အခန်း (၄၇၀-၄၇၁)
Vol. 44 Ch. 470-471
အခန်း ၄၇၀ - အရှင်သခင်များအကြားမှ တကယ့်တိုက်ပွဲကြီး
"ဆရာ... ဒါက လွန်ခဲ့တဲ့တစ်နှစ် အတွင်းမှာ ကျွန်တော် စုဆောင်းခဲ့တဲ့ ရတနာတွေပါ၊ စုစုပေါင်း နှစ်ထောင်ခုနစ်ရာ ရှိပါတယ်။ အကုန်အကျ ကတော့..."
ရှီဖန်းသည် ရိုသေစွာ ဦးညွှတ်လိုက်ရင်း ရတနာများ ပြည့်နှက်နေသော သိုလှောင်အိတ်ကို ကျိယွမ်ထံသို့ ကမ်းပေးလိုက်၏။ လွန်ခဲ့သော နှစ်များတစ်လျှောက်လုံး သူသည် ကျိယွမ်ကို ဝီရိယရှိမှု၊ သစ္စာစောင့်သိမှုတို့ဖြင့် အမြဲတမ်း အလုပ်အကျွေးပြုခဲ့သူ ဖြစ်သည်။
ယခုအခါ မိမိကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့်သို့ ကောင်းကောင်းရောက်ရှိနေပြီ ဖြစ်သဖြင့် ရှီဖန်းသည် လွန်ခဲ့သောနှစ်များက ကောင်လေး မဟုတ်တော့ချေ။ သို့သော် သူ ပိုမိုအင်အားကြီးမားလာလေလေ မိမိရှေ့ရှိ အမျိုးသား၏ နက်နဲလှသော အနက်အဓိပ္ပာယ်နှင့် စွမ်းအားကို ပိုမိုနားလည်လာလေလေ ဖြစ်ပြီး ထိုသူမှာ သူ တစ်သက်လုံး အားကျရိုသေသွားရမည့် အရှင်သခင်တစ်ဦး ဖြစ်၏။
"မဆိုးပါဘူး။ ဒီတစ်သုတ်ထဲမှာ အသစ်အဆန်းလေးတွေ ပါဝင်ဖို့ မျှော်လင့်ရတာပဲ။" ကျိယွမ်သည် ရတနာများကို လက်ခံလိုက်ပြီး သေချာစွာ စစ်ဆေးလိုက်သည်။ လွန်ခဲ့သောနှစ်များအတွင်း သူသည် တစ္ဆေတစ်သောင်းတံခွန် ၏ အပြစ်အနာအဆာများကို လေ့လာနေရုံသာမက ပန်းပဲထုလုပ်နည်းမျိုးစုံကိုလည်း လေ့လာနေခဲ့ခြင်း ဖြစ်၏။
လက်နက်ခန်းမကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သော်လည်း ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့်ထိုနေရာ၌ လက်နက်တစ်ခုသာ သူ ထုလုပ်နိုင်ခဲ့သည်။ ထိုလက်နက်တစ်ခုတည်းကိုပင် ပြာအဖြစ်သို့ပျက်စီးလုနီးပါး ဖြစ်နေခဲ့သော ရှေးဟောင်းရတနာများ၏ အကြွင်းအကျန်များမှတစ်ဆင့် ပန်းပဲထုလုပ်ခဲ့ရခြင်း ဖြစ်၏။
သူသည် အခြားသော ရှားပါးပစ္စည်းများကိုမူ ကုန်ကြမ်းများအဖြစ် ပြောင်းလဲရန်အတွက် ဖျက်ဆီးခြင်း မပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ပျောက်ကွယ်သွားသောယဉ်ကျေးမှုများနှင့် မျိုးနွယ်စုများ၏ နောက်ဆုံးကျန်ရစ်ခဲ့သော အမှတ်အသားများ ဖြစ်နေနိုင်သောကြောင့်ပင်။
သူသည် ပန်းပဲထုလုပ်နည်းအသစ်ကို များ ရရှိနိုင်မည့်အရာ ရှိမလားဟူ၍ ရတနာများကို လိုက်လံရှာဖွေနေစဉ် ရှီဖန်းသည် တိတ်တဆိတ် ထွက်ခွာသွားလေသည်။
ထိုအခိုက် ရုတ်တရက် ကျိယွမ်၏ မျက်နှာအမူအရာက စူးရှသွား၏။ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်ရင်း သူက ပြောလိုက်သည်။
"ရောက်နေမှတော့ ကိုယ်ထင်ပြလိုက်စမ်းပါ"
တောက်ပပြီး ရွှင်လန်းသော အသံတစ်ခုက ချက်ချင်း ပြန်လည်ထွက်ပေါ်လာ၏။
"ကျင့်ကြံသူ... သင်က ကျွန်ုပ်တို့ရဲ့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို ရောက်ရှိလာတာကို ကြိုဆိုဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ သင့်အနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
ရေခဲသေတ္တာအကြီးစားတစ်ခုကဲ့သို့ ကျယ်ပြန့်သော ခန္ဓာကိုယ်ရှိပြီး ရယ်စရာကောင်းလောက်အောင် သေးငယ်သော ခေါင်းရှိသည့် သဏ္ဌာန်တစ်ခု ကိုယ်ထင်ပြလာ၏။ သူ့နောက်တွင်မူ ကုန်းကွကွနှင့် အကြီးအကဲကောင်းကင်အကြွင်းအကျန်အရှင် လိုက်ပါလာသည်။
"ငါက မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင် တောက်ပုအာ ပါ" ။ ဒေါင်ပုအာက မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလိုက်၏။
အစေခံတစ်ဦးအနေဖြင့် ကောင်းကင်အကြွင်းအကျန်အရှင်သည် တိတ်ဆိတ်စွာ ရပ်နေပြီး ကျိယွမ်ကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။
မြင့်မြတ်အလင်းနွယ်စုဝင် တစ်ဦးနှင့် တွေ့ဆုံရသော်လည်း ထွက်ပြေးခြင်းမရှိဘဲ နေနိုင်သည်။ ထိုအမျိုးသားသည် သတ္တိခဲတစ်ယောက် ဖြစ်နေသည်မှာ ထင်ရှားလှ၏။
"တိုက်ခိုက်ဖို့ လာတာလား" ၊ ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ပြိုင်ဘက်မှာ မူလသဘောတရား ရောက်ရုံမျှသာ ရှိသေးသဖြင့် ကြောက်လန့်နေစရာ ဘာမှမရှိချေ။ မြင့်မြတ်အလင်းအမိန့်တော်က သူတို့ထက်ပိုမိုမြင့်မားသောအဆင့်ရှိသည့် မူလသဘောတရားအဆင့်များကိုပင် လွှမ်းမိုးနိုင်သော်လည်း ကျိယွမ်ကိုယ်တိုင်၏ ခုခံနိုင်စွမ်းကလည်း အလွန်မြင့်မားလှသဖြင့် ကြောက်ရွံ့နေစရာအကြောင်း မရှိချေ။
တောက်ပုအာ၏ မျက်နှာအမူအရာက အနည်းငယ် ပျက်သွား၏။
"ကျင့်ကြံသူ...မင်းက နောက်ပြောင်နေတာပဲ။ ဧည့်သည်တစ်ယောက်အနေနဲ့မင်းအပေါ် သတ်ဖြတ်လိုတဲ့အရှိန်အဝါမျိုး ငါ မထားပါဘူး"
"ဒါပေမဲ့... ငါ့နှာခေါင်းကြီးက ရှည်ထွက်လာပြီ"
ကျိယွမ်က စိတ်မဝင်စားသလို မှတ်ချက်ချလိုက်၏။
"မင်း လိမ်နေတာပဲ။ မင်းဆီမှာ သတ်ဖြတ်လိုတဲ့အရှိန်အဝါ အကြွင်းအကျန်လေး ရှိနေတယ်"
တောက်ပုအာ၏ မျက်နှာအမူအရာက သိမ်မွေ့စွာ ပြောင်းလဲသွားသည်။ သူသည် အံ့ဩမဆုံး ဖြစ်သွားရ၏။
မိမိ၏ မြင့်မြတ်အလင်းအမိန့်တော် ကို ထိုသူက မည်သို့ သိရှိသွားရသနည်း။
ထိုအမျိုးသားကလည်း ကြောက်မက်ဖွယ်ကောင်းသော ဘိုးဘေးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းလော။
ဒါကသာ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်နိုင်သည်။သူသည်လည်း ကောင်းကင်ဘုံ ခြောက်ထပ် မှ ကျင့်ကြံသူတစ်ဦး ဟုတ်ပုံမရချေ။ မိမိကဲ့သို့ပင် သူသည်လည်း အပြင်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
သူသည် ကျိယွမ်ကို ပိုမို၍ သတိထားကာ စိုက်ကြည့်လိုက်သော်လည်း လေသံကိုမူ ပုံမှန်အတိုင်း ထားရှိလိုက်သည်။
"ကျင့်ကြံသူ...မင်း အထင်လွဲနေပါပြီ။ ဒါက တမင်သက်သက်မဟုတ်ဘဲ အလိုအလျောက် ထွက်လာတဲ့ သတ်ဖြတ်လိုစိတ် အနည်းငယ်မျှသာ ဖြစ်ပါတယ်။ မင်းဆီမှာလည်း သေခြင်းစွမ်းအင်တွေ ဖုံးလွှမ်းနေတာပဲ မဟုတ်လား"
"ဒါက မတူဘူး။ ငါသတ်တဲ့သူတွေက သေသင့်လို့ သတ်တာ" ကျိယွမ်က ပြန်လည်ချေပလိုက်၏။
"ငါသတ်တဲ့သူတွေကလည်း သေသင့်လို့ပဲ" ၊ တောက်ပုအာကလည်း ချက်ချင်းပင် စကားပြန်လိုက်သည်။
ကျိယွမ်က ခေတ္တမျှ ရပ်တန့်သွားပြီး တောက်ပုအာကို အကဲခတ်သလို ကြည့်လိုက်၏။
"မင်းမျက်နှာက တော်တော်လေး ပြောင်စပ်စပ်နိုင်တာပဲ။ ကဲ... မင်း ဘာလိုချင်လို့လဲ"
ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော ကောင်းကင်အကြွင်းအကျန်အရှင်ကတော့ လုံးဝ အံ့ဩမှင်တက်နေမိသည်။ ဤဝတ်ရုံနက်ဝတ်ဆင်ထားသောအမျိုးသားသည် ဒူးထောက်၍ အညံ့ခံသင့်သည်မှာ ကြာပြီမဟုတ်ပါလား။
"မင်းအနေနဲ့ ဒီနာနာဘာဝစစ်တပ်ကြီးကို ဘယ်လိုမျိုး ထိန်းချုပ်ထားသလဲဆိုတာကို ငါ စိတ်ဝင်စားလို့ပါ။ မင်းဆီကနေ သင်ယူချင်ပါတယ်"
တောက်ပုအာက တည်ငြိမ်စွာ ပြောလိုက်၏။
သူ၏ ရည်ရွယ်ချက်မှာ ကြီးမားလှသည်။ သူ့အတွက် အဓိကသော့ချက်မှာ နာနာဘာဝစစ်တပ်အပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်ရန် ဖြစ်၏။ သို့သော် ဤဝိညာဉ်များသည် အလွန်ထူးခြားလှသဖြင့် မိမိ၏ မြင့်မြတ်အလင်းအမိန့်တော် ပင်လျှင် အလုပ်မဖြစ်ချေ။ ခေါင်းလောင်းများကို အသုံးပြု၍ အတင်းအကျပ် ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို ညစ်ညမ်းစေခြင်းတို့ကလည်း အနည်းငယ်မျှသာ အောင်မြင်မှုရရှိခဲ့ပြီး တိုးတက်မှုက အလွန်နှေးကွေးလွန်းသဖြင့် မည်သည့်ဖြေရှင်းချက်မျှ ရှိနိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမူ ဤဝတ်ရုံနက်ဝတ်ဆင်ထားသော ဆန်းကြယ်သည့်အမျိုးသားသည် နာနာဘာဝစစ်တပ်ကြီးကို အပေးအယူမျှမျှဖြင့် ခိုင်းစေထားနိုင်သည်။ အချို့က အိမ်ဆောက်နေကြပြီး အချို့ကမူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပင် လုပ်ဆောင်နေကြ၏။
"ဒါကတော့... ငါက သူတို့အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံလို့ပဲ။ ဒါကြောင့် သူတို့ကလည်း ငါ့အပေါ် စိတ်ရင်းမှန်နဲ့ ပြန်လည်ဆက်ဆံကြတာပေါ့" ကျိယွမ်က တည်ကြည်စွာ ပြောလိုက်သည်။
တောက်ပုအာသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် နှာခေါင်းရှုံ့လျက် ရယ်မောလိုက်၏။ "ကျင့်ကြံသူ...မင်းက နောက်ပြောင်နေပြန်ပြီ"
သူသည် ကျိယွမ်၏ စကားကို လုံးဝမယုံကြည်ကြောင်း ထင်ရှားလေသည်။
"တကယ်လို့ ငါက မင်းအပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံရင် မင်းကကော ဒီနာနာဘာဝတွေလို ငါ့အပေါ် သစ္စာစောင့်သိမှာလား" ကျိယွမ်က ပြုံးစိစိဖြင့် မေးလိုက်၏။
တောက်ပုအာ၏ အပြုံးက တောင့်တင်းသွားလေသည်။ "ကျင့်ကြံသူ... ငါ အခုမှ သတိရတယ်... ငါ ဆေးဖော်စပ်ခြင်း လုပ်နေတာ ရှိသေးတယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့"
ပြောပြီးသည်နှင့်သူသည် ပြန်လှည့်၍ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
မကြာမီမှာပင် တောက်ပုအာသည် ကောင်းကင်ယံအထက်တွင် ရပ်နေပြီး အောက်ရှိ နာနာဘာဝစစ်တပ်ကြီးကို လှမ်းမျှော်ကြည့်ရင်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် အတွေးများ ရှုပ်ထွေးနေလေသည်။
"သူက မြင့်မြတ်အလင်းအမိန့်တော် ကို တကယ်ပဲ ခုခံနိုင်တာလား"
"သူ့ရဲ့ သွေးမျိုးဆက်က သေချာပေါက် ထူးခြားရမယ်"
"သူကလည်း ငါလိုပဲ ဒီနေရာကို တစ်ခုခုအတွက် ရောက်နေတာလား"
သူသည် စိုးရိမ်ပူပန်မှုများဖြင့် တစ်ကိုယ်တည်း ရေရွတ်နေမိ၏။
"ဒါပေမဲ့ သူက ငါ့ထက် နည်းနည်းအားနည်းပုံရတယ်။ သူသာ ပိုပြီး အင်အားကြီးရင် ငါ့ကို အကဲခတ်မနေဘဲ တိုက်ခိုက်ပြီးသား ဖြစ်မှာ"
"သူ့ရဲ့ သွေးမျိုးဆက်စွမ်းရည်က မြင့်မြတ်အလင်းအမိန့်တော် နဲ့ ဆင်တူတာ ဖြစ်ရမယ်။ သူနဲ့ ထိတွေ့ရတာက ငါ့ကို ထူးဆန်းတဲ့ ခံစားချက်တစ်ခု ပေးတယ်..."
ထိုထူးဆန်းသော စွမ်းအင်ကို ခံစားမိသဖြင့် သူသည် ထိုနေရာ၌ ဆက်မနေဝံ့တော့ဘဲ ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
"မြင့်မြတ်အလင်းအမိန့်တော် က သူ့ကို ရှုံးနိမ့်လိမ့်မယ်လို့ မဆိုလိုပါဘူး။ မနက်ဖြန်ကျရင် ငါ သူ့ကို ထပ်ပြီး ရင်ဆိုင်ကြည့်ဦးမယ်။ ငါ တခြားအစေခံတစ်ယောက်ကို မနှိမ်နင်းနိုင်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ"
အစေခံများကို စုဆောင်းခြင်းက တောက်ပုအာအတွက် စိတ်ဝင်စားစရာ မဟုတ်ချေ။ သူ အလိုရှိသည်မှာ နာနာဘာဝစစ်တပ်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းသာ ဖြစ်သည်။
ထိုအချိန်တွင် ကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ကျိယွမ်၏ မျက်လုံးများတွင်မူ စိတ်ဝင်စားမှုများ တောက်ပနေ၏။
"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း က... တကယ်ပဲ တည်ငြိမ်လာတာလား"
ကျိယွမ်၏ မူလသဘောတရားထွင်းသိမြင်မှု တွင် အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း နှင့် လွတ်လပ်မှုတို့ ပါဝင်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့် မှာ ကန့်သတ်ချက် ရှိနေဆဲဖြစ်သဖြင့် မူလသဘောတရား စွမ်းရည်များ၏ တိုးတက်မှုနှင့် တည်ငြိမ်မှုမှာ နှေးကွေးလှ၏။
အထူးအဆင့်မြင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည့် တိုက်ပွဲများတွင်မူ သူသည် မိမိ၏ မူလသဘောတရား စွမ်းရည်များကို ခဲယဉ်းစွာ အသုံးပြုနေရသည်။
သို့သော် တောက်ပုအာနှင့် ထိတွေ့ဆက်ဆံရခြင်းက သူ၏ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည်အား မြင့်မြတ်အလင်းအမိန့်တော် ကို ကျင့်သားရသွားစေရန် အတွေ့အကြုံများစွာ ပေးခဲ့သည်။
"အဘိုးအို ပြောခဲ့သလိုပဲ... မူလသဘောတရားထိုးထွင်းသိမြင်မှု မှာ အဆင့်လေးဆင့် ရှိတယ်၊ အဲဒါတွေကတော့ ပြန့်ကျဲခြင်းအဆင့်၊ စုစည်းခြင်းအဆင့်၊ ခိုင်မာခြင်းအဆင့် နဲ့ ပုံစံပေါ်ခြင်းအဆင့် တို့ပဲ။ ငါကတော့ ပြန့်ကျဲခြင်းအဆင့်မှာပဲ ရှိသေးတယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး ကဲ့သို့သော အတွေ့အကြုံရင့် ကျင့်ကြံသူတစ်ဦးမှာမူ ခိုင်မာခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ပေလိမ့်မည်။
အမြင့်ဆုံးတည်ရှိမှုကြီများ (ဂိုဏ်းခေါင်းဆောင်များ) ၏ မူလသဘောတရားသာလျှင် ပုံစံပေါ်ခြင်းအဆင့် သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
"အင်း တောက်ပုအာကို အသက်ရှင်လျက် ထားဖို့ လိုအပ်ပုံရတယ်" ကျိယွမ်က တွေးလိုက်သည်။
သူသည် တောက်ပုအာကို အသုံးပြု၍ အတွေ့အကြုံများ ပိုမိုရယူနိုင်ကာ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း အပေါ် ကျွမ်းကျင်မှုကို မြှင့်တင်နိုင်မည် ဖြစ်၏။ ၄င်းက ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
နောက်တစ်နေ့ မိုးလင်းစပြုချိန်တွင် တောက်ပုအာနှင့် ကောင်းကင်အကြွင်းအကျန်အရှင်တို့ ထပ်မံ ကိုယ်ထင်ပြလာကြပြန်သည်။
"ကျင့်ကြံသူ... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ငါက မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
တောက်ပုအာက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ရင်း တိတ်တဆိတ် မြင့်မြတ်အလင်းအမိန့်တော် ကို လှုံ့ဆော်လိုက်၏။
သူသည် မည်သူက အောင်နိုင်မည်နည်းဆိုသည်ကို သိရှိနိုင်ရန်အတွက် ဝတ်ရုံနက်ဝတ်ဆင်ထားသောအမျိုးသားထံသို့ နေ့စဉ် လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"မင်းမှာ မရှိဘူးဆိုတာတော့ ဖြစ်ချင်ဖြစ်နိုင်မယ်၊ ဒါပေမဲ့ မင်းဘေးက အဘိုးကြီးမှာတော့ ရှိနိုင်တယ်" ကျိယွမ်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်၏။
ကောင်းကင်အကြွင်းအကျန်အရှ၈်၏ မျက်နှာအမူအရာက ကမောက်ကမ ဖြစ်သွားပြီး သူ့နှလုံးသားထဲတွင် မငြိမ်မသက် ဖြစ်မှုများ မြင့်တက်လာလေသည်။
"ကျင့်ကြံသူ... မင်းက နောက်ပြောင်ပြန်ပြီ။ သူက မကြံရဲပါဘူး" ၊ ဒေါင်ပုအာက အံ့ဩတကြီးဖြင့် ပြောလိုက်၏။
"သူကကြံရဲတာပေါ့။ ဘာပဲဖြစ်ဖြစ်... ငါက သူ့သားကို သတ်ခဲ့တာလေ" ၊ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ကန်းလန်ကမ္ဘာတွင် ရှိစဉ်က ကျိယွမ်သည် အရှင်မမိုလီနှင့် တွေ့ဆုံခဲ့ဖူးပြီး ဝိညာဉ်အကြွင်းအကျန်တစ်ခု ပါဝင်သော ရှေးဟောင်းမှန် တစ်ခု ရခဲ့ဖူးသည်။ ထိုဝိညာဉ်မှာ ကောင်းကင်ဘုံ ခြောက်ထပ် မှ ယန်နတ်ဘုရားတစ်ပါး၏ မျိုးဆက် ဖြစ်၏။
ထိုထောင်လွှားလှသော အကြွင်းအကျန်ဝိညာဉ် သည် လနတ်ဘုရားဘိုးဘေး ကို စော်ကားခဲ့သဖြင့် ကမ္ဘာနှစ်ခုကို ဖြတ်ကျော်ကာ ချက်ချင်း အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဖေဖြစ်သူ ကောင်းကင်အကြွင်းအကျန်အရှင်က သားဖြစ်သူ၏ ဝိညာဉ်ကို ထိုရှေးဟောင်းမှန်အတွင်း သိမ်းဆည်းကာ အောက်ကမ္ဘာများ သို့ စေလွှတ်ခဲ့ခြင်း ဖြစ်၏။
ထိုဝိညာဉ်သည် ကျိယွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း သူ့လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရရှာသည်။ ယခုအခါ ထိုဝိညာဉ်၏ အဖေကို မြင်ရသည်နှင့် ကျိယွမ်သည် ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်ပေသည်။
"မင်း... မင်းက ကျိအာကို သတ်ခဲ့တာလား" ၊ကောင်းကင်အကြွင်းအကျန်အရှင်၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး ၎င်း၏ခန္ဓာကိုယ်မှာလည်း မထိန်းချုပ်နိုင်သော ဒေါသများကြောင့် တုန်ရီလာသည်။
"မြင်တယ်မလား။ သူက ငါ့အပေါ် သတ်ဖြတ်ချင်တဲ့အရှိန်အဝါရှိနေတာ" ၊ ကျိယွမ်က တည်ငြိမ်စွာ မှတ်ချက်ချလိုက်၏။
တောက်ပုအာသည် ကျိယွမ်ကို အံ့ဩတကြီး ကြည့်ကာ မေးလေသည်။
"ကျင့်ကြံသူ...မင်းက ကောင်းကင်ဘုံ ခြောက်ထပ်ကို ရောက်ဖူးတာလား"
တောက်ပုအာသည် ကောင်းကင်အကြွင်းအကျန်အရှင်၏ သမိုင်းကြောင်းတစ်ခုလုံးကို သိရှိထားပြီး ၎င်း၏သား ကောင်းကင်ဘုံ ခြောက်ထပ်တွင် ရှိနေခဲ့ခြင်းကိုလည်း သိရှိထားသည်။ အကယ်၍ ကျိယွမ်က ထိုသူ့ကို တကယ် သတ်ခဲ့ခြင်းဖြစ်ပါက သူသည် သေချာပေါက် ကောင်းကင်ဘုံ ခြောက်ထပ်သို့ ရောက်ဖူးရပေမည်။
သူက စိတ်ဝင်စားသွားမိသော်လည်း မိမိကိုယ်မိမိ ပိုမိုမြင့်မြတ်သည်ဟု ခံစားလိုက်ရ၏။ မိမိ၏ အနာဂတ်မှာ တောက်ပပြီး အကန့်အသတ်မရှိသော်လည်း ဤဝတ်ရုံနက်ဝတ်ဆင်ထားသော ဆန်းကြယ်သည့်အမျိုးသားကမူ အတိတ်အောက်တွင် ချည်နှောင်ခံထားရဆဲ ဖြစ်သည်။
"ရောက်ဖူးတာပေါ့" ကျိယွမ်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။
တောက်ပုအာ၏ အပြုံးက ပိုမိုကျယ်ပြန့်လာပြီး သူ့နှလုံးသားထဲတွင်လည်း ကျေနပ်မှုများ ပြည့်နှက်သွားသည်။ "ဒီလို အသုံးမကျတဲ့အစေခံ ကမင်းအပေါ် သတ်ဖြတ်လိုတဲ့အရှိန်အဝါ ထားရှိဝံ့တာဖြစ်လို့ သူ သေသင့်ပါတယ်"
စိတ်ကောင်းဝင်နေသဖြင့် သူသည် မိမိကိုယ်မိမိ ဖျော်ဖြေရန်အတွက် ကောင်းကင်အကြွင်းအကျန်အရှင်ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ကောင်းကင်အကြွင်းအကျန်အရှင်၏ မျက်နှာသည် အရှက်ရကာရှုံ့မဲ့သွားလေသည်။
မင်းက ပျော်လို့ဆိုပြီး ငါ့ကို သတ်ရတာလား။
"သခင်... ကျွန်တော်မျိုးက သခင်မျိုးအပေါ် သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့တာပါ" ။
မကျေနပ်သော်လည်း ကောင်းကင်အကြွင်းအကျန်အရှင်က မခုခံနိုင်သဖြင့် အသနားခံရှာသည်။
"အခု မင်းကိုယ်မင်း အဆုံးစီရင်လိုက်မယ်ဆိုရင် သုံးနှစ် အတွင်းမှာ မင်းဟာ အထူးအဆင့်မြင့် မူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ပြန်လည်အသက်ရှင်လာလိမ့်မယ်"
တောက်ပုအာက စိတ်ကောင်းဝင်နေသဖြင့် ပေါ့ပေါ့ပါးပါး ပြန်လည်ပြောကြားလိုက်၏။
ကောင်းကင်အကြွင်းအကျန်အရှင်၏ ကြောက်ရွံ့မှုများသည် ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ မိမိကိုယ်ကိုယ် ချက်ချင်း အဆုံးစီရင်လိုက်လေတော့သည်။
ကမ္ဘာတစ်ခုလုံးကို ဝါးမြိုနိုင်လောက်အောင် အင်အားကြီးမားသော ကြီးမြတ်လှသည့် ယန်နတ်ဘုရားတစ်ပါးမှာမူ အင်းဆက်ကောင် တစ်ကောင်ကဲ့သို့ အသက်ပျောက်သွားရရှာသည်။
"ငါက သဘောထားမကြီးဘူးလား ကျင့်ကြံသူ"
တောက်ပုအာက မြင့်မြတ်အလင်းအမိန့်တော် ၏ စွမ်းအားကို ကြွားဝါရင်း ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်၏။
ကျိယွမ်သည် တောက်ပုအာကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် တည်ကြည်စွာ ပြောလိုက်သည်။
"တကယ်တော့... ငါက မင်းအဖေပါ"
တောက်ပုအာသည် ရုတ်တရက် ဝေဝါးသောမှတ်ဉာဏ်အချို့ကို ခံစားလိုက်ရ၏။သ်ု့သော် သူကလည်း အလျှော့မပေးချေ။
"ကျင့်ကြံသူ... မင်းကမှ ငါ့မြေးပါ"
တောက်ပုအာက ကျိယွမ်၏ စိတ်ကို လွှမ်းမိုးရန် ကြိုးစားရင်း မြင့်မြတ်အလင်းစကားအမိန့်တော် ကို လှုံ့ဆော်ကာ ပြန်လည်ချေပလိုက်သည်။
စွမ်းအားနှစ်ခုမှာ လူငယ်လေးနှစ်ဦး ဆဲဆိုအော်ဟစ်နေကြသကဲ့သို့ ထိပ်တိုက်တွေ့ဆုံသွားကြ၏။
" ဘယ်သူက မြေးလဲ ၊ မင်းက ငါ့သားမဟုတ်ဘူးလား " ၊ ကျိယွမ်က ဘာမှမဖြစ်သလို ပြန်မေးလိုက်သည်။
"မင်းပဲလေ" တောက်ပုအာက အော်ဟစ်လိုက်သော်လည်း သူ့အနေဖြင့် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားကြောင်း တွေ့လိုက်ရသည်။
"လိမ္မာတယ် ။သားလေး... မင်းက အဖေ့ကို လာတွေ့တယ်နော်" ကျိယွမ်က လိမ်မာသောသားလေးကို နှုတ်ဆက်သလို ဆို၏။
တောက်ပုအာ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ "ကျင့်ကြံသူ... ဒီလောက်အထိ အောက်တန်းကျနေတာလား။ မင်းမှာ ဒီလောက်ပဲ စွမ်းရည်ရှိတာလား"
"လူကြီးကို မရိုမသေနဲ့ ငါ့ကို 'ကျင့်ကြံသူ' လို့ ခေါ်နေတာလား။ ငါက မင်းအဖေပါ" ကျိယွမ်က မဟာမေ့လျောခြင်းစိတ်းကျမ်း ကို လှုံ့ဆော်ရင်း တည်ငြိမ်စွာ ထပ်ပြောလိုက်၏။
"နောက်နေ့မှ တွေ့ကြတာပေါ့" ၊ တောက်ပုအာက ဆုံးဖြတ်လိုက်ရင်း မကျေမနပ်ဖြင့် ထထွက်သွားလေသည်။
မလှမ်းမကမ်းတွင်မူ ရှီဖန်းသည် သူတို့နှစ်ယောက် အပြန်အလှန်ဆဲဆိုနေကြသည်ကို ငေးကြည့်ကာ ဆွံ့အ နေရှာ၏။
ဤမျှ အင်အားကြီးမားပြီး ခန့်ညားလှသောအရှင်သခင်တစ်ဦးသည် မိမိဆရာထံသို့ လာရောက်ပြီး သူ၏အစေခံကို သူပြန်သတ်ပစ်သည် ။ ထို့နောက် သူတို့အချင်းချင်း ဆိတ်ကျောင်းသားများလို ဆဲဆိုအော်ဟစ်ကာ ထွက်ခွာသွား၏။
"ရှီဖန်း... မင်း ဘာကိစ္စရှိလို့လဲ" ကျိယွမ်က မေးလိုက်သည်။
အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည် ပိုမိုတိုးတက်လာသည်ကို မြင်တွေ့ရသဖြင့် သူ စိတ်ကောင်းဝင်နေခြင်း ဖြစ်၏။
"ဆရာ... ရတနာတွေ စုဆောင်းနေရင်းနဲ့ ကျွန်တော် အင်အားကြီးတဲ့ ကျင့်ကြံသူအများကြီးနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က မြင့်မြတ်အလင်းမျိုးနွယ်စုမှာ နက်နဲတဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်လို့ သတိပေးကြပါတယ်။ ကျွန်တော်တို့တွေ ပိုပြီး သတိထားသင့်သလား ခင်ဗျာ" ရှီဖန်းက ရိုသေစွာ မေးလိုက်၏။
ကျိယွမ်သည် ကောင်းကင်အကြွင်းအကျန်အရှင်၏ အလောင်းကို သဘောကျစွာ ကြည့်လိုက်ပြီး ခေါင်းခါပြသည်။ "မြင့်မြတ်အလင်းမျိုးနွယ်စုလား။ ထည့်ပြောနေဖို့တောင် မတန်ပါဘူး"
ရှီဖန်းက ပြန်လည်ငြင်းခုံခြင်း မပြုခဲ့ပါ။ သူသည် ဆရာ၏ စိတ်နေစိတ်ထားကို ယခုအခါ ကောင်းကောင်းသိရှိနေပြီ ဖြစ်၏။
"ဆရာ... လွန်ခဲ့တဲ့ အချိန်တုန်းက ဆရာက ကျွန်တော့်ကို အထူးအဆင့်မြင့် ကျင့်ကြံသူတွေအကြားက တိုက်ခိုက်မှုအတတ်ပညာကို သင်ပေးမယ်လို့ ပြောခဲ့တယ်နော်။ဟိုဟာလေ... ဒီနေ့ဆရာတို့အချင်းချင်း အပြန်အလှန် ပြောဆိုတာတွေက... .."
ရှီဖန်းမှာ ခေတ္တတုန့်ဆိုင်းသွားပြီးမှ ဆက်ပြော၏။
"ဆရာ ဆိုလိုတာ အဲဒါကိုပြောတာလား ခင်ဗျာ"
သူသည် အလွန်ဝေခွဲမရဖြစ်နေလေသည်။ သူထင်ထားသော အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများအကြားမှ တိုက်ခိုက်မှုက ထိုသို့မဟုတ်ပေ။
ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။ "ဒီတောက်ပုအာက နေ့တိုင်း ရောက်လာနေတာဆိုတော့ ငါလည်း သူ့ကို နေ့တိုင်း စကားတွေပြန်ပြောရမှာပေါ့။ သေချာကြည့်ပြီး သင်ယူထားစမ်း"
ရှီဖန်းသည် ဒါက နောက်ပြောင်မှုတစ်ခုသက်သက်ပဲလားဟူ၍ သံသယများဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ဆရာဖြစ်သူအား စောဒကမတတ်ဝံ့သဖြင့် သူသည် ဇဝေဇဝါဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့၏။
"ဒါက... အဆဲစွမ်းအား တိုက်ပွဲတစ်ခုလား" သူသည် လုံးဝ စိတ်ရှုပ်ထွေးလျက် တွေးနေမိသည်။
"ဒါပေမဲ့ ဆရာက ခုနတင် သူက တောက်ပုအာရဲ့အဖေလို့ ပြောနေတာလေ"
"ဒီလိုဆိုရင် ဆရာက ဘယ်လိုလုပ်ပြီး တောင်ပုအာရဲ့ မြေး ဖြစ်နိုင်မှာလဲ"
သူ့စိတ်အစဉ်က ဘယ်လိုမှ ဖြေရှင်း၍မရသော အတွေးလှိုင်းများဖြင့် ရှုပ်ထွေးနေလေသည်။သံသယများနှင့်အတူ သူသည် မိမိ၏ နေထိုင်ရာနေရာ သို့ ပြန်လာခဲ့၏။
အတိအကျပင် ထိုအချိန်၌ ထည်ဝါလှသော ကျင့်ကြံသူတစ်ဦး သူ့အနားသို့ ချဉ်းကပ်လာသည်။
"ရှီဖန်း... ငါ့ရဲ့ သတင်းစကားကို မင်းရဲ့ ကြီးမြတ်လှတဲ့ ဆရာထံကို ပါးလိုက်ပြီလား"
ဤအရပ်ရှည်သော ကျင့်ကြံသူသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်းရှိ အကြီးအကဲတစ်ဦး ဖြစ်၏။ ကျိယွမ်၏ တည်ရှိမှုကို သိရှိပြီးနောက် သူသည် ထိုသူနှင့် မိတ်ဆွေဖွဲ့ရန် အလိုရှိနေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နာနာဘာဝစစ်တပ်ကို အမိန့်ပေးနိုင်သူသည် မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး ဖြစ်ရပေမည်။
"ဟုတ်ကဲ့... ကျွန်တော် သတင်းစကား ပါးလိုက်ပါပြီ" ရှီဖန်းက ပြန်ဖြေလိုက်၏။
"သူ ဘယ်လို ပြန်ပြောလဲ" အရပ်ရှည်သော ကျင့်ကြံသူ၏ မျက်နှာတွင် မျှော်လင့်ချက်အချို့ ယှက်သန်းသွားသည်။
"ဆရာက... မြင့်မြတ်အလင်းမျိုးနွယ်စုက ထည့်ပြောနေဖို့တောင် မတန်ဘူးလို့ ပြောပါတယ်" ရှီဖန်းက ကျိယွမ်၏ စကားအတိုင်း ပြန်ပြောပြလိုက်၏။
သူ၏စကားကို ကြားလိုက်ရသဖြင့် အရပ်ရှည်သော ကျင့်ကြံသူ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားသည်။ "မင်းရဲ့ ဆရာက... တော်တော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပုံပဲ"
သူ့အနေဖြင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားမှုက အချည်းနှီးဖြစ်သွားကြောင်း သိလိုက်ရသဖြင့် အရပ်ရှည်သော ကျင့်ကြံသူ စိတ်ပျက်စွာ ခေါင်းခါလိုက်မိ၏။ ဤမူလသဘောတရားအဆင့် ယန်နတ်ဘုရားသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပုံရသည်။ ဘာပဲဖြစ်ဖြစ် မြင့်မြတ်အလင်းမျိုးနွယ်စုတွင် မြင့်မြတ်အလင်းသွေးမျိုးဆက် တစ်ခုလုံး၏ ကျောထောက်နောက်ခံ ရှိနေသည် မဟုတ်ပါလား။
ထိုကျင့်ကြံသူသည် ကျိယွမ်ကပျက်စီးခြင်းလမ်းဆီသို့ ဦးတည်နေသည်ဟု ယူဆလိုက်၏။ တခြားသော ကျင့်ကြံသူများ၏ သမိုင်းကြောင်းများသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အသိုင်းအဝိုင်းငယ်လေးထဲတွင် ပျံ့နှံ့နေခဲ့ပြီး ကျိယွမ်၏ အလုပ်ကို ငြင်းပယ်ခဲ့ဖူးသော လျူရှီးကသာ ပိုမိုဉာဏ်ပညာရှိကြောင်း လူအများက ခံစားမိကြသည်။
လျူရှီးသည် မကြာသေးမီက လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ကာ အဖိုးတန်ရတနာများကို ရရှိခဲ့ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း တရွေ့ရွေ့ တိုးတက်နေခဲ့သည်။ ထိုအချိန်တွင် ထောင်လွှားပြီး တခြားသူများကို အမှုမထားသော ဤမူလသဘောတရားအဆင့် ယန်နတ်ဘုရားကမူ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေသည့်အလား ရှိနေသည်။
ထိုသို့ တွေးမိသည်နှင့် အရပ်ရှည်သော ကျင့်ကြံသူသည် အသက်အန္တရာယ် အလွန်နီးကပ်နေသော သူတစ်ဦးနှင့် မပတ်သက်မိစေရန်အတွက် နောက်ဆုတ်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။
"အကြီးအကဲ... ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်" ရှီဖန်းက တိုးတိုးလေး မေးလိုက်၏။
"အော်... ဘာလဲ" အရပ်ရှည်သော ကျင့်ကြံသူ၏ လေသံက အရင်ကကဲ့သို့ ရင်းနှီးမှု မရှိတော့ချေ။
"အထူးအဆင့်မြင့် ကျင့်ကြံသူတွေအကြားက တိုက်ပွဲက ဘယ်လိုမျိုးလဲ ခင်ဗျာ" ရှီဖန်းက စုံစမ်းမေးမြန်းလိုက်သည်။
"ဒီနေ့ တောက်ပုအာလို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက် ကျွန်တော့်ဆရာဆီ လာပါတယ်၊ ပြီးတော့ သူတို့က..."
သူသည် အသိပညာအချို့ ရရှိရန် မျှော်လင့်ချက်ဖြင့် ထိုနေ့က ဖြစ်ရပ်များကို အကြီးအကဲအား ပြန်လည်ပြောပြလိုက်၏။
အတွေ့အကြုံရင့်ကျက်သော ထိုအကြီးအကဲသည် ရှီဖန်း ယခုအချိန်အထိ နားမလည်နိုင်သော အရာများစွာကို ပိုမိုသိရှိထားသူ ဖြစ်ပြီး သူ၏သံသယအား ဖြေရှင်းပေးနိုင်လိမ့်မည်။
ရှီဖန်း၏ စကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲက တဟားဟားအော်ရယ်လေတော့သည်။
"မူလသဘောတရားအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်ကြရင်တောင် အဲဒီလိုမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။ မင်းရဲ့ ဆရာက မင်းကို နောက်ပြောင်နေတာပဲ ဖြစ်ရမယ်"
သူက စိတ်ပျက်စွာ ခေါင်းခါလိုက်ရင်း ထွက်ခွာသွားလေတော့သည်။
ရှီဖန်းတစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဘာတွေးရမှန်းပင် မသိတော့ချေ။ "ဆရာက ငါ့ကို လိမ်မှာမဟုတ်ဘူး" သူက တွေးလိုက်သည်။ "ပြီးတော့ ဒီအကြီးအကဲက ထိုးထွင်းသိမြင်မှု မရှိတာ ဖြစ်ရမယ်"
သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီး နေ့စဉ် ကျိယွမ်ထံသို့ ဆက်လက်သွားရောက်ကာ မိမိဆရာနှင့် တောက်ပုအာတို့၏ "နှစ်ယောက်ချင်းပြိုင်ပွဲ" ကို စောင့်ကြည့်နေခဲ့သည်။
သူသည် မျက်မှောင်ကြုတ်လျက် သေချာစွာ နားထောင်ပြီး ၎င်းတို့၏ ဆန်းကြယ်သော အပြန်အလှန်ပြောဆိုမှုများကို နားလည်ရန် ကြိုးစားနေမိ၏။
"ငါက မင်းအဖေပါ"
"ငါက မင်းအဘိုး"
"ငါက မင်းအဖေ ၊ မင်းက ငါ့သား"
"မင်းက ငါ့မြေး ၊ ငါကမှ မင်းအဘိုး "
အဖေနှင့်အဘိုး နှစ်လုံးတည်းဖြင့် တိုင်ပတ်နေသော အဆင့်မြင့်တိုက်ပွဲကြီးကို သူပိုပြီး နားထောင်လေလေ ပိုပြီး ရူးချင်လေလေ ဖြစ်လာ၏။
ဘယ်သူက အဖေ ၊ ဘယ်သူက အဘိုး လဲ ။
ရှီဖန်းမှာ လုံးဝရှုပ်ထွေးနေတော့သည်။
ဤသို့ဖြင့် အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး သုံးနှစ်တာကာလပင် ကုန်လွန်သွားခဲ့ချေပြီ။
ရှီဖန်း၏ ရတနာရှာဖွေရေး ခရီးစဉ်များမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။ မြင့်မြတ်အလင်းမျိုးနွယ်စု၏ သခင်သည် တစ်ကိုယ်တော်ကျင့်ကြံခြင်း မှ ထွက်လာတော့မည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသဖြင့် မြင့်မြတ်အလင်းမျိုးနွယ်စုကို ရန်စမိမည်စိုး၍ ကျိယွမ်၏ နယ်မြေ သို့ လာရောက်ရန် လူအများက ကြောက်ရွံ့နေကြသောကြောင့် ဖြစ်၏။
တစ်နေ့တွင် ဒေါင်ပုအာနှင့် အဆဲတိုက်ပွဲ ပြုလုပ်ပြီးနောက် ကျိယွမ်သည် အထူးပင် လန်းဆန်းမှုကို ခံစားလိုက်ရသည်။
"နောက်ဆုံးတော့... ငါ့ရဲ့ မူလသဘောတရား စုစည်းခြင်းအဆင့် အသေးစားအောင်မြင်မှု ကို ရရှိခဲ့ပြီ"
ဤကဲ့သို့သော ရှည်လျားပြီး ပြင်းထန်လှသော အဆဲတိုက်ပွဲများမှတစ်ဆင့် ကျိယွမ်၏ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည်သည် ဖိအားများသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ခဲ့ပြီး စုစည်းခြင်းအဆင့်၏ အသေးစားအောင်မြင်မှု အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
"အခုဆိုရင် သိုင်းနတ်ဘုရားလမ်းစဉ် ရဲ့ အကူအညီမပါဘဲ မဟာမူလသဘောတရားအဆင်ရောက်ခါစ မူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငါ ခုခံနိုင်စွမ်း ရှိနေပြီ။"
သို့သော် ၄င်းက သူ ရှင်သန်နိုင်ရုံမျှသာ ရှိသေးကြောင်းတော့ သူမမေ့ပါ။ သာမန် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးကို ဒဏ်ရာရစေရန်အတွက်မူ သူသည် ခိုင်မာခြင်းအဆင့်အကြီးစားအောင်မြင်မှု သို့ ရောက်ရှိရန် လို၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေး ကဲ့သို့သော အတွေ့အကြုံရင့် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူရန်အတွက်မူ သူသည် ပုံစံပေါ်ခြင်းအဆင့် သို့ ရောက်ရှိရန် လိုအပ်ပေလိမ့်မည်။
မည်သို့ဆိုစေ တောက်ပုအာသည် ကျိယွမ်၏ ကျင့်ကြံခြင်းအဆင့်အတွက် အတွေ့အကြုံများစွာ ပေးစွမ်းနိုင်သော စိတ်ချရသည့် အရင်းအမြစ်တစ်ခုနှင့် အကောင်းဆုံး "ဓာတ်ခဲ" တစ်လုံး ဖြစ်နေခဲ့သည်မှာ ထင်ရှားလှသည်။
"ရှီဖန်း... မင်း ရာခိုင်နှုန်းဘယ်လောက် နားလည်သွားပြီလဲ" ကျိယွမ်က သူ့အားငေးကြည့်နေသော ရှီဖန်းအားမေးလိုက်၏။
ရှီဖန်းက စိတ်မကောင်းစွာဖြင့် ပြုံးလိုက်သည်။ "ဆရာ... တပည့်က ဉာဏ်နည်းလွန်းပါတယ်။ ကျွန်တော် တစ်စက်လေးတောင် နားမလည်နိုင်သေးပါဘူး "
လွန်ခဲ့သော သုံးနှစ်ကာလပတ်လုံး သူသည် အပြန်အလှန်ဆဲဆိုမှုများကို မြင်တွေ့ခဲ့ရသော်လည်း နားလည်နိုင်စွမ်းမရှိခဲ့ချေ။
"ဆရာ့ရဲ့ နည်းလမ်းတွေက အလွန်ရိုးရှင်းပြီး သဘာဝကျလှပါတယ်၊ တာအိုတရားနဲ့လည်း အလွန်ကိုက်ညီပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဆင့်ထက် အများကြီး ကျော်လွန်နေတယ်ထင်ပါရဲ့"
"ဟူး... မင်းရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒီလို တိုက်ခိုက်မှုအဆင့်ကို နားလည်ဖို့ ခက်ခဲလိမ့်မယ်။ သနားစရာ ကောင်းလိုက်တာ"
ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်၏။
" မင်းက သမုဒ္ဒရာကြီးရဲ့ ကျယ်ပြောမှုကို မြင်ဖူးသွားပြီဆိုရင် ဘယ်မြစ်ရေကမှ မင်းကို ကျေနပ်စေမှာမဟုတ်ဘူး။ ဝူတောင်တန်း ကို တက်ဖူးသွားပြီဆိုရင် တခြားတိမ်တိုက်တွေအကုန်လုံးက အဓိပ္ပာယ်မရှိတော့ဘူး။အခုလည်း ငါတို့ရဲ့အဆင့်မြင့်တိုက်ပွဲကြီးကို မြင်ပြီးပြီဆိုတော့ မင်းဟာ နောင်အနာဂတ်မှာ တခြားတိုက်ခိုက်မှုပုံစံတွေကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး"
ရှီဖန်းက ဘာမှပြန်မပြောသော်လည်း သူ့နှလုံးသားထဲတွင်မူ စိတ်ဒွိဟဖြစ်နေမိသည်။ ဆရာနှင့် တောက်ပုအာတို့၏ အဆဲတိုက်ပွဲကို သူ မည်မျှပင် အာရုံစိုက် စောင့်ကြည့်နေပါစေကာမူ... ဒါက တောခွေးနှစ်ကောင် အချင်းချင်း ဟောင်နေကြသည်ထက် မပိုဟု ခံစားရသောကြောင့် ဖြစ်၏။
ထိုအချိန်တွင် တခြားတစ်နေရာ၌မူ တောက်ပုအာသည် မိမိ၏ နဖူးမှ ချွေးများကို သုတ်နေမိသည်။
"ဒီဝတ်ရုံနက်ဝတ်ဆင်ထားတဲ့ အမျိုးသားက တကယ်ကို ကြောက်စရာကောင်းတာပဲ။ လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး သူက ငါ့အပေါ် သိမ်မွေ့စွာ လွှမ်းမိုးခဲ့ပေမဲ့ ငါ့ရဲ့ မြင့်မြတ်အလင်းအမိန့်တော် ကတော့... သူ့အပေါ် ဘာမှသက်ရောက်မှု မရှိသလောက်ပဲ"
သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ "တကယ်လို့ နောက်ထပ် လဝက် အတွင်းမှာ ဘာတိုးတက်မှုမှ မရှိဘူးဆိုရင်... ငါ အတည်အပေါက် လုပ်ရတော့မယ်ပုံပဲ"
တောက်ပုအာသည် သာမန်မြင့်မြတ်အလင်းနွယ်စုဝင် မဟုတ်ချေ။ သူ့ခွန်အားက အလွန်ကြီးမားပါသည်။ ကောင်းကင်ဘုံ ခြောက်ထပ်မှ မည်သည့်ကျင့်ကြံသူမဆို ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်လာပါက ၎င်းတို့အား ကစားစရာတစ်ခုကဲ့သို့ ဆော့ကစားနိုင်သည်ဟု သူက ယုံကြည်မှု၏။ ထို့ကြောင့် သူသည် ကျိယွမ်ကို ကြောက်ရွံ့ခြင်းတော့ မရှိချေ။
ထိုသူ့ကို သတ်ပစ်ရန်မှာ လွယ်ကူလှသော်လည်း သူ အလိုရှိသည်မှာ နာနာဘာဝစစ်တပ်ကို အမိန့်ပေးနိုင်မည့် လျှို့ဝှက်ချက်နှင့် အကြွင်းမဲ့ထိန်းချုပ်နိုင်မှုသာ ဖြစ်သည်။ အကယ်၍ ၄င်းက မဖြစ်နိုင်ဘူးဆိုလျှင်တော့ သူသည် သတ်ဖြတ်ခြင်းနည်းလမ်းကိုသာ အသုံးပြုရတော့မည် ဖြစ်၏။
လဝက် ကြာပြီးနောက် ကျိယွမ်၏ မျက်နှာအမူအရာက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။
"တစ္ဆေတစ်သောင်းတံခွန်... ငါ နောက်ဆုံးတော့ သူ့ရဲ့ အပြစ်အနာအဆာကို ဖြေရှင်းနိုင်ခဲ့ပြီ"
တစ္ဆေတစ်သောင်းတံခွန်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ခြင်းက နောက်ဆုံးတွင် ရလဒ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ယခုအခါ သူသည် ထိုတံခွန်ကို အလှဆင်ပစ္စည်းတစ်ခုကဲ့သို့ သဘောထားကာ တစ္ဆေအတားအဆီး အတွင်းသို့ ဝင်ရောက်နိုင်လေပြီ ။ အမှန်အတိုင်းဆိုရသော် သူ အလိုရှိပါက ထိုတံခွန်ကိုပင် ခိုးယူနိုင်စွမ်း ရှိနေပြီ ဖြစ်၏။
"ဒါပေမဲ့... ငါက ဒီအတိုင်း အလွယ်တကူ ဝင်သွားလို့မရဘူး၊ မဟုတ်ရင် တံခွန်ရဲ့သခင်က တစ်ခုခု မမှန်တာကို ရိပ်မိသွားလိမ့်မယ်။ ငါက ခက်ခက်ခဲခဲ ရုန်းကန်နေရသလိုမျိုး၊ အနိုင်နိုင် ဖြတ်ကျော်နေရသလိုမျိုး ဟန်ဆောင်ရမယ်။ သူ မရိပ်မိခင်အထိ ငါ သုံးကြိမ်လောက် ဒီလိုလုပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့... ဒါက ငါ့အတွက် လုံလောက်ပါတယ်"
သူသည် မိမိ၏ တိုးတက်မှုအပေါ် ကျေနပ်မိသည်။ တစ်ခုတည်းသော နောင်တရစရာမှာ -
"ဒီတောက်ပုအာက သူ့ရဲ့ စွမ်းရည်တွေ လျော့နည်းလာပုံရတယ်။ သူက ငါ့ကို လာဆဲဖို့တောင် မကြိုးစားတော့ဘူး။ ဒီလိုဆိုရင်တော့ မဖြစ်ဘူး၊ သူ အသာစီးရနေတယ်လို့ သူ ထင်မှတ်သွားအောင် ငါ လုပ်ရမယ်" ကျိယွမ်သည် အစီအစဉ်တစ်ခုကို တွေးလိုက်၏။
တောက်ပုအာ၏ "စွမ်းအင်ထောက်ပံ့မှု" က အသုံးဝင်ဖြစ်သဖြင့် ကျိယွမ်သည် ဤမျှအဖိုးတန်သော အရင်းအမြစ်ကို လက်လွှတ်ရန် အဆင်သင့်မဖြစ်သေးချေ။ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည်ပေါ်ရှိ သူ၏ တိုးတက်မှုနှုန်းက နှေးကွေးသွားခဲ့သော်လည်း တောက်ပုအာသည် သူ့ကို စုစည်းခြင်းအဆင့်၏ နောက်ထပ် အသေးစားအဆင့်တစ်ခုသို့ ရောက်ရှိရန် တွန်းအားပေးနိုင်ဆဲ ဖြစ်သည်။
"အင်း..တောက်ပုအာတစ်ယောက်တည်းအတွက်နဲ့ ဒီနေရာမှာ နောက်ထပ် နှစ်နည်းနည်းလောက် အချိန်ထပ်ဖြုန်းရတာဟာ အဖေတစ်ယောက်ရဲ့ ကြီးမားတဲ့ မေတ္တာတရားကြောင့်ပဲ ဖြစ်မလား။ ဒါက တကယ်ကို မျက်ရည်ကျချင်စရာကောင်းလှတယ်" ကျိယွမ်က မိမိ၏ ဇွဲလုံ့လအပေါ် ကျေနပ်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။
နောက်ရက်များတွင် ရှီဖန်း၏ မျက်နှာအမူအရာက ပိုမို၍ စိုးရိမ်ပူပန်မှုများ ရှိလာသည်။ အမြုတေအဆင့် သို့ တိုးတက်ရောက်ရှိခဲ့သော်လည်း သူ ဝမ်းမသာနိုင်ရှာပါ။ ကျင့်ကြံသူများသည် ကျိယွမ်၏ နယ်မြေကို ရှောင်ရှားလာကြပြီး ရှီဖန်း၏ မိတ်ဆွေဟောင်းများပင် သူ့ထံမှ ဝေးကွာသွားကြသည်။
တစ်ချိန်က ဧည့်သည်များနှင့် မိတ်ဆွေများဖြင့် ပြည့်နှက်နေခဲ့သော သူ၏ ကျင့်ကြံခြင်း ခရီးစဉ်မှာ ယခုအခါ တစ်ကိုယ်တည်းအထီးကျန်ခြင်း များဖြင့်သာ ပြည့်နှက်နေတော့သည်။
ထိုသို့ဖြစ်လင့်ကစား ရှီဖန်းသည် ကျိယွမ်၏ ဘေးတွင် ဆက်လက်ရှိနေခဲ့သည်။ သို့သော် သူ စိုးရိမ်မိသည်မှာ မကြာသေးမီက ဆရာသည် တောက်ပုအာနှင့် အဆဲတိုက်ပွဲတွင် အရေးနိမ့်စပြုလာခြင်းကြောင့် ဖြစ်ပြီး ထိုအချက်က ရှီဖန်းကို အလွန်စိတ်မငြိမ်မသက် ဖြစ်စေခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် ထိုအရာက သူ၏ဆရာနှင့် တောက်ပုအာတို့အကြားက အထူးအဆင့်မြင့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အမှန်တကယ် ယုံကြည်နေပြီ ဖြစ်၏။
တကယ်မဟုတ်ရင် ဘယ်သူတွေက ၄ နှစ်လောက်နီးပါးကြီး နေတိုင်းမျက်နှာချင်းဆိုင်ပြီး ထိုင်ဆဲနေကြမှာလဲ ။
"ဆရာ... ကျွန်တော်တို့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကနေ ထွက်ခွာဖို့ စဉ်းစားသင့်ပြီလား ခင်ဗျာ။ ဆရာလည်း ရတနာတွေအများကြီး စုဆောင်းပြီးပြီပဲ" ရှီဖန်းက နောက်ဆုံးတွင် သူ့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောလိုက်တော့သည်။
ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။ "ရတနာတွေကတော့ အဆင်သင့်ဖြစ်ပါပြီ၊ ဒါပေမဲ့ ငါက အဲဒီ 'ဓာတ်ခဲ'... တောက်ပုအာ ဆီကနေ စွမ်းအင်နည်းနည်းထပ်ပြီး စုပ်ယူဖို့ လိုသေးတယ်"
သူက ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သောကြောင့် နည်းနည်းသာရနိုင်တော့၏။
"ငါ့အတွက် စိုးရိမ်မနေပါနဲ့"
ကျိယွမ်က ဆက်ပြောလိုက်သည်။
"ငါ နောက်ထပ် လဝက် လောက်နေရင် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကနေ ထွက်ခွာတော့မယ် ထင်တယ်။ မင်းကတော့ ရတနာတွေ ဆက်ပြီး စုဆောင်းဖို့ ဒီမှာပဲ နေခဲ့လို့ရတယ်"
"ဆရာက... တကယ်ပဲ ထွက်သွားတော့မှာလား ခင်ဗျာ" ရှီဖန်းသည် စိတ်သက်သာရာရမိသလို စိတ်မကောင်းလည်း ဖြစ်သွားရသည်။ ဆရာက သူ့အကြံဉာဏ်ကို လက်ခံလိုက်သည့်အတွက် ဝမ်းသာမိသော်လည်း စိတ်မကောင်းဖြစ်မှုကိုလည်း ခံစားလိုက်ရ၏။
"ဟုတ်တယ်" ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။
တောက်ပုအာ၏ စွမ်းအင်များကို သူ အပြည့်အဝ အသုံးချပြီးသည်နှင့် ဤပျင်းရိငြီးငွေ့ဖွယ် ကစားပွဲကို သူ အဆုံးသတ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကျိယွမ်သည် ၂၁ရာစု ကမ္ဘာပေါ်မှဉာဏ်ပညာရှင်များ ၏ လျှာစွမ်းအကွက်များကို ယှဉ်နိုင်စွမ်း မရှိချေ။
ကံကောင်းထောက်မစွာဖြင့် တောက်ပုအာသည်လည်း ဆဲဆိုခြင်းအတတ်ပညာတွင် ထူးချွန်သူတစ်ဦး မဟုတ်ခဲ့ပေ။
သူက " ငါက မင်းအဘိုး ၊ မင်းက ငါမြေး " ဟူသော တိုက်ကွက်နှင့် " မင်းကငါ့မြေး ၊ ငါက မင်းအဘိုး " ဟူသော တိုက်ကွက်နှစ်ခုကိုသာ ကောင်းကောင်း ရလေ၏။
---------
အခန်း ၄၇၁ - စုတ်ပြဲနေသောဝတ်ရုံ၏ ဝိညာဉ် ပေါ်ထွက်လာခြင်း
"ကောင်းကင်နဲ့ မြေကြီးကို တုန်ဟည်းသွားစေတဲ့ ဒီလောက်ကြီးမားတဲ့ တိုက်ပွဲမျိုးဟာ ကောင်းကင်ဘုံခြောက်ထပ်ရဲ့ မှတ်တမ်းတွေထဲမှာ ရေးထိုးကျန်ရစ်မှာ သေချာတယ်။ မင်းတစ်ယောက်တည်းပဲ ဒီပွဲကို မြင်တွေ့ခဲ့ရတာ တကယ် နှမြောဖို့ကောင်းတယ်"
ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများသည် ရင်တထိတ်ထိတ် ဖြစ်စရာကောင်းလှ၏။ ကျိယွမ်ကိုယ်တိုင်ပင် သူ၏ ပုံမှန်လှည့်ကွက်များ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသဖြင့် ဤတိုက်ပွဲ၏ အကောင်းဆုံး အခိုက်အတန့်များကို မှတ်တမ်းတင်ကာ ဝမ်းနည်းကြေကွဲဖွယ်ရာ နောက်ခံတေးဂီတများ ထည့်သွင်းပြီး ကောင်းကင်ဘုံခြောက်ထပ်ရှိ ကျင့်ကြံသူများကို အံ့အားသင့်စေမည့် ဗီဒီယိုတစ်ခု ဖန်တီးချင်စိတ်ပင် ပေါက်မိလေသည်။
သို့သော် ရှီဖန်းကမူ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့်သာ ကြည့်နေ၏။
အဆဲတိုက်ပွဲက တကယ်ပဲအဲဒီလောက်ကြီး အံ့သြစရာကောင်းခဲ့လို့လား။
သူမြင်တာကတော့ ဆရာဖြစ်သူနှင့်တောက်ပုအာတို့က "ငါက မင်းအဖေ" "မင်းက ငါ့မြေး" ဟူ၍ တည့်တည့်ကြည့်ကာ ထိုင်ဆဲနေကြခြင်းသာ..။
"ပြန်တော့။ ငါ ဒီနေ့ တိုက်ပွဲမှာ ဘာတွေ လိုအပ်ချက်ရှိလဲဆိုတာ ပြန်သုံးသပ်ရမယ်။ မနက်ဖြန်ကျရင် ဒီအမှားမျိုး ထပ်မမှားစေရဘူး"
ကျိယွမ်က လက်ဝှေ့ယမ်းလိုက်ရာ ရှီဖန်းသည် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး ခန်းမအလွတ်ကြီးထဲတွင် သူတစ်ယောက်တည်း ကျန်ရစ်လေသည်။
"ဒီကောင် တိုးတက်လာတယ် ၊ သူက ငါ့အမေကိုပြီး မသိမသာဆဲလိုက်တုန်းက ငါတောင် နည်းနည်း စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ တော်သေးတာပေါ့ ငါ့ရဲ့ ဝတ်ရုံနက်က ဖုံးကွယ်ထားလို့။ သူ မရိပ်မိသွားဘူး" ကျိယွမ်က ရေရွတ်လိုက်၏။
"မနက်ဖြန်ကျရင် စိတ်ဓာတ်တက်ကြွစေမယ့် နောက်ခံတေးဂီတတစ်ခုခု ထည့်ရမယ်။ အဆင်ပြေမယ့် နောက်ခံတေးဂီတသာ ရှိရင် ငါက အနိုင်မခံအရှုံးမပေးပဲ"
နောက်တစ်နေ့တွင် နွေးထွေးသော နေရောင်ခြည်သည် ကျယ်ဝန်းသောခန်းမထဲသို့ ဖြာကျနေသည်။ ဝတ်ရုံနက်ဝတ်ဆင်ထားသောကျိယွမ်သည် နောက်မှီထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းရင်း နေပူဆာလှုံနေ၏။ ရုတ်တရက် ခြေသံအချို့ကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး နန်းတော်ကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ပဲ့တင်ထပ်သွားလေသည်။
တံခါးနှစ်ချပ်ပါသော ရေခဲသေတ္တာကြီးတစ်ခုကဲ့သို့ ထွားကျိုင်းလှသော လူတစ်ဦး ပေါ်လာသည်။ သူ၏ အကြည့်များက နက်ရှိုင်းလှပြီး မိစ္ဆာများကို နှိမ်နင်းမည့် သိုင်းနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှ၏။
"မင်း ရောက်လာပြီပဲ" ထိုင်ခုံပေါ်တွင်လှဲနေသောကျိယွမ်က ဝ စိတ်ခံစားချက်ကို ဖုံးကွယ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းအဖိုး ရောက်ပြီကွ" တောက်ပုအာက ကြမ်းတမ်းသော အသံဖြင့် ဟောက်လိုက်၏။
"မင်းအဖေက ဒီမှာ လှဲနေတယ်လေ" ကျိယွမ်ကလည်း ယခင်နည်းတူ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သို့သော် ယနေ့တွင်တောက်ပုအာသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွား၏။ ထိုအသံသည် ကောင်းကင်ဘုံကိုးထပ်အထက်မှ မိုးကြိုးနတ်မင်း ဟိန်းဟောက်လိုက်သည့်အလား ရှိလှသဖြင့် သူ၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာသည်။
ဒီဝတ်ရုံနက်က တကယ်ပဲ ငါ့အဖေများ ဖြစ်နေမလား။ မဟုတ်ရင် သူက ဘာလို့ ငါ့ရဲ့ အလင်းစကားတော်ကို တုံ့ပြန်မှုမရှိတာလဲ။
သူသည် ထိုအတွေးကို ချက်ချင်း ဖျက်စီးပစ်လိုက်၏။
"ဟွန့်...ငါက မင်းထက် အသက်ကြီးတယ်၊ ဒါကြောင့် ငါက မင်းအဖိုးပဲ" တောက်ပုအာက သူ အသာစီးရသွားပြီဟု တွေးကာ မောက်မာစွာ ပြန်ပြောလိုက်သည်။
"အဲဒါကြောင့် မင်းက ရေမချိုးတာလား" ။ ကျိယွမ်ကအေးအေးဆေးဆေး တုံ့ပြန်လိုက်၏။
သူက စကားပြောရင်း လက်ခုပ်တီးလိုက်ရာ ဝိညာဉ် ၆၇ ကောင်သည် ပန်းနီပွင့်များ၊ ဗုံများနှင့် အခြားတူရိယာများကို ကိုင်ဆောင်ကာ ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့၏ မျက်နှာများတွင် အနီရောင်နှင့် အဖြူရောင်များကို ထူးဆန်းစွာ ခြယ်သထားကြ၏။
"နောက်ခံတေးဂီတ စဖွင့်တော့" ကျိယွမ်က လက်ဖျောက်တီးလိုက်သည်။
ထိုဝိညာဉ် ၆၇ ကောင်သည် တက်ကြွစွာ ကပြကြရင်း "တောက်ပုအာ ရေမချိုးဘူး ၊တောက်ပုအာ ရေမချိုးဘူး " ဟု ပျော်ရွှင်စွာ အော်ဟစ်ကြလေသည်။
"တောက်ပုအာ ရေမချိုးဘူး"
သူတို့၏ အသံများနှင့် လှုပ်ရှားမှုများသည် ဗုံသံများနှင့်အတူ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေ၏။
တောက်ပုအာသည် အရှက်ရသွားပြီး မျက်နှာပျက်သွားသော်လည်း ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီလို လှည့်ကွက်တွေ သုံးနေတာလား။ မင်းက မြေးအဆင့်ကနေ တက်လာမှာ မဟုတ်ဘူး"
"တောက်ပုအာ ရေမချိုးဘူး" ကျိယွမ်က ပျင်းရိစွာ ပြန်ပြော၏။
"မင်းမှာ ဒီလောက်ပဲ ရှိတာလား။ ငါ့ကို တိုက်ရိုက် ရင်ဆိုင်ရမှာ ကြောက်နေတာလား"
"မင်း မနေ့ညက ရေချိုးခဲ့လား"
"မင်း..." တောက်ပုအာ စကားထစ်သွားလေသည်။
"မင်းပဲ ရေမချိုးတာကွ"
"တောက်ပုအာ ရေမချိုးဘူး "
"တောက်ပုအာ ရေမချိုးဘူး "
"တောက်ပုအာ ရေမချိုးဘူး"
"မင်းက မြေးကျင့်မြေးကြံ ကြံနေတာလား."
"တောက်ပုအာ ရေမချိုးဘူး "
"မင်း...မင်း..စောင့်နေလိုက်..."
အချိန်များ ကုန်ဆုံးသွားရာ လဝက်မျှ ကြာသွား၏။ ခန်းမကြီးနှင့် ပတ်ဝန်းကျင် မိုင်ရာချီအတွင်း ကျင့်ကြံသူများ၏ ခြေရာလက်ရာမရှိသလောက် နည်းပါးသွားခဲ့သည်။ ဝိညာဉ်စစ်တပ်သာလျှင် စည်းကမ်းရှိသော စစ်တပ်တစ်ခု ဖြစ်လာစေရန် မနားမနေ လေ့ကျင့်နေကြလေသည်။
ရှီဖန်းသည် သီးသန့်ကျင့်ကြံဆောင်တွင် ထိုင်နေရင်း ကျောက်စိမ်းပြားပေါ်ရှိ မက်ဆေ့ခ်ျကို ကြည့်ကာ မျက်နှာပျက်သွားသည်။
"အားချင်း၊ နင် ဒါကိုပဲ ထပ်ပြောနေမယ်ဆိုရင် ငါတို့ သူငယ်ချင်းတောင် ဆက်ဖြစ်တော့မှာ မဟုတ်ဘူး။ ငါ့မှာ ရှိသမျှ အရာအားလုံးက ဆရာသခင် ပေးထားတာပဲ။ ငါ ဘယ်လိုလုပ် သူ့ကို သစ္စာဖောက်နိုင်မှာလဲ"
ထိုမက်ဆေ့ခ်ျသည် သူသိသော ကျင့်ကြံသူအမျိုးသမီးတစ်ဦးထံမှ ဖြစ်ပြီး သူမသည် သူ့အပေါ် စိုးရိမ်နေသဖြင့် ဤနေရာမှ ထွက်ခွာရန် ဖျောင်းဖျနေခြင်း ဖြစ်သည်။ သို့သော် သူ့အတွက် အရာအားလုံး ဖြစ်သော ဆရာသခင်ကို သူမည်သို့စွန့်ပစ်နိုင်မည်နည်း။
အားချင်းကမူ သူ့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရုံမှတစ်ပါး အခြား ဘာမျှ မတတ်နိုင်ပေ။
သူသည် ကျောက်စိမ်းပြားကို သိုလှောင်အိတ်ထဲသို့ ထည့်ကာ အဖတ်မလုပ်တော့ပေ။
"တကယ်လို့ မြင့်မြတ်အလင်းမျိုးနွယ်စု ရောက်လာရင်... ဆရာသခင် ဘယ်လို ကိုင်တွယ်မလဲ" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ ကျင့်ကြံသူအားလုံးက မြင့်မြတ်အလင်းမျိုးနွယ်စု၏အစွမ်းနှင့် သူတို့ခေါင်းဆောင်၏ အောင်နိုင်မှုများအကြောင်း ပြောဆိုနေကြသဖြင့် သူလည်း စိုးရိမ်စိတ် ဝင်နေမိ၏။
ထိုအချိန်တွင် အဝေးတစ်နေရာ၌ ကျင့်ကြံသူတစ်စု စုဝေးနေကြပြီး သူတို့၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။
"ဒီညက အမြင့်ဆုံးယင်ဝိညာဉ် ညပဲ။ ထုံးစံအတိုင်း မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင် ပေါ်လာလိမ့်မယ်။ အဲဒီ... အရှင်တော့ အန္တရာယ်ရှိနိုင်တယ်" ဟု ကျင့်ကြံသူတစ်ဦးက တိုးတိုးပြောလိုက်သည်။
" အဲဒီအရှင်က မာနကြီးလွန်းလို့ ဒီလိုဖြစ်ရတာပေါ့။ မြင့်မြတ်အလင်းမျိုးနွယ်စုက လွယ်လွယ်နဲ့ စိန်ခေါ်လို့ရတဲ့ အထဲမှာမပါဘူး"
"လျူရှီး၊ မင်း သူ့ဆီမှာ အလုပ်မလုပ်ခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် မင်း အခုလို အသက်ရှင်လျက် ပြောနိုင်မှာ မဟုတ်ဘူး"
လျူရှီးသည် စပျစ်ဝိုင်ကို တစ်ငုံသောက်လိုက်ရင်း အတွေးများနေသဖြင့် ပြန်မပြောမိပေ။
"ငါ ကြားတာတော့ အဲဒီအရှင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့ စိတ်ဝိညာဉ် အားနည်းပြီး အခု စိတ်မမှန်သလို ဖြစ်နေတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်တွေမှာ လေလွင့်ကျင့်ကြံသူတစ်ယောက်နဲ့ နေ့တိုင်း အဆဲပြိုင်ပွဲလုပ်နေတယ်လို့ ကြားတယ်" ။ အခြားတစ်ယောက်က ရယ်မောရင်း ပြောသည်။
"အင်း.အဲဒီလိုစိတ်ရူးပေါက်နေတဲ့လူပဲ ဒီနေရာမှာ နေမှာပေါ့" ။နောက်တစ်ဦးက ထပ်လောင်းပြောလိုက်၏။
နောက်ဆုံးတွင် လျူရှီးက သက်ပြင်းချကာ ထောက်ပြသည်။ "ဘာပဲဖြစ်ဖြစ် အဲဒီအရှင်သာ မရှိရင် ငါတို့ ဝိညာဉ်ညတွေမှာ လေလှိုဏ်ဂူတွေထဲ ပုန်းနေရဦးမှာ။ သူက ငါတို့အတွက် ကျေးဇူးအများကြီးရှိတယ်၊ ဒါကြောင့် သူ့ကို မကောင်းမပြောကြပါနဲ့"
အခြားကျင့်ကြံသူများသည် ပခုံးတွန့်လိုက်ကြပြီး ဘာမျှ ထပ်မပြောတော့ပေ။
"အမြင့်ဆုံးယင်ဝိညာဉ်ညတိုင်းမှာ အားလုံးထက်မြင့်မားတဲ့ ရှေးဟောင်းဝိညာဉ်တစ်ခု ပေါ်လာတတ်တယ်လို့ ပြောကြတယ်။ ဒီညတော့ အဲဒီ ရှေးဟောင်းစွမ်းအားကို မြင်တွေ့ရမလားပဲ"
ကျင့်ကြံသူအိုကြီးတစ်ဦး၏ မျက်ဝန်းတွင် စူးစမ်းလိုစိတ်များ တောက်ပနေသည်။ ပုံမှန်ဆိုလျှင် သူတို့သည် ဝိညာဉ်ညများတွင် ဝိညာဉ်များကို ရှောင်ရှားရန် ပုန်းအောင်းနေရသော်လည်း ယခုအခါ ဝိညာဉ်စစ်တပ်ကို ဝတ်ရုံနက်အရှင်က ထိန်းချုပ်ထားသဖြင့် သူတို့ အပြင်သို့ ထွက်ရဲကြခြင်း ဖြစ်သည်။
"အဲဒီ ရှေးဟောင်းဝိညာဉ်က... ဘယ်လိုမျိုးလဲမသိဘူး။ မဟာမူလသဘောတရားအဆင့်နဲ့ ယှဉ်နိုင်မလား"
"မဟာမူလသဘောတရားအဆင့်ဆိုရင်တော့ အားလုံးထက် အစွမ်းထက်ဆုံးဖြစ်မှာပဲ" ။ ကျင့်ကြံသူလူငယ်တစ်ဦးက ကြောက်ရွံ့စွာ ပြောလိုက်၏။
"ဒီကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေဟာ ရှေးခေတ်တုန်းက အံ့ဩစရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့မှာ သေချာတယ်။ နှမြောဖို့ကောင်းလိုက်တာ" ။ အခြားတစ်ဦးက တွေးတွေးဆဆလုပ်ရင်းမှ နှမြောတသဖြစ်စွာ ဆိုသည်။
"မင်းတို့ ထင်လား...ဆဌမကောင်းကင်ဘုံလည်း နောက်ဆုံးကျရင် ဒီလိုပဲ ဖြစ်သွားမလားလို့"
"တကယ်လို့ ဖြစ်သွားရင် ငါတို့ဘဝက ဝိညာဉ်စစ်တပ်ထဲက အနိမ့်ဆုံး စစ်သည်တွေထက်တောင် အဆင့်နိမ့်သွားလိမ့်မယ်"
လျူရှီးကတော့ နောက်ထပ်စကားမဆိုတော့ဘဲ အခြားသူများ၏ သက်ပြင်းချသံများကြားတွင် စပျစ်ဝိုင်ကို တိတ်တဆိတ် သောက်နေမိ၏။
ညဉ့်နက်လာသည်နှင့်အမျှ ကျင့်ကြံသူအားလုံး တဖြည်းဖြည်းစုဝေးမိလာကြသည်။ ယခုတစ်ကြိမ်တွင် မည်သူမျှ လေလှိုဏ်ဂူထဲသို့ မဝင်ကြပေ။ ညဉ့်အမှောင်ထုသည် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေပြီး လေထဲတွင် အေးစက်စက် အငွေ့အသက်များ ပါဝင်နေ၏။
အနည်းငယ်မျှ ကြာပြီးနောက် ဝမ်းနည်းကြေကွဲဖွယ်ရာ ခရုသင်းမှုတ်သံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းကာ ထွက်ပေါ်လာသည်။ ထိုခဏအတွင်း ကျင့်ကြံသူတိုင်းသည် ရှေးဟောင်းစစ်မြေပြင်တစ်ခုတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ပျက်စီးယိုယွင်းမှုများ၊ မီးလျှံများ၊ သွေးများ... ဓားများ၏ အလင်းတန်းများနှင့် ကောင်းကင်တွင် တွဲလောင်းကျနေသော ပျက်စီးနေသောစစ်သင်္ဘောများ။ ရေတွက်၍မရနိုင်သော အရိပ်များနှင့် တိုက်ပွဲအော်ဟစ်သံများ။
ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားသည်။
၎င်းသည် စစ်သည်တစ်ဦး၏ နောက်ဆုံးတိုက်ပွဲနိဂုံးတစ်ခုပမာ ရှိ၏။
"ဘာမှမရှိပေမဲ့ ငါ... အရမ်းဝမ်းနည်းဖို့ကောင်းတယ်လို့ ခံစားရတယ်"
"ဒီလို တိုက်ပွဲမျိုးဟာ တကယ်ကို ပျက်စီးခြင်းတွေနဲ့ ပြည့်နှက်နေမှာပဲ"
"တစ်ယောက်မှ အသက်ရှင်မကျန်ရစ်တဲ့ စစ်မြေပြင်ပေါ့"
လူအများ စိတ်လှုပ်ရှားနေစဉ် ကောင်းကင်ကြီးသည် ရုတ်တရက် သွေးရောင်ကဲ့သို့ နီရဲသွားပြီး စုတ်ပြဲနေသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။
"ရှေးဟောင်းဝိညာဉ် ပေါ်လာပြီ"
"ကြည့်လိုက်ဦး"
သူတို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသော်လည်း စုတ်ပြဲနေသော ဝတ်ရုံတစ်ခုကိုသာ မြင်ရ၏။ ထိုပုံရိပ်တွင် ခန္ဓာကိုယ်မရှိတော့ပေ ။ သို့သော် ဝတ်ရုံသည် ထိုနေရာတွင် ခိုင်ခံ့စွာ တည်ရှိနေဆဲဖြစ်ပြီး ဝတ်ရုံပေါ်ရှိ သွေးကွက်များသည် ရန်သူ့သွေးလား သို့မဟုတ် ဝတ်ရုံပိုင်ရှင်၏ သွေးလားဆိုသည်ကိုတော့ မခွဲခြားနိုင်ပေ။
ရုတ်တရက် ကြီးမားကျယ်ပြန့်သော အသံတစ်ခုသည် ကောင်းကင်ထက်မှ ပဲ့တင်ထပ်လာသည်။
"ငါတို့က တစ်သွေးတည်းပဲ။ မင်းရဲ့ မူလနေရာကို ပြန်လာခဲ့"
ကျင့်ကြံသူများသည် ကောင်းကင်သို့ ကြည့်လိုက်ကြရာ သွေးရောင်မိုးကုတ်စက်ဝိုင်းထက်တွင် တောက်ပနေသော မြင့်မြတ်သောအလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။
သူတို့အားလုံး အသက်ရှုရပ်မတတ် ဖြစ်သွားကြသည်။
"အဲဒါ... မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင်ပဲ"
နီရဲနေသောကောင်းကင်တွင် ပေါ်ထွက်လာသည့် စူးရှလွန်းသော မြင့်မြတ်အလင်းကို မည်သူမဆို မမှတ်မိဘဲ မနေနိုင်ပေ။ မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင်သာလျှင် ဤမျှကြီးမားသော စွမ်းအားကို အမိန့်ပေးနိုင်ပေသည်။
ကျင့်ကြံသူများသည် ကြောက်ရွံ့ရိုသေစွာ တုန်လှုပ်နေကြ၏။ ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်သည် သူတို့ကို ပုရွက်ဆိတ်ငယ်များကဲ့သို့သာ သဘောထားမည် ဖြစ်သည်။
ခန်းမအပြင်ဘက်တွင်မူ ရှီဖန်းသည် ထိုအသံကို ကြားပြီး ကြောင်အမ်းသွားသည်။ "ဒီအသံက... ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"
မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင်၏ အသံသည် နေ့တိုင်း ဆရာသခင်နှင့် လာရောက်ဆဲဆိုနေသော လူ၏ အသံနှင့် ထပ်တူကျနေ၏။ ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ်... ရှီဖန်း၏ စိတ်ထဲတွင် သံသယများ တိုးပွားလာသည်။
ကောင်းကင်အမြင့်တွင် တောက်ပုအာသည် စုတ်ပြဲနေသော ဝတ်ရုံကို လေးနက်သော မျက်နှာထားဖြင့် ကြည့်နေ၏။
"ငါ ထင်ထားတဲ့အတိုင်းပဲ သူက ငါ့ရဲ့ အလင်းစကားတော်ကို တုံ့ပြန်မှုမရှိဘူး"
သူ ဤနေရာသို့ လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ထိုဝတ်ရုံကို ရယူရန် ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ဝိညာဉ်စစ်တပ်ကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့ပြီး သူ၏ ရည်မှန်းချက် အောင်မြင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝိညာဉ်စစ်တပ်သည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သလို ထိုဝတ်ရုံကိုလည်း သူ မချဉ်းကပ်နိုင်ပေ။
"ဒီနေရာက ရတနာတွေကို ရဖို့ဆိုရင် ငါ..." တောက်ပုအာ၏ အကြည့်များ က အေးစက်သွားသည်။
သူသည် ထိုထူးဆန်းသော ဝတ်ရုံနက်နှင့်လူကို အရင် ထိန်းချုပ်ရန် လိုအပ်၏။
ထိုဝတ်ရုံနက်နှင့်လူကို နှိမ်နင်းရန် ခက်ခဲသော်လည်း စုတ်ပြဲနေသော ဝတ်ရုံထက်စာလျှင် ပို၍ လွယ်ကူပေသည်။
တောက်ပုအာသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ အသံကို အလင်းစကားတော်ဖြင့် ဟိန်းဟောက်လိုက်သည်။ "ငါတို့က တစ်သွေးတည်းပဲ။ မင်းရဲ့ မူလနေရာကို ပြန်လာခဲ့"
ထိုစွမ်းအားပြည့်ဝသောအသံသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ကျင့်ကြံသူအားလုံး ကြားလိုက်ရလေသည်။
လျူရှီးနှင့် အခြားသူများ ထိတ်လန့်စွာ ကြည့်နေကြ၏။
"ဒါက ယန်နတ်ဘုရားအရှင်တစ်ပါးရဲ့ စွမ်းအားလား"
"သူသာ ဆန်းကြယ်နယ်မြေရဲ့ ကန့်သတ်ချက်အောက်မှာ မရှိရင် ဒီနေရာတစ်ခုလုံးကို အသက်ရှုကြိမ်တစ်ချက်အတွင်း ဝါးမြိုသွားနိုင်တယ်"
"ကောင်းကင်ဘုံခြောက်ထပ်ရဲ့ ယန်နတ်ဘုရားတွေထဲမှာ ဘယ်သူက ဒီလိုစွမ်းအားမျိုးကို ခုခံနိုင်မှာလဲ"
"နှမြောဖို့ကောင်းတာက မြင့်မြတ်အလင်းမျိုးနွယ်စု ရောက်လာပြီဆိုတော့ အဲဒီအရှင်ရဲ့ ကံကြမ္မာကတော့ ဆုံးဖြတ်ပြီးသားပဲ"
ထိုစဉ် ပျင်းရိငြီးငွေ့ဖွယ်ရာ အသံတစ်ခုက ကြားဖြတ်ထွက်ပေါ်လာသည်။
"အဲဒါကြောင့်ပဲ မင်း ဒီနေ့ ငါနဲ့အဆဲပြိုင်ပွဲကို မလာတာပေါ့။ ဒီကောင်ကြီးကို ကိုင်တွယ်ဖို့ အင်အားစုဆောင်းနေတာလား"
အသံနှင့်ဝတ်ရုံနက်နှင့်လူသည် ညအမှောင်ရိပ်အောက်မှ ပေါ်လာလေသည်။
အနီးနားရှိ ကျင့်ကြံသူများ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများ ပြောင်းလဲသွား၏။
"အဲဒါ... ဝတ်ရုံနက်အရှင်လား"
"သူက မြင့်မြတ်အလင်းမျိုးနွယ်စုနဲ့ ရင်ဆိုင်နေရတာကို သိရဲ့လား"
"အလင်းစကားတော်က တားဆီးလို့မရဘူးလို့ ပြောကြတယ်၊ မဟာမူလသဘောတရားအဆင့်တောင် မခုခံနိုင်ဘူး။ ဒါပေမဲ့..."
"နေဦး... အဆဲပြိုင်ပွဲတဲ့... ဒါဆိုရင်"
ကျင့်ကြံသူတစ်ဦးသည် ကောလာဟလများကို ရုတ်တရက် သတိရသွားပြီး မျက်နှာ ဖြူဖျော့သွားသည်။ အခြားသူများလည်း ချက်ချင်းပင် အဆက်အစပ်ကို သဘောပေါက်သွားကြ၏။ ဤထူးဆန်းသော လေလွင့်ကျင့်ကြံသူသည် တကယ်ပဲ မြင့်မြတ်အလင်းမျိုးနွယ်စုခေါင်းဆောင် ဖြစ်နေတာလား။
တကယ်လို့ ဟုတ်နေရင် သူတို့သည် မတွေးဝံ့စရာ အမှန်တရားတစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
တောက်ပုအာ၏ မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။ "ဒါဆို မင်းက ဒီအချိန်လုံးလုံး အားနည်းချင်ယောင်ဆောင်နေတာပေါ့"
ကျိယွမ်က သဘောကျစွာ ရယ်မောရင်း ဝန်ခံလိုက်၏။ "မင်း ငါ့ကို မိသွားပြီပဲ"
တောက်ပုအာ၏ စွမ်းအင်များ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ကျိယွမ်လည်း ဆက်၍ ဟန်ဆောင်မနေတော့ပေ။
"ဒီဝိညာဉ်ကို ငါ့အတွက် ထိန်းချုပ်ပေးစမ်း၊ ဒါဆို မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်" ။ တောက်ပုအာက အေးစက်စွာ ပြောလိုက်သည်။
အလင်းစကားတော် မရှိလျှင်ပင် တောက်ပုအာသည် ကျိယွမ်ကို သတ်နိုင်သည်ဟု ယုံကြည်နေ၏။ ပြီးတော့ ဝတ်ရုံနက်သည် ကောင်းကင်ဘုံခြောက်ထပ်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် သူ၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးသား ဖြစ်သည်။
"မင်းက ဘာမို့လို့ ငါ့ကို အသက်ချမ်းသာပေးမယ်လို့ ပြောရတာလဲ"
ကျိယွမ်က နှာခေါင်းရှုံ့လိုက်သည်။
"မင်း နေ့တိုင်း ရေမချိုးလို့ စိတ်များ ဖောက်ပြန်နေတာလား"
"မဟာမူလသဘောတရားအဆင့်အောက်မှာ ငါကပြိုင်ဘက်ကင်းပဲ"
တောက်ပုအာက ဆက်ပြောသည်။
"မင်းက မဟာမူလသဘောတရားအဆင့် မဟုတ်တာကို ငါ စောင့်ကြည့်ခဲ့လို့ သိတယ်။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ"
"အင်း... ငါက မဟာမူလသဘောတရားအဆင့် မဟုတ်ပါဘူး"
ကျိယွမ်က သက်ပြင်းချလိုက်၏။
"ဒါပေမဲ့ ငါ့ကို အထင်မသေးနဲ့။ ငါက ခရမ်းရောင်နန်းတော်အဆင့်ပဲ ရှိသေးပေမဲ့ ကံကြမ္မာကို ဆန့်ကျင်နိုင်တုန်းပဲ"
"လျှောက်ပြောမနေနဲ့။ မင်းက မဟာမူလသဘောတရားအဆင့်ပဲ ရှိသေးတယ်ဆိုတာ ငါ သိပြီးသား"
တောက်ပုအာက ယုံကြည်မှုအပြည့်ဖြင့် ဟိန်းဟောက်သည်။
"မင်းရဲ့ သွေးမျိုးဆက်က စိတ်ဝင်စားဖို့ကောင်းတယ်"
တောက်ပုအာက ဆက်၍ အေးစက်စွာ ပြော၏။
"ဒါပေမဲ့ ငါ မင်းကို မပိုင်ဆိုင်နိုင်ရင် မင်းကို ဖျက်ဆီးပစ်ရုံပဲ ရှိတာပေါ့"
သူကသာ ကျိယွမ်ကို မထိန်းချုပ်နိုင်လျှင် သူ့ကို သတ်ပစ်ပြီး ဝိညာဉ်ကို ထိန်းချုပ်ရန် အခြားနည်းလမ်း ရှာဖွေမည် ဖြစ်သည်။
"မင်းရဲ့ အတွေးအခေါ်က အရမ်းအန္တရာယ်များတာပဲ။ ဒါကြောင့်လည်း ဒီဝိညာဉ်က မင်းစကားကို နားမထောင်တာပေါ့။ တကယ့် လေးစားမှုဆိုတာ ရိုးသားမှု ရှိရတယ်" ။
ကျိယွမ်က ခေါင်းယမ်းကာ မှတ်ချက်ချ၏။
သူ့အတွက် စွမ်းအားဖြည့်တင်းမှု ကုန်ဆုံးသွားပြီဖြစ်သဖြင့် တောက်ပုအာကို အပြတ်ရှင်းရန် အချိန်တန်ပြီ ဖြစ်သည်။
ကျိယွမ်က ဝိညာဉ်ကို လှမ်း၍ လက်ဟန်ပြလိုက်သည်။
"တစ္ဆေအိုကြီး၊ ငါ့ဆီမှာ လာပြီး စားမလား။ မင်းရဲ့ မောင်နှမတွေ အားလုံး အဲဒီမှာ ရှိတယ်"
တောက်ပုအာသည် ထိုဝိညာဉ်ကို ကြည့်ကာ ထိတ်လန့်သွား၏။ အလင်းစကားတော်သည် လုံးဝ ကျရှုံးသွားသော်လည်း ကျိယွမ်၏ စကားကြောင့် ထိုဝိညာဉ်သည် တုံ့ဆိုင်းသွားလေသည်။ အချိန်အနည်းငယ်သာ ပေးလျှင် ကျိယွမ်သည် စုတ်ပြဲနေသော ဝတ်ရုံကို တကယ် ထိန်းချုပ်နိုင်သွားပေလိမ့်မည်။
တောက်ပုအာ၏ မျက်ဝန်းတွင် နောင်တများ ပြည့်နှက်သွားသည်။
"စကားနားမထောင်တဲ့ ခွေးတွေကို သတ်ပစ်တာ အကောင်းဆုံးပဲ"
ကျိယွမ်က မျက်ခုံးပင့်လိုက်၏။
"တကယ့် တိုက်ပွဲကို စရတော့မှာလား"
တောက်ပုအာက ဘာမျှပြန်မပြောဘဲ ကျိယွမ်ကို အေးစက်စွာသာ ကြည့်နေလေသည်။
"တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ်"
ကျိယွမ်က ပြောလိုက်၏။
"ငါက အဆဲပြိုင်ပွဲမှာ ရှုံးလို့ စိတ်ဆိုးပြီး တိုက်တာ မဟုတ်ဘူးနော်။ မင်းရဲ့ လေးစားမှုမရှိတာနဲ့ စည်းကမ်းမဲ့ သတ်ဖြတ်နေတာတွေကို ပြုပြင်ပေးဖို့ပဲ။ ငါက တရားမျှတမှုကို ဖော်ဆောင်ဖို့ လာတာ"
သူက အနီးနားရှိ ကျင့်ကြံသူများက သူ အား ရှုံးမဲ မဲသည်ဟု မထင်စေရန် ရှင်းပြနေခြင်း ဖြစ်သည်။
အဝေးတစ်နေရာတွင် လျူရှီးက မျက်တောင်ခတ်ရင်း တိုးတိုးလေး မေးလိုက်သည်။
"ဒီနှစ်ယောက်က တကယ်ပဲ အရှင်သခင်တွေ ဟုတ်ရဲ့လား"
"အဲဒါ အရေးမကြီးပါဘူး"
အခြားတစ်ယောက်က မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရေရွတ်လိုက်၏။
"စကားတွေ အများကြီး ပြောမနေနဲ့၊ သေဖို့သာ ပြင်ပေတော့"
တောက်ပုအာက ဟိန်းဟောက်လိုက်ပြီး ယခုအကြိမ်တွင် သူသည် အလင်းစကားတော်ကို မသုံးဘဲ တိုက်ရိုက် ရှေ့သို့ ပြေးဝင်လာလေသည်။
အများစုက မြင့်မြတ်အလင်းမျိုးနွယ်စု၏ စွမ်းအားသည် အလင်းစကားတော်တွင်သာ ရှိသည်ဟု ထင်ကြသော်လည်း တောက်ပုအာသည် မြင့်မြတ်အလင်းမျိုးနွယ်စု၏ ထိပ်သီးပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သဖြင့် တိုက်ခိုက်ရေးစွမ်းရည် အလွန် မြင့်မားလှ၏။
သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်သည် မဟာမူလသဘောတရားအဆင့်နှင့်ပင် အကွက်အနည်းငယ်မျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
"မင်းက မဟာမူလသဘောတရားအဆင့် မဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့ လမ်းက ဆုံးပြီပဲ"
တောက်ပုအာက အော်ပြောလိုက်၏။
ကြောက်မက်ဖွယ်ရာ အငွေ့အသက်များသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူသွားလေသည်။ ကျင့်ကြံသူများ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များပင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားကာ သူတို့သည် သာမန်လူများကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဝတ်ရုံနက်နှင့်လူ လှုပ်ရှားလိုက်ရာ တောက်ပုအာ၏ မျက်နှာပျက်သွားသည်။
"ငါက မဟာမူလသဘောတရားအဆင့် မဟုတ်ရင် ဘာဖြစ်လဲ။ ငါက ခရမ်းရောင်နန်းတော်အဆင့်မို့လို့ မင်းက ငါ့ကို အနိုင်ကျင့်ချင်တာလား"
ကျိယွမ်ရှိနေသော နေရာတွင် အနီရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ပေါ်လာပြီး လက်ထဲတွင် သွေးစွန်းနေသောဓားတစ်လက်ကို ကိုင်ဆောင်ထားကာ နက်ရှိုင်းလှသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
"မင်းမှာ စွမ်းအားမရှိတော့တဲ့အတွက် ငါ့ရဲ့ ဓားချက်တစ်ချက်ပဲ လိုအပ်တယ်"
သူက ဓားဖြင့် ခုတ်လိုက်သည်။ ထိုဓားချက်သည် ဆန်းပြားခြင်းမရှိပါ ။ ပတ်ဝန်းကျင်သည်လည် ပြောင်းလဲသွားခြင်းမျိုးမရှိပါ ။ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသည်လည်း တုန်လှုပ်သွားခြင်းလည်းမရှိဘဲ ရိုးရှင်းလှသော ဓားချက်တစ်ချက်သာ ဖြစ်သည်။
သို့သော် တောက်ပုအာသည် ထိုဓားချက်ကို မည်သို့မှ မခုခံနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရှိနေသူသည် ဘိုးဘေးသွေးအတတ်ပညာ ဆယ့်သုံးဆင့်မြောက်အဆင့်ကို တတ်မြောက်ထားပြီး မဟာမူလသဘောတရားအဆင့်နှင့် ညီမျှသော သိုင်းနတ်ဘုရားအခြေအနေကို ပိုင်ဆိုင်ထားကာ ဓာတ်ကြီးငါးပါးအနှစ်သာရသန့်စင်ခြင်း၊ ကောင်းကင်ဘုံတာအိုအခြေတည်ခြင်း၊ ကြယ်အမြုတေ၊ မူလနတ်ဘုရားစိတ်ဝိညာဉ်များနှင့် ကောင်းကင်ဘုံခြောက်ထပ်၏ ပထမဆုံးသော ငရဲပြည်ခရမ်းရောင်နန်းတော်အဆင့်ကို ပိုင်ဆိုင်ထားသော ကျိယွမ် ဖြစ်နေသောကြောင့် ဖြစ်သည်။
ဂုဏ်ပုဒ်များ များပြားလေလေ ကျိယွမ်၏ စွမ်းအားက ပိုမိုကြီးမားလေလေ ဖြစ်သည်။
"အခု မင်းကို... ဓားချက်တစ်ချက်တည်းနဲ့ သတ်မယ်"
သူ၏ဓားသွား ရွေ့လျားသွားသည်နှင့်အမျှ တောက်ပုအာ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားလေသည်။
တောက်ပုအာ၏ မယုံကြည်နိုင်သော မျက်နှာထားကို ကြည့်ရင်း ကျိယွမ်က သူ မပြောဘဲ ချန်ထားခဲ့သော စကားကို တွေးမိလိုက်၏။
"ကောင်လေး..မင်း နေ့တိုင်း ဒီကို လာနေတာ... မင်းရဲ့ အားနည်းချက်ကို ငါမျက်လုံးတွေက မမြင်ဘူးလို့ ထင်နေတာလား"
သူသည် တစ္ဆေတစ်သောင်းတံခွန်၏ အားနည်းချက်ကိုပင် အချိန်တိုအတွင်း ရှာဖွေနိုင်ခဲ့သူ ဖြစ်သည်။ တောက်ပုအာသည် သူ့ထံသို့ နေ့တိုင်း လာရောက်ဆဲဆိုနေခဲ့သဖြင့် ကျိယွမ်သည် တောက်ပုအာ၏ အတွင်းခံအရောင်ကိုပင် သိနေပြီ ဖြစ်သည်။
ဓားချက်တစ်ချက်အတွင်း မဟာမူလသဘောတရားအဆင့်သည် ချေမှုန်းခြင်း ခံလိုက်ရလေသည်။
"မင်း....."
-------------