ်ဝင်စားစရာပဲ"

နဂါးဖြူချောက်နက်အရှင်သခင်က သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းလျက် ရေရွတ်လိုက်၏။

"သွေးဝတ်စုံကို ဒီကို ခေါ်လိုက်ပါ။ သူက ကောလာဟလတွေအတိုင်း တကယ်ပဲ ပါရမီပါရဲ့လား၊ ငါ့ရဲ့ အကာအကွယ်ကို ရထိုက်ရဲ့လားဆိုတာ ငါကိုယ်တိုင် ကြည့်ချင်တယ်"

သူမသည် ထိုရတနာကို စိတ်ဝင်စားသော်လည်း ၎င်းတစ်ခုတည်းနှင့် မလုံလောက်သေးပေ။

သူမသည် ယခင်ကတည်းက တိုက်ဟွမ်နန်းတော်ကို ဆန့်ကျင်ခဲ့ဖူးသော်လည်း သူတို့နှင့် ရန်ငြိုးကို ပို၍ ကြီးထွားအောင် မလုပ်လိုပေ။

ထို့ကြောင့် သူမသည် သွေးဝတ်စုံ၏ စစ်မှန်သော အလားအလာကို စစ်ဆေးရပေလိမ့်မည်။

အကယ်၍ သူသည် ဓားနက်နှင့် တူညီသော အရည်အချင်းမျိုး ရှိနေပါက... သူမအနေဖြင့် ကူညီရန် စဉ်းစားနိုင်စရာ ရှိသည်။

ထိုသို့ဆိုလျှင် ၎င်းသည် မဟာအုပ်စိုးရှင် တစ်ဦး ပေါ်ထွက်လာခြင်းသို့ ဦးတည်သွားနိုင်ပေသည်။

"ကျေးဇူးတင်ပါတယ်၊ အရှင်သခင်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပြောလိုက်ပြီး ကျိယွမ်ထံသို့ ချက်ချင်း သတင်းပို့လိုက်၏။

နဂါးဖြူချောက်နက်အရှင်သခင်သည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို ကြည့်ရင်း သူမ၏ အမူအရာမှာ ရှုပ်ထွေးသွားကာ ပြောလေသည်။

"မင်းက ဒီလူငယ်လေးကို တကယ် ဂရုစိုက်တာပဲ။ သူ့အတွက်နဲ့ ဒီလိုရတနာကိုပါ ပေးအပ်ရဲတယ်ပေါ့"

သူမသည် သူ၏ လက်ထဲမှ အက်ကွဲနေသော ဖန်ဆင်းရှင်ရတနာကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် လောဘရိပ်အချို့ ဖြတ်ပြေးသွား၏။

"နတ်ဆိုးချောက်နက်ရဲ့ ကိုယ်ပိုင် ဖန်ဆင်းရှင်အဆင့်တိုက်ခိုက်ရေးရတနာက ဒါမဟူတ်ခဲ့တာ နှမြောစရာပဲ။ တကယ်လို့ အဲဒါသာ ဖြစ်ခဲ့ရင် နင်ဒါကို ပေးနေရမှာ မဟုတ်ဘူး"

သူမက သက်ပြင်းချရင်း နှမြောတသစွာ ပြောလိုက်သည်။

တစ်ခါတစ်ရံတွင် အမှားတစ်ခုသည် အရာအားလုံး၏ လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်ကြောင်းကိုလည်း သူမ တွေးမိ၏။

သူမ၏ အမြင်တွင်မူ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကံဆိုးခဲ့ရသူတစ်ဦးသာ ဖြစ်သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"အရာအားလုံးမှာ ကံပါလာပြီးသားမို့ကိုယ်ပိုင်လမ်းကြောင်းတွေလည်း ရှိပြီးသားပါ"

သူသည် ယခင်က ခါးသီးခဲ့ဖူးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။

နှလုံးခုန်သံ တစ်ရာခန့် ကြာပြီးနောက် ကျိယွမ်သည် သူ၏ ထင်ရှားလှသော သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားလျက် ပေါ်လာခဲ့၏။

သူသည် ထိုပုံရိပ်နှစ်ခုကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ၊ အဖိုးကြီး"

သူက သန်မာသော မူလသဘောတရားကျင့်ကြံသူ နှစ်ဦး၏ ရှေ့မှောက်တွင် ရှိနေသော်လည်း ယခင်အတိုင်းပင် ရဲရဲဝံ့ဝံ့ မေးလိုက်၏။

နဂါးဖြူချောက်နက်အရှင်သခင်သည် သူမ၏ မျက်လုံးများကို အဝတ်နက်ဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သော်လည်း ကျိယွမ်ကို မသိနိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုအချို့ ပေါ်လာပြီးနောက် ချက်ချင်း ပြန်လည် တည်ငြိမ်သွား၏။

"သွေးဝတ်စုံ၊ ငါ့ကို ပြောစမ်း... နင့်မှာတာအိုလက်တွဲဖော် ရှိလား"

ထိုအဝတ်နက်၏ အောက်တွင် သူမ၏ မျက်လုံးများသည် ထူးခြားသော တောက်ပမှုများဖြင့် ပြည့်နှက်နေပြီး သူမ ရရှိထားသော အက်ကွဲနေသည့် ရတနာထက်ပင် ပို၍ ပြင်းထန်သော ဆန္ဒများ ရှိနေပုံရလေသည်။

......

အခန်း ၄၆၇ - နင် ကလေးမမွေးချင်ရင် ငါမွေးမယ်

"တာအိုလက်တွဲဖော် ဟုတ်လား"

အဝတ်နက်ဖြင့် မျက်လုံးကို ဖုံးထားသော အမျိုးသမီး၏ အကြည့်နှင့် ဆုံလိုက်သောအခါ ကျိယွမ်၏ ကျောပြင်တစ်ခုလုံး ရုတ်တရက် အေးစိမ့်သွားရ၏။

"ငါ့မှာ အဖော် ရှိပြီးသား။ ငါတို့မှာ အိမ်ထောင်ရေးလက်မှတ်တောင် ရှိတယ်"

ကျိယွမ်က ချက်ချင်း ဖြတ်ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကိုယ်ကို ကိုင်းလိုက်ပြီး တိုးတိုးလေး ကပ်ပြောလေသည်။

"ဒီအရှင်က နဂါးဖြူချောက်နက်အရှင်သခင်ပဲ။ မင်းရဲ့ အကာအကွယ်ပေးသူ ဖြစ်လာဖို့ ငါ ဖိတ်ခေါ်ထားတာ"

အကာအကွယ်ပေးသူ ဆိုသည်မှာ အရှင်သခင်နှင့် မတူဘဲ ရင်းနှီးမြှုပ်နှံသူနှင့် ပို၍တူ၏။

အကယ်၍ နဂါးဖြူချောက်နက်အရှင်သခင်က သွေးဝတ်စုံ၏ အကာအကွယ်ပေးသူ ဖြစ်လာပါက သူမသည် သူ အရွယ်မရောက်မချင်း ဘေးကင်းအောင် စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ထို့အတွက် ပြန်လည်ပေးဆပ်မှုအနေဖြင့် သွေးဝတ်စုံ သန်မာလာသောအခါ သူမကို ပြန်လည် ကူညီရမည် ဖြစ်၏။

"ဒီ စိတ်ရှုပ်စရာ လင်းယာအသွင်ပြောင်းလဲခြင်းသာ မရှိရင် မင်းကို ငါကိုယ်တိုင် ကာကွယ်ပေးမှာ။ ဒါပေမဲ့ အခု အခြေအနေက ဘက်ပေါင်းစုံမှာ အန္တရာယ်တွေ ရှိနေတော့ မင်းအတွက် အကာအကွယ်ပေးသူတစ်ယောက် ရှာပေးတာ ပိုကောင်းမယ်လို့ တွေးမိလို့ပါ"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ထံသို့ အသံပို့ကာပြောလိုက်သည်။

နတ်ဆိုးချောက်နက်၏ အခြေအနေက ပို၍ ရှုပ်ထွေးလာပြီး ဓားနက်ပင်လျှင် မကြာသေးမီက ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကြီးမားသော အန္တရာယ်ကို ခံစားနေရသဖြင့် သွေးဝတ်စုံကို အပြည့်အဝ ကာကွယ်ပေးနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိချေ။ ထို့ကြောင့် သူ့ကို နဂါးဖြူချောက်နက်သို့ ပို့ဆောင်ရန် စဉ်းစားမိခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျိယွမ် မျက်လုံးများ ပြူးကျယ်သွားပြီး နဂါးဖြူချောက်နက်အရှင်သခင်ကို ကြည့်ကာ မေးလိုက်၏။

"ဒါဆို မင်းက ကြည့်ရုံနဲ့တင် လူတွေကို ဗိုက်ကြီးအောင် လုပ်နိုင်တဲ့ ချောက်နက်အရှင်သခင်ပေါ့"

သူ ရုတ်တရက် ထွက်ပြေးချင်စိတ် ပေါက်သွားရသည်။ သူက ကိုယ်ဝန်ဆောင်ရန် စိတ်မဝင်စားပါ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာ အနည်းငယ် ပျက်သွား၏။

"သူ့ကို ခွင့်လွှတ်ပေးပါဦး အရှင်သခင်။ သွေးဝတ်စုံက အမြဲတမ်း... စရိုက် ထက်မြက်လွန်းလို့ပါ"

သွေးဝတ်စုံ၏ စကားများကြောင့် နဂါးဖြူချောက်နက်အရှင်သခင် စိတ်ဆိုးသွားမည်ကို သူ စိုးရိမ်နေမိသည်။ သို့သော်လည်း သူမက သဘောကျစွာ ရယ်မောလိုက်ပြီး ပြော၏။

"သူက ပါရမီရှင်တစ်ယောက်ပဲလေ။ စရိုက် နည်းနည်းရှိတာက သဘာဝကျပါတယ်။ ဒါက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာပေါ့"

သူမက ကျိယွမ်ကို စိတ်ဝင်စားပုံရသော အကြည့်ဖြင့် တည်ငြိမ်စွာ ကြည့်ကာ ပြုံးလိုက်သည်။ သို့သော် သူမ၏ နောက်ထပ် ထွက်ပေါ်လာသော စကားကြောင့် ကျိယွမ် လုံးဝ ဆွံ့အသွားရ၏။

"နင် ငါ့ကို ကလေးတစ်ယောက် ပေးဖို့ စိတ်ရှိရင် နင့်ကို ဘေးကင်းအောင် ကာကွယ်ပေးမယ့် အကာအကွယ်ပေးသူအဖြစ် ငါ ဝမ်းမြောက်ဝမ်းသာဆောင်ရွက်ပေးမယ်"

သူမက အလွန်တည်ကြည်သော လေသံဖြင့် ပြောလေသည်။

"မဟာမူလသဘောတရား တစ်ယောက်က မင်းနောက်ကို လိုက်လာရင်တောင် မင်းရော ငါတို့ရဲ့ ကလေးပါ ဘာအန္တရာယ်မှ မရှိစေရဘူးလို့ ငါ အာမခံတယ်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူမ၏ စကားကြောင့် လုံးဝ ထိတ်လန့်သွားရ၏။

သူသည် နဂါးဖြူချောက်နက်အရှင်သခင်ကို သွေးဝတ်စုံ၏ အကာအကွယ်ပေးသူ ဖြစ်လာရန် တောင်းဆိုခဲ့သော်လည်း သူမ၏ ကာကွယ်မှုမှာ အတိုင်းအတာတစ်ခုအထိသာ ရှိမည်ဟု သိထားသည်။ အကယ်၍ မဟာမူလသဘောတရား တစ်ဦး ဝင်ရောက်စွက်ဖက်လာပါက သူမ ဆုတ်ခွာသွားနိုင်၏။

သို့သော် သူမ၏ စကားအရမူ သွေးဝတ်စုံသာ သူမ၏ ကလေးကို မွေးဖွားပေးရန် သဘောတူပါက မဟာမူလသဘောတရားတစ်ဦးကိုပင် ရင်ဆိုင်ကာ ကာကွယ်ပေးရန် အသင့်ရှိနေခြင်း ဖြစ်သည်။

ဒါက သူ စိတ်ကူးကြည့်နိုင်သောအရာကို ကျော်လွန်နေခဲ့ပြီ ဖြစ်၏။

သွေးဝတ်စုံ ကလေးမွေးမည့် ကိစ္စနှင့် ပတ်သက်၍မူ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကိုယ်တိုင်မှာ အထူးတလည် စိုးရိမ်ပူပန်ခြင်း မရှိချေ။

သို့သော် ကျိယွမ်၏ တုံ့ပြန်မှုကမူ ကွဲပြားလှသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်၏။

"ငါက ကလေးမွေးရမှာလား။ မဖြစ်နိုင်တာ။ ငါက အမျိုးသားလေ။ ဘယ်လိုလုပ် ကလေးမွေးလို့ ရမှာလဲ"

"အမျိုးသားတစ်ယောက်က ကလေးမွေးလို့ မရစရာ ဘာရှိလဲ။ ငါတို့လို အဆင့်အတန်းမျိုးမှာ ဘယ်သူမဆို ကလေးမွေးနိုင်တယ်"

နဂါးဖြူချောက်နက်အရှင်သခင်က ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ဤအရာအပေါ် ထူးထူးခြားခြား ခံစားချက် မရှိချေ။ မသေမျိုးလမ်းစဉ် သို့မဟုတ် မိမိ၏ ဘေးကင်းမှုနှင့် နှိုင်းယှဉ်လျှင် ကလေးမွေးခြင်းမှာ သေးငယ်သော ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်တွင် အကယ်၍ နဂါးဖြူချောက်နက်အရှင်သခင်၏ ဤကမ်းလှမ်းမှုကို ဆဋ္ဌမကောင်းကင်ရှိ မူလသဘောတရားအဆင့်များထံ ကမ်းလှမ်းခဲ့လျှင် လူအများအပြားက သူမ၏ ကလေးကို မွေးဖွားပေးရန် လုယက်ကြပေလိမ့်မည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးကိုယ်တိုင်ပင် အနည်းငယ် စိတ်ဝင်စားမိသည်။

သန်မာသော နောက်ခံတစ်ခု ရှိနေခြင်းက အကျိုးရှိလှ၏။ နဂါးဖြူချောက်နက်အရှင်သခင်နှင့် ဆက်စပ်ခွင့် ရရှိခြင်းဖြင့် ဘဝ၏ ရုန်းကန်ရသောနှစ်ပေါင်းများစွာကို သက်သာစေနိုင်စရာ ရှိသည်။ နှမြောစရာကောင်းသည်မှာ သူမက သူ့လို အဖိုးကြီးတစ်ယောက်ကို စိတ်မဝင်စားခြင်းပင်။

"မဖြစ်နိုင်ဘူး။ ငါ ငြင်းတယ်။ ငါ့ရဲ့ လိင်အမျိုးအစားက ကျား ဖြစ်ပြီး ကိုယ့်ကိုယ်ကိုအမျိုးသားလို့ သတ်မှတ်တယ်။"

ကျိယွမ်က ပြတ်သားစွာ ပြောလိုက်၏။

"ငါတို့တွေ လူသားခန္ဓာကိုယ်ရဲ့ ကွဲပြားမှုတွေကို လေးစားဖို့ လိုအပ်တယ်"

နဂါးဖြူချောက်နက်အရှင်သခင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပြောလေသည်။

"ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပြင်ပကောင်းကင်ဘုံများမှာ ဖြစ်ပျက်ခဲ့တဲ့ လတ်တလော အဖြစ်အပျက်တွေကို နင့်ကို မပြောရသေးဘူး ထင်တယ်။ အဲဒီမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး နတ်ဆိုးချောက်နက်မှာ သစ္စာဖောက်တစ်ယောက် ပေါ်လာတယ်။ ဓားနက်လည်း သေလုနီးပါး ဖြစ်ခဲ့ရတယ်"

"ကိုယ်ကိုယ်ကို ကာကွယ်နိုင်စရာ ရှိတဲ့ ဓားနက်လို ပါရမီရှင်မျိုးတောင် သေလုနီးပါး ဖြစ်ခဲ့ရတာ။ နင်ကော ပိုပြီး ဘေးကင်းမယ်လို့ ထင်နေတာလား"

"တကယ်လို့ ငါလို မဟာမူလသဘောတရားအဆင့်ယန်နတ်ဘုရား တစ်ယောက် သို့မဟုတ် ဒီမှာ ရှိနေတဲ့ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက နင့်ကို သေစေချင်ရင် နင်တကယ်ပဲ အသက်ရှင်နိုင်မယ် ထင်လို့လား"

သူမ၏ စကားများက မှန်ကန်ပါသည်။ ထို့ကြောင့်လည်း ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အလွန်အမင်း စိုးရိမ်နေခြင်း ဖြစ်၏။

အကယ်၍ တစ်စုံတစ်ဦးက ဓားနက်ကို လုပ်ကြံရန် နည်းလမ်း ရှိနေပါက သွေးဝတ်စုံသည်လည်း နောက်ထပ် ပစ်မှတ် ဖြစ်မလာနိုင်ဟု မည်သူ ပြောနိုင်မည်နည်း။

ကျိယွမ်ကခေါင်းကို ရမ်းလိုက်ပြီး ပြော၏။

"ငါ ကျင့်ကြံခြင်း လမ်းစဉ်ကို စတင်ကတည်းက ငါ့နှလုံးသားနောက်ကိုပဲလိုက်ပြီး လွတ်လွတ်လပ်လပ်နေထိုင်ဖို့ပဲ ကြိုးစားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် သစ္စာမရှိဘဲ ကျင့်ကြံနေရရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

အကယ်၍ ကျိယွမ်သည် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းတစ်ခုတည်းကိုသာ နားလည်ခဲ့လျှင် အသက်ရှင်သန်ရေးအတွက် နဂါးဖြူချောက်နက်အရှင်သခင်၏ စကားကို နားထောင်မိပေလိမ့်မည်။ သို့သော်လည်း သူသည် ကိုယ်ကြိုက်တာကိုယ်လုပ်လမ်းစဉ်ကိုပါ နားလည်ထားသူ ဖြစ်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် နဂါးဖြူချောက်နက်အရှင်သခင်ကို ဦးညွှတ်လိုက်သည်။

"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ အရှင်သခင်"

သူသည် သွေးဝတ်စုံ၏ ရွေးချယ်မှုကို လေးစားမည် ဖြစ်၏။ နှမြောစရာ တစ်ခုမှာမူ သူ့ကို အပြည့်အဝ မကာကွယ်ပေးနိုင်တော့ခြင်းပင် ဖြစ်သည်။

နဂါးဖြူချောက်နက်အရှင်သခင်သည် ကျိယွမ်ကို စူးစိုက်ကြည့်ရင်း စဉ်းစားနေမိသည်။ နောက်ဆုံးတွင် သူမက တိုးတိုးလေး ပြောလိုက်၏။

"တကယ်လို့.. အဲဒီအစား ငါကိုယ်တိုင် က ကလေးမွေးပေးမယ်ဆိုရင်ကော"

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြလွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများပင် တုန်ရီသွားရ၏။

နဂါးဖြူချောက်နက်အရှင်သခင်သည် နဂါးမျိုးနွယ်စုမှဖြစ်ပြီး ပို၍ တိကျစွာ ပြောရလျှင် အမှောင်နဂါးဖြူများ ဖြစ်ကြောင်း သူ သိထားသည်။ ဤမျိုးနွယ်စုတွင် ထူးခြားသော ရိုးရာတစ်ခု ရှိ၏။ ၎င်းမှာ သူတို့ကိုယ်တိုင် ကလေးမွေးမည့်အစား သွေးမျိုးဆက်ကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကလေးကို မွေးဖွားပေးမည့် တာအိုလက်တွဲဖော်ကို ရှာဖွေလေ့ ရှိကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့သည် တခြားသော လူမျိုးစုများနှင့် မဟာမိတ်ဖွဲ့ခြင်း သို့မဟုတ် အိမ်ထောင်ပြုခြင်းများကို ပြုလုပ်လေ့ ရှိကြ၏။

ယခုအခါ နဂါးဖြူချောက်နက်အရှင်သခင်ကိုယ်တိုင်က သွေးဝတ်စုံအတွက် ကလေးမွေးပေးရန် ကမ်းလှမ်းခြင်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

အမှောင်နဂါးဖြူများသည် ဒဏ်ရာအပြင်းအထန် ရရှိနေချိန် သို့မဟုတ် သေလုနီးပါး ဖြစ်နေချိန်တွင်သာ ကိုယ်တိုင် ကလေးမွေးလေ့ ရှိကြ၏။ သူမအနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းခြင်းမှာ မယုံနိုင်စရာ ဖြစ်နေသည်။

သို့သော် နဂါးဖြူချောက်နက်အရှင်သခင်ကမူ ယုံကြည်မှု ရှိနေသည်။ သူမသည် သူ့ကို တန်ဖိုးရှိသော လက်ဆောင်တစ်ခု ပေးအပ်နေသည်ဟု ခံစားနေရ၏။

သို့သော် သူမ ရရှိလိုက်သော အဖြေမှာမူ...

"ငါ ငြင်းတယ်"

ကျိယွမ်က ပြတ်သားစွာ ပြောလိုက်၏။

"အချစ် မပါတဲ့ အိမ်ထောင်ရေးနဲ့ ကလေးယူတယ်ဆိုတာ မမှန်ကန်ဘူး"

တခြားလူများအတွက်မူ ၄င်းက ကျိယွမ်အတွက် ကြီးမားသော အခွင့်အရေးတစ်ခုဟု မြင်နိုင်သော်လည်း သူကမူ ညီမျှမှု ကို တန်ဖိုးထားသူ ဖြစ်၏။ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် ရှိနေရုံမျှဖြင့် တစ်ခုခု ရရှိသွားသည်ဟု အဘယ်ကြောင့် ခံစားရမည်နည်း။

သူကိုယ်တိုင်လည်း ဆုံးရှုံးမှု ရှိနိုင်သည် မဟုတ်ပါလား။

သူ့အနေဖြင့် နဂါးဖြူချောက်နက်အရှင်သခင်ကို အကာအကွယ်ပေးသူအဖြစ် တကယ်ပဲ လိုအပ်နေလို့လား။

အမှန်တကယ်တော့ မဟုတ်ပေ။

သူ၏ အကြီးမားဆုံး ရန်သူမှာ ထိုက်ဟွမ်နန်းတော်၏ မဟာမူလသဘောတရားအရှင် ဖြစ်၏။ နဂါးဖြူချောက်နက်အရှင်သခင်သည် ထိုကဲ့သို့သော သန်မာသည့် ရန်သူကို ရင်ဆိုင်ပြီး သူ့ကို တကယ်ပဲ ကာကွယ်ပေးဝံ့ပါမည်လား။ မဖြစ်နိုင်လုနီးပါးပင်။

နဂါးဖြူချောက်နက်အရှင်သခင်က ကျိယွမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွား၏။

"နင်က ဒါကိုလည်း လက်မခံဘူးပေါ့"

သူမ အမှန်တကယ် အံ့သြသွားရခြင်း ဖြစ်သည်။

"တောင်းပန်ပါတယ်၊ နဂါးဖြူချောက်နက်အရှင်သခင်။ ငါ့အတွက် လောလောဆယ် အကာအကွယ်ပေးသူ မလိုပါဘူး"

ကျိယွမ်က ပြတ်သားစွာ ပြန်ဖြေလိုက်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ ထိတ်လန့်သွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"သွေးဝတ်စုံနဲ့ အရှင်သခင်တို့က ကံမပါလာဘူး ထင်ပါတယ်"

နဂါးဖြူချောက်နက်အရှင်သခင်သည် ကျိယွမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်များ ပြည့်နှက်သွား၏။

"တကယ်လို့ နင်စိတ်ပြောင်းသွားရင်ပြောပါ ၊ ငါ့ရဲ့ ကမ်းလှမ်းချက်က တည်မြဲနေဆဲပဲ"

ထိုစကား ပြောပြီးနောက် သူမ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။

အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် နတ်ဆိုးချောက်နက်၏ အပြင်ဘက်တွင် ထိတ်လန့်နေသော အမျိုးသမီး မူလသဘောတရားကျင့်ကြံသူတစ်ဦးသည် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့၏။

"အရှင်သခင်၊ အရှင်က ဘာလို့... ဂျူနီယာတစ်ယောက်နဲ့ ကလေးမွေးဖို့ စဉ်းစားရတာလဲ။ ပြီးတော့ သူက ငြင်းရဲသေးတယ်"

ထိုအမျိုးသမီးသည် သူတို့စကားပြောသံများကို ကြားခဲ့ရခြင်း ဖြစ်သည်။ သူမသည် အရှင်သခင်၏ ကမ်းလှမ်းမှုကြောင့် အံ့သြနေရသလို သွေးဝတ်စုံက ငြင်းပယ်ခဲ့ခြင်းအတွက်လည်း ဒေါသထွက်နေမိ၏။

"ဒီသွေးဝတ်စုံက ဒီလို ဂုဏ်ယူစရာမျိုးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ သူ ငြင်းခဲ့ရင်တောင် အရှင်သခင်ကို အဲဒီစိတ်ကူးကို စွန့်လွှတ်ဖို့ ငါ တိုက်တွန်းရမယ်"

သူမက ရေရွတ်လိုက်၏။

အရှင်သခင်၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမက ရေရွတ်လိုက်သည်။

"ဆဋ္ဌမကောင်းကင်မှာ တခြား နဂါးတွေ ရှိသေးလား"

ထိုအမျိုးသမီး မူလသဘောတရားကျင့်ကြံသူ ခဏမျှ တုံ့ဆိုင်းသွားပြီး ပြော၏။

"ကျွန်မသိသလောက်တော့ မရှိပါဘူး။ အကယ်၍..."

သူမ ရုတ်တရက် သဘောပေါက်သွားရသည်။

ဆဋ္ဌမကောင်းကင်တွင် တခြားသော နဂါးများ ရှိနေသေးသည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း အမှောင်နဂါးဖြူများသည် မိမိကိုယ်ကိုယ် စစ်မှန်သော နဂါးများနှင့် နဂါးမျိုးနွယ်စု၏ မူလအစဟု ယူဆထားကြသည်။ တခြားသော နဂါးမျိုးနွယ်စုများ အားလုံးမှာမူ နဂါးသွေးမျိုးဆက်ကို အလုခံထားရသဖြင့် သွေးနှောများ အဖြစ်သာ သတ်မှတ်ခံထားရခြင်း ဖြစ်၏။

"သူ့အနားမှာ ရှိနေတုန်းက ငါကွဲပြားတဲ့ နဂါးသွေးမျိုးဆက်တစ်ခုကို ခံစားမိတယ်။ အဲဒါက ရှေးကျပြီး စစ်မှန်တဲ့... မူလသွေးမျိုးဆက်ပဲ"

အရှင်သခင်က တိုးတိုးလေး ပြောလိုက်၏။

"နဂါးသွေးမျိုးဆက် ဟုတ်လား။ အဲဒါကြောင့် သူ့ရဲ့ ကလေးကို မွေးပေးဖို့ စဉ်းစားခဲ့တာကိုး"

အမျိုးသမီး မူလသဘောတရားကျင့်ကြံသူသည် နောက်ဆုံးတွင် သဘောပေါက်သွားရတော့သည်။

အကယ်၍ သူမသာ ဆိုလျှင်လည်း ထိုကဲ့သို့သော ဆန္ဒမျိုး ရှိမိပေလိမ့်မည်။ စစ်မှန်သော နဂါးသွေးမျိုးဆက်နှစ်ခု ပေါင်းစပ်သွားပါက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသော မျိုးဆက်တစ်ခု ပေါ်ထွက်လာမည် ဖြစ်၏။

အမှောင်နဂါးဖြူများ၏ ရှေးဟောင်းနိမိတ်များအရ ထိုကဲ့သို့သော ကလေးငယ် မွေးဖွားလာပါက အနာဂတ်တွင် မဟာမူလသဘောတရားအဆင့် သို့မဟုတ် ထိုထက်မက မြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ဆိုကြသည်။

"ဒီသွေးမျိုးဆက်က ကျွန်မတို့နဲ့ နှိုင်းယှဉ်ရင် ဘယ်လိုလဲ၊ အရှင်သခင်။ ကျွန်မတို့နဲ့ အဆင့်တူတာလား၊ ဒါမှမဟုတ်... ပိုပြီး မြင့်မားတာလား"

အမျိုးသမီးက စိတ်လှုပ်ရှားစွာမေးလိုက်၏။

"ငါတို့ရဲ့ သွေးမျိုးဆက်က အမြင့်ဆုံးလို့ ယူဆထားတာပဲ"

အရှင်သခင်က အနည်းငယ် ပြုံးရင်း ပြန်ပြောလိုက်၏။

"ဒါပေမဲ့ သူ့ကို အနီးကပ် မြင်တွေ့ရမှပဲ ငါ အတည်ပြုနိုင်မှာ"

အမျိုးသမီး မူလသဘောတရားကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာ၏။

"တကယ်လို သူက အရှင့်ရဲ့ ကလေးကို မွေးဖို့ သဘောမတူရင်... ကျွန်မတို့ သူ့ကို အတင်းအကြပ် ခေါ်သွားရမလား"

နဂါးဖြူချောက်နက်အရှင်သခင်က ခေါင်းရမ်းလိုက်၏။

"လောလောဆယ်တော့ မလိုသေးဘူး။ နတ်ဆိုးချောက်နက်က ပျက်စီးလုနီးပါး ဖြစ်နေတာ။ သူက ငါ့ကို အကာအကွယ်ပေးသူအဖြစ် လာရောက် တောင်းဆိုရလိမ့်မယ်။ အဲဒါမှလည်း ခရမ်းရောင်ကံကြမ္မာကောင်းကင်ကြီး ပျက်စီးသွားတာကို သူ မြင်ရမှာ မဟုတ်ဘူးလေ"

ထိုအမျိုးသမီး၏ အကြည့်က ပို၍ ပြင်းထန်လာ၏။

"ခရမ်းရောင်ကံကြမ္မာကောင်းကင်ကြီးက..."

"လင်းယာအသွင်ပြောင်းလဲခြင်းက တိုက်ဟွမ်နန်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် သူတို့က တစ်ခုခု ပြသဖို့ လိုအပ်တယ်။ လနတ်ဘုရားနန်းတော်မှာ လနတ်ဘုရားအရှင်သခင် ရှိနေတာကြောင့် သူတို့က ဘေးကင်းတယ်။ အသွင်ပြောင်းလဲခြင်း မစတင်မီအထိ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

"ဒါပေမဲ့ နတ်ဆိုးချောက်နက်အရှင်သခင်ကတော့... စိတ်ရှုပ်စရာ ကောင်းတယ်လို့ပဲ ပြောရမယ်။ သူက အမြဲတမ်း ကိုယ်ကျိုးရှာတတ်တဲ့လူပဲ။ သူကိုယ်တိုင် ဘေးကင်းဖို့အတွက် ထိုက်ဟွမ်နန်းတော်ရဲ့ မျက်နှာသာရဖို့ သူနဲ့ သက်ဆိုင်တဲ့ အားနည်းတဲ့ အုပ်စုတွေကို စွန့်လွှတ်လိမ့်မယ်။ သူက ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို စွန့်လွှတ်ဖို့ သေချာပေါက် အဆင်သင့် ဖြစ်နေမှာပဲ..."

"ဒါပေမဲ့ ဒါက တိုက်ဟွမ်နန်းတော်ကို ဆန့်ကျင်ရာ မရောက်ဘူးလား"

ထိုအမျိုးသမီးက စိုးရိမ်စွာ မေးလိုက်၏။အရှင်သခင်၏ အကြည့်က စူးရှသွားပြီး ပြောလေသည်။

"ငါ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို မကာကွယ်ပေးနိုင်ရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ အနာဂတ်ခင်ပွန်းကို ကာကွယ်ပေးရမှာပဲ"

အကယ်၍ ကျိယွမ်သာ အရှင်သခင်၏ စကားကို ကြားခဲ့ရပါက "အိမ်မက်မက်မနေနဲ့၊ ငါ မင်းရဲ့ ခင်ပွန်း ဖြစ်ဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး" ဟု ချက်ချင်း ပြန်ပြောမိပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သက်ပြင်းအရှည်ကြီး ချလိုက်၏။

"ဒီလို အခွင့်အရေးမျိုးကို မင်းက ဒီအတိုင်း လွှတ်လိုက်တယ်ပေါ့။ နဂါးဖြူချောက်နက်အရှင်သခင်က ဆဋ္ဌမကောင်းကင်မှာ အချမ်းသာဆုံးနဲ့ အာဏာအရှိဆုံး လူတွေထဲက တစ်ယောက်ပဲ။ မင်းသာ သူမကို ဗိုက်ကြီးအောင် လုပ်နိုင်ခဲ့ရင် ရုန်းကန်ရမဲ့နှစ်ပေါင်းများစွာကို အသာလေး ကျော်ဖြတ်နိုင်မှာကွ။ မင်း ကလေးမမွေးချင်ရင်လည်း သူမက မွေးပေးမှာပဲဥစ္စာ"

သူသည် အမှန်တကယ်ပင် နှမြောတသ ဖြစ်နေမိ၏။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ဖြုန်းတီးပစ်ခဲ့သည် မဟုတ်ပါလား။

"မလိုအပ်ဘူး"

ကျိယွမ်က ပြတ်သားစွာဖြင့် ခေါင်းရမ်းလိုက်၏။

သူသည် မိမိကိုယ်ပိုင် စွမ်းအားကိုသာ အားကိုးရန် စဉ်းစားထားသည်။

ကမ္ဘာမြေသား တစ်ဦးအနေဖြင့် သူသည် ကြိုးစားအားထုတ်မှု၊ စည်းစိမ်ဥစ္စာကို ကိုယ်တိုင်ရှာဖွေခြင်းနှင့် ဖြတ်လမ်းမလိုက်ဘဲ မိမိ၏ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခြင်းတို့ကိုသာ ယုံကြည်လေသည်။

"ဟူး... လင်းယာအသွင်ပြောင်းလဲခြင်းက မကြာခင်စတော့မှာ အန္တရာယ်တွေက အမြဲရှိနေတာ။ ဓားနက်တောင်မှ သူ့ကိုယ်သူ အပြည့်အဝ မကာကွယ်နိုင်ဘူး။ ငါ့ရဲ့ အိုမင်းနေတဲ့ အရိုးတွေနဲ့ ဆိုရင် မင်းကို တစ်ယောက်တည်း ကာကွယ်ပေးဖို့ မလွယ်ဘူး။ ဒါဆို... မင်း လနတ်ဘုရားနန်းတော်ကို သွားဖို့ စဉ်းစားမလား"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို ကြည့်ရင်း အမှတ်မထင် ပြောလိုက်၏။

သူ၏ စိုးရိမ်မှုမှာ ရိုးသားလှပေသည်။

မကြာသေးမီက ဓားနက် ဒဏ်ရာရရှိခဲ့ခြင်းက နတ်ဆိုးချောက်နက်အတွင်း၌ တိုးပွားလာသော လျှို့ဝှက် ခြိမ်းခြောက်မှုများကို သတိပေးလိုက်ခြင်းပင်။

"အဖိုးကြီး၊ခင်ဗျား ကျုပ်ကို လျှော့တွက်နေတာပဲ"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားထင်တာထက် ပိုပြီး အရည်အချင်းရှိပါတယ်ဆို"

သူသည် အချိန်တိုင်း မိမိ၏ စွမ်းအားကို မြှင့်တင်နေသူ ဖြစ်၏။

"ဟဟ.. မင်းက အရည်အချင်းရှိတယ် ဟုတ်လား"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ရယ်လိုက်သည်။

"အဖိုးကြီး ..တကယ်လို့ ကျုပ်တို့ တကယ် တိုက်ခိုက်ကြမယ်ဆိုရင် ရိုးရိုးသားသား ပြောရရင်... ခင်ဗျားရဲ့ အရိုးတွေက ကျုပ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

ကျိယွမ်က ဘိုးဘေးအား ကြည့်ကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မင်းက တော်တော် မာနကြီးတဲ့ လူရှုပ်လေးပဲ"

"တကယ်ပြောတာ အချိန်တိုင်း ကျုပ်က တိုးတက်နေပြီး ပိုပြီး သန်မာလာတာ။ ဒါပေမဲ့ ခင်ဗျားကကော"

သူသည် ဘိုးဘေးသွေးအတတ်ပညာကို လေ့ကျင့်ခြင်း၊ သိုင်းနတ်ဘုရားစွမ်းရည်များကို မြှင့်တင်ခြင်း၊ မူလသဘောတရား၏ တည်ငြိမ်မှုကို အားကောင်းစေခြင်းနှင့် အဓိကအားဖြင့် သူ၏ ကြယ်အမြုတေအရေအတွက်ကို အလွန်အမင်း တိုးပွားစေခြင်း စသည့် ကဏ္ဍစုံဖြင့် သူ့ကိုယ်သူ အချိန်ပြည့် တိုးတက်အောင်လုပ်နေခြင်း ဖြစ်၏။

သူ၏ လက်ရှိ စွမ်းအားက မည်မျှအထိ ရှိနေသည်ကို သူကိုယ်တိုင်လည်း အပြည့်အဝ မသေချာချေ။

သို့သော်လည်း အကယ်၍ လိုအပ်လာပါက ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို သူ ကိုင်တွယ်နိုင်လိမ့်မည်ဟုတော့ ယူဆထားသည်။

သို့သော် တတ်နိုင်သမျှ သတိထား၍ နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကျိယွမ်၏ စစ်မှန်သော ရန်သူဖြစ်သည့် ထိုက်ဟွမ်နန်းတော်သည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲ ဖြစ်သောကြောင့်ပင်။

"တော်စမ်း..ငရှုပ်ကောင်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ရေရွတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

"အဖိုးကြီး၊ တကယ်လို့ ခင်ဗျားမဖြေရှင်းနိုင်တဲ့ ပြဿနာနဲ့ ကြုံလာရရင် ကျုပ်ကို လာရှာလိုက်ပါ။ ခင်ဗျားက ကျုပ်ကို အကြီးအကဲတစ်ယောက်လို ကိုးကွယ်နေတာကို ထောက်ထားပြီး မတတ်သာဘဲ ကူညီပေးပါ့မယ်"

ကျိယွမ်က ပြုံးရင်း လှမ်းအော်လိုက်၏။

"မင်း.."

ကောင်းကင်ယံမှ အဖိုးကြီး၏ ဒေါသတကြီး အော်ဟစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့လေသည်။

ကျိယွမ်က ပခုံးတွန့်လိုက်ပြီး သူ၏ ဂူထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။

ဂူအဝင်ဝတွင် ခရမ်းရောင်ကံကြမ္မာရှောင်လုက စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို သူ တွေ့လိုက်ရသည်။

"စီနီယာသွေးဝတ်စုံ၊ အပြင်သွားခဲ့တာလား"

သူမက စိတ်အားထက်သန်စွာ မေး၏။

ကျိယွမ်နှင့် လမ်းခွဲခဲ့ပြီးနောက် ခရမ်းရောင်ကံကြမ္မာရှောင်လုသည် သူ တောင်းဆိုထားသော ဆန်းကြယ်သည့် နေရာကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

"အင်း၊ ပုစွန်ခေါင်းအမျိုးသမီး တစ်ယောက်ကို သွားတွေ့တာ"

ကျိယွမ်က သက်ပြင်းချရင်း ပြန်ပြောလိုက်၏။

"မသေမျိုးနယ်မြေတွေရဲ့ အခြေအနေက တကယ်ကို ဆိုးရွားလွန်းတယ်။ ဘယ်နေရာ သွားသွား ပုစွန်ခေါင်းတွေချည်းပဲ ရှိနေတာ"

ကန်းလန်လောကကမှ ပို၍ ကောင်းမွန်သေးသည်ဟု သူ ထင်မြင်မိသည်။

အစပိုင်းတွင် ထိုနေရာ၌လည်း အင်တာနက်ပေါ်တွင် ဆဲဆိုနေကြသော ပုစွန်ခေါင်းအမျိုးသားနှင့်အမျိုးသမီးများ ရှိခဲ့သော်လည်း သူက သွေးနန်းတော်ကို တည်ထောင်ပြီး စနစ်တကျ ထိန်းချုပ်လိုက်သည့်အခါ အခြေအနေများကို ပြောင်းလဲနိုင်ခဲ့၏။

ယနေ့တွင်မူ ကန်းလန်လောကသည် စည်းလုံးညီညွတ်ပြီး သာယာလှပသော မိသားစုကြီးတစ်ခု ဖြစ်နေခဲ့ပြီ။

အခြားတစ်ဖက်တွင်မူ ဆဋ္ဌမကောင်းကင်၌ ပြဿနာများစွာ ရှိနေဆဲ ဖြစ်သည်။

ကျင့်ဝတ်ပျက်ပြားသူများ၊ အသက်ရှူရုံမျှဖြင့် လူတို့၏ စွမ်းအင်ကို စုပ်ယူသူများနှင့် ကြည့်ရုံမျှဖြင့် ဗိုက်ကြီးအောင် လုပ်နိုင်သူများအထိ ရှိနေကြ၏။ ထိုကဲ့သို့သော ထူးဆန်းမှုများစွာ ရှိနေခြင်းမှာ အံ့သြစရာပင် ဖြစ်သည်။

ထို့ကြောင့်လည်း ကျိယွမ်က သတိထား၍ နေထိုင်လိုခြင်း ဖြစ်၏။ မဟုတ်ပါက ဘုမသိဘမသိဖြင့်တစ်စုံတစ်ဦး၏ အကြည့်ကြောင့် ကိုယ်ဝန်ရသွားပါက မည်သို့ လုပ်မည်နည်း။

သူ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နိုင်စရာ ရှိသည်။

"ဟမ်။ ဘယ်ပုစွန်ခေါင်းလဲ"

ခရမ်းရောင်ကံကြမ္မာရှောင်လုက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဒေါသတကြီး မေး၏။

"သူက မ အစ်ကို့ကို ဘာလုပ်ဖို့ ကြိုးစားတာလဲ"

"သူက ငါ့ကို ကလေးမွေးခိုင်းတာ"

ကျိယွမ်က အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"ဒါက လွန်လွန်းတယ်"

ခရမ်းရောင်ကံကြမ္မာရှောင်လုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ စီနီယာသွေးဝတ်စုံကို ကလေးမွေးရန် မည်သူက တောင်းဆိုရဲသနည်း။

သူ့လို လူမျိုးကို တန်ဖိုးထားရမည် ဖြစ်၏။

အကယ်၍ ကလေးမွေးဖွားရန် လိုအပ်လာပါက သူမကိုယ်တိုင်ပင် သူ့အတွက် မွေးဖွားပေးရန် အသင့်ရှိနေသည် မဟုတ်ပါလား။

"ပြီးတော့ ငါ သဘောမတူတာကို မြင်တော့ သူမကငါ့ကို ထောက်ပံ့မယ်၊ ကလေးကိုတော့ သူမကိုယ်တိုင် မွေးမယ်လို့ ပြောပြန်တယ်"

ကျိယွမ်က စိတ်ပျက်စွာထပ်ပြောလိုက်၏။

ခရမ်းရောင်ကံကြမ္မာရှောင်လုမှာ ဒေါသကြောင့် ပါးပြင်လေးများ ဖောင်းတက်သွားသည်။

"သူက အိပ်မက်မက်နေတာပဲ။ ဒီလိုအရာမျိုးကို ဘယ်သူက သဘောတူမှာလဲ။ စီနီယာသွေးဝတ်စုံ၊ သူ ဘယ်သူလဲဆိုတာ ကျွန်မကို ပြောပြပါ။ သူရဲ့ အရှက်မရှိမှုကို သွားပြီး ဆုံးမပေးမယ်"

"နင်ကသူ့ကို သွားပြီး ရှင်းလင်းပေးမလို့လား"

ကျိယွမ်က ပြုံးစိစိဖြင့် မျက်တောင်ခတ်ကာ မေးလိုက်၏။

"သူက အတော်လေး သန်မာတယ်ဆိုတော့ နင် ကိုင်တွယ်နိုင်ပါ့မလား မသိဘူး"

သူမအပေါ် စိုးရိမ်ပေးနေသော စကားကြောင့် ရှောင်လု၏ နှလုံးသားထဲတွင် နွေးထွေးသွားရသည်။

"သူက ဘယ်လောက်ပဲ သန်မာစေကာမူကျွန်မ မကြောက်ဘူး။ သူ့ကို သွားပြီး ဆုံးမမှာ ဖြစ်သလို ပိုပြီးတော့လည်း ကြိုးစားပြီး လေ့ကျင့်သွားမှာပါ"

သူမက ပြတ်သားစွာ ပြန်ပြောလိုက်၏။

"အင်း၊ သူက နဂါးဖြူချောက်နက်ရဲ့ ချောက်နက်အရှင်သခင်ပဲ။ သူ သိပ်ပြီး ဝေးဝေး မရောက်သေးလောက်ဘူး ထင်တယ်။ နင် သွားဖမ်းချင်ရင် အချိန်မီပါသေးတယ်"

ကျိယွမ်က နောက်ပြောင်လိုက်၏။

"နေဦး... ဘာ"

ခရမ်းရောင်ကံကြမ္မာရှောင်လု၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော မျက်နှာ ဖြစ်သွားရသည်။

"နဂါးဖြူချောက်နက်ရဲ့... ချောက်နက်အရှင်သခင် ဟုတ်လား"

"ဟုတ်တယ်။ အဖိုးကြီးက သူ့ကို ငါ့ရဲ့ အကာအကွယ်ပေးသူ ဖြစ်စေချင်တာ၊ ဒါပေမဲ့ သူက ငါ့ရဲ့ ကလေးကို အရင်မွေးချင်နေတယ်"

ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်၏။

"ရိုးရိုးသားသား ပြောရရင် မသေမျိုးနယ်မြေများမှာ ဒီလောက် ချောမောနေတာက အန္တရာယ်များလွန်းတယ်။ အပြင်ထွက်လိုက်တာနဲ့ ပြဿနာတွေ ရောက်လာတော့တာပဲ"

ရှောင်လုမှာ အံ့သြလွန်းသဖြင့် ဆွံ့အသွားရ၏။ထို့နောက် သူမက သနားစရာကောင်းသော မျက်နှာလေးဖြင့် ပြောလေသည်။

"စီနီယာသွေးဝတ်စုံ၊ ကျွန်မ နဂါးဖြူချောက်နက်အရှင်သခင်ကို မဆုံးမ ရဲတော့ဘူး။ ကျွန်မ သူရဲ့ ကလေးကို... မမွေးချင်ဘူး"

အဘယ်ကြောင့်ဆိုသော် ထိုချောက်နက်အရှင်သခင်သည် ကြည့်ရုံမျှဖြင့် လူများကို ဗိုက်ကြီးအောင် လုပ်နိုင်သည်ဟု နာမည်ကြီးလှသောကြောင့် ဖြစ်၏။ ခရမ်းရောင်ကံကြမ္မာရှောင်လုအနေဖြင့် ထိုအရာကို မခံစားလိုပေ။

အစ်ကိုသွေးဝတ်စုံနဲ့ဆိုရင်တော့ တစ်မျိုးပေါ့။

အတွေးနှင့်အတူ သူမ၏မျက်နှာလေးက ရဲသွားလေသည်။

"မစိုးရိမ်ပါနဲ့။ အားလုံး အဆင်ပြေသွားပါပြီ"

ကျိယွမ်က သူမကို စိတ်အေးအောင် ပြောလိုက်၏။

"ဒါနဲ့၊ နင် ဆန်းကြယ်တဲ့နေရာတွေအကြောင်း ဘာတွေရှာတွေ့ခဲ့လဲ"

အလုပ်အကြောင်း ပြောလိုက်သည်နှင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ် ချက်ချင်း အာရုံစိုက်လိုက်သည်။

"ဟုတ်ကဲ့၊ အစ်ကို တောင်းဆိုထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ နေရာ သုံးခုကို တွေ့ခဲ့ပါတယ်"

သူမက စိတ်အားထက်သန်စွာဖြေ၏။။

" ဘယ်နေရာတွေလဲ"

"ပထမဆုံး နေရာကတော့ ကြယ်တာရာမူးယစ်နယ်မြေ ဖြစ်ပါတယ်။ အဲဒီနေရာကနေ တစ္ဆေတံခါးမှာ ရှိတဲ့ တစ္ဆေတံခွန်များကို လှမ်းမြင်နိုင်ပြီး ဆဋ္ဌမကောင်းကင်မှာ တစ်ရက် ကုန်ဆုံးချိန်မှာ အဲဒီနေရာမှာတော့ ဆယ့်နှစ်ရက်လောက်ကြာပါမယ်။ဒီနေရာက သုံးခုထဲမှာ သူကဘေးအကင်းဆုံး ဖြစ်ပြီး မသိအောင် ဝင်ရောက်နိုင်သရွေ့ အလွန် စိတ်ချရပါတယ်"

သူမက သေချာရှင်းပြလေသည်။

"အချိန်စီးဆင်းမှုက နည်းနည်း နှေးသေးတယ်။ တခြားနေရာတွေကော"

ကျိယွမ်က ထပ်မေးလိုက်၏။

တစ္ဆေဝိညာဉ်တံခွန်၏ အားနည်းချက်ကို ရှာဖွေရန်အတွက် အချိန်အတော်များများ လိုအပ်လိမ့်မည်ဟု သူ ယူဆထားသည်။

"ဒုတိယ နေရာကတော့ မုရန်နယ်မြေ ဖြစ်ပါတယ်။ ဆဋ္ဌမကောင်းကင်မှာ တစ်ရက် ကုန်သွားရင် အဲဒီမှာတော့ ရက်ပေါင်း သုံးဆယ်လောက်ရှိမှာပါ"

"ဒါပေမဲ့ ဒီနေရာမှာ မုရန်ယစ်မူးမှု လို့ခေါ်တဲ့ ရှားပါးတဲ့ အမွှေးနံ့တစ်ခု ထွက်ပေါ်လေ့ ရှိပြီး အဲဒါက ယန်နတ်ဘုရား တစ်ဦးကိုတောင် အိပ်မက်မက်သလို အဆုံးမရှိတဲ့ထင်ယောင်ထင်မှားထဲမှာ ပိတ်မိနေစေနိုင်ပါတယ်။ ဒါကြောင့် တော်တော်လေးအန္တရာယ်များတယ်"

ရှောင်လုက စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။

ထိုနေရာက အန္တရာယ်များသဖြင့် သူမအနေဖြင့် မတိုက်တွန်းလိုပေ။

"တတိယ နေရာကကော"

ကျိယွမ်က ဆက်မေး၏။ရှောင်လုက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။

"နောက်ဆုံး နေရာကတော့ ကောင်းကင်ကမ္ဘာနယ်မြေပါ။ ဆဋ္ဌမကောင်းကင်မှာ တစ်ရက် ကုန်ဆုံးချိန်မှာ အဲဒီမှာတော့ တစ်နှစ်ခွဲလောက် ရှိပါတယ်"

" ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ"

ကျိယွမ်၏ မျက်လုံးများ လင်းခနဲ ဖြစ်သွား၏။

ထိုကဲ့သို့သော အချိန်စီးဆင်းမှုမျိုးနှင့် ဆိုလျှင် တစ္ဆေဝိညာဉ်တံခွန်၏ အားနည်းချက်ကို ရှာဖွေရန် အချိန်အများကြီး လိုအပ်မည် မဟုတ်ပေ။ သူသည် တစ္ဆေတံခါးသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်နိုင်ရုံသာမက ၎င်း၏ပုံရိပ်ရောင်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းကိုပါ ရှာဖွေနိုင်စရာ ရှိသည်။

"ဒါပေမဲ့ ဒီနေရာမှာ... မြင့်မြတ်အလင်းမျိုးနွယ်စုက ယန်နတ်ဘုရား တစ်ဦး ရှိနေတယ်လို့ ကောလာဟလတွေရှိနေပါတယ်"

ရှောင်လုက ထိတ်လန့်စွာဖြင့် ပြောလိုက်၏။

မြင့်မြတ်အလင်းမျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ဆဋ္ဌမကောင်းကင်ရှိ အဓိကကောင်းကင်များအကြားတွင် နာမည်ကြီးလှသည်။

ဤမျိုးနွယ်စုသည် ဆဋ္ဌမကောင်းကင်၏ ပြင်ပမှ လာခြင်း ဖြစ်ပြီး သူတို့၏ စကားများသည် ငြင်းဆန်ရခက်သော စွမ်းအားများ ရှိသဖြင့် သာမန် ကျင့်ကြံသူများသည် သူတို့ ပြောသမျှကို အလိုအလျောက် ယုံကြည်မိတတ်ကြ၏။ မူလသဘောတရားအဆင့်ရှိ ယန်နတ်ဘုရားများပင်လျှင် ထိုမျိုးနွယ်စုကို ရှောင်ကြဉ်လေ့ ရှိ၏။

"မြင့်မြတ်အလင်းမျိုးနွယ်စု ဟုတ်လား"

ကျိယွမ်၏ စိတ်ဝင်စားမှုမှာ ပို၍ ကြီးထွားလာခဲ့သည်။

"ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ။ ငါကိုယ်တိုင် သွားကြည့်ချင်မိတယ်"

သူသည် ထိုမျိုးနွယ်စု၏ စကားများကြောင့် လွှမ်းမိုးခြင်း ခံရနိုင်သည်ဟု ယူဆထားသော်လည်း ၎င်းက သူ၏ နှာခေါင်းကို ရှည်လျားလာစေမည် ဖြစ်ကြောင်း သိထား၏။

ထိုအရာမှာ သူ့အတွက် ထူးဆန်းပြီး ရယ်စရာပင် ဖြစ်နေသည်။

"မစိုးရိမ်ပါနဲ့၊ ငါ သူတို့ကို မကြောက်ပါဘူး"

ကျိယွမ်က ရှေ့သို့ ကိုင်းလိုက်ပြီး မေး၏။

"ဒါဆို အဲဒီ ကောင်းကင်ကမ္ဘာနယ်မြေက အတိအကျ ဘယ်မှာလဲ"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ် တုံ့ဆိုင်းသွားပြီး တိုးတိုးလေး ပြောလေသည်။

"စီနီယာသွေးဝတ်စုံ၊ မြင့်မြတ်အလင်းမျိုးနွယ်စုက တကယ်ကို ကြောက်စရာကောင်းတာပါ။ ကျွန်မ စိုးရိမ်မိလို့..."

"စိတ်ချပါ၊ ငါ သူတို့ကို အရင်က တွေ့ဖူးပါတယ်။ အမှန်တကယ်တော့ ငါ သူတို့ထဲက တစ်ယောက်ကိုတောင် သတ်ခဲ့ဖူးတယ်"

ကျိယွမ်က ဂုဏ်ယူစွာပြုံးရင်း ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် သန်မာလှသော အရှေ့ပိုင်းအရှင်သခင်ကို ဖယ်ရှားရန်အတွက် သူ အစွမ်းကုန် ကြိုးစားခဲ့ရသောကြောင့်ပင်။

"တကယ်လား"

ရှောင်လုက ကျိယွမ်အား မယုံသလိုကြည့်လိုက်၏။

"ငါ့ကို ယုံစမ်းပါ။ ငါက သေချာတဲ့ အစီအစဥ်ရှိမှသာ အလုပ်လုပ်တတ်တာ နင်သိသားပဲ"

သူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။

"ငါတို့ရဲ့ အစီအစဥ်ကြီးကို သတိရလား။ ဟွေးကျန်းက ငါတို့ ခန့်မှန်းခဲ့တဲ့အတိုင်း သေဆုံးသွားခဲ့တာပဲလေ"

သူမ ယခင်က သံသယ ရှိခဲ့သော်လည်း ၄င်းကို ကြားလိုက်ရသည့်အခါ ပို၍ စိတ်ရှုပ်ထွေးသွားရသည်။

"စီနီယာသွေးဝတ်စုံ၊ ဟွေးကျန်းက လူသားဧကရာဇ်ခန်းမတမန်တော်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလေ"

သူမက သတိပေးလိုက်၏။

"ဟွန့်..ငါ့ရဲ့ အစီအစဥ်ကြီးသာ မရှိရင် ဟွေးကျန်းက ဒီလောက် လွယ်လွယ်နဲ့ သေပါ့မလား။ ဒါတွေ အားလုံးက ငါ့ရဲ့ ပင်မစီမံကိန်းထဲမှာ ရှိပြီးသားပဲ"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းမော့လိုက်သည်။

ရှောင်လုမှာ ရုတ်တရက် အခြားအရာတစ်ခုကို သတိရသွား၏။ စီနီယာသွေးဝတ်စုံသည် တစ္ဆေဝိညာဉ်တံခွန်ကို စောင့်ကြည့်နိုင်မည့် ဆန်းကြယ်သော နေရာတစ်ခုကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင်မူ တစ္ဆေဝိညာဉ်တံခွန်အပေါ် ပြင်းထန်သော စိတ်ဝင်စားမှု ရှိနေသူမှာ လူသားဧကရာဇ်ခန်းမတမန်တော်သာ ရှိသည်။

ရဲတင်းသော စိတ်ကူးတစ်ခု သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။

"စီနီယာအစ်ကိုသွေးဝတ်စုံ၊ ရှင် လူသားဧကရာဇ်ခန်းမတမန်တော်ကို သိတာလား"

သူမက တိုးညင်းပြီး သတိထားသည့် လေသံဖြင့် မေးလိုက်သည်။

"သူ့ကို သိတာလား။ သိတယ်လို့ ပြောလို့ရသလို... မသိဘူးလို့လည်း ပြောလို့ရပါတယ်"

ကျိယွမ်က ပြန်ဖြေလိုက်၏။

မိမိကိုယ်ကိုယ် "သိသည်" ဟု မည်သို့ ပြောဆိုရမည်နည်း။

ခရမ်းရောင်ကံကြမ္မာရှောင်လု၏ စိတ်ထဲသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဝင်ရောက်လာခဲ့၏။

ထိုဆန်းကြယ်ပြီး ခန့်ညားလှသော လူသားဧကရာဇ်ခန်းမတမန်တော်ကို သူမ၏ စီနီယာအစ်ကိုသွေးဝတ်စုံက သိနေခြင်း ဖြစ်သည်။

သူမ အနည်းငယ်စိတ်အေးသွား၏။ ထိုသို့ဆိုလျှင်တော့ စီနီယာအစ်ကိုသွေးဝတ်စုံ သွားမည့်နေရာသည် အန္တရာယ်ရှိသော နေရာ ဖြစ်မည် မဟုတ်ကြောင်း စိတ်ချလိုက်မိသည်။

"ကောင်းကင်ကမ္ဘာနယ်မြေရဲ့ အတည်အကျ တည်နေရာကတော့..."

သူမက ပြောပြလိုက်ပြီးနောက် ထပ်မံ သတိပေးလိုက်၏။

"စီနီယာ၊ တမန်တော်ကို အဲဒီမှာ မြင့်မြတ်အလင်းမျိုးနွယ်စု ရှိနေနိုင်တာကို သတိပေးပေးပါဦး"

"စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ပဲ"

ကျိယွမ်က ရေရွတ်လိုက်သည်။

"ဒါနဲ့၊ ဒီနေ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့နော်"

"ဟုတ်ကဲ့ "

သူမက လေးနက်စွာ ကတိပေးလိုက်၏။

သူမသည် စီနီယာအစ်ကိုသွေးဝတ်စုံနှင့်လူသားဧကရာဇ်ခန်းမတမန်တော်တို့အတွက် ကြီးမားသော လုပ်ငန်းဆောင်တာများတွင် ပါဝင်ကူညီခွင့် ရရှိသည့်အတွက် ဝမ်းသာပီတိ ဖြစ်နေမိသည်။

နောက်ဆုံးတွင် သူမ၏ အကြံဉာဏ်များနှင့် သေချာသော အကြံပြုချက်များကြောင့် ထိုအစီအစဥ်ကြီးမှာ ပို၍ ထိရောက်ခဲ့ခြင်း ဖြစ်၏။

တမန်တော်၏ အောင်မြင်မှုနှင့် ယန်နတ်ဘုရားများ၏ ရှုံးနိမ့်မှုမှာ သူမ၏ ပါဝင်ပတ်သက်မှုကြောင့် ဖြစ်သည်ဟု ယူမိသည်။

ကျိယွမ်က သူမကို သဘောကျသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြော၏။

"ကောင်းပြီ။ နင့်ကို ငါ စိတ်ချပါတယ်"

ထို့နောက် ရှောင်လုသည် ပျော်ရွှင်စွာဖြင့် ဂူထဲမှ ခုန်ပေါက်၍ ထွက်ခွာသွားလေသည်။

ဂူအတွင်း၌မူ ကျိယွမ်သည် ကောင်းကင်ကမ္ဘာနယ်မြေ ရှိရာ အရပ်သို့ ကြည့်လိုက်ရင်း သူ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွား၏။

"တစ်ရက်ကို တစ်နှစ်ခွဲ... လဝက်အတွင်းမှာတင် တစ္ဆေတံခါးကို ရူးသွားအောင် ငါလုပ်ပစ်မယ်"

-----------

All Chapters